အပိုင်း - ၁၈၇

1K 78 0
                                    

Unicode

အပိုင်း - ၁၈၇ သူ အဆင်ပြေသွားလိမ့်မယ်

"လု ရိ ချန် !"

မုရှောင်းရှောင် သွေးအိုင်ကြီးကို စိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏မျက်နှာသည် ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့ လာသည်။ သူ့ဒဏ်ရာကို ကြည့်ဖို့တောင်  မ၀ံ့ရဲလောက်အောင် ကြောက် နေမိသည်။

ရိုးရိုးလေး လဲကျတာဆိုရင် ဘာလို့  သွေးတွေ  ဒီလောက် အများ ကြီး အိုင်နေနိုင်ရမှာလဲ ။

ဟုတ်ပါတယ်၊ လုရိချန်ရဲ့ ညာလက်မှာ အရှည်လိုက်ကြီး ဟပြဲနေတဲ့ ဒဏ်ရာကြီး ရှိနေပြီး သွေးတွေ  ဒလဟော စီးကျနေသည်။ နေပါတယ်။

"ဒါ ဒါ ဒါက  ဘယ်လိုဖြစ်ရတာလဲ။"

မုရှောင်းရှောင် လုရိချန်ကို အားကိုးတကြီး စိုက်ကြည့်နေရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမလက်များက တဆတ်ဆတ် တုန်ရင်‌ ‌နေသည်။

မဟုတ်ဘူး!

သွေးတွေ ဆက်မထွက်နိုင်တော့ အောင်   ရပ်တန့်ရမယ်  ဟုတ်တယ် မြန်မြန် ရပ်ရမယ် ဟုတ်တယ်

ယင်းရှောင်ကျဲ က သူတို့နဲ့  အရမ်း မဝေးတာကြောင့်  မြန်နိုင်သမျှ မြန်မြန် ပြေးလာခဲ့သည် ။ သို့သော် လုရိချန် ၏ ဒဏ်ရာကိုမြင်လိုက်သောအခါတွင် သူ၏အမူအရာသည်  ရုတ်ချည်း အေးစက်သွားသည်။

ဒီဒဏ်ရာက ချွန်ထက်တဲ့ဓားကြောင့်ဖြစ်တာပင် ။

လုရိချန် ဒဏ်ရာကို စည်းရန်  ဘေးက ဖြတ်သွားသော ကျောင်းသား၏ နကတိုင် ကြိုးကို ဆွဲယူလိုက်ပြီး နှစ်ခါမျှ မတွေးဘဲ လုရိချန်က သူနဲ့ ရန်ငြိုးရှိသည့်  လူဖြစ်သည်ကိုပင် မေ့သွားခဲ့သည်။ တင်းကျပ်စွာ ကြိုးကို စည်းလိုက်ခြင်းဖြင့် သွေးစီးဆင်းမှုက အနည်းငယ် နှေးကွေးသွားသည်။

"ရှီကျွင်း ! လူနာတင်ကားခေါ်!"

သူတို့ဆီသို့ ပြေးလာနေသော ရှီကျွင်း အား သူအော်လိုက်သည်။

အလျင်စလို နဲ့ ပြေးလာတဲ့ စုန့်ရှီကျွင်း မဖြေရသေးခင် ခဏလောက် အေးခဲသွားပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now