အပိုင်း - ၁၇၅

1.2K 103 0
                                    

Unicode

အပိုင်း - ၁၇၅ သူ့အလှည့်


"ငါ့အင်္ကျီပေါ် မှာ နှပ်ချေးတွေ မသုတ်နဲ့။ ညစ်ပတ်တယ်"

လို့ ပြောတဲ့ သူ့လေသံက ကူကယ်ရာမဲ့နေပေမယ့်  ကြည်နူးမှု အပြည့်နှင့်ပင် ။

  မုရှောင်းရှောင် က နှုတ်ခမ်းစူပြီး သူ့အင်္ကျီကို ပိုင်ပိုင်နိုင်နိုင်မြှောက်ကိုင်လိုက်ပြီး နှာခေါင်းက နှာရည်ကို သုတ်ပစ်လိုက်သည်။

ယင်းရှောင်ကျဲ အားပါတရ ရယ်မောလိုက်မိ‌ တော့သည်။ အခုတော့ သူ့အင်္ကျီက တကယ်ကို ပေရေနေပြီ။

သူ သူမကို ဆိုဖာပေါ် ပွေ့တင်လိုက်ပြီး အခန်းထဲက သူ့အင်္ကျီကို ပြောင်းဖို့ မထခင် ထိုင်ရာက ထလိုက်တဲ့အခါ သူမ သူ့ကို လှမ်းဆွဲလိုက်ပြီး နက်မှောင်သော မျက်လုံးများက သူ့ကို ကြည့်နေသည်။

"နင် ဘယ်သွားမလို့လဲ?"

ယင်းရှောင်ကျဲ စွန်းထင်းကာ ပေ‌နေသော သူ့အင်္ကျီကို ညွှန်ပြပြီး

"ဒါဆို မင်းက ဒီအ၀တ်အစားကို ဆက်၀တ်ထားစေချင်တာလား"

"အိုးဟုတ်သား "

သူ့ကို လွှတ်လိုက် ဝောာ့ ယင်းရှောင်ကျဲ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသလိုနဲ့  ရေခဲသေတ္တာကို ဖြတ်သွားကာ တံခါးကိုဖွင့်ကာ စတော်ဘယ်ရီနို့တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ ပြီးတော့ မုရှောင်းရှောင်ရှေ့  ချပေးကာသူ့အင်္ကျီကိုပြောင်းဖို့ အခန်းဆီသွားလိုက်သည်။

သူရုတ်တရက်ကြီး အရမ်းစာနာတတ်သွားတာကိုမြင်လိုက်ရတော့  မုရှောင်းရှောင် စတော်ဘယ်ရီနို့ထုပ်ကို ကိုင်လိုက်ပြီး ကြည့်လိုက်တယ်။


သူမ စောစောက ကိုယ်တွင်း‌ ရေဓာတ်များစွာ ဆုံးရှုံးခဲ့တာဆကြာင့် အခု သူမကိုယ်သူမ ရေဓာတ် ပြန်လည် ဖြည့်တင်းသင့်သည်။

အ၀တ်တွေ လဲပြီးတာနဲ့ အခန်းထဲက ထွက်လာတဲ့ ယင်းရှောင်ကျဲ သည် မီးခိုးရောင်တီရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး အလွန်တရာ ချောမော နေသည်။ စွဲမက်ဖွယ် အပြုံးဖြင့် လျှောက်လာကာ သူမနံဘေးတွင် ဝင်ထိုင်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Tahanan ng mga kuwento. Tumuklas ngayon