အပိုင်း -၂၄၂

699 53 0
                                    

Unicode

အပိုင်း -၂၄၂ ယင်းရှောင်ကျဲ၏လျှို့ဝှက်ချက် (၂)

ယင်းရှောင်ကျဲ ထွက်သွားသောအခါ၊ စုန့်ရှီကျွင်းသည် အမျိုးသားရေပူစမ်းအခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ရုတ်တရက် ဟန်ချီချင် က သူ့လက်ကိုဆွဲပြီး အမျိုးသမီးရေပူစမ်းအခန်းထဲကို ဆွဲ ခေါ်လိုက်တယ်။

ဟန်ချီချင် က သူ့ကို နံရံမှာ ကပ်ထားရင်း သူမအနားကို ကပ်လာရင်း မျက်နှာက မထိပြုံး ပြုံးနေသည်။

“စောစောက ခေါင်းစဉ်နဲ့ ပက်သက်ပြီး ထပ်ပြောပါဦး…”

စုန့်ရှီကျွင်းရယ်မောလိုက်သည်။ သူက ခေါင်းယမ်းပြီး

“မဟုတ်ဘူး၊ မင်းလည်း မြင်တယ်။ သူ ငါ့ကို ပြောခွင့်မပေးဘူး!"

သခင်လေးယင်းက သူ့ကို ခြိမ်းခြောက်ထားပြီးသား။ သူသာ ဒီအကြောင်းဆက်ပြောနေသေးရင်  ရည်းစားမရဘဲ သေသွားနိုင်တယ် မဟုတ်ဘူးလား။

မြို့တော်ဝန်၏သားရာထူးကြောင့် ပြင်ပလူများက အထင်ကြီးလောက်သည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော်၊ မိသားစုလေးခုနှင့် နှိုင်းယှဉ်ပါက သူသည် အောက်ကျသည်။

သူထွက်သွားဖို့ လှည့်လိုက်‌ပေမယ့် မုရှောင်းရှောင် က သူ့ကိုတားဖို့ သူ့လက်ကို လှမ်းဆွဲလိုက်တယ်။
မိန်းကလေးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး  မုရှောင်းရှောင် က အလိုလိုပြုံးပြီး

"နင်မပြောပြရင် နင်ငါ့ကိုစော်ကားခဲ့တယ်လို့  ယင်းရှောင်ကျဲ ကိုပြောပြမယ်!"

သူမပြောနေတဲ့အချိန်မှာ ဟန်ချီချင်က  စုန့်ရှီကျွင်းရဲ့ အင်္ကျီကို ဆွဲဖွင့်ဖို့ ကြိုးစားလိုက်သည်။

စုန့်ရှီကျွင်း က သူမကို အရူးအမူးတားပြီး

“ရပ်လိုက်ပါ! အို သခင်မလေး မု၊ ချစ်လှစွာသော သခင်မလေး ။ မင်းကိုလဲ ငါကြောက်ပါတယ်!"

ယင်းရှောင်ကျဲက သူမစကားကို ယုံလိုက်ကို သူ မကြောက်ဘူး။

သို့သော်လည်း သူမတမင် ချောက်တွန်းတယ်ဆိုရင်တောင်  ယင်းရှောင်ကျဲ သူမ စိတ်ကျေနပ်အောင် သူ့ကို သေသည်အထိ ရိုက်နှက်ပြမည်ဟု ခံစားနေရသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now