အပိုင်း ၂၇၁

601 42 0
                                    

Unicode

အပိုင်း ၂၇၁ - ဒီကောင်မလေးကို  နှစ်သက်တာလား? 

ယင်းရှောင်ကျဲ ၏ မာနကြီးသော သဘောထားကို မြင်လိုက်ရတော့ ထိုလူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အစကတော့ လူစုလူဝေးကို အော်ဟစ်ပြီး သူတို့ရဲ့ ထောက်ခံမှုကို ရနိုင်တယ်လို့ သူထင်ခဲ့မိသည်။  သို့သော်၊ သူတို့ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများကို ကြည့်လိုက််သောအခါတွင် ၎င်းတို့သည် ရှိုးပွဲကြည့်ရန် ရောက်နေပုံရသည်။

အန်းဖူရန် သည် ဤဘားများအနီးတွင် အကြာကြီးနေထိုင်နေခဲ့သောကြောင့် ဤအနီးနားရှိလူများ၏ စိတ်ဓာတ်ကို သူသိသည်။ ထို့ကြောင့် သူသည် သူတို့၏ အထောက်အပံ့ကို မရနိုင်ကြောင်းသိ၍ ထိတ်လန့်စပြုလာသည်။

သူသည် ငွေအရေးတကြီး လိုအပ်နေသောကြောင့် ယနေ့ည အရောင်းအ၀ယ်ကို မလုပ်ဘဲ မရပေ။

ဒီအချိန်မှာ Royal Jazz Bar ရဲ့ လုံခြုံရေးအရာရှိက  သခင်လေးကျဲ ရဲ့ ပြဿနာတက်မှန်း အကြောင်းကြားကာ သိသွားတာကြောင့် သူ့ဆီ အမြန်ပြေးလာခဲ့သည်။

လုံခြုံရေးအရာရှိက ယင်းရှောင်ကျဲရှေ့မှာ ရပ်လိုက်ပြီး

"သခင်လေးကျဲ ဘာကူညီပေးရမလဲ?"

အခြေအနေကိုကြည့်လိုက်တော့ အန်းဖူရန်ရဲ့အမူအရာက ရုတ်တရက် ကြောင်သွားကာ စိုးရိမ်တကြီး တွေးလိုက်မိသည်။
ဒီချာတိတ်လေးဟာ ချမ်းသာတဲ့ မိသားစုရဲ့ ဆက်ခံသူ တစ်ယောက်များ  ဖြစ်နေမလား။

သူက ယင်းရှောင်ကျဲ ကိုကြည့်လိုက်ပြန်တော့  သူနဲ့ပတ်သက်တဲ့ လေထုက တကယ်ကို သာမာန်ထက် သာလွန်နေသည်။

ဒါ့အပြင် ယင်းရှောင်ကျဲ ဝတ်ထားတဲ့ လက်ပတ်နာရီဟာ အနည်းဆုံး ယွမ်သန်းအနည်းငယ် ရှိတဲ့ ဈေးအကြီးဆုံး မော်ဒယ်လ်အမှတ်တံဆိပ်ပင်။

ဒါကိုအခြေခံ၍  ဤကောင်လေးသည် သာမန်ချမ်းသာသောမိသားစု၏ စိတ်ကူးယဉ်ဆန်သူမဟုတ်နိုင် အလွန်ဂုဏ်သိက္ခာရှိသောမိသားစု၏ဆက်ခံသူဖြစ်နိုင်သည်။

အန်းဖူရန် ချက်ချင်းပဲ  အစီအစဉ်တစ်ခုကို အမြန်စဉ်းစားလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now