အပိုင်း -၂၆၇

624 43 0
                                    

Unicode

အပိုင်း  ၂၆၇ - သင့်ကိုယ်ပိုင်လက္ခဏာကို ဘာကြောင့် မဖော်ပြတာလဲ။

ညအခါမှာ။

Royal Jazz ဘား။

ဒီညက မွေးနေ့ရှင်ကောင်လေးက မြို့တော်က နာမည်ကြီး မိသားစုရဲ့ သားငယ်လေး။ သူသည် ယင်းရှောင်ကျဲ  အနည်ငယ် ခင်မင်လေ့ရှိသောကြောင့် မွေးနေ့ပွဲကို အကြောင်းပြကာ ယင်းရှောင်ကျဲနှင့် စုန့်ရှီကျွင်းကဲ့သို့သော လူချမ်းသာများကို ဖိတ်ကြားရန် အခွင့်အရေးတစ်ခြအဖြစ် အသုံးပြုခဲ့သည်။

ထိုလူများသည် မုရှောင်းရှောင် ကို အသိအမှတ်မပြုကြ၊ သူမက စီးပွားရေးလောကရဲ့ ဒဏ္ဍာရီဆန်သော မု မိသားစု၏တစ်ဦးတည်းသော ဆက်ခံသူဖြစ်ကြောင်း သဘာဝကျကျပဲ မသိခဲ့ကြပေ။

ဒါပေမယ့် မုရှောင်းရှောင်  ယင်းရှောင်ကျဲ နဲ့ အတူ တွဲရောက်လာပြီးကတည်းက ချမ်းသာတဲ့ သူဌေးသားကောင်လေးတွေက မုရှောင်းရှောင် ဟာ ယင်းရှောင်ကျဲ ရဲ့ ချစ်သူအသစ်လို့ ထင်ခဲ့တာ သဘာဝကျသည်ပင်။

သို့သော်၊ ဟန်မိသားစု၏ ချမ်းသာကြွယ်ဝသော  သခင်မလေးချီချင် သည် အမှန်တကယ် မုရှောင်းရှောင်နှင့် အလွန်နီးစပ်နေ ကြောင့် သူတို့ထဲမှ အချို့က  ပုံမှန်မဟုတ်မှန်း သတိပြုမိကြသည်။

ထိုညတွင် သူ၏ စည်းစိမ်ဥစ္စာကို ကြွားဝါရန်အတွက် ချမ်းသာသော မွေးနေ့ရှင်ကောင်လေးက ဘားတစ်ခုလုံးကို ကြိုတင်စာရင်းပေးငှားထားခဲ့သည်။

မုရှောင်းရှောင် အတွက် သီချင်းသံက ကျယ်လောင်လွန်းတယ်လို့ ခံစားမိတာကြောင့် ဟန်ချီချင် က ထိုင်ဖို့ မုရှောင်းရှောင်ကို ထောင့်တစ်နေရာကို ဆွဲခေါ်သွားသည်။

သူမသည် ဟန်ချီချင် ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ

“အရက်ဆိုင်တွေ ဘားဆိုင်အားလုံး ဒီလိုပဲလား? ငါ ဒီလိုမှန်း မသိခဲ့ဘူး ၊  အသံအတိုးအကျယ်ကို ကို သေချာ မထိန်းနိုင်ကြဘူးလား”

ဟန်ချီချင် သူမနားကို မုရှောင်းရှောင် ရဲ့ပါးစပ်နားမှာ ထားရတာ က လက်တွေ့ပါပဲ။

“နင်  တဖြည်းဖြည်းနဲ့ ရင်းနှီးလာလိမ့်မယ်။ အဲ့လောက် အသံမကျယ်ပါဘူး။"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now