အပိုင်း - ၁၃၁

1.3K 117 1
                                    

Unicode

အပိုင်း -၁၃၁ ရှင့်ရည်းစားသိရင် ရူးသွားလိမ့်မယ်

မုရှောင်းရှောင် ရုတ်တရက် အချိန်ကို ကြည့်လိုက်မိပြီး ရှုံ့မဲ့သွားရသည်။ ပြီးမှ စိုးရိမ်တကြီးနဲ့ လုရိချန်ကို

"တောင်းပန်ပါတယ် ကျွန်မ သွားရ တော့မယ်"

သူမ အပြင်ထွက်နေတာ တစ်နာရီလောက်ရှိပြီ အကယ်၍ သူမ မကြာမီ ပြန်မသွားပါက ယင်းရှောင်ကျဲ သည် သူမ ခိုးထွက်သွားကြောင်း သိသွားနိုင်သည်။

"ကောင်းပြီ "

လုရိချန် က ခေါင်းညိတ်ပြီး ဘေလ်အတွက် စားပွဲထိုးကို ခေါ်မေးလိုက်တာကြောင့် မုရှောင်းရှောင် က အဆင်မပြေသလို ခံစားရတးသည်။

"ဘာဖြစ်လို့လဲ... ကိုယ်တို့သွားရအောင်လေ "

လုရိချန်က စားပွဲထိုးကို ပိုက်ဆံပေးပြီး မုရှောင်းရှောင်ရဲ့အားနာနေတဲ့ အမုအရာကြောင့် ရယ်လိုက်ကာ

"ကိုယ် အဆင်ပြေပါတယ်။ မင်းအားနာနေတယ် ဒီလိုလုပ်ရင်ဘယ်လိုလဲ၊ မင်း အချိန်အားတဲ့အခါ နောက်တစ်ခါကျ ကိုယ့်ကို ၀ယ်ကျွေးလေ "

"မုရှောင်းရှောင် မဆိုင်းမတွ ခေါင်းညိတ်လိုက်ရင်း

"ကောင်းပြီ ရတယ် !"

မုရှောင်းရှောင် ချက်ချင်းပဲ တွေးလိုက်မိတာက နောက်တစ်ခါ သူ့ကို ပိုစျေးကြီးတာ၀ယ်‌ကျွေးပြီး ကောင်းကောင်း ဆက်ဆံရမယ်။

လုရိချန် ရုတ်တရက် တစ်ခုခုကို အလင်းရသွားကာ

"ကိုယ်ကို ရုပ်ရှင်တစ်ကားနဲ့ လိုက်ပြတာရော ဘယ်လိုလဲ ? ဒီတစ်ပတ် ရုပ်ရှင်ရုံမှာ ပြနေတဲ့ အမေရိကန်ဇာတ်ကားတစ်ကား ရှိတယ်။ အဲဒါကို ကိုယ် အမြဲကြည့်ချင်ခဲ့တာ။ မင်း စိတ်ဝင်စားမလားတော့ မသိဘူး? "

"ရုပ်ရှင်ကြည့်ရတာ ကျွန်မလည်းကြိုက်တယ်။ ကောင်းပြီ၊အဲဒါဆို ရှင့်ကို ရုပ်ရှင်နဲ့ လိုက်ပြမယ်!"

မုရှောင်းရှောင် က အလျင်စလို သဘောတူလိုက်သည် ။ ထို့နောက် ခေတ္တ ပြန်စဉ်းစားလိုက်တော့ ချစ်သူရှိနေတာကို သတိရမိသွားသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now