ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

430K 59.9K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်ထားပါကြောင်း

Part 143

1.1K 146 0
By Swae_Nyoe

143 01

အခန်း (၁၄၃.၁) စိတ်စွမ်းအင်ဖုတ်ကောင်

အဆောက်အဦး၏ သံမဏိတံခါးကြီးက ခိုင်မာသော်ငြား ခေတ်နောက်ကျသည်။ ပွင့်လျက်သား တံခါးတစ်ချပ်ရှိနေလေ၏။ ဖုတ်ကောင်များက တံခါးကနေတစ်ဆင့် အပြင်ကဆက်လက် ဝင်လာနေကြသည်။ ထိုကြောင့် ဖုတ်ကောင်များ အတောမသတ်နိုင်အောင် များနေလေ၏။ ယွင်ချဲ့နှင့် ရှင်းဖုန်း၏ မျက်နှာပေါ်ရှိ လေးနက်တည်ကြည်သည့် အကြည့်ဖြစ်စေသည်မှာ တံခါးပွင့်နေသောကြောင့် မဟုတ်ဘဲ တံခါးပွင့်နေရသည့်အကြောင်း၊ တံခါးအဘယ်ကြောင့် ပွင့်နေရလည်းဟူသည့် ကိစ္စကြောင့်ဖြစ်သည်။ ရှန်ရွေနှင့် ကျန်းရှန်တို့က တံခါးကို ကာအားဖြည့်ပေးနေ၏။ သူတို့က အားကိုးရာကား တိုက်ပွဲထဲ၌ ဝင်ပါနေကြသူများဖြစ်သည်။ ထိုကြောင့် လက်မှတ်ပေါက်ကို သော့ချက်ချသွားဖို့ မေ့စရာအကြောင်းမရှိပေ။ သို့သော် သူတို့အကြည့်များက လက်မှတ်ပေါက် ပွင့်နေကြောင်းပြောပြနေသည်။ အကြောင်းအရင်း နှစ်ရပ်သာရှိပေ၏။ တစ်ဖွဲတည်းရှိ တစ်စုံတစ်ယောက်က ၎င်းကိုဖွင့်ခဲ့တာ သို့မဟုတ် ဖုတ်ကောင်တစ်ကောင် လုပ်ခဲ့တာပဲဖြစ်သည်။

"အဆင့်ခြောက်ဖုတ်ကောင်တွေနဲ့ အဆင့်ခြောက်အထက်တွေက တွေးတောနိုင်တယ်လို့ ထင်လား"

တံခါးပေါက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရှင်းဖုန်းက တွေးဆသည့်လေသံဖြင့် မေးလိုက်တော့၏။ သူတို့က အကြောင်းအရင်းကို ထုတ်ဖော်ရန်လိုအပ်သည်။

"ရှိတယ် ပုံမှန်ပြောရရင်ပေါ့ ဒါပေမဲ့ ထူးခြားတဲ့ကိစ္စမှာဆို စိတ်စွမ်းအင်ရှိတဲ့ တချို့ဉာဏ်ရည်မြင့်လူးသားတွေက ဖုတ်ကောင်တွေကနေ စိတ်စွမ်းအားကိုရနိုင်တယ် ဒါကြောင့် သူတို့ဉာဏ်ရည်တစ်စိတ်တစ်ပိုင်း ကျန်နေတာလေ အဆင့်သုံး စိတ်စွမ်းအားဖုတ်ကောင်က သုံးနှစ်သားတစ်ယောက်ရဲ့ ဉာဏ်ရည်ရှိလိမ့်မယ် စိတ်စွမ်းအားက လူသားနဲ့ဖုတ်ကောင်တွေကြားထဲမှာ တွေ့နေကြမဟုတ်ဘူး ပြီးတော့ ဖုတ်ကောင်တွေကြားထဲမှာထက် လူသားတွေကြားထဲမှာ စိတ်စွမ်းအားတွေက ပိုများတာ ဒီစွမ်းရည်က လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ သက်ဆိုင်နေတယ်လေ လူသားတစ်ယောက်က ဖုတ်ကောင်ဖြစ်သွားပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ ဆဲလ်တွေအားလုံး သေသွားပြီး စိတ်စွမ်းအားဖုတ်ကောင်တွေက အင်မတန် အရင်းအမြစ်မလုံလောက်ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ စိတ်စွမ်းအင်နိုးထလာတာက အသက်ရှင်နေတုန်းက ဉာဏ်ထက်ပြီးသား ဖုတ်ကောင်အချို့ကို ဖြစ်သွားစေပြီး ဖြေရှင်းဖို့အတွက် လှည့်ကွက်များလာစေတယ်"

"ဒီတော့ အဲ့ဒါက သူလျိုတစ်ယောက် မဟုတ်ဘူးပေါ့"

"မဟုတ်ဘူး စိတ်စွမ်းအားဖုတ်ကောင်တစ်ကောင်လို့ ထင်တယ် ငါတို့တွေက မျိုးစေ့သုတေသန အဆောက်အဦးထဲမှာရှိနေတော့ ဒီနေရာမှာ ဉာဏ်အလွန်ကောင်းတဲ့သူတွေပဲ အလုပ်လုပ်တာမလား ဒီတော့ စိတ်စွမ်းအားဖုတ်ကောင်တွေ ရှိလောက်ပြီ သူတို့တွေက စိတ်ထိန်းချုပ်တာကို သိလောက်တယ် ရွှေဓာတ် ဖုတ်ကောင်တွေပဲ ရှန်ရွေကာပေးထားတဲ့ သံတံခါးကိုဖွင့်နိုင်တာက အဆင့်သုံး ဒါမှမဟုတ် အဆင့်လေး ရွှေဖုတ်ကောင်တွေက လုပ်နိုင်မှာမဟုတ်ဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ရွှေစွမ်းအားဖုတ်ကောင်တွေက စိတ်စွမ်းအားဖုတ်ကောင်တစ်ကောင်ရဲ့ စိတ်ထိန်းချုပ်ခြင်း ခံထားရတာပဲ''

ယွင်ချဲ့က ရှင်းဖုန်း၏ သံသယကို အတည်ပြုပေးလိုက်၏။ သူက ထိုလူများကို ယုံကြည်လွန်းနေတာ မဟုတ်ဘဲ ယင်းကား ယုတ္တိရှိသည့်အကြောင်းအရင်း ဖြစ်နေရုံသာဖြစ်သည်။ လက်မှတ်ရုံပွင့်သွားသည့်နောက်ဆက်တွဲ မီးများပြင်းထန်ကြောင်း အရူးတစ်ယောက်တောင် သိမြင်သည်ဖြစ်ရာ နရိုက ဤနေရာရှိလူတိုင်းကို မုန်းတည်းလွန်းသောကြောင့် သူနှင့်အတူ မသေစေချင်သ၍ ထိုအဖွင့်နေရာ ဖွင့်ထားမှာမဟုတ်ပေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် ယင်းကား မဖြစ်နိုင်ပေ။ လူအများစုသည် တာဝန်မဆောင်ရွက်စဉ်က တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းတောင် မသိထားရာ ဤကဲ့သို့ အမုန်းတရား ဖြစ်လာစရာ အကြောင်းမရှိပေ။ ထို့ကြောင့် စိတ်စွမ်းအားဖုတ်ကောင်ကသာလျှင် တစ်ခုတည်းသော အဖြေဖြစ်နေ၏။

"အရင်ဆုံး လက်မှတ်ပေါက်ကို ပိတ်ပြီး ဖုတ်ကောင်ကို ရှာရမယ်။ ပြဿနာထပ်မဖြစ်စေဖို့ သူလျှောက်မပြေးမှရမယ် မင်းအခု တိုက်ခိုက်နိုင်လား"

ရှင်းဖုန်းက ယုံကြည်သော်ငြား ယွင်ချဲ့ကို အတော်လေး စိတ်ပူပန်နေ၏။ ဆိုရလျှင် အစောတုန်းက သူ မတ်တပ်တောင် မရပ်နိုင်ခဲ့ပေ။

"အဆင့်သုံးဖုတ်ကောင်တချို့ကို ငါဖြေရှင်းနိုင်တယ်"

လေစွမ်းအား အားဖြည့်ပေးမှုဖြင့် မိုးကြိုးစွမ်းအားက အလွန်အစွမ်းထက်လာသည်။ ယွင်ချဲ့က အပြည့်အဝ ပြန်မကောင်းလျှင်တောင် အဆင့်လေးဖုတ်ကောင်များက သူ့ကို မခြိမ်းခြောက်နိုင်ပေ။

"ကောင်းပြီ မတိုက်ခိုက်နိုင်ရင် ကိုယ့်ကိုပြော မင်းကိုယ်မင်း တွန်းအားသိပ်မပေးနဲ့"

ပြီးနောက် ရှင်းဖုန်းသည် ယွင်ချဲ့ကိုပွေ့လျက် ခုန်ဆင်းလိုက်၏။ ဟေးယွီက ဤကိစ္စ၏ ပြင်းထန်မှုကို သဘောပေါက်ပုံပေါ်သည်။ ထို့ကြောင့် သူက လူပျိုရည်အကြောင်းနှင့် စိတ်ဓာတ်ခွန်အားအကြောင်း ပေါက်ပေါက်ဖောက်နေတာ ရပ်တန့်လိုက်၏။

"ဟေးယွီ ထွက်လာတဲ့ကောင်တွေကို သွားတား"

"ဒါပေါ့ မင်းတို့ဖုတ်ကောင်ညစ်တွေ ငါလာပြီ ပါးနပ်စွာနဲ့ထွက်သွားကြ မဟုတ်ရင်တော့ မင်းတို့ကို လာရိုက်ပစ်မှာ"

143 02

ပြင်းထန်သည့် တိုက်ပွဲဖြစ်သင့်သော်ငြား ဟေးယွီကသူအမြဲတမ်းလုပ်သည့်အတိုင်း ပြောင်ချော်ချော်သာ ပြုလုပ်လေ၏။ ကောင်းသည့်အရာကား ရှင်းဖုန်းနှင့် ယွင်ချဲ့က အသားကျနေပြီးသားဖြစ်သည်။ ဟေးယွီသည် တမ်ခွန်ချာတံခါးကနေ ခုန်ထွက်သွားပြီးနောက် သူတို့ကသူ့နောက်လိုက်သွားလေ၏။ ယွင်ချဲ့သည် တံခါးနားရှိဖုတ်ကောင်များကို မိုးကြိုးစွမ်းအားဖြင့် သိမ်းကြုံးပစ်ပြီး ရှင်းဖုန်းကမူ လက်မှတ်ပေါက်ကို ပိတ်ရန်ရည်ရွယ်ချက်ဖြင့် တန်းတန်းမတ်မတ်သွားကာ ရွှေစွမ်းအားဖြင့် ၎င်းကိုအားဖြည့်ပေးလိုက်သည်။

ထောက် ထောက်

"သတိထား ရှင်းဖုန်း"

လက်မှတ်ပေါက်မပိတ်ခင် ရွှေရောင်ကျည်ဆန်က ရှင်းဖုန်းဆီ ရောက်လာလေ၏။ ယွင်ချန်က ကျယ်လောင်စွာ အော်လိုက်ကာ လျှပ်တပြက်သည့်ပမာ သူ့ဆီ တဟုန်ထိုးဝင်သွားပြီး ဓားသွားဖြင့်ကျည်ဆန်များ အားလုံးကိုပိတ်ဆို့လိုက်၏။ ရှင်းဖုန်းသည် လက်မှတ်ပေါက်ကို ပိတ်ထားပြီးမှ လှည့်လာကာ သူတို့နားရှိ ကျောက်စကျောက်နများဖြင့် ဟန့်တားလိုက်တော့သည်။

"အဆင့်နှစ်ဖုတ်ကောင်သုံးကောင်က အဲ့မှာ ငါထင်တာတော့ ရွှေစွမ်းအားရှင်ပဲ တစ်ကောင်ကို တစ်ယောက်စီပေါ့"

ယွင်ချဲ့က လေဇယားကွက်ကိုဖွင့်ပြီး ကျောက်ဆောင်နောက်ကွယ်ကိုစစ်ဆေးလိုက်၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြပြီးနောက် ကျောက်ခံများရောနှောစိုက်ပျိုးထားသည့် စိုက်ပျိုးမြေဆီသိုပြေးသွားလိုက်သည်။ သူတိုပြေးသွားစဉ် ရွှေရောင်ကျည်ဆန်များက သူတို့ဆီ အဆက်မပြတ် ပြန်ဝင်လာနေ၏။ ရွှေရောင်ဖုတ်ကောင်ကို ထိန်းချုပ်နေသည့် စိတ်စွမ်းအာဖုတ်ကောင်ဆိုတာ ပိုသိသာရန် မဖြစ်နိုင်တော့ပေ။

"မင်း ရှက်နေတာလား မင်းကိုယ်မင်း ပြလိုက်လေ"

ဓားသွားတစ်ချက်အဝှေ့ဖြင့် ယွင်ချဲ့တိုက်ခိုက်သည့် မိုးကြိုးလှိုင်းသည် ထိုကျောက်ခတ်စိုက်ပျိုးမြေကို ထက်ပိုင်းပိုင်းခြားလိုက်၏။ တံခါးက ကျောက်တုံးများပြိုလဲသွားစဉ် အမျိုးသားဖုတ်ကောင်နှင့် အမျိုးသမီးတစ်ယောက်က သူတို့ဝန်းထဲရောက်လာလေ၏။ အမျိုးသမီးဖုတ်ကောင်သည် သုတေသနယူနီဖောင်းကို ဝတ်ထားလျက် မျက်မှန်တပ်ထားကာ သူမ၏မျက်လုံးမျာက မီးခိုးရောင်သန်းနေပြီး အဆင့်လေး သိုမဟုတ် အဆင့်ငါး လက္ခာရပ်များထဲမှ တစ်ခုဖြစ်သည်။ သူ့ဘေးရှိဖုတ်ကောင်က လုံခြုံ၍ အဆောင်ဝတ်စုံကို ဝတ်ထားသည်။ သူက ရှင်းဖုန်းနှင့် လီတချန်လောက်မြင့်မားပြီး အရပ်မြင့်သူဖြစ်သည်။ မည်သူက စိတ်စွမ်းအားရှင် မည်သူက ရွှေစွမ်းအားရှင်ဆိုတာ ထုတ်ဖော်ရန် မခက်ခဲပေ။

ဝါး

ဝါး

ဒေါသတကြီးဖြင့် စိတ်စွမ်းအားဖုတ်ကောင်က ကောင်းကင်နှင့် မျက်နှာမူ၍အော်လိုက်သည်။ သူမနားရှိ ဖုတ်ကောင်တစ်ဒါဇင်က ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ကို လာရောက် တိုက်ခိုက်လိုက်၏။ သူတိုကား စိတ်ပျက်စရာ ကောင်းလှသည့် အကောင်များကိုဦးစွာဖြေရှင်းရမည်။

"သူက အဆင့်လေးရောက်တော့မယ် ဂရုစိုက် အဆင့်နိမ့်ဖုတ်ကောင်တစ်ရာနီးပါးကို စိတ်ထိန်းချုပ်နိုင်တယ်"

ယွင်ချဲ့သည် ဖုတ်ကောင်တစ်ကောင်၏ခေါင်းကို ဖြတ်တောက်ပြီး နောက်တစ်ကောင်ကိုကန်လိုက်၏။ အဆင့်နိမ့်ဖုတ်ကောင်များသာဖြစ်သော်ငြား အရေအတွက်ကများလွန်းနေသည်။ ယွင်ချဲ့နှင့် ရှင်းဖုန်းက အဝိုင်းခံထားရစဉ် သူတို့ကိုရံဖန်ရံခါ၌ ရွှေစွမ်းအင်ဖြင့်ဖုတ်ကောင်က တိုက်ခိုက်နေလေ၏။

"ဖုတ်ကောင်ထိန်းသိမ်းသူလိုမျိုးပဲ အဆင့်လေးက ဘယ်လောက်များထိန်းချုပ်နိုင်တာလဲ"

အဆင့်သုံးစိတ်စွမ်းအားဖုတ်ကောင်က တစ်ရာနီးပါးထိန်းချုပ်နိုင်၏။ သူမ အဆင့်လေးရောက်သွားလျှင် တကယ်ပြသနာတက်ပေလိမ့်မည်။ အဆင့်လေးဖုတ်ကောင်က သူတို့လက်ရှိအခြေအနေ၌ သူတို့အတွက် ဖြေရှင်းရန်ခက်သည့် ရန်သူဖြစ်နေမည်။

"သူအဆင့်လေးဖြစ်လောက်တယ် ဒါပေမဲ့ တစ်ခုခုလွဲချော်နေပုံပဲ ပြီးမှပြောကြရအောင် သူကိစ္စတွေကို ပိုပြီးရှုပ်ထွေးအောင်မလုပ်ခင် အရင်ဆုံး သူ့ကိုသတ်ကြရအောင်"

ယွင်ချဲ့က အဆင့်လေးဖုတ်ကောင်များဖြင့် တို့မိမှာကို စိုးရိမ်နေသော်ငြား သူတိုတွေ့ဖူးသမျှ ဖုတ်ကောင်များက အဆင့်လေးနီးပါးသာ ဖြစ်၏။

ယွင်ချဲ့က စတင်မှတ်သား လိုက်တော့သည်။ နောက်ဆုံးအခေါက် ဖုတ်ကောင်အဆင့်မြင့်တင်မှုသည် နိမ့်ကျသောကြောင့် ဖြစ်ပြီး သူ၏မှတ်ဉာဏ်ထဲ မှတ်ထားတာ မှန်မည်ဆိုလျှင် ကမ္ဘာပျက်ကပ်မတိုင်မီ ခြောက်လ၌ နှင်းများက သုံးရက်တိုင်တိုင်ကျခဲ့ပြီး သဘာဝကပ်ဘေးနှင့်အတူ မြေငလျင်၊ ဆူနာမီစသည်တိုကဲ့သို သဘာဝကပ်ဘေးများနှင့်အတူ နှင်းသုံးရက်တိုင်တိုင် ကျခဲ့သည်။ ပြီးနောက် ဖုတ်ကောင်များအားလုံးနှင့် သဒ္ဓေပြောင်းအပင်များ၊ သတ္တဝါများအားလုံး တစ်ဆင့်တက်ကုန်သည်။ ယွင်ချဲ့သည် နှင်းများသိပ်သည်းစွာကျပြီးမှ အဆင့်လေးဖုတ်ကောင်ကို တွေ့၏။

"ကျွန်တော် လာကူညီနေပြီ"

"သွား ဒီကို အားလုံးခေါ်လာခဲ့"

143 03

ဟေးယွီက ခုန်ဝင်လိုက်ပြီး သူ၏သခင်ကို ကူညီရန်ရည်ရွယ်လိုက်သည်။ သို့သော် ယွင်ချဲ့က သူ့ကို တခြားအမိန့်ပေးလိုက်၏။ ဖုတ်ကောင်များ အ‌ဝိုင်းခံထားရသည့် လူနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ဟေးယွီက လှည့်ထွက်သွားကာ ပင်မတပ်ဖွဲဆီ ပြေးသွားတော့၏။

"ခေါင်းဆောင်"

"ချဲ့"

မကြာမီ၌ ချောင်ရန်းနှင့် ထိပ်ဦးအဖွဲ့မှလူများ ဤနေရာသို့ရောက်လာသည်။ သူတို့၏အကူအညီဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းက နောက်ဆုံး၌ အသက်ရှူချောင်သွားပြီဖြစ်သည်။ သို့သော် ထိုသို‌့တိုင် သူတို့က ရွှေစွမ်းအားနှင့် ‌စိတ်စွမ်းအားဖုတ်ကောင်ဆီ တန်းတန်းမတ်မတ် ဝင်သွားစဲဖြစ်သည်။ ယွင်ချဲ့က ရွှေစွမ်းအားဖုတ်ကောင်ကို ဖြေရှင်းနေစဉ် ရှင်းဖုန်း သူ၏ သေနတ်ဖြင့် စိတ်စွမ်းအားဖုတ်ကောင်၏ခေါင်းကို ချိန်ရွယ်လိုက်သည်။

ဝါး

ဖောင်း ဖောင်း..

"သေစမ်း သူ့ရဲ့စွမ်းအားက လူသားတွေပေါ်လည်း သက်ရောက်တာပဲ"

ဖုတ်ကောင်က အော်ဟစ်လိုက်စဉ် ရှင်းဖုန်းက ပစ်မှတ်လွဲချော်သွား၏။ ကျည်ဆံလမ်းကြောင်း လွဲသွား၏။ ချက်ချင်းဆိုသလိုပင် ရှင်းဖုန်းက ဘာမှားနေမှန်း သိသွားသည်။ သူ ဖုတ်ကောင်နှင့် အကွာအဝေးတစ်ခုထားရန် နောက်ဆုတ်လိုက်သည်။ သို့သော် အကွာအဝေးခြားလိုက်သည်နှင့် သူမကို ကာကွယ်ရန် ဖုတ်ကောင်အစောင့် တစ်သိုက်က စုဝေးလာ၏။ သူမကို ထပ်မံချိန်ရွယ်ဖိုက ခက်ခဲသွားတော့သည်။

"သူ ခင်ဗျားကို စိတ်ထိန်းချုပ်နိုင်တာလား"

ယွင်ချဲ့သည် ရွှေစွမ်းအားဖုတ်ကောင်၏ လက်တစ်ဖက်ကို ဖြတ်တောင်ပြီး ရှင်းဖုန်းဆီသို့ ပြေးလာသည်။ ပြီးနောက် ဖုတ်ကောင်ဝန်းရံဖို့ အလယ်တွင်ရှိသည့် စိတ်စွမ်းအားဖုတ်ကောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"မဟုတ်ဘူး သူ ကိုယ့်ကို စိတ်ထိန်းချုပ်နိုင်တာ မဟုတ်ဘူး ဒါပေမဲ့ သူအနားကပ်လွန်းရင် ခေါင်းထဲ ရှုတ်ထွေးသွားအောင် လုပ်နိုင်တယ်"

ရှင်းဖုန်း၏ မျက်နှာထက်၌ ရှုပ်ထွေးသည့် အကြည့်ရှိနေသည်။ သူမကို ဤမျှအကွာအဝေးကနေ သတ်ဖြတ်ဖို့က ခက်ခဲလှသည့်အကြောင်းမှာ သူမကို လက်ပါးစေတစ်သိုက်က ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။ သူမက သူတို့၏တိုက်ခိုက်မှုကို ရှောင်တိမ်းသွားနိုင်ခဲ့လျှင် နောက်ပိုင်း၌ ပိုမို ခေါင်းခဲစရာ ဖြစ်စေလိမ့်မည်။

"အော် ငါသိပြီ"

စဉ်းစားပြီးနောက် ယွင်ချဲ့သည် အဆင့်သုံး ရွှေရောင်ဖုတ်ကောက်ကို အဆုံးသတ်ပြီးနောက် အဖွဲ့နှင့် လက်တွဲလိုက်၏။

"မီးစွမ်းအားရှင်‌နင် ဖုတ်ကောင်တွေကို မီးရှိ့ပြစ်လိုက် ရွှေစွမ်းအားရှင် သေနတ်ကိုသုံးပြီး သူတို့ကို ကျည်ဆံတွေနဲ့ ပြစ်နေရင်းနဲ့ အာရုံစိုက်မှုကို မျှထား စိတ်စွမ်းအားရှင်ကို ငါ့ဆီချန်ထားလိုက်"

"မင်း ဘာလုပ်မလို့လဲ"

ရှင်းဖုန်းက သူ့ကိုထိန်းထားပြီးနောက် ဆုတ်ထွက်သွား၏။ ရှင်းဖုန်းသည် သူမထွက်သွားခင် လှမ်းဆွဲထားလိုက်၏။ ကျန်သည့်သူများက သူ့ကို စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ သူအကောင်းဆုံး အခြေအနေ၌ ရှိနေတာမဟုတ်မှန်း မည်သူမှမမေးပေ။

"စိတ်စွမ်းအားက သေစေနိုင်လောက်တယ်ဆိုတာ အမှန်ပဲ သူအောက်နိမ့်တဲ့ ထုတ်ကောင်တွေ အားလုံးနီးပါးက သူထိန်းချုပ်တာ ခံရနိုင်တယ် ဒါပေမဲ့ သူကိုယ်တိုင်က တိုက်ခိုက်ရေးစွမ်းရည် မရှိတာက သေစေနိုင်တဲ့ အားနည်းချက်ကြီး တစ်ခု‌ပဲလေ သူ့ကို အာရုံလွှဲထားလိုက် ကျုပ်သူ့ကို နောက်ကနေ တိုက်ခိုက်မယ်"

စိတ်စွမ်းအားဖုတ်ကောင်က လူသားများကို သက်ရောက်စေနိုင်သော်ငြား သူမ၏ ပစ်မှတ်ကို အားစိုက်ရမည်။ သူမ အာရုံလွှဲထားလျှင် ယွင်ချဲ့က လေစွမ်းအားဖြင့် သူမကို ခြုံခိုတိုက်ခိုက်နိုင်မှာပဲဖြစ်သည်။

"ဟုတ်ပြီ မတိုက်ခိုက်ခင် လေဇယားကွက်ကို ကြည့်လိုက်ဦး အနားမှာ အဆင့်သုံး ဖုတ်ကောင်တွေနဲ့ သူတို့ရဲ့ စွမ်းအားတွေကို ကြည့်ထားဦး"

ယွင်ချဲ့သာလျှင် ထိုသို့ ဖြစ်ပျက်အောင် ဆောင်ရွက်နိုင်စွမ်းရှိ၏။ သူမသွားခင် ရှင်းဖုန်းကသူ့ကို သတိထပ်ပေးခဲ့သည်။ ယွင်ချဲ့က ခေါင်းညိတ်လိုက်၏။ လူတိုင်းက သူတို့စွမ်းအားကို တစ်ပြိုင်နက်တည်းနီးပါး ထုတ်ဖော်လိုက်ကာ မီးစွမ်းအားဖြင့် ကျည်ဆံတုံးများက ဖုတ်‌ကောင်တို့၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲယုလိုက်တော့သည်။ လူအုပ်ကြီးထဲကနေ ယွင်ချဲ့က ရှောင်ထွက်ပြီး စိတ်စွမ်းအားဖုတ်ကောင်၏ နောက်ကျောဆီသို့ သွားကာ သူ့ကိုယ်သူ လေစွမ်းအားဖြင့် ကာထားလိုက်၏။

143 04

"မင်းတို့က မီးနဲ့ကျည်ဆံတွေကို ထိန်းချုပ်ကြ ဖုတ်ကောင်တွေကိုပဲ အာရုံလွှဲထား ဒဏ်ရာမရစေနဲ့"

ယွင်ချဲ့ လှုပ်ရှားနေတာကို အာရုံခံမိပြီး ရှင်းဖုန်းကတည်ငြိမ်စွာ အမိန့်ပေးလိုက်တော့၏။ ထိုလူများကအဆင့်သုံး စိတ်စွမ်းအားရှင် ဖုတ်ကောင်များဖြစ်ပြီး အတူတကွ အလုပ်လုပ်နေကြ ဖြစ်သောကြောင့် သူ၏စွမ်းအားထိန်းချုပ်မှုနှင့် အသင်းလိုက် လုပ်ဆောင်မှုက ပြစ်ချက်ကင်းသည်။

ထိုစဉ် ယွင်ချဲ့က စစ်မြေပြင်၏ တစ်ဖက်သို့ ရောက်ခါနီးပြီဖြစ်သည်။ လေစွမ်းအားထဲ၌ သူက လမ်း‌‌တောက်လျှောက် လုံခြုံနေလေ၏။ လူတိုင်းက ဉာဏ်များသော ရန်သူကို ရင်ဆိုင်နေရမှန်း သိနေသည်။ ထိုကြောင့် ယွင်ချဲ့နှင့် ခပ်ဝေးဝေးကနေ တိုက်ခိုက်နေခြင်းဖြင့် ဖုတ်ကောင်များ၏ အာရုံစိုက်မှုကို ရအောင် ယူထားသည်။

ရှီး

တိုက်ခိုက်မှုက နေရာအနှံ့ ဆက်လက် ဖြစ်ပွားနေပြီး မတော်တဆဖြစ်သွား၏။ ယွင်ချဲ့က ဖုတ်ကောက်၏ နောက်ကျောက်ကို မထိုးစိုက်ရသေး ယခင် ဖုတ်ကောင်တစ်ကောင်ထံမှ ပစ်ထုတ်လိုက်‌သော မီးလုံးက သူ၏ လက်မောင်းကို ထိသွား၏။

"သေစမ်း"

သူ၏ပစ်မှတ်က တစ်စုံတစ်ခု မူမမှန်တာကို အာရုံခံမိပုံပေါ်၏။ ယွင်ချဲ့က မီးကို ဖယ်ရှားပြီးနောက် သူမခေါင်းကို ခုတ်ပိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ဝါး

ဖုတ်ကောင်အစောင်း အငိုက်မိနေပြီး လုပ်ကြံလိုက်၏။ သူမတစ်ကိုယ်လုံးက နှစ်ပိုင်းပြတ်သွားတော့သည်။ ဖောက်ထွင်းမြင်နေ‌သော တင်းအမြုတေတစ်ခုက ကလေးလက်အရွယ်အစားခန့်ရှိသော ကြည်လင်သည့် အမြုတေတစ်ခုက ပေါက်ထွက်လာပြီး ယွင်ချဲ့၏အိတ်ထဲ ရောက်သွားတော့သည်။

"မီးညှိကြ.. မင်းရှေ့က ဖုတ်ကောင်အားလုံးကိုသတ်"

စိတ်စွမ်းအားဖုတ်ကောင် ထိန်းချုပ်မှုမရှိတော့ဘဲ အဆင့်နိမ့်ဖုတ်ကောင်များ တကွဲတပြားစီ ဖြစ်ကုန်၏။ ဖုတ်ကောင်များ၏ အာရုံစိုက်မှုကို ယူထားသည့် ရှင်းဖုန်းနှင့် သူ၏အသင်းဖော်များက အခြေအနေပြောင်းလဲမှုကို သတိပြုမိ သွားကြသည်။ သူတိုအားလုံးက ထွက်လာကြပြီး စွမ်းအားများဖြင့် ဖုတ်ကောင်များကို တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်ကြ၏။ ဖုတ်ကောင်များက သတ်ဖြတ် ခံလိုက်ရတော့သည်။

အခန်း (၁၄၃.၂) ဟေးယွီအတွက် မဟာဆုံးရှုံးမှုကြီးတစ်ခု

"ချဲ့"

စွမ်းအားပစ်ခတ်မှုများ ပြီးသွားချိန် ရှင်းဖုန်းက ယွင်ချဲ့ဆီ ပထမဆုံး ပြေးလာသူ ဖြစ်သည်။ ယွင်ချဲ့၏ အပူလောင်သွားသော လက်ဖျံကိုတွေ့သောအခါ သူ၏မျက်လုံးများ နီရဲသွားသည်။ ရှင်းဖုန်း၏လက်များက လှုပ်ရှားဖို့ရာ တောင့်တင်းလွန်းနေ၏။

"ငါ အဆင်ပြေတယ် မီးဟပ်သွားရုံပဲ ပြီးမှ ပွတ်တိုက်လိုက်မယ်"

ယွင်ချဲ့၏ လက်ဖျံက တောင့်တင်းနေလေ၏။ သူက တူးချိတ်နေသော အရေပြားကို ထိလိုက်မိသည်။ စိတ်စွမ်းအား ဖုတ်ကောင်များကို သတ်ပြီးနောက် မီးရှို့ခဲ့တာ မှန်ကန်ပေ၏။ သို့သော် ယင်းကား သာမန်မီးမဟုတ်ပေ။ မီးစွမ်းအားဖြစ်နေသောကြောင့် ၎င်းက ပိုအစွမ်းထက်သည်။ ရွှေဓာတ်ကျည်ဆံများသည် သာမန်ကျည်‌ဆံများထက် ဖုတ်ကောက်များပေါ်၌ ပိုအလုပ်ဖြစ်သည်။

"တကယ်လား မင်း မီးလောင်သွားတာလေ ချဲ့ မင်း ပထမဆုံးအချိန် ဒဏ်ရာရတာ ဘယ်လိုခံစားရလဲ "

ဒါက ဟာသတစ်ခု ဖြစ်သင့်၏။ သို့သော် ဟာသလုပ်လိုက်သည့် ကျိုးဇယ်ယွီက သူ၏မျက်နှာထက်တွင် အလွန်လေးနက်တည်ကြည်သည့်အကြည့်ရှိနေ၏။ သူတင်မက အားလုံး၏အကြည့်က ယွင်ချဲ့၏ မီးဟပ်သွားသော လက်ဖျံကို ကြည့်ပြီး မကြေမချမ်းဖြစ်နေ၏။

"မင်း ဒဏ်ရာရသွားတယ်လို ကြားတယ်သခင် အံ့ဩစရာပဲ ကြည့်ခွင့်ပေးဦး ဒါမမှန်းစထားတာပဲ ဟုတ်ပြီ တကယ်ကြီး မီးကြွမ်းသွားတာကို ဟင်း အဲ့ဒီအသားကြော်အနံ့က ဘယ်ကရလာတာလဲ မီးဖွင့်ပေးဦး"

ဤနေရာတွင် ဟေးယွီ၏ အခါအခွင့်မသင့် လှောင်ပြောင်မှုက ပေါ်လာတော့သည်။ ပတ်ဝန်းကျင်နှင့် အသားကျစေရန် သူက ထိုအကောင်ကို ခွေးပေါက်လေးအရွယ်အစားဖြင့် ကြုတ်လိုက်သည်။ ယွင်ချဲ့၏ ဒဏ်ရာရနေသော လက်ဖျံကို မြင်သောအခါ စိတ်အခြေအနေ ဆိုးရွားသွားရမည့်အစား သူက စိတ်လှုပ်ရှားနေ၏။ ၎င်းကို ရပ်ရန်တောင် ကြိုးစားလိုက်သည်။ သို့သော် ဖယ်ထုတ်ခံလိုက်ရ၏။ ရှင်းဖုန်းက ယွင်ချဲ့ကို သူ့ရင်ခွင်ထဲ ထည့်ထားပြီး ဖေးယွီကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်တော့သည်။

"ထွက်သွားစမ်း ဟေးယွီ"

143 05

ယခုက လာရှုပ်ရမည့် အချိန်ကောင်းမဟုတ်တာ သေချာ၏။ ချောင်ရန်းနှင့် ထိပ်ဦးအဖွဲရှိ လူအားလုံးသည် ယွင်ချဲ့၏ ဒဏ်ရာကြောင့် စိတ်အခြေအနေ ဆိုးရွားနေကြသည်။

ဝေဖန်ခံရပြီးသေးတို့င် ဟေးယွီက မှန်ကန်ဖြောင့်မတ်ပုံ ရှိနေသေး၏။

"ဘာကြောင့်လဲ နည်းနည်းလောက် ဂုဏ်ထူးဆောင်မှုပေးလေ ငါက ဒီလောက်တောင် အားမကိုးရတဲ့သူလား"

"ဟုတ်တယ်လေ အရမ်းကိုပေါ့" လူတို့င်းက တွယ်လိုက်ကြ၏။

မည်သူကမှ ဘာမှမပြောသော်ငြား သူတို့အကြည့်များက တူညီသည့် သတင်းစကား ပိုနေလေ၏။ ဟေးယွီက ဒေါသထွက်သွားကာ စိတ်ပျက်အလျော့စွာဖြင့် ယွင်ချဲ့ကို မှီလိုက်တော့သည်။

"မင်းတောင် ငါ့ကို မယုံဘူးလား"

သူ၏ သနားစဖွယ်မျက်နှာနှင့် မျက်တောင်ခတ်နေသည့်မျက်ဝန်းများကို ကြည့်စမ်းပါလေ။

"လာစမ်းပါ ဟေးယွီ ပြောစရာရှိတာပြောလိုက် ငါတို့တွေ ကျန်တဲ့ဖုတ်ကောင်တွေကို မြန်မြန်ရှင်းဖိုလိုတယ်"

ယွင်ချဲ့၌ သန်မာသည့် စိတ်စွမ်းအားရှိ၏။ ထိုသို့တိုင်ဒဏ်ရာက အမှန်တကယ် နာကျင်လှပေသည်။ သူက နောက်ပြောင်ရန် စိတ်အခြေအနေမရှိပေ။

"ဖုတ်ကောင်‌တွေ ဖုတ်ကောင်တွေ ဖုတ်ကောင်တွေ ဘာလဲ မင်းရဲ့လက်ကို မလိုချင်တော့ဘူးလား"

ဟေးယွီက ယွင်ချဲ့ပြောတာကြားပြီးနောက် ရှုပ်တာရပ်လိုက်၏။ ပြီးနောက် သူက မော့ကျီက သူ့ကို သုန်မှုန်စွာ ကြည့်လိုက်‌‌တော့၏။ ရုတ်တရက် သူ၏ဗိုက်ကို သူ၏ ရှေ့လက်ကလေးဖြင့် ပွတ်လိုက်၏။ လူတိုင်းသည် သူတို့မြင်လိုက်ရသည့် အရာကြောင့် ထိတ်လန့်သွားတော့သည်။ ဟေးယွီ၏ ဝမ်းဗိုက်က ဖောက်ထွင်းမြင်နေရ၏။ သူ၏ဗိုက်ထဲ၌ ပစ္စည်းမျိုးစုံ ထည့်ထားပြီး လူအများ ယခင်က မမြင်ဖူးသည့် ပစ္စည်းအများစုကို တွေ့လိုက်ရသည်။ သိုလှောင်နေရာထဲတွင် အများဆုံး နေရာယူထားသည်က သေတ္တာများနှင့် စွမ်းအင်ပါသေတ္တာများ ဖြစ်ကြပြီး အားလုံးကို မှင်သက်သွားစေ၏။

"ဒီတော့ သူ့ရဲ့ဗိုက်က သို့လှောင်နေရာ တစ်မျိုးလား"

"ဒီမှာ ရော့ မင်းရဲ့လက်ပေါ်လိမ်းလိုက် ဒါက အရေပြား ဂရုစိုက်ဖို့ အတွက်ပဲ"

ဟေးယွီက ရေရွတ်ပြောပြီးနောက် ကလေး လက်ဖဝါး အရွယ်အစားခန့်ရှိသည့် အပြာရောင်ဆေးဘူးလေးကို ယွင်ချဲ့အား ပစ်ပေါက်ပေးလိုက်သည်။ ပြီးတော့မှ လူတိုင်းသည် သူ့ကို ပါးစပ်အဟောင်းဖြင့် ကြည့်နေကြောင်း သတိပြုမိသွား၏။ ဟေးယွီက သူ့ဗိုက်ကို ပြန်ပွတ်လိုက်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့၏။ ယွင်ချဲ့သည် သတိပြန်ဝင်လာသည့်သူ ဖြစ်သည်။

"င့ါရဲ့ သို့လှောင်စွမ်းအင် နယ်မြေထဲမှာ စွမ်းအင်ပါတာတွေ ဘာကြောင့် ပျောက်ကုန်လဲဆိုတာ သိချင်နေတာ ကြည့်ရတာ မင်းနေရာထဲရောက်သွားတာကို"

ယွင်ချဲ့က စိတ်ပျက်နေသည်။ သူသည် ယခင်၌ စွမ်းအင်မှ ထုတ်လုပ်ခြင်း စက်ပစ္စည်းတစ်ခုကို ရရန် အမှန်တကယ် စဉ်းစားခဲ့သည့်အကြောင်းမှာ သိုလှောင်ထားသည့် ပမာဏ ကုန်တာ မြန်လွန်းသောကြောင့်ဖြစ်၏။ သို့သော် ထိုကောင်စုတ်လေးက အများအပြား စားခဲ့တာမဟုတ်ဘဲ သူတို့ကို သိုလှောင်ထားရုံသာဖြစ်သည်။

"ဘာ ဘာ ဘာသိုလှောင်နေရာလဲ မျက်စိတစ်ခုခုမှားနေတာပဲ ဒါတွေအားလုံးက ငါစားထားတဲ့ ပစ္စည်းတွေ"

ဟေးယွီက ငြင်းနေသေးဆဲဖြစ်၏။ သူက အမှန်တကယ် အရှက်မဲ့လွန်းလှသည်။

"အန်းဟေးယွီက မင်းရဲ့ ‌သိုလှောင်နေရာထဲမှာ လက်နက်တော်တော်များများ တွေ့လိုက်တယ် ကြည့်ပါဦး ငါတို့ ဓားတွေက ပွန်းပဲ့ကုန်ပြီ အသစ်လေးပေးရင် ဘယ်လိုလဲ"

စွမ်းအင်ပါများက တကယ်ပဲ အရေးမကြီးပေ။ ကျိုးဇယ်ယွီက လည်ပင်းကို ပွတ်သပ်လိုက်ပြီး သူက သိုလှောင်နေရာထဲတွင် လက်နက်များကို သတိပြုမိလိုက်၏။ ယင်းက ပစ္စည်းကောင်းများ ဖြစ်လောက်သည်။ မဟုတ်လျှင် ဟေးယွီက သူသဘောကျသည့် စွမ်းအင်ပါများကို ထည့်ထားမှာမဟုတ်ပေ။

"ဟုတ်တယ် ဟေးယွီ ငါတို့က ညီအစ်ကိုတွေ ပစ္စည်းကောင်းတွေကို မင်းတစ်ယောက်တည်း မသိမ်းထားနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်း အဲဒါတွေကို သုံးမှာမှမဟုတ်တာ လာပါ လူတို့င်းအတွက် လက်နက်မသစ်တွေပေးလိုက်"

ကျိုးဇယ်ယွီသာမက လုဟိုင်ရွှမ်းကလည်း မျက်နှာထက်တွင် မျက်နှာချိုသွေးသော အပြုံးဖြင့် ပြုံးလာသည်။ ကျန်သည့်သူများက ဘာမှမပြောကြ။ သို့သော်ငြား သူတို့မျက်နှာပေါ်ရှိ သွင်ပြင်ကို အကဲဖြတ်ခြင်းအားဖြင့် သူတို့သည် ကျိုးနှင့် လုတို့ကဲ့သို့ပဲဖြစ်ကြောင်း သိရသည်။ ယခုထိုဈေးပေါသည့် ကောင်စုတ်လေးကို စုတ်ဖြဲရန် အခွင့်အရေးကောင်းပဲဖြစ်သည်။ ထိုအပြင် သူတို့အားလုံးက ယွင်ချဲ့၏ အနက်ရောင်ဓားသွားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့ပြီး ကိုယ်ပိုင် အထက်တန်းစား လက်နက်တစ်ခုကို ပိုင်ဆိုင်ခြင်းက မည်မျှ အကူအညီဖြစ်ကြောင်း သူတို့အားလုံး သိပြီးဖြစ်၏။ သို့သော် လက်နက်ကောင်းတစ်ခုကို မည်သည့်နေရာကနေ ရမည်နည်း။ ယင်းက ယခုအချိန်၌ ဟေးယွီ၏ဗိုက်ထဲ၌ လက်နက်တိုက်ရှိနေတာပဲ ဖြစ်သည်။

143 06

"ဟေး မင်းတို့တွေ ဘာလုပ်နေကြတာလဲ ကြွယ်ဝတဲ့သူတွေကို ဆန့်ကျင်တဲ့ ဆင်းရဲသားတွေလား ထွက်သွားကြ ဒါ ငါ ခက်ခက်ခဲခဲ စုဆောင်းထားရတာလေ မင်းတို့ကို ဘာကြောင့် ပေးရမှာလဲ အားလုံးအတွက် လက်နက်အသစ်လား မင်းတို့တွေက ငါ့ကို သူဌေးကြီးများ ထင်နေတာလား ရှူး ‌‌တွေးတောင်မတွေးလိုက်နဲ့"

ဟေးယွီက ရုတ်တရက် အလုပ်ထလုပ်တော့၏။ သူက ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းကို ခွာချရန် ကြိုးစားလိုက်၏။ သို့သော်ငြား မလုပ်နိုင်ပေ။ သူက ခွေးပေါက်လေးအသွင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဟေးယွီ ရုန်းကန်နေရတာကို မြင်သောအခါ လူတိုင်းက သူ့ဆီ ဝိုင်းလာ၏။

"သခင် ကယ်ပါဦး"

ဟေးယွီက လူအုပ်ကြီးအောက်ကနေ အော်ဟစ် အကူအညီတောင်းလိုက်၏။ ယွင်ချဲ့သည် သူတို့အားလုံးကို လေထုစွမ်းအားဖြင့် လွှမ်းခြုံထားလိုက်၏။ မဟုတ်လျှင် ဆူညံသံများက ဤနေရာဆီသို့ ဖုတ်ကောင်များကို မျှားခေါ်မိမှာ သေချာသည်။

"အဟမ်း ဟေးယွီ ငါ ဒဏ်ရာရနေတာ ဟုတ်တယ် ဟုတ် ငါ ကူညီချင်ပေမဲ့ မကူညီနိုင်ဘူးလေ ဒီတော့ အွန်း ခေါင်းဆောင်ရှင်းကို လက်နက်အသစ် လဲပေးလိုက်ဦး"

"မရဘူး သခင်က တကယ် မကောင်းတာပဲ"

ယွင်ချဲ့၏ အေးစက်သော အသံကို ကြားလိုက်ရပြီး ဟေးယွီက စိတ်ပျက်အားငယ်စွာ အော်လိုက်၏။ ရှင်းဖုန်းက ယွင်ချဲ့နှင့်အတူ ထိုင်ကာ သူ့လက်ကို ဆေးရန် ရေတစ်ပုလင်းထုတ်လိုက်ကာ ဒဏ်ရာကို အရက်ဖြင့် ပိုးမဝင်အောင် ကျွမ်းကျင်စွာ ဆေးလိုက်၏။ အဆုံးတွင်မူ သူက ဟေးယွီထံ၌ရသည့်ဘူးကို ဖွင့်လိုက်၏။ ရုတ်တရက်တွင် ဆေးနံ့ပြင်းပြင်းနှင့် ပန်းပွင့်၏သင်းရနံ့က သူတို့နှာခေါင်းဝကို ကျီစယ်လာ၏။ ဆေးဘူးထဲရှိ အစိမ်းရောင် လိမ်းဆေးက တန်ဖိုးရှိပုံပေါ်သည်။

"အို ခံစားရတာ ကောင်းလိုက်တာ နာကျင်မှုတွေ မရှိတော့ဘူး ဟေးယွီက သူ့အတွက်သူ ပစ္စည်းကောင်းသိမ်းထားတာပဲ"

လိမ်းဆေးသည် မီးလောင်ရာကို ထိသွားသည်နှင့် ယွင်ချဲ့က နေထိုင်ရ ပိုကောင်းသွား၏။ သူတို့ကို ပိုအံ့ဩသွားစေသည်က ရှင်းဖုန်းက ဒဏ်ရာတစ်ခုလုံးကို လိမ်းပေးပြီးနောက် ယွင်ချဲ့၏ တူးချိတ်နေသော အရေပြားက စတင်ပျောက်ကင်းလာတာပဲဖြစ်သည်။ ယွင်ချဲ့က ၎င်းကို ထိလိုက်ရာ အရေပြားက မမာတော့ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ထိုအရေပြားလိမ်းဆေးက တကယ်ကို ဆန်းကြယ်သည့် ပစ္စည်းတစ်မျိုးဖြစ်နေ၏။

လက်ထဲတွင် အပြာရောင် အခွံလေးကို ကိုင်ထားပြီး ရှင်းဖုန်းက မသိမသာ ကြည်ပြီကြည်ပြီ ပြောလိုက်တော့၏။ လိမ်းဆေးက အံ့ဩဖွယ်ကောင်းလွန်းသောကြောင့် ဟေးယွီ၌ ပစ္စည်းကောင်းများ ပိုရှိရပေမည်။

"နောက်တစ်ခေါက်ပေါ့ ဟေးယွီလိုလူအတွက် သူ့ပစ္စည်းကို မျှဝေပေးရတာ အင်မတန် နာကျင်စရာ ဖြစ်နေမှာ ဒီနေ့ သူ တော်တေယ် ဆုံးရှုံးသွားပြီဆိုတော့ သူ့ကို အလျော့ပေးလိုက်ကြတာပေါ့"

ထိုသို့ပြောပြီး ယွင်ချဲ့က ဟေးယွီကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်လဲဆိုတာကို တွေးနေပြီဖြစ်သည်။ ရှင်းဖုန်းက ယွင်ချဲ့တွေးနေတာကို မြင်ပြီး သူက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ မင်းသဘောပဲ"

အဆုံးတွင်မူ ဟေးယွီသည် လူတို့င်းကို လက်နက်အသစ်ကို တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ပေးလိုက်ရ၏။ ထိပ်ဦးတစ်ဖွဲ့လုံး၌ ကျန်းရှန်မှအပ ကျန်သည့်သူများက ဓားကို အသုံးပြုသည်။ ယဲ့ရှင်းချန်က လေးတစ်လက်ရသွားပြီး လွေ့ရှန်က ဓားသွားတသ်လက်နှင့် ယန်းဟိုင်အန်းက ဓားတစ်လက်ရသွား၏။ ယွီဝမ်ချင်းသည် အမိုက်ဆုံး လက်နက်ဖြစ်သည့် တို့က်ပွဲဝင် စစ်ပုဆိန်ကို ရထားသည်။ ရှင်းဖုန်းကမူ ဘာမှမရပေ အကြောင်းမှာ ဟေးယွီသည် သူ မေ့နေသယောင် နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ ယင်းက သူ့အတွက် များလွန်းနေပြီဖြစ်သည်။

"ဟုတ်ပြီ မင်းတို့ရဲ့ လက်နက်တွေရပြီ သွားစမ်းကြည့်ကြ အဆင့်သုံးဖုတ်ကောင်ဆယ်ကောင်ကျော် ကျန်နေတယ် ကျန်တာတွေက အဆင့်သုံး အောက်တွေပဲ မြန်မြန်လုပ်ကြ"

ဟေးယွီ၏ သနားစဖွယ် အကြည့်အောက်တွင် ရှုံးနိမ့်သွားကာ ယွင်ချဲ့သည် အမိန့်ပေးလိုက်၏။ လက်ထဲတွင် လက်နက် အသစ်များဖြင့် ထိုလယများက တက်ကြွသွားပြီး ဖုတ်ကောင်များဆီသို့ တဟုန်ထိုး ဝင်သွားတော့သည်။ ဟေးယွီ၏ မကျေမချမ်းဖြစ်မှုက ဒေါသအဖြစ် ပြောင်းလဲသွား၏။ သူက အကောင်ကြည့်လိုက်ကာ ဖုတ်ကောက်များဆီသို့ ခုန်အုပ်ပြီး ဖုတ်ကောင်များကို သိမ်းကြုံးတို့က်ခိုက်ကာ စွမ်းအားရှင်များအားလုံးကို အံ့ဩသွားစေတော့၏။

143 07

"သေစမ်း အဆင့်နိမ့်ဖုတ်ကောင်ကို တစ်ချက်တည်းနဲ့ ခုတ်ရတဲ့ ခံစားချက်က သိပ်ကောင်းတာပဲ"

"ငါ အဆင့်သုံးဖုတ်ကောင်ကို ထပ်သတ်နေရသလို ခံစားရတယ်"

"လခွမ်း မိုက်လိုက်တာကွာ ငါစိတ်လှုပ်ရှားတယ်"

ဟေးယွီထံမှ လက်နက်များက အမှန်တကယ် အဖျက်စွမ်းအားများသည်။ အစွန်ဓားသွားက ကြမ်းနေသည့်တိုင် ဖုတ်ကောင်၏ခေါင်းကို ပိုင်းဖြတ်ရာ၌ အားစိုက်ထုတ်မှု မလိုအပ်ပေ။ ဖုတ်ကောင်များအတွက် အလုံးစုံ အဆင့်တက်‌နေခြင်းဖြစ်သောကြောင့် သူတို့က အချိန်အတော်ကြာသည်အထိ ဖုတ်ကောင်များကို သစ်သီးများ လှီးဖြတ်သည့်ပမာ အတွေ့အကြုံမျိုး မရခဲ့ပေ။ အကောင်းဆုံးအပိုင်းက ဓားသွားများက မတုံးသွားပေ။ ယင်းတို့က ယွင်ချဲ့၏အသွားလောက် မထက်ငြိသော်ငြား ဖုတ်ကောင်တစ်ကောင်ကို ဖြတ်လိုက်သည့်အချိန်၌ သွေးတစ်စက်တောင်မထင်ဘဲ ဓားမတုံးသွားသည့် အာနိသင်က အံ့ဩစရာ ကောင်းလှသည်။ လယတို့င်းက ပျော်ရွှင်နေကြပြီး ကျန်းရာဖေကတောင် သဲစွမ်းအား မသုံးတော့ပေ။ သူ့လက်ထဲရှိ ဓားရှည်ဖြင့် ဖုတ်ကောင်များနှင့် အနီးကပ်တို့က်ပွဲ ဝင်နေလေ၏။

"ကြည့်ရတာ ငါတို့တွေ ကိစ္စတွေကို အရှိန်တင်ဖို လိုတဲ့ပုံပဲ"

ယွင်ချဲ့နှင့် ရှင်းဖုန်းက အကြည့်ချင်းဆုံလိုက်ပြီး အဆင့်သုံးဖုတ်ကောင်များကို ဖြေရှင်းစဉ် ပြုံးလိုက်တော့၏။ သူတို့၏ စွမ်းအားရိုက်ချက်များကို ဖိနှိပ်လိုက်၏။ သူတို့၏ တိုက်ခိုက်မှုများကြောင့် ပင်မအဆောက်အဦးအပြင်ဘက်ရှိ ဖုတ်ကောင်အားလုံးက ရှင်းထုတ်ခံလိုက်ရသည်။ တစ်ချက်‌တောင် အသက်မရှူပဲ သူတို့အားလုံးသည် အနီးရှိ အဆောက်အဦးများကို ရှင်းလင်းရန် လူခွဲလိုက်ကြ၏။ ‌နေ့လည်တစ်နာရီအချိန်၌ သုတေသနသင်တန်းကျောင်းတစ်ခုလုံး ရှင်းသွားပြီဖြစ်သည်။

ယင်းက သနားစဖွယ် တို့က်ပွဲတစ်ပွဲ မဟုတ်ပေ။ စွမ်းအားရှင် အချို့သာ သေဆုံးခဲ့၏။ ထို့အပြင် သေနှုန်းက သုံးဆယ်အောက်သာ ရှိသည်။ အရေအတွက်က မနေ့ကနှင့်ယှဉ်လျှင် လျော့ကျသွား၏။ မထင်မှတ်ထားသည့်အရာက ယွင်ချဲ့ ဒဏ်ရာရသွားတာပဲဖြစ်သည်။

တို့က်ပွဲပြီးနောက် သူတို့အဖွဲသည် သွေးများစွန်းထင်း‌နေသော ဆံပင်နှင့် အဝတ်အစားများတို့ဖြင့် ပင်မအဆောက်အဦးထဲရှိ ခန်းမထဲ၌ စုဝေးလိုက်၏။ မော့ဝမ်းယန်က အားလုံးကို သန့်ရှင်းပေးရန် ရေကို ထုတ်လိုက်ပြီး လေသို့လှောင်စွမ်းအားရှင်များက အဝတ်အစားပိုများ ထုတ်ပေး၏။

လူတို့င်းက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သန့်ရှင်းသပ်ရပ်အောင်ပြင်ပြီး ဒဏ်ရာများကုသနေ၏။ အားလုံးပြီးနောက် သူတို့က ထိုင်ချကာ ထိုင်စားသောက်တော့သည်။

"ဟေးယွီက ဘာဖြစ်တာလဲ"

အခမဲ့စားသုံးသူ မော့ဝမ်းယန်က ထပ်လာမေးပြန်၏။ ဟေးယွီ မြေကြီးပေါ်၌ ပစ်လဲနေတာကို မြင်သောအခါ သိချင်သွားပြီး သူက ယွင်ချဲ့ကို ခွင့်ကျွေးနေသော ရှင်းဖုန်းကို မေးလိုက်၏။ မော့ဝမ်းယန်က စိတ်ဓာတ်ကျနေသော ဟေးယွီကို မြင်ရတာ မြင်သားမကျပေ။

"သူ့ ဆုံးရှုံးမှုအတွက် အဆင်မပြေဖြစ်နေတာ"

ယွင်ချဲ့က လှောင်ပြုံးတစ်ခု မဲ့ပြုံးဖြင့် ပြန်ပြောလိုက်သည်။ စုတ်ပြတ်ခံရခြင်းက ဟေးယွီအတွက် ကြောက်မက်ဖွယ်အတွေ့အကြုံဖြစ်၏။ သူက ကျန်သည့်သူများကို အရေးဆုတ်နေကျဖြစ်သည်။

"အင်းပါ"

ယွင်ချဲ့က မော့ဝမ်းယန် ပြောလိုက်သည့်စကားကြောင့်ပိုတောင် စိတ်ရှုပ်ထွေးသွားသည်။ သူက အစားအသောက် သေတ္တာကို ကိုင်ပြီးနောက် တဝတစ်ပြဲ စားသောက်နေစဉ် ဟေးယွီက သူ့ကို သုန်မှုန်စွာ ပိုကြည့်လာလေ၏။ သူက အိမ်‌‌စောင့်တိရစ္ဆာန်လည်းမဟုတ် နတ်သားရဲ့ နတ်ဘုရားနှင့်လည်း ရှုပ်ရန် မရည်ရွယ်ထားပေ။

Telegram မှာ အပိုင်း ၂၇၃အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

53.9K 7.3K 67
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
217K 30.6K 98
***MC ချီကျွင်း ၊ တုန်ဖန်းရုန် မတော်တဆမှုတစ်ခုတွင် ချီကျွင်းသည် အနာဂတ်ကမ္ဘာသို့ ခရီးသွားခဲ့ပြီး ထိုကမ္ဘာမှ ချီကျွင်း ဖြစ်လာခဲ့သည်။ သူ့ဘဝတစ်သက်တာတွင်...
341K 35.6K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
10K 1.4K 29
ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ...