အပိုင်း - ၂၀၁

1K 71 0
                                    

Unicode

အပိုင်း - ၂၀၁ စတော်ဘယ်ရီ အနံ့

အိပ်ရာ ပေါ်တွင် စက္ကူသေတ္တာလေးတစ်လုံးရှိသည်။

ယင်းရှောင်ကျဲ  ဘာလဲဆိုတာ ဆန်းစစ်စရာ မလိုဘဲ သိထားပေမယ့် စမ်းကြည့်ဖို့ ကောက်ယူလိုက် တော့ အံဩလွန်းစွာနဲ့ အာမေဋိတ်သံတွေ ထွက်လာရသည်။

Durex မဟုတ်တော့  အခုက Okamoto

ဒါပေမယ့် ရယ်စရာအကောင်းဆုံးကတော့ စတော်ဘယ်ရီ ပင်

စတော်ဘယ်ရီအနံ့ရှိသော ကွန်ဒုံးပင် ...

ယင်းရှောင်ကျဲ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ  ရေချိုးခန်းဆီသို့ လှမ်းကြည့်လိုက်မိသည်။ ဟိုကောင်မလေး ရေချိုးနေတုန်းမို့ ကံကောင်းတာပင်၊ မဟုတ်ရင်  သူမသာ ဒါကို မြင်လိုက်ရင် အဆင်မပြေဖြစ်လိမ့်မှာ အမှန်ပင် ။

သို့သော်လဲ ယင်းရှောင်ကျဲ သိချင်စိတ်ကြောင့် ဗူးကိုဖွင့်လိုက် တော့  အထဲမှာ ခုနစ်ခုရှိ နေသည်။

ရယ်ရမလား ငိုရမလားမသိ။ သူ့အမေက ဘာကို အရိပ်အမြွက်‌ ပေးပြီး ဘာကိုပြောချင်‌နေတာလဲ။

တစ်ညတည်းမှာ ခုနစ်ကြိမ် အိပ်ကြမယ်လို့ သူမမျှော်လင့်ထားလား။

ယင်းရှောင်ကျဲ  ခေါင်းယမ်းလိုက်ကာ ကက်ဘိနက်အံဆွဲကိုဖွင့်လိုက်တော့ သူက Okamoto ကွန်ဒုံးကို ထည့်ပြီး ပိတ်ပစ်လိုက်တော့သည်။

သို့သော်၊

ကွန်ဒုံးကို သူ မမြင် နေရသော်လည်း၊ သူ၏ စိတ်ကူးများသည် အထိန်းအကွပ်မဲ့စွာ  ဦးနှောက်ထဲကို လာ‌ ရောက်ထိခိုက်နေသည်... ထိုအချိန်တွင်ပင် ရေချိုးခန်းတံခါးပွင့်လာပြီး မုရှောင်းရှောင် သည် ရေနွေးငွေ့များကြားမှ ထွက်ပေါ်လာသည်။

" ယင်းရှောင်ကျဲ နင်  ဘာလုပ်နေတာလဲ"

မုရှောင်းရှောင် ၏ မိန်းကလေး  ဆန်သော အသံ ဖျော့ဖျော့လေးက တိုးညှင်းစွာ  ထွက်ပေါ်လာသည်။

"ဘာမှမဟုတ်ပါဘူး... ရေချိုးပြီးသွားပြီလား။ အိပ်တော့ နောက်ကျနေပြီ"

ဟု သံလိုက်လို အေးစက်သောအသံဖြင့် ပြန် ဖြေလိုက် ပေမယ့် ယင်းရှောင်ကျဲ၏ မျက်နှာသည်  ပန်းရောင်သန်းနေသည်။ ထို့ကြောင့် သူဒီလိုပြောပြီးတာနဲ့ မီးပိတ်ဖို့ လက်ကိုရွှေ့လိုက်တယ်။  မုရှောင်းရှောင်  က သူ့ကို ရပ်လိုက်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now