အပိုင်း - ၁၀၈

1.7K 142 1
                                    

Unicode

အပိုင်း - ၁၀၈ ဒုက္ခကို မီးထွန်းရှာမိခြင်း


လုရိချန် မျှော်လင့်ထားသည့်အတိုင်း မုရှောင်းရှောင်ဘတ်စကတ်ဘောကွင်းသို့သွားရန် လမ်းမရှာနိုင်ခဲ့ပါ။ 
အစပိုင်းမှာ သူမလမ်းတစ်လျှောက် ဆိုင်းဘုတ်တွေကို ဖတ်ပြီးလမ်းညွှန်ချက်အတိုင်း သွားခဲ့သည်။  သို့သော် ရှန်တကျောင်းက အလွန်ကြီးကာ လမ်းညွှန်တွေကလဲ ရှုပ်ထွေးလွန်းတာကြောင့် သူမကို မလွှဲမရှောင်သာလမ်းပျောက်သွားစေသည်။

ဒါတင်မက အခုဆို သူမ လုံးလည်ချာလည်လိုက်သွားပြီး
သူမဘယ်မှာ ရောက်နေလဲဆိုတာကိုပင် မသိတော့

လုရိချန်က သူမကို လမ်းမတွေ့ရင် ဖုန်းဆက်လိုက်ဟု သတိပေးထားတာကို အအမှတ်ရသွားသည်  သူမ သူ့ကိုခေါ်ဖို့လုပ်နေတုန်းမှာ ကောင်မလေးအတော်များများဟာ သူမဘက်ကို  ဦးတည်ပြီး လျှောက်လာတာကို သူမမြင်လိုက်ရသည်။

သူမ လမ်းပျောက်ကြောင်း လုရိချန်ကိုဖုန်းခေါ်ရမှာ သူမအတွက်ရှက်စရာကောင်းသည်၊ ထို့ကြောင့်သူမသည်လမ်းညွှန်ချက်များကို အရင် နားလည်သွားအောင် မေးရန်ကြိုးစားလိုက်မိသည်။

ကောင်မလေးတွေကဘယ်ညာလှည့်ကြည့်ရင်းတစ်ခုခုရှာနေပုံရတယ်။

မုရှောင်းရှောင် သူတို့ဆီ လျှောက်လာရင်း  သူတို့တစ်ခုခု အတော်လေးမကျေမနပ်ဖြစ်နေကြောင်း ပြောနေသည်ကိုပါ ကြားလိုက်ရသည်။

"အဲကောင်မ အခု ဘယ်မှာရှိနေနိုင်လဲ။ ကျောင်းက
အရမ်းကြီးတယ်။ ငါတို့ တကယ်ကို နေရာအစုံ ထောင့်စုံကနေ ရှာကြည့်သင့်တယ် မလား? "

"ငါတို့မှာ ဘာရွေးစရာရှိလို့လဲ၊ ငါတို့ အဲ့ကောင်မအတန်းကို သွားခဲ့တာတောင် ရှိမနေဘူး၊ ပြန်လာဖို့ အရမ်းကြောက် နေတာ ဖြစ်ရမယ်။ လုံခြုံရေးအစောင့်ကို မေး တော့လဲ မတွေ့ဘူးဆိုတော့ ကျောင်းထဲမှာ ရှိနေတုန်းပဲ "

"သူမတစ်နေရာရာမှာပုန်းနေတာ ဖြစ်ရမယ်။ မြန်မြန်လုပ်ရအောင်။ ငါတို့တွေ့ရင် သူမသေချာပေါက် သေရမယ်"

မုရှောင်းရှောင် ထူးဆန်းသောခံစားချက်တစ်ခု ရလိုက်သောကြောင့် သူမရဲ့ခြေလှမ်းများက နှေးကွေးသွားသည်။ 
ဒါပေမယ့် သူမဆီကို ကောင်မလေးသုံးယောက်က ချဉ်းကပ်လာတာကြောင့် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now