ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

427K 59.7K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်

Part 166

717 90 0
By Swae_Nyoe

166 01

အခန်း ၁၆၆ စွမ်းအားရှင်အဖွဲ့အစည်းပြိုကွဲခြင်း

"သူတို့ကို ဖျက်စီးဖို့လား သဘောကျတယ် အားလုံးပဲ အချိန်မဖြုန်းကြရအောင်"

ကျိုးဇယ်ယွီသည် သူ၏လေဓားသွားကို ထပ်ပြီးမထိန်းချုပ်တော့ပင်။ မြင့်တက်လာသော လေဆင်နှာမောင်းနှစ်ခုက သူ၏ရန်သူဆီသို့ ဝဝှီဝှီတက်သွားသည်နှင့် သူနှင့်အနီးဆုံးတွင် ရှိနေသော လုဟိုင်ရွှမ်းသည် သူတို့ရန်သူများဆီသို့ သေးငယ်သော ဓားတစ်ဒါဇင်ခန့်ကို ပစ်ထုတ်လိုက်၏။

"အား"

လေဆင်နှာမောင်းနှစ်ခုသည် ရန်သူကို ထိမိသွားချိန်၌ စိတ်ပျက်အားငယ်တဲ့အော်သံများကို ကြားလိုက်ရပြီး လေထဲ၌ လတ်လတ်ဆတ်ဆတ်အသားများက လွင့်စင်လာလေ၏။ ကြမ်းတမ်းလာသောလေနှင့် ရွှေစွမ်းအားတို့၏ပေါင်းစည်းမှုကြောင့် ထိပ်လန့်ကုန်ပြီး ယင်းကိုမြင်သည့်လူတိုင်းက ကြောက်လန့်မှုကြောင့် ဖြူဖျော့ကုန်သည်။

"ရှင်ပြောတာ လုံလောက်ပြီလို့ ငါထင်တယ် ရှင်တို့ကို ငရဲပို့ပေးမယ်"

ကျန်းယာဖေးနှင့် တိုက်ခိုက်နေသည့်သူကလည်း မြေစွမ်းပားရှင်တစ်ဦးပဲဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အစီအစဉ်တကျ တိုက်ခိုက်နေခဲ့၏။ သို့သော် သူတို့၏တိုက်ပွဲကို အဆုံးသတ်နေသော သူမ၏အသင်းဖော်များကို မြင်ပြီးနောက် ကျန်းယာဖေးက ရှေ့သို့ရုတ်တရက် ခုန်လိုက်လေ၏။ သူမ၏ခြေနှစ်ဖက်ဖြင့် ကြမ်းပြင်ကိုထိမိလိုက်ချိန် သုံးမီတာခန့်ရှိသော မျက်နှာပြင်သည် သဲအဖြစ် ပြောင်းလဲသွားလေ၏။

"အား"

သူမ၏ရန်သူက အော်ဟစ်နေပြီး သဲရှင်ထဲပြုတ်ကျသွားပြီး စက္ကန့်အနည်းငယ်အတွင်း အရှင်လတ်လတ်မြုပ်နှံ ခံလိုက်ရတော့၏။ ကျန်းယာဖေးက စုပ်သပ်ကာ ခေါင်း‌ခါလိုက်တော့သည်။

"ကြိုဆိုပါတယ်"

ပြီးနောက် သူမက တစ်ဖက်သို့လှည့်ပြီး နောက်ထပ်တိုက်ပွဲထဲ လျင်မြန်စွာ ဝင်ပါတော့၏။ ကျန်ရှိသည့်လူအချို့ကလည်း။မကြာမီ၌ သူတို့ရှင်းထုတ်တာခံရပြီး ဟေးယွီသည် လူနှစ်ယောက်ကို ရိုက်ချက်နှစ်ချက်မျှဖြင့် မွမွချေပြီးနောက် မောက်မာထောင်လွှားစွာ ပြုံးနေတော့သည်။ ယခုဆို သူသည် အဆင့်သုံးစွမ်းအားရှင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း သူ့ကိုမည်သူမှ သံသရထပ်မဝင်ရဲတော့ချေ။ သူက ထိုမျှကြီးမြတ်လာတာမဟုတ်ဘဲ အနိုင်မယူနိုင်တာပဲဖြစ်သည်။

"ခေါင်းဆောင် ကျွန်မတို့တွေ သူတို့ကို သွားကူညီမှာလား"

အရှင်သခင်မိန်းကလေးများ၏ အဖွဲ့ဝင်များကလည်း ဖုန်းရှင်းလန်နှင့်အတူ လူအုပ်ကြီးထဲ၌ ရပ်နေပြီး ကြောက်လန့်နေကြလေ၏။ ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် ကမ္ဘာပျက်ကပ်ပြီးနောက် မည်သူကမှ ထိုမျှမကြောက်လန့်ဖူးပေ။ သို့သော်ငြား ယခုအခေါက်တွင်မူ သူတို့အနည်းငယ် ကြောက်လန့်လာ၏။ သားရဲတစ်ကောင်နှင့် ထိပ်ဦးအဖွဲ့ထဲရှိလူတိုင်းက အလွန်သန်မာပြီး သူတို့တွေးထင်ထားသည်ထက် ပိုသန်မာ၏။

"သူတို့ကို ကူရမှာလား ဒါက သေဖို့‌တောင်းဆိုနေတာပဲ ကမ္ဘာပျက်ကပ်အသူရာက ကိစ္စချောသွားပြီ ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့ရအောင်"

ဖုန်းရှင်းလန်က စိတ်လေသွားပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်ချလိုက်တော့သည်။ ယွင်ချဲ့နှင့်မတိုက်ခိုက်သည့်သူများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဘယ်တော့မှမှာမဟုတ်ပေ။ သူ့ကြောင့် သူမလည်ပင်းညှစ်သတ်ခဲရတော့မည်ဟု အမှန်တကယ်ထင်ခဲ့ပြီး သူမစိတ်ထဲ၌ အကြောက်တရားက ရှိနေသေးစဲဖြစ်သည်။ သူမသည် ယခုအချိန်တွင် ရန်ပဲထဲ ဝင်မပါရဲရုံသာမက သူမ၏ခေါင်းဆောင် ပေးအပ်သောတာဝန်ကို ဆောင်ရွက်နိုင်ပါ့မလားဟုတောင် လေးနက်စွာ သံသရဝင်နေမိ၏။

အရှင်သခင်မိန်းကလေးများ၏ အဖွဲ့ဝင်များသည် ကျင့်ဝတ်သိက္ခာအရ ထိုသို့မလုပ်သင့်မှန်းသိသော်ငြား စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။ သူတို့ခေါင်းဆောင်ပြောတာ မှန်ပေ၏။ ကမ္ဘာပျက်ကပ်အသူရာကတောင် သူတို့အတွက် မယှဉ်နိုင်လေရာ အရှင်သခင်မိန်းကလေးများအဖွဲ့က ရှေ့တက်သွာစခဲ့လျှင် သေဖို့တောင်းဆိုရုံသာ ဖြစ်ပေလိမ့်မည်။ သူတို့ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ကမ္ဘာပျက်ကပ်အသူရာသည် သူတို့ထက် အလုံးစုံခွန်အား ပိုသန်မာသည်ဆိုတာ မငြင်းပယ်နိုင်သော အချက်ပဲဖြစ်၏။ သူတို့က ယွင်ချဲ့ပြောသည့်အချိန်တည်းက သူတို့နှုတ်ထွက်ခဲ့လျှင် သူတို့အသက်ရှင်လျက် ရှိနေနိုင်၏။ သို့သော်ငြား သူတို့က အရှုံးပေးရန် ငြင်းဆန်ခဲ့ကြ၏။ သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်ပေမည်။

"အို့ သခင် မင်းရဲ့ တိုက်ပွဲဝင်စွမ်းအားက ကျသွားပြီ သူ့ကိုဘာကြောင့် မသတ်တာလဲ မနေ့တုန်းက ခေါင်းဆောင်ရှင်းနဲ့ တအားတွေပျော်နေခဲ့တာကြောင့် မဟုတ်ဘူးလား သခင်တို့လူသားတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ယူထားရမယ်လေ အလွန်အကျွံလုပ်တာက ကျန်းမာရေးအတွက် မကောင်းဘူးနော်"

166 02

ကမ္ဘာပျက်ကပ်အသူရာထဲ၌ တစ်ဦးတည်းသောကျန်ရှိသည့် အဖွဲ့ဝင်လော့ဟွိုင်သည် ရုန်းကန်နေရသေးစဲဖြစ်၏။ ယွင်ချဲ့ကသူ့ကို အမှန်တကာ်ပင် စိတ်ရှည်လက်ရှည် ရိုက်နှက်နေတာဖြစ်၏။ သို့သော်ငြား မြင်ကွင်းကမူ ဟေးယွီ၏အမြင်တွင်မူ လုံးဝကွဲပြားခြားနားနေတာဖြစ်သည်။ ပါးစပ်မပိတ်နိုင်သည့်သားရဲသည် ကျင့်ဝတ်သိက္ခာလည်းမရှိပေ။

"ပါးစပ်ပိတ်လိုက် တစ်ခွန်းထပ်ထွက်လာတာနဲ့ မင်းရဲ့စွမ်းအင်ချောင်းတွေကို ငါသိမ်းယူပစ်မယ်"

"ဟမ်"

ယွင်ချဲ့သည် လော့ဟွိုင်၏ပခုံးကို ဓားသွားဖြင့် ပိုင်းဖြတ်ပြီးနောက် သူ့ကိုတစ်ချက်ကြည့်လိုက်ရာ ဟေးယွီကချက်ချင်း အော်လိုက်၏။

"သခင် ဘယ်လိုလုပ် ဒီလောက် လူမဆန်ရတာလဲ ကျုပ်အဲ့တာကို လွယ်လွယ်လေးရထားတာ မဟုတ်ဘူးလေ ကျုပ်အနှစ်သက်ဆုံးအရာကို ဘာကြောင့်များ ကျုပ်ဆီနေ ဖယ်ရှားပစ်ချင်ရတာလဲ ဝူးဝူး သခင် ကျွန်တော့်ကို မချစ်တော့ဘူးလား သိပ်ဝမ်းနည်းတာပဲ ကျေးဇူးပြာပြီး နှစ်သိမ့်ပေးပါ အဟမ်"

"ထွက်သွား"

လန်ယဲ့ဟန်က ဟေးယွီကို အေးတိအေးစက်ပြောလိုက်ရာ ဟေးယွီ၏အူသံသည် စွမ်းအားရှင်အဖွဲ့အစည်း၏ ခန်းမတစ်ခုလုံး၌ ချက်ချင်းပြည့်သွား၏။ ထိပ်ဦးအဖွဲ့မှလူတိုင်းသည် တပြိုင်နက်တည်း နားကြပ်တစ်စုံကို ထုတ်လိုက်ပြီး သူတို့နားထဲထည့်ကာ mp3ကို ထုတ်ပြီးနောက် ဖွင့်လိုက်တော့၏။ သူတို့သည်နောက်ဆုံးတော့ ဟေးယွီ၏ ရွံရှာဖွယ်အော်သံအစားသာယာညိမ့်ညောင်းသော ဂီတာကို နားစင်နိုင်ပြီဖြစ်သည်။

သို့သော် ရှိနေသည့်ကျန်သည့် စွမ်းအားရှင်များကမူ ထိုမျှကံမကောင်းပေ။ သူတို့သည် သိပ်သည်းသည့်ခွေးအူနေတာကို ကြားရမည့်အစား ဤနေရာက ထွက်သွားချင်စိတ်သာ ရှိနေ၏။

"မင်းရဲ့တိုက်ပွဲဝင်စွမ်းအားကြောင့် အထင်ကြီးဖို့ ဝေးပါသေးတယ်ကွာ"

မျက်နှာချင်းဆိုင်ရှိလော့ဟွိုင်သည် သွေးများ လွှမ်းနေပြီဖြစ်၏။ ယွင်ချဲ့က သူ၏ဓားကို ရုတ်တရက်ဖယ်လိုက်ပြီး ခရမ်းရောင်လျှပ်စီးနှစ်ခုကို ထုတ်လိုက်၏။ သိပ်သည်းသောလျှပ်စီးများ ပေါ်ထွက်လာသည်နှင့် ဒူးတစ်ဖက်ထောက်ချသွားသော‌လော့ဟွိုင်သည် သူ့ဆီသို့ ကြောက်မက်ဖွယ်ကောင်းသောလေများ စီးဆင်းလာတာကို ခံစားမိလိုက်၏။ ယွင်ချဲ့သည် အစွမ်းကုန်ထုတ်သုံးထားတာ မဟုတ်မှန်း သူသဘောပေါက်သွားပြီး လော့ဟွိုင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်ကုန်လေ၏။ သူသည်လည်း အဆင့်သုံးဖြစ်နေသော်ငြား အဘယ့်ကြောင့်ထိုမျှ အစွမ်းထက်နေရသနည်း။

"ငါတတ်နိုင်တာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါကလျှပ်စီးစွမ်းအားက ဒီဓားသွားသုံးပြီးတဲ့နောက် စွမ်းအားဆယ်ပုံတစ်ပုံ လျှော့ချထားတာ ငါတို့နှစ်ယောက်လုံးက စွမ်းအားရှင်တွေဆိုမှတော့ မင်းကိုငရဲပို့ဖို့အတွက် ငါ့ရဲ့စွမ်းအားကို သုံးသင့်တာပေါ့"

"ရပ်လိုက်"

အခြေအနေက ထိန်းချုပ်မှု ကင်းမဲ့တော့မည်‌ကို မြင်သောအခါ ထိတ်လန့်နေရာမှ မြင်သောအခါ စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဌက နောက်ဆုံးအော်လိုက်၏။ သို့သော် ယွင်ချဲ့သည် သူ့ကို အေးတိအေးစက် တစ်ချက်မျှသာကြည့်လျက် လက်ဖြင့် ထိုးစိုက်လိုက်တော့သည်။

"ဘုန်း"

"မဟုတ်ဘူး"

"ဘန်း"

166 03

သိပ်သည်းသော လျှပ်စီးနှစ်ခုသည် တစ်ခုပြီးတစ်ခု ပျံ့လွင့်လာကာ သူတို့၏အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လောကကို ဖက်စီးနိုင်‌သောစွမ်းအားကို သယ်ဆောင်လာပုံရသည်။ တောက်ပသောခရမ်းရောင်အလင်းက မျက်စိတစ်မှိတ်အတွင်း လော့ဟွိုင်ကို ဝါးမြိုသွားလေ၏။ သူ့ထံကနေ အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အဆုံးမရှ် တဖြည်းဖြည်းမြည်သံများက နေရာတစ်ခုလုံး ပြည့်သွားပြီး ကြမ်းပြင်ကစတင် လှုပ်ခါလာပုံရ၏။

"လခွမ်း စွမ်းအားရှင်အဖွဲ့အစည်း ပြိုလဲတော့မယ်"

တစ်စုံတစ်ယောက်က‌ အော်လိုက်ရာ အားလုံးက ကမန်းကတန်း အပြင်ထွက်ကြလေ၏။

"ဘန်း ဘုန်း"

သူတို့အပြင်ရောက်သွားသည်နှင့် နောက်ရှိအဆောက်အဦးက မြည်သံကျယ်ကြီးနှင့်အတူ လဲပြိုကျသွားတော့သည်။ လူတိုင်းက လှည့်ကြည့်လိုက်ရာ သူတို့မြင်ရသည့် တစ်ခုတည်းသောအရာက ပစ္စည်းပုံကြီးသာဖြစ်သည်။ လွန်ခဲ့သည့် တစ်နာရီခန့်က ဤနေရာတွင် ရှိနေသေးသော စွမ်းအားရှင်အဖွဲ့အစည်းက ပျောက်ကွယ်သွားပြီး တစ်လမ်းလုံး ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ ဖြတ်သန်းသွားလာသူများသည် စွမ်းအားရှင်အဖွဲ့အစည်း၏ လဲပြိုမှုကြောင့် ကြောက်လန့်ကုန်ကာ စွမ်းအားရှင်များကမူ ယွင်ချဲ့၏ နောက်ဆုံးထိုးနှက်ချက်စွမ်းအားကို ကြောက်ရွံ့တာဖြစ်သည်။ စွမ်းအားရှင်အဖွဲ့အစည်းကို အမှန်တကယ် ပိပြားသွားစေနိုင်လောက်အောင် ယွင်ချဲ့သည် မည်မျှ အစွမ်းထက်သနည်း။ ထိပ်ဦးအဖွဲ့၏ အဖွဲ့ဝင်များက ဖျက်စီးရေးကျွမ်းကျင်သူများပေလော။

သူတို့က (၁၁:၁၆)ဖက်တိုက်တာများနေသည့် ယွင်ချဲ့သည် သူတို့တွေးထင်သလောက် အစွမ်းထက်သာမဟုတ်။ အစောတုန်းက တိုက်ပွဲသည် စွမ်းအားရှင်အဖွဲ့အစည်းကိုာပြိုကွဲစေပြီးသားဖြစ်ကာ ယွင်ချဲ့သည်၎င်းကို ဖျက်စီးရန် နောက်ဆုံး ထိုးနှက်ချက်တစ်ခုကိုမျှ သုံးလိုက်တာဖြစ်သည်။

"မင်း မင်းလုပ်လိုက်တာကို ကြည့်ဦး"

စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဌက ယွင်ချဲ့ကို လက်ညိုးထိုးပြီးနောက် သူ၏တုန်ရင်နေသော လက်ချောင်းဖြင့် အကျိုးအပဲ့များကို လက်ညိုးထိုးပြီးနောက် မျက်ရည်ကျလုနီးပါး ဖြစ်သွား၏။ စွမ်းအားရှင်အဖွဲ့အစည်းက သူတို့ဖျက်စီးတာ ခံလိုက်ရပြီးသည့်အချိန်တွင် ယခုသူ၏သူဌေးများကို မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း။ ဝမ်စစ်တပ်ကပိုင်ဆိုင်သည့် ကမ္ဘာပျက်ကပ်အသူရာသည် သူတို့ဖျက်စီးတာလည်း ခံခဲ့ရ၏။ ဝမ်စစ်တပ်ကသူ့ကို ထိုအကြောင်းမေးခဲ့လျှင် မည်သို့ပြုလုပ်ရမည်နည်း။ ထိပ်ဦးအဖွဲ့၏အဖွဲ့ဝင်များ ထိုမျှကြမ်းတမ်းမှန်း သူသိခဲ့လျှင် ကမ္ဘာပျက်ကပ်အသူရာကို သင်ခန်းစာပေးရန် ထိပ်ဦးအဖွဲ့ကို ခွင့်ပြုဖို့အတွေး ရှိခဲ့မှာမဟုတ်ပေ။

"ကျုပ် ဘာလုပ်ခဲ့လို့လဲ"

ယွင်ချဲ့က ပခုံးတွန့်လျက် လက်နှစ်ဖက်ဖြန့်ကာ ဘာကိုမှ တာဝန်မယူပေ။ ကျိုးဇယ်ယွီက ရောက်လာပြီး ပြုံးလျက် ပြောလိုက်တော့၏။

"ကျုပ်တို့ဘာလုပ်ခဲ့လို့လဲ ဥက္ကဌ အစကနေအဆုံးထိ အားလုံးကို ခင်ဗျားတွေ့တာပဲ ခင်ဗျားက အသက်ကြီးနေပြီး ဉာဏအားချို့တဲ့နေပြီဆိုပေမဲ့ ဒီမှာရှိနေတဲ့ စွမ်းအားရှင်တွေအားလုံးကလည်း ကမ္ဘာပျက်ကပ်အသူရာကပဲ ကျုပ်တို့ကို ထပ်တလဲလဲ ရန်စထဲ့တယ်ဆိုတာလည်းမြင်တယ် ကျုပ်တို့တွေက ထိန်းထားပါရက်နဲ့ ကျုပ်တို့မထိန်းထားကြတဲ့အချိန်ကျမှ ပြန်တိုက်ခိုက်တာလေ အရေးကြီးတာက ကျုပ်တို့ကို အရင်ဆုံးတိုက်ခိုက်တာက ကမ္ဘာပျက်ကပ်အသူရာပဲ သူတို့ကို ကျုပ်တို့ကို ဖျက်ဆီးမှာကိုတော့ ထိုင်စောင့်နေလို့လည်း မဖြစ်နိုင်ဘူးလေ ကျုပ်တို့က အရူးတွေမှမဟုတ်တာ"

စွမ်းအားရှင်အဖွဲ့အစည်းကသာ ဖြန်ဖြေဖို့အတွက် စောစောထဲကတက်လာခဲ့ရငခ ဒါမျိုးဖြစ်ဦးမှာလား အခုကျမှ သူတို့ကို ဘယ်လိုလုပ်အပြစ်တင်နိုင်ရတာလဲ။ သူတို့လူသတ်ရတာ ပျော်မနေဘူး အဲ့ဒီအရူးတွေကို ဖျက်ဆီးရတာ ကောင်းပေမဲ့ပေါ့လေ။

"ဇယ်ယွီပြောတာမှန်တယ် ခင်ဗျားက စွမ်းအားရှင်အဖွဲ့အစည်းခေါင်းဆောင်ပဲ ဥက္ကဌ ထိပ်ဦးအဖွဲ့က အနိုင်ကျင့်ခံနေရတဲ့အချိန် ထိပ်ဦးအဖွဲ့အတွက် တရားမျှတမှုကို ဘာကြောင့်မရှာပေးရတာလဲ ပြီးတော့ ကမ္ဘာပျက်ကပ်အသူရာက ဒိရက်ပ်ုး ကျုပ်တို့ရဲ့တာဝန်တွေကို ဖျက်ဆီးနေတာလေ ခင်ဗျားဆီကို ကြိမ်ဖန်များစွာ ပြောပြခဲ့ပေမဲ့ တစ်ခါလေးတောင် မဖြေရှင်းခဲ့ဖူးဘူး ခင်ဗျားက ကမ္ဘာပျက်ကပ်အသူရာနဲ့ ပူးပေါင်းနေတာလို့တော့ မပြောနဲ့နော်"

နောက်တွင်ထိုင်နေပြီး အချိန်အတော်ကြာ ကြည့်ပြီးနောက် ချန်ဟွားသည် အခွင့်အရေးကို မြင်သည့်အချိန်၌ ပြောလိုက်တာ သူပြောတာကို လူတိုင်းကြားစေရန်အတွက် တမင်တကာ အသံကျယ်လိုက်သည်။ လေ့တာ့ရှန်ကလည်း စိတ်စုစည်းပြီး ရှေ့တိုးလာလေ၏။

166 04

"ကမ္ဘာပျက်ကပ်အသူရာတင် မဟုတ်ဘူး ဘယ်ကမှန်းမသိ ပေါ်လာပြီး ထိပ်တန်းဆယ်နေရာကိုယူထားတဲ့ အဖွဲ့တွေအတွက်လည်း တူတူပဲ သူတို့တွေက ထိပ်တန်းဆယ်ဖွဲ့ထဲ ဝင်ဖို့မလွယ်ဘူးဆိုတာ ကျုပ်တို့နားလည်တယ် သူတို့အဆင့်တွေ မကျချင်ဘူး‌ဆိုတာ ကျုပ်တိာ့သိတယ် ဒါပေမဲ့ တခြားအဖွဲ့တွေရဲ့တာဝန်ကို တမင်တကာ နှောက်ယှက်ပိုင်ခွင့် မရှိဘူးလေ အဖွဲ့တွေအများကြီးက ဒီကိစ္စတွေကို ခင်ဗျားဆီ လာပြောခဲ့တယ် ဒါပေမဲ့ ခင်ဗျားအဲ့တာကို ဘယ်လိုဖြေရှင်းလိုက်လဲ ကျုပ်က လူကြမ်းတစ်ယောက်ဖြစ်ပြီး ‌စကားကောင်းကောင်း မပြောတတ်ပေမဲ့ ယောင်္ကျားတစ်ယောက် ဖြစ်နေသေးတုန်းပဲ စွမ်းအားရှင်အဖွဲ့အစည်းက ခင်ဗျားကသူတို့ဘက်မှာ ရှိနေတဲ့အချိန် စွမ်းအားရှင်အဖွဲ့အစည်းက ဘာများဟောင်ဖွာဖွာ လုပ်ခွင့်ရှိလို့လဲ"

"ဟုတ်တယ် ခေါင်းဆောင်ချဲ့နဲ့ ခေါင်းဆောင်လေ့ရဲ့စကား မှန်တယ်ဆိုတာ ကျုပ်သက်သေခံနိုင်တယ် ကျုပ်တို့အဖွဲ့က လတ်တလောမှာ တခြားသူတွေရဲ့ ထပ်ခါတလဲလဲ နှောင့်ယှက်တာ ခံခဲ့ရတယ် ကျုပ်တို့တွေ ဒီကိစ္စကို အကြိမ်ပေါင်းများစွာပြောခဲ့ပေမဲ့ ဘာမှ မဖြေရှင်းပေးခဲ့ကြဘူး စွမ်းအားရှင်အဖွဲ့အစည်းက ကမ္ဘာပျက်ကပ်အသူရာက ဥပဒေမဲ့လှုပ်ရှားနေပေမဲ့ ခင်ဗျားဘာမှ မျှတအောင် မလုပ်ပေးခဲ့ဘူးလေ ဒီဖြစ်ရပ်နောက်ကွယ်မှာ တကယ်ကြီးတစ်ခုခု ရှိနေတာလား"

"အဟုတ်ပဲ ထိပ်ဦးအဖွဲ့က သန်မာလို့တော်သေးတယ် ကျုပ်တို့တွေသာဆိုရင် ဖျက်စီးခံရမှာ ကျုပ်တို့ဖြစ်လောက်တယ် ဒါဆိုကျုပ်တို့အတွက်ရော တရားမျှတမှု ရှာပေးမှာလား ဥက္ကဌ"

"အိမ်မက်မက်နေလိုက် ကျိုးဖယ်ယွီပြောသလိုပဲ အဲ့ဒီအဖွဲ့တွေက စွမ်းအားရှင်အဖွဲ့အစည်းနဲ့ ပူးပေါင်းထားတာပြဖြစ်ရမယ် မဟုတ်ရင် သူတို့တွေက ရက်အနည်းငယ်အတွင်းမှာ ထိပ်တန်းဆယ်ဖွဲ့ထဲ ဘယ်လိုလုပ်ဝင်နိုင်မှာလဲ"

ကမ္ဘာပျက်ကပ်မတိုင်မီက ပူးပေါင်းလိမ်လည်တဲ့အကြောင်းကိုအမြဲတမ်း ကြားဖူးနေတာ ကမ္ဘာပျက်ကပ်ပြီးတာတောင် ဒါမျိုးတွေ ဖြစ်နေဦးမယ်လို့ မထင်ထားဘူး ဒါဆိုကျုပ်တို့ ဘယ်လိုရှင်သန်ရတော့မလဲ"

"အဟုတ်ပဲ"

သူတို့ကို ဦးဆောင်ပြောပေးလိုက်ရာ ကျန်သည့်အဖွဲ့များကလည်း ရှေ့တက်ပြီး ပြောလာလေ၏။ ညှင်းပန်းမခံသူများနှင့် အမြတ်မထုတ်ခံရသည့်သူများကတောင် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာပြီး ထိပ်ဦးအဖွဲ့အစည်းနှင့် စစ်ဖြစ်တော့မည့်အချိန်၌ တစ်လေသံတည်း ဝင်ပြောလာပေ၏။ ထိပ်ဦးနှင့်ချောင်ယန်းသည် သူတို့ အမှန်တကယ်လေးစားရသည့် အဖွဲ့များဖြစ်၏။

စွမ်းအားရျင်အဖွဲ့အစည်းဥက္ကဌနျင့် ဝန်ထမ်းများက စွမ်းအားရှင်များ ဝိုင်းခံရပြီးနောက် ခြိမ်းချောက်ခံနေရတော့သည်။ သူတို့ထဲမျ အများစုသည် အဆက်အသွယ်ကနေ အလုပ်ရ‌လာသော သာမန်လူများသာဖြစ်သည်။ သူတို့က စွမ်းအားရှင်များ၏ အမြတ်ဒေါသကို သွားစွမိလျှင် စွမ်းအားရှင်များ အလါယ်တကူဖိချေတာ ခံရနိုင်သည်။

"ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ အားလုံးပြ ကျုပ်ပြေတာ နားထောင်ပေးကြပါဦး"

ကြောက်လန့်နေသော်ငြား စွမ်းအားရှင်အဖွဲ့အစည်း၏ ဥက္ကဌသည် စကားပြောရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ရ၏။ ဒေါသထွက်နေသော စွမ်းအားရှင်များက သူ့ကို စိုက်ကြည့်နေလျက် သူသာယနေ့တွင် အကြောင်းပြချက်ကောင်းတစ်ခု မပေးခဲ့လျှင် သူ့ကို ရှင်းပစ်တော့မည့်ပမာ ကြည့်နေတာဖြစ်သည်။ ဥက္ကဌသည် သူ၏တုန်ရင်နေသောလက်ဖြင့် ချွေးစေးများကို သုတ်လိုက်၏။

"အားလုံးပြ စိတ်အေးအေးထားပါ ထိပ်ဦးနြ့ကမ္ဘာပျက်ကပ်အသူရာကြားက ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်တော် ရည်ညွှန်းပြောနေတာ မဟုတ်ဘူး စွမ်းအားရှင်အဖွဲ့အစည်း ဖျက်‌ဆီးခံလိုက်ရတဲ့ကိစ္စကို စိတ်တိုနေရုံပဲ အခြေစိုက်စခန်းထဲမှာ မြေက တန်ဖိုးရှိတယ် ကျုပ်တို့ရွှေ့အပြောင်းဖို့အတွက် နေရာအပို မရှိဘူးလေ အဖွဲ့အစည်း ပြန်လည်တည်ဆောက်ဖို့အတွက် ရက်ပေါင်းများစွာ အချိန်ယူရလိမ့်မယ် ပြီးတော့ ခင်ဗျားတို့တွေပဲ ခံစားရမှာ ခင်ဗျားတို့အားလုဲးအတွက် စိတ်ပူနေရုံပဲ"

သူ့၌ အခွင့်အရေးရှိလာချိန်တိုင်း လူတွေအတွက် ဝန်ဆောင်ပေးရန်အကြောင်းကို သူပြောပေးရပြီး ပြောရမည့်အခွင့်အရေး ရှိလာချိန်တိုင်း၌ စွမ်းအားရှင်အဖွဲ့အစည်းနှင့် အသင်းအဖွဲ့များအကြောင်းပါ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ပါးနပ်စွာ ရှောင်သွားခဲ့၏။ ကံဆိုးသည်မှာ ကိစ္စရပ်များက ယခုအခေါက်တွင် သူတွေးထင်ထားသကဲ့သို့ မရိုးရှင်းတော့ပေ။

Telegram မှာ အပိုင်း ၃၄၀အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

959 107 4
ပုံမှန်မဟုတ်တဲ့ Gong တွေပါနေတဲ့ Short stories ၄ပုဒ် Tags -Supernatural / Horror / Yaoi Author -多金少女猫 Chapters -4 {This is just fan translation. I do...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
124K 16.2K 61
Author - 困成熊猫 Status - completed (chp-97+extra-12) I don't own this novel and have any allowance. So if there's any problems concerned with copyright...
292K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...