အပိုင်း -၂၈၂

580 44 1
                                    

Unicode

အပိုင်း - ၂၈၂  သူမ မမြင်ချင်သော မြင်ကွင်း

မုရှောင်းရှောင်သည် သူမ၏လက်ထဲတွင် နို့ဖန်ခွက်ကို ကိုင်လိုက် တော့ ခွက်အပူရှိန်က သူမလက်ဖဝါးကို ပူနွေးလာစေသည်။ အရမ်းပူလည်းမအေးဘူး၊ တကယ် သက်သောင့်သက်သာရှိတယ်လို့ ခံစားရတယ်။

သူမသည် ရုတ်တရက် အစာစားချင်စိတ် ပေါ်ဘာကာ  နို့တစ်ငုံကို သောက်လိုက်သည်။ ပူနွေးသောအရည်များသည် သူမ၏ဗိုက်ထဲတွင် နွေးထွေးစွာ  စိမ့်ဝင်သွားသည်။

မုရှောင်းရှောင်ရဲ့ စားချင်စိတ်က ချက်ချင်းပြန်‌ပေါ်လာပြီး မကြာခင်မှာဘဲ သူမပန်းကန်ထဲက အရာအားလုံးက ပြောင်သလင်းခါသွားသည်။

ယင်းရှောင်ကျဲ ရဲ့ ဟင်းချက်နည်းက နည်းနည်းဆိုးတယ်လို့ ပြောလို့ရ‌သည်။ သို့သော် မုရှောင်းရှောင် ကျေနပ်စွာဖြင့် ကုန်စင်အောင် စားလိုက်သည်။ အနည်းဆုံးတော့ ဗိုက်ပြည့်နေပြီ။

ဆာလောင်မွတ်သိပ်မှု ပြေသွားသဖြင့် ယင်းရှောင်ကျဲအကြောင်း မတွေးနိုင်ဘဲ မနေနိုင် ဖြစ်နေသည်။

ယင်းရှောင်ကျဲ က ဆေးရုံရောက်ပြီးပြီလား၊အန်းဇီရှင်းရဲ့အဖေက ဘယ်လိုတွေ ကမောက်ကမဖြစ် အောင် လာရှုပ်နေရတာလဲ၊
ဒါမှမဟုတ် အခြေအနေက ပြေလည်သွားပြီလားဆိုတာ သူမ သိချင်လာသည်။

မူလက မုရှောင်းရှောင် သည် အန်းဇီရှင်းကို အတော်လေး စာနာနားလည်ကာ သနားမိသည်။ ဒီလိုအဖေရှိလို့ တော်တော်စိတ်မကောင်းဖြစ်ရမှာပင်

သို့သော်… အန်းဇီရှင်းသည် ယင်းရှောင်ကျဲ ကို စိုက်ကြည့်တဲ့ အကြည့်တွေကို သူမ သတိရလိုက်မိသောအခါ မုရှောင်းရှောင် သည် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဒီအကြောင်းကို သူမပိုတွေးလေလေ သူမစိတ်မသက်မသာဖြစ်မိသည်။

မုရှောင်းရှောင် ရုတ်တရက် ထရပ်လိုက်သည်။
သူမဒီမှာပဲ ဆက်မနေနိုင်တော့ဘူးလို့ခံစားရပြီး အခန်းထဲဝင်သွားကာ  အဝတ်အစားလဲပြီး ဆေးရုံကို အမြန်ထွက်လာခဲ့သည်။ ။

ယင်းရှောင်ကျဲ ဆိုတဲ့  သူမရဲ့ ကားမောင်းသူ မရှိမှ တော့ တက္ကစီစီးရုံသာ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now