အပိုင်း - ၁၄၈

1.3K 109 2
                                    

Unicode

အပိုင်း -၁၄၈ မုရှောင်းရှောင် အပေါ် အမုန်းတရား

မုရှောင်းရှောင်ကို ကျောပိုးနေသော ယင်းရှောင်ကျဲ  ၏ ဓာတ်ပုံသည် ကျောင်းသားများ၏ ဖုန်းများမှတစ်ဆင့် တစ်ကျောင်းလုံးသို့ လျှပ်စီးအလျင်နဲ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဒီဓာတ်ပုံကိုမြင်လိုက်ရတော့ လူတချို့က ထိတ်လန့်ဖျော့ဖျော့ဖြစ်သွားကြပြီး အချို့ကတော့ အလွန်မနာလိုဖြစ်ကြကာ  ကျန်တဲ့သူတွေကတော့... ဟန်ရွှယ်အာ ဖုန်းကို လက်မှာ ကျစ်ကျစ်ပါအောက် ဆုပ်ကိုက်ထားလိုက်တယ်။

သူမမျက်နှာသည်လဲ ပြိုတော့မယ့် မိုးလို မည်းမှောင်‌နေပြီး မျက်လုံးများကလဲ သွေးရောင်  နီမြန်း‌နေကာ ပြင်းထန်စွာ  ဖုန်းကို ပေါက်ကွဲပစ်လိုက်သည်။

ဟန်ရွှယ်အာရဲ့ ဒေါသတကြီး အပြုအမူကြောင့် အနီးနားရှိ အိမ်အကူက ထိတ်လန့်သွားပြီး  မလှုပ်ရှားဝံ့။ ဟန်ရွှယ်အာ  က သူမကို စူးစူးရဲရဲ ကြည့်ပြီး ဒေါသတကြီးနဲ့

"ချက်ချင်းယူလာ‌ပေး!"

ဇိမ်ခံဧည့်ခန်းကို အီတလီနိုင်ငံမှ လက်လုပ်ကော်ဇောဖြင့် ခင်းထားသောကြောင့် ဖုန်းသည် အစောပိုင်းက ပြင်းထန်စွာ ပစ်ပေါက်လိုက်သော်လဲ  မပျက်စီးခဲ့။

အိမ်အကူက ဖုန်းကို ကောက်ကိုင်ကာ ဟန်ရွှယ်အာထဲ လွှဲပေးရင်း ကြောက်ရွံ့တုန်လှုပ်စွာ ရပ်နေမိသည်။ဟန်ရွှယ်အာ  လက်ထဲတွင် ဖုန်းကို ရလိုက်သည်နှင့် သူမက ပြင်းထန်စွာ ပစ်ပေါက်ပြန်သည်။ ဒီတစ်ခါတော့ နံရံကို ထိလိုက်တာကြောင့်  ပြင်းထန်တဲ့ အက်ကွဲသံတစ်ခု ကြားလိုက်ရလေသည်။

"အစ်မ၊ ကျောင်းမှာ ဖြစ်ပျက်ခဲ့တာကို အခုထိဒေါသထွက်နေသေးတာလား? "

ဟန်ယွမ်အာက ပြုံးရင်း လှေကားပေါ်မှဆင်းကာ ပြောလာသည်။

"ဒုတိယအဆင့် အထက်တန်းကို တက်ရတော့လဲ ဘာဖြစ်လဲ ၊ ဒါဆို ငါတို့အတူတူတက်လို့ရတာပေါ့ "

ဟန်ရွှယ်အာ က သူမကို မထီမဲ့မြင်ပြုလိုက်ကာ

" တရားမ၀င် မွေးခားတဲ့ကလေးနဲ့ ဘယ်သူကမှ အတူတူကျောင်းတက်ချင်မှာလဲ   ဘာလို့ အမှိုက်ကျောင်းကို ငါက တက်ရမှာလဲ? "

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now