အပိုင်း - ၂၁၅

932 65 0
                                    

Unicode

အပိုင်း -၂၁၅ ချစ်စရာ‌ ကောင်းတယ် ၊ ဖြူစင်တယ် ၊ တုံးအတယ်

ယင်းရှောင်ကျဲ က ထိုစကားများပြောနေစဉ် စာသင်ခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။

ကျောင်းသားတွေက သူတို့ကြားတာ မှားတယ်လို့ ထင်နေကြပြီး တစ်ချို့က သူတို့မြင်ခဲ့တာတွေက အမှန်ဖြစ်ကြောင်း အတည်ပြုဖို့ မျက်လုံးတွေကိုတောင် ပွတ်တိုက်နေကြတယ်။

သခင်လေးကျဲက ဘာပြောလိုက်တာလဲ။

သူကို မုရှောင်းရှောင် က ရှင်းပြစရာမလိုဘူး?

ကြည့်ရှု နေသူများနဲ့ ပိုင်မိန်‌ကျောင်း အံ့အားသင့်သွားပြီး ယားယံကာ ကုတ်ခြစ်ရန် မေ့သွားကြရသည်။

ဒီလူက တကယ်ပဲ သူမတို့ သိတဲ့ သခင်လေးကျဲ တဲ့လား။

ဘာလို့... သူက မုရှောင်းရှောင် ကို ဒီလို နှိမ့်ချကာ ချိုမြိန်တဲ့ စကားတွေ ပြောရတာလဲ။

ပိုင်မိန်‌ကျောင်း အကြိမ်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပေမယ့် ဒါတစ်‌ ခေါက်က သူမအတွက် အကြီးမားဆုံး တုန်လှုပ်ချောက်ချားရဆုံးပင်။

"မဟုတ်ဘူး၊ မမှန်ဘူး... ဒါက မမှန်နိုင်ဘူး..."

သူမ လေတိုက်ခံနေရတဲ့ စပါးပင်ကဲ့သို့ ဖြူဖျော့နေကာ ဝေဒနာခံစားနေရပြီး ဝမ်းနည်းပူဆွေးနေပုံရသည်။

မျက်နှာအရမ်းယားတယ်။ အရမ်းယားတယ် ။
ပိုင်မိန်‌ကျောင်းယားယံမှုကို မခံနိုင်သဖြင့် ဆက်တိုက် ကုတ်နေလေသည်။ သူမ၏ လက်သည်းများဖြင့် မျက်နှာပေါ်ရှိ အရေပြားများ ပဲ့သွားကာ သွေးများ ဖြာထွက်လာသည်ကို မြင်တွေ့ရသည်။

ပိုင်မိန်‌ကျောင်း အခု စတင်ပြီးတော့ ငိုတော့တသည်

မဟုတ်ဘူး၊ ငါ ဒါကို လက်မခံဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး...

ဆားငန်ဓာတ်ပါတဲ့ မျက်ရည်တွေက သူ့ဒဏ်ရာအရေပြားထဲကို စိမ့်ဝင်လာတာကြောင့် ပိုင်မိန်‌ကျောင်း ရှုံ့မဲ့နေသည်။

"အရမ်းယားတယ်! အရမ်းနာတယ်!"

ပိုင်မိန်‌ကျောင်း သူမမျက်နှာ စေးကပ်ကပ်ဖြစ်လာပြီး နာကျင်လာတာကြောင့် ရုတ်တရက် လန့်သွားပြီး သူမရဲ့ လက်သည်းတွေကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်လိုက်သည်။ သူတို့ မှာ သွေး သွေးတွေ စွန်းထင်းနေ သည် ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Hikayelerin yaşadığı yer. Şimdi keşfedin