အပိုင်း -၂၉၆

687 51 0
                                    

Unicode
အပိုင်း ၂၉၆ : သူ မင်းကို  အသုံးချလိမ့်မည်။

သူ့မျက်လုံးတွေက အပြင်ကို ညွှန်ပြရင်း ယင်းရှောင်ကျဲက

"ငါ့ကားထဲမှာ စကားပြောရအောင်။ ဒီမှာပြောရတာ အဆင်မပြေဘူး။”

မုရှောင်းရှောင် က သူ့ကို သံသယနဲ့ စိုက်ကြည့်ကာ

"နင် ငါ့ကို ကားပေါ်တင် ပြေးဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။"

" ရှောင်းရှောင်  မင်း အခု ငါ့ကို သိပ်ယုံကြည်မှုနည်းနေပြီ ပေါ့ ဟုတ်လား"

ယင်းရှောင်ကျဲ က မကျေမနပ်ဖြင့် မျက်လုံးများကို ကျုံ့ထားလိုက်သည်။

မုရှောင်းရှောင် တုန်လှုပ်သွားပြီး သူ့အမေးကို မဖြေဘဲ ကား‌ ထွက်လာခဲ့သည်။

ကားထဲ ရောက် တော့ မုရှောင်းရှောင် သူမ ရင်ဘတ်နားမှာ လက်နှစ်ဖက်ကို ပိုက်ထားလိုက်ပြီး

"မြန်မြန်ပြော"

စတီယာရင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားတဲ့  ယင်းရှောင်ကျဲက သူမကို တစ်ချက်ကြည့်လိုက်ပြီး

"ငါတို့လို လူတွေက ချမ်းသာတဲ့ မိသားစုက တရားမဝင် ကလေးတွေကို မုန်းတယ်ဆိုတာ မင်းသိသင့်တယ်"

ထိုစကားကိုကြားတော့ မုရှောင်းရှောင် လန့်သွားသည်။

"အဲဒါက လုရိချန် နဲ့ ဘာဆိုင်လို့လဲ"

နောက်အခိုက်အတန့်တွင် သူမသည် အံ့အားသင့်ကာ မျက်လုံးများပြူးကျယ်သွားပြီး

“သူသည် ချမ်းသာတဲ့ မိသားစုက တရားမဝင် ကလေးလို့ နင်ဆိုလိုတာလား။ ဘယ်မိသားစု လဲ?"

“မင်းလည်း သူ့ကို သိတယ်။ အဲဒါ ကုပင်းယွမ် ပဲ"

ယင်းရှောင်ကျဲ သည် သူ့နှုတ်ခမ်းများကို မဲ့ကာ  မထီမဲ့မြင်ပြုပြီး ဖြေလိုက်သည်။

မုရှောင်းရှောင် သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် စကားမပြောဘဲနေခဲ့မိသည်။

အချိန်အတန်ကြာပြီးနောက် သူမ၏အသံကို ပြန်ရှာတွေ့သွားသလို  ယင်းရှောင်ကျဲ ကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )حيث تعيش القصص. اكتشف الآن