အပိုင်း -၂၂၇

809 63 0
                                    

Unicode

အပိုင်း - ၂၂၇  ရှင်တို့နှစ်ယောက်လုံး ရန်ဖြစ်တာကို ရပ်


ယင်းရှောင်ကျဲ  က လုရိချန် ကို  ဒေါသတွေ တောက်လောင်နေတဲ့ မျက်လုံးတွေနဲံ စိုက်ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်ပြီး

"မင်း ငါ့အကူအညီကို ငြင်းပယ်ချင်တာလား။ ငါမင်းကို တကယ်ကူညီချင်လို့ လို့ မထင်လိုက်နဲ့ ရှောင်းရှောင် အတွက်သာ မဟုတ်ရင် မင်းကို ကြည့်တောင် မကြည့်ချင်ဘူး။ မင်းသေရင်‌ တောင် ဘယ်သူမှ ဂရုမစိုက်ဘူး။ မင်း‌ပြန်စဥ်းစားတာ ပိုကောင်းမယ်၊  ဘယ်ဟာ ပိုအရေးကြီးလဲ‌ပေါ့ - မင်းရဲ့ရယ်စရာကောင်းတဲ့ဂုဏ်သိက္ခာလား ဒါမှမဟုတ် မင်းရဲ့ပညာသင်ဆုလား? "

လုရိချန် မကြောက်မရွံ့  ယင်းရှောင်ကျဲ နှင့် မျက်လုံးချင်း ဆုံလိုက်ကာ

" သခင်လေးကျဲ မင်းလိုလူအတွက်‌တော့ ဂုဏ်သိက္ခာက ဘာမှတန်ဖိုးမရှိဘူးပေါ့လေ ဟုတ်လား !"

"မင်း-"

ဒီ‌ကောင်က တကယ်ကို ကျေးဇူးကန်းလွန်းတယ်

သူတို့နှစ်ဦး စကားနဲ့ ရန်ဖြစ် နေရာက မကြာခင် လက်သီးတွေနဲ့ပါ  စတင်ထိုးသတ်နိုင်သည်ကို မြင်လိုက်ရသဖြင့် မုရှောင်းရှောင် ထိတ်လန့်သွားပြီး ယင်းရှောင်ကျဲ ၏လက်မောင်းကို  အမြန်ဆွဲဖက်လိုက်သည်။

"Aiyoh! ရှင်တို့နှစ်ယောက် ရန်ဖြစ်တာ  ရပ်လိုက်ပါ၊ အချင်းချင်း ရိုင်းရိုင်းစိုင်းစိုင်း မပြောဘဲ မနေနိုင်ဘူးလား"

သူမ မျက်လုံးပြူးပြီး ယင်းရှောင်ကျဲ ကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်ရင်း ဒေါသကို မထွက်ရန်နှင့် စိတ်ကို တည်တည်ငြိိမ်ငြိမ်ထားရန် အရိပ်အမြွက် ပေးလိုက်သည်။ 

မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို ဆွဲပြီး ခြေတစ်လှမ်းဆုတ်လိုက်ကာ သူတို့နှစ်ဦးကြားတွင် ပိုမိုလုံခြုံသောအကွာအဝေးကို ဖန်တီးလိုက်မိသည်။

မုရှောင်းရှောင် လုရိချန် ဘက်သို့ လှမ်းကြည့်ကာ

"ရှင်တကယ် စာမေးပွဲ သွားဖြေမှာလား?"

"ဟုတ်​တယ်​"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Kde žijí příběhy. Začni objevovat