အပိုင်း -၁၅၃

1.2K 104 3
                                    

Unicode
အပိုင်း - ၁၅၃ ယင်းရှောင်ကျဲက သူပြောတာကို လက်မခံသောကြောင့် သူမကိုနမ်းသည်။


"ယင်း -နင် နင် နင် နောက်နေတာကို ရပ်လိုက်"

မုရှောင်းရှောင် မီးလိုမျိုး ဟုန်းဟုန်းတောက်နေတဲ့ ယင်းရှောင်ကျဲအကြည့်စူးစူးတွေအောက်မှာ ရင်တလှပ်လှပ်နဲ့ တဖြေးဖြေးထိတ်လန့်လာရတယ်။

သို့သော်၊ ယင်းရှောင်ကျဲ သည် သူမ၏မေးရိုးကို တစ်ချက်မြန်သော လှုပ်ရှားမှုဖြင့် လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး သူမကို တကယ်နမ်းချင်နေပုံပေါ် နေကာ သူ့ကိုယ်ကြီးကို ရှေ့ကို ကိုင်းလာသည်

"ယင်းရှောင်ကျဲ!"

မုရှောင်းရှောင် ရုတ်တရက် သံကုန်ဟစ်ပြီးအော်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ၊ နင် ငါ့ကို စနောက်နေတာ ရပ်လိုက်ပါ!"

သူမ ယင်းရှောင်ကျဲကို ပြန်လည်စိုက်ကြည့်ရင်း ရှက်စိတ်ကြောင့် မျက်နှာက ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားသည်။ ယင်းရှောင်ကျဲ ရယ်နေသည် ။ ဒီအခြေအနေကဘ ရယ်ဖို့ မသင့်တော်တဲ့ အနေအထားမဟုတ်ဘူးလား ။ ယင်းရှောင်ကျဲ ၏ ကြော့ရှင်းသော လက်ချောင်းများက သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်ကာ သူ့အကြည့်များ တစ်ခုခုကို ဆာလောင်မွတ်သိမ်နေသလိုပင်ယ

" ငါနောက်နေတာ မဟုတ်ဘူး၊ မင်းနှုတ်ကနေ ဒီကောင်နာမည်ပြောတာကို မကြိုက်ဘူး၊ မင်းက သူ့ကို ခုခံကာကွယ်တာကို မကြိုက်ဘူး မင်းက ငါ့စကားကို နာခံမှုမရှိတဲ့အတွက် မင်းကို ငါ သခင်လေးက အပြစ်ပေးရလိမ့်မယ်"

"မဟုတ်ဘူး..."

မုရှောင်းရှောင် လုရိချန် ကို ကာကွယ်ဖို့ မကြိုးစားခဲ့။ သူမ အမှန်အတိုင်းပြောဖို့သာ ကြိုးစားခဲ့တာပင် ။ ဘာလို့ အပြစ်ခံယူရမှာလဲ ?"

သူ့အကြည့်တွေက နေမင်းလို ပူလာပြီး သူမကို စိုက်ကြည့်နေတဲ့ မျက်‌၀န်း အစိတ်အပိုင်းတွေက အေးစက်မနေဘဲ အနည်းငယ် နွေးထွေး‌ နေသလို ခံစားရသည်။

"ငါ့ကို အရင်လွှတ်..."

မုရှောင်းရှောင် အားကုန်သုံးပြီး ရုန်းကန်ခဲ့လိုက်‌ ပေမယ့်
လိုက်လျောမည့်အစား ယင်းရှောင်ကျဲသည် သူမ၏ခါးကို လက်တစ်ဖက်နဲ့ သူ့ဆီ နီးကပ်သွားအောင် ဆွဲဖက်လိုက်သည်။ ပြီးတာနဲ့ သူရဲ့ ချောမောသော မျက်နှာက မုရှောင်းရှောင်ကို ငုံ့ကာ နမ်းရန် ချက်ချင်း ကြိုးစားသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now