အပိုင်း - ၂၂၉

806 61 0
                                    

Unicode
အပိုင်း -၂၂၉  မင်းကို သဘောကျတာ


မုရှောင်းရှောင် အဲတော့မှ စိတ်သက်သာရာ ရသွားသည်။

စာမေးပွဲရလဒ်ကောင်းကြောင်း သူမသိလိုက်သောကြောင့် ယခုလုရိချန် ပညာသင်ဆုဆုံးရှုံးရမှာကို  သူမစိုးရိမ်နေစရာမလိုတော့ပေ။

ယင်းရှောင်ကျဲရဲ့ကားထဲတွင်

မုရှောင်းရှောင် စိတ် အခြေနေကောင်းတာကြောင့် ယင်းရှောင်ကျဲကို လှည့်ကြည့်လိုက်ကာ

"ကျဲ နင် တကယ် တော့ လုရိချန်ကို အရမ်းဂရုစိုက်ပုံပါပဲ ငါ ပြောတာ မှန်တယ် မဟုတ်လား"

သူမ  ပြုံးပြီးမေးလိုက်သည်။

ယင်းရှောင်ကျဲ သူမနောက်ကို လိုက်မယ်လို့ သူမ မထင်ထားမိ။ ထို့အပြင် ဆရာမအား  လုရိချန်စာရွက်ကို အရင် စစ်ပေးဖို့ မတောင်းဆိုလိုက်ရင် သူမမှာ စာမေးပွဲရလဒ်တွေ ထွက်လာတဲ့နေ့အထိ စိုးရိမ်နေရမှာပင်။

ယင်းရှောင်ကျဲ  သူမ ရယ်စရာကောင်းသော ဟာသများ ကြားလိုက်ရ သကဲ့သို့ပင် ။ချက်ချင်းပဲ  သူက

"မဖြစ်နိုင်ဘူး!"

မင်းကြောင့် သွားခဲ့တာ ဟုတ်ပြီလား။


မုရှောင်းရှောင် တခစ်ခစ်ရယ်ရင်း ယင်းရှောင်ကျဲ ရဲ့ မကျေနပ်တဲ့ အမူအရာတွေကို မြင်လိုက်တာ ကြောင့် သူမက ယင်းရှောင်ကျဲ ူ့ကို လက်ညှိုးထိုးပြီး

"ကျဲ နင်က အပြင်ပန်း တကယ် အေးစက်နေပေမယ့် စိတ်တွင်းပိုင်းမှာတော့ နူးညံ့သိမ်မွေ့သားပဲ"

"မင်း အဲ့ဒါကို ထပ်ပြောရဲ ထပ်ပြောကြည့် "

မုရှောင်းရှောင် သူ့ခြိမ်းခြောက်မှုကို မကြောက်ဘဲ လက်တစ်ဖက်ဖြင့် သူမမေးစေ့လေးကို ကိုင်ကာ

"ကျဲ နင့်ကို ရွေးချယ်စရာ မေးခွန်းတစ်ခု ပေးမယ်။
တစ်မျိုးက နင်က  နွေးထွေး ကြင်နာတတ်တဲ့သူ  တစ်မျိုးက  ပြောရရင် နင် လုရိချန်ကို သဘောကျတယ်(ခင်တယ်)  ၊ အဲ့ဒါကြောင့် နင် သူ့ကို ဂရုစိုက်တာ "

သူမသည် ယင်းရှောင်ကျဲ အမှန်တကယ် စိတ်ကောင်းရှိသူဖြစ်ကြောင်း ဝန်ခံရန် အတင်းအကြပ် ကြိုးစား နေသည်။ ယင်းရှောင်ကျဲ ပါးစပ်က လုရိချန် ကို မုန်းတီးတယ်ဟု ပြောနေပေမယ့် ဂရုစိုက်နေတုန်းပဲဆိုတာ သူမမြင်နိုင်သည်။ ၀န်မခံသေးတာပဲရှိသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now