အပိုင်း - ၁၂၀

1.7K 139 6
                                    

Unicode

အပိုင်း -၁၂၀ အလွန်ညံ့ဖျင်းတဲ့ အိပ်စက်ဟန်အနေအထား

ထိုစဉ် မုရှောင်းရှောင် မျက်ခွံများက   ရုတ်တရက် လှုပ်ရှားသွားသည်။ သူမရဲ့ မျက်တောင်များက လှုပ်လာကာ အိပ်ရာ နိုးလာသကဲ့သို့ လှုပ်လာကာ လိပ်ပြာအတောင်များ ခတ်နေသလို ဖြစ်နေသည်။

ယင်းရှောင်ကျဲလဲ ရုတ်တရက်ဆိုတော့ လန့်သွားတာကြောင့် နောက်ပြန်ဆုတ်သွားမိကာ ကော်ဖီ စားပွဲပေါ်သို့ နောက်ပြန် ပြုတ်ကျလုနီးပါး အထိတ်တလန့် ဖြစ်သွားသည်။

သို့သော် ဆိုဖာပေါ်တွင် လဲလျောင်းနေသော မုရှောင်းရှောင်သည်  သူမခန္ဓာကိုယ်ကို ဆိုဖာ အတွင်းဘက်သို့လှည့်ကာ ပြန်မအိပ်မီ ဖြည်းဖြည်းချင်း နှုတ်ခမ်း‌လေးလှုပ်စိလှုပ်စိနဲ့ လုပ်လိုက်သေးသည်။

ယင်းရှောင်ကျဲသည် သူမမျက်နှာကို အကြာကြီးစိုက်ကြည့်ရင်း ငြိမ်နေလိုက်သည်။ လေထုသည် အလွန်တိတ်ဆိတ်နေပြီး အေးခဲနေပုံရပြီး အပ်ပြုတ်ကျသံကိုပင် ကြားရနိုင်သည်။

ထို့နောက် သူမသည် မည်သည့်အရာကိုမျှ သတိမထားမိခဲ့ဘဲ အိပ်ပျော်နေကာ အချိန် အတော်ကြာ ပြန်နိုးလာတော့မည် မဟုတ်ကြောင်း သူသိလိုက်သည်။ လူတွေဟာ သူတို့ရဲ့ အိပ်ချိန်မှာ ဘာကိုမှ မသိတော့ချေ။

မုရှောင်းရှောင်သည်လဲ အပါအ၀င်ဖြစ်သည်။

သူရဲ့ နက်မှောင်ရွန်းဆိုသော မျက်လုံးများဖြင့် သူမ အိပ်စက်နေသော မျက်နှာကို စိုက်ကြည့်ရင်း ယင်းရှောင်ကျဲက သူ့လျှာကို သပ်လိုက်ကာ

"ဒီ၀က်ကလေးကတော့ ဘယ်လို အိပ်နေတာလဲ  အနေအထားကလဲ မမှန်လိုက်တာ "

ဟု ဟန်ဆောင်ကာ လှောင်ပြောင်သော လေသံဖြင့် ပြောလေသည်။

သို့သော် သူ့ထံတွင်  မဟုတ်တရုတ် အကြံအစည်ရှိနေ‌၍ အသံက ပုံမှန်မဟုတ်ဘဲ အလွန် တုန်နေသည်။

သူ မတ်တပ်ထရပ်လိုက်သည်နှင့် သူ့ရဲ့ အရပ်ရှည်သော ခန္ဓာကိုယ်သည်  မုရှောင်ရှောင်နားကို နီးကပ်လာသည်။ သူမရဲ့ ပါးပြင်ကို ပွတ်သပ်ဖို့ ရည်ရွယ်လိုက်တဲ့ အချိန် ဖုန်းမြည်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now