အပိုင်း- ၂၈၁

Start from the beginning
                                    

ယင်းရှောင်ကျဲ သည် သူမ၏ မျက်နှာလေးကို လေ့လာ‌နေသည်။

ဒီမိန်းကလေးရဲ့ ခံစားချက်တွေက သူမမျက်နှာမှာ အမြဲတမ်း ပြတ်ပြတ်သားသား ပေါ်လွင်နေခဲ့ပြီး အခုသည်လဲ ခြွင်းချက်တော့ မဟုတ်။

ယင်းရှောင်ကျဲ လှည့်ကြည့်လိုက်ပြီး ရေခဲသေတ္တာဆီသို့ လျှောက်သွားလိုက်သည်။

မုရှောင်းရှောင် က သူ့ခြေသံကိုကြားပေမယ့် သူ့ကိုကြည့်ဖို့ ခေါင်းမမော့ခဲ့ ။ သူမက ဆက်၍ငုံ့နေကာ ခေါက်ဆွဲခြောက်ကို မစားဘဲ ခက်ရင်းဖြင့် လှည့်ပတ်ကာ ဆော့နေလိုက်သည်။

သူမသည် အစောပိုင်းက အမှန်တကယ် ဗိုက်ဆာနေခဲ့သော်လည်း ယခုအခါ သူမ၏ အစာစားချင်စိတ်က ချက်ချင်းပဲ ပျောက်ကွယ်သွားပုံရသည်။

ရေခဲသေတ္တာဖွင့်ပြီး ပိတ်လိုက်သံကို သူမကြားရပြီး ယင်းရှောင်ကျဲ မီးဖိုချောင်ထဲဝင်သွားသည်ကို ကြားလိုက်ရသည်။

မုရှောင်းရှောင်  ယင်းရှောင်ကျဲဘာလုပ်နေလဲဆိုတာကို စိတ်ရှုပ်ထွေးနေချိန်မှာပဲ သူဖုန်းနဲ့  တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို သူမကြားလိုက်ရသည်။

“ဆေးရုံကို ချက်ချင်းသွားပြီး အခြေအနေကို အရင်တည်ငြိမ်အောင် လုပ်ပေး။ငါ  မကြာခင်ရောက်မယ်။ ဟုတ်တယ် မင်း ဘာမှလုပ်စရာမလိုဘူး"

သူဖုန်းချလိုက်ပြီးနောက်တွင် စက်အချို့ဖွင့်ထားသကဲ့သို့ ဘီပီ ဟူသော သံတစ်ခုကြားလိုက်ရသည်။

မုရှောင်းရှောင်  မီးဖိုချောင်ရဲ့မြင်ကွင်း ရှေ့မှာ သူမ ထိုင်နေတာကြောင့် မော့ကြည့်လိုက်တာနဲ့  သူမအကြည့်တွေက ယင်းရှောင်ကျဲရဲ့အကြည့်တွေနဲ့ ဆုံလိုက်ရသည်။  သူက သူမကို တလျှောက်လုံး သူမ ခေါင်းမော့လာရန် စောင့်နေဟန်တူသည်။

ချော့မော့သောအသံဖြင့်ယင်းရှောင်ကျဲ က
"မင်းကို  ငါ ဘာလုပ်ပေးရမလဲ"

ထိုစကားက မုရှောင်းရှောင် ၏ နှလုံးသားကို ထိမိသွားပြီး သူမ သူ့ကို ငေးကြည့်နေရုံသာ လုပ်နိုင်သည်။


“မက်းလက်ကို အောက်သို့ချလိုက်‌တော့ ။ အဟာရနည်းတဲ့ အရာတွေကို မစားဖို့ ငါ ပြောထားပြီးသား။ မကြာခင် အစားအသောက်အစစ် စားရမယ် ခဏစောင့်”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now