145 01
အခန်း ၁၄၅ ယခင်ဘဝမှ မိတ်ဆွေများ။
"မုန့်ရွှီ မင်း ဘာလုပ်နေတာလဲ"
"မဟုတ်ဘူး ငါ မရည်ရွယ်ဘူး"
"အစ်ကို"
အာရုံတက်ချိန်ပြီးနောက် ခြေသံများနှင့် အော်ဟစ်သံများ ကြားလိုက်ရသည်။ ဝန်ဆောင်မှုဧရိယာအပြင်ဘက်၌ စောင့်ကြပ်နေသော အစောင့်များက သွားစစ်ဆေးကြည့်ရန် ရည်ရွယ်လိုက်၏။ ရုတ်တရက် ကောင်းကင်ပေါ်ကနေ အရိပ်နှစ်ရိပ် ကျလာတော့သည်။ တစ်ချက်သွားကြည့်လိုက်ရာ စစ်သားများက သတိအနေအထားဖြင့် ထရပ်လိုက်၏။
"ခေါင်းဆောင်ရှင်း ခေါင်းဆောင်ယွင်"
မြို့တော်သို့ ရက်ပိုင်းအတွင်း ခရီးနှင်ပြီးနောက် စစ်သားများ၏ ရင်ထဲ၌ ရှင်းဖုန်းတို့က နောက်ထပ်တစ်ဆင့်ထိ ရောက်သွား၏။ အထူးသဖြင့် ယွင်ချဲ့ပဲဖြစ်သည်။ သူတို့က သူ့ကို လေးစားရုံသာမက သူ့အပေါ် မဖော်ပြနိုင်သည့် ကျေးဇူးတရားကိုလည်း ခံစားမိသည်။ သူတို့က တန်ဖိုးရှိကြောင်းနှင့် သူတို့တွင် ရှိသင့်ရှိထိုက်သည့် ဂုဏ်သိက္ခာကို သိရှိလာအောင် သူကသာ ပြောပြပေးခဲ့သူဖြစ်သည်။
"အလုပ်ကြိုးစားတာ ကောင်းတယ် မော့ရှောင်ကို အရင် သတင်းသွားပို့လိုက် ဒီမှာ ဧည့်သည်ရောက်နေတယ်လို့ပဲ ပြောလိုက် ငါနဲ့ရှင်းဖုန်းနဲ့ တစ်ချက်သွားကြည့်လိုက်မယ်"
သူက သူတို့ကို နှုတ်ဆက်ရန် သာမန်ကာလျှံကာ လက်ဝေ့ယမ်းလိုက်၏။ ယွင်ချဲ့က ရှင်းဖုန်းနှင့်အတူ လျှောက်ထွက်လာသည်။ စစ်သားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ တစ်ချက်ကြည့်ပြီးနောက် အဆင့်သုံး လူနှစ်ယောက်က နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားကာ ကျန်သည့်နှစ်ယောက်ကမူ အစောင့်အကြပ် ကင်းစောင့်သည့်နေရာမှာတင် ရပ်ပြီး ဆက်လက် ကင်းစောင့်နေလေ၏။ ကျန်သည့်သူများက လှည့်ပြေးသွားပြီး ဝန်ဆောင်မှုဧရိယာအတွင်းထဲရှိ စားသောက်ဆိုင်ထဲသို့ ပြေးသွားလေ၏။
"လူတစ်စုက လူသုံးယောက်နောက်ကို လိုက်နေတာ သူတို့က နောက်မှာလိုက်နေတဲ့ ဖုတ်ကောင်တွေကိုတောင် ရှင်းဖို့ စိတ်ထဲမထားဘူးပဲ သူတို့မှာ အမုန်းတရားတွေ ဘယ်လောက်များရှိနေလဲ"
အမျိုးသမီးတစ်ယောက်က ပြေးလာပြီး နောက်မှ စွမ်းအားရှင် တစ်ဒါဇင်ကျော်က လိုက်ပါလာပြီး သူတို့နောက်ကနေ မာန်ဖီနေသော ဖုတ်ကောင်များ ပါလာ၏။
"ဒီလိုပေါင်းစည်းမှုမျိုးက ကြည့်ရုံနဲ့တင် ဆွေမျိုးသားချင်းတွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ ပြောလို့ရတယ် ဒါတွေကို မင်း ဘယ်အချိန်ကစပြီး ဒီလောက်စိတ်ဝင်စားသွားရတာလဲ"
ရှင်းဖုန်းက သာမန်ကာလျှံကာမေးလိုက်ပြီး ဘေးတိုက်ကြည့်လိုက်သည်။ ယွင်ချဲ့၏ အကျင့်စရိုက်အရ ဤကဲ့သို့ ဆူညံပူညံကိစ္စရပ်များကို သူ စိတ်အနှောင့်အယှက် ဖြစ်ခံမှာ မဟုတ်ပေ။
"ဟီးဟီး ငါက သူတို့ရဲ့ ပေါင်းစီးမှုကို စိတ်ဝင်စားတာ မဟုတ်ဘူး အဲဒီ လူနှစ်ယောက်ကို စိတ်ဝင်စားတာ ဒါပေမဲ့ အထင်မလွဲလိုက်နဲ့နော် ဟိုလို စိတ်ဝင်စားတာ မဟုတ်ဘူး"
သူပြောတာ မပြီးသေးခင် ရှင်းဖုန်ူ၏ သတိပေးသည့်အကြည့်ကို ရလိုက်သည်။ ယွင်ချဲ့က သူ့ကို အမြန်နှစ်သိမ့်လိုက်၏။ အစကတော့ သူသည် အောက်ဆင်းရန် မရည်ရွယ်ထားပေ သို့သော် သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာသည့် သူ၏သွင်ပြင်ကို မြင်ပြီးနောက် ကစားရန် ဆုံးဖြတ်လိုက်သည်။ သူ့အဖို့ သူတို့ကို မြင်တွေ့ဖို့က မလွယ်ကူပေ။ သူ့ကို ချည်နှောင်ထားရန် အခွင့်အရေး မယူခဲ့ပါက စိတ်ပျက်စရာ ကောင်းသွားလိမ့်မည် မဟုတ်ပါလော။
သူ၏အမူအရာက ရုပ်ဆိုးနေသေးသည် သို့သော်ငြား ရှင်းဖုန်း၏အကြည့်၌ သတိပေးမှုများ ပြည့်နေသည်မှာ ယွင်ချဲ့စကားမှားသွားလျှင် သူ အလေးထား ဖြေရှင်းတော့မည်ဟု ပြောနေသယောင်ပေ။ ထိုအရာကို မြင်သောအခါ ယွင်ချဲ့က ဦးရေပြားများ ကျိန်းစပ်သွားကာ မျက်နှာအနည်းငယ် ရှုံမဲ့သွားလေ၏။
"မုန့်ကန်းနဲ့ မုန့်ရွှီ ရေဓာတ်စွမ်းအား၊ သစ်သားဓာတ်စွမ်းအား၊ လေဓာတ်စွမ်းအား ဒြပ်စင်ငါးမျိုးက ညီတူမျှတူ ထောက်ပံ့ပေးနေတယ်။ ကျုပ်တို့အဖွဲ့မှာက မရှိတာ ရေစွမ်းအားရှင်နဲ့ သစ်သားစွမ်းအားရှင်ပဲ"
မုန့်ကန်းသည် ရေဓာတ်စွမ်းအားရှင်ဖြစ်ပြီး သူ၏ညီလေးက မုန့်ရွှီဖြစ်သည်။ သူ့အရင်ဘဝတုန်းက အနောက်တောင်ဘက် အခြေစိုက်စခန်း၌ သူတို့ကို တွေ့ခဲ့တာဖြစ်သည်။ ထိုစဉ်က မုန့်ရွှီ၏မျက်လုံးများ မမြင်ရတော့ပေ။ သူက စွမ်းအားနှစ်မျိုး ပိုင်ဆိုင်သူဖြစ်သော်ငြား စွမ်းအားရှင်အသင်းက သူ့ကို မလိုချင်ပေ။ ထိုစဉ်က ရေစွမ်းအားသည တိုက်ခိုက်၍မရဟူ၍ အများက ယုံကြည်ကြသည်။ ညီအစ်ကိုနှစ်ယောက်က စွမ်းအားရှင်အဖွဲ့ကို ဆက်လက်ရှာဖွေခဲ့သော်ငြား သူတို့ကို မည်သူကမှ လက်မခံခဲ့ပေ။ နောက်ပိုင်း၌ သူတို့က မည်သည့်အဖွဲ့ကိုမှ မဝင်တော့ပေ။ မုန့်ကန်းသည် ပထမဆုံးအကြိမ် တာဝန်ကို တစ်ယောက်တည်းသွား ထမ်းဆောင်စဉ် ရေစွမ်းအား၏အရှိန် ကြောက်မက်ဖွယ်ကောင်းပုံကို မြင်တွေ့ခဲ့၏။ တိုက်ပွဲပြီးနောက် သူတို့ကို အရင်က မနှစ်မြို့ခဲ့ဖူးသော စွမ်းအားရှင်အဖွဲ့များက တံခါးဝထိ ရောက်လာကြသည်။ သို့သော် မုန့်ကန်းက ခေါင်းမာပြီး သူတို့နားမလိုက်ပါပေ။ မည်သည့်အဖွဲ့က ဖိတ်ခေါ်စေကာမူ အားလုံးကို ငြင်းပယ်ခဲ့၏ ညှိနှိုင်းရန်မရှိပါပေ။
145 02
သူ၏ သန်မာသည့် တိုက်ခိုက်ရေးစွမ်းအင်ကို အားကိုးပြီး ညီအစ်ကိုနှစ်ယောက်က အတော်လေးကောင်းမွန်သည့် ဘဝရှိခဲ့သည်။ မုန့်ကန်းက ခေါင်းမာ၏။ သူက မည်သူနှင့်မှ သိပ်မဆင်မပြေပေ။ စွမ်းအားရှင်အသင်းက သူတို့နှင့် တာဝန်အတူ ထမ်းဆောင်ရန် ဖိတ်ကြားခဲ့လျှင် တစ်ဖက်က သင့်တော်သည့် ဒဏ်ကြေးပေးမှာဖြစ်၍ သူက ငြင်းမှာ မဟုတ်ပေ။ ယွင်ချဲ့နှင့်သူတို့ သိကျွမ်းပုံက အနည်းငယ် ရုပ်ရှင်ဆန်သည်။
အနောက်တောင်ဘက် အခြေစိုက်စခန်းတွင် သူ၏အစ်မနှင့် ညီလေးကိုရှာရန် ယာယီနေထိုင်စဉ်က သူသည် သူတို့ဘေး၌ နေဖြစ်ခဲ့သည်။ သူကလည်း စွမ်းအားရှင်အသင်းထဲ မဝင်ခဲ့ပေ။ ဟန်မင်ကျယ်က စွမ်းအားရှင်မဖြစ်သေးဘဲ သာမန်လူတစ်ယောက်သာ ဖြစ်နေသေး၏။ သူတို့နှစ်ယောက်က တာဝန်အတူ ဆောင်ရွက်ဖူးသည်။
မုန့်ကန်း၏ တိုက်ခိုက်ရေး စွမ်းအားက သန်မာသော်ငြား သူ့၌ နယ်မြေစွမ်းအားမရှိပေ။ သူက အပြင်ထွက်ပြီး ပစ္စည်းများ စုဆောင်းချိန်တိုင်း၌ အနည်းငယ်သာ သယ်ဆောင်လာနိုင်သည်။ သူကမူ လျှပ်စီးစွမ်းအားရှင် ဖြစ်ရုံသာမက နယ်မြေစွမ်းအားရှင်လည်းဖြစ်သည်။ နှစ်ယောက်သား ပေါင်းပြီးနောက် နှစ်ယောက်လုံး အကြိုးရှိလာ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ မိတ်ဆွေများဖြစ်လာပြီး တစ်ယောက်ကိုတစ်ယောက် ဂရုဏာသက်မိလာသည်။ မုန့်ကန်းကလည်း သူ့ကို ရေစွမ်းအား အသုံးပြုရမည့်ပုံစံ ပြောပြခဲ့၏။ ကံဆိုးသည်မှာ အနောက်တောင်ဘက် အခြေစိုက်စခန်းက သူ ထွက်လာပြီးနောက် ချောင်ရန်သည် ညီနောင်နှစ်ယောက်ကို ဖတ်ကြားခဲ့ကြောင်း သတင်းကြားခဲ့ရ၏။ ယခင်ဘဝတုန်းက မိတ်ဆွေဟူ၍ ထိုညီနောင်သာ ရှိလိမ့်မည်။ နောက်ပိုင်းတော့ သူတို့နှစ်ယောက်ကို ချောင်ရန်က ဖိတ်ပြီး နောက်ဘာဖြစ်မယ် သူမကြားရတော့ပေ။
"နောင်ကျ ပစ္စည်းတွေကောက်မလာနဲ့"
နောင်ကိုကြည့်လိုက်စဉ် အတိတ်ကို အောက်မေ့သည့်အမူအရာကို မြင်လိုက်ရ၏။ ရှင်းဖုန်းက ထပ်မမေးတော့ပေ။ သို့သော် သူ၏အမူအကျင့်ကို မှတ်ထားလိုက်၏။
"အဲဒါက ပစ္စည်းမဟုတ်ဘူး မိတ်ဆွေတစ်ယောက်"
"ကယ်ကြပါ ကယ်ကြပါ"
သူတို့ပြောနေစဉ်၌ လူသုံးယောက်က သူတို့ရှေ့သို့ ရောက်နေပြီဖြစ်၏။ မုန့်ကန်း မုန့်ရွှီတို့နှင့် အတူရှိနေသော အမျိုးသမီးက သူတို့ကို မြင်တွေ့ချိန်၌ ချက်ချင်းပင် ပြေးလာလေသည်။ သူမက ရှင်းဖုန်း၏ရင်ခွင်ထဲ ပြေးဝင်လာချင်၏။ သို့သော် ရှင်းဖုန်းက ရှောင်လိုက်သည်။ အမျိုးသမီးက ရပ်တန့်ရန် အချိန်မရှိဘဲ လဲကျလုနီးပါးဖြစ်သွား၏။ ယွင်ချဲ့က သူ့ကို ကြည့်တောင်မကြည့်ပေ။ သူမကို ကူပေးနေသည့် မုန့်ကန်းနှင့် မုန့်ရွှီကိုသာ အကြည့်ရောက်နေ၏။ မုန့်ရွှီ၏မျက်လုံးမှာ တင်းကြပ်စွာ ပိတ်ထားသည်မှာ ဒဏ်ရာရနေသည့်ပမာ ဖြစ်နေ၏။ ယွင်ချဲ့ရင်ထဲ တောင့်တင်းသွား၏။ ထို့ကြောင့် သူက တင်းခံနေရန် အလျင်မလိုပေ။ အနီးကပ်ကြည့်ပြီးနောက် ညီအစ်ကိုနှစ်ယောက် တစ်ကိုယ်လုံး ဒဏ်ရာများ ရထားပြီး မုန့်ရွှီ၏ ဘယ်ဘက်ခြေထောက်ကို တစ်စုံတစ်ခု ထိုးဖောက်သွားပုံရကာ သွေးများ ထွက်နေတာကို တွေ့လိုက်ရ၏။
အတိတ်နှင့် ပစ္စုပ္ပန်ကြား ဝေးကွာနေပြီ ဖြစ်သော်ငြား ယွင်ချဲ့သည် သူငယ်ချင်းဟုခေါ်နိုင်သည့်သူများကို တွေ့လိုက်ရသောကြောင့် အလွန်ပျော်ရွှင်နေသေးသည်။ သို့သော် သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူမဟုတ်ပေ။ အပေါ်ယံတွင်မူ သူက ပုံမှန်အတိုင်း နေနေလေ၏။ ရှင်းဖုန်းကသာလျှင် သူ့စိတ်အခြေအနေကို အနည်းငယ် ရိပ်မိတာဖြစ်သည်။
"မင်း ဘယ်သူလဲ"
ညီလေးကို ကူတွဲပေးထားသော မုန့်ကန်းက ယွင်ချဲ့နှင့် ရှင်းဖုန်းရှေ့တွင် ရပ်လိုက်သည်။ လင်းယုန်မျက်လုံးထဲ၌ ခုခံမှုများ အပြည့်ဖြစ်နေပြီး သူ၏မျက်နှာပေါ်၌ မုတ်ဆိတ်မွှေးများပြည့်နေကာ အမူအရာ ဖတ်မရပေ။ သို့သော် သူ့ကို ကူတွဲပေးထားသည့် မုန့်ရွှီက မျက်လုံးမဖွင့်နိုင်သောကြောင့် သတိဝင်သွားပြီး သူ့အစ်ကိုပြောသည့်စကားကို ကြားကာ သူတို့ တစ်စုံတစ်ယောက်နှင့် တွေ့မိပုံပေါ်မှန်း သိလိုက်၏။ နာကျင်လွန်းသောကြောင့်လားမသိ သူ၏မျက်နှာများလည်း ရှုံ့တွနေလေသည်။ သူက တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသေး၏။
145 03
"ငါတို့ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး မင်းတို့ကို နောက်ကလူတွေက ဘာလို့လိုက်ဖမ်းတာလဲ"
ယွင်ချဲ့က ပြုံးပြီး သူတို့နောက်ကို လှမ်းပြလိုက်၏။ သန်မာသည့် လူတစ်ဒါဇင်ကျော်က သူတို့နှင့် မီတာတစ်ရာတောင် မဝေးတော့ပေ။ မုန့်ကန်းက နောက်လှည့်ကြည့်ပြီး ပြောလိုက်၏။ "ငါ သူတို့ကို မသိဘူး"
သူသည် သူတို့ကို တကယ်မသိပေ။ မနေ့ညက သူတို့အခြေစိုက်စခန်းတွင်ရှိစဉ် သန္ဓေပြောင်းသစ်ပင် တိုက်ခိုက်တာ ခံခဲ့ရသည်။ သူ့ညီလေး၏မျက်လုံးသည် သန္ဓေပြောင်းသစ်ပင်၏ အစေးက သူ့ညီလေး၏မျက်လုံးကို လာစင်သည်။ အစက နာကျင်မှုက ပူလောင်နေပြီးနောက် မျက်လုံးမဖွင့်နိုင်ပေ။ သို့သော် မကြာမီ၌ သူတို့နောက်ကို ကားများစွာ လိုက်လာတာကို တွေ့လိုက်ရသည်။ ထိုကားများက ဖုတ်ကောင်များကြား ပိတ်ဆို့ခံထားရပြီးနောက်တွင် သူတို့က ကားကိုစွန့်ပစ်ကာ ထွက်ပြေး၏။ ကုန်တင်ကားထဲကနေ အမျိုးသမီးတစ်ယာက် ထွက်လာပြီး သူတို့အသက်ကို ကယ်ဆယ်စေချင်ကြောင်း မည်သူက သိမည်နည်း။ သူက ညီလေးကိုသာ ဂရုစိုက်ချင်ပြီး ထိုလူအကြောင်း စိတ်ထဲမထားချင်ပေ။ ဤနေရာထိ အလိုက်ခံရခြင်းက သူကိုယ်တိုင်တောင် မရှင်းပြတတ် ဖြစ်နေလေ၏။
"မင်းတို့က ဘယ်သူလဲ မင်းတို့ကိစ္စ မင်းတို့လုပ် ငါတို့က အဲဒီအမျိုးသမီးနဲ့ သူ့လူကိုပဲ လိုချင်တာ"
သူတို့နှင့် နှစ်မီတာမျှသာ ဝေးကွာတော့သည့် အချိန်၌ စွမ်းအားရှင်တစ်စုက ရပ်တန့်လိုက်၏။ သူတို့နောက်၌ ဖုတ်ကောင်များစွာကလည်း ချည်းကပ်လာလေသည်။ သူတို့အားလုံးက ဤနေရာသို့ အမျှားခံလိုက်ရ၏။ သို့သော်ငြား ထိုလူများက ကောင်းစွာလေ့ကျင့်ထားတာ သိသာ၏။ ယွင်ချဲ့နှင့် ကျန်သည့်သူများက ဤနေရာတွင် ရှိနေတာ ပုံမှန်မဟုတ်သောကြောင့် မည်သူကမှ သတိလက်လွတ် မလှုပ်ရှားရဲပေ။ သူတို့က နောက်ရှိ ဖုတ်ကောင်များကို ဖြေရှင်းရန် စိတ်စွမ်းအားကိုလည်း အသုံးမပြုကြချေ။
"ခင်ဗျားကို ပြောပြီးသားပဲ ကျုပ်တို့ ဒီမိန်းမနဲ့ ဘာမှမဆိုင်ဘူး"
ယွင်ချဲ့နှင့် ကျန်သည့်သူများ မပြောရသေးခင် မုန့်ကန်းက လှည့်ကြည့်ပြီး အော်ပြောလိုက်၏။ သေစမ်း သူသာ ဖောက်ပြန်တဲ့သူဆိုရင် တကယ်ကောင်းမှာပေါ့။ အခုတော့ ပြဿနာက သူဘယ်သူလဲဆိုတာတောင် သူ မသိဘူးလေ ဟုတ်သည်လား။
"သူမကိုယ်တိုင် ဝန်ခံခဲ့တာ မင်းက ငြင်းချင်သေးတုန်းလား"
ဦးဆောင်လာသည့်သူ၌ သုန်မှုန်သောမျက်ဝန်းများရှိပြီး ရှင်းဖုန်းနောက်၌ ပုံနေသော အမျိုးသမီးကို လက်ညိုးငေါက်ငေါက်ထိုးလိုက်၏။ မုန့်ကန်းက နုနယ်သည့် ကြောက်စိတ်လေးများကို သနားတတ်သည့် အမျိုးသားမဟုတ်ဘဲ သူက ထိုဘက်ခြမ်းကို အော်လိုက်၏။
"မင်းဘာသာမင်း ရှင်းပြ အမ်.. ဘယ်သူ့ကိုများ မင်းနဲ့ဖောက်ပြန်တဲ့သူဆိုပြီး တွေးနေတာလဲ သေစမ်း မင်း ငါတို့ ကားနောက်ခန်းထဲမှာ ဘယ်အချိန်တုန်းက ပုန်းနေလဲဆိုတာတောင် ငါမသိဘူး"
ထိုထက်ပိုပြီး အရှက်ကွဲစရာ မရှိတော့ပေ။
"ကျွန်မ" အမျိုးသမီးက ပါးစပ်ဟလာ၏။ မျက်နှာချင်းဆိုင်ရှိလူများနှင့် အကြည့်ဆုံသွားမိသည်နှင့် သူမက ချက်ချင်းပင် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ရှင်းဖုန်း၏မြင့်မားသော ခန္ဓာကိုယ်နောက်၌ သူမတစ်ကိုယ်လုံး ပုန်းနေလိုက်၏။
"သူက ကျွန်မရဲ့လူပဲ ရှင်တို့သွားတော့ ရှင်တို့နောက်ကို ပြန်လိုက်မှာမဟုတ်ဘူး"
"Fuck"
သူမက ကောင်းစွာပုန်းလိုက်၏။ သို့သော် သူမအသံကို ကြားနေနိုင်သေးသည်။ မုန့်ကန်းက ဒေါသထွက်လွန်းသောကြောင့် ချက်ချင်း ကျိန်ဆဲလိုက်ကာ သူမကို သေအောင် လည်ပင်းညစ်သတ်ချင်သွားသည်။ တစ်ဖက်ခြမ်းရှိလူများ၏ အမူအရာက ပိုတောင် သုန်မှုန်သွားလေ၏။
"ကောင်းပြီလေ မင်း ငါတို့နဲ့ မလိုက်ဘူးဆိုရင် မင်းနဲ့ ဖောက်ပြန်တဲ့သူကို အရင်သတ်ပြီး မင်းကို ဖုတ်ကောင်စာ ကျွေးပစ်မယ်"
ထိုလူက အံကြိတ်ပြီးနောက် လက်ဖဝါးကနေ မီးလုံးကို ပစ်လိုက်၏။ မုန့်ကန်းက ၎င်းကို မြင်သောအခါ လက်တစ်ဖက်ကို ချက်ချင်းဆန့်လိုက်၏။
"သေစမ်း ငါက မင်းတို့ကို ကြောက်နေလို့လား"
ဘုန်း..
ဘန်း ဘန်း..
ထိုလူက မီးလုံးတစ်လုံးကို လျင်မြန်စွာ ပစ်လိုက်လေ၏။ အသံထွက်ပေါ်လာပြီးနောက် ရေဖြင့် ပြုလုပ်ထားသော ဓါးကြီးတစ်လက်က ပေါ်ထွက်လာ၏။ ထိုလူက မီးလုံးကို လျင်မြန်စွာ ပစ်လိုက်သော်ငြား မီးလုံးက ဓါးသွားကို ထိမိသွားသည်နှင့် ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရ၏။ လူတိုင်းက ကြောက်လန့်သွားကြသည်။ ရေသွမ်းအားကတောင် တိုက်ခိုက်နိုင်ပြီး ထိုမျှထပ်မိနေသေး၏။ ယင်းက လူရော ဟုတ်သေးရဲ့လား။
ယွင်ချဲ့ကလည်း မရယ်မိအောင် ထိန်းထားရသည်။ သူ့အပြုံးကို အမြန်ထိန်းထားလိုက်၏။ သူ့ဘေးရှိ ရှင်းဖုန်းကမူ တစ်စုံတစ်ခုကို ခန့်မှန်းမိပုံပေါ်ကာ သူ့မျက်ဝန်းထဲရှိ ခုခံလွန်းရိပ်က ပျောက်ကွယ်သွား၏။
145 04
"အတူ တိုက်ခိုက်ကြရအောင်"
ထိုလူက မုန့်ကန်း၏ ပြိုင်ဘက်မဟုတ်မှန်း သိနေသောကြောင့် လက်ကို ဝေ့ယမ်းလိုက်၏။ သူနှင့် အတူ စွမ်းအားရှင်များစွာ ပါလာသည်။ မုန့်ရွှီမည်မျှ ရဲရင့်စေကာမူ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရတော့သည်။ ဆိုရလျှင် သူက မမြင်နိုင်ပေ လက်သာ အသုံးပြုနိုင်၏။ ဆိုရလျှင် သူ့၌ မမြင်ရသည့် ညီငယ်လေးကလည်း ရှိနေသေးပြီး ဒဏ်ရာကလည်း ရထားသေးသည်။ ထိုစဉ် ယွင်ချဲ့က ပြောလိုက်၏။
"ငါ့အဖွဲ့ကိုဝင် သူတို့ကို ဖြေရှင်းဖို့ မင်းကို ကူညီပေးမယ်"
"ကောင်းပြီလေ"
နောက်ကို လှည့်ကြည့်ပြီး မုန့်ကန်းက များများစားစား တွေးမနေဘဲ သဘောတူလိုက်၏။ အကြောင်းမှာ သူ့၌ ရွေးချယ်စရာ မရှိသောကြောင့်ဖြစ်သည်။
"မင်းတို့ကောင်တွေ မင်းတို့ကိစ္စ မလုပ်နိုင်ဘူးလား" တိုက်ခိုက်တော့မည့် လူတစ်စုက တပြိုင်နက်တည်း ရပ်တန့်သွား၏။ ရှင်းဖုန်းနှင့် ယွင်ချဲ့က တည်ငြိမ်လွန်နေသောကြောင့် သူတို့က သတိထားနေရသည်။
"တခြားသူတွေရဲ့ အရေးကိစ္စကို လျစ်လျူရှုထားလို့ရတယ် ဒါပေမဲ့ မင်းတို့ခုနတုန်းက ကြားလိုက်တာပဲ သူတို့တွေက အခု ငါ့ရဲ့စွမ်းအားရှင်အဖွဲ့ထဲက အဖွဲ့ဝင်တွေပဲ မင်းတို့ဘာသာမင်းတို့သွားမလား ဒါမှမဟုတ် မင်းတို့အသက်ကို ဒီမှာ ချန်ခဲ့မလား"
"ရှင်းဖုန်း၊ ယွင်ချဲ့"
"ခေါင်းဆောင်ရှင်း၊ ခေါင်းဆောင်ယွင်"
သူတို့ ပူးပေါင်းလိုက်သည်နှင့် မော့ဝမ်းယန်က စစ်သားတစ်စုနှင့် စွမ်းအားရှင်များကို ခေါ်ပြီး ပြေးလာလေ၏။ သန်မာသည့် လူတစ်စုက တိုက်ခိုက်ရန် စိတ်များမရှိတော့ဘဲ သူတို့ စွမ်းရည်များကို ချက်ချင်း ရုတ်သိမ်းကာ မုန်းတီးစွာ စောင့်နေလေ၏။ ထိုလူက ဒေါသတကြီး လှည့်အော်လိုက်၏။
"သွားကြမယ်"
ဉာဏ်ရှိသည့် လူတစ်ယောက်သည် သူ့နေရာသူသိသည်။ ရန်သူများက စစ်သားများ ဖြစ်သောကြောင့် သူတို့ကို ရန်မစနိုင်ပေ။
"နေဦး"
ယွင်ချဲ့က သူတို့ကို ရုတ်တရက် ခေါ်လိုက်သည်။ လှည့်ကြည့်လိုက်သည့် အချိန်၌ သူက ရှင်းဖုန်းနောက်တွင် ပုန်းနေသော အမျိုးသမီးကို ဆွဲထုတ်ကာ တစ်ဖက်သို့ ပစ်လိုက်လေ၏။ ယင်းက သူမကို လွင့်ထွက်သွားစေပြီး သူမက နာကျင်စွာ အော်လိုက်ကာ ဦးဆောက်လာသည့်သူ၏ ရင်ဘတ်နှင့်တိုက်မိသွားသည်။ "သူ့ကို ကြည့်လိုက်ဦး လိမ်နေမှန်း ခင်ဗျားတို့ ပြောနိုင်ပါတယ် ဖောက်ပြန်တဲ့သူကိုကျ အားမကိုးဘဲ အဲဒီအစား ပိုသန်မာတဲ့ သူစိမ်းနောက်မှာတောင် ပုန်းနေနိုင်သေးတယ် ကိုယ့်အမျိုးသမီးတောင် ကိုယ်မထိန်းချုပ်နိုင်ရင် တခြားသူနောက်လိုက်ဖို့ ဘာအရည်အချင်းရှိမှာလဲ ဒါနဲ့ ခင်ဗျားတို့တွေခေါ်လာတဲ့ ဖုတ်ကောင်တွေကို ကျေးဇူးပြုပြီး ရှင်းသွားပေးဦးနော်"
ဤနည်းဖြင့် ယွင်ချဲ့က လှည့်သွားပြီး ကျိုးဇယ်ယွီနှင့် ကျန်နေသူများကို မုန့်ရွှီတို့အား ကူညီပေးရန် အချက်ပြပြီးနောက် လှည့်ထွက်သွားသည်။
"သေသင့်တဲ့ ခွေးမ"
Telegram မှာ အပိုင်း ၂၇၅အထိ ရောက်ပါပြီနော်။
Zawgyi
282 01
အပိုင်း (၂၈၂)
ထိုမျက်ရည်တွေက သူ့အတွက်တော့ ဓါးတစ်လက်လိုပင်
နန်းပေါင်ရီက စာအချို့ကိုယူပြီး ကြည့်လိုက်သည်။
သူမ မျက်နှာလေး၏ အမူအယာက တဖြည်းဖြည်းနှင့် တည်တင်း လာတော့သည်။
ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုက ဒီနှစ်နှင့် နောက်နှစ်အတွက် ကြီးမားသော အကျပ်အတည်း ဖြစ်သည်။ အစားအစာနှင့် ရေဆိုတာ လူတွေ အသက်ရှင် ရပ်တည်ရန် အတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်။ သို့သော် ဆန်ဂိုဒေါင် တော်တော်များများ မီးရှို့ခံလိုက်ရတာတောင် တိုင်းပြည်ရဲ့ အောက်ရုံး တရားသူကြီးများ ဘာဆိုဘာတစ်ခုမှ လုပ်မပေးချေ။ တကယ်ကို နေစိမ့်လှသည်။
ရှောင်းယီက လိုင်ချီးသီးတွေကို ဖြည်းညင်းစွာ အခွံခွာနေသည်။
ပြီးခဲ့သည့်ရက် အနည်းငယ်က ကျင်းယုမန်တန်မှာ သူဌေးဝမ်က ရှုနိုင်ငံ၏ ဆန်ကုန်သည်များ ပူးပေါင်းပြီး ဆန်ဈေးတက်ဖို့ အတွက် သူနှင့်ပူးပေါင်းရန် ကြိုးစားခဲ့သည်။ သို့သော် သူက ငြင်းပယ် လိုက်သည်လေ။
စဉ်းစားကြည့်လိုက်ရင် ဒါက ထိုသူတို့ရဲ့ လက်တုံ့ပြန်ခြင်းပင်။
စက်ဆုပ်ရွံရှာဖို့ ကောင်းလိုက်လေခြင်း...
သူက လိုင်ချီးသီးကို အခွံခွာပြီး နန်းပေါင်ရီ၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။
အပြုံးတစ်ချက်ဖြင့် "ဘယ်လိုထင်လဲ ကျောင်းကျောင်း"
"အစ်ကို ၂ က သူတို့ရဲ့ ငွေရပေါက် ရလမ်းကို ပိတ်မှာ စိုးနေကြတာ"
နန်းပေါင်ရီက အသံပြင်းပြင်းဖြင့် "ဟောင်လောင်ကျူးရဲ့ စပါးကျီတွေကို အချိန်တို အတွင်းမှာ ရှာနိုင်တယ်၊ ပြီးတော့ ၃၂ မြို့က အောက်ရုံး တရားသူကြီးတွေကို တစ်ချိန်တည်းမှာ ခေါ်ပြီး တိတ်တိတ်နေ ခိုင်းနိုင်တဲ့ သူဟာ ရှုနိုင်ငံရဲ့ ဘုရင်ခံက လွဲပြီး ဘယ်သူကမှ မလုပ်နိုင်ဘူး"
ချန်းမိသားစုက ရှုနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းကို ခြေကုတ်ယူထားပြီး ဖြစ်သည်။
ဘုရင်ခံချန်းတွင် တပည့် အများကြီးရှိပြီး ၃၂ မြို့၏ အောက်ရုံး တရားသူကြီးမှာလည်း သူ့၏ မြင်းလားရာ တစ်ခုတည်း ကိုသာ ကြည့်ကြသည်။ အာဏာရှိခြင်း၏ ပြယုဂ်တစ်ခုပင်။
သူက သူတော်ကောင်း တရားမရှိသော သူတစ်ယောက်မှန်း နန်းပေါင်ရီ သိသည်။ သို့သော်လည်း မထင်ထားသည်မှာ လူအများ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးနိုင်တာကိုပင် လျစ်လျူရှုပြီး ငွေရှာရန် အရမ်းကို ဟောင်ဖွာဟောင်ဖွာ လုပ်ရဲလိမ့်မည် ဆိုသည်ကိုပင်။
ဆန်တွေ အများကြီး အားလုံးက အစ်ကို ၂ ရဲ့ ပင်ပင်ပန်းပန်း ကြိုးပမ်း ထားရတာတွေလေ...
အားလုံး မီးရှို့ခံလိုက်ရတယ်....
ဧကရာဇ် သံတမန်က ဒီမှာ ရှိနေသေးတာတောင် ရာဇဝတ်မှု ကျူးလွန်ဖို့ မကြောက်ဘူးလား...
သူမက ရှောင်းယီ၏ ကျယ်ပြန့်သော ဝတ်စုံလက်ကို ဆွဲပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ငိုကြွေးတော့သည်။
"အစ်ကို ၂၊ ဒီမှာ ကုချုံရှန်း ရှိနေတုန်းမှာ ဘုရင်ခံချန်းရဲ့ ပြစ်မှုကို ဖော်ထုတ်ဖို့ သွားကြမလား"
"အသုံးမဝင်ဘူး"
ရှောင်းယီက ချောမော ကြည့်ကောင်းသော ဟန်ပန်ဖြင့် လိုင်ချီးသီးတွေကို အခွံခွာနေဆဲပင်။
"ဘာလို့ အသုံးမဝင်တာလဲ"
"ကုချုံရှန်းက ချန်းဝမ်အုပ်စုရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ၊ ဒါပေမယ့် ချန်းဟောင်နဲ့ ဘုရင်ခံချန်းက ကြားနေတွေ၊ ဒီတစ်ခေါက် ကုချုံရှန်း ရှုနိုင်ငံကို လာတာဟာ ဘေးအန္တရာယ် အတွက် ကူညီထောက်ပံ့ငွေ ကိစ္စကို စစ်ဆေးဖို့နဲ့ တော်ဝင်ကုန်သည် ရွေးချယ်ဖို့အပြင် တခြား ရည်ရွယ်ချက် မရှိဘူးလို့ ထင်လို့လား"
နန်းပေါင်ရီ ရုတ်ခြည်း ထိတ်လန့် သွားတော့သည်။
အခု မင်းသားက အရွယ် ရောက်လာပြီ ဆိုတော့ ထီးနန်းအတွက် စစ်မြေပြင်ကို ကန်ထုတ် ခံလိုက်ရ လေပြီ....
စစ်သည် လေးသိန်းအထက်မှာ ထိုင်နေသည့် ဘုရင်ခံရွယ်နှင့် ရှုနိုင်ငံ၏ အာဏာစက်ကို ပိုင်ဆိုင်ထားသော ဘုရင်ခံချန်းတို့က အနိုင်ရရန်အတွက် ချန်းဝမ်ကို ပစ်မှတ်ထားမည်မှာ မလွဲပင်။
ထို့ကြောင့် ကုချုံရှန်း ရောက်လာတာက သူတို့ကို အနိုင်ပေးဖို့။
ကုချုံရှန်းက အစ်ကို ၂ ကို မကူညီလောက်ဘူးလား....
သူမ၏စိတ် နည်းနည်းလေး အတွေးနစ် သွားမိသည်။ ရှောင်းယီက သူမကို နောက်ထပ် လိုင်ချီးသီး တစ်လုံး ကျွေးလာပြန်သည်။
282 02
သူက ခပ်သော့သော့ ရယ်မောရင်း "ကောင်မလေး အိပ်ခန်းထဲမှာပဲ နေ့တိုင်း ကဗျာတွေ၊ စာတွေဖတ်ပြီး၊ ပန်းတွေနဲ့ ငှက်တွေပုံကို ပန်းထိုးနေရတာ မပျော်တော့ဘူးလား။ အမြဲတမ်း ဘာလို့ ရှုပ်ထွေးတဲ့ ကိစ္စကြီးတွေကိုပဲ စဉ်းစားနေရတာလဲ။ ဒီအစ်ကို တစ်ယောက်လုံး ရှိနေတာပဲ တခြားသူတွေက စော်ကားတာကို ဘယ်ငုံ့ခံနေပါ့မလဲ"
နန်းပေါင်ရီဆီက ဘာစကားမှ ထွက်မလာပါချေ။ သူမက ရှောင်းယီ၏ ပခုံးကို မှီလိုက်ပြီး မျက်နှာလေးကို သူ့လည်တိုင်မှာ နှစ်ထားလိုက်သည်။
သူမ အရမ်း မှားသွားခဲ့ပြီ....
ပြန်လည် မွေးဖွားပြီးနောက် အချိန်မှန် နေရာမှန်မှာ နေရာယူနိုင်တာ သိသာလှသည်။ ရှင်းရှင်းလင်းလင်းကြီး ဆန်စပါးတွေ အများကြီးကို သိုဝှက် သိမ်းဆည်း ထားခဲ့ပြီး လူထောင်ပေါင်း များစွာကို ကယ်ချင်ခဲ့သည်။ သို့သော် တခြားသူများ၏ လောဘကြောင့် နောက်ဆုံးတော့ ကျဆုံးခဲ့ရ လေပြီ....
သူမက အိမ်တွင်းပုန်းလေး တစ်ယောက် ဖြစ်ပြီး အရည်အချင်း မရှိသလို အတွေးတိမ်သော်လည်း 'နိမ့်ကျတဲ့သူ တစ်ယောက် ဆိုရင်တောင် တိုင်းပြည်အတွက် မမေ့သင့်ဘူး' ဆိုသည့် စကားကိုတော့ သိသေးသည်။
ထိုလူတွေက ရာထူးဌာနန္တရတွေ ကြီးမြင့်ကြပြီး ပညာရှိ စာပေတွေကိုလည်း ငယ်စဉ် ကတည်းက ဖတ်ရှု လေ့လာခဲ့ကြသူတွေလေ။ သူတို့က ဘာလို့ မသိကြတာလဲ ...
လူငယ်၏ လည်ပင်းထက်မှ နွေးထွေးသော စီးကြောင်းတစ်ခုက လိမ့်ဆင်းလာသည်။
ရှောင်းယီ၏ မျက်နှာထားက အေးစက် သွားတော့သည်။
နန်းကျောင်းကျောင်း၏ မျက်ရည်တွေက ကမ္ဘာပေါ်မှာ အထက်ရှဆုံး လက်နက်တစ်ခုပဲ.....
လွယ်ကူစွာပင် ထိုမျက်ရည်များက သူ့အတွက်တော့ ဓါးတစ်လက်လိုပင်။
သူက ကောင်မလေး၏ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ် ပေးလိုက်ပြီး "ဘာမှမဖြစ်ပါဘူး၊ အစ်ကို အာမခံတယ်၊ ရှုနိုင်ငံ တစ်ဝှမ်းလုံး ဘာတစ်ခုမှ မဖြစ်စေရဘူး"
"မိဘတွေက အရာရှိကြီးတွေ ဖြစ်ကုန်ကြတဲ့ မြို့ ၃၂ မြို့က အောက်ရုံး တရားသူကြီးတွေကို လောကကြီးကို ကျေးဇူးဆပ်ဖို့အတွက် သတ်ပစ်ရမယ်၊ ဘုရင်ခံချန်းကလည်း ကိုယ့်ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစားမှုနဲ့ ဥပဒေ ချိုးဖောက်မှုအတွက်၊ လူရှေ့မှာ ပြစ်မှုကို ဖော်ထုတ် ပစ်ရမယ်"
"ငါ့ရဲ့ မွေးရပ်မြေနဲ့ လောကကြီးကို တိုးတက် ကြီးပွားစေချင်တယ်၊ လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ကျေကျေနပ်နပ်နဲ့ နေနိုင်ပြီး အလုပ် လုပ်စေချင်တယ်"
သို့ပြင် ပုလဲလေးလို လှပပြီး ဆွဲမက်ဖို့ ကောင်းတဲ့ ဒီကောင်မလေးကို ရောပေါ့......
လူငယ်၏ ကတိစကားက ကျယ်လောင်လှသည်။
နန်းပေါင်ရီ သူ့ကို ယုံကြည်သည်။ သူက ဩဇာအာဏာရှိသော အမတ်မင်း ဖြစ်သည်။ သူပြောသမျှ အရာများ အားလုံးကို သူမ ယုံကြည်သည်။
နန်းပေါင်ရီသည် သူ့လည်ပင်းမှာ တိုးဝှေ့နေပြီး လက်မောင်းများ ကြားထဲမှာမှီရင်း သူ့ရင်ခွင်ထဲက ထွက်ဖို့ကို ငြင်းဆန်နေသည်။
ရှန်းရိချောင်က လက်ဝကျယ် ဝတ်စုံထဲမှ လက်ကိုယှက်ရင်း တိတ်ဆိတ်နေသည်။
မိန်းမတွေက တကယ် ပြဿနာများတယ်....
ဒီအဆင့်ရှစ်ပဲရှိတဲ့ မိန်းမက ပိုပြီးလှသလောက် တုံးချက်ပဲ...
ဒါပေမယ့်.....
ဒီမိန်းကလေး၏ ဖြူစင်မှုအတွက် သူက သူမကို တစ်ဆင့်တိုးပြီး အဆင့်ခုနစ်လို့ သတ်မှတ် ပေးလိုက်ပြီ။
နန်းအိမ်တော်ကတော့ ငြိမ်းချမ်းနေဆဲပင်။
ရှုနိုင်ငံတစ်ဝှမ်းရှိ မရေမတွက်နိုင်သော ဆန်စပါး ဂိုထောင်များ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဟောင်လောင်ကျူး၏ ဆန်ဆိုင်များမှာလည်း ရောင်းကုန် သွားသည်။ နောက်ဆုံးမှာ အရေးပေါ် ထားထားသော ပစ္စည်းများ ကုန်ဆုံးသွားတော့သည်။
ကုန်ပစ္စည်းများ၏ ဈေးက တစ်ခုပြီးတစ်ခု မြင့်တက်သွားပြီး တစ်ရက် အတွင်းမှာ စားစရာ ဈေးနှုန်းက ငါးဆကျော်အထိ ခုန်တက် သွားသည်။
လူထုကို ခြောက်ခြားစေသော ကောလာဟလ မျိုးစုံကလည်း ပျံ့နှံ့လာပြီး လူတွေကို ဒီမိုးခေါင် ရေရှားမှုက နောက်နှစ်အထိ ကြာဦးမယ်လို့ ယုံကြည် သွားစေသည်။ အခုပဲ ဆန်တွေကို စုဖို့ လိုနေပြီဟုပင်။
ထို့ကြောင့် လူရာနဲ့ချီ လမ်းပေါ် ထွက်လာကြပြီး အိမ်အတွက် ဆန်ပြေး ဝယ်ကြတော့သည်။
282 03
အထိတ်တလန့် အခြေအနေ ပျံ့နှံ့သွားသောအခါ မြို့များမှာ အမိန့် မနာခံကြတော့ပေ။ တချို့လူများသည် တခြားအိမ်က ဆန်စပါးကိုပါ လိုချင် လာကြသည်။ ပိုပြီး ကြီးမားသော ဘေးအန္တရာယ်ကို ဖြစ်ပွားစေခဲ့သည်။
လုယက်သော သူများ မြို့ပြင်သို့ ပြေးကြပြီး မြစ်ချောင်း အင်းအိုင် တွေမှာပါ နေရာယူ လာကြသည်က ကျေးရွာနေ လူထုကို အဆင်မပြေ ဖြစ်စေသည်။
ဒုက္ခသည်များ တစ်နေ့ပြီးတစ်နေ့ တိုးပွားလာသည်။
ဘုရင်ခံအိမ်တော်တွင်.....
ဘုရင်ခံချန်းက စာအုပ်စင် နောက်မှာ ထိုင်နေပြီး လက်ချောင်းကို တံတွေးဆွတ်ပြီး ကွန်ဖြူးရှပ်၏ သရုပ်ခွဲများစာအုပ်ကို ဖြည်းညင်းစွာ ဖတ်နေလေသည်။
အိမ်တော်ထိန်းက စာရင်းစာအုပ် အချို့နှင့် ဝင်လာပြီး ပြုံးရင်း "သခင်ကြီး၊ သူဌေးဝမ်က တစ်ယောက်ကို လွှတ်ပြီး စာအုပ်တွေ ပို့ခိုင်းလိုက်ပါတယ်၊ ပြီးခဲ့တဲ့ လဝက်က ရောင်းအား စာရင်းတွေပါ၊ စစ်ဆေး ကြည့်ပါဦး"
ဘုရင်ခံချန်းက ကွန်ဖြူးရှပ်၏ သရုပ်ခွဲများ စာအုပ်ကို ချလိုက်သည်။ သူက စာရင်းစာအုပ်ကို ဖွင့်၍ ဆန်ဆိုင်၏ လဝက်အတွင်း ရောင်းရငွေက ပြီးခဲ့သော နှစ်ကထက် လေးပုံပုံ သုံးပုံလောက်ရှိသည်။
"လူတွေက ဆန်စပါးတွေကို အပြေးအလွှား ဝယ်နေကြတုန်းပဲ၊ သူဌေးဝမ်က နေ့တိုင်း နည်းနည်းချင်းစီပဲ ရောင်းပြီး အများစုကိုတော့ ဂိုဒေါင်မှာ သိုလှောင် ထားတယ်၊ ဆောင်းရာသီကုန်ထိ ရောင်းရုံနဲ့ ငွေတွေ အများကြီးရမှာ"
အိမ်တော်ထိန်းက ပါးစပ် နားရွက်ချိတ်မတတ် ပြုံးရင်း ထောက်ခံလာသည်။
"သူဌေးဝမ်ကလည်း ပြောတယ်၊ သခင်ကြီးက လောကကြီးမှာ အသန့်ရှင်းဆုံး ဘုရင်ခံပဲတဲ့၊ သူ့ရဲ့ အစားအစာနဲ့ အဝတ်အထည်တွေကို ပေးတဲ့ မိဘလိုပဲတဲ့၊ အဲဒါကြောင့် သူက သခင်ကြီးကို ကျေးဇူးဆပ်ဖို့ အတွက် လေးဆယ် ရာခိုင်နှုန်း ထည့်ပေး ထားပါတယ်တဲ့"
"လေးဆယ်ရာခိုင်နူန်း......"
ဘုရင်ခံချန်းက စာအုပ်စင်ကို တောက်ပြီး ညင်သာသော အပြုံးဖြင့် "မဆိုးပါဘူး၊ ရှောင်းယီရဲ့ အခြေအနေ ကရော ဘယ်လိုရှိလဲ"
"သခင်ကြီး၊ မပူပါနဲ့၊ သူ့ရဲ့ စပါးကျီတွေက မီးလောင်ပြာကျ သွားပါပြီ၊ ဒါ့အပြင် တခြား နိုင်ငံတွေက ဆန်ဈေးတွေကလည်း မြင့်နေတာ၊ ဆန်ကို သယ်လာချင်ရင်တောင် မလွယ်လှပါဘူး"
ဘုရင်ခံချန်းက အပြုံးကြီးကြီး ပြုံးထားရင်း ကွန်ဖြူးရှပ်ရဲ့ သရုပ်ခွဲများ စာအုပ်ကို ဖွင့်ပြီး ခံစားချက် အပြည့်ဖြင့် "ရှုနိုင်ငံက ကပ်ဘေး ဆိုက်နေပြီ၊ ဘုရင်ခံတစ်ယောက် အနေနဲ့ ငါတကယ်ကို စိတ်ပူပန်ရတယ်၊ ကုချုံရှန်းရော ဘယ်လို ဖြစ်သွားလဲ"
"အနောက်တိုင်း ဘုရင်ခံက ကျင်းယုမန်တန် ခန်းမဆောင်မှာ ခဏပဲ နားနေပါတယ်၊ ရှန်ကျင်းကိုပြန်ဖို့ အလောတကြီး ဖြစ်နေပုံ မရပါဘူး၊ ဒီအတောအတွင်းမှာ သူက အမြဲတမ်း ဘုရင်ခံရွယ်နဲ့ တွေ့ချင်နေပြီး ချန်းဝမ် ကောင်းစားဖို့အတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပုံရပါတယ်၊ ဒါပေမယ့် ဘုရင်ခံရွယ်ကတော့ သူ့ကို အတွေ့မခံ ပါဘူး"
"မိန်းမစိုး တစ်ယောက်က မတတ်နိုင်ပါဘူး၊ ခေါင်းဆောင်ချုပ်နဲ့ လူကိုယ်တိုင် တွေ့ဖို့ တကယ် မတန်ဘူး၊ ချန်းဝမ်က ဒီလို မိန်းမစိုး တစ်ယောက်ကို ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေအတွက် လွှတ်ပေးလိုက်တယ်၊ သူက ဆယ်စုနှစ် စည်းဝေးပွဲကိုတောင် တက်နိုင်မှာ မဟုတ်ဘူး၊ သူက ငါ့ကို တစ်ချိန်လုံး မျက်စိထဲ ထည့်တာ မဟုတ်ဘူး၊ သူက ကျင်းကွမ်မှာ နေရတာ ပျော်တယ်ဆိုလည်း နေပါစေ"
အိမ်တော်ထိန်းက ပြုံးရင်း ဟုတ်ကဲ့လို့ ပြောလိုက်သည်။
အိမ်တော်ထိန်းက စာကြည့်ခန်း အပြင်ဘက်သို့ ထွက်သွားပြီးနောက် အစေခံ တစ်ယောက်က ပြေးလာပြီး ပြောသည်။ သူ့ဇနီးက အစိုးရရုံးတော်ရဲ့ အသုံးစရိတ်တွေကို စစ်ဆေးနေသည်ဟု။
သူအနောက်ဆောင်၏ ပန်းပွင့်ခန်းမကို ရောက်သောအခါ သခင်မချန်းက ထိုနေရာမှာ ထိုင်နေပြီး မက်မွန်ပန်း လက်ဖက်ရည်ကို သောက်နေသည်။
နန်းယန်က သူမနားတွင် ဒူးထောက်ထိုင်နေပြီး သူမ၏ ခြေထောက်များကို ဝတ္တရားတစ်ခုလို နှိပ်နယ်ပေး နေသည်။
အိမ်တော်ထိန်း၏ ဆန်ဆိုင်တွေမှ ရသော ကြီးမားသည့် အမြတ်ငွေတွေကို နားထောင်နေရင်း သခင်မဟောင်က ပါးစပ် နားရွက်ချိတ်မတတ် ပြုံးနေသည်။
သူမက လှောင်ပြုံး ပြုံးလိုက်ရင်း "နန်းမိသားစုက စီးပွားရေး လုပ်တတ်တယ်လို့ လူတွေ အားလုံးက ပြောကြတယ်၊ ငါမြင်တာတော့ ငါတို့ ချန်းအိမ်တော်ကမှ စီးပွားရေးကို စလုပ်ဖို့ ကောင်းတာ၊ နန်းယန်ရော ဘယ်လိုထင်လဲ"
"အမေပြောသလိုပါပဲ"
နန်းယန်က သိမ်မွေ့ကျိုးနွံစွာဖြင့် "သမီးတို့ ချန်းမိသားစုက ပညာရှိတွေနဲ့ အာဏာရှိတဲ့ မိသားစုပဲ၊ ဘယ်သူကမှ စီးပွားရေးကို မနှောင့်ယှက်နိုင်ဘူး၊ တကယ် စီမံလိုက်ရင် နန်းအိမ်တော်က ဘယ်ယှဉ်နိုင်ပါ့မလဲ"
***