အပိုင်း -၂၉၅

642 47 0
                                    

Unicode
အပိုင်း  - ၂၉၅ မထိုက်တန်ဘူး

စစ်ဆေးမေးမြန်းနေတဲ့ ယင်းရှောင်ကျဲပုံစံကို   ကြည့်ရုံနဲ့ သူမ ပိုလို့တောင် ဒေါသဖြစ်စေသည်။

အန်းဇီရှင်း ကို သူမလိုချင်တော့တဲ့ အဝတ်အစားတွေကို ပေးတုန်းက ဘာလို့ သူမကို အသိမပေးခဲ့ရတာလဲ။

ယင်းရှောင်ကျဲ သည် သူ၏ အရပ်မြင့်မြင့်ဖြင့် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာပြီး မျက်မှောင်ကြုတ်ကာ ထွက်ခွာသွားခြင်းကို တားဆီးရန် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခဲ့သည်။

သူ၏ သွယ်လျသောလက်ချောင်းများက သူမ၏ မေးစေ့ကို ဖိကိုင်ထားကာ သူ့ကိုတည့်တည့်ကြည့်ခိုင်းသည်။

"ကိုယ့်ကိုကြည့်ပါ! ရှောင်းရှောင် မင်း ငါ့ကို ခက်ခက်ခဲခဲ ဖြစ်အောင် လုပ်နေတာလား"

ကျားသစ်တစ်ကောင်လို ၊ ယင်းရှောင်ကျဲ ရဲ့ နက်မှောင်တဲ့မျက်လုံးတွေက သူမရဲ့အမူအရာမှာ ထူးထူးခြားခြား တစ်စုံတစ်ရာကို မလွဲမသွေ စိုက်ကြည့်နေသလိုပါပင်။

"ငါ မရှင်းပြဘူး"

မုရှောင်းရှောင် သည် သူမလုပ်လေ့ရှိသည့်အတိုင်း ဂရုမစိုက်သလို  တမင်တကာ ပြုမူလိုက်သည်။

"မင်းငါ့ကို ဘယ်လိုမှ မရှင်းပြဘူးလား"

ယင်းရှောင်ကျဲ က စိတ်ပျက်လက်ပျက်နဲ့

“ ရှောင်းရှောင် မင်း တခြားလူကို ပွေ့ဖက်ထားလို့ ငါ စိတ်မဆိုးသင့်ဘူးလား။ ဒါတောင် မင်းက ဆင်ခြင်တုံတရားမဲ့နေသေးတယ်!”

"နင်ကမှ ဆင်ခြင်တုံတရားမဲ့တဲ့သူပဲ!"

မုရှောင်းရှောင် က သူ့ကို ပြန်အော်ပြောရုံမှ အပ မတတ်နိုင်ဘဲ မျက်လုံးများ နီရဲနေသည်။

ရှင်းပါတယ်၊ သူကသာ  သူမကို စိတ်ဆိုးအောင် လုပ်ခဲ့သူပင်။

လုရိချန် ကို စောစောက ပွေ့ဖက်ထားတယ် ဆိုရင်တောင် ဒါက သူငယ်ချင်းတစ်ယောက်ကို နှစ်သိမ့်နေတာပင်။

ဒါပေမယ့် အန်းဇီရှင်း ကို သူမအဝတ်အစားတွေ ဘာလို့ ပေးလိုက်တာလဲ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now