အပိုင်း - ၁၂၃

1.4K 129 1
                                    

Unicode

အပိုင်း -၁၂၃ မင်းကရော  သူ့ကို သဘောကျလား?


မမျှော်လင့်ထားတဲ့ စကားကြောင့် မုရှောင်းရှောင် အံ့သြသွားပြီး

"ရှင် ကျွန်မကိုဖုန်းဆက်ထားတာလား? ၊ ဘာမှလဲ မမြည်ပါဘူး၊ ဘယ်အချိန်က ဖုန်းဆက်တာလဲ"

"ခုဏက"

"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကထိ ကျွန်မ အိပ်‌နေတုန်းလေ"

မုရှောင်းရှောင် က သူမ မျက်လုံးတွေ ပြူးကျယ်လာပြီး ရေရွတ်ကာ အဖြေပြန်ပေးလိုက်မိသည်။

ဒါပေမယ့် သူမ အိပ်ပျော်သွားချိန်မှာတော့ သူမဘေးမှာ ရှိတဲ့ တစ်ယောက်က ယင်းရှောင်ကျဲပင် ။ ဒီကောင်  ဒီလို အရူးအလုပ်‌တွေလုပ်သွားမှန်း သူမ မှန်းဆနေစရာတောင် မလိုတော့ဘူး။
လုရိချန် သူမဖုန်းကို ခေါ်လာတာကို တွေ့တဲ့အခါ တန်းပြီးနာမည်ပျက်စာရင်းသွင်းခဲ့တာဖြစ်ရမည်။

အိုး ဟုတ်သား! ယင်းရှောင်ကျဲ စောစောက သူမဖုန်းကို လုပ်စရာရှိလို့ဆိုပြီး   သိမ်းသွားတုန်းက လုရိချန် ဖုန်းခေါ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို ဖယ်ရှားဖို့ ကြိုးစားနေတာလား?

အဲဒီ ရွံရှာဖွယ် လူမိုက်ကတော့! ဒီလိုမျိုး ဘယ်လိုလုပ်နိုင်ခဲ့ရတာလဲ?

မုရှောင်းရှောင်  က ဆောလျင်စွာ တောင်းပန်လိုက်ပြီး

" လုရိချန် ၊ တောင်းပန်ပါတယ်... သူငယ်ချင်းက ဒီလိုလုပ်လိုက်တာ"

လုရိချန်ရဲ့ နှိမ့်ချသောအသံက

"အဆင်ပြေပါတယ်။ မင်းမဖြစ်နိုင်ဘူးဆိုတာ ကိုယ် သိပါတယ်။ မင်းနေကောင်းရဲ့လား? မင်းအရိုက်ခံရတာကို ကိုယ်ကြားတယ်။ ဒဏ်ရာတွေက ပြင်းထန်သလား? "

လုရိချန်က စိုးရိမ်ပူပန်မှုပြီး သူမကို အရေးတကြီး ဖုန်းဆက်လာတာလား?

သူမကို သူ့သူငယ်ချင်းအဖြစ် တကယ် ဆက်ဆံနေပုံရသည်။
ထိုအတွေးကြောင့်  မုရှောင်းရှောင်  ပျော်ရွှင်နေပြီး သူမ မျက်နှာသည်လဲ အပြုံးဖြင့် တောက်ပနေသည်။

"အဆင်ပြေပါတယ်၊ သိပ်တော့မပြင်းထန်ပါဘူး။ ရှင့်ကို ဘတ်စကက်ဘောကွင်းမှာ လာရှာချင်ပေမယ့် လူတွေက ပိတ်ဆို့နေလို့ ကံမကောင်းခဲ့ဘူး ..."

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Nơi câu chuyện tồn tại. Hãy khám phá bây giờ