အပိုင်း -၁၅၂

Start from the beginning
                                    

"ရည်းစားမရှိဘူး။ ဘာလဲ သူက မင်းကိုပြောတာလား? "

ယင်းရှောင်ကျဲ ၏ အကြည့်များသည် သရော်မှုများ ပြည့်နှက်နေသည်။ မုရှောင်းရှောင် ခေါင်းညိတ်လိုက်ကာ 

"ဟုတ်တယ်၊ သူကငါ့ကိုပြောတာ။ သူက သူ့ကို ချစ်ကြောင်းဝန်ခံတဲ့မိန်းကလေးတွေကို ငြင်းပယ်ဖို့ ဒီအကြောင်းပြချက်ကိုသုံးနေတာ။"

"မင်း သူ့ကိုယုံလား"

ယင်းရှောင်ကျဲ မုရှောင်းရှောင် အပေါ် အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်မိသည်။

"ငါသူ့ကိုယုံတယ်။"

မုရှောင်းရှောင်  က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည် ။

"ဟား ဟား "

ယင်းရှောင်ကျဲ  က အေးစက်စွာ ရယ်မောလိုက်သည်။

"ဒီလိုပဲ၊ မင်းက သူ့ကိုယုံလိုက်တာလား၊ မင်းက ငတုံးမတစ်ယောက်ဖြစ်နိုင်မလား"

မုရှောင်းရှောင်  က သူမကို တုံးအတယ်လို့ပြောတဲ့အခါ မုန်းတီးမိသည်။ သူမ ယင်းရှောင်ကျဲကို မှုန်ကုပ်ကုပ် စိုက်ကြည့်ကာ ခေါင်းမာမာဖြင့် ငြင်းဆန်သည်။ သူ သဘောမတူသောကြောင့်သာ သူမကို ကြိမ်းမောင်းဆူပူတယ် ။ သူမ ယင်းရှောင်ကျဲနှင့် စကားမပြောချင်တော့။

"အဲ့တုန်းက သူ့မှာရည်းစားရှိတယ်​လို့​ပပြောထားတယ် မဟုတ်ဘူးလား  မင်းငါ့ကိုဘာလို့မယုံတာလဲ။ မုရှောင်းရှောင်  မင်း သူ့ကိုဘယ်​နှစ်​ရက်​လောက်​ သိတာမို့လို့လဲ? မင်းငါ့ကိုယုံဖို့​ထက် သူ့ကို ယုံဖို့ကို ရွေး​နေတာလား"

ယင်းရှောင်ကျဲ  ဒေါသပေါက်ကွဲလုဆဲဆဲပင် ၊ ဒေါသအရှိန်ကြောင့် နီရဲရဲ မျက်လုံးများဖြင့် သူ့ရှေ့က ကျောက်တုံးခေါင်းနဲ့ မုရှောင်းရှောင်းရဲ့ မျက်နှာကို မယိမ်းယိုင် စိုက်ကြည့်နေမိသည်။

"တစ်ခုခုပြော! မုရှောင်းရှောင် !"

မုရှောင်းရှောင်  သည် ဒေါသတကြီးဖြင့် ပါးပြင်များ ရဲလာ သော်လဲ သူမမျက်လုံးများက တောက်ပလို့ နေသည် ။

"နင့်ကို စကားမပြောတော့ဘူး! နင်ပြောတာ ယုတ္တိမရှိဘူး၊ နင်က တယူသန်ကြီးပဲ "

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now