Unicode
အခန်း (၁၃၂)
စစ်ဆင်ရေးတွင် အဖွဲ့ပေါင်းစုံပါဝင်ပြီး ကျန်သောအဖွဲ့ ၁၈ဖွဲ့မှာ လေတာ့ရှန်နှင့် ချန်းဟွာ ကဲ့သို့ မပွင့်လင်းကြပေ။ အချို့က ယွင်ချဲ့ကို လေးစားကြသော်လည်း စိတ်ထဲတွင် မုန်းတီးနေကြပြီး အချို့မှာ ယွင်ချဲ့၏ နောက်လိုက်ဖြစ်ခြင်းမှ ရလာနိုင်မည့် အကျိုးအမြတ်များကြောင့် လေးစားကြသော်လည်း သူတို့ကို ဘာမှ မပေးနိုင်သည့်အခါ ယွင်ချဲ့ စွန့်လွှန်လိုက်ကြသည်။ စွမ်းအားရှင်အဖွဲ့များကို ဖယ်လိုက်လျှင် တစ်ဉီးတည်းသီးခြားစွမ်းအားရှင် ၁၆ယောက်ရှိသည်။ ချန်းဟွာနှင့် လေတာ့ရှန်က ယွင်ချဲ့တို့ကို မနာလိုဖြစ်သည် ဆိုသော်လည်း စနောက်လိုသဖြင့် ပြောခြင်းသာဖြစ်ပြီး အခြားသော ခိုးကြောင်ခိုးဝှက်နှင့် စက်ဆုပ်ဖွယ် ကောင်းသူများမှာ မနှစ်မြို့ဟန်သည့် ပုံစံဖြင့် မနာလိုကြခြင်း ဖြစ်သည်။ သို့သော် ကပ်ဘေးကာလ ဖြစ်သောကြောင့် စစ်တပ် အပါအဝင် မည်သူကမှ သူတို့ အစားအသောက်ကို မနှစ်သက်ကြောင်း မပြောဆိုရဲကြပေ။ သူတို့က ခြယ်လှယ်ခံနေရချိန် ထိပ်ဉီးအဖွဲ့က အစားအသောက်များစွာကို ရရှိထားကြသဖြင့် ယွင်ချဲ့ တို့နှင့် မပေါင်းသင်းလိုကြပေ။
သို့သော်လည်း ယွင်ချဲ့ ဂရုမစိုက်။ အတိတ်ဘဝတွင် လေးနှစ်ကြာအောင် ကျင်လည်နေထိုင်ခဲ့သဖြင့် အချို့သူများ သူ့အား လေးစားနေသည့် အကြောင်းကို ယွင်ချဲ့ သေချာသိသဖြင့် လူတို့ထံမှ သစ္စာစောင့်သိခြင်းကို သူမမျှော်လင့်ပေ။ ပြောရလျှင် သူတို့၏ ဆက်ဆံရေးက အကျိုးအမြတ်များစွာ အပေါ် အခြေခံထားသည်။ ယွင်ချဲ့က သူတို့ စိတ်ဝင်စားသော အရာများအတွက် တိုက်ခိုက်ပေးပြီး ရိက္ခာများ စုဆောင်းရန် သူတို့ကို ခေါ်သွားလျှင် ယွင်ချဲ့ကို ထောက်ခံကြမည်က အသေအချာပင်။ မိမိတို့လိုအပ်သည်ကို အခြားအဖွဲ့များထံမှ ယူကြသဖြင့် မည်သူကမှ အကြွေးတင်နေခြင်း မရှိပေ။ အကယ်၍ တစ်ယောက်ယောက်က သူတို့အဖွဲ့ကို ထိခိုက်လာခဲ့လျှင် ယွင်ချဲ့ သက်ညှာခြင်း မရှိဘဲ ရှန်းယန် အဖွဲ့ကို ရှင်းပစ် လိုက်သကဲ့သို့ ထပ်လုပ်ပေလိမ့်မည်။
"ငါတို့ထွက်ပြီးတာနဲ့ပဲ ဌာနချုပ်ကနေ အရေးတကြီး အမိန့်ထုတ်လာတယ် .. နယ်မြို့သွားတဲ့ လမ်းတစ်လျှောက်ကို ရှင်းလင်းရမယ် ပြီးတော့ ငါတို့တတ်နိုင်သမျှ စွမ်းအားရှင်များများကို စုဝေးထားဖို့လည်း လိုတယ်တဲ့"
နေ့လယ်စာစားပြီးနောက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့က မော့ဝမ်းယန်နှင့် စကားပြောရန် ထွက်လာခဲ့သည်။ ထင်ထားသကဲ့သို့ မော့ဝမ်းယန်တွင်လည်း သူတို့ စတင်ထွက်ခွာ ပြီးသည်နှင့် အမိန့်စာတစ်ခု ရောက်လာသည်။ သို့သော် ရိက္ခာအထောက်အပံ့ နည်းပါးနေခြင်းက ပြဿနာ တစ်ရပ်ပင်။ နယ်မြို့သို့ သွားသည့်လမ်းကို ရှင်းလင်းခြင်းနှင့် ဖုတ်ကောင်များကို နှိမ်နင်းခြင်းအပြင် စားနပ်ရိက္ခာများကိုလည်း စုဆောင်းရဉီးမည်ဖြစ်ပြီး မဟုတ်ပါက သူတို့ငတ်သေ သွားလိမ့်မည်။ ဝမ်စစ်တပ်၊ ဝေ့စစ်တပ်နှင့် အစိုးရတို့မှာ ခက်ခဲစွာ ရင်ဆိုင်ခဲ့ကြရသည်။ ယခုတွင်လည်း ပို၍ခက်ခဲသော တာဝန်ကို လုပ်ဆောင် ရပေဉီးမည်ဖြစ်ပြီး ဉီးဆောင်လာခဲ့သော မော့ဝမ်းယန် သည်လည်း အခက်ကြုံ နေရသည်။
"မင်းတို့ရဲ့ရိက္ခာတွေက ဘယ်လောက်ထိ ခံနိုင်မလဲ"
အတော်ကြာအောင် တိတ်ဆိတ် နေပြီးနောက် ယွင်ချဲ့ တည်ငြိမ်စွာ မေးလိုက်သည်။
"ငါးရက်ပဲ .. ငါတို့မှာ နယ်မြေစွမ်းအားရှင် များများစားစားမရှိဘူး ... မျိုးစေ့တွေထက် ငါတို့က ဓါတ်ခွဲခန်းပစ္စည်းနဲ့ အချက်အလက်တချို့ပဲ သယ်ကြမှာ .. အဲဒီတော့ ရိက္ခာအတွက် နေရာအပိုမရှိဘူး"
ယွင်ချဲ့ ဘာကြောင့် မေးသည်ကို မသိသော်လည်း မော့ဝမ်းယန် ပြန်ဖြေလိုက်သည်။ ၅ ရက်စာ ရိက္ခာနှင့် သူတို့လောက်နိုင်ပါ့မလား။ အခုမနက်ခင်းတွင်ပင် လင်းကျန်းမြို့မှ မထွက်ရသေးဘဲ နယ်မြို့သို့မရောက်မီ စားနပ်ရိက္ခာများ ကုန်သွားပေလိမ့်မည်။ ဒုတိယပတ်လမ်းသို့ သွားကာ အစားအသောက်များ စုဆောင်း၍ ၅ ရက်အတွင်း ပြန်လာမည်ဆိုလျှင်လည်း မဖြစ်နိုင်ပေ။ ရာကျော်အရေအတွက်ရှိသော လူများကို နေ့တိုင်း စားသောက်စေနိုင်ရန် အတွက် အလွန်များပြားသော အစားအသောက် လိုအပ်ပေသည်။ ဝေ့စစ်တပ်၊ ဝမ်စစ်တပ်နှင့် အစိုးရတို့၏ လုပ်ရပ်က မော့ဝမ်းယန်ကို အခက်ကြုံစေသည်။
"၅ ရက်က လောက်ပါတယ် ... ဒီမှာ ဒီနေ့လယ်အတွက် အစီအစဉ် .. ကျွန်တော့််််ရဲ့ဘတ်စ်ကားက အရှေ့ဉီးဆောင်သွားမယ် အနောက်ကနေ အဆင့် ၃ တာဝေးပစ် စွမ်းအားရှင်တွေပါတဲ့ ကားနှစ်စီးကို ဖုတ်ကောင်သတ်ဖို့ လိုက်ခိုင်းမယ် .. ဖြစ်နိုင်ချေနဲ့ မြန်မြန်ရောက်နိုင်တဲ့လမ်းကိုပဲရွေးမယ် မမှောင်ခင်တော့ မြို့ပတ်လမ်းကို ရောက်နိုင်ဖို့ မျှော်လင့်တယ် မဟုတ်ရင် ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူး။
ယွင်ချဲ့ အစီအစဉ်ကြောင့် မျှော်လင့်ချက် ရလာခဲ့သည်။ လက်နှစ်ဖက်ကို ရိုက်ခါလျက် ထလိုက်ရာ ရှင်းဖုန်းလည်း ထလာခဲ့သည်။ သို့သော် မော့ဝမ်းယန်မှာ ပါးစပ် ဟောင်းလောင်းနှင့် အံ့ဩတကြီး ကြည့်နေလေသည်။ အမြန်လမ်းပေါ်တွင် ကားများနှင့် ဖုတ်ကောင်များစွာ ရင်ဆိုင်ရမည်ကို ယွင်ချဲ့ ဘာမှမဖြစ်သကဲ့သို့ အေးဆေးစွာ ပြောဆိုနေသဖြင့် မော့ဝမ်းယန်၏ အနေအထားမှာ သူ၏အပြစ် မဟုတ်တော့ပေ။ နေ့လယ်အမီ နယ်မြို့သို့ ရောက်နိုင်ရမည်လား၊ မဖြစ်နိုင်ပေ။
"သူပြောသလိုလုပ်ပါ .. စီစဉ်စရာရှိတာ မြန်မြန်စီစဉ်ပြီး စောနိုင်သမျှ စောစောထွက်မယ်"
မော့ဝမ်းယန် ဘာကြောင့် အလန့်တကြား ဖြစ်နေရသည်ကို ရှင်းဖုန်း နားလည်သည်။ ယွင်ချဲ့ကို ပထမဆုံး စတွေ့ချိန်တွင် ယွင်ချဲ့၏ လုပ်နိုင်စွမ်းကြောင့် သူအလွန် အံ့ဩခဲ့ရသည်ကို ရှင်းဖုန်း သတိရသွားပြီး မော့ဝမ်းယန်၏ ပခုံးကို ပုတ်ပေး လိုက်သည်။
"ခဏ.. ခဏနေပါဉီး ... ငါတို့ ဘာကိုရင်ဆိုင် နေရတယ်ဆိုတာ သိတယ်မလား ကပ်ဘေးဖြစ်ပြီး ကတည်းက အမြန်လမ်းကနေ သွားကြပေမယ့် ပုံမှန်လမ်းတွေလို လမ်းပိတ် သွားကြတာချည်းပဲ .. လတ်တလောလည်း အမြန်လမ်းပေါ်မှာ ကားတွေ ဖုတ်ကောင်တွေ အများကြီး ပိတ်နေကြတာ .. လင်းကျန်းကနေ နယ်မြို့ကိုရောက်ဖို့ ကီလိုမီတာ ထောင်ချီ လိုသေးတာကို ပျံသွားကြမလို့လား"
မော့ဝမ်းယန် စိတ်ကိုစုစည်းကာ ယွင်ချဲ့ တို့ကို တားကာ မေးလိုက်သည်။ ယွင်ချဲ့ စွမ်းရည်ကို ယုံကြည်သော်လည်း ပြောသည့် အစီအစဉ်မှာ အလွန် ထူးဆန်းနေသည်။
"စီစဉ်စရာရှိတာ မစီစဉ်ဘဲ ဘာလို့ အချိန်ကုန်ခံပြီး ရှင်းပြတာကို နားထောင်နေမှာလဲ ... ကျွန်တော့်််ကိုယုံလိုက် ၅ ရက်အတွင်း ပြန်လာနိုင်လိမ့်မယ်"
ယွင်ချဲ့ စကားပြောပြီးနောက် မော့ဝမ်းယန် ဘေးမှ ဖြတ်သွားရာ ရှင်းဖုန်းလည်း ခေါင်းခါကာ လိုက်သွားလေသည်။ မော့ဝမ်းယန်က အတော်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး စတင်အမိန့်ပေးလေသည်။ မည်မျှပင် လက်တွေ့ မကျသော်လည်း ယွင်ချဲ့နှင့် ရှင်းဖုန်းတို့မှာ လျို့ဝှက်ချက် များစွာဖြင့် ပြည့်နှက်နေခြင်းကြောင့် မော့ဝမ်းယန်လည်း သူတို့အစီအစဉ်အတိုင်း အမိန့်ခွဲပေးလိုက်သည်။ သူတို့၏ မူလအစီအစဉ် ဖြစ်သော အချိန်ကြာခြင်းနှင့် ရှုံးနိမ့်ခြင်းတို့က အဆိုးဆုံးသော ဖြစ်နိုင်ချေတစ်ခုပင်။
သို့သော် နေ့လယ် စောင်းအချိန် စတင် ပြောင်းရွေ့ခဲ့ကြရာတွင် ယွင်ချဲ့ကို အထင်သေးမိကြောင်း မော့ဝမ်းယန် သိလိုက်ရသည်။
နေ့လယ် ၁ နာရီတွင် ပြန်လည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီး ကားတန်းမှာ မူလအခြေအနေနှင့် ကွာခြားနေသည်။ ယွင်ချဲ့ တောင်းဆိုထားသည့် အတိုင်း အရှေ့ဆုံးတွင် ဘတ်စ်ကားက ဉီးဆောင်သွားပြီး စစ်သားများအစား တာဝေးပစ် စွမ်းအားရှင်များ ပါသော ကားများက အနောက်မှ လိုက်လာခဲ့ကြသည်။ အခြေအနေကို သေချာစောင့်ကြပ် ကြည့်ရှုရန်အတွက် မော့ဝမ်းယန်က သူ၏လက်ထောက် ၂ ယောက်ကိုလည်း အနားတွင် ခေါ်ထားသည်။
"မင်းတို့အဆင်သင့်ပဲလား"
ယွင်ချဲ့လည်း ကိုယ်တိုင် ကားမောင်းကာ ဝေါ်ကီတော်ကီ မှတစ်ဆင့် စစ်ဆေးမေးမြန်းလိုက်သည်။ တိကျသေချာသော အဖြေပြန်ရပြီးနောက် ကားဒိုင်ခွက်ပေါ်တွင် ထိုင်နေသော ဟေးယွီကို ပုတ်လိုက်သည်။
"မင်းတာဝန်ပဲ"
"အိုကေ .. ကျွန်တော့်ကို စွမ်းအားဖြည့် ချော့ကလက်ချောင်းတွေ ဝယ်ကျွေးမယ်ပြောထားတယ်နော်"
ဟေးယွီ ကိုယ်ကိုခါလိုက်ပြီး ထရပ်ကာ ပြတင်းပေါက်မှ ထွက်သွားသည်နှင့် သူ၏သေးငယ်သော ခန္ဓာကိုယ်မှာ အလွန်ကြီးမားသော သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
"အားလုံး နိုးနိုးကြားကြားရှိနေကြ .. ငါ့နောက်လိုက်ခဲ့ ရော့ခ်အန်ရိုးကြမယ်ဟေ့ !"
ဘုန်း
အခြားသူများကို ဘာမှပြန်ပြောခွင့် မပေးတော့ဘဲ ရှေ့လက်ကို ဝှေ့လိုက်ရာ တံခါးမှာ ပွင့်ထွက် သွားလေသည်။ ထိုအချိန် အရှေ့ဘက်တွင် သွားလာနေကြသော ဖုတ်ကောင်များက သူတို့ထံ ပြေးလာကြရာ ဟေးယွီက သူ၏လက်သည်းဖြင့် ဖုတ်ကောင်များကို ခေါင်းဖြတ် ပစ်လိုက်သည်။ ဟေးယွီ တိုက်ခိုက်သည်ကို ပထမဆုံး အနေနှင့် မျက်မြင် တွေ့လိုက် ရသူများမှာ ကြောက်သေး ထွက်လုမတတ်ပင် ဖြစ်သွားကြသည်။ ဟေးယွီ အတွက် စွမ်းအားကြီးသည် ဆိုသော စကားလုံးကပင် ဖော်ပြရန် မလုံလောက်ပေ။
"တာဝေးပစ် စွမ်းအားရှင်တို့ .. ဖုတ်ကောင်တွေကို ပစ်ကြ ! အနောက်က ကားတွေ ငါတို့နဲ့ ကပ်ကပ်နေကြ .. ပြုတ်ကျသွားရင် ကိုယ့်ထိုက်ကိုယ့်ကံပဲ ဘယ်သူမှ နောက်လှည့်ကယ်ပေးမှာ မဟုတ်ဘူး !"
အလင်း၏အရှိန်နှင့် ဘတ်စ်ကားတစ်စီး ထွက်သွားသည့် အချိန် ကားပေါ်တွင် စောင့်နေသော လန်ယဲ့ဟန်၊ ကျန်းရှန်နှင့် အခြားသော စွမ်းအားရှင်များက ဖုတ်ကောင်ကို ပစ်ခတ်ကြပြီး ကျိုးဇယ်ယွီက လေအစွမ်းနှင့် အမြုတေများကို သိမ်းဆည်းလေသည်။ သူတို့၏ ပြီးပြည့်စုံစွာ လိုက်ဖက်ညီသော ပူးပေါင်း တိုက်ခိုက်မှုကြောင့် အနောက်မှ ကားများပေါ်တွင် လိုက်ပါလာသော စစ်သားများနှင့် စွမ်းအားရှင်များ အံ့အားသင့် ကုန်လေသည်။
ဝုန်း
လန်ယဲ့ဟန်နှင့် အခြားသူများက ကူညီတိုက်ခိုက်ကြသဖြင့် ဟေးယွီလည်း သူ၏စွမ်းအားများကို ဖုတ်ကောင်များအား တိုက်ခိုက်ရာတွင် မသုံးတော့ပေ။ ကားနှင့် ယာဉ်များကို လက်တစ်ချက်ဝှေ့ကာ ဖယ်ရှားလိုက်ရုံနှင့် အလွန် ကြီးမားလေးလံသော ကုန်တင်ကားများပင် မကျန် ခဏလေးအတွင်း လွှင့်ထွက် ကုန်သည်။ ဟေးယွီ၏ လက်နှင့်သာ အရိုက်ခံရလျှင် မည်သို့ဖြစ်မည်ကို ကြည့်နေသူများ မြင်ယောင် လိုက်ကြပြီး သေချာသည် တစ်ခုကတော့ အသက်ပင်ကျန်တော့မည် မဟုတ်ပေ။ ဟေးယွီကို စိန်ခေါ်ခဲ့ကြသော ဝမ်စစ်သားများနှင့် ဝေ့စစ်သားတို့မှာလည်း ဇောချွေးပြန်ကာ သူတို့နှင့် ဟေးယွီ တို့ကြားမှ အကြီးမားဆုံး ကွာခြားချက်ကို နားလည် လိုက်ကြသည်။
"ဟေးယွီက အရင်ကထက် ပိုအားကြီး လာတာလား"
ယွင်ချဲ့ကို လှည့်ကြည့်ကာ ရှင်းဖုန်း မေးလိုက်သည်။ စခန်းတွင် သူတို့ ရှိနေခဲ့စဉ်က ဟေးယွီ ထိုသို့ မဟုတ်ခဲ့ပေ။
"သေချာတယ် .. သူ့ရဲ့ခွန်အားက ပိုကြီးလာတာ အားပြန်ဖြည့်ရင်း ကြိုးစားလေ့ကျင့်နေခဲ့ပုံရတယ်"
ဟေးယွီကို အရှက်မရှိဟု ပြောသော်လည်း တုံးအခြင်းတော့ မဟုတ်ပေ။ သူ၏ကာယ ခွန်အားကို အပြင်လောကတွင် အသုံးပြုနိုင်ကြောင်း သိသဖြင့် သူ၏အားကို အပြည့်အဝအသုံးပြုနေခြင်းဖြစ်သည်။ ဟေးယွီ အနားယူ နေချိန်တွင် သူ့ကို တာဝန်များတွင် ခေါ်သွားရန် ယွင်ချဲ့ထံကို မတောင်းဆိုခဲ့ပေ။ ယနေ့ အချိန်ကိုက်စွာပင် စွမ်းအားများ ပြည့်လာပြီး နတ်ဘုရား အဆင့်ရှိ သားရဲအနေနှင့် ကိုယ့်ကိုယ်ကို အဆင်သင့် ဖြစ်နေကြောင်း သိသဖြင့် ထွက်လာရန် ယွင်ချဲ့ထံ တောင်းဆိုခဲ့သည်။
"သူ့လို ယုံကြည်စိတ်ချ အားကိုးရတဲ့ မိတ်ဖက်မျိုး နောက်ထပ် ရှာမတွေ့နိုင်တော့ဘူး"
ရှင်းဖုန်း မေးကိုပွတ်ကာ စဉ်းစားဟန်ဖြင့် ပြောလေသည်။ ဟေးယွီသည် တစ်ကောင်တည်းသော နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်သည်ကို သူသိသည်။ သို့သော် သန္ဓေပြောင်း တိရစ္ဆာန်ဆိုသည်က ပို၍ ကောင်းမွန်လိမ့်မည်။ သန္ဓေပြောင်း ကောင်များသည် လူသားများထက် ပိုမို သာမန်ကြောင်း ယွင်ချဲ့ ပြောပြထားဖူးသည်။ ချောင်ယန်း အဖွဲ့အစည်းအနေနှင့် အသစ်များကို ထပ်မံ ခေါ်ယူမည် မဟုတ်သော်လည်း တိရစ္ဆာန်ဆိုလျှင် သူထပ် စဉ်းစားဉီးမည် ဖြစ်သည်။
"တွေ့ရင်လည်း တွေ့ရမှာပါ .. သူ့ရဲ့နောက်စွမ်းအား တစ်ခုကို ခင်ဗျားစိတ်ဝင်စားမှာသေချာတယ်"
ယွင်ချဲ့ ကားမောင်းနေလျက် ရှင်းဖုန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"နောက်စွမ်းအားတစ်ခု ?"
"အင်း အဲဒါက ..."
"ယွင်ချဲ့ မင်း အဲဒီအကောင်ကို ဘယ်က ရခဲ့တာလဲဟ တော်တော် ကြမ်းကြုတ်တာပဲ ! ဘာလို့ စောစောက ကြိုမပြောတာလဲ .. တစ်မနက်လုံး အလကားဖြစ်သွားပြီ ! အခုတော့ ဒီစစ်ဆင်ရေးကို ၅ ရက်အတွင်း ပြီးအောင်လုပ်ပြီး အမြန်ပြန်လို့ရပြီကွ !"
သူ၏လုံခြုံရေးအတွက် အိမ်စောင့်သားရဲနှင့် ဝေးရာတွင် တတ်နိုင်သမျှ နေမည်ဟု မော့ဝမ်းယန် ပြောခဲ့သော်လည်း ဟေးယွီ အကြောင်း သိပြီးနောက် စိတ်လှုပ်ရှားစွာ ထရပ်ကာ ယွင်ချဲ့ စကားကို ဖြတ်ပြောလိုက်သည်။ ယွင်ချဲ့ ဘာကြောင့် အလွန် ယုံကြည်မှု ရှိနေသည့် အကြောင်းကို မော့ဝမ်းယန် နားလည် လိုက်သည်။ သူ့တွင်လည်း ထိုသို့သားရဲရှိလျှင် ကိုယ့်ကိုယ်ကို ပို၍ ယုံကြည်မှု ရှိပေလိမ့်မည်။ သူကြည့်နေသော မြင်ကွင်းက အလွန်ပင် အံ့ဩခမ်းနားဖွယ်ကောင်းလှသည်။
"ဗိုလ်ချုပ် ပီသအောင် နေလို့ မရဘူးလား"
ရှင်းဖုန်းကို ကြည့်ပြီးနောက် မော့ဝမ်းယန်ကို ယွင်ချဲ့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့ကို ဗိုလ်ချုပ် လိုနေဖို့ ပြောနေတာလား ဒီလို မြင်ကွင်းမျိုးကို တွေ့တဲ့သူ ဘယ်သူမဆို အံ့ဩကြမှာပဲ ! ဒီကပ်ကြီးထဲမှာ ငါစစ်ဆင်ရေး အခု၂ဝ လုပ်ဖူးတယ်၊ ဒါပေမယ့် တစ်ခါမှ ဒီလို ခမ်းနားတာကို မတွေ့ဖူးဘူး !"
ကားပေါ်တွင် စကား ပြောဆိုကြရင်းဖြင့် တိုးဂိတ်ကို ဖြတ်ကျော် လာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ ကားများကိုလည်း ဟေးယွီက သူ၏အစွမ်းဖြင့် ဖယ်ရှား ပေးလိုက်သည်။ ဘတ်စ်ကားပေါ်နှင့် ကားကြီးများပေါ်တွင် ရှိနေသော တာဝေးပစ် စွမ်းအားရှင်များက ဖုတ်ကောင်များကို ပစ်ခတ်နေကြပြီး လမ်းကြောမှာလည်း မနက်ပိုင်းကထက် ၁ဝဆ ပိုမြန်လာသည်။ မော့ဝမ်းယန်လည်း ဟေးယွီ အကြောင်း မကောင်း ပြောသူမှန်သမျှကို ပညာပြကာ ရယ်မော နေလေသည်။
"အာ ဒါနဲ့ ဟေးယွီက သူ့ကိုတစ်ခုခုပြန်ပေးမှ ဒီလိုလုပ်ပေးတာ ဥပမာ အားအင်ဖြည့်မုန့်ချောင်း ၁ဝဝဝ လောက်ပေါ့ ... ဗိုလ်ချုပ်မော့ ခင်ဗျား သူ့အတွက် ပေးမှာလား"
"ဟမ် ! ဘာအားဖြည့်မုန့်လဲ"
မော့ဝမ်းယန် စဉ်းစား မရတော့သဖြင့် ယွင်ချဲ့ကို စိုက်ကြည့် လိုက်သည်။ ရှင်းဖုန်းလည်း ထိုအားဖြည့် မုန့်ချောင်းကို ထုတ်ကာ ပစ်ပေးလိုက်သည်။
"ဒီဟာ ... ဟေးယွီ အတွက် အပေးအယူက ဒါပဲ"
မော့ဝမ်းယန် စိတ်ရှုပ်ထွေး သွားကာ ...
"ခွေးက ချော့ကလက် ကြိုက်တယ် ? ဘယ်လိုခွေးက ချော့ကလက် ကြိုက်တာလဲ"
မော့ဝမ်းယန်လည်း ခဏစဉ်းစားလိုက်ပြီး ...
"ဟဲ..ဟဲ ဟေးယွီကို ပေးရမှာ ငါပဲဖြစ်သွားပြီပေါ့"
မော့ဝမ်းယန်၏ အမူအရာကို နောက်ကြည့်မှန် မှတစ်ဆင့် ယွင်ချဲ့ တွေ့လိုက်ရသဖြင့် ခေါင်းခါ လိုက်သည်။ မော့ဝမ်းယန် အမှန်ပင် ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မြို့တော်၏ ပတ်လမ်းကြောင်းသို့ သွားနေကြသဖြင့် လမ်းတစ်လျှောက်တွင် ဆိုင်များစွာ ရှိနိုင်သောကြောင့် ချော့ကလက် ချောင်းများကို ရှာရန် မခက်ပေ။ ပြဿနာမှာ ရက်လွန် သွားမည်ကိုပင်။ ကပ်ဘေးကာလမှာ နှစ်လကြာခဲ့ပြီ ဖြစ်သောကြောင့် ဆိုင်တင်ထားသော အစားအသောက်များက ထိုတမျှ ကြာရှည်ခံမည် မဟုတ်ပေ။
***
Zawgyi
အခန္း (၁၃၂)
စစ္ဆင္ေရးတြင္ အဖြဲ႕ေပါင္းစုံပါဝင္ၿပီး က်န္ေသာအဖြဲ႕ ၁၈ဖြဲ႕မွာ ေလတာ့ရွန္ႏွင့္ ခ်န္းဟြာ ကဲ့သို႔ မပြင့္လင္းၾကေပ။ အခ်ိဳ႕က ယြင္ခ်ဲ့ကို ေလးစားၾကေသာ္လည္း စိတ္ထဲတြင္ မုန္းတီးေနၾကၿပီး အခ်ိဳ႕မွာ ယြင္ခ်ဲ့၏ ေနာက္လိုက္ျဖစ္ျခင္းမွ ရလာနိုင္မည့္ အက်ိဳးအျမတ္မ်ားေၾကာင့္ ေလးစားၾကေသာ္လည္း သူတို႔ကို ဘာမွ မေပးနိုင္သည့္အခါ ယြင္ခ်ဲ့ စြန့္လႊန္လိုက္ၾကသည္။ စြမ္းအားရွင္အဖြဲ႕မ်ားကို ဖယ္လိုက္လွ်င္ တစ္ဉီးတည္းသီးျခားစြမ္းအားရွင္ ၁၆ေယာက္ရွိသည္။ ခ်န္းဟြာႏွင့္ ေလတာ့ရွန္က ယြင္ခ်ဲ့တို႔ကို မနာလိုျဖစ္သည္ ဆိုေသာ္လည္း စေနာက္လိုသျဖင့္ ေျပာျခင္းသာျဖစ္ၿပီး အျခားေသာ ခိုးေၾကာင္ခိုးဝွက္ႏွင့္ စက္ဆုပ္ဖြယ္ ေကာင္းသူမ်ားမွာ မႏွစ္ၿမိဳ႕ဟန္သည့္ ပုံစံျဖင့္ မနာလိုၾကျခင္း ျဖစ္သည္။ သို႔ေသာ္ ကပ္ေဘးကာလ ျဖစ္ေသာေၾကာင့္ စစ္တပ္ အပါအဝင္ မည္သူကမွ သူတို႔ အစားအေသာက္ကို မႏွစ္သက္ေၾကာင္း မေျပာဆိုရဲၾကေပ။ သူတို႔က ျခယ္လွယ္ခံေနရခ်ိန္ ထိပ္ဉီးအဖြဲ႕က အစားအေသာက္မ်ားစြာကို ရရွိထားၾကသျဖင့္ ယြင္ခ်ဲ့ တို႔ႏွင့္ မေပါင္းသင္းလိုၾကေပ။
သို႔ေသာ္လည္း ယြင္ခ်ဲ့ ဂ႐ုမစိုက္။ အတိတ္ဘဝတြင္ ေလးႏွစ္ၾကာေအာင္ က်င္လည္ေနထိုင္ခဲ့သျဖင့္ အခ်ိဳ႕သူမ်ား သူ႕အား ေလးစားေနသည့္ အေၾကာင္းကို ယြင္ခ်ဲ့ ေသခ်ာသိသျဖင့္ လူတို႔ထံမွ သစၥာေစာင့္သိျခင္းကို သူမေမွ်ာ္လင့္ေပ။ ေျပာရလွ်င္ သူတို႔၏ ဆက္ဆံေရးက အက်ိဳးအျမတ္မ်ားစြာ အေပၚ အေျခခံထားသည္။ ယြင္ခ်ဲ့က သူတို႔ စိတ္ဝင္စားေသာ အရာမ်ားအတြက္ တိုက္ခိုက္ေပးၿပီး ရိကၡာမ်ား စုေဆာင္းရန္ သူတို႔ကို ေခၚသြားလွ်င္ ယြင္ခ်ဲ့ကို ေထာက္ခံၾကမည္က အေသအခ်ာပင္။ မိမိတို႔လိုအပ္သည္ကို အျခားအဖြဲ႕မ်ားထံမွ ယူၾကသျဖင့္ မည္သူကမွ အေႂကြးတင္ေနျခင္း မရွိေပ။ အကယ္၍ တစ္ေယာက္ေယာက္က သူတို႔အဖြဲ႕ကို ထိခိုက္လာခဲ့လွ်င္ ယြင္ခ်ဲ့ သက္ညွာျခင္း မရွိဘဲ ရွန္းယန္ အဖြဲ႕ကို ရွင္းပစ္ လိုက္သကဲ့သို႔ ထပ္လုပ္ေပလိမ့္မည္။
"ငါတို႔ထြက္ၿပီးတာနဲ႕ပဲ ဌာနခ်ဳပ္ကေန အေရးတႀကီး အမိန့္ထုတ္လာတယ္ .. နယ္ၿမိဳ႕သြားတဲ့ လမ္းတစ္ေလွ်ာက္ကို ရွင္းလင္းရမယ္ ၿပီးေတာ့ ငါတို႔တတ္နိုင္သမွ် စြမ္းအားရွင္မ်ားမ်ားကို စုေဝးထားဖို႔လည္း လိုတယ္တဲ့"
ေန႕လယ္စာစားၿပီးေနာက္ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔က ေမာ့ဝမ္းယန္ႏွင့္ စကားေျပာရန္ ထြက္လာခဲ့သည္။ ထင္ထားသကဲ့သို႔ ေမာ့ဝမ္းယန္တြင္လည္း သူတို႔ စတင္ထြက္ခြာ ၿပီးသည္ႏွင့္ အမိန့္စာတစ္ခု ေရာက္လာသည္။ သို႔ေသာ္ ရိကၡာအေထာက္အပံ့ နည္းပါးေနျခင္းက ျပႆနာ တစ္ရပ္ပင္။ နယ္ၿမိဳ႕သို႔ သြားသည့္လမ္းကို ရွင္းလင္းျခင္းႏွင့္ ဖုတ္ေကာင္မ်ားကို ႏွိမ္နင္းျခင္းအျပင္ စားနပ္ရိကၡာမ်ားကိုလည္း စုေဆာင္းရဉီးမည္ျဖစ္ၿပီး မဟုတ္ပါက သူတို႔ငတ္ေသ သြားလိမ့္မည္။ ဝမ္စစ္တပ္၊ ေဝ့စစ္တပ္ႏွင့္ အစိုးရတို႔မွာ ခက္ခဲစြာ ရင္ဆိုင္ခဲ့ၾကရသည္။ ယခုတြင္လည္း ပို၍ခက္ခဲေသာ တာဝန္ကို လုပ္ေဆာင္ ရေပဉီးမည္ျဖစ္ၿပီး ဉီးေဆာင္လာခဲ့ေသာ ေမာ့ဝမ္းယန္ သည္လည္း အခက္ႀကဳံ ေနရသည္။
"မင္းတို႔ရဲ႕ရိကၡာေတြက ဘယ္ေလာက္ထိ ခံနိုင္မလဲ"
အေတာ္ၾကာေအာင္ တိတ္ဆိတ္ ေနၿပီးေနာက္ ယြင္ခ်ဲ့ တည္ၿငိမ္စြာ ေမးလိုက္သည္။
"ငါးရက္ပဲ .. ငါတို႔မွာ နယ္ေျမစြမ္းအားရွင္ မ်ားမ်ားစားစားမရွိဘူး ... မ်ိဳးေစ့ေတြထက္ ငါတို႔က ဓါတ္ခြဲခန္းပစၥည္းနဲ႕ အခ်က္အလက္တခ်ိဳ႕ပဲ သယ္ၾကမွာ .. အဲဒီေတာ့ ရိကၡာအတြက္ ေနရာအပိုမရွိဘူး"
ယြင္ခ်ဲ့ ဘာေၾကာင့္ ေမးသည္ကို မသိေသာ္လည္း ေမာ့ဝမ္းယန္ ျပန္ေျဖလိုက္သည္။ ၅ ရက္စာ ရိကၡာႏွင့္ သူတို႔ေလာက္နိုင္ပါ့မလား။ အခုမနက္ခင္းတြင္ပင္ လင္းက်န္းၿမိဳ႕မွ မထြက္ရေသးဘဲ နယ္ၿမိဳ႕သို႔မေရာက္မီ စားနပ္ရိကၡာမ်ား ကုန္သြားေပလိမ့္မည္။ ဒုတိယပတ္လမ္းသို႔ သြားကာ အစားအေသာက္မ်ား စုေဆာင္း၍ ၅ ရက္အတြင္း ျပန္လာမည္ဆိုလွ်င္လည္း မျဖစ္နိုင္ေပ။ ရာေက်ာ္အေရအတြက္ရွိေသာ လူမ်ားကို ေန႕တိုင္း စားေသာက္ေစနိုင္ရန္ အတြက္ အလြန္မ်ားျပားေသာ အစားအေသာက္ လိုအပ္ေပသည္။ ေဝ့စစ္တပ္၊ ဝမ္စစ္တပ္ႏွင့္ အစိုးရတို႔၏ လုပ္ရပ္က ေမာ့ဝမ္းယန္ကို အခက္ႀကဳံေစသည္။
"၅ ရက္က ေလာက္ပါတယ္ ... ဒီမွာ ဒီေန႕လယ္အတြက္ အစီအစဥ္ .. ကြၽန္ေတာ့္္္္ရဲ႕ဘတ္စ္ကားက အေရွ႕ဉီးေဆာင္သြားမယ္ အေနာက္ကေန အဆင့္ ၃ တာေဝးပစ္ စြမ္းအားရွင္ေတြပါတဲ့ ကားႏွစ္စီးကို ဖုတ္ေကာင္သတ္ဖို႔ လိုက္ခိုင္းမယ္ .. ျဖစ္နိုင္ေခ်နဲ႕ ျမန္ျမန္ေရာက္နိုင္တဲ့လမ္းကိုပဲေ႐ြးမယ္ မေမွာင္ခင္ေတာ့ ၿမိဳ႕ပတ္လမ္းကို ေရာက္နိုင္ဖို႔ ေမွ်ာ္လင့္တယ္ မဟုတ္ရင္ ေကာင္းေကာင္း အိပ္ရမွာ မဟုတ္ဘူး။
ယြင္ခ်ဲ့ အစီအစဥ္ေၾကာင့္ ေမွ်ာ္လင့္ခ်က္ ရလာခဲ့သည္။ လက္ႏွစ္ဖက္ကို ရိုက္ခါလ်က္ ထလိုက္ရာ ရွင္းဖုန္းလည္း ထလာခဲ့သည္။ သို႔ေသာ္ ေမာ့ဝမ္းယန္မွာ ပါးစပ္ ေဟာင္းေလာင္းႏွင့္ အံ့ဩတႀကီး ၾကည့္ေနေလသည္။ အျမန္လမ္းေပၚတြင္ ကားမ်ားႏွင့္ ဖုတ္ေကာင္မ်ားစြာ ရင္ဆိုင္ရမည္ကို ယြင္ခ်ဲ့ ဘာမွမျဖစ္သကဲ့သို႔ ေအးေဆးစြာ ေျပာဆိုေနသျဖင့္ ေမာ့ဝမ္းယန္၏ အေနအထားမွာ သူ၏အျပစ္ မဟုတ္ေတာ့ေပ။ ေန႕လယ္အမီ နယ္ၿမိဳ႕သို႔ ေရာက္နိုင္ရမည္လား၊ မျဖစ္နိုင္ေပ။
"သူေျပာသလိုလုပ္ပါ .. စီစဥ္စရာရွိတာ ျမန္ျမန္စီစဥ္ၿပီး ေစာနိုင္သမွ် ေစာေစာထြက္မယ္"
ေမာ့ဝမ္းယန္ ဘာေၾကာင့္ အလန့္တၾကား ျဖစ္ေနရသည္ကို ရွင္းဖုန္း နားလည္သည္။ ယြင္ခ်ဲ့ကို ပထမဆုံး စေတြ႕ခ်ိန္တြင္ ယြင္ခ်ဲ့၏ လုပ္နိုင္စြမ္းေၾကာင့္ သူအလြန္ အံ့ဩခဲ့ရသည္ကို ရွင္းဖုန္း သတိရသြားၿပီး ေမာ့ဝမ္းယန္၏ ပခုံးကို ပုတ္ေပး လိုက္သည္။
"ခဏ.. ခဏေနပါဉီး ... ငါတို႔ ဘာကိုရင္ဆိုင္ ေနရတယ္ဆိုတာ သိတယ္မလား ကပ္ေဘးျဖစ္ၿပီး ကတည္းက အျမန္လမ္းကေန သြားၾကေပမယ့္ ပုံမွန္လမ္းေတြလို လမ္းပိတ္ သြားၾကတာခ်ည္းပဲ .. လတ္တေလာလည္း အျမန္လမ္းေပၚမွာ ကားေတြ ဖုတ္ေကာင္ေတြ အမ်ားႀကီး ပိတ္ေနၾကတာ .. လင္းက်န္းကေန နယ္ၿမိဳ႕ကိုေရာက္ဖို႔ ကီလိုမီတာ ေထာင္ခ်ီ လိုေသးတာကို ပ်ံသြားၾကမလို႔လား"
ေမာ့ဝမ္းယန္ စိတ္ကိုစုစည္းကာ ယြင္ခ်ဲ့ တို႔ကို တားကာ ေမးလိုက္သည္။ ယြင္ခ်ဲ့ စြမ္းရည္ကို ယုံၾကည္ေသာ္လည္း ေျပာသည့္ အစီအစဥ္မွာ အလြန္ ထူးဆန္းေနသည္။
"စီစဥ္စရာရွိတာ မစီစဥ္ဘဲ ဘာလို႔ အခ်ိန္ကုန္ခံၿပီး ရွင္းျပတာကို နားေထာင္ေနမွာလဲ ... ကြၽန္ေတာ့္္္ကိုယုံလိုက္ ၅ ရက္အတြင္း ျပန္လာနိုင္လိမ့္မယ္"
ယြင္ခ်ဲ့ စကားေျပာၿပီးေနာက္ ေမာ့ဝမ္းယန္ ေဘးမွ ျဖတ္သြားရာ ရွင္းဖုန္းလည္း ေခါင္းခါကာ လိုက္သြားေလသည္။ ေမာ့ဝမ္းယန္က အေတာ္ၾကာေအာင္ တိတ္ဆိတ္စြာ ရပ္ေနခဲ့ၿပီး စတင္အမိန့္ေပးေလသည္။ မည္မွ်ပင္ လက္ေတြ႕ မက်ေသာ္လည္း ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔မွာ လ်ိဳ႕ဝွက္ခ်က္ မ်ားစြာျဖင့္ ျပည့္ႏွက္ေနျခင္းေၾကာင့္ ေမာ့ဝမ္းယန္လည္း သူတို႔အစီအစဥ္အတိုင္း အမိန့္ခြဲေပးလိုက္သည္။ သူတို႔၏ မူလအစီအစဥ္ ျဖစ္ေသာ အခ်ိန္ၾကာျခင္းႏွင့္ ရႈံးနိမ့္ျခင္းတို႔က အဆိုးဆုံးေသာ ျဖစ္နိုင္ေခ်တစ္ခုပင္။
သို႔ေသာ္ ေန႕လယ္ ေစာင္းအခ်ိန္ စတင္ ေျပာင္းေ႐ြ႕ခဲ့ၾကရာတြင္ ယြင္ခ်ဲ့ကို အထင္ေသးမိေၾကာင္း ေမာ့ဝမ္းယန္ သိလိုက္ရသည္။
ေန႕လယ္ ၁ နာရီတြင္ ျပန္လည္ ထြက္ခြာရန္ အဆင္သင့္ ျဖစ္ေနၾကၿပီး ကားတန္းမွာ မူလအေျခအေနႏွင့္ ကြာျခားေနသည္။ ယြင္ခ်ဲ့ ေတာင္းဆိုထားသည့္ အတိုင္း အေရွ႕ဆုံးတြင္ ဘတ္စ္ကားက ဉီးေဆာင္သြားၿပီး စစ္သားမ်ားအစား တာေဝးပစ္ စြမ္းအားရွင္မ်ား ပါေသာ ကားမ်ားက အေနာက္မွ လိုက္လာခဲ့ၾကသည္။ အေျခအေနကို ေသခ်ာေစာင့္ၾကပ္ ၾကည့္ရႈရန္အတြက္ ေမာ့ဝမ္းယန္က သူ၏လက္ေထာက္ ၂ ေယာက္ကိုလည္း အနားတြင္ ေခၚထားသည္။
"မင္းတို႔အဆင္သင့္ပဲလား"
ယြင္ခ်ဲ့လည္း ကိုယ္တိုင္ ကားေမာင္းကာ ေဝၚကီေတာ္ကီ မွတစ္ဆင့္ စစ္ေဆးေမးျမန္းလိုက္သည္။ တိက်ေသခ်ာေသာ အေျဖျပန္ရၿပီးေနာက္ ကားဒိုင္ခြက္ေပၚတြင္ ထိုင္ေနေသာ ေဟးယြီကို ပုတ္လိုက္သည္။
"မင္းတာဝန္ပဲ"
"အိုေက .. ကြၽန္ေတာ့္ကို စြမ္းအားျဖည့္ ေခ်ာ့ကလက္ေခ်ာင္းေတြ ဝယ္ေကြၽးမယ္ေျပာထားတယ္ေနာ္"
ေဟးယြီ ကိုယ္ကိုခါလိုက္ၿပီး ထရပ္ကာ ျပတင္းေပါက္မွ ထြက္သြားသည္ႏွင့္ သူ၏ေသးငယ္ေသာ ခႏၶာကိုယ္မွာ အလြန္ႀကီးမားေသာ သားရဲႀကီးအျဖစ္သို႔ ေျပာင္းလဲသြားသည္။
"အားလုံး နိုးနိုးၾကားၾကားရွိေနၾက .. ငါ့ေနာက္လိုက္ခဲ့ ေရာ့ခ္အန္ရိုးၾကမယ္ေဟ့ !"
ဘုန္း
အျခားသူမ်ားကို ဘာမွျပန္ေျပာခြင့္ မေပးေတာ့ဘဲ ေရွ႕လက္ကို ေဝွ႕လိုက္ရာ တံခါးမွာ ပြင့္ထြက္ သြားေလသည္။ ထိုအခ်ိန္ အေရွ႕ဘက္တြင္ သြားလာေနၾကေသာ ဖုတ္ေကာင္မ်ားက သူတို႔ထံ ေျပးလာၾကရာ ေဟးယြီက သူ၏လက္သည္းျဖင့္ ဖုတ္ေကာင္မ်ားကို ေခါင္းျဖတ္ ပစ္လိုက္သည္။ ေဟးယြီ တိုက္ခိုက္သည္ကို ပထမဆုံး အေနႏွင့္ မ်က္ျမင္ ေတြ႕လိုက္ ရသူမ်ားမွာ ေၾကာက္ေသး ထြက္လုမတတ္ပင္ ျဖစ္သြားၾကသည္။ ေဟးယြီ အတြက္ စြမ္းအားႀကီးသည္ ဆိုေသာ စကားလုံးကပင္ ေဖာ္ျပရန္ မလုံေလာက္ေပ။
"တာေဝးပစ္ စြမ္းအားရွင္တို႔ .. ဖုတ္ေကာင္ေတြကို ပစ္ၾက ! အေနာက္က ကားေတြ ငါတို႔နဲ႕ ကပ္ကပ္ေနၾက .. ျပဳတ္က်သြားရင္ ကိုယ့္ထိုက္ကိုယ့္ကံပဲ ဘယ္သူမွ ေနာက္လွည့္ကယ္ေပးမွာ မဟုတ္ဘူး !"
အလင္း၏အရွိန္ႏွင့္ ဘတ္စ္ကားတစ္စီး ထြက္သြားသည့္ အခ်ိန္ ကားေပၚတြင္ ေစာင့္ေနေသာ လန္ယဲ့ဟန္၊ က်န္းရွန္ႏွင့္ အျခားေသာ စြမ္းအားရွင္မ်ားက ဖုတ္ေကာင္ကို ပစ္ခတ္ၾကၿပီး က်ိဳးဇယ္ယြီက ေလအစြမ္းႏွင့္ အျမဳေတမ်ားကို သိမ္းဆည္းေလသည္။ သူတို႔၏ ၿပီးျပည့္စုံစြာ လိုက္ဖက္ညီေသာ ပူးေပါင္း တိုက္ခိုက္မႈေၾကာင့္ အေနာက္မွ ကားမ်ားေပၚတြင္ လိုက္ပါလာေသာ စစ္သားမ်ားႏွင့္ စြမ္းအားရွင္မ်ား အံ့အားသင့္ ကုန္ေလသည္။
ဝုန္း
လန္ယဲ့ဟန္ႏွင့္ အျခားသူမ်ားက ကူညီတိုက္ခိုက္ၾကသျဖင့္ ေဟးယြီလည္း သူ၏စြမ္းအားမ်ားကို ဖုတ္ေကာင္မ်ားအား တိုက္ခိုက္ရာတြင္ မသုံးေတာ့ေပ။ ကားႏွင့္ ယာဥ္မ်ားကို လက္တစ္ခ်က္ေဝွ႕ကာ ဖယ္ရွားလိုက္႐ုံႏွင့္ အလြန္ ႀကီးမားေလးလံေသာ ကုန္တင္ကားမ်ားပင္ မက်န္ ခဏေလးအတြင္း လႊင့္ထြက္ ကုန္သည္။ ေဟးယြီ၏ လက္ႏွင့္သာ အရိုက္ခံရလွ်င္ မည္သို႔ျဖစ္မည္ကို ၾကည့္ေနသူမ်ား ျမင္ေယာင္ လိုက္ၾကၿပီး ေသခ်ာသည္ တစ္ခုကေတာ့ အသက္ပင္က်န္ေတာ့မည္ မဟုတ္ေပ။ ေဟးယြီကို စိန္ေခၚခဲ့ၾကေသာ ဝမ္စစ္သားမ်ားႏွင့္ ေဝ့စစ္သားတို႔မွာလည္း ေဇာေခြၽးျပန္ကာ သူတို႔ႏွင့္ ေဟးယြီ တို႔ၾကားမွ အႀကီးမားဆုံး ကြာျခားခ်က္ကို နားလည္ လိုက္ၾကသည္။
"ေဟးယြီက အရင္ကထက္ ပိုအားႀကီး လာတာလား"
ယြင္ခ်ဲ့ကို လွည့္ၾကည့္ကာ ရွင္းဖုန္း ေမးလိုက္သည္။ စခန္းတြင္ သူတို႔ ရွိေနခဲ့စဥ္က ေဟးယြီ ထိုသို႔ မဟုတ္ခဲ့ေပ။
"ေသခ်ာတယ္ .. သူ႕ရဲ႕ခြန္အားက ပိုႀကီးလာတာ အားျပန္ျဖည့္ရင္း ႀကိဳးစားေလ့က်င့္ေနခဲ့ပုံရတယ္"
ေဟးယြီကို အရွက္မရွိဟု ေျပာေသာ္လည္း တုံးအျခင္းေတာ့ မဟုတ္ေပ။ သူ၏ကာယ ခြန္အားကို အျပင္ေလာကတြင္ အသုံးျပဳနိုင္ေၾကာင္း သိသျဖင့္ သူ၏အားကို အျပည့္အဝအသုံးျပဳေနျခင္းျဖစ္သည္။ ေဟးယြီ အနားယူ ေနခ်ိန္တြင္ သူ႕ကို တာဝန္မ်ားတြင္ ေခၚသြားရန္ ယြင္ခ်ဲ့ထံကို မေတာင္းဆိုခဲ့ေပ။ ယေန႕ အခ်ိန္ကိုက္စြာပင္ စြမ္းအားမ်ား ျပည့္လာၿပီး နတ္ဘုရား အဆင့္ရွိ သားရဲအေနႏွင့္ ကိုယ့္ကိုယ္ကို အဆင္သင့္ ျဖစ္ေနေၾကာင္း သိသျဖင့္ ထြက္လာရန္ ယြင္ခ်ဲ့ထံ ေတာင္းဆိုခဲ့သည္။
"သူ႕လို ယုံၾကည္စိတ္ခ် အားကိုးရတဲ့ မိတ္ဖက္မ်ိဳး ေနာက္ထပ္ ရွာမေတြ႕နိုင္ေတာ့ဘူး"
ရွင္းဖုန္း ေမးကိုပြတ္ကာ စဥ္းစားဟန္ျဖင့္ ေျပာေလသည္။ ေဟးယြီသည္ တစ္ေကာင္တည္းေသာ နတ္ဘုရားအဆင့္ သားရဲတစ္ေကာင္ ျဖစ္သည္ကို သူသိသည္။ သို႔ေသာ္ သေႏၶေျပာင္း တိရစာၦန္ဆိုသည္က ပို၍ ေကာင္းမြန္လိမ့္မည္။ သေႏၶေျပာင္း ေကာင္မ်ားသည္ လူသားမ်ားထက္ ပိုမို သာမန္ေၾကာင္း ယြင္ခ်ဲ့ ေျပာျပထားဖူးသည္။ ေခ်ာင္ယန္း အဖြဲ႕အစည္းအေနႏွင့္ အသစ္မ်ားကို ထပ္မံ ေခၚယူမည္ မဟုတ္ေသာ္လည္း တိရစာၦန္ဆိုလွ်င္ သူထပ္ စဥ္းစားဉီးမည္ ျဖစ္သည္။
"ေတြ႕ရင္လည္း ေတြ႕ရမွာပါ .. သူ႕ရဲ႕ေနာက္စြမ္းအား တစ္ခုကို ခင္ဗ်ားစိတ္ဝင္စားမွာေသခ်ာတယ္"
ယြင္ခ်ဲ့ ကားေမာင္းေနလ်က္ ရွင္းဖုန္းကို လွည့္ၾကည့္ကာ ေျပာလိုက္သည္။
"ေနာက္စြမ္းအားတစ္ခု ?"
"အင္း အဲဒါက ..."
"ယြင္ခ်ဲ့ မင္း အဲဒီအေကာင္ကို ဘယ္က ရခဲ့တာလဲဟ ေတာ္ေတာ္ ၾကမ္းၾကဳတ္တာပဲ ! ဘာလို႔ ေစာေစာက ႀကိဳမေျပာတာလဲ .. တစ္မနက္လုံး အလကားျဖစ္သြားၿပီ ! အခုေတာ့ ဒီစစ္ဆင္ေရးကို ၅ ရက္အတြင္း ၿပီးေအာင္လုပ္ၿပီး အျမန္ျပန္လို႔ရၿပီကြ !"
သူ၏လုံၿခဳံေရးအတြက္ အိမ္ေစာင့္သားရဲႏွင့္ ေဝးရာတြင္ တတ္နိုင္သမွ် ေနမည္ဟု ေမာ့ဝမ္းယန္ ေျပာခဲ့ေသာ္လည္း ေဟးယြီ အေၾကာင္း သိၿပီးေနာက္ စိတ္လႈပ္ရွားစြာ ထရပ္ကာ ယြင္ခ်ဲ့ စကားကို ျဖတ္ေျပာလိုက္သည္။ ယြင္ခ်ဲ့ ဘာေၾကာင့္ အလြန္ ယုံၾကည္မႈ ရွိေနသည့္ အေၾကာင္းကို ေမာ့ဝမ္းယန္ နားလည္ လိုက္သည္။ သူ႕တြင္လည္း ထိုသို႔သားရဲရွိလွ်င္ ကိုယ့္ကိုယ္ကို ပို၍ ယုံၾကည္မႈ ရွိေပလိမ့္မည္။ သူၾကည့္ေနေသာ ျမင္ကြင္းက အလြန္ပင္ အံ့ဩခမ္းနားဖြယ္ေကာင္းလွသည္။
"ဗိုလ္ခ်ဳပ္ ပီသေအာင္ ေနလို႔ မရဘူးလား"
ရွင္းဖုန္းကို ၾကည့္ၿပီးေနာက္ ေမာ့ဝမ္းယန္ကို ယြင္ခ်ဲ့ လွည့္ၾကည့္ကာ ေျပာလိုက္သည္။
"မင္းက ငါ့ကို ဗိုလ္ခ်ဳပ္ လိုေနဖို႔ ေျပာေနတာလား ဒီလို ျမင္ကြင္းမ်ိဳးကို ေတြ႕တဲ့သူ ဘယ္သူမဆို အံ့ဩၾကမွာပဲ ! ဒီကပ္ႀကီးထဲမွာ ငါစစ္ဆင္ေရး အခု၂ဝ လုပ္ဖူးတယ္၊ ဒါေပမယ့္ တစ္ခါမွ ဒီလို ခမ္းနားတာကို မေတြ႕ဖူးဘူး !"
ကားေပၚတြင္ စကား ေျပာဆိုၾကရင္းျဖင့္ တိုးဂိတ္ကို ျဖတ္ေက်ာ္ လာခဲ့ၾကၿပီး လမ္းတစ္ေလွ်ာက္ရွိ ကားမ်ားကိုလည္း ေဟးယြီက သူ၏အစြမ္းျဖင့္ ဖယ္ရွား ေပးလိုက္သည္။ ဘတ္စ္ကားေပၚႏွင့္ ကားႀကီးမ်ားေပၚတြင္ ရွိေနေသာ တာေဝးပစ္ စြမ္းအားရွင္မ်ားက ဖုတ္ေကာင္မ်ားကို ပစ္ခတ္ေနၾကၿပီး လမ္းေၾကာမွာလည္း မနက္ပိုင္းကထက္ ၁ဝဆ ပိုျမန္လာသည္။ ေမာ့ဝမ္းယန္လည္း ေဟးယြီ အေၾကာင္း မေကာင္း ေျပာသူမွန္သမွ်ကို ပညာျပကာ ရယ္ေမာ ေနေလသည္။
"အာ ဒါနဲ႕ ေဟးယြီက သူ႕ကိုတစ္ခုခုျပန္ေပးမွ ဒီလိုလုပ္ေပးတာ ဥပမာ အားအင္ျဖည့္မုန့္ေခ်ာင္း ၁ဝဝဝ ေလာက္ေပါ့ ... ဗိုလ္ခ်ဳပ္ေမာ့ ခင္ဗ်ား သူ႕အတြက္ ေပးမွာလား"
"ဟမ္ ! ဘာအားျဖည့္မုန့္လဲ"
ေမာ့ဝမ္းယန္ စဥ္းစား မရေတာ့သျဖင့္ ယြင္ခ်ဲ့ကို စိုက္ၾကည့္ လိုက္သည္။ ရွင္းဖုန္းလည္း ထိုအားျဖည့္ မုန့္ေခ်ာင္းကို ထုတ္ကာ ပစ္ေပးလိုက္သည္။
"ဒီဟာ ... ေဟးယြီ အတြက္ အေပးအယူက ဒါပဲ"
ေမာ့ဝမ္းယန္ စိတ္ရႈပ္ေထြး သြားကာ ...
"ေခြးက ေခ်ာ့ကလက္ ႀကိဳက္တယ္ ? ဘယ္လိုေခြးက ေခ်ာ့ကလက္ ႀကိဳက္တာလဲ"
ေမာ့ဝမ္းယန္လည္း ခဏစဥ္းစားလိုက္ၿပီး ...
"ဟဲ..ဟဲ ေဟးယြီကို ေပးရမွာ ငါပဲျဖစ္သြားၿပီေပါ့"
ေမာ့ဝမ္းယန္၏ အမူအရာကို ေနာက္ၾကည့္မွန္ မွတစ္ဆင့္ ယြင္ခ်ဲ့ ေတြ႕လိုက္ရသျဖင့္ ေခါင္းခါ လိုက္သည္။ ေမာ့ဝမ္းယန္ အမွန္ပင္ ေပးလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ၿမိဳ႕ေတာ္၏ ပတ္လမ္းေၾကာင္းသို႔ သြားေနၾကသျဖင့္ လမ္းတစ္ေလွ်ာက္တြင္ ဆိုင္မ်ားစြာ ရွိနိုင္ေသာေၾကာင့္ ေခ်ာ့ကလက္ ေခ်ာင္းမ်ားကို ရွာရန္ မခက္ေပ။ ျပႆနာမွာ ရက္လြန္ သြားမည္ကိုပင္။ ကပ္ေဘးကာလမွာ ႏွစ္လၾကာခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ဆိုင္တင္ထားေသာ အစားအေသာက္မ်ားက ထိုတမွ် ၾကာရွည္ခံမည္ မဟုတ္ေပ။
***