အပိုင်း - ၁၉၂

Start from the beginning
                                    

ဟုဆိုမိသည်။မုရှောင်းရှောင် ၏လည်ချောင်းသည် ငိုယိုထားတာကြာင့်  ခြောက်ကပ်‌နေကာ ရေအနည်းငယ်သောက်ပြီးနောက် သူမသည် ပို၍သက်တောင့်သက်သာ ရှိသွားသလို ခံစားရသည်။ ယင်းရှောင်ကျဲ စကားကိုကြားတော့ သူမမျက်လုံးတွေ ခြောက်သွေ့ပြီး နာကျင်နေမှန်း သိလိုက်ရသည်။ ထို့နောက် ရေပုလင်းကို ကိုင်လိုက်ပြီး မျက်ခွံပေါ် ဖိလိုက်သည်။

"မင်းရေ ပိုသောက်သင့်တယ်။ မျက်လုံးကို ကပ်ဖို့ ငါယူ‌ပေးမယ်"

ယင်းရှောင်ကျဲ စကားပြောနေရင်း ရေခဲသေတ္တာသို့ ပြန်သွားကာ ခကိုလာတစ်ဘူးကို ထုတ်ယူလာပြီး သူမရှေ့က ကော်ဖီစားပွဲပေါ်မှာ တင်လိုက်သည်။

မုရှောင်းရှောင်ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ရေပုလင်းတစ်ဝက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ကိုလာဗူးကိုကိုင်ကာ စက္ကန့်အနည်းငယ်ကြာ မျက်လုံးများကို  သက်သာသွားအောင်  လုပ်နေလိုက်သည်။

ယင်းရှောင်ကျဲ သူမဘေးတွင်ထိုင်ကာ သူမကိုကြည့်ပြီး

"ဗိုက်ဆာနေလား"

ဟုမေးသည်။

မုရှောင်းရှောင် ခေါင်းညိတ်ပြပြီး စိုစွတ်နေသော အနက်ရောင် မျက်လုံးများဖြင့်  သူ့ကို စိုက်ကြည့်ကာ

“ငါ ပါးပါး ကို  ဖုန်းခေါ်ချင်တယ်”

“ကောင်းပြီ၊ သူ့ကို ခေါ်လိုက် ”

ဟု ပြန်ပြောကာ သူ့အိတ်ထဲမှ ဖုန်းကို ထုတ်ကာ သူမထံ ပေးလိုက်သည်။

မုရှောင်းရှောင်  လှုပ်ဖို့တောင် မလို။

မုရှောင်းရှောင် ယင်းရှောင်ကျဲ ဖုန်းကိုယူကာ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

မြည်သံအနည်းငယ်ဖြင့် ဖုန်းခေါ်ဆိုမှုကို ၀င်သွားကာ တစ်ဖက်က လက်ခံလိုက်သည်။

သူမပါးပါး အသံမထွက်လာခင် မုရှောင်းရှောင်က ရင်တွေတအားနာနေပြီး

"ပါးပါး"

ဟု တိုးတိုးလေး အော်လိုက်သည်။

မုပါးပါး ၏ အသံကို ဖုန်းထဲတွင် ကြားလိုက်ရပြီး ထူးထူးခြားခြား  ဖြစ်နေတဲ့ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ ကလေး၊ ဘာဖြစ်နေတာလဲလို့ မေးတယ်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now