ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

478K 62.9K 304

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
💥Free ပြန်လည် စတင်ခြင်းနှင့် အရောင်းဂရု ပြန်လည်ဖွင့်လှစ်ခြင်း💥
ကြေညာချက်လေး

Part 148

1.3K 162 0
By Swae_Nyoe

148 01

အခန်း ၁၄၈ သိုလှောင်ရုံရှိ ပြဿနာလေး။

အခြေစိုက်စခန်းရှိ စစ်တပ်ခရိုင်၌ သူတို့ကိုယ်ပိုင် တည်နေရာ ကိုယ်စီရှိကြပြီး ဗီလာဇုန်ကလည်း ဧရိယာငါးခု ပိုင်းခြားထားလေ၏။ လက်နက်ကိုင်တပ်ဖွဲ့သုံးခုနှင့် အစိုးရက တစ်နေရာ ကျန်ရှိသည်က တစ်နေရာ ယူထားသည်။ စစ်တပ်အရာရှိများနှင့် သိုလှောင်ရုံများ အားလုံးက ပြည်သူပိုင်ဧရိယာထဲ၌ တည်ရှိသည်။ ပမာဏ မည်မျှ ဖြစ်စေကာမူ ပါဝင်သည့် စစ်တပ်ဌာနအားလုံးသည် စစ်တပ်အတွက် ထိန်းသိမ်းရန် ကမ္ဘာပျက်ကပ်ပြီးနောက် စုဆောင်းထားသမျှ အရင်းအမြစ်များ၏ ဆယ်ပုံတစ်ပုံကို ရရှိပြီး ကျန်သည်ကို စစ်တပ် သိုလှောင်ရုံ၌ သိမ်းဆည်းထားကာ အခြေစိုက်စခန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချသည်။

တာဝန်အရ စုဆောင်းထားရသည်က သုတေသန ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းများနှင့် မျိုးစေ့များ ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့သုံးစုသည် ထိုက်တန်သည့် ဆယ်ပုံတစ်ပုံကို ယူအောင် ပြောစရာမလိုရန် သဘောတူထားပြီဖြစ်၏။ သုတေသန ပစ္စည်းကိရိယာများနှင့် ကုန်ကြမ်းများက သုတေသနဌာနက ပိုင်ဆိုင်ပြီး မျိုးစေ့များက စုဆောင်းမှု အသင်းက ပိုင်ဆိုင်၏။ ယွင်ချဲ့နှင့် ကျန်သည့် နယ်မြေစွမ်းအားရှင် ခုနစ်ယောက်က စစိတပ်သိုလှောင်ရုံရှိသည့် နေရာဆီသို့ ဝင်သွားလိုက်၏။

"အကျယ်ကြီးပဲ နှစ်လွှာရှိတာ ပစ္စည်းတွေ ဘယ်လောက်များများ သိုလှောင်လို့ရလဲ"

စတုရန်းမီတာ တစ်သောင်းနီးပါး ကျယ်ဝန်းသည့် ဧရိယာဖြစ်ပြီး သိုလှောင်ရုံများကို ပြွတ်သိပ်စွာ ရှိနေပြီး မြေပြင်ပေါ်၌ နှစ်ထပ်တိုက် အဆောက်အဦးများ ဖြစ်ပြီး စစ်သားများက လက်နက်အပြည့်အစုံဖြင့် သိုလှောင်ရုံများကို စောင့်ကြပ်နေကြသည်။ သူတို့၏ အငွေ့အသက်ကို အကဲဖြတ်ခြင်းအားဖြင့် သူတို့အားလုံးသည်လည်း စွမ်းအားရှင်များ ဖြစ်လောက်သည်။ နယ်မြေစွမ်းအားရှင်များထဲတွင် ရှင်းဖုန်းမှအပ ကျန်သည့်သူများက စစ်တပ်မှ မဟုတ်ကြပေ။ ထိုမြင်ကွင်းကို မြင်တွေ့သောအခါ သူတို့က ထိတ်လန့်မိသွား၏။

"ဟား ဟား ‌ဒီထက်ပိုမှာပေါ့"

"အမ်"

ယွင်ချဲ့က အနည်းငယ် ပြုံးလိုက်၏။ ဟယ်ရုံယီက ဇဝေဇဝါ ဖြစ်နေသည်။ သူက ရှင်းပြဖို့ မရည်ရွယ်ထားပေ။ အခြေစိုက်စခန်းတစ်ခု၏ လည်ပတ်ပုံက သာမန်လူများ မမှန်းဆနိုင်သည့် ထောက်ပံ့မှုများစွာ လိုအပ်သည်။ ဧရိယာက ကျယ်ဝန်းသော်ငြား အကန့်အသတ်မဲ့သည်ဟု မဆိုနိုင်ပေ။ တရုတ်လူမျိုးများနှင့် စစ်သားများ၏ အကျင့်စရိုက်အရ စစ်ပွဲဖြစ်ချိန်၌ သူတို့က ဥမင်များ တူးတတ်ကြသည်။ သူတို့ ခြေထောက်အောက်၌ သိုလှောင်ရုံအစစ် ရှိလောက်ပေ၏။ မြေပြင်ပေါ်ရှိ သိုလှောင်ရုံက အတုအယောင်များသာ ဖြစ်သည်။

သူ့အတွေးများကို အတည်ပြုလိုက်သည့်ပမာ ရှင်းဖုန်းက သူ့လက်ကို ဖျစ်ညစ်လိုက်သည်။ သူတို့ နှစ်ယောက်သားက အပြန်အလှန် မဆက်သွယ်ကြဘဲ တိတ်ဆိတ်နေလေ၏။ သူတို့ မြင်ကွင်းရှေ့၌ လူတစ်စု ပေါ်လာသည်။ အချို့က ယွင်ချဲ့ကိုတောင် မှတ်မိကြ၏။ မော့ဝမ်းယန်နှင့်အတူ ရပ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ရင်းနှီးပုံမရပေ။ နှစ်ယောက်လုံးက သူတို့ ပုခုံးထက်၌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တံဆိပ်များ ရှိနေလေ၏။ အမျိုးသားက ကျော့ရှင်းကာ သူ၏ခန္ဓာကိုယ်၌ စစ်သားအငွေ့အသက်မရှိပေ။ အမျိုးသမီး၏ သွင်ပြင်က သူရဲကောင်းဆန်ပြီး မျက်ခုံးတစ်စုံက ထင်းနေလေ၏။ အရပ်က တစ်ရာ့ခုနစ်ဆယ် စင်တီမီတာ ကျော်သည်က အမျိုးသားများနှင့် ယှဉ်ရပ်နေလျှင်တောင် နောက်ကောက်မကျခဲ့ပေ။ ယင်းက အမျိုးသမီးဗိုလ်ချုပ်တစ်ယောက်၏ သွင်ပြင်မျိုးပဲ ဖြစ်သည်။

"ငါ့အဒေါ်နဲ့ဦးလေးက စစ်တပ်အရာရှိတွေလေ ငါ့ရဲ့ဦးလေးက နိုင်ငံရေးဝန်ထမ်းအရာရှိ သူတို့တွေက မြို့တော်မှာ လွတ်လွတ်လပ်လပ် ချစ်မြတ်နိုးပြီး လက်ထပ်ခဲ့ကြတဲ့ တစ်ဦးတည်းသော စုံတွဲပဲ"

သူတို့ကို သူ စိုက်ကြည့်နေတာကို မြင်သောအခါ ရှင်းဖုန်းက နားနားကပ်ပြီး တီးတိုးပြောလိုက်၏။

148 02

"ကိုယ့်ရဲ့အဒေါ်က ယောက်ျားတစ်ယောက်ထက်တောင် ယောက်ျားပိုဆန်သေးတယ်။ သူက လှပေမဲ့ ရှင်းမိသားစုထဲမှာ ဘယ်သူကမှ လက်ထပ်ခွင့် သွားမတောင်းရဲဘူးလေ။ သူတို့နှစ်ယောက် အတူရှိတာကို လူတွေကို အကောင်းမမြင်ကြဘူး။ လူတချို့ကဆို ကိုယ့်ဦးလေးကို လက်ထပ်ဖို့အတွက် ကိုယ့်အဒေါ်က ဖိအားပေးပြီး ညစ်ပတ်တဲ့လှည့်ကွက်တွေ သုံးခဲ့တာ ဆိုတဲ့အကြောင်း နောက်ကွယ်မှာတောင် ပြောကြသေးတယ်။ သူတို့အိမ်ထောင်ရေးက ဘယ်လောက်ကြာမလဲဆိုပြီး လောင်းခဲ့သေးတာ။ ဒါပေမဲ့ နှစ်တွေအများကြီး ကြာပြီးတာတောင် သူတို့က ချစ်နေကြတုန်းပဲ။ မိသားစုထဲက အကြီးအကဲတွေက ကိုယ့်အဒေါ်ကို သဘောမကျပေမဲ့ ကိုယ့်ဦးလေးက ကိုယ့်အဒေါ်ရဲ့လက်ကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး။ အခု သူတို့နှစ်ယောက်က အသိုင်းအဝိုင်းမှာ ပုံပြင်ကောင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီ"

"မော့ဝမ်းယန်ရဲ့အကျင့်စရိုက်က ဒီလောက်ထူးဆန်းတာ အံ့ဩစရာ မရှိဘူးပဲ။ သူက အဖေတစ်ဝက် အမေတစ်ဝက် တူတာမလား"

စကားပြောနေစဉ် လူတစ်စုက ချဉ်းကပ်လာ၏။ စစ်တပ်နယ်ပယ်ထဲရှိ ခေါင်းဆောင်အသီးသီးက သူတို့ကို နှုတ်ဆက်လိုက်ကြသည်။ မော့ဝမ်းယန်တို့ မိသားစုဝင်သုံးယောက် အပါအဝင် ကျန်သည့်သူများက ဝေ့မိသားစုတပ်ဖွဲ့မှ ဝေ့ခိုင်၊ နိုင်ငံရေးအရာရှိ လင်းဟုန်ကျီ၊ ဝမ်မိသားစုတပ်ဖွဲ့မှ ဝမ်ဝေ့နှင့် နိုင်ငံရေးအရာရှိ ချင်ရှုဟန်တို့ဖြစ်သည်။ သူတို့လေးယောက်လုံးက ဒုဗိုလ်မှူးကြီးအဆင့်ဖြစ်၏။ ဝမ်ကွမ်းနှင့် လင်းရှန်ကမူ ယွင်ချဲ့နှင့် တစ်ခါကတွေ့ခဲ့ဖူးပြီး သူတို့က ဝမ်ဝေ့၏ဝမ်းကွဲနှင့် လင်းဟုန်ကျီ၏တူပဲဖြစ်သည်။

ရှင်းဖုန်း၏အိမ်တွင် ယွင်ချဲ့တွေ့ခဲ့ဖူးသည့် လူအချို့လည်း ရှိသည်။ အခြေစိုက်စခန်း၏ အမြင့်ဆုံးအာဏာ အာဏာထိန်းချုပ်ထားသူ တပ်ဖွဲ့သုံးခု၏ ထိပ်တန်းခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များက ရောက်လာကြသည်။ မျိုးစေ့စုဆောင်းမှုကို သူတို့အားလုံးက အမှန်တကယ် အရေးထားပုံပေါ်၏။ ဆိုရလျှင် ယင်းက လူသားမျိုးနွယ်စု၏ အနာဂတ်နှင့် သက်ဆိုင်နေသည်။

"အားလုံး အလုပ်ကြိုးစားခဲ့ပါတယ်။ သခင်လေးဖုန်း၊ ခေါင်းဆောင်ယွင် ဒီတစ်ခေါက် အကျိုးထူးဆောင်ခဲ့တယ်လို့ ကြားထားတယ် စစ်တပ်ဌာနက စားသောက်ဖွယ်တစ်ခု ကျင်းပမှာပါ ပြီးရင် အတူစားကြရ‌အောင်လား"

ဖြန်ဖြေသူအနေဖြင့် ဝမ်ကော်ချန်းက သူတို့ကို ပြုံးလျက် နှုတ်ဆက်ကာ ကျန်သည့်သူများကို ကြည့်ပြီးနောက် ရှင်းဖုန်းနှင့် ယွင်ချဲ့ကို ကြည့်လိုက်တော့သည်။ ရှင်းဖုန်းက များများစားစား ပြောရန်မလို သူနှင့် မော့မိသားစုတပ်ဖွဲ့၏ ဆက်ဆံရေးမှအပ သူ၏ ကိုယ်ပိုင်ခွန်အားကလည်း မင်းမူစိုးမိုးနိုင်စွမ်း ရှိသည်။ ရှင်းမိသားစုက မြို့တော်တွင်လည်း အဆင့်မ‌နိမ့်ပေ။ ထို့အ‌ပြင် ယခုအခေါက် လာသည့်သူများက ပြောပုံအရ ရှင်းဖုန်းသည် လေဟာနယ် နယ်မြေစွမ်းအားရှင် ဖြစ်ရုံသာမက ရွှေစွမ်းအားရှင်လည်း ဖြစ်သည်ဟုဆိုသည်။ ယွင်ချဲ့ကမူ သူသည် စွမ်းအားရှင်များ၏ စိတ်နေသဘောထားအရ ထူးကဲသည့်အဆင့်အတန်း ပိုင်ဆိုင်ထား၏။ ရက်အနည်းငယ်သာ ရှိသေးသော်ငြား သူက လွန်ခဲ့သည့်ရက်အနည်းငယ်က ရေစွမ်းအား အသုံးပြုနည်းကို အများအား မပြောပြချင်ဟု တစ်စုံတစ်ယောက်က ကောလဟာလ တမင်တကာ ဖြန့်ခဲ့သည်။ သူက တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုကြ၏။ သို့သော်ငြား သူ့ကို ယုံကြည့်သည့် စွမ်းအားရှင်‌မြောက်များစွာ ရှိနေသေးသည်။

"ဘယ်လိုထင်လဲ"

ရှင်းဖုန်းက သူ့ကို ချက်ချင်း ပြန်မပြောဘဲ ယွင်ချဲ့ဘက်လှည့်ကာ သူ့အမြင်ကို တောင်းခံလိုက်၏။ တပ်ဖွဲ့သုံးဖွဲ့၏ ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့မှတစ်ယောက်က ထိုမြင်ကွင်းကို ‌တွေ့သောအခါ ရှင်းထျန်းလန်နှင့် သူ၏ဇနီးသည် အပါအဝင် အံ့ဩသွားကြသည်။ သို့သော် သူတို့က အတွေ့အကြုံရှိသူများ ဖြစ်သည်။ ရင်ထဲမည်မျှ ဘောင်ဘင်ခတ်နေစေကာမူ မျက်နှာထက် အမူအရာ မပေါ်စေပေ။

"စားဖို့မလိုတော့ဘူး ပစ္စည်းတွေချပြီးရင် ပြန်သွားပြီး အနားယူရအောင်"

ရှင်းဖုန်းသည် ထိုလူများရှေ့၌ သူ၏အဆင့်အတန်းကို တမင်တကာ မြင့်ပေးနေမှန်း သိသောကြောင့် ယွင်ချဲ့က မငြင်းခဲ့ပေ။ သူက သူ၏စိတ်ကောင်းစေတနာကို ငြင်းပယ်ရန်အတွက် အနားယူချင်သည်ဟူသော အကြောင်းပြချက်ကို သုံးကာ ဝမ်ကော်ချန်းကို ကြည့်လိုက်လေ၏။ သူတို့နဲ့ ကြင်ကြင်နာနာ ညစာစားဖို့လား။ ရူးနေလို့လား။ စားပြီးရင် ဦးနှောက်ဆဲလ်တွေ ဘယ်လောက်သေကုန်မလဲ မသိဘူး။

148 03

"ကောင်းပြီလေ ဒါ‌ဆို ပစ္စည်းတွေ ချကြရအောင်.."

ရှင်းဖုန်း၏လေသံက အလွန်ပေါ့ပါးနေသည်။ သို့သော် သူက သန်မာတာ အံ့ဩစရာမရှိပေ။ ဝမ်ကော်ချန်း၏ မျက်လုံးထဲ၌ ရှက်ရွံ့သည့်အရိပ်အယောင် ပေါ်လာတော့၏။ သူက ပြုံးကာ ပြောလိုက်တော့သည်။ ဝေ့ခန်းနှင့် ဝမ်ဝေ့ ကျန်သည့်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ကာ သူတို့ကို အတော်လေး ချီးကျူးသည်။ သို့သော် သူတို့က စိတ်ထဲ အဆင်မပြေကြပေ။ ထိုတာဝန်ကြောင့် သူတို့က ဗိုလ်ချုပ်တစ်ဦး ဆုံးရှုံးရုံသာမက သေကြေပျက်စီးမှု များစွာလည်း ခံခဲ့ရသည်။ အထူးသဖြင့် ဝေ့မိသားစုတပ်ဖွဲ့ ဖြစ်သည်။

"ရှောင်ဖုန်း သူက.."

မော့ကျန်းချန်နှင့် သူ၏ဇနီးအလှည့်သို့ ရောက်လာချိန်၌ ရှင်းထျန်းလန်က ယွင်ချဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ ရှင်းဖုန်းက ခေါင်းညိတ်ပြီး ယွင်ချဲ့၏လက်ချောင်းများကို တင်းကြပ်စွာ ကိုင်ထားလိုက်၏။

"အင်း ကျုပ်မိသားစုရဲ့ကိုယ်စားလေ"

"ဟား ဟား"

ထိုစကားကို ကြားသောအခါ ရှင်းထျန်းလန်က ရယ်မောတော့သည်။ ယွင်ချဲ့က မိန်းမငယ်လေးမဟုတ်ပေ။ ထို့ကြောင့် ရှက်နေစရာ မရှိပေ။ သူက သူတို့နှင့်အတူ ရှိနေသေးသော မော့ဝမ်းယန်ကို စိတ်ဝင်တစား တစ်ချက်ကြည့်လိုက်၏။ သူက ချွေးစေးများ ပျံနေတော့သည်။ တွင်းတစ်တွင်းရှာပြီးသာ ပုန်းလိုက်ချင်သည်။ သူ၏မိခင်က ယွင်ချဲ့နှင့် ထိုမျှ စောစောစီးစီး တွေ့မည်မှန်း သူသိခဲ့လျှင် သူ့ရှေ့၌ အိမ်စောင့်သားရဲကြီးအကြောင်း ပြောမှာမဟုတ်ပေ။

"ခေါင်းဆောင်ယွင် အားတဲ့အချိန်ကျ ရှောင်ဖုန်းနဲ့အတူ လာပါဦး။ ငါက သူ့ရဲ့ဦးလေး မော့ကျန်းချန်ပါ"

သူ့ဇနီးသည်၏ ထိန်းထားသော သွင်ပြင်နှင့် ယှဉ်လျှင် မော့ကျန်းချန်က ပိုပြီးရယ်မောသည်။ သူတို့ဆက်ဆံရေးကိုလည်း သွယ်ဝိုက်၍ ပြောခဲ့၏။ အဓိကအားဖြင့် စစ်တပ်ထဲတွင် သူသည် အမျိုးသားများကိုသာ ကြိုက်ကြောင်း သတင်းထွက်ပြီးသား ဖြစ်၏။ သူတို့စုံတွဲ၏ လက်ခံနိုင်စွမ်းက ကျန်သည့်သူများထက် ပိုမြင့်သည်။

"ကျေးဇူးပါ ဗိုလ်ချုပ်မော့"

ယွင်ချဲ့က ပြုံးလျက် အရိုအသေ ပေးလိုက်၏။ မော့ကျန်းချန်နှင့် သူ၏ဇနီးက သူ့ကို ခံစားချက်ကောင်းပေး၏။ သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အနည်းဆုံးတော့ လေးစားရန် ထိုက်တန်သည်။

"ပစ္စည်းတွေ အရင်ချရအောင်"

ရှင်းဖုန်းသည် အချိန်ကိုက် ဝင်ပြောလိုက်သည်။ သူတို့အဆင်ပြေနေတာကို မြင်သောအခါ ဝေ့ခန်းနှင့် ကျန်သည့်သူများက သုန်မှုန်နေရာမှ သူတို့ဘေးရှိ စစ်သားများကို သိုလှောင်ရုံဖွင့်ခိုင်းလိုက်၏။ လူတိုင်းက ရှင်းဖုန်းသည် မျိုးစေ့များ စုဆောင်းလာခဲ့တာ မဟုတ်မှန်း သိ၏။ သူက ရှေ့ဆက်မသွားတော့ပေ။ နယ်မြေစွမ်းအားရှင်အချို့က သိုလှောင်ရုံထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်သွား၏။ ဟယ်ရုံယီအလှည့်၌ စစ်တပ်က သူ၏နယ်မြေကို စစ်ဆေးရန် တောင်းဆိုလေ၏။ ရှင်းဖုန်းက ထိတ်လန့်သွားသည်။

"ဘာကြောင့်လည်း ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို ဘာမှမဝှက်ထားဘူး စိတ်မပူနဲ့ ဘာကြောင့်များ ပစ္စည်းတွေ ပို့ဖို့ တောင်းဆိုသေးလဲ"

ဟယ်ရုံယီကလည်း လူကြမ်းတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက သူ၏နယ်မြေထဲ၌ ပစ္စည်းတစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုကဲ့သို့ အပြုအမူက သူ့ကို တိုက်ရိုက် စော်ကားရာ ရောက်နေ၏။

"အထင်မလွဲပါနဲ့ စည်းမျဉ်းတွေ အတိုင်းပဲ လုပ်တာပါ ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ"

ချင်ရှုဟန် နိုင်ငံရေးအရာရှိ ဝမ်ကျားကျွင်းတို့က ပြုံးပြီး ရှင်းပြလိုက်၏။ သို့သော် သူ၏ရှင်းပြချက်က ရှင်းပြချက် မဟုတ်သလိုပင်။ ယင်းက လူအများကို ပိုတောင် ဒေါသထွက်စေ၏။

"ဘယ်သူက ပူးပေါင်းတာတဲ့လဲ မင်းက လူတွေကို စော်ကားနေတာပဲ"

မည်သူကမှ တုံးအသူမဟုတ်ပေ။ သူတို့ တစ်စုံတစ်ခု ဝှက်ထားသည်ဟု သံသယမဖြစ်လျှင် သူတို့၏နယ်မြေကို အဘယ်ကြောင့် စစ်ဆေးခွင့်တောင်းမည်နည်း။

"တော်လောက်ပြီ စစ်ဆေးရုံပဲ မင်းရဲ့အသက်ကို မလိုချင်ဘူး"

ဝမ်ဝေ့က တင်းမာစွာ အော်ပြောလိုက်သည်။ ထိုမတိုင်မီက သူ၏အကြည့်သည် ရှင်းဖုန်းဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ယွင်ချဲ့ကို ကြည့်လိုက်၏။ အမှန်တကယ်တွင် နယ်မြေစွမ်းအားကို စစ်ဆေးသည့်ကိစ္စ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ယွင်ချဲ့၏နယ်မြေ အလွန်ကြီးမားကြောင်း သူတို့ကြားထားသောကြောင့်သာ စစ်ဆေးရန် ဆုံးဖြတ်လိုက်တာပဲ ဖြစ်၏။ သူတို့က စုံစမ်းကြည့်ချင်သည်။ နယ်မြေစွမ်းအားရှိသည့်သူများ တစ်စုံတစ်ရာ ဝှက်ထားသည်ဟု သံသယဝင်ခြင်းမှာ အသေးအဖွဲ့မဟုတ်ပေ။

148 04

"မင်း.."

"ဗိုလ်ချုပ်ဝမ်က ပြောတော့သာလွယ်တယ်။ နယ်မြေစွမ်းအားဆိုတာ လူတစ်‌ယောက်ရဲ့မျက်နှာလိုပဲ။ ဗိုလ်ချုပ်ဝမ်ပြောပုံအရ.. ကျုပ်က လေ့လာဖို့အတွက် ခင်ဗျားရဲ့မျက်နှာအရေခွံကို ခွာကြည့်ချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေတာမှ မဟုတ်တာ"

ဟယ်ရုံယီသည် တစ်စုံတစ်ခု ပြောချင်၏။ ယွင်ချဲ့က သူ့ကို ဟန့်တားလိုက်ကာ ရှေ့သို့ တိုးလိုက်‌တော့သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်၏။ ယွင်ချဲ့က ဤအရေးကိစ္စကို စစ်တပ်က ရှာတွေ့ပြီး ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သူက တုံးအသူ မဟုတ်ပေ။ ဟယ်ရုံယီ၏ နယ်မြေထဲမှ ထုတ်လာသည့် ပစ္စည်းအရေအ‌တွက်ကို လူတိုင်း မှတ်တမ်းတင်ထားသည်။ ပြီးနောက် စစ်တပ်သည် သူ့ကို ရန်စရန် မလိုအပ်ချေ။ သူတို့နောက်၌ စွမ်းအားရှင်အဖွဲ့ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူကသာလျှင် စစ်တပ်၏အဖွဲ့ဝင် မဟုတ်သော တစ်ဦးတည်းသော နယ်မြေစွမ်းအားရှင်ဖြစ်၏။ သူပိုင်ဆိုင်ထားသည့် နယ်မြေ၏အရွယ်အစားကို တွေ့မိသောအခါ ယွင်ချဲ့က သူတို့၏အပြုအမူသည် သူ့ကို ပစ်မှတ်ထားနေကြောင်း သေချာသွားတော့၏။

"အဲလိုပြောလို့မရဘူး ငါတို့လည်း စည်းမျဉ်းတွေအတိုင်းလုပ်နေတာ"

သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် ပေါ်လာ၏။ ဝမ်ဝေ့ချန်က မကျေနပ်မှုကို ဖိနှိပ်ကာ ချင်ရှုဟန်၏အာဏာကို ငှားသုံးချင်သည်။ သူတို့က ကိစ္စတစ်ခုခု ဖြစ်လာတိုင်း၌ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်းသာ ပြောခဲ့သည်။ ထိုအချိန်ကျ နိုင်ငံသားများက ရွေးချယ်စရာမရှိဘဲ ပူးပေါင်းရတော့၏။ ကံဆိုးသည်မှာ ယနေ့ သူက ယွင်ချဲ့နှင့် လာတွေ့သည်။

"ဘာစည်းမျဉ်လဲ ဘယ်စည်းမျဉ်းလဲ ပြဦး"

နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ယွင်ချဲ့က သူတို့ဆီ လက်ဆန့်ထုတ်လိုက်၏။ ဝမ်ဝေ့နှင့် ချင်ရှုဟန်က မျက်မှောင်ကြုတ်သွားကာ ဝေ့ခန်းနှင့် လင်ဟုန်ကျီကလည်း လျှောက်လာလေ၏။

"ခေါင်းဆောင်ယွင် ကျေးဇူးပြုပြီး.. ပူးပေါင်းပေးပါ"

"ဟုတ်တယ် ခေါင်းဆောင်ယွင် စည်းမျဉ်းစည်းကမ်းအတိုင်း ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ"

သူတို့က ယွင်ချဲ့အကြောင်း အသေးစိတ် ရှာဖွေချင်ကြ၏။ ရှင်းဖုန်းက ကူညီချင်သည်။ သို့သော် ရှင်းထျန်းလန်နှင့် သူ၏ဇနီးသည်က ဟန့်တားလိုက်၏။ နှစ်ယောက်လုံးက သူ စိတ်မပူသင့်ကြောင်း အရိပ်အမြွတ် ပြလိုက်သည်။ သေချာ ထပ်စဉ်းစားပြီးသောအခါ ရှင်းဖုန်းက ခြေထောက်ကို ပြန်ရုပ်လိုက်၏။ ယွင်ချဲ့အပေါ် သူ၏နားလည်ထားမှုအရ သူ အရေးနိမ့်မှာ မဟုတ်ပေ။

"ခင်ဗျားတို့ ပြောပုံအရ ကျုပ် ခင်ဗျားတို့နဲ့ မပူးပေါင်းဘူးလို့ မပြောမိပါဘူး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဆိုရင် ပြလိုက်လေ ဒီလို စည်းမျဉ်းရှိတယ်ဆိုရင် ကျုပ် ပူးပေါင်းမယ် စစ်ဆေးခွင့်ပေးမယ်"

သူတို့ကို ကြည့်ပြီးနောက် ယွင်ချဲ့က ထပ်မံပြုံးလိုက်ပြန်၏။ သို့သော်ငြား သူ၏အပြုံးက လူတိုင်း၏အမြင်တွင် အပြုံးဟုတ်မနေပေ။ ဝမ်ဝေ့နှင့် ကျန်သည့်သူများက သုန်မှုန်ကုန်၏။ သူတို့က စည်းမျဉ်းစည်းကမ်း မရေးရသေးပေ။ အခြေစိုက်စခန်း တည်ဆောက်တာက နှစ်လသာ ရှိသေး၏။ အခြေစိုက်စခန်း ထိန်းသိမ်းရန်အတွက် အချို့သော စည်းမျဉ်းစည်းကမ်း ချမှတ်ထားသည်မှအပ သူတို့ပြောလိုက်သည့် သဘောတူညီချက်က မရေးထားရပေ။ မည်သည့်နေရာကနေ ပြသရမည်နည်း။

"ခေါင်းဆောင်ယွင် စည်းမျဉ်းတွေက မရေးရသေးပါဘူး"

"ဒါဆို အဓိပ္ပာယ်မရှိ ပြောနေတာလား။ ကျွတ်စ် ကျွတ်စ်.. စစ်တပ်ကို အားကိုးလို့ရတယ်လို့ ပြောနိုင်ပါဦးမလား မသတ်မှတ်ရသေးတဲ့ စည်းမျဉ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်လို့ ပြောတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေ ဘယ်နေရာကနေ ရောက်လာတာလဲ။ ခင်ဗျားတို့ ပြောချင်သလို ပြောနေတာလား"

ယွင်ချဲ့သည် ထူးဆန်းသောအပြုံးဖြင့် သူ့ကို ဖြတ်ပြောလာချိန်၌ ချင်ရှုဟန် ပြောမပြီးသေးပေ။ သူပြောသမျှ စကားလုံးတိုင်းက ကျည်ဆံများ အပြည့်ဖြစ်နေပြီး လှောင်ပြောင်ပြက်ရယ်ပြုမှုများ ပြည့်နေကာ လူအများ၏ မျက်နှာကို သုန်မှုန်ပြီးရင်း သုန်မှုန်လာစေ၏။

ထိုမတိုင်မီက ယွင်ချဲ့ကို နှုတ်ရေးထက်သည်ဟု မည်သူကမှ မထင်ခဲ့ကြပေ။ သာမန်အခြေအနေအောက်၌ စစ်တပ်သည် စည်းမျဉ်းစည်းကမ်းအကြောင်းကို ပြောလိုက်သည်နှင့် အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့ ယခုအချိန်၌ အံ့ဩဆွံ့အနေလေသည်။

"ဒါကမှ ဟုတ်သေးတယ် ကျန်တဲ့ပစ္စည်းတွေကို ဘယ်နေရာမှာ ထားရမလဲ"

ယွင်ချဲ့သည် ရှုံ့မဲ့နေသော လူများ၏ မျက်နှာအမူအရာကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ သူက ပစ္စည်းများချရန် ဆုံးဖြတ်ချိန်၌ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအနေဖြင့် သုံးပုံတစ်ပုံကို ယူထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ မည်သည့်နည်းနှင့်မဆို သူတို့မျက်စိနှင့် မြင်မည် မဟုတ်သောကြောင့် စစ်ဆေးနိုင်မှာ မဟုတ်ပေ။

Telegram မှာ အပိုင်း ၂၇၇အထိ ရောက်ပါပြီနော်။ 

Zawgyi

148 01
အခန္း ၁၄၈ သိုေလွာင္႐ုံရွိ ျပႆနာေလး။

အေျခစိုက္စခန္းရွိ စစ္တပ္ခ႐ိုင္၌ သူတို႔ကိုယ္ပိုင္ တည္ေနရာ ကိုယ္စီရွိၾကၿပီး ဗီလာဇုန္ကလည္း ဧရိယာငါးခု ပိုင္းျခားထားေလ၏။ လက္နက္ကိုင္တပ္ဖြဲ႕သုံးခုႏွင့္ အစိုးရက တစ္ေနရာ က်န္ရွိသည္က တစ္ေနရာ ယူထားသည္။ စစ္တပ္အရာရွိမ်ားႏွင့္ သိုေလွာင္႐ုံမ်ား အားလုံးက ျပည္သူပိုင္ဧရိယာထဲ၌ တည္ရွိသည္။ ပမာဏ မည္မွ် ျဖစ္ေစကာမူ ပါဝင္သည့္ စစ္တပ္ဌာနအားလုံးသည္ စစ္တပ္အတြက္ ထိန္းသိမ္းရန္ ကမာၻပ်က္ကပ္ၿပီးေနာက္ စုေဆာင္းထားသမွ် အရင္းအျမစ္မ်ား၏ ဆယ္ပုံတစ္ပုံကို ရရွိၿပီး က်န္သည္ကို စစ္တပ္ သိုေလွာင္႐ုံ၌ သိမ္းဆည္းထားကာ အေျခစိုက္စခန္း ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အသုံးခ်သည္။

တာဝန္အရ စုေဆာင္းထားရသည္က သုေတသန ပစၥည္းကိရိယာမ်ား၊ ကုန္ၾကမ္းမ်ားႏွင့္ မ်ိဳးေစ့မ်ား ျဖစ္သည္။ လက္နက္ကိုင္ တပ္ဖြဲ႕သုံးစုသည္ ထိုက္တန္သည့္ ဆယ္ပုံတစ္ပုံကို ယူေအာင္ ေျပာစရာမလိုရန္ သေဘာတူထားၿပီျဖစ္၏။ သုေတသန ပစၥည္းကိရိယာမ်ားႏွင့္ ကုန္ၾကမ္းမ်ားက သုေတသနဌာနက ပိုင္ဆိုင္ၿပီး မ်ိဳးေစ့မ်ားက စုေဆာင္းမႈ အသင္းက ပိုင္ဆိုင္၏။ ယြင္ခ်ဲ႕ႏွင့္ က်န္သည့္ နယ္ေျမစြမ္းအားရွင္ ခုနစ္ေယာက္က စစိတပ္သိုေလွာင္႐ုံရွိသည့္ ေနရာဆီသို႔ ဝင္သြားလိုက္၏။

"အက်ယ္ႀကီးပဲ ႏွစ္လႊာရွိတာ ပစၥည္းေတြ ဘယ္ေလာက္မ်ားမ်ား သိုေလွာင္လို႔ရလဲ"

စတုရန္းမီတာ တစ္ေသာင္းနီးပါး က်ယ္ဝန္းသည့္ ဧရိယာျဖစ္ၿပီး သိုေလွာင္႐ုံမ်ားကို ႁပြတ္သိပ္စြာ ရွိေနၿပီး ေျမျပင္ေပၚ၌ ႏွစ္ထပ္တိုက္ အေဆာက္အဦးမ်ား ျဖစ္ၿပီး စစ္သားမ်ားက လက္နက္အျပည့္အစုံျဖင့္ သိုေလွာင္႐ုံမ်ားကို ေစာင့္ၾကပ္ေနၾကသည္။ သူတို႔၏ အေငြ႕အသက္ကို အကဲျဖတ္ျခင္းအားျဖင့္ သူတို႔အားလုံးသည္လည္း စြမ္းအားရွင္မ်ား ျဖစ္ေလာက္သည္။ နယ္ေျမစြမ္းအားရွင္မ်ားထဲတြင္ ရွင္းဖုန္းမွအပ က်န္သည့္သူမ်ားက စစ္တပ္မွ မဟုတ္ၾကေပ။ ထိုျမင္ကြင္းကို ျမင္ေတြ႕ေသာအခါ သူတို႔က ထိတ္လန႔္မိသြား၏။

"ဟား ဟား ‌ဒီထက္ပိုမွာေပါ့"

"အမ္"

ယြင္ခ်ဲ႕က အနည္းငယ္ ၿပဳံးလိုက္၏။ ဟယ္႐ုံယီက ဇေဝဇဝါ ျဖစ္ေနသည္။ သူက ရွင္းျပဖို႔ မရည္႐ြယ္ထားေပ။ အေျခစိုက္စခန္းတစ္ခု၏ လည္ပတ္ပုံက သာမန္လူမ်ား မမွန္းဆႏိုင္သည့္ ေထာက္ပံ့မႈမ်ားစြာ လိုအပ္သည္။ ဧရိယာက က်ယ္ဝန္းေသာ္ျငား အကန႔္အသတ္မဲ့သည္ဟု မဆိုႏိုင္ေပ။ တ႐ုတ္လူမ်ိဳးမ်ားႏွင့္ စစ္သားမ်ား၏ အက်င့္စ႐ိုက္အရ စစ္ပြဲျဖစ္ခ်ိန္၌ သူတို႔က ဥမင္မ်ား တူးတတ္ၾကသည္။ သူတို႔ ေျခေထာက္ေအာက္၌ သိုေလွာင္႐ုံအစစ္ ရွိေလာက္ေပ၏။ ေျမျပင္ေပၚရွိ သိုေလွာင္႐ုံက အတုအေယာင္မ်ားသာ ျဖစ္သည္။

သူ႔အေတြးမ်ားကို အတည္ျပဳလိုက္သည့္ပမာ ရွင္းဖုန္းက သူ႔လက္ကို ဖ်စ္ညစ္လိုက္သည္။ သူတို႔ ႏွစ္ေယာက္သားက အျပန္အလွန္ မဆက္သြယ္ၾကဘဲ တိတ္ဆိတ္ေနေလ၏။ သူတို႔ ျမင္ကြင္းေရွ႕၌ လူတစ္စု ေပၚလာသည္။ အခ်ိဳ႕က ယြင္ခ်ဲ႕ကိုေတာင္ မွတ္မိၾက၏။ ေမာ့ဝမ္းယန္ႏွင့္အတူ ရပ္ေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးက ရင္းႏွီးပုံမရေပ။ ႏွစ္ေယာက္လုံးက သူတို႔ ပုခုံးထက္၌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဆင့္တံဆိပ္မ်ား ရွိေနေလ၏။ အမ်ိဳးသားက ေက်ာ့ရွင္းကာ သူ၏ခႏၶာကိုယ္၌ စစ္သားအေငြ႕အသက္မရွိေပ။ အမ်ိဳးသမီး၏ သြင္ျပင္က သူရဲေကာင္းဆန္ၿပီး မ်က္ခုံးတစ္စုံက ထင္းေနေလ၏။ အရပ္က တစ္ရာ့ခုနစ္ဆယ္ စင္တီမီတာ ေက်ာ္သည္က အမ်ိဳးသားမ်ားႏွင့္ ယွဥ္ရပ္ေနလွ်င္ေတာင္ ေနာက္ေကာက္မက်ခဲ့ေပ။ ယင္းက အမ်ိဳးသမီးဗိုလ္ခ်ဳပ္တစ္ေယာက္၏ သြင္ျပင္မ်ိဳးပဲ ျဖစ္သည္။

"ငါ့အေဒၚနဲ႔ဦးေလးက စစ္တပ္အရာရွိေတြေလ ငါ့ရဲ႕ဦးေလးက ႏိုင္ငံေရးဝန္ထမ္းအရာရွိ သူတို႔ေတြက ၿမိဳ႕ေတာ္မွာ လြတ္လြတ္လပ္လပ္ ခ်စ္ျမတ္ႏိုးၿပီး လက္ထပ္ခဲ့ၾကတဲ့ တစ္ဦးတည္းေသာ စုံတြဲပဲ"

သူတို႔ကို သူ စိုက္ၾကည့္ေနတာကို ျမင္ေသာအခါ ရွင္းဖုန္းက နားနားကပ္ၿပီး တီးတိုးေျပာလိုက္၏။
148 02
"ကိုယ့္ရဲ႕အေဒၚက ေယာက္်ားတစ္ေယာက္ထက္ေတာင္ ေယာက္်ားပိုဆန္ေသးတယ္။ သူက လွေပမဲ့ ရွင္းမိသားစုထဲမွာ ဘယ္သူကမွ လက္ထပ္ခြင့္ သြားမေတာင္းရဲဘူးေလ။ သူတို႔ႏွစ္ေယာက္ အတူရွိတာကို လူေတြကို အေကာင္းမျမင္ၾကဘူး။ လူတခ်ိဳ႕ကဆို ကိုယ့္ဦးေလးကို လက္ထပ္ဖို႔အတြက္ ကိုယ့္အေဒၚက ဖိအားေပးၿပီး ညစ္ပတ္တဲ့လွည့္ကြက္ေတြ သုံးခဲ့တာ ဆိုတဲ့အေၾကာင္း ေနာက္ကြယ္မွာေတာင္ ေျပာၾကေသးတယ္။ သူတို႔အိမ္ေထာင္ေရးက ဘယ္ေလာက္ၾကာမလဲဆိုၿပီး ေလာင္းခဲ့ေသးတာ။ ဒါေပမဲ့ ႏွစ္ေတြအမ်ားႀကီး ၾကာၿပီးတာေတာင္ သူတို႔က ခ်စ္ေနၾကတုန္းပဲ။ မိသားစုထဲက အႀကီးအကဲေတြက ကိုယ့္အေဒၚကို သေဘာမက်ေပမဲ့ ကိုယ့္ဦးေလးက ကိုယ့္အေဒၚရဲ႕လက္ကို လႊတ္ေပးဖို႔ ဆႏၵမရွိဘူး။ အခု သူတို႔ႏွစ္ေယာက္က အသိုင္းအဝိုင္းမွာ ပုံျပင္ေကာင္းတစ္ခုအျဖစ္ သတ္မွတ္ခံထားရၿပီ"

"ေမာ့ဝမ္းယန္ရဲ႕အက်င့္စ႐ိုက္က ဒီေလာက္ထူးဆန္းတာ အံ့ဩစရာ မရွိဘူးပဲ။ သူက အေဖတစ္ဝက္ အေမတစ္ဝက္ တူတာမလား"

စကားေျပာေနစဥ္ လူတစ္စုက ခ်ဥ္းကပ္လာ၏။ စစ္တပ္နယ္ပယ္ထဲရွိ ေခါင္းေဆာင္အသီးသီးက သူတို႔ကို ႏႈတ္ဆက္လိုက္ၾကသည္။ ေမာ့ဝမ္းယန္တို႔ မိသားစုဝင္သုံးေယာက္ အပါအဝင္ က်န္သည့္သူမ်ားက ေဝ့မိသားစုတပ္ဖြဲ႕မွ ေဝ့ခိုင္၊ ႏိုင္ငံေရးအရာရွိ လင္းဟုန္က်ီ၊ ဝမ္မိသားစုတပ္ဖြဲ႕မွ ဝမ္ေဝ့ႏွင့္ ႏိုင္ငံေရးအရာရွိ ခ်င္ရႈဟန္တို႔ျဖစ္သည္။ သူတို႔ေလးေယာက္လုံးက ဒုဗိုလ္မႉးႀကီးအဆင့္ျဖစ္၏။ ဝမ္ကြမ္းႏွင့္ လင္းရွန္ကမူ ယြင္ခ်ဲ႕ႏွင့္ တစ္ခါကေတြ႕ခဲ့ဖူးၿပီး သူတို႔က ဝမ္ေဝ့၏ဝမ္းကြဲႏွင့္ လင္းဟုန္က်ီ၏တူပဲျဖစ္သည္။

ရွင္းဖုန္း၏အိမ္တြင္ ယြင္ခ်ဲ႕ေတြ႕ခဲ့ဖူးသည့္ လူအခ်ိဳ႕လည္း ရွိသည္။ အေျခစိုက္စခန္း၏ အျမင့္ဆုံးအာဏာ အာဏာထိန္းခ်ဳပ္ထားသူ တပ္ဖြဲ႕သုံးခု၏ ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ အစိုးရအဖြဲ႕ေခါင္းေဆာင္မ်ားက ေရာက္လာၾကသည္။ မ်ိဳးေစ့စုေဆာင္းမႈကို သူတို႔အားလုံးက အမွန္တကယ္ အေရးထားပုံေပၚ၏။ ဆိုရလွ်င္ ယင္းက လူသားမ်ိဳးႏြယ္စု၏ အနာဂတ္ႏွင့္ သက္ဆိုင္ေနသည္။

"အားလုံး အလုပ္ႀကိဳးစားခဲ့ပါတယ္။ သခင္ေလးဖုန္း၊ ေခါင္းေဆာင္ယြင္ ဒီတစ္ေခါက္ အက်ိဳးထူးေဆာင္ခဲ့တယ္လို႔ ၾကားထားတယ္ စစ္တပ္ဌာနက စားေသာက္ဖြယ္တစ္ခု က်င္းပမွာပါ ၿပီးရင္ အတူစားၾကရ‌ေအာင္လား"

ျဖန္ေျဖသူအေနျဖင့္ ဝမ္ေကာ္ခ်န္းက သူတို႔ကို ၿပဳံးလ်က္ ႏႈတ္ဆက္ကာ က်န္သည့္သူမ်ားကို ၾကည့္ၿပီးေနာက္ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ႕ကို ၾကည့္လိုက္ေတာ့သည္။ ရွင္းဖုန္းက မ်ားမ်ားစားစား ေျပာရန္မလို သူႏွင့္ ေမာ့မိသားစုတပ္ဖြဲ႕၏ ဆက္ဆံေရးမွအပ သူ၏ ကိုယ္ပိုင္ခြန္အားကလည္း မင္းမူစိုးမိုးႏိုင္စြမ္း ရွိသည္။ ရွင္းမိသားစုက ၿမိဳ႕ေတာ္တြင္လည္း အဆင့္မ‌နိမ့္ေပ။ ထို႔အ‌ျပင္ ယခုအေခါက္ လာသည့္သူမ်ားက ေျပာပုံအရ ရွင္းဖုန္းသည္ ေလဟာနယ္ နယ္ေျမစြမ္းအားရွင္ ျဖစ္႐ုံသာမက ေ႐ႊစြမ္းအားရွင္လည္း ျဖစ္သည္ဟုဆိုသည္။ ယြင္ခ်ဲ႕ကမူ သူသည္ စြမ္းအားရွင္မ်ား၏ စိတ္ေနသေဘာထားအရ ထူးကဲသည့္အဆင့္အတန္း ပိုင္ဆိုင္ထား၏။ ရက္အနည္းငယ္သာ ရွိေသးေသာ္ျငား သူက လြန္ခဲ့သည့္ရက္အနည္းငယ္က ေရစြမ္းအား အသုံးျပဳနည္းကို အမ်ားအား မေျပာျပခ်င္ဟု တစ္စုံတစ္ေယာက္က ေကာလဟာလ တမင္တကာ ျဖန႔္ခဲ့သည္။ သူက တစ္ကိုယ္ေကာင္းဆန္သည္ဟု ဆိုၾက၏။ သို႔ေသာ္ျငား သူ႔ကို ယုံၾကည့္သည့္ စြမ္းအားရွင္‌ေျမာက္မ်ားစြာ ရွိေနေသးသည္။

"ဘယ္လိုထင္လဲ"

ရွင္းဖုန္းက သူ႔ကို ခ်က္ခ်င္း ျပန္မေျပာဘဲ ယြင္ခ်ဲ႕ဘက္လွည့္ကာ သူ႔အျမင္ကို ေတာင္းခံလိုက္၏။ တပ္ဖြဲ႕သုံးဖြဲ႕၏ ကိုယ္စားလွယ္ႏွင့္ အစိုးရအဖြဲ႕မွတစ္ေယာက္က ထိုျမင္ကြင္းကို ‌ေတြ႕ေသာအခါ ရွင္းထ်န္းလန္ႏွင့္ သူ၏ဇနီးသည္ အပါအဝင္ အံ့ဩသြားၾကသည္။ သို႔ေသာ္ သူတို႔က အေတြ႕အႀကဳံရွိသူမ်ား ျဖစ္သည္။ ရင္ထဲမည္မွ် ေဘာင္ဘင္ခတ္ေနေစကာမူ မ်က္ႏွာထက္ အမူအရာ မေပၚေစေပ။

"စားဖို႔မလိုေတာ့ဘူး ပစၥည္းေတြခ်ၿပီးရင္ ျပန္သြားၿပီး အနားယူရေအာင္"

ရွင္းဖုန္းသည္ ထိုလူမ်ားေရွ႕၌ သူ၏အဆင့္အတန္းကို တမင္တကာ ျမင့္ေပးေနမွန္း သိေသာေၾကာင့္ ယြင္ခ်ဲ႕က မျငင္းခဲ့ေပ။ သူက သူ၏စိတ္ေကာင္းေစတနာကို ျငင္းပယ္ရန္အတြက္ အနားယူခ်င္သည္ဟူေသာ အေၾကာင္းျပခ်က္ကို သုံးကာ ဝမ္ေကာ္ခ်န္းကို ၾကည့္လိုက္ေလ၏။ သူတို႔နဲ႔ ၾကင္ၾကင္နာနာ ညစာစားဖို႔လား။ ႐ူးေနလို႔လား။ စားၿပီးရင္ ဦးေႏွာက္ဆဲလ္ေတြ ဘယ္ေလာက္ေသကုန္မလဲ မသိဘူး။
148 03
"ေကာင္းၿပီေလ ဒါ‌ဆို ပစၥည္းေတြ ခ်ၾကရေအာင္.."

ရွင္းဖုန္း၏ေလသံက အလြန္ေပါ့ပါးေနသည္။ သို႔ေသာ္ သူက သန္မာတာ အံ့ဩစရာမရွိေပ။ ဝမ္ေကာ္ခ်န္း၏ မ်က္လုံးထဲ၌ ရွက္႐ြံ႕သည့္အရိပ္အေယာင္ ေပၚလာေတာ့၏။ သူက ၿပဳံးကာ ေျပာလိုက္ေတာ့သည္။ ေဝ့ခန္းႏွင့္ ဝမ္ေဝ့ က်န္သည့္သူမ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ လာေရာက္ႏႈတ္ဆက္ကာ သူတို႔ကို အေတာ္ေလး ခ်ီးက်ဴးသည္။ သို႔ေသာ္ သူတို႔က စိတ္ထဲ အဆင္မေျပၾကေပ။ ထိုတာဝန္ေၾကာင့္ သူတို႔က ဗိုလ္ခ်ဳပ္တစ္ဦး ဆုံးရႈံး႐ုံသာမက ေသေၾကပ်က္စီးမႈ မ်ားစြာလည္း ခံခဲ့ရသည္။ အထူးသျဖင့္ ေဝ့မိသားစုတပ္ဖြဲ႕ ျဖစ္သည္။

"ေရွာင္ဖုန္း သူက.."

ေမာ့က်န္းခ်န္ႏွင့္ သူ၏ဇနီးအလွည့္သို႔ ေရာက္လာခ်ိန္၌ ရွင္းထ်န္းလန္က ယြင္ခ်ဲ႕ကို အဓိပၸာယ္ပါပါ ၾကည့္လိုက္၏။ ရွင္းဖုန္းက ေခါင္းညိတ္ၿပီး ယြင္ခ်ဲ႕၏လက္ေခ်ာင္းမ်ားကို တင္းၾကပ္စြာ ကိုင္ထားလိုက္၏။

"အင္း က်ဳပ္မိသားစုရဲ႕ကိုယ္စားေလ"

"ဟား ဟား"

ထိုစကားကို ၾကားေသာအခါ ရွင္းထ်န္းလန္က ရယ္ေမာေတာ့သည္။ ယြင္ခ်ဲ႕က မိန္းမငယ္ေလးမဟုတ္ေပ။ ထို႔ေၾကာင့္ ရွက္ေနစရာ မရွိေပ။ သူက သူတို႔ႏွင့္အတူ ရွိေနေသးေသာ ေမာ့ဝမ္းယန္ကို စိတ္ဝင္တစား တစ္ခ်က္ၾကည့္လိုက္၏။ သူက ေခြၽးေစးမ်ား ပ်ံေနေတာ့သည္။ တြင္းတစ္တြင္းရွာၿပီးသာ ပုန္းလိုက္ခ်င္သည္။ သူ၏မိခင္က ယြင္ခ်ဲ႕ႏွင့္ ထိုမွ် ေစာေစာစီးစီး ေတြ႕မည္မွန္း သူသိခဲ့လွ်င္ သူ႔ေရွ႕၌ အိမ္ေစာင့္သားရဲႀကီးအေၾကာင္း ေျပာမွာမဟုတ္ေပ။

"ေခါင္းေဆာင္ယြင္ အားတဲ့အခ်ိန္က် ေရွာင္ဖုန္းနဲ႔အတူ လာပါဦး။ ငါက သူ႔ရဲ႕ဦးေလး ေမာ့က်န္းခ်န္ပါ"

သူ႔ဇနီးသည္၏ ထိန္းထားေသာ သြင္ျပင္ႏွင့္ ယွဥ္လွ်င္ ေမာ့က်န္းခ်န္က ပိုၿပီးရယ္ေမာသည္။ သူတို႔ဆက္ဆံေရးကိုလည္း သြယ္ဝိုက္၍ ေျပာခဲ့၏။ အဓိကအားျဖင့္ စစ္တပ္ထဲတြင္ သူသည္ အမ်ိဳးသားမ်ားကိုသာ ႀကိဳက္ေၾကာင္း သတင္းထြက္ၿပီးသား ျဖစ္၏။ သူတို႔စုံတြဲ၏ လက္ခံႏိုင္စြမ္းက က်န္သည့္သူမ်ားထက္ ပိုျမင့္သည္။

"ေက်းဇူးပါ ဗိုလ္ခ်ဳပ္ေမာ့"

ယြင္ခ်ဲ႕က ၿပဳံးလ်က္ အ႐ိုအေသ ေပးလိုက္၏။ ေမာ့က်န္းခ်န္ႏွင့္ သူ၏ဇနီးက သူ႔ကို ခံစားခ်က္ေကာင္းေပး၏။ သူႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ အနည္းဆုံးေတာ့ ေလးစားရန္ ထိုက္တန္သည္။

"ပစၥည္းေတြ အရင္ခ်ရေအာင္"

ရွင္းဖုန္းသည္ အခ်ိန္ကိုက္ ဝင္ေျပာလိုက္သည္။ သူတို႔အဆင္ေျပေနတာကို ျမင္ေသာအခါ ေဝ့ခန္းႏွင့္ က်န္သည့္သူမ်ားက သုန္မႈန္ေနရာမွ သူတို႔ေဘးရွိ စစ္သားမ်ားကို သိုေလွာင္႐ုံဖြင့္ခိုင္းလိုက္၏။ လူတိုင္းက ရွင္းဖုန္းသည္ မ်ိဳးေစ့မ်ား စုေဆာင္းလာခဲ့တာ မဟုတ္မွန္း သိ၏။ သူက ေရွ႕ဆက္မသြားေတာ့ေပ။ နယ္ေျမစြမ္းအားရွင္အခ်ိဳ႕က သိုေလွာင္႐ုံထဲ တစ္ေယာက္ၿပီးတစ္ေယာက္ဝင္သြား၏။ ဟယ္႐ုံယီအလွည့္၌ စစ္တပ္က သူ၏နယ္ေျမကို စစ္ေဆးရန္ ေတာင္းဆိုေလ၏။ ရွင္းဖုန္းက ထိတ္လန႔္သြားသည္။

"ဘာေၾကာင့္လည္း ခင္ဗ်ားတို႔ရဲ႕ ပစၥည္းေတြကို ဘာမွမဝွက္ထားဘူး စိတ္မပူနဲ႔ ဘာေၾကာင့္မ်ား ပစၥည္းေတြ ပို႔ဖို႔ ေတာင္းဆိုေသးလဲ"

ဟယ္႐ုံယီကလည္း လူၾကမ္းတစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ သူက သူ၏နယ္ေျမထဲ၌ ပစၥည္းတစ္ခုခု ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ထိုကဲ့သို႔ အျပဳအမူက သူ႔ကို တိုက္႐ိုက္ ေစာ္ကားရာ ေရာက္ေန၏။

"အထင္မလြဲပါနဲ႔ စည္းမ်ဥ္းေတြ အတိုင္းပဲ လုပ္တာပါ ေက်းဇူးျပဳၿပီး ပူးေပါင္းေပးပါ"

ခ်င္ရႈဟန္ ႏိုင္ငံေရးအရာရွိ ဝမ္က်ားကြၽင္းတို႔က ၿပဳံးၿပီး ရွင္းျပလိုက္၏။ သို႔ေသာ္ သူ၏ရွင္းျပခ်က္က ရွင္းျပခ်က္ မဟုတ္သလိုပင္။ ယင္းက လူအမ်ားကို ပိုေတာင္ ေဒါသထြက္ေစ၏။

"ဘယ္သူက ပူးေပါင္းတာတဲ့လဲ မင္းက လူေတြကို ေစာ္ကားေနတာပဲ"

မည္သူကမွ တုံးအသူမဟုတ္ေပ။ သူတို႔ တစ္စုံတစ္ခု ဝွက္ထားသည္ဟု သံသယမျဖစ္လွ်င္ သူတို႔၏နယ္ေျမကို အဘယ္ေၾကာင့္ စစ္ေဆးခြင့္ေတာင္းမည္နည္း။

"ေတာ္ေလာက္ၿပီ စစ္ေဆး႐ုံပဲ မင္းရဲ႕အသက္ကို မလိုခ်င္ဘူး"

ဝမ္ေဝ့က တင္းမာစြာ ေအာ္ေျပာလိုက္သည္။ ထိုမတိုင္မီက သူ၏အၾကည့္သည္ ရွင္းဖုန္းေဘးတြင္ တည္ၿငိမ္စြာ ရပ္ေနေသာ ယြင္ခ်ဲ႕ကို ၾကည့္လိုက္၏။ အမွန္တကယ္တြင္ နယ္ေျမစြမ္းအားကို စစ္ေဆးသည့္ကိစၥ ဆုံးျဖတ္ၿပီးသား ျဖစ္သည္။ ယြင္ခ်ဲ႕၏နယ္ေျမ အလြန္ႀကီးမားေၾကာင္း သူတို႔ၾကားထားေသာေၾကာင့္သာ စစ္ေဆးရန္ ဆုံးျဖတ္လိုက္တာပဲ ျဖစ္၏။ သူတို႔က စုံစမ္းၾကည့္ခ်င္သည္။ နယ္ေျမစြမ္းအားရွိသည့္သူမ်ား တစ္စုံတစ္ရာ ဝွက္ထားသည္ဟု သံသယဝင္ျခင္းမွာ အေသးအဖြဲ႕မဟုတ္ေပ။
148 04
"မင္း.."

"ဗိုလ္ခ်ဳပ္ဝမ္က ေျပာေတာ့သာလြယ္တယ္။ နယ္ေျမစြမ္းအားဆိုတာ လူတစ္‌ေယာက္ရဲ႕မ်က္ႏွာလိုပဲ။ ဗိုလ္ခ်ဳပ္ဝမ္ေျပာပုံအရ.. က်ဳပ္က ေလ့လာဖို႔အတြက္ ခင္ဗ်ားရဲ႕မ်က္ႏွာအေရခြံကို ခြာၾကည့္ခ်င္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေသတာမွ မဟုတ္တာ"

ဟယ္႐ုံယီသည္ တစ္စုံတစ္ခု ေျပာခ်င္၏။ ယြင္ခ်ဲ႕က သူ႔ကို ဟန႔္တားလိုက္ကာ ေရွ႕သို႔ တိုးလိုက္‌ေတာ့သည္။ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္လိုက္၏။ ယြင္ခ်ဲ႕က ဤအေရးကိစၥကို စစ္တပ္က ရွာေတြ႕ၿပီး ျဖစ္လိမ့္မည္ဟု မထင္ထားေပ။ သူက တုံးအသူ မဟုတ္ေပ။ ဟယ္႐ုံယီ၏ နယ္ေျမထဲမွ ထုတ္လာသည့္ ပစၥည္းအေရအ‌တြက္ကို လူတိုင္း မွတ္တမ္းတင္ထားသည္။ ၿပီးေနာက္ စစ္တပ္သည္ သူ႔ကို ရန္စရန္ မလိုအပ္ေခ်။ သူတို႔ေနာက္၌ စြမ္းအားရွင္အဖြဲ႕ ရွိေနေသာေၾကာင့္ ျဖစ္သည္။ ထို႔အျပင္ သူကသာလွ်င္ စစ္တပ္၏အဖြဲ႕ဝင္ မဟုတ္ေသာ တစ္ဦးတည္းေသာ နယ္ေျမစြမ္းအားရွင္ျဖစ္၏။ သူပိုင္ဆိုင္ထားသည့္ နယ္ေျမ၏အ႐ြယ္အစားကို ေတြ႕မိေသာအခါ ယြင္ခ်ဲ႕က သူတို႔၏အျပဳအမူသည္ သူ႔ကို ပစ္မွတ္ထားေနေၾကာင္း ေသခ်ာသြားေတာ့၏။

"အဲလိုေျပာလို႔မရဘူး ငါတို႔လည္း စည္းမ်ဥ္းေတြအတိုင္းလုပ္ေနတာ"

သူ၏မ်က္လုံးထဲ၌ ေဒါသအရိပ္အေယာင္ ေပၚလာ၏။ ဝမ္ေဝ့ခ်န္က မေက်နပ္မႈကို ဖိႏွိပ္ကာ ခ်င္ရႈဟန္၏အာဏာကို ငွားသုံးခ်င္သည္။ သူတို႔က ကိစၥတစ္ခုခု ျဖစ္လာတိုင္း၌ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ လိုအပ္ေၾကာင္းသာ ေျပာခဲ့သည္။ ထိုအခ်ိန္က် ႏိုင္ငံသားမ်ားက ေ႐ြးခ်ယ္စရာမရွိဘဲ ပူးေပါင္းရေတာ့၏။ ကံဆိုးသည္မွာ ယေန႔ သူက ယြင္ခ်ဲ႕ႏွင့္ လာေတြ႕သည္။

"ဘာစည္းမ်ဥ္လဲ ဘယ္စည္းမ်ဥ္းလဲ ျပဦး"

ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားၿပီး ယြင္ခ်ဲ႕က သူတို႔ဆီ လက္ဆန႔္ထုတ္လိုက္၏။ ဝမ္ေဝ့ႏွင့္ ခ်င္ရႈဟန္က မ်က္ေမွာင္ၾကဳတ္သြားကာ ေဝ့ခန္းႏွင့္ လင္ဟုန္က်ီကလည္း ေလွ်ာက္လာေလ၏။

"ေခါင္းေဆာင္ယြင္ ေက်းဇူးျပဳၿပီး.. ပူးေပါင္းေပးပါ"

"ဟုတ္တယ္ ေခါင္းေဆာင္ယြင္ စည္းမ်ဥ္းစည္းကမ္းအတိုင္း ေက်းဇူးျပဳၿပီး ပူးေပါင္းေပးပါ"

သူတို႔က ယြင္ခ်ဲ႕အေၾကာင္း အေသးစိတ္ ရွာေဖြခ်င္ၾက၏။ ရွင္းဖုန္းက ကူညီခ်င္သည္။ သို႔ေသာ္ ရွင္းထ်န္းလန္ႏွင့္ သူ၏ဇနီးသည္က ဟန႔္တားလိုက္၏။ ႏွစ္ေယာက္လုံးက သူ စိတ္မပူသင့္ေၾကာင္း အရိပ္အႁမြတ္ ျပလိုက္သည္။ ေသခ်ာ ထပ္စဥ္းစားၿပီးေသာအခါ ရွင္းဖုန္းက ေျခေထာက္ကို ျပန္႐ုပ္လိုက္၏။ ယြင္ခ်ဲ႕အေပၚ သူ၏နားလည္ထားမႈအရ သူ အေရးနိမ့္မွာ မဟုတ္ေပ။

"ခင္ဗ်ားတို႔ ေျပာပုံအရ က်ဳပ္ ခင္ဗ်ားတို႔နဲ႔ မပူးေပါင္းဘူးလို႔ မေျပာမိပါဘူး စည္းမ်ဥ္းစည္းကမ္းေတြ ရွိတယ္ဆိုရင္ ျပလိုက္ေလ ဒီလို စည္းမ်ဥ္းရွိတယ္ဆိုရင္ က်ဳပ္ ပူးေပါင္းမယ္ စစ္ေဆးခြင့္ေပးမယ္"

သူတို႔ကို ၾကည့္ၿပီးေနာက္ ယြင္ခ်ဲ႕က ထပ္မံၿပဳံးလိုက္ျပန္၏။ သို႔ေသာ္ျငား သူ၏အၿပဳံးက လူတိုင္း၏အျမင္တြင္ အၿပဳံးဟုတ္မေနေပ။ ဝမ္ေဝ့ႏွင့္ က်န္သည့္သူမ်ားက သုန္မႈန္ကုန္၏။ သူတို႔က စည္းမ်ဥ္းစည္းကမ္း မေရးရေသးေပ။ အေျခစိုက္စခန္း တည္ေဆာက္တာက ႏွစ္လသာ ရွိေသး၏။ အေျခစိုက္စခန္း ထိန္းသိမ္းရန္အတြက္ အခ်ိဳ႕ေသာ စည္းမ်ဥ္းစည္းကမ္း ခ်မွတ္ထားသည္မွအပ သူတို႔ေျပာလိုက္သည့္ သေဘာတူညီခ်က္က မေရးထားရေပ။ မည္သည့္ေနရာကေန ျပသရမည္နည္း။

"ေခါင္းေဆာင္ယြင္ စည္းမ်ဥ္းေတြက မေရးရေသးပါဘူး"

"ဒါဆို အဓိပၸာယ္မရွိ ေျပာေနတာလား။ ကြၽတ္စ္ ကြၽတ္စ္.. စစ္တပ္ကို အားကိုးလို႔ရတယ္လို႔ ေျပာႏိုင္ပါဦးမလား မသတ္မွတ္ရေသးတဲ့ စည္းမ်ဥ္းေတြနဲ႔ စည္းမ်ဥ္းစည္းကမ္းရွိတယ္လို႔ ေျပာတယ္။ ဒီစည္းမ်ဥ္းစည္းကမ္းေတြ ဘယ္ေနရာကေန ေရာက္လာတာလဲ။ ခင္ဗ်ားတို႔ ေျပာခ်င္သလို ေျပာေနတာလား"

ယြင္ခ်ဲ႕သည္ ထူးဆန္းေသာအၿပဳံးျဖင့္ သူ႔ကို ျဖတ္ေျပာလာခ်ိန္၌ ခ်င္ရႈဟန္ ေျပာမၿပီးေသးေပ။ သူေျပာသမွ် စကားလုံးတိုင္းက က်ည္ဆံမ်ား အျပည့္ျဖစ္ေနၿပီး ေလွာင္ေျပာင္ျပက္ရယ္ျပဳမႈမ်ား ျပည့္ေနကာ လူအမ်ား၏ မ်က္ႏွာကို သုန္မႈန္ၿပီးရင္း သုန္မႈန္လာေစ၏။

ထိုမတိုင္မီက ယြင္ခ်ဲ႕ကို ႏႈတ္ေရးထက္သည္ဟု မည္သူကမွ မထင္ခဲ့ၾကေပ။ သာမန္အေျခအေနေအာက္၌ စစ္တပ္သည္ စည္းမ်ဥ္းစည္းကမ္းအေၾကာင္းကို ေျပာလိုက္သည္ႏွင့္ အရာအားလုံးက ေျဖရွင္းၿပီးသား ျဖစ္သြားလိမ့္မည္။ ထို႔ေၾကာင့္ သူတို႔ ယခုအခ်ိန္၌ အံ့ဩဆြံ႕အေနေလသည္။

"ဒါကမွ ဟုတ္ေသးတယ္ က်န္တဲ့ပစၥည္းေတြကို ဘယ္ေနရာမွာ ထားရမလဲ"

ယြင္ခ်ဲ႕သည္ ရႈံ႕မဲ့ေနေသာ လူမ်ား၏ မ်က္ႏွာအမူအရာကို အဓိပၸာယ္ပါပါ ၾကည့္လိုက္၏။ သူက ပစၥည္းမ်ားခ်ရန္ ဆုံးျဖတ္ခ်ိန္၌ စိတ္ပိုင္းဆိုင္ရာ နစ္နာေၾကးအေနျဖင့္ သုံးပုံတစ္ပုံကို ယူထားလိုက္ရန္ ဆုံးျဖတ္လိုက္၏။ မည္သည့္နည္းႏွင့္မဆို သူတို႔မ်က္စိႏွင့္ ျမင္မည္ မဟုတ္ေသာေၾကာင့္ စစ္ေဆးႏိုင္မွာ မဟုတ္ေပ။

Telegram မွာ အပိုင္း ၂၇၇အထိ ေရာက္ပါၿပီေနာ္။ 

Continue Reading

You'll Also Like

14.1K 1.2K 7
•Original Title - 最后一百天 •English Title - The Final 100 Days •Author - 买菜 •Genres - Tragedy...
32.8K 3.9K 37
This is not my work. This is a fan translation. All credit to original author and English translator.
810K 26.3K 59
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
118K 15.1K 80
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...