141 01
အခန်း ၁၄၁(၁) ကြောက်မက်ဖွယ်ကောင်းသည့်ည၊ လှုပ်ရှားရန် အချိန်ကျရောက်။
"အား.."
ဖုတ်ကောင်များထံမှ ဆူညံသံထွက်နေသည့်အပြင် အသံရှုသံသဲ့သဲ့သာ ရှိနေသည့် အချိန်၌ ညနေစောင်းတွင် လူတိုင်းက သဟဇာတဖြစ်မှုကို ဖြိုခွဲမည့် စူးရှသည့်အသံတစ်သံ မပေါ်ထွက်လာခင်အထိ အိပ်မောကျနေကြ၏။
"ဘာလဲ ဘာဖြစ်တာလဲ"
"ဘာဖြစ်တာလဲဟ"
"လုပ်စမ်းပါ ငါ ဒီမှာ အိပ်ဖို့ ကြိုးစားနေတယ်လေ"
"ဘာလဲကွာ ငါအိပ်ပျော်ကာစကို.."
အိပ်ငိုက်နေသော လူအုပ်ကြီးက စိတ်ဆတ်လာကြ၏။ လူတိုင်းက ကျိန်ဆဲနေကြပြီး မျက်လုံးမဖွင့်ဘဲ ဆဲဆိုနေကြ၏။ သူတို့ဆီသို့ ယွင်ချဲ့သယ်လာသည့် သတင်းကို ကြားပြီးနောက် လူတိုင်းက အနည်းနှင့်အများ သန်းခေါင်ယံအချိန်ထိ အိပ်ရန် ခက်ခဲနေလေသည်။ ဤနည်းဖြင့် အနိုးခံလိုက်ရပြီးနောက် မည်သူမဆို ဒေါသထွက်ကြမှာပဲ ဖြစ်သည်။
"ဒါက.."
မီးစွမ်းအားရှင်များက နေရာကို လင်းထိန်သွားစေရန် မီးလုံးများ ထုတ်ဖော်လိုက်ရာ သူတို့ မြင်လိုက်ရသည့်အရာကြောင့် ခေါင်းက ချက်ချင်း ကြည်လင်သွားတော့သည်။ ထောင့်ကျဉ်းလေးထဲ၌ ဗိုလ်ချုပ်ကျန်းက နံရံကို မှီထားလျက် မျက်နှာ၌ သွေးများ ပေနေလေ၏။ သူ၏ဦးခေါင်းခွံကလည်း ဖိချေခံထားရပြီး ဗိုက်၌ အပေါက်တစ်ပေါက် ရှိနေသည့် အလယ်အလတ် အရွယ်အစားခန့်ရှိသော ကြောင်တစ်ကောင်က ကျန်း၏ခေါင်းကို ကိုက်ခဲနေကာ ဦးနှောက်ဖောက်စားနေပြီး ရွံရှာဖွယ်မြင်ကွင်းမျိုး ဖြစ်နေစေ၏။ ဗိုလ်ချုပ်ကျန်းကလည်း သေနေပြီဖြစ်သည်။
"မြောင်.."
ကောင်းစွာလေ့ကျင့်ပေးခံထားရသည့် သူများကတောင် ထိုမြင်ကွင်းကြောင့် မှင်တက်ကြက်သေ သေသွားကြလိမ့်မည်။ ဖုတ်ကောင်ကြောင်သည် တစ်ဝတပြဲ စားသောက်နေရာမှ ခေါင်းမော့လာပြီး စွမ်းအားရှင်များကို ကြည့်လိုက်၏။ ၎င်း၏ မျက်နှာ၌ အနီရောင်နှင့်အဖြူရောင် အကျိအချွဲများဖြင့် ပြည့်နေလေပြီး သူ၏ ချွန်ထက်သော အစွယ်ကနေ စေးကပ်သည့် အရည်များ တတောက်တောက်ကျနေပြီး လူအများကို ပျို့တက်လာစေ၏။
လူသားများကို မာန်ဖီနေလေ၏။
"မင်းတို့ ဘာစောင့်နေတာလဲ သတ်လိုက်လေ.."
"ဟုတ် ဟုတ်.."
မော့ဝမ်ယန်က သတိပြန်ဝင်လာပြီး သုန်မှုန်သော မျက်နှာထားဖြင် အော်ဟစ်လိုက်လေ၏။ ဗိုလ်ချုပ်ကျန်း၏ အလောင်းနားတွင် ရှိသည့် ဝေ့စစ်သားများကလည်း ကြောင်ကို စွမ်းအားများဖြင့် ပစ်ထုတ်ကြတော့သည်။
"မြောင် မြောင်.."
သူတို့က ကြောက်လန့်နေချိန်၌ ကြောင်ကို ထိအောင် ပစ်နိုင်လျှင် အံ့ဩဖွယ်ကောင်းမှာပဲ ဖြစ်သည်။ ကြောင်ဖုတ်ကောင်က အတားအဆီးနေရာကနေ ထွက်သွားလိုက်ပြီး အနီးဆုံးလူကို ခုန်အုပ်လိုက်၏။ ၎င်းက ချွန်ထက်သော လက်သည်းဖြင့် လူတစ်ယောက်၏မျက်နှာကို ကုပ်ခြစ်ကာ မျက်လုံးကျွတ်ထွက်လုနီးပါး ဖြစ်သွားစေ၏။ သို့သော် ကျန်သည့်သူများကလည်း သူတို့က ရုပ်တုများသဖွယ် ရပ်နေမိကြလေသည်။
ဖုန်း..
သနားစဖွယ်လူကမူ မျက်စိကန်းတော့မည့် အချိန်၌ လေထဲ၌ အနက်ရောင်ဓားသွားက ပေါ်လာပြီး ကြောင်ဖုတ်ကောင်၏ ခေါင်းကို ချက်ချင်းထိုးစိုက်သွားကာ ၎င်းကို နံရံပေါ်၌ စိုက်နေစေ၏။ ဓားပိုင်ရှင်ကမူ ကြောင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ဓားသွားကို ဆွဲထုတ်သည့် အချိန်၌ သလင်းအမြုတေကို ထုတ်လိုက်လေ၏။
"ဒါက အဆင့်နှစ်ကြောင်ဖုတ်ကောင်ပဲ မင်းတို့တွေက တကယ်ကြီး ကြောက်နေတာလား"
ယွင်ချဲ့က အညိုရောင် သလင်းအမြုတေကို သန့်ရှင်းပြီးနောက် လှည့်ကြည့်လိုက်ကာ သူ့မျက်နှာထက်တွင် အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်လေ၏။ လူတိုင်းက ရှက်ရွံ့သွားကြပြီး ခေါင်းငုံ့ထားကြသော်ငြား ယွင်ချဲ့ကို ပြန်မပြောခဲ့ကြပေ။ အမှန်တကယ်တွင် ယခုအချိန်ထိတိုင် သူတို့ ခန္ဓာကိုယ်များ တောင့်တင်းနေသေးဆဲ ဖြစ်သည်။ ယင်းက အဆင့်နိမ့်ဖုတ်ကောင်တစ်ကောင်မဟုတ် သူတို့ကို ခြောက်လန့်နိုင်သည့် ကျောချမ်းဖွယ် မြင်ကွင်းသာ ဖြစ်သည်။ သို့သော် သူတို့အိပ်နေရာမှ မျက်လုံးပွင့်လာပြီးနောက် သူတို့ မြင်တွေ့လိုက်ရသည့် ပထမဆုံး မြင်ကွင်း ဖြစ်နေလေရာ မည်သူမဆို ထိုသို့ တုံ့ပြန်ကြမှာပဲ ဖြစ်သည်။
"ခေါင်းဆောင်.."
"ခေါင်းဆောင်.."
ဝေ့တပ်ဖွဲ့က သူတို့ခေါင်းဆောင် သေပြီးသည့်အချိန် နောက်ဆုံးမှ ပေါ်လာလေ၏။
141 02
ကျန်း၏ လက်အောက်ငယ်သားများက သူ့အလောင်းနားတစ်ဝိုက်၌ ဝမ်းနည်းပက်လက် ငိုကြွေးနေကြလေ၏။ ဝေ့စစ်သားများက သူတို့ဦးထုပ်ကို ချွတ်ပြီး အရိုအသေပေးကာ တိတ်တဆိတ် ရေရွတ်နေလေ၏။ မည်သူကမှ အထူးတလည် ခံစားမနေကြပေ။ ကမ္ဘာပျက်ကပ်က ဤသို့သာ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း လူများ သေဆုံးနေကြပြီး တာဝန်တိုင်း၌ အသက်ရှင်နိုင်မည်ဟူသည့် အာမခံချက် မရှိပေ။ သေခြင်းတရားသည် အထူးသဖြင့် ရှေ့တန်းရှိ စစ်သားများ တွေ့ကြုံနေကျ ဖြစ်၏။
"ဒီလူတွေကို ကြိုးဖြည်ပေးလိုက် သူတို့တွေက ဆယ်နာရီကျော် လေ့လာခံထားရပြီးသား ဖုတ်ကောင်အဆိပ်က အခုချိန်မှ ဘာမှမရှိလောက်တော့ဘူး"
ယွင်ချဲ့က ဝေ့စစ်သားများ၏ ပူဆွေးဖွယ် အခမ်းအနားတွက် အချိန်မရှိပေ။ သူက မော့ဝမ်ယန်ကို ဖြတ်ကျော်သွားပြီးချိန် ရပ်တန့်လိုက်ကာ ဒဏ်ရာရထားသည့် စစ်သားများကို ကုသပေးရန် အချက်ပြလိုက်၏။ မော့ဝမ်ယန်က ဘာမှမပြောတော့ဘဲ လက်ဝေ့ယမ်းကာ သူတို့ကို ကြိုးဖြည်ပေးရန် လက်ထောက်ကို ညွှန်ကြားလိုက်၏။ ယွင်ချဲ့က ညလယ်ခေါင်၌ စကားပြောချင်စိတ် ရှိမနေပေ။ သူတို့၏ထောင့်နေရာသို့ ပြန်လျှောက်သွားလိုက်သည်။
"ဒါ မင်းတို့တွေ လုပ်တာလား"
သူတို့အဖွဲ့ကို လေအကာအရံဖြင့် သိုင်းရစ်ပြီးနောက် ယွင်ချဲ့သည် အိပ်ရာလိပ်ထဲသို့ ပြန်ရောက်လာသည့် အချိန်တွင် ရှင်းဖုန်းကို မေးလိုက်လေ၏။ သူ့မျက်လုံးက တစ်ဝက်ပွင့်လျက်သာ ဖြစ်နေ၏။ ထို့ကြောင့် သူက ထပ်အိပ်ရန် ပြင်ဆင်နေပုံပေါ်သည်။ ထိုလေးနက်သည့် မေးခွန်းကို သူ မေးနေသည်မှန်း မည်သူမျှ မသိနိုင်ပေ။
"မင်း ဘယ်လိုလုပ် သိလဲ"
ကျိုးဇယ်ယွီက တအံ့တဩဖြင့် မျက်လုံးဖွင့်လိုက်လေ၏။
"ဘာ ချဲ့ကားစိတ်ဖတ်သူလား.."
"ဒီတော့ လူတွေအားလုံးထဲမှာ ကြောင်က ဗိုလ်ချုပ်ကျန်းကို ဘာကြောင့်ရွေးရတာလဲ.. ငါ့ကို အရူးတစ်ယောက်လို့များ ထင်နေလား၊ ဒါ မင်းတို့ကြောင့်ပဲ ဖြစ်ရမယ်"
ကြောင်ကို ယဲ့ရှင်းချန် ထိန်းချုပ်ထားကြောင်း ယွင်ချဲ့ သိပေ၏။ မဟုတ်လျှင် ထိုမျှ မည်ကဲ့သို့ တိကျမည်နည်း။ 'ကောင်းလိုက်ကြတဲ့ ကောင်တွေ ငါ့နောက်ကွယ်မှာ လက်စားချေတယ် ဟုတ်လား မင်းတို့ကောင်တွေကို ထပ်ကြည့်ပေးဖို့ မလိုတော့တဲ့ပုံပဲ' ယွင်ချဲ့က တွေးလိုက်၏။
"သူ့ကို မှန်မှန်ကန်ကန် ခစားတာပဲလေ။ သူက ဘယ်လိုလုပ် အကောက်ကြံရဲရတာလဲ။ ထိပ်ဦးအဖွဲ့ခေါင်းဆောင်က လေးစားမှုအချို့ ထိုက်တန်တယ်"
ကျိုးဇယ်ယွီက ရေရွတ်ပြောနေလျက် သူက မှန်ကန်သည့်ကိစ္စကို ပြုလုပ်ခဲ့သည့်တိုင် သူ့လုပ်ရပ်ကို ယွင်ချဲ့ အသိအမှတ်မပြုမှာ စိုးရိမ်နေလေ၏။ ယဲ့ရှင်းချန်က တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်။ ငါတို့.."
ယွင်ချဲ့က လက်မြောက်ပြပြီး သူတို့ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။ ပြီးနောက် သူက ခေါင်းလှည့်ကာ သူတို့ကို ကြည့်ရန် မျက်လုံးအနည်းငယ် ဖွင့်ပြီး ပြောလိုက်တော့၏။
"မင်းတို့ကို အပြစ်မတင်ဘူး ကမ္ဘာပျက်ကပ်မှာ မင်းတို့ ရှင်သန်ရမဲ့ပုံစံပဲ။ ငါတို့တွေက အချိန်တိုင်း ရန်လိုမှုတွေကို ကြုံရပြီး ပြန်တိုက်ခိုက်နေခဲ့မယ် ဆိုရင် သေကုန်ကြမှာပဲ။ သူ့ဘဝ အဆုံးမသတ်သွားရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဆန်ကုန်မြေလေးအသက်ကို ငါ ရှင်သန်ခွင့် ပေးမှာ မဟုတ်ဘူး။ မင်းတို့ လုပ်ခဲ့တာ ကောင်းတယ်။ မှတ်ထား ရန်သူအပေါ် သက်ညှာမှု ပြလိုက်တာက နောက်ဆုံးမှာ မင်းတို့ သေခြင်းတရားကို ဖြစ်စေမှာပဲ။ သက်ညှာတာက ကမ္ဘာပျက်ကပ်မှာ နောက်ဆုံးမှ လုပ်သင့်တဲ့အရာမျိုးပဲ"
ဗိုလ်ချုပ်ကျန်းသည် ဤနေ့လည်၌ အနှေးနှင့်အမြန် ယွင်ချဲ့ကို ဖြေရှင်းမည်မှန်း လူတိုင်း ပြောနိုင်၏။ ယွင်ချဲ့ကို ရင်ဆိုင်တော့မှာပဲ ဖြစ်သည်။ ယွင်ချဲ့က အဓိပ္ပာယ်မရှိသည့် အရာများအတွက် အချိန်မရှိသော်ငြား စိတ်ပြင်ဆင်ပြီးသား ဖြစ်ကာ မနက်ဖြန် တိုက်ပွဲဖြစ်ပွားနေသည့် အချိန်၌ ကျန်းကို သတ်ရန် စီစဉ်ထားခဲ့သည်။ ယခု ပြဿနာ ဖြေရှင်းပြီးပြီဖြစ်၍ သတ်ရန် မလိုအပ်တော့ပေ။
"ဟုတ်ပြီ"
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြ၏။ ယွင်ချဲ့၏ထောက်ခံချက်ကို ရရှိသည့် အချိန်၌ သူတို့ စိတ်သက်သာရာ ရသွားသည်။ ဆိုရလျှင် ယင်းက သူတို့ ယခင်က မလုပ်ဖူးသည့် အရာဖြစ်သည်။
"အိပ်ကြတော့ မနက်သုံးနာရီရှိနေပြီ။ ပြင်းထန်တဲ့ တိုက်ပွဲက ငါတို့ရှေ့မှာပဲ"
ယွင်ချဲ့က ခေါင်းခါပြီး ပြုံးလိုက်တော့သည်။ သူက လေအရံအတားကို ဖယ်ရှားလျက် ရှင်းဖုန်း၏လက်ထဲ တိုးဝင်ကာ အိပ်ပျော်သွားတော့၏။ ရှင်းဖုန်းက တစ်ချိန်လုံး ဘာမှမပြောခဲ့ဘဲ အိပ်မပျော်သွားခင် ယွီဝမ်ချင်းကို ခွင့်ပြုသည့် အကြည့်တစ်ချက်သာ ကြည့်လိုက်၏။ သူတို့အားလုံးက တစ်လှေတည်းစီး ဖြစ်ရာ ဗိုလ်ချုပ်ကျန်းက ပြဿနာများစွာသာ ပိုဖြစ်စေလိမ့်မည်။ သို့မဟုတ် ကပ်ဘေးတစ်ခုတောင် ဖြစ်နိုင်၏။ ထိုခွေးမသားကို အမြန်ဆုံး ဖြေရှင်းတာက သူတို့၏အကောင်းဆုံး အခြေအနေသာ ဖြစ်သည်။
141 03
၇နာရီထိုးသွားချိန်၌ ကြမ်းတမ်းသည့် တစ်ညတာ ကုန်လွန်ပြီး လူတိုင်း တစ်ယောက်ပြီးတစ်ယောက် နိုးလာ၏။ ဝေ့တပ်ဖွဲ့က ဗိုလ်ချုပ်ကျန်း၏အလောင်းကို ဖယ်ရှားခဲ့၏။ မည်သူမျှ မမေးခဲ့ကြပေ။ လူတိုင်း၏ အာရုံစိုက်မှုက လာမည့်တိုက်ပွဲပေါ်တွင်သာ ရှိနေပြီး လူတိုင်းက သွားတိုက်ပြီးနောက် စက်ရုပ်များသဖွယ် မနက်စာစားလိုက်လေ၏။ နေ့စဉ်တိုက်ပွဲတစ်ပွဲ မဟုတ်ပေ။
"အဆင့်သုံးစွမ်းအားရှင်တွေနဲ့ မင်းကိုပါ ရေတွက်လိုက်မယ် ဆိုရင် စုစုပေါင်း လူ၁၀၁ယောက် ရှိတယ်။ အခု ပြဿနာက အပြင်ဘက်က ဖုတ်ကောင်တွေကို မနှောင့်ယှက်ဘဲ ဒီနေရာကနေ ဘယ်လိုထွက်မလဲ ဆိုတာပဲ"
မော့ဝမ်ယန်က ယွင်ချဲ့တို့၏မနက်စာကို အခမဲ့ထပ်လာစားပြန်၏။ သူတို့၏ပူပူနွေးနွေး စားစရာများက အစာခြောက်ရိက္ခာများထက် ပိုပြီး စားချင်စဖွယ်ကောင်းသည်။
"မနက်စာစားနေချိန် အဲဒီအကြောင်း မပြောရင် မရဘူးလား"
ယွင်ချဲ့က ရှင်းဖုန်း သူ့အတွက် လုပ်ထားပေးသည့် ပေါက်စီကို တစ်ကိုက်ကိုက်လိုက်၏။ ပြီးနောက် မော့ဝမ်ယန်ကို ကြည့်ကာ ဝါးနေလျက် သူ့ဇွန်းနှင့် အရွက်ဆန်ပြုတ်ကို ခပ်လိုက်၏။
"အဆင့်သုံးစွမ်းအားရှင် ၁၀၁ယောက် ရှိတာလား။ ကောင်းပြီလေ။ ဒါက သတင်းကောင်းပဲ။ ပြောရရင် ဒီလောက် မဆိုးပါဘူး"
သူက တွေးလိုက်လေ၏။
"မင်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ မရဘူးလား။ ငါ မနက်စာတောင် နှစ်နှစ်ခြိုက်ခြိုက် မစားနိုင်ဘူး"
မော့ဝမ်ယန်သည် ထိုသို့ပြောနေစဉ် ပေါက်စီကို မမျိုချနေခဲ့လျှင် ပိုယုံကြည်စရာ ကောင်းပေလိမ့်မည်။ လူတိုင်းက သူ့ကို ပြန်ပြောမည့်အစား နံနက်စာကိုသာ အာရုံစိုက်ထားကြ၏။ မော့၏ဝမ်းကွဲ ရှင်းဖုန်းကတောင် သူ့ကို တစ်ချက်မျှ မကြည့်ခဲ့ပေ။ သူက ယွင်ချဲ့ကိုက်ထားသည့် ကျန်သည့် ပေါက်စီတစ်ခုလုံးကို စားပစ်လိုက်၏။ ဆန်ပြုတ်သောက်ပြီးနောက် သူက နောက်ထပ် ပေါက်စီတစ်လုံးကို ယူလိုက်၏။ ပြီးနောက် ယွင်ချဲ့ကို ပထမဆုံး ကိုက်ခိုင်းသေးသည်။
"စီနီယာ စားလေ ပိုစားလေ"
ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က စုံတွဲတစ်တွဲအနေဖြင့် သိုသိုသိပ်သိပ် ပြုမူနေကြစဉ် ကျန်းရှန်းကမူ တစ်လောကလုံးအား သိစေချင်သည့်ပမာ သူတို့၏ဆက်ဆံရေးကို ကြွားလုံးထုတ်နေ၏။ သူက ယဲ့ရှင်းချန်ကို ဆန်ပြုတ် ခပ်တိုက်လိုက်သည်။ ထိုသို့ ပြုလုပ်နေပြီး ယဲ့ရှင်းချန်ကတောင် ရှက်လာလေ၏။ စက်ရုပ်ကဲ့သို့ပင် ရယ်ကာ သူ့အသင်းသားများ၏ စိမ်းဖန့်သော မျက်ဝန်းများကို အမှုမထားဘဲ သူ့ပါးစပ်ထဲ ရောက်လာသမျှ အားလုံးကို မျိုချလိုက်သည်။
မနက်စာစားဖို့ သူတို့ နာရီဝက်ခန့် အချိန်ယူလိုက်ကြပြီး အားလုံး အသင့်ဖြစ်ပြီးနောက် ၈နာရီ ထိုးနေပြီဖြစ်သည်။
ယွင်ချဲ့နှင့် ရှင်းဖုန်းက ဦးဆောင်လျက် ၁၀၁ယောက်သော အဖွဲ့က ထိပ်ဆုံးအလွှာသို့ သွားလိုက်၏။ မော့ဝမ်ယန် မထွက်သွားခင် သူ၏လက်အောက်ငယ်သားများကို စောင့်ကြပ်ခိုင်းထားပြီး ဒဏ်ရာရသူများကို ဂရုစိုက်ပေးရန် မှာကြားခဲ့၏။ ဂုဏ်ယူဝင့်ကြွားသည့် လူများက နောက်တွင် ကျန်နေခဲ့ရခြင်းကို ခံစားချက် သိပ်မကောင်းပေ။ အကြောင်းမှာ သူတို့က လုံလောက်အောင် မတော်ဘဲ ဒဏ်ရာရနေသောကြောင့် ဖြစ်၏။
ကံကောင်းသည်မှာ ကေတီဗီမှာ ကျယ်ဝန်းလှသည်။ အဖွဲ့က ထိပ်ဆုံးအလွှာသို့ သွားချိန် လူပြည့်ကျပ်နေသည်ဟု မခံစားရပေ။ ယွင်ချဲ့သည် တစ်ချက် စစ်ဆေးရန် လေဇယားကွက်ကို ထုတ်လိုက်၏။ အဆင့်သုံးဖုတ်ကောင်များနည်းသည့်နေရာကို ရွေးချယ်လိုက်သည်။ သူတို့က ငုံ့ကြည့်ပြီးနောက် အဆင့်သုံးဖုတ်ကောင်နှစ်ကောင်ကို မှတ်ထားပြီးနောက် လှည့်ပတ်သွားကာ ဟေးယွီနှင့် ဝံပုလွေဘုရင်ကို တီးတိုးပြောလိုက်သည်။ သူတို့ သူ ညွှန်ကြားတာကို နားလည်ကြောင်း အတည်ပြုပြီးနောက် ယွင်ချဲ့သည် စွမ်းအားနယ်မြေထဲကနေ မတပ်ဆင်ရသေးသည့် တွဲလှည်းစီးစွန်များစွာကို ထုတ်လိုက်၏။
"မင်းတို့တွေက စစ်သားတွေပဲ ဒီတော့ ပစ္စည်းတွေ ဘယ်လို တပ်ဆင်ရမလဲဆိုတာ သိမှာပဲ။ နှစ်ယောက်တစ်ဖွဲ့.. ဒါပေမဲ့ လေစွမ်းအားရှင်တွေက အဆင့်သုံးနဲ့ ပါတနာဖွဲ့ရမယ်။ ငါတို့တွေ အဲဒီကို ဆင်းသက်ရမယ်။ မှတ်ထားကြ။ ဒါတွေက ငါ့မှာရှိတဲ့ တွဲလှည်းစီးစွန် အကုန်ပဲ။ မင်းတို့ မြေပြင်ပေါ် ရောက်ပြီးတာနဲ့ အနီးဆုံး သိုလှောင်စွမ်းအားရှင်ကို တွဲလှည်းစီးစွန်တွေပေးလိုက်။ ပြီးရင် သူတို့က ပြန်ဆုံတဲ့အချိန် ငါ့ဆီ ပြန်ပေးလိမ့်မယ်"
တွဲလှည်းစီးစွန်များက သေးငယ်ပြီး လက်တွေ့အသုံးတည့်ပေ၏။ သူက ထိုအရာများအားလုံး တစ်ပြိုင်နက်တည်း ဆုံးရှုံးမှာကို မမြင်လိုပေ။ ကမ္ဘာပျက်ကပ်၌ သူတို့ ရှေ့ဆက်သုံးရမည့် နေရာများစွာ ရှိနေသေးပြီး ထိုတွဲလှည်းစီးစွန်များ အသုံးတည့်မည့် နေရာများစွာ ရှိနေသေး၏။ လူတိုင်းက ယွင်ချဲ့သည် ကိရိယာကို တွန့်တိုမှန်းသိ၏။ ထို့ကြောင့် မည်သူကမျှ သူ့ကို ပြန်မပြောကြပေ။ သူတို့က တွဲလှည်းစီစွန်ကို ရသည်နှင့် စတင်တပ်ဆင်ကြတော့သည်။ မော့ဝမ်ယန်က ယွင်ချဲ့ဆီ လျှောက်သွားပြီးနောက် ထိုနေရာရှိ အခြေအနေကို စစ်ဆေးလိုက်၏။
"အဆောက်အဦးက သိပ်မမြင့်ဘူး။ တွဲလှည်းစီးစွန်တွေက လေထဲမှာ ဝဲနိုင်မှာမဟုတ်ဘူး။ ဖုတ်ကောင်တွေထဲ ကျသွားမှာ စိုးရိမ်မိတယ်"
"ခင်ဗျားက ကျုပ်ရဲ့လေစွမ်းအားကို မေ့နေတာလား"
ယွင်ချဲ့သည် ယခုအချိန်တွင် လူအများကို ဆက်ပြီး မခန့်မှန်းခိုင်းတော့ဘဲ ပြောလိုက်၏။
141 04
"ပြီးရင် လေစွမ်းအားနဲ့ မင်းတို့ကို အောက်ပို့ပေးမယ် အဲဒီမှာ ဖြတ်လမ်းရှိလားဆိုတာ ကြည့်ကြည့် ဖုတ်ကောင်တွေအားလုံး ဒီမှာပဲ အဲဒီနေရာက ရှင်းနေတာ ငါတို့တွေ အဲဒီနေရာကို ဆင်းမယ်။ ဒါပေမဲ့ မြန်မြန် လုပ်ဖို့ လိုတယ်။ ဖုတ်ကောင်တွေ ငါတို့ကို လိုက်မမီခင် မြေပြင်ပေါ် ဆင်းမှရမယ် အချိန်ဖြုန်းနေလို့ မရဘူး"
ယွင်ချဲ့သည် သူတို့နှင့် မီတာ၆၀၀ အကွာတွင် ရှိသော လမ်းဆုံကို လက်ညှိုးထိုးပြလိုက်သည်။ မနေ့ညက ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ လမ်းဆုံကို ဘယ်ချိုးပြီးနောက် မကြာမီ၌ သူတို့သည် သုတေသန သင်တန်းကျောင်းကြီးကို တွေ့လိမ့်မည်။
"ဟုတ်ပြီ"
ယွင်ချဲ့သည် အားလုံး ပြင်ဆင်ထားပုံပေါ်၏။ မော့ဝမ်ယန်က မေးခွန်းများ ထပ်မမေးချင်တော့ပေ။ သူက ယနေ့စစ်ဆင်ရေးအတွက် ဦးဆောင်မှုကို ယွင်ချဲ့နှင့် ရှင်းဖုန်းတို့အား ထားရန် ဆုံးဖြတ်လိုက်၏။
"အားလုံး အဆင်ပြေလား"
"အားလုံး အဆင်ပြေပါတယ်"
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် သူတို့၏ အရည်အချင်းရှိသော စစ်သားများက တွဲလှည်းစီးစွန်အားလုံးကို တပ်ဆင်ပြီး အဖွဲ့ခွဲလိုက်ကြသည်။ ယွင်ချဲ့က အဖွဲ့များကို သူ့လူနှင့်သူ ဖွဲ့ခိုင်းထားပြီး မော့ဝမ်ယန်ကို ရှေ့တိုးခိုင်းလိုက်၏။ ကျန်သည့်သူများက တန်းစီပြီး ရပ်နေကြသည်။
"ဟေးယွီ ဝံပုလွေဘုရင် လာခဲ့.. ဒီအဆင့်သုံးကို ဆွဲသွားလိုက်.."
"သေချာတာကတော့ နောက်ကနေ ကန်ရုံကန်ပြီး စောင့်ကြည့်နေ.."
"ဘယ်အချိန်တုန်းကများ ကျရှုံးဖူးလို့လဲ ဝံပုလွေ ငါ့နောက်က လိုက်ခဲ့"
ဖောက်..
ဟေးယွီပြောတာ မပြီးသေးခင် သူက အဆင့်သုံးဖုတ်ကောင်များထဲမှ တစ်ကောင်ရှိသည့်နေရာကို ခုန်ဆင်းလိုက်သည်။ ဝံပုလွေဘုရင်က နောက်ထပ် အဆင့်သုံးကို ခုန်အုပ်လိုက်၏။ ဖုတ်ကောင်အုပ်ကြီးသည် သူတို့ပေါ် ဗုံးနှစ်လုံး ပြုတ်ကျလာသည့်ပမာ မွေနှောက်ခံလိုက်ရ၏။
"အခုပဲ သွားမယ်"
ယွင်ချဲ့က အမိန့်ပေးလိုက်၏။ လူဆယ်ယောက်သားက တန်းပေါ်ကနေ ခုန်ချလိုက်သည်။ သူတို့က ဖုတ်ကောင်၏ မျက်နှာပေါ် ကျရောက်ခံနီးအချိန်၌ စွမ်းအားသဲ့သဲ့သည် သူတို့ကို ထိန်းထားပေးပြီး ရှေ့သို့ လေဟုန်ဆက်စီးနိုင်အောင် ကူညီပေး၏။ တွဲလှည်းစီးစွန်ကို ထိန်းချုပ်သူများက ခပ်နိမ့်နိမ့် ပျံသန်းနေလေ၏။ ပြီးနောက် တွဲလှည်းစီးစွန်များက ရှေ့ဆက်ပျံသန်းနေပြီး ဖုတ်ကောင်များကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
.....
Telegram မှာ အပိုင်း ၂၇၀အထိ ရောက်ပါပြီနော်။
Zawgyi
141 01
အခန္း ၁၄၁(၁) ေၾကာက္မက္ဖြယ္ေကာင္းသည့္ည၊ လႈပ္ရွားရန္ အခ်ိန္က်ေရာက္။
"အား.."
ဖုတ္ေကာင္မ်ားထံမွ ဆူညံသံထြက္ေနသည့္အျပင္ အသံရႈသံသဲ့သဲ့သာ ရွိေနသည့္ အခ်ိန္၌ ညေနေစာင္းတြင္ လူတိုင္းက သဟဇာတျဖစ္မႈကို ၿဖိဳခြဲမည့္ စူးရွသည့္အသံတစ္သံ မေပၚထြက္လာခင္အထိ အိပ္ေမာက်ေနၾက၏။
"ဘာလဲ ဘာျဖစ္တာလဲ"
"ဘာျဖစ္တာလဲဟ"
"လုပ္စမ္းပါ ငါ ဒီမွာ အိပ္ဖို႔ ႀကိဳးစားေနတယ္ေလ"
"ဘာလဲကြာ ငါအိပ္ေပ်ာ္ကာစကို.."
အိပ္ငိုက္ေနေသာ လူအုပ္ႀကီးက စိတ္ဆတ္လာၾက၏။ လူတိုင္းက က်ိန္ဆဲေနၾကၿပီး မ်က္လုံးမဖြင့္ဘဲ ဆဲဆိုေနၾက၏။ သူတို႔ဆီသို႔ ယြင္ခ်ဲ႕သယ္လာသည့္ သတင္းကို ၾကားၿပီးေနာက္ လူတိုင္းက အနည္းႏွင့္အမ်ား သန္းေခါင္ယံအခ်ိန္ထိ အိပ္ရန္ ခက္ခဲေနေလသည္။ ဤနည္းျဖင့္ အႏိုးခံလိုက္ရၿပီးေနာက္ မည္သူမဆို ေဒါသထြက္ၾကမွာပဲ ျဖစ္သည္။
"ဒါက.."
မီးစြမ္းအားရွင္မ်ားက ေနရာကို လင္းထိန္သြားေစရန္ မီးလုံးမ်ား ထုတ္ေဖာ္လိုက္ရာ သူတို႔ ျမင္လိုက္ရသည့္အရာေၾကာင့္ ေခါင္းက ခ်က္ခ်င္း ၾကည္လင္သြားေတာ့သည္။ ေထာင့္က်ဥ္းေလးထဲ၌ ဗိုလ္ခ်ဳပ္က်န္းက နံရံကို မွီထားလ်က္ မ်က္ႏွာ၌ ေသြးမ်ား ေပေနေလ၏။ သူ၏ဦးေခါင္းခြံကလည္း ဖိေခ်ခံထားရၿပီး ဗိုက္၌ အေပါက္တစ္ေပါက္ ရွိေနသည့္ အလယ္အလတ္ အ႐ြယ္အစားခန႔္ရွိေသာ ေၾကာင္တစ္ေကာင္က က်န္း၏ေခါင္းကို ကိုက္ခဲေနကာ ဦးေႏွာက္ေဖာက္စားေနၿပီး ႐ြံရွာဖြယ္ျမင္ကြင္းမ်ိဳး ျဖစ္ေနေစ၏။ ဗိုလ္ခ်ဳပ္က်န္းကလည္း ေသေနၿပီျဖစ္သည္။
"ေျမာင္.."
ေကာင္းစြာေလ့က်င့္ေပးခံထားရသည့္ သူမ်ားကေတာင္ ထိုျမင္ကြင္းေၾကာင့္ မွင္တက္ၾကက္ေသ ေသသြားၾကလိမ့္မည္။ ဖုတ္ေကာင္ေၾကာင္သည္ တစ္ဝတၿပဲ စားေသာက္ေနရာမွ ေခါင္းေမာ့လာၿပီး စြမ္းအားရွင္မ်ားကို ၾကည့္လိုက္၏။ ၎၏ မ်က္ႏွာ၌ အနီေရာင္ႏွင့္အျဖဴေရာင္ အက်ိအခြၽဲမ်ားျဖင့္ ျပည့္ေနေလၿပီး သူ၏ ခြၽန္ထက္ေသာ အစြယ္ကေန ေစးကပ္သည့္ အရည္မ်ား တေတာက္ေတာက္က်ေနၿပီး လူအမ်ားကို ပ်ိဳ႕တက္လာေစ၏။
လူသားမ်ားကို မာန္ဖီေနေလ၏။
"မင္းတို႔ ဘာေစာင့္ေနတာလဲ သတ္လိုက္ေလ.."
"ဟုတ္ ဟုတ္.."
ေမာ့ဝမ္ယန္က သတိျပန္ဝင္လာၿပီး သုန္မႈန္ေသာ မ်က္ႏွာထားျဖင္ ေအာ္ဟစ္လိုက္ေလ၏။ ဗိုလ္ခ်ဳပ္က်န္း၏ အေလာင္းနားတြင္ ရွိသည့္ ေဝ့စစ္သားမ်ားကလည္း ေၾကာင္ကို စြမ္းအားမ်ားျဖင့္ ပစ္ထုတ္ၾကေတာ့သည္။
"ေျမာင္ ေျမာင္.."
သူတို႔က ေၾကာက္လန႔္ေနခ်ိန္၌ ေၾကာင္ကို ထိေအာင္ ပစ္ႏိုင္လွ်င္ အံ့ဩဖြယ္ေကာင္းမွာပဲ ျဖစ္သည္။ ေၾကာင္ဖုတ္ေကာင္က အတားအဆီးေနရာကေန ထြက္သြားလိုက္ၿပီး အနီးဆုံးလူကို ခုန္အုပ္လိုက္၏။ ၎က ခြၽန္ထက္ေသာ လက္သည္းျဖင့္ လူတစ္ေယာက္၏မ်က္ႏွာကို ကုပ္ျခစ္ကာ မ်က္လုံးကြၽတ္ထြက္လုနီးပါး ျဖစ္သြားေစ၏။ သို႔ေသာ္ က်န္သည့္သူမ်ားကလည္း သူတို႔က ႐ုပ္တုမ်ားသဖြယ္ ရပ္ေနမိၾကေလသည္။
ဖုန္း..
သနားစဖြယ္လူကမူ မ်က္စိကန္းေတာ့မည့္ အခ်ိန္၌ ေလထဲ၌ အနက္ေရာင္ဓားသြားက ေပၚလာၿပီး ေၾကာင္ဖုတ္ေကာင္၏ ေခါင္းကို ခ်က္ခ်င္းထိုးစိုက္သြားကာ ၎ကို နံရံေပၚ၌ စိုက္ေနေစ၏။ ဓားပိုင္ရွင္ကမူ ေၾကာင္ဆီသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားၿပီး ဓားသြားကို ဆြဲထုတ္သည့္ အခ်ိန္၌ သလင္းအျမဳေတကို ထုတ္လိုက္ေလ၏။
"ဒါက အဆင့္ႏွစ္ေၾကာင္ဖုတ္ေကာင္ပဲ မင္းတို႔ေတြက တကယ္ႀကီး ေၾကာက္ေနတာလား"
ယြင္ခ်ဲ႕က အညိဳေရာင္ သလင္းအျမဳေတကို သန႔္ရွင္းၿပီးေနာက္ လွည့္ၾကည့္လိုက္ကာ သူ႔မ်က္ႏွာထက္တြင္ အထင္ေသးသည့္ အမူအရာျဖင့္ ေျပာလိုက္ေလ၏။ လူတိုင္းက ရွက္႐ြံ႕သြားၾကၿပီး ေခါင္းငုံ႔ထားၾကေသာ္ျငား ယြင္ခ်ဲ႕ကို ျပန္မေျပာခဲ့ၾကေပ။ အမွန္တကယ္တြင္ ယခုအခ်ိန္ထိတိုင္ သူတို႔ ခႏၶာကိုယ္မ်ား ေတာင့္တင္းေနေသးဆဲ ျဖစ္သည္။ ယင္းက အဆင့္နိမ့္ဖုတ္ေကာင္တစ္ေကာင္မဟုတ္ သူတို႔ကို ေျခာက္လန႔္ႏိုင္သည့္ ေက်ာခ်မ္းဖြယ္ ျမင္ကြင္းသာ ျဖစ္သည္။ သို႔ေသာ္ သူတို႔အိပ္ေနရာမွ မ်က္လုံးပြင့္လာၿပီးေနာက္ သူတို႔ ျမင္ေတြ႕လိုက္ရသည့္ ပထမဆုံး ျမင္ကြင္း ျဖစ္ေနေလရာ မည္သူမဆို ထိုသို႔ တုံ႔ျပန္ၾကမွာပဲ ျဖစ္သည္။
"ေခါင္းေဆာင္.."
"ေခါင္းေဆာင္.."
ေဝ့တပ္ဖြဲ႕က သူတို႔ေခါင္းေဆာင္ ေသၿပီးသည့္အခ်ိန္ ေနာက္ဆုံးမွ ေပၚလာေလ၏။
141 02
က်န္း၏ လက္ေအာက္ငယ္သားမ်ားက သူ႔အေလာင္းနားတစ္ဝိုက္၌ ဝမ္းနည္းပက္လက္ ငိုေႂကြးေနၾကေလ၏။ ေဝ့စစ္သားမ်ားက သူတို႔ဦးထုပ္ကို ခြၽတ္ၿပီး အ႐ိုအေသေပးကာ တိတ္တဆိတ္ ေရ႐ြတ္ေနေလ၏။ မည္သူကမွ အထူးတလည္ ခံစားမေနၾကေပ။ ကမာၻပ်က္ကပ္က ဤသို႔သာ ျဖစ္သည္။ ေန႔စဥ္ေန႔တိုင္း လူမ်ား ေသဆုံးေနၾကၿပီး တာဝန္တိုင္း၌ အသက္ရွင္ႏိုင္မည္ဟူသည့္ အာမခံခ်က္ မရွိေပ။ ေသျခင္းတရားသည္ အထူးသျဖင့္ ေရွ႕တန္းရွိ စစ္သားမ်ား ေတြ႕ႀကဳံေနက် ျဖစ္၏။
"ဒီလူေတြကို ႀကိဳးျဖည္ေပးလိုက္ သူတို႔ေတြက ဆယ္နာရီေက်ာ္ ေလ့လာခံထားရၿပီးသား ဖုတ္ေကာင္အဆိပ္က အခုခ်ိန္မွ ဘာမွမရွိေလာက္ေတာ့ဘူး"
ယြင္ခ်ဲ႕က ေဝ့စစ္သားမ်ား၏ ပူေဆြးဖြယ္ အခမ္းအနားတြက္ အခ်ိန္မရွိေပ။ သူက ေမာ့ဝမ္ယန္ကို ျဖတ္ေက်ာ္သြားၿပီးခ်ိန္ ရပ္တန႔္လိုက္ကာ ဒဏ္ရာရထားသည့္ စစ္သားမ်ားကို ကုသေပးရန္ အခ်က္ျပလိုက္၏။ ေမာ့ဝမ္ယန္က ဘာမွမေျပာေတာ့ဘဲ လက္ေဝ့ယမ္းကာ သူတို႔ကို ႀကိဳးျဖည္ေပးရန္ လက္ေထာက္ကို ၫႊန္ၾကားလိုက္၏။ ယြင္ခ်ဲ႕က ညလယ္ေခါင္၌ စကားေျပာခ်င္စိတ္ ရွိမေနေပ။ သူတို႔၏ေထာင့္ေနရာသို႔ ျပန္ေလွ်ာက္သြားလိုက္သည္။
"ဒါ မင္းတို႔ေတြ လုပ္တာလား"
သူတို႔အဖြဲ႕ကို ေလအကာအရံျဖင့္ သိုင္းရစ္ၿပီးေနာက္ ယြင္ခ်ဲ႕သည္ အိပ္ရာလိပ္ထဲသို႔ ျပန္ေရာက္လာသည့္ အခ်ိန္တြင္ ရွင္းဖုန္းကို ေမးလိုက္ေလ၏။ သူ႔မ်က္လုံးက တစ္ဝက္ပြင့္လ်က္သာ ျဖစ္ေန၏။ ထို႔ေၾကာင့္ သူက ထပ္အိပ္ရန္ ျပင္ဆင္ေနပုံေပၚသည္။ ထိုေလးနက္သည့္ ေမးခြန္းကို သူ ေမးေနသည္မွန္း မည္သူမွ် မသိႏိုင္ေပ။
"မင္း ဘယ္လိုလုပ္ သိလဲ"
က်ိဳးဇယ္ယြီက တအံ့တဩျဖင့္ မ်က္လုံးဖြင့္လိုက္ေလ၏။
"ဘာ ခ်ဲ႕ကားစိတ္ဖတ္သူလား.."
"ဒီေတာ့ လူေတြအားလုံးထဲမွာ ေၾကာင္က ဗိုလ္ခ်ဳပ္က်န္းကို ဘာေၾကာင့္ေ႐ြးရတာလဲ.. ငါ့ကို အ႐ူးတစ္ေယာက္လို႔မ်ား ထင္ေနလား၊ ဒါ မင္းတို႔ေၾကာင့္ပဲ ျဖစ္ရမယ္"
ေၾကာင္ကို ယဲ့ရွင္းခ်န္ ထိန္းခ်ဳပ္ထားေၾကာင္း ယြင္ခ်ဲ႕ သိေပ၏။ မဟုတ္လွ်င္ ထိုမွ် မည္ကဲ့သို႔ တိက်မည္နည္း။ 'ေကာင္းလိုက္ၾကတဲ့ ေကာင္ေတြ ငါ့ေနာက္ကြယ္မွာ လက္စားေခ်တယ္ ဟုတ္လား မင္းတို႔ေကာင္ေတြကို ထပ္ၾကည့္ေပးဖို႔ မလိုေတာ့တဲ့ပုံပဲ' ယြင္ခ်ဲ႕က ေတြးလိုက္၏။
"သူ႔ကို မွန္မွန္ကန္ကန္ ခစားတာပဲေလ။ သူက ဘယ္လိုလုပ္ အေကာက္ႀကံရဲရတာလဲ။ ထိပ္ဦးအဖြဲ႕ေခါင္းေဆာင္က ေလးစားမႈအခ်ိဳ႕ ထိုက္တန္တယ္"
က်ိဳးဇယ္ယြီက ေရ႐ြတ္ေျပာေနလ်က္ သူက မွန္ကန္သည့္ကိစၥကို ျပဳလုပ္ခဲ့သည့္တိုင္ သူ႔လုပ္ရပ္ကို ယြင္ခ်ဲ႕ အသိအမွတ္မျပဳမွာ စိုးရိမ္ေနေလ၏။ ယဲ့ရွင္းခ်န္က ေတာင္းပန္လိုက္၏။
"ေတာင္းပန္ပါတယ္။ ငါတို႔.."
ယြင္ခ်ဲ႕က လက္ေျမာက္ျပၿပီး သူတို႔ကို ရပ္တန႔္ရန္ အခ်က္ျပလိုက္သည္။ ၿပီးေနာက္ သူက ေခါင္းလွည့္ကာ သူတို႔ကို ၾကည့္ရန္ မ်က္လုံးအနည္းငယ္ ဖြင့္ၿပီး ေျပာလိုက္ေတာ့၏။
"မင္းတို႔ကို အျပစ္မတင္ဘူး ကမာၻပ်က္ကပ္မွာ မင္းတို႔ ရွင္သန္ရမဲ့ပုံစံပဲ။ ငါတို႔ေတြက အခ်ိန္တိုင္း ရန္လိုမႈေတြကို ႀကဳံရၿပီး ျပန္တိုက္ခိုက္ေနခဲ့မယ္ ဆိုရင္ ေသကုန္ၾကမွာပဲ။ သူ႔ဘဝ အဆုံးမသတ္သြားရင္ေတာင္ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ႕ ဆန္ကုန္ေျမေလးအသက္ကို ငါ ရွင္သန္ခြင့္ ေပးမွာ မဟုတ္ဘူး။ မင္းတို႔ လုပ္ခဲ့တာ ေကာင္းတယ္။ မွတ္ထား ရန္သူအေပၚ သက္ညႇာမႈ ျပလိုက္တာက ေနာက္ဆုံးမွာ မင္းတို႔ ေသျခင္းတရားကို ျဖစ္ေစမွာပဲ။ သက္ညႇာတာက ကမာၻပ်က္ကပ္မွာ ေနာက္ဆုံးမွ လုပ္သင့္တဲ့အရာမ်ိဳးပဲ"
ဗိုလ္ခ်ဳပ္က်န္းသည္ ဤေန႔လည္၌ အေႏွးႏွင့္အျမန္ ယြင္ခ်ဲ႕ကို ေျဖရွင္းမည္မွန္း လူတိုင္း ေျပာႏိုင္၏။ ယြင္ခ်ဲ႕ကို ရင္ဆိုင္ေတာ့မွာပဲ ျဖစ္သည္။ ယြင္ခ်ဲ႕က အဓိပၸာယ္မရွိသည့္ အရာမ်ားအတြက္ အခ်ိန္မရွိေသာ္ျငား စိတ္ျပင္ဆင္ၿပီးသား ျဖစ္ကာ မနက္ျဖန္ တိုက္ပြဲျဖစ္ပြားေနသည့္ အခ်ိန္၌ က်န္းကို သတ္ရန္ စီစဥ္ထားခဲ့သည္။ ယခု ျပႆနာ ေျဖရွင္းၿပီးၿပီျဖစ္၍ သတ္ရန္ မလိုအပ္ေတာ့ေပ။
"ဟုတ္ၿပီ"
သူတို႔အားလုံး ေခါင္းညိတ္လိုက္ၾက၏။ ယြင္ခ်ဲ႕၏ေထာက္ခံခ်က္ကို ရရွိသည့္ အခ်ိန္၌ သူတို႔ စိတ္သက္သာရာ ရသြားသည္။ ဆိုရလွ်င္ ယင္းက သူတို႔ ယခင္က မလုပ္ဖူးသည့္ အရာျဖစ္သည္။
"အိပ္ၾကေတာ့ မနက္သုံးနာရီရွိေနၿပီ။ ျပင္းထန္တဲ့ တိုက္ပြဲက ငါတို႔ေရွ႕မွာပဲ"
ယြင္ခ်ဲ႕က ေခါင္းခါၿပီး ၿပဳံးလိုက္ေတာ့သည္။ သူက ေလအရံအတားကို ဖယ္ရွားလ်က္ ရွင္းဖုန္း၏လက္ထဲ တိုးဝင္ကာ အိပ္ေပ်ာ္သြားေတာ့၏။ ရွင္းဖုန္းက တစ္ခ်ိန္လုံး ဘာမွမေျပာခဲ့ဘဲ အိပ္မေပ်ာ္သြားခင္ ယြီဝမ္ခ်င္းကို ခြင့္ျပဳသည့္ အၾကည့္တစ္ခ်က္သာ ၾကည့္လိုက္၏။ သူတို႔အားလုံးက တစ္ေလွတည္းစီး ျဖစ္ရာ ဗိုလ္ခ်ဳပ္က်န္းက ျပႆနာမ်ားစြာသာ ပိုျဖစ္ေစလိမ့္မည္။ သို႔မဟုတ္ ကပ္ေဘးတစ္ခုေတာင္ ျဖစ္ႏိုင္၏။ ထိုေခြးမသားကို အျမန္ဆုံး ေျဖရွင္းတာက သူတို႔၏အေကာင္းဆုံး အေျခအေနသာ ျဖစ္သည္။
141 03
၇နာရီထိုးသြားခ်ိန္၌ ၾကမ္းတမ္းသည့္ တစ္ညတာ ကုန္လြန္ၿပီး လူတိုင္း တစ္ေယာက္ၿပီးတစ္ေယာက္ ႏိုးလာ၏။ ေဝ့တပ္ဖြဲ႕က ဗိုလ္ခ်ဳပ္က်န္း၏အေလာင္းကို ဖယ္ရွားခဲ့၏။ မည္သူမွ် မေမးခဲ့ၾကေပ။ လူတိုင္း၏ အာ႐ုံစိုက္မႈက လာမည့္တိုက္ပြဲေပၚတြင္သာ ရွိေနၿပီး လူတိုင္းက သြားတိုက္ၿပီးေနာက္ စက္႐ုပ္မ်ားသဖြယ္ မနက္စာစားလိုက္ေလ၏။ ေန႔စဥ္တိုက္ပြဲတစ္ပြဲ မဟုတ္ေပ။
"အဆင့္သုံးစြမ္းအားရွင္ေတြနဲ႔ မင္းကိုပါ ေရတြက္လိုက္မယ္ ဆိုရင္ စုစုေပါင္း လူ၁၀၁ေယာက္ ရွိတယ္။ အခု ျပႆနာက အျပင္ဘက္က ဖုတ္ေကာင္ေတြကို မေႏွာင့္ယွက္ဘဲ ဒီေနရာကေန ဘယ္လိုထြက္မလဲ ဆိုတာပဲ"
ေမာ့ဝမ္ယန္က ယြင္ခ်ဲ႕တို႔၏မနက္စာကို အခမဲ့ထပ္လာစားျပန္၏။ သူတို႔၏ပူပူေႏြးေႏြး စားစရာမ်ားက အစာေျခာက္ရိကၡာမ်ားထက္ ပိုၿပီး စားခ်င္စဖြယ္ေကာင္းသည္။
"မနက္စာစားေနခ်ိန္ အဲဒီအေၾကာင္း မေျပာရင္ မရဘူးလား"
ယြင္ခ်ဲ႕က ရွင္းဖုန္း သူ႔အတြက္ လုပ္ထားေပးသည့္ ေပါက္စီကို တစ္ကိုက္ကိုက္လိုက္၏။ ၿပီးေနာက္ ေမာ့ဝမ္ယန္ကို ၾကည့္ကာ ဝါးေနလ်က္ သူ႔ဇြန္းႏွင့္ အ႐ြက္ဆန္ျပဳတ္ကို ခပ္လိုက္၏။
"အဆင့္သုံးစြမ္းအားရွင္ ၁၀၁ေယာက္ ရွိတာလား။ ေကာင္းၿပီေလ။ ဒါက သတင္းေကာင္းပဲ။ ေျပာရရင္ ဒီေလာက္ မဆိုးပါဘူး"
သူက ေတြးလိုက္ေလ၏။
"မင္း ငါ့ကို ပြင့္ပြင့္လင္းလင္း ေျပာလို႔ မရဘူးလား။ ငါ မနက္စာေတာင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ မစားႏိုင္ဘူး"
ေမာ့ဝမ္ယန္သည္ ထိုသို႔ေျပာေနစဥ္ ေပါက္စီကို မမ်ိဳခ်ေနခဲ့လွ်င္ ပိုယုံၾကည္စရာ ေကာင္းေပလိမ့္မည္။ လူတိုင္းက သူ႔ကို ျပန္ေျပာမည့္အစား နံနက္စာကိုသာ အာ႐ုံစိုက္ထားၾက၏။ ေမာ့၏ဝမ္းကြဲ ရွင္းဖုန္းကေတာင္ သူ႔ကို တစ္ခ်က္မွ် မၾကည့္ခဲ့ေပ။ သူက ယြင္ခ်ဲ႕ကိုက္ထားသည့္ က်န္သည့္ ေပါက္စီတစ္ခုလုံးကို စားပစ္လိုက္၏။ ဆန္ျပဳတ္ေသာက္ၿပီးေနာက္ သူက ေနာက္ထပ္ ေပါက္စီတစ္လုံးကို ယူလိုက္၏။ ၿပီးေနာက္ ယြင္ခ်ဲ႕ကို ပထမဆုံး ကိုက္ခိုင္းေသးသည္။
"စီနီယာ စားေလ ပိုစားေလ"
ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ႕တို႔က စုံတြဲတစ္တြဲအေနျဖင့္ သိုသိုသိပ္သိပ္ ျပဳမူေနၾကစဥ္ က်န္းရွန္းကမူ တစ္ေလာကလုံးအား သိေစခ်င္သည့္ပမာ သူတို႔၏ဆက္ဆံေရးကို ႂကြားလုံးထုတ္ေန၏။ သူက ယဲ့ရွင္းခ်န္ကို ဆန္ျပဳတ္ ခပ္တိုက္လိုက္သည္။ ထိုသို႔ ျပဳလုပ္ေနၿပီး ယဲ့ရွင္းခ်န္ကေတာင္ ရွက္လာေလ၏။ စက္႐ုပ္ကဲ့သို႔ပင္ ရယ္ကာ သူ႔အသင္းသားမ်ား၏ စိမ္းဖန႔္ေသာ မ်က္ဝန္းမ်ားကို အမႈမထားဘဲ သူ႔ပါးစပ္ထဲ ေရာက္လာသမွ် အားလုံးကို မ်ိဳခ်လိုက္သည္။
မနက္စာစားဖို႔ သူတို႔ နာရီဝက္ခန႔္ အခ်ိန္ယူလိုက္ၾကၿပီး အားလုံး အသင့္ျဖစ္ၿပီးေနာက္ ၈နာရီ ထိုးေနၿပီျဖစ္သည္။
ယြင္ခ်ဲ႕ႏွင့္ ရွင္းဖုန္းက ဦးေဆာင္လ်က္ ၁၀၁ေယာက္ေသာ အဖြဲ႕က ထိပ္ဆုံးအလႊာသို႔ သြားလိုက္၏။ ေမာ့ဝမ္ယန္ မထြက္သြားခင္ သူ၏လက္ေအာက္ငယ္သားမ်ားကို ေစာင့္ၾကပ္ခိုင္းထားၿပီး ဒဏ္ရာရသူမ်ားကို ဂ႐ုစိုက္ေပးရန္ မွာၾကားခဲ့၏။ ဂုဏ္ယူဝင့္ႂကြားသည့္ လူမ်ားက ေနာက္တြင္ က်န္ေနခဲ့ရျခင္းကို ခံစားခ်က္ သိပ္မေကာင္းေပ။ အေၾကာင္းမွာ သူတို႔က လုံေလာက္ေအာင္ မေတာ္ဘဲ ဒဏ္ရာရေနေသာေၾကာင့္ ျဖစ္၏။
ကံေကာင္းသည္မွာ ေကတီဗီမွာ က်ယ္ဝန္းလွသည္။ အဖြဲ႕က ထိပ္ဆုံးအလႊာသို႔ သြားခ်ိန္ လူျပည့္က်ပ္ေနသည္ဟု မခံစားရေပ။ ယြင္ခ်ဲ႕သည္ တစ္ခ်က္ စစ္ေဆးရန္ ေလဇယားကြက္ကို ထုတ္လိုက္၏။ အဆင့္သုံးဖုတ္ေကာင္မ်ားနည္းသည့္ေနရာကို ေ႐ြးခ်ယ္လိုက္သည္။ သူတို႔က ငုံ႔ၾကည့္ၿပီးေနာက္ အဆင့္သုံးဖုတ္ေကာင္ႏွစ္ေကာင္ကို မွတ္ထားၿပီးေနာက္ လွည့္ပတ္သြားကာ ေဟးယြီႏွင့္ ဝံပုေလြဘုရင္ကို တီးတိုးေျပာလိုက္သည္။ သူတို႔ သူ ၫႊန္ၾကားတာကို နားလည္ေၾကာင္း အတည္ျပဳၿပီးေနာက္ ယြင္ခ်ဲ႕သည္ စြမ္းအားနယ္ေျမထဲကေန မတပ္ဆင္ရေသးသည့္ တြဲလွည္းစီးစြန္မ်ားစြာကို ထုတ္လိုက္၏။
"မင္းတို႔ေတြက စစ္သားေတြပဲ ဒီေတာ့ ပစၥည္းေတြ ဘယ္လို တပ္ဆင္ရမလဲဆိုတာ သိမွာပဲ။ ႏွစ္ေယာက္တစ္ဖြဲ႕.. ဒါေပမဲ့ ေလစြမ္းအားရွင္ေတြက အဆင့္သုံးနဲ႔ ပါတနာဖြဲ႕ရမယ္။ ငါတို႔ေတြ အဲဒီကို ဆင္းသက္ရမယ္။ မွတ္ထားၾက။ ဒါေတြက ငါ့မွာရွိတဲ့ တြဲလွည္းစီးစြန္ အကုန္ပဲ။ မင္းတို႔ ေျမျပင္ေပၚ ေရာက္ၿပီးတာနဲ႔ အနီးဆုံး သိုေလွာင္စြမ္းအားရွင္ကို တြဲလွည္းစီးစြန္ေတြေပးလိုက္။ ၿပီးရင္ သူတို႔က ျပန္ဆုံတဲ့အခ်ိန္ ငါ့ဆီ ျပန္ေပးလိမ့္မယ္"
တြဲလွည္းစီးစြန္မ်ားက ေသးငယ္ၿပီး လက္ေတြ႕အသုံးတည့္ေပ၏။ သူက ထိုအရာမ်ားအားလုံး တစ္ၿပိဳင္နက္တည္း ဆုံးရႈံးမွာကို မျမင္လိုေပ။ ကမာၻပ်က္ကပ္၌ သူတို႔ ေရွ႕ဆက္သုံးရမည့္ ေနရာမ်ားစြာ ရွိေနေသးၿပီး ထိုတြဲလွည္းစီးစြန္မ်ား အသုံးတည့္မည့္ ေနရာမ်ားစြာ ရွိေနေသး၏။ လူတိုင္းက ယြင္ခ်ဲ႕သည္ ကိရိယာကို တြန႔္တိုမွန္းသိ၏။ ထို႔ေၾကာင့္ မည္သူကမွ် သူ႔ကို ျပန္မေျပာၾကေပ။ သူတို႔က တြဲလွည္းစီစြန္ကို ရသည္ႏွင့္ စတင္တပ္ဆင္ၾကေတာ့သည္။ ေမာ့ဝမ္ယန္က ယြင္ခ်ဲ႕ဆီ ေလွ်ာက္သြားၿပီးေနာက္ ထိုေနရာရွိ အေျခအေနကို စစ္ေဆးလိုက္၏။
"အေဆာက္အဦးက သိပ္မျမင့္ဘူး။ တြဲလွည္းစီးစြန္ေတြက ေလထဲမွာ ဝဲႏိုင္မွာမဟုတ္ဘူး။ ဖုတ္ေကာင္ေတြထဲ က်သြားမွာ စိုးရိမ္မိတယ္"
"ခင္ဗ်ားက က်ဳပ္ရဲ႕ေလစြမ္းအားကို ေမ့ေနတာလား"
ယြင္ခ်ဲ႕သည္ ယခုအခ်ိန္တြင္ လူအမ်ားကို ဆက္ၿပီး မခန႔္မွန္းခိုင္းေတာ့ဘဲ ေျပာလိုက္၏။
141 04
"ၿပီးရင္ ေလစြမ္းအားနဲ႔ မင္းတို႔ကို ေအာက္ပို႔ေပးမယ္ အဲဒီမွာ ျဖတ္လမ္းရွိလားဆိုတာ ၾကည့္ၾကည့္ ဖုတ္ေကာင္ေတြအားလုံး ဒီမွာပဲ အဲဒီေနရာက ရွင္းေနတာ ငါတို႔ေတြ အဲဒီေနရာကို ဆင္းမယ္။ ဒါေပမဲ့ ျမန္ျမန္ လုပ္ဖို႔ လိုတယ္။ ဖုတ္ေကာင္ေတြ ငါတို႔ကို လိုက္မမီခင္ ေျမျပင္ေပၚ ဆင္းမွရမယ္ အခ်ိန္ျဖဳန္းေနလို႔ မရဘူး"
ယြင္ခ်ဲ႕သည္ သူတို႔ႏွင့္ မီတာ၆၀၀ အကြာတြင္ ရွိေသာ လမ္းဆုံကို လက္ညႇိဳးထိုးျပလိုက္သည္။ မေန႔ညက ပတ္ဝန္းက်င္ကို စစ္ေဆးခဲ့ၿပီးျဖစ္သည္။ လမ္းဆုံကို ဘယ္ခ်ိဳးၿပီးေနာက္ မၾကာမီ၌ သူတို႔သည္ သုေတသန သင္တန္းေက်ာင္းႀကီးကို ေတြ႕လိမ့္မည္။
"ဟုတ္ၿပီ"
ယြင္ခ်ဲ႕သည္ အားလုံး ျပင္ဆင္ထားပုံေပၚ၏။ ေမာ့ဝမ္ယန္က ေမးခြန္းမ်ား ထပ္မေမးခ်င္ေတာ့ေပ။ သူက ယေန႔စစ္ဆင္ေရးအတြက္ ဦးေဆာင္မႈကို ယြင္ခ်ဲ႕ႏွင့္ ရွင္းဖုန္းတို႔အား ထားရန္ ဆုံးျဖတ္လိုက္၏။
"အားလုံး အဆင္ေျပလား"
"အားလုံး အဆင္ေျပပါတယ္"
မိနစ္အနည္းငယ္ခန႔္ ၾကာၿပီးေနာက္ သူတို႔၏ အရည္အခ်င္းရွိေသာ စစ္သားမ်ားက တြဲလွည္းစီးစြန္အားလုံးကို တပ္ဆင္ၿပီး အဖြဲ႕ခြဲလိုက္ၾကသည္။ ယြင္ခ်ဲ႕က အဖြဲ႕မ်ားကို သူ႔လူႏွင့္သူ ဖြဲ႕ခိုင္းထားၿပီး ေမာ့ဝမ္ယန္ကို ေရွ႕တိုးခိုင္းလိုက္၏။ က်န္သည့္သူမ်ားက တန္းစီၿပီး ရပ္ေနၾကသည္။
"ေဟးယြီ ဝံပုေလြဘုရင္ လာခဲ့.. ဒီအဆင့္သုံးကို ဆြဲသြားလိုက္.."
"ေသခ်ာတာကေတာ့ ေနာက္ကေန ကန္႐ုံကန္ၿပီး ေစာင့္ၾကည့္ေန.."
"ဘယ္အခ်ိန္တုန္းကမ်ား က်ရႈံးဖူးလို႔လဲ ဝံပုေလြ ငါ့ေနာက္က လိုက္ခဲ့"
ေဖာက္..
ေဟးယြီေျပာတာ မၿပီးေသးခင္ သူက အဆင့္သုံးဖုတ္ေကာင္မ်ားထဲမွ တစ္ေကာင္ရွိသည့္ေနရာကို ခုန္ဆင္းလိုက္သည္။ ဝံပုေလြဘုရင္က ေနာက္ထပ္ အဆင့္သုံးကို ခုန္အုပ္လိုက္၏။ ဖုတ္ေကာင္အုပ္ႀကီးသည္ သူတို႔ေပၚ ဗုံးႏွစ္လုံး ျပဳတ္က်လာသည့္ပမာ ေမြေႏွာက္ခံလိုက္ရ၏။
"အခုပဲ သြားမယ္"
ယြင္ခ်ဲ႕က အမိန႔္ေပးလိုက္၏။ လူဆယ္ေယာက္သားက တန္းေပၚကေန ခုန္ခ်လိုက္သည္။ သူတို႔က ဖုတ္ေကာင္၏ မ်က္ႏွာေပၚ က်ေရာက္ခံနီးအခ်ိန္၌ စြမ္းအားသဲ့သဲ့သည္ သူတို႔ကို ထိန္းထားေပးၿပီး ေရွ႕သို႔ ေလဟုန္ဆက္စီးႏိုင္ေအာင္ ကူညီေပး၏။ တြဲလွည္းစီးစြန္ကို ထိန္းခ်ဳပ္သူမ်ားက ခပ္နိမ့္နိမ့္ ပ်ံသန္းေနေလ၏။ ၿပီးေနာက္ တြဲလွည္းစီးစြန္မ်ားက ေရွ႕ဆက္ပ်ံသန္းေနၿပီး ဖုတ္ေကာင္မ်ားၾကားထဲ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေစ၏။
.....
Telegram မွာ အပိုင္း ၂၇၀အထိ ေရာက္ပါၿပီေနာ္။