အပိုင်း -၂၉၄

593 49 0
                                    

Unicode
အပိုင်း ၂၉၄ : နင် ရူးနေလား

မုရှောင်းရှောင်ရဲ့ ဒီနေ့ စိတ်တွေ  အခြေမကောင်း‌ပေ။ ဒါကြောင့် သူမ အောက်ထပ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။

ပြန်လာတော့ ခုံတန်းလျားလေးပေါ်မှာ ထိုင်နေတဲ့ လုရိချန် ကို လှမ်းမြင်ရကာ သူ့ခေါင်းကို ငုံ့ထားသည်။

မုရှောင်းရှောင် သူမ မကူညီနိုင်တာကြောင့်  စိတ်ပူနေမိသည်။
လုမားမား၏ ကျန်းမာရေး အစီရင်ခံစာတွင် တစ်ခုခု မှားယွင်းနေလို့လား။

မုရှောင်းရှောင် သည် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

စကားပြောရန် အလျင်မလိုပေ။

လုရိချန် က သူ့ဘေးနားက တစ်ယောက်ယောက်ကို သတိထားမိပြီး ခေါင်းကို မော့ကြည့်လိုက်သည်နှင့်  သူ့အကြည့်များထဲတွင် မုရှောင်းရှောင် ကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။

လုရိချန်၏ နီရဲနေသော မျက်လုံးများကို သူမ သတိပြုမိသောအခါ ထိတ်လန့်သွားသည်။

သူ ငိုခဲ့တာလား။

"အန်တီ...အဆင်ပြေရဲ့လား"

သူမက စိုးရိမ်တကြီးမေးလိုက်မိသည်။

လုရိချန် က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး

"သူမက အလုပ်အရမ်းများနေပြီး ခန္ဓာကိုယ်ပျက်စီးမှုတွေကို လျှို့ဝှက်ထားတာကြောင့်၊ ပိုပြီးသေချာစွာ စစ်ဆေးဖို့ လိုအပ်တယ်လို့ ဆရာဝန်က ပြောတယ်။"

ဆရာဝန်သုံးတဲ့လေသံက သူ့အမေရဲ့အခြေအနေက သိပ်မကောင်းဘူးလို့ အရိပ်အမြွက်ပြခဲ့တာပင်။

လုရိချန် က ဒါကို အသံကျယ်ကျယ် မပြောခဲ့။
သူတစ်ယောက်တည်း ထမ်းရမယ့် ဝန်တွေရှိတယ်။

မုရှောင်းရှောင် က သူ့ပခုံးကို ပုတ်ပြီး

"အန်တီ နေကောင်းသွားမှာပါ တကယ်ပြောတာ!"

လုရိချန် သည် သူမ၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ သူမ၏ နက်မှောင်သော မျက်လုံးများသည် စပျစ်သီး၏အရောင်ဖြစ်ပြီး ကြယ်များဖြင့် တောက်ပနေသကဲ့သို့ လင်းလက်တောက်ပနေကာ ကြည်လင်ပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေရှာသည်... သူတို့က သူ့ကို လုံခြုံမှုပေးစေသည် ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora