အပိုင်း - ၂၁၆

890 70 0
                                    

Unicode

အပိုင်း - ၂၁၆ ဝမ်းတွင်းပုပ် အရိုင်းစိုင်းကောင်


သူ့လက်ချောင်းရှည်တွေ နဲ့  ယင်းရှောင်ကျဲ  က သူမနဖူးကို တောက်ကာ နောက်ပြောင်ရင်းပြုံးပြီး

"ချိုမြန်တဲ့ အပြုံး။ မင်း ရှက်စရာမရှိဘူးလား။ မင်းက တကယ် တော်တော် အရေထူတာပဲ။ မင်းရဲ့ အပြုံးက ဘယ်လိုလုပ် ချိုမြိန်မှာလဲ မင်းက  အပြုံးထဲမှာ နတ်ဆိုးလေး ပုန်းနေတာမှန်း သိသာတယ် ..."

မုရှောင်းရှောင်က သူ့ကို စိုက်ကြည့်နေရင်း
ငါ့အပြုံးထဲမှာ ပုန်းနေတဲ့ နတ်ဆိုးလေးတစ်ကောင် ရှိတယ်လား။

ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး!

"နင် နင် ......."

ဒီတစ်ကြိမ်မှာတော့ ယင်းရှောင်ကျဲ  က ဒေါသထွက်နေတဲ့ မုရှောင်းရှောင်ရဲ့ ပါးပြင်ကို ဖွဖွလေး ပုတ်လိုက်သည်။  ပျော့ပျောင်းပြီး  အခွံခွာထားတဲ့ ကြက်ဥတစ်လုံးနဲ့ ကစားနေသလိုပင်။

"မင်းကိုယ်တိုင်က နတ်ဆိုးလေးပဲကွ!"

မုရှောင်းရှောင် သူ့လက်ကို ပုတ်ကာ ဖယ်လိုက်ပြီး

"နင်ကမှ နတ်ဆိုးကောင် "

"မဟုတ်ဘူး မင်းကမှ နတ်ဆိုးမလေး!"

"သေချာပါတယ် နင်ကမှ နတ်ဆိုးကောင် ၊ ဘီလူးကြီး ၊ လူယုတ်မာကြီး  ၀မ်းတွင်းပုပ်  အရိုင်းစိုင်ကောင် ဟွန့် !"

သူတို့ရဲ့ ရန်ဖြစ်မှုတွေက အရမ်း  ကလေးဆန်နေတာ မဟုတ်ဘူးလား ???

သို့သော် ထိုမြင်ကွင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားများက အံ့သြသွား နေကြသည်။

သူတို့ရှေ့က လူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ချစ်ခင်ကြင်နာမှုပြဖို့ မလိုတဲ့ ထူးထူးခြားခြား ဆက်ဆံရေး ဖြစ်ကြောင်း ပြသရန် လုံလောက်ပါပြီ။

ဒါပေမယ့် အခု သခင်လေးကျဲ ၊ မင်းရဲ့ နဂို မာနကြီးတဲ့  ဇာတ်ရုပ်မရှိတော့ဘူး။ မာနထောင်လွှားမှုကော  ဘယ်မှာလဲ။ထိပါးလို့မရတဲ့  သူဌေးသားတစ်ယောက်ရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ က ဘယ်မှာလဲ။

ကြီးမြတ်တဲ့ သခင်လေး ယင်းရှောင်ကျဲက ဘယ်လိုဖြစ်လို့ ဝမ်းတွင်းပုပ်  ဖြစ်သွားရတာလဲ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora