အပိုင်း - ၁၄၀

1.5K 126 8
                                    

Unicode

အပိုင်း - ၁၄၀ သူ ငါ့ကို လျစ်လျူရှုထားတယ်

အချိန် အတော် ကြာတဲ့ အထိ စာပြန်မလာခဲ့

ယုကျန် အေးခဲနေသော မုရှောင်းရှောင်ရဲ့ အနေအထားကို မြင်လိုက်ရပြီး တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ ဒါ့ကြောင့် သူမကို ပုတ်ပြီး

"ရှောင်းရှောင်၊ ဘာဖြစ်တာလဲ၊ အဆင်ပြေရဲ့လား?"

သူ့မျက်နှာက အရင်ကထက် ဖြူဖျော့နေတော့ သူ့ကို စိတ်ပူစေတယ်။

မုရှောင်းရှောင် အကြည့်ကို ဖုန်းမှ ခွာလိုက်ပြီး သူမ ယုကျန်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုရှိုက်ရင်း

" ယုကျန် အဟင့် ဟင့် ၊ သူ ငါ့ကို လျစ်လျူရှုထားတယ် ..."

"သူက ဘယ်သူလဲ? "

ယုကျန် အံ့အားသင့်စွာဖြင့် မေးလိုက်သော်လည်း သူ့စိတ်ထဲတွင် တစ်စုံတစ်‌ယောက်က တန်းခနဲ ပေါ်လာသည်။ သူမ သခင်‌လေး ယင်းရှောင်ကျဲ ကို ရည်ညွှန်း နေတာလား? ယုကျန်ကို စိတ်ပျက်အားငယ်စွာကြည့်ရင်း မုရှောင်းရှောင် က သူ့ကို အကြောင်းမပြန်ဘူး။ယုကျန် က လူအုပ်ကို ငေးကြည့်ရင်း သူတို့ နောက်ဆုတ်သင့်တယ်လို့ အချက်ပြလိုက်တော့သည် ။ မုရှောင်းရှောင် အလွန်အဆင်မပြေဖြစ်နေသော်လည်း လူအုပ်ကြီးသည် သူမကို ဝိုင်းရံထားဆဲဖြစ်သည်။

"ရှောင်းရှောင် မင်းကို ကြည့်ရတာ အခြေအနေကောင်းတာ မဟုတ်ဘူး၊ မင်းကို ကျောင်းဆေးခန်းဆီ ခေါ်သွားပေးမယ် "

မုရှောင်းရှောင် ယခုတစ်ကြိမ်တွင် မကန့်ကွက်ဘဲ ခေါင်းညိတ်ပြလိုက်ပြီဖြစ်သည်။ သူမ မူးဝေနေသေးပြီး အနည်းငယ် ကြောက်လန့်နေသေည်။ ဒါ့ကြောင့်သူမကို ဒီနေရာကနေ ခေါ်ထုတ် ပေးမယ့် ယုကျန်ရဲ့ အကြံကို လက်ခံလိုက်တော့သည်။

ကံကောင်းစွာဖြင့်၊ ကျောင်းဆေးခန်းသည် မဝေးလှ။ သို့သော် မုရှောင်းရှောင် ဦးခေါင်းသည် နေရောင်အောက်တွင် ရှိနေသဖြင့် သူမ မူးဝေခြင်းကို သိသိသာသာပင် ခံစားရသည်။ ဒါ့ကြောင့် သူမကို တွဲထားတဲ့ ယုကျန်ကို မသိစိတ်ဖြင့် မှီလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now