အပိုင်း -၂၉၇

672 48 0
                                    


Unicode
အပိုင်း  ၂၉၇- သူ့ကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။

တစ်နေ့မှာ။

မုရှောင်းရှောင် နဲ့ ဟန်ချီချင် တို့ဟာ လုမားမား ကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့သည်။

နေ့လည်ပိုင်း ကျောင်းဆင်းချိန်မတိုင်မှီ နှစ်ယောက်သား ကျောင်းတံခါးဝမှ ထွက်လာကြသည်။ သူမတို့နှစ်ယောက်ကိုတွေ့တော့ လုံခြုံရေးအစောင့်က သူတို့ကို ခွင့်ပြုသည့် အပြင် ဘာမှ မတောင်းဆိုခဲ့။

ဟန်မိသားစုရဲ့ကားက အပြင်မှာ အဆင်သင့် စောင့်နေသည်။

ဆေးရုံရောက်ခါနီးတွင် ဟန်ချီချင်သည် တစ်ခုခုကို သတိရသွားပြီး သူမသည် မုရှောင်းရှောင်ကို လှည့်ကြည့်ကာ

"နင် ယင်းရှောင်ကျဲ ကို အကြောင်းကြားမှာမဟုတ်ဘူးလား။ မဟုတ်ရင် သခင်ငယ်ကျဲ က နင့်ကို ရှာမတွေ့တဲ့အခါ ထပ်ပြီး ဒေါသထွက်လိမ့်မယ်။”

“အိုး၊”

မုရှောင်းရှောင် က တိုးညှင်းစွာ တုံ့ပြန်သည်။ ထို့နောက် ယင်းရှောင်ကျဲဆီ ဖုန်းကိုထုတ်ကာ စာတိုလေးတစ်စောင်ပို့လိုက်သည်။

"ကောင်းပြီ ငါပြောပြီးပြီ"

မုရှောင်းရှောင် က သူမဖုန်းကို သိမ်းလိုက်ကာ  ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဟန်ချီချင် အံ့အားသင့်သွားပြီး

"ဒါပဲ?"

"ဒါဆို ဘာရှိသေးလို့လဲ။ ဘာပဲဖြစ်ဖြစ် ငါသွားမယ့်နေရာကို အကြောင်းကြားလို့ပဲ ပြောခဲ့တာပဲကို။ ဒါလဲ ထည့်တွက်တယ် မဟုတ်ဘူးလား”

မုရှောင်းရှောင် က စိုးရိမ်မကင်း ဖြစ်ပုံ လုံး၀မပေါ်။

ဟန်ချီချင် က သူမကိုကြည့်ရင်း စူးစူးရဲရဲ မျက်လုံးလေးမှိတ်လိုက်ပြီး

"Ohရှောင်းရှောင်၊  လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ယင်းရှောင်ကျဲ ကို အရမ်းနွေး‌နွေးထွေးထွေး ဆက်ဆံပေးခဲ့တယ်မှတ်လား။ အခု နင်  သူ့ကိုစိတ်ဆိုးနေသေးတုန်းလား"

မုရှောင်းရှောင် က

"သူ ဒေါသထွက်ဖို့တောင် မထိုက်တန်ဘူး!"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now