အပိုင်း ၂၇၂

613 50 0
                                    

Unicode

အပိုင်း ၂၇၂ -  ငါနဲ့ အတူ လိုက်ခဲ့

ယင်းရှောင်ကျဲ သည် အန်းဇီရှင်း ကို တစ်ချက်ကြည့်လိုက်ပြီးအန်းဖူရန် အေးစက်သောအမူအရာဖြင့်

"ယွမ် 50,000 က မဖြစ်နိုင်ဘူး ။ ယွမ် 10000ပဲရမယ် ရရင် လား သူမကို ထားခဲ့!"

ယွမ် 50,000 သည် ယင်းရှောင်ကျဲအတွက် ဘာမှ အဓိပ္ပါယ်မရှိသော်လည်း သူက အလွယ်တကူ လိမ်လည်လှည့်စားခံမည့် ငတုံးမဟုတ်ပေ။

သူ့သဘောတူညီချက်ကိုကြားတော့ အန်းဖူရန်က တိတ်တဆိတ်ပျော်နေပေမယ့်  မကျေမနပ်ဟန်ဆောင်ကာ

"အင်း... ယွမ် 10,000 က နည်းလွန်းတယ်။ နောက်ဆုံးတော့၊ ငါတို့ ရှင်းရှင်း က အလှလေးကို   ဒီ​ဈေးက​တော့ ​သင့်တော်​တယ်​လို့ မထင်ဘူး .."

ယင်းရှောင်ကျဲ က သူ့စကားနားမထောင်ချင်တော့သဖြင့် လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

အန်းဖူရန် သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ခေါင်းညိတ်ကာ

“ကောင်းပြီ! ကောင်းပြီ! မင်းပြောသလိုပဲ ယွမ် 10,000!”

အစကတော့ အန်းဇီရှင်းအား  လူတွေကို ဖျော်ဖြေခိုင်းပြီး  လုပ်ခယွမ် ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက်သာ ရဖို့ပင်။ ယခု  ယွမ် 10,000 ရနိုင်တော့ ဘယ်လိုငြင်းမလဲ။

ယင်းရှောင်ကျဲ  သူ့စကားအတိုင်း ပြန်သွားမှာကို ကြောက်သလို အန်းဖူရန် က

“ငါ ပိုက်ဆံကို ငွေသားပဲ  လိုချင်တယ်။ အခု ရနိုင်မလား"

စျေးနှုန်းကို ဆွေးနွေးနေစဉ်တွင် အန်းဖူရန်သည် အန်းဇီရှင်းအား  တစ်ချက်မျှပင် မနှမြော မသနားခဲ့ပေ။

အန်းဇီရှင်း သည် သူ့အဖေက သူမအား ရောင်းရန် ဈေးမတန်မဆတင်ကာ ငြင်းခုံနေသည်ကို ကြည့်ပြီး ဝမ်းနည်းပူဆွေးစွာဖြင့် သူမရှိနေသည့်နေရာတွင် ရပ်နေသည်။

မုရှောင်းရှောင် က သူမကို ကြည့်ပြီး သူမကို မသနားနိုင်ဘဲ မနေနိုင်။

ယင်းရှောင်ကျဲ မှာ ငွေသား ပိုက်ဆံအများကြီးမရှိတာကြောင့် လုံခြုံရေးအရာရှိကို ပိုက်ဆံယူဖို့ ညွှန်ကြားလိုက်သည်။  ထို့နောက် ငွေအမြောက်အမြားကို အန်းဖူရန် သို့ ဦးတည်ပြီး မယဉ် ကျေးစွာ ပစ်‌ပေါက်ပေးလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now