အပိုင်း -၂၃၆

774 55 0
                                    


Unicode

အပိုင်း ၂၃၆ - ဒီနေ့ နင် ထူးဆန်းနေတယ်

ယင်းရှောင်ကျဲရဲ့ စကားကို  မုရှောင်းရှောင် ခေါင်းခါရင်း ငြင်းလိုက်ကာ

“ဒီနေ့ အပြင်ထွက်လည်ရမှာဆိုတော့ မအိပ်တော့ဘူး။ သွားတိုက်လိုက်ဦးမယ်။ ငါ အ၀တ်အစားတွေမထည့်ရသေးဘူး…”

သူမတို့ ရေပူစမ်း ဗီလာတွင် တစ်ညတာ တည်းခိုရန် စီစဉ်ထားသောကြောင့် သူမသည် အဝတ်အစား နည်းနည်းကို ပြင်ဆင်ကာ ထည့်သွားရမှာပင်

မုရှောင်းရှောင်   အိမ်စီးဖိနပ်တစ်ရံကို ဝတ်ဆင်လိုက်ကာ အခန်းတွင်းမှ မထွက်ခွာမီ  သမ်းဝေမှုကို လုပ်လိုက်သည်။

မုရှောင်းရှောင် ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ မနက်စာရဲ့ ရနံ့ကို  သင်းပျံ့ နေသည်။ သူမဗိုက် လေးကလဲ ဂွီခနဲ မြည်လာကာ ဗိုက်ဆာကြောင်း ဆန္ဒပြနေသည်။

“ငါဗိုက်ဆာနေပြီ…”

ထမင်းစားပွဲက မနက်စာ စားစရာတွေ ပြည့်နေကာ သူမစားနေတုန်း ယင်းရှောင်ကျဲ ကို မသင်္ကာစရာ အကြည့်တစ်ချက်နဲ့ ကြည့်လိုက်မိသည်။

“ကျဲ ဒီနေ့ နင်  ထူးဆန်း‌နေတယ် ”

လို့ ပါးစပ် ပ‌လုတ်ပလောင်း အပြည့်နဲ့ တိုးတိုးလေး ရွတ်လိုက်သည်။

ယင်းရှောင်ကျဲ သူမအတွက် မနက်စာပြင်ဆင်ပေးရုံတင်မကဘဲ မနက်အစောကြီး စိတ်ကောင်း၀င်နေသလိုပင်။

ယင်းရှောင်ကျဲ မနေ့ညက ဆိုဖာပေါ်မှာ အိပ်တာ မဟုတ်ဘူးလား။

စိတ်ကောင်း၀င်ကာ ပျော်နေတဲ့ပုံပင်။

ယင်းရှောင်ကျဲက  မနက်စာမစားရသေးတာ‌ကြောင့်  သူမနဲ့ အတူတူစားခဲ့ပသည်။  ယင်းရှောင်ကျဲ သူမကို တစ်ချက်ပြန်ကြည့်လိုက်ပြီး

“မင်းကသာ ထူးထူးဆန်းဆန်း လုပ်နေတာ။ မြန်မြန်စားပါ။ ကျန်တဲ့သူတွေ ငါတို့ကို စောင့်နေပြီ”

ဟန်ချီချင် နှင့် ကျန်သူများကို  ကိုးနာရီခွဲတွင် တွေ့ဆုံရန် သဘောတူခဲ့ကြောင်း မုရှောင်းရှောင် သတိရမိသည်။
အချိန်နီးနေပြီမို့ အစာစားတာကို အရှိန်မြှင့်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now