အပိုင်း - ၁၀၁

8.3K 241 3
                                    

Unicode

အပိုင်း - ၁၀၁ ကောလာဟလ တွေ အမှန်မဟုတ်ဘူး

" မုရှောင်းရှောင်? "

သူတို့က သူမနာမည်ကို အထက်စီးကနေ ခေါ်လိုက်တာကို သတိထားမိတဲ့အခါ မုရှောင်းရှောင်ကပြုံးပြီး

"ငါ မုရှောင်းရှောင် မဟုတ်ဘူး"

လို့ပြောခဲ့ပြီး သူမ လှည့်ထွက်ဖို့ပြင်ခဲ့တယ်။

"သူမကိုကိုင်ထား!"  ဟု ခေါင်းဆောင်ကောင်မလေးကအော်လိုက်တယ်။

အဲဒီအခါမှာတော့ သူမနောက်မှ လိုက်ပါလာသောမိန်းကလေးနှစ်ဦးက မုရှောင်းရှောင်အားရုန်းထွက်လို့ မရစေရန် လက်မောင်းတစ်ဖက်စီကို ဆုပ်ကိုင်ကာ ချုပ်ထားလိုက်ကြသည်။

"နင် ဘာလုပ်နေတာလဲ  နင် လူမှားနေပြီ!" 

မုရှောင်းရှောင် နောက်ဆုံးအနေနဲ့ ငြင်းကြည့်ရန် ကြိုးစားလိုက်သည် ။ ဗွီဒီယိုထဲမှာ သူမရုပ်က အလွန်ရှင်းလင်းပြတ်သားခြင်းမရှိသဖြင့် သူမအားမှတ်မိရန်လွယ်ကူလိမ့်မည် မဟုတ်ဟု သူမထင်ထားခဲ့သည် ။

သို့သော် မထင်မှတ်ဘဲ  သူမရုန်းကန်နေစဉ် သူမရဲ့ဖုန်းက သူမလက်မှ လျောခနဲ လွတ်ကျသွားသည်။

"ငါ့ဖုန်း!" 

သူမဖုန်းလေး မြေပြင်နဲ့ ရိုက်ခတ်သံကို ကြားလိုက်ရသဖြင့်ရင်နာကျင်သွားရသည်။  သူမဝယ်ခဲ့တာတစ်လကျော်ကျော်ပဲ ရှိသေးတာပင်

ခေါင်းဆောင်ဖြစ်ပုံရတဲ့မိန်းကလေးက ရှေ့သို့လျှောက်သွားပြီး ကျသွားတဲ့ မုရှောင်းရှောင် ဖုန်းကို ကောက်ယူလိုက်သည်။  တိုက်ဆိုင်စွာပင် သူမက မက်ဆေ့စ် အသစ် ၀င်လာတာကိုတွေ့လိုက်ရသည်။

- " ကျောင်းပိုစတာတွေ ကပ်တဲ့နံရံနားမှာ ကိုယ်မင်းကိုစောင့်နေမယ်"

ပေးပို့သူ - လုရိချန်

ကောင်မလေးရဲ့ မျက်နှာသည် ချက်ချင်းပင် ‌ပျက်ယွင်းသွားပြီး ဖုန်းကို မုရှောင်းရှောင်ရှေ့ မြှောက်ပြလိုက်ကာ စားမတ် ဝါးမတတ် အကြည့်နဲ့စိုက်ကြည့်နေပြီး မျက်လုံးထဲမှာလဲမီးတောက်များလောင်ကျွမ်းနေသလိုပင်

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now