အပိုင်း -၁၁၄

1.6K 158 5
                                    

Unicode

အပိုင်း - ၁၁၄ သူမ၏အဆင့်အတန်းကိုလူတိုင်းအားကြေငြာသည်

တောတွင်း ရာဇဧကရာဇ်တစ်ပါးကဲ့သို့ ယင်းရှောင်ကျဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရှုလိုက်သည်။  ပြီးမှ သူကအသံကို အားလုံးကြားရ အောင် နဂိုပြောနေကျ လေသံအေးစက်စက်ထက် နဲနဲမြှင့်လိုက်ပြီး

"သူက ငါ့မိန်းမ(ဇနီး) ပဲ ၊ ရှင်းလား?  "

ခဏလေးအတွင်းမှာပဲ ဟန်ရွှယ်အာရဲ့ မျက်နှာက ချက်ချင်းပင် ဖြူဖျော့လာ လေသည်။

ကျောင်းဆောင်အနီးမှာရှိတဲ့ လူအုပ်ကြီးက အားလုံးအံ့အားသင့်သွားကြသည်။  တချို့က သူတို့ မျက်လုံးကြီး ပြုးကာ အံသြနေကြပြီး  (သို့) တချို့က  ပါးစပ်ကိုကျယ်ကျယ်ဖွင့်လျက် ကြားလိုက်ရတဲ့ စကားက အမှန်မဟုတ်သလို ယင်းရှောင်ကျဲကို မယုံနိုင်စွာ ကြည့်နေကြသည်။

ခဏအတွင်း လေထုက တိတ်ဆိတ်ဆိတ်ငြိမ်သွားပြီး
သစ်ပင်ပေါ်မှငှက်တွေရဲ့အသံများကိုသာကြားရသည်။

ဖြစ်ပျက်နေကြတဲ့ လူအုပ်ကြီးကို ယင်းရှောင်ကျဲ ကြည့်ကာ ရယ်လိုက်ပြီး ဒီလူတွေကိုဂရုမစိုက်တော့ဘဲ မုရှောင်းရှောင်ကို  ကျောင်းဆေးခန်းဆီ ခေါ်သွား တော့တယ်။

သူတို့နှစ်ယောက် လူအုပ်ကြီးနဲ့ အကွာအဝေးတစ်ခုကို ရောက်တဲ့အခါမှ မုရှောင်းရှောင်က  သူ့ကိုကျဉ်းမြောင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးမကျေမနပ်နဲ့

"နင် ဘာလို့ ဒီလိုပြောလိုက်ရတာလဲ ?  ... "

အပြစ်တင်သံ ယဲ့ယဲ့ကြောင့် ယင်းရှောင်ကျဲ မကျေမနပ်နှင့်သူမကိုကြည့်ပြီး

"ဘာလဲ၊ မင်း  ငါတို့ရဲ့ဆက်ဆံရေးကိုထပ်ပြီးငြင်းချင် သေးတာလား "

ဟုတမင်တကာ ထေ့ငေါ့ပြောလိုက်တော့သည်။

"မဟုတ်ဘူးလေ!"

မုရှောင်းရှောင် သူ့စကားကြောင့်  အနည်းငယ်အပြစ်ရှိသလိုခံစားနေရပြီး ထပ်လုပ်ရန်မတွေးဝံ့တော့ချေ။ ဒါပေမယ့်  သူမက

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now