အပိုင်း - ၂၁၃

888 63 0
                                    

Unicode

အပိုင်း - ၂၁၃ ထူးဆန်းသောလက်ဆောင်

"အယ်? ဒီက ဘယ်လိုရောက် နေတာလဲ? "

မုရှောင်းရှောင်အံ့ဩသွားပြီး သူမခုံဘေးနားရှိ ပိုင်မိန်‌ကျောင်း ကို တစ်ချက်ကြည့်လိုက်သည်။

သူမ ဒီမှာထားခဲ့တာလား။

သူမ စောနက အံဆွဲကို စစ်ဆေးခဲ့သော်လည်း၊ တစ်ချက် လေးပဲ ကြည့်လိုက်ပြီး အံဆွဲနောက် ပစ္စည်းထည့်ထားသည့်နေရာကို စစ်ဆေးရန် လျစ်လျူရှုခဲ့ပြီး စောစောက သတိမပြုမိခဲ့ပေ။

ယင်းရှောင်ကျဲ  ဒါကိုကြည့်ရင်း မျက်လုံးကြီး ကြုတ်လိုက်ပြီး နူးညံ့သိမ်မွေ့သော ပန်းရောင်ဖြင့်ထုပ်ပိုးထားကာ အသဲပုံလေး အချို့ကို အလှဆင်ထားသည်ကို မြင်လိုက်ရတော့ သူစိတ်ထဲ နေလို့ မကောင်းဖြစ်သွားသည်။အလိုမကျစွာနဲ့

"အဲဒါဘာလဲ?"

မုရှောင်းရှောင် ပခုံးတွန့်ပြလိုက်ရင်း

"ငါလည်းမသိဘူး... ဒီမှာ ဘယ်သူထည့်ထားတာလဲမသိဘူး။"

အဲဒီနေရာမှာ ထားခဲ့တဲ့ လူက ပိုင်မိန်‌ကျောင်း ပဲလို့ သူမက သံသယရှိခဲ့သည်။  ဒါပေမယ့် သူမ ဘာကြောင့် ဒီလို လုပ်လဲဆိုတာ သူမ နားမလည်နိုင်ခဲ့ပါ။

ယင်းရှောင်ကျဲ  စူးရှသောမျက်လုံးများက သေတ္တာ၏အပေါ်ဘက်တွင် ကပ်ထားသော စာရွက်တစ်ရွက်ကို သတိပြုမိသည်။ သူသည် သေတ္တာကိုဆွဲယူရန် သူ၏လက်ရှည်ရှည်ကို ဆန့်ထုတ်လိုက်ပြီး စာရွက်ကို  ဆွဲခွာလိုက်သည်။

"အဲ...ဒါကဘာလဲ?"

မုရှောင်းရှောင် ယင်းရှောင်ကျဲက သူမအတွက် ရည်ရွယ်ထားသည့် သေတ္တာကို လုယူသွားကတည်းက ရိုင်းစိုင်းသည်ဟု အစောပိုင်းတွင် ပြောလိုခဲ့သည်။

ဒါပေမယ့် စိတ်ရှည်ရင်  ယင်းရှောင်ကျဲ  မဟုတ်တော့ဘူး။

စာရွက်က မုရှောင်းရှောင်၏အာရုံကိုဖမ်းစားလိုက်သည် ။ ပိုင်မိန်‌ကျောင်းက သူမကို လက်ဆောင်ပို့ပေးပြီး ပြန်လည်သင့်မြတ်ဖို့ စာတစ်စောင်တောင် ရေးခဲ့တာ တကယ်ဖြစ်နိုင်ပါ့မလား။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Tempat cerita menjadi hidup. Temukan sekarang