အပိုင်း - ၁၉၀

1K 75 0
                                    

Unicode

အပိုင်း -၁၉၀ သူမ တကယ်ကိုပဲ ထူးဆန်းနေသည်


"ဒါပေမယ့် ဘာလဲ၊ မြန်မြန်ပြောပါ"

ဟန်ချီချင်  စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ ဆရာ၀န်အပေါ်ကို ခုန်တက် တော့မလို ပုံစံနဲ့ ဆရာ၀န်ရဲ့  ကော်လာကို ဆွဲကိုင်လိုက်ချင်သည်။

"ဒါပေမယ့် သူ့ဒဏ်ရာက နည်းနည်းပိုနက်သွားပြီး ကြွက်သားတွေနဲ့ အရိုးတွေကို နာကျင်စေတယ်။ အဲဒါကြောင့် ပြန်ကောင်းလာဖို့ တစ်လခွဲလောက် လိုလိမ့်မယ်။ ဒီအချိန်အတွင်းမှာတော့ သူ့ရဲ့ ညာလက်ကို အသုံးချနိုင်တော့မှာ မဟုတ်ဘူး။ လေးလံတဲ့  အရာတွေ  မသယ်တာ ဒါမှမဟုတ်  အလွန်အကျွံ မသုံးမိပါက အကောင်းဆုံးဖြစ်လိမ့်မယ် မဟုတ်ရင် ပျက်စီးသွားနိုင်တယ် "

"ဘယ်လိုမျိုး ပျက်စီးတာလဲ?"

ဆရာဝန်က အံသြသင့်စွာ ပြောလာတာက

"ဒါက နည်းနည်းတော့ ပြောရခက်ပါတယ်..."

ဟန်ချီချင်  ဒေါသတကြီး ပေါက်ကွဲလာပြီး

"ရှင် ဥပမာ တစ်ခုခု မပေးနိုင်ဘူးလား !"

ဆရာဝန်က

“ဥပမာ၊ သူ့လက်က အရင်ကလိုမျိုး အသုံးမပြုနိုင်တော့ဘူး ဒါမှမဟုတ် ဂေါက်ရောဂါလဲ ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ဒီလဝက်လောက် သေချာ  အနားယူပြီး လုံး၀ လှုပ်ရှားလို့ မရဘူး။ မဟုတ် ရင် နောင်တရ ရလိမ့်မယ်၊ နားလည်ပြီးလား"

"ဒါဆို သူ ငြိမ်ငြိမ်နေပြီး လက်ကို ဂရုစိုက်သုံးရင် သူ့လက်က အရင်ပုံစံအတိုင်း ပြန်ကောင်းလာမှာလားဟင်? "

မုရှောင်းရှောင် က ဒီအရေးကြီးဆုံးအချက်ကို စိတ်ပူပြီး မေးလိုက်သည်။

ဆရာဝန်က ခေါင်းညိတ်သည်။

"အင်း ကောင်းနိုင်ပါတယ် "

လူတိုင်းက ဆရာ၀န်ဆီက အဖြေကို ကြားရတော့မှ သက်ပြင်းချနိုင်ကြသည်။

သို့သော် ဤလဝက်သည်  လုရိချန်အတွက် သေနိုင်လောက်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ဖြစ်လိမ့်မည်။ ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ မုရှောင်းရှောင် လုရိချန်အစား  နာကျင်မိသွားသည်။ လုရိချန် ၏လက် ပို၍ ပျက်စီးသွားပါက၊ သူမကြောင့် ဆိုပြီး  အလွန် အပြစ်ရှိသလို ခံစားရပေလိမ့်မည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now