အပိုင်း - ၁၂၉

1.3K 122 4
                                    

Unicode

အပိုင်း - ၁၂၉ နင် ဘာလို့  ဒီနေရာမှာ  ရှိ နေရတာလဲ ?

ထိုအသံသည် သူမနဲ့ တကယ်ရင်းနှီးနေပြီး ကြားလိုက်ရတာနဲ့
မုရှောင်းရှောင်ရဲ့  ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ အေးခဲရပ်တန့်သွားဂသည်။ ယင်းရှောင်ကျဲ ရောက်လာပြီး သူမကို လက် ပူးလက်ကြပ် ဖမ်းမိသွားပြီဟု သူမ မသိစိတ်ဖြင့် တွေးလိုက်သည်။ ပိုဆိုးတာက သူမက  အခု  လုရိချန် နဲ့ အတူ တွေ့နေတဲ့အပြင် အစားပါ အတူတူစားနေတာကိုပါ သူတွေ့လိမ့်ရမည်။

Sh*t အိုး sh*t!ပဲ သူ ငါ့ကို  အသေ သတ်တော့မှာပဲ

မုရှောင်းရှောင်  ကြောင်တက်တက်ဖြင့်  အပြင်ကို လှည့်ကြည့်လိုက်သော်လည်း သူမနာမည် အော်ခဲ့သူကို  မမြင်ရ.
ထိုစဉ် ဆိုင်အပေါက်၀ကနေ  လူတစ်ဦးလို့ယူဆရတဲ့ ပုံသဏ္ဍာန်က မုရှောင်းရှောင် နောက်နားသို့ တိုးလာပြီး သူမလည်ပင်းကို နောက်နားကနေပွေ့ဖက်လိုက်သည်။

" မုရှောင်းရှောင်!  ရှောင်းရှောင်! တကယ်ပဲ နင်ကိုး ! ငါ လူမှား နေပြီလို့ ထင်နေတာ ........ဟားဟား၊ ကံကောင်းစွာနဲ့ နင် ငါ့ကို ဟိုတစ်ပတ်က ဖုန်းဆက်ပြောခဲ့လို့ပေါ့ ၊ မဟုတ်ရင် ငါနင့်ကို လွမ်းနေရလိမ့်မယ်"

ထိုစကားကြားတော့မှ မုရှောင်းရှောင် သူမကို ပွေ့ဖက်ထားသူဆီက နူးညံ့သိမ်မွေ့တဲ့ မွှေးရနံ့ကိုပင် ရလာခဲ့ရသည်။ထိုအခါမှ သူမနာမည်ကို အော်လိုက်သူသည်  ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။

အသံကို ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာ  မုရှောင်းရှောင် အံ့အားသင့်စွာနဲ့  ခေါင်းမော့ပြီး  သူမကို သိုင်းဖက်ထားတဲ့  ကောင်မလေးကို လှည့်ကြည့်လိုက်သည်။

" ရှောင်ချင် ? နင်ဘာလို့ ဒီကိုရောက်နေရတာလဲ? "

ဟန်ချီချင် ထိုစကားကြောင့် မျက်ခုံးတွန့်ကာ သူမကို စိုက်ကြည့်ပြီး

  "ဝေ့ ရှောင်းရှောင် ဒီမေးခွန်းက ငါ နင့်ကို မေးရမှာ မဟုတ်ဘူးဘား? ။ နင်ဘာလို့ ဒီကို ရောက်နေရတာလဲ"

ဟု သူမဘက်က ပြနမေးသည်။

"အဲ... ငါပြန်ရောက်တာ ရက်ပိုင်းလောက်ရှိပြီ"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now