အပိုင်း - ၁၆၉

Start from the beginning
                                    

နောက်ဆုံးတော့ အတန်းပြီးသွားတဲ့အခါ မုရှောင်းရှောင် ဆက် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်ပြီး အပြင်ကို ထထွက်သွားသည်။  ဒီတစ်ကြိမ်မှာတော့ ယုကျန် က သူမကို မတားဘဲ စိုးရိမ်တကြီးနဲ့ နောက်ကနေ လိုက်လာခဲ့သည်။

ထို့အတူ ပိုင်မိန်ကျောင်းက လည်း အမှတ်တမဲ့နဲ့  မုရှောင်းရှောင်‌ နောက်အတူတူ လိုက်ပါလာသည်။ပိုင်မိန်ကျောင်းက  မုရှောင်းရှောင် ယင်းရှောင်ကျဲကို လိုက်ရှာနေမှန်းသိသည်။    သူမသည်  မုရှောင်းရှောင်အား ဂုဏ်ယူစွာ ကြည့်ပြီး သူမ နှစ်ယောက်ထဲမှာ ပိုင်မိန်ကျောင်းဆိုတဲ့ သူမကသာ  အောင်နိုင်သူ ဖြစ်‌ ကြောင်းပြသလိုသည် ။ ပထမထပ်အဆင်းတွင် သူတို့သည် ဟန်ချီချင်နှင့် ထိပ်တိုက် တိုး‌ကာ ၀င်တိုက်တော့သည်။

" ရှောင်းရှောင် ဘယ်သွားမလို့လဲ" 

ဟန်ချီချင် မုရှောင်းရှောင်ကို  နားမလည်နိုင်စွာ မေးခွန်းထုတ်လိုက်ပြီး သူမ၏ လက်မောင်းကို ချိတ်ကာ ရှေ့တိုးလိုက်သည်။

ပိုင်မိန်ကျောင်းသည် ဟန်ချီချင်၏ နောက်ခံကို သတိပြုမိပါသည်။  မုရှောင်းရှောင် နဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ မြင်လိုက်ရတဲ့အခါ သူမရဲ့ အမူအရာတွေ ပြောင်းလဲသွားရသည်။

ဟန်ချီချင် က  မုရှောင်းရှောင် နဲ့ ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ။

"ငါ ယင်းရှောင်ကျဲ ကို ရှာနေတာ" လို့  မုရှောင်းရှောင်က  လည်ချောင်းတွင် တစ်စုံတစ်ရာ ပိတ်ဆို့နေသကဲ့သို့ စိတ်တိုင်းမကျတဲ့ အသံဖြင့်ပြန်ဖြေသည်။  

" ရှောင်းရှောင် ဘာဖြစ်တာလဲ၊ ဒီမိန်းမက ဘာလို့ နင့်‌ နောက်လိုက်လာရတာလဲ"

အခုမှ ဟန်ချီချင် သည် ပိုင်မိန်ကျောင်း ဘက်သို့ လှမ်းကြည့်မိလိုက်ပြီး ထူးဆန်းသော လေထုကို သတိပြုမိသွားသည်။

မုရှောင်းရှောင် သည် အတန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ဟန်ချီချင်အား အကျဉ်းချုပ် ပြောပြပြီး သူမအတွက် စကားပြောဆိုပေးသူမှာ ယုကျန်တစ်ယောက်သာရှိကြောင်းပြောလာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now