Unicode
အခန်း (၁၂၃)
စခန်းကာကွယ်ရေး ဌာနရုံးရှေ့တွင် ရှိသော စစ်ရေး လေ့ကျင့်ကွင်းထဲတွင် ....
စခန်းကာကွယ်ရေး အဖွဲ့တွင် စစ်တပ်မှစစ်သားများနှင့် အစိုးရလက်အောက်မှ ရဲများလည်း ပါဝင်သည်။ အစိုးရနှင့် စစ်တပ် ၃ ခု ပူးပေါင်း အုပ်ချုပ်သော်လည်း အစိုးရကသာ အာဏာအပြည့် ရထားသည်။ စစ်သားနှင့် ရဲများက သူတို့ စွမ်းရည် တိုးမြင့်ရေးအတွက် လေ့ကျင့်ကွင်းထဲတွင် လုပ်ဆောင်ကြပြီး ထိုကွင်းမှာ စတုရန်းမီတာ ၁ ထောင် ကျယ်ဝန်းပြီး လေ့ကျင့်ရေး ကိရိယာများလည်း ရှိသည့်အပြင် တစ်ကိုယ်တည်း လေ့ကျင့်ရေး သမားများအတွက် နေရာလွတ်တစ်ခု ထားရှိပေးထားသည်။
သာမန်နေ့များတွင် လေ့ကျင့်ရေး သမားများဖြင့် ပြည့်နှက်နေသည်။ ယနေ့တွင်လည်း လူများစွာ စုဝေးရောက်ရှိ နေကြသည်။ စစ်တပ် ၃ ခုမှ ကိုယ်စားလှယ်များ၊ အစိုးရမှ ကိုယ်စားလှယ်များ၊ ယနေ့ အစည်းအဝေးကို ရောက်လာကြသော စွမ်းအားရှင်များနှင့် ထိုနေရာတွင် ရှိနေပြီးသော စစ်သားများ၊ ရဲများလည်း ပါဝင်သည်။ တစ်ကိုယ်တည်း လေ့ကျင့်ရေး သမားများအတွက် လုပ်ထားပေးသော ကွင်းကို ဝိုင်းလျက် စောင့်နေကြပြီး ထိုကွင်းထဲတွင် မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းတို့ တစ်ဖက်စီတွင် ရပ်လျက် ရှိနေကြသည်။ အခြေအနေမှာ တင်းမာနေပုံရသဖြင့် စောင့်ကြည့် နေသူများကလည်း အသက်ရှူရန်ပင် မေ့လျော့ကာ တိုက်ပွဲကို စောင့်ကြည့် နေကြလေသည်။
"ဗိုလ်ချုပ် ဝမ် အခုထွက်ဖို့ မီသေးတယ်နော်"
မော့ဝမ်းယန်က နေကိုမျက်နှာမူလျက် ဘယ်ဘက်တွင် နေရာယူလိုက်သည်။ ဝမ်ကွော်အန်းက မျက်နှာချင်းဆိုင်မှ ရပ်၍ အေးစက်စက် စိုက်ကြည့်ကာ သူ၏ဝတ်စုံမှ ကြယ်သီးများကို တစ်လုံးစီ ချွတ်လိုက်သည်။
"မင်းထွက်ရင်တော့ ပိုကောင်းတာပေါ့"
"ဟိုးဟိုး .. ကြည့်ရတာ ကျုပ်တို့တွေ ညှိလို့မရတော့ဘူး ထင်တာပဲ"
မော့ဝမ်းယန် ဟန်ဆောင် စိတ်မကောင်းပြပြီး သူ၏ဝတ်စုံကို ချွတ်ကာ အဝေးသို့ ပစ်လိုက်သည်။
ဝုန်း !
သတိပေးခြင်းမရှိဘဲ ဘတ်စကတ်ဘော အရွယ်ရှိ မြေခဲများက မော့ဝမ်းယန် ထံသို့ ဉီးတည်လာသည်။ အကယ်၍ ထိုအရာများနှင့် ထိရိုက်သွားလျှင် သူ၏ခေါင်းတွင် ယောင်ကိုင်းဖု များစွာ ထွက်ပေါ်လာလိမ့်မည်။ မော့ဝမ်းယန်လည်း အာရုံစိုက်လျက် သူ၏ညာဘက် လက်ဖြင့် ဘဲဥပုံစံ ဝိုင်းလိုက်ပြီး ရေဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့် တွန်းလိုက်ရာ ရေဒိုင်းကာလည်း ကြီးမားလာပြီး မြေခဲများကို တားဆီးလိုက်သည်။ မာကျောသောမြေခဲများက ပျော့ပျောင်းသော ရေနှင့် ထိလိုက်သည့်အခါ ရောနှောသွားပြီး မြေခဲများမှာလည်း ရွှံ့အဖြစ် မြေပေါ်သို့ ကျကုန်သည်။
"သေစမ်း ! ရေအစွမ်းက ဒီလို လုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ! ဗိုလ်ချုပ်မော့လည်း စွမ်းဆောင်နိုင်တာပဲ .. သူ့ကို အမိန့်ပေးတာပဲ တတ်နိုင်တယ် ထင်ခဲ့တာ"
"မင်းဘာသိလို့လဲ ငါတို့ဗိုလ်ချုပ်က မင်းတို့နဲ့မတူဘူး .. မင်းတို့ ဝေ့စစ်တပ်ကသာ အရာရာမှာ အတော်ဆုံး ဖြစ်ချင်နေကြတာ"
"ဆိုတော့ ဘာဖြစ်လဲ! ဒါဆို ဗိုလ်ချုပ်မော့က ဘာလုပ်နေတာလဲ ရှင်းပြပါဉီး"
"ရေက တိုက်ခိုက်နိုင်စွမ်း ရှိတာလား ရေဒိုင်းကာကို ဘယ်လိုလုပ်တာလဲ ... ဒါနဲ့ ဒိုင်းကာတောင်လုပ်လို့ ရတယ်ဆိုတော့ မြားတွေလည်း လုပ်လို့ရပြီပေါ့ ဟုတ်တယ်မလား"
"သေချာ မသိရသေးဘူး ဘာဖြစ်မလဲပဲ စောင့်ကြည့်ရအောင်"
မော့ဝမ်းယန်၏ တိုက်ကွက်ကြောင့် ရေစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ပုံကို ပထမဆုံးတွေ့လိုက်ရသဖြင့် လူအုပ်ထဲတွင် အမျိုးမျိုး ပြောဆိုကြကုန်သည်။ ရေမှာ ထုထည်နဲ့ ခဲသွားခြင်းမရှိဆိုသည့် အကြောင်းကြောင့် ရေစွမ်းအားမှာ တိုက်ခိုက်နိုင်စွမ်း မရှိဟု ယူဆခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရခဲ့လျှင်တောင်မှ အရာဝတ္ထု တစ်ခုခုနှင့် ထိရိုက်သွားလျှင် ရေအဖြစ်သို့ ပြန်လည်ပြောင်းလဲ သွားပေလိမ့်မည်။ မော့ဝမ်းယန် လုပ်ခဲ့သော ရေဒိုင်းကာမှာ အလွန် ထူးခြား ပြောင်မြောက်သည့် ပုံစံကို ပြသပေးခဲ့သည်။ ကံကောင်း၍ ဖြစ်သွားသည်ဟု ထင်ရလောက်သော်လည်း ဗိုလ်ချုပ် ဝမ် ပစ်လိုက်သော မြေခဲများကို အစွမ်းလျော့ သွားစေသည်။ ရွှေသတ္တု အစွမ်းမှ ဓါးများကိုတော့ ရေနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သို့သော် အလွန်ပင် အံ့ဩဖွယ် ကောင်းနေပေသည်။
ဗိုလ်ချုပ် ဝမ် လည်း ထိုနည်းတူစွာ မော့ဝမ်းယန်၏ တိုက်ခိုက်ချက် အပေါ် အလွန် အံ့ဩသွားသော်လည်း လက်ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အားကုန် စုယူလိုက်သည်။ လက်ကောက်ဝတ်ကို လှည့်လိုက်သည့် အချိန် မြေပြင်မှာ တုန်လှုပ်လာသဖြင့် မြေကြီးထဲမှ တစ်ခုခု ထွက်လာတော့မည်ဟု မော့ဝမ်းယန် ထင်လိုက်မိသည်။
ဝုန်း
"အမလေး ကပ်သီလေးပဲ! ငါကောင်းကင်ပေါ် မြှောက်တက် သွားတော့မလို့”
မော့ဝမ်းယန် ရပ်နေသည့် နေရာမှ မြေတံတိုင်း တစ်ခု ထွက်လာသဖြင့် မော့ဝမ်းယန် အမြန်ပင် နောက်ပြန် ဆုတ်ခွာ လိုက်ရသည်။ မော့ဝမ်းယန်က ဟန်ဆောင်မူ ပိုစွာ ရင်ဘတ်ကို အသာပုတ်လျက် ပြောလိုက်သဖြင့် ကြည့်နေကြသူများပင် ပြုံးမိကုန်သည်။ ထို့နောက် မြေပြင်ထဲမှ ရေများပန်း ထွက်လာရာ မော့ဝမ်းယန် လက်ကို ဆုပ်လိုက်ရာ ထိုရေများ စုစည်းသွားပြီး ကြီးမားသော ရေပန်းအဖြစ် ပြောင်းလဲ သွားလေသည်။ ထိုမြေတံတိုင်းကို ရေပန်းလေးများနှင့် ဖြိုပစ်မည်ဟု အများက ထင်ခဲ့သော်လည်း မော့ဝမ်းယန် မလုပ်ခဲ့ဘဲ ထူးခြားနည်းလမ်းဖြင့် ကျာပွတ်ပုံစံအဖြစ် ပြောင်းလဲလိုက်သည်။
ဝုန်း
ကြည်လင်ကာ ကျာပွတ်ပုံစံ ဖြစ်နေသည့် ရေပန်းမှာ သာမန် အကြည့်နှင့် မမြင်လိုက်နိုင်သောအရှိန်ဖြင့် မြေတံတိုင်းသို့ ဉီးတည်သွားကာ မြေတံတိုင်းကို အက်ကွဲစေပြီး ပြိုကျသွားစေသည်။
"ခင်ဗျားဘက်က တိုက်တာ ၂ ခါရှိပြီ .. အခု ကျုပ်အလှည့်ပဲ"
ဘုန်း
မော့ဝမ်းယန် ထိုသို့ ပြောပြီးနောက် အရှိန်နှင့်ပြေးကာ ရေကျာပွတ်ဖြင့် ဗိုလ်ချုပ် ဝမ်ကို ချိန်ရွယ်လိုက်သည်။ အကွာအဝေး အနည်းငယ်သာ ကျန်တော့သည့် အချိန်တွင် ဝမ်ကွော်အန်းက မြေကြီးမှ တံတိုင်းတစ်ခုကို ပြန်ထုတ်ယူ ကာရံ လိုက်သည်။
ဝုန်း
သို့သော် မော့ဝမ်းယန် လက်ထဲရှိ ရေကျာပွတ်က အသက်ရှင်နေသည့် အလား ပုံစံအမျိုးမျိုးဝှေ့ယမ်း လှုပ်ရှားကာ တံတိုင်းနှင့် မြေကျောက်တုံးများကို ရိုက်ခွဲလိုက်ပြီး ပုံမှန်ရေပန်း အရှိန်နှင့် ထိုမြေကျောက် အစအနများကို ဖယ်ရှား ပစ်လိုက်သည်။
ကြည့်နေသူများလည်း မှင်သက်လျက် ရေစွမ်းအားက ထိုကဲ့သို့ ကြီးမားစွာ လုပ်ဆောင် နိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။
"ဒါတကယ် ရေစွမ်းအားရော ဟုတ်ရဲ့လား။ ရေပုံစံအသွင် ယူထားတဲ့ အခြားစွမ်းအား မဟုတ်ဘူးလား ... ရေစွမ်းအားက ဘာကြောင့် ဒီလောက် အားကြီးရတာလဲ ... ဓါတ်ကြီး ငါးပါးထဲက အကြီးမားဆုံး စွမ်းအားဖြစ်တဲ့ ရွှေသတ္တု အစွမ်း နီးပါးလောက်ကို တော်တော် အစွမ်းထက်တာပဲ"
သံသယများနှင့် မေးခွန်းများက ကြည့်နေသူများထံမှ ထွက်ပေါ်လာသည်။
"အတည် ယှဉ်ပြိုင်ရတော့မယ့် အချိန်ပဲ"
ကြည့်ရှုသူအားလုံး အံ့အားသင့် နေကြချိန် ယွင်ချဲ့က ရှင်းဖုန်း အနားသို့ ပြန်ရောက်လာပြီး လက်ရည်ယှဉ်ပွဲကို ကြည့်နေလေသည်။ မော့ဝမ်းယန်မှာ ရေစွမ်းအား အကြောင်း သေချာဆန်းစစ်လေ့လာပြီး ဖြစ်သဖြင့် နားလည် သဘောပေါက်သွားလျှင် မြေစွမ်းအားကို လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်။
"အစ်ကို ဝမ်းယန်က ရတနာတစ်ခုကို ရှာတွေ့သွားတာပဲ"
ယွင်ချဲ့ကို လှည့်ကြည့်လျက် ရှင်းဖုန်း ပြောလိုက်သည်။ သူ၏လေ့လာချက်အရ ရေဒိုင်းကာမှာ စမ်းသပ်ချက် တစ်ခုဖြစ်ပြီး ရေကျာပွတ်မှာ တွေးဆဉာဏ်တို့ဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်သည်ကို ရှင်းဖုန်း ပြောနိုင်သည်။ ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် မော့ဝမ်းယန်က အသုံးပြုပုံနှင့် တိုက်ခိုက်သည့် နည်းလမ်းများကို သိရှိသွားပေလိမ့်မည်။
"ဟုတ်တယ် ... ဒါပေမယ့် ကျွန်တော့်ကို မကောင်းပြောတဲ့ လူကို ရေအစွမ်း အသုံးပြုပုံသင်ပေးလိုက်ရတာ ကျွန်တော့်အတွက် အရှုံးကြီး ရှုံးတာပဲ"
ယွင်ချဲ့က သူခံစားလိုက်ရသည့် ပုံစံနှင့် ပြောသဖြင့် ရှင်းဖုန်းလည်း ယွင်ချဲ့ လက်ကိုကိုင်ကာ ချော့မြူလိုက်သည်။
"ငါပြန်ပေးမယ်လေ"
"ဪ ဘယ်လို ပေးမှာလဲ ကိုယ့်ကိုယ်ကိုလား .. အဲဒါဆို ပျင်းစရာ ကောင်းသွားပြီ"
"မင်းအတွက် ချက်ပြုတ်ပေးရင်ရော"
"ခင်ဗျားက ချက်တတ်တာလား"
သူတို့ကို အိမ်မှုကိစ္စ စိတ်မဝင်စားဟု ယွင်ချဲ့ တွေးခဲ့သော်လည်း သူ၏လူက အချက်အပြုတ် စွမ်းရည်ကို လျှို့ဝှက် ထားသဖြင့် ယွင်ချဲ့ စိတ်ဝင်စား သွားသည်။
"ဘယ်သူမဆို ချက်ပြုတ် နိုင်တာပဲကို ... အရသာ ကောင်းအောင် လုပ်တတ်ဖို့ပဲ လိုတာ"
ရှင်းဖုန်းလည်း ယွင်ချဲ့ နဖူးကို အသာတောက်ကာ ပြောလိုက်သည်။ စစ်တပ်မှ အထူးထပ်သား ဖြစ်ခဲ့သည်အလျောက် အရာရာကို လေ့လာ သင်ယူခဲ့ရသည်။ အသစ်ဝင်လာသူသည်ပင် မီးမွေးပုံနှင့် ချက်ပြုတ်ပုံတို့ကို လေ့လာခဲ့ရသည်။ မဟုတ်လျှင် တောတောင်ထဲ ရောက်သည့်အခါ အစာငတ်နေကြမည် မဟုတ်လား။ ထို့အပြင် ရှင်းဖုန်းက ပြီးခဲ့သော နှစ်များတွင် တစ်ယောက်တည်း နေခဲ့ရသည့်အပြင် အစားအသောက် ချေးများသူ ဖြစ်သောကြောင့် အချက်အပြုတ် တော်သည်က မထူးဆန်းတော့ပေ။ အစားအသောက် မြည်းစမ်းပေးမည့်သူ မရှိသဖြင့် သူ့အတွက် အဆင်ပြေသလိုသာ ချက်စားလေ့ရှိသည်။
"ဒါဆိုရင်တော့ စိတ်မဝင်စားတော့ဘူး .. ဟင်းအမယ်တွေကို အိုးထဲ ထည့်တည်တာလောက်တော့ ကျွန်တော်လည်း လုပ်တတ်တာပေါ့"
ယွင်ချဲ့လည်း မျက်နှာရှုံ့ကာ ရှင်းဖုန်းကို စနောက်သဖြင့် ရှင်းဖုန်း ခေါင်းခါလိုက်ပြီး ...
"တခြားဘာလိုချင်လို့လဲ"
"ရတယ် ခင်ဗျား ချက်ပြုတ်တာကို ကြည့်မယ် ခင်ဗျားကိုယ်တိုင်နော် ... မကောင်းလည်း စားကြည့်ရမှာပဲ"
"အင်း .. မင်းမသေဘူးဆိုတာတော့ ငါပြောရဲပါတယ်"
"ကျွန်တော်လည်း မျှော်လင့်ပါတယ် .. နေပါဉီး ခင်ဗျားက အိမ်ရှင်မ လုပ်ချင်နေတာလား"
"မင်းဖြစ်စေချင်တယ် ဆိုရင် ငါလုပ်ပေးရမှာပေါ့"
တိုက်ခိုက်နေကြသည်ကို တစ်ချက်ကြည့်ပြီးနောက် ရှင်းဖုန်း ပြောလိုက်သည်က အလွန် ချစ်စရာ ကောင်းသဖြင့် ယွင်ချဲ့ ပျော်သွားလေသည်။ ရေစွမ်းအားကို ယွင်ချဲ့ ယုံကြည်သကဲ့သို့ ရှင်းဖုန်းလည်း မော့ဝမ်းယန်ကို ယုံကြည်သဖြင့် ထိုပွဲကို စိတ်ပူပန်ခြင်း မရှိကြပေ။
"အရှုံးပေးလိုက်တော့ ဗိုလ်ချုပ် ဝမ်"
မြေတံတိုင်းများစွာကို တိုက်ခိုက် ဖြိုချခဲ့ပြီးနောက် မော့ဝမ်းယန်မှာ ရေနှင့် တိုက်ခိုက်ပုံကို ကျွမ်းကျင်စွာ သိရှိသွားသည်။ ဆော့ကစားခြင်း လုံလောက်ပြီဟု ယူဆကာ မော့ဝမ်းယန် လက်ကိုဝှေ့လျက် ရေပန်းကို ရေဓါးအဖြစ် ပြောင်းလဲလိုက်ပြီး ဝမ်ကွော်အန်းကို ချိန်ရွယ် ထားလိုက်သည်။
ဝမ်ကွော်အန်းလည်း မော့ဝမ်းယန်၏ တိုက်ကွက်များကို အစွမ်းကုန် ရှောင်တိမ်းနေရမှ သူ၏ဘယ်ဘက်ပေါင်မှာ ရေဓါးကြောင့် ပြတ်ရှသွားသဖြင့် မြေပြင်ပေါ် လဲကျသွားလေသည်။ ခေါင်းမော့ လိုက်သည့်အခါ ဓါးမှာ သူ၏လည်ပင်းနှင့် အနည်းငယ်သာ ကွာနေပြီး တစ်ချက် လှုပ်မိလိုက်လျှင် သူ၏လည်ပင်းမှာ ပြတ်ထွက် သွားနိုင်သည်။ ဝမ်ကွော်အန်း၏ မျက်လုံးမှာလည်း ကြောက်လန့်မှုနှင့် အံ့ဩခြင်းများ ပြည့်နှက်နေပြီး ရေစွမ်းအားနှင့် တိုက်ခိုက်သော မော့ဝမ်းယန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
"ငါ ရှုံးသွားပြီ”
ဝမ်ကွော်အန်း အံကြိတ်ကာ သူရှုံးနိမ့် သွားကြောင်း ပြောလိုက်ရသည်။ လက်ကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် သူ၏လက်သည်းများကြောင့် လက်ဝါးက နာကျင် လာသော်လည်း ရင်ထဲမှ ပို၍ နာကျင်နေရသည်။ စွမ်းအားရှင်များ အဖွဲ့အစည်းကို အုပ်ချုပ်နိုင်မည့် အခွင့်အရေးကို သာမက ဝမ်စစ်တပ်၏ ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးခဲ့ရပြီ။
"စောစောကတည်းက ပြောခဲ့ရမှာ"
မော့ဝမ်းယန်လည်း စွမ်းအားကို ပြန်သိမ်းကာ သူ၏မူလပုံစံသို့ ပြောင်းလဲ သွားသော်လည်း စိတ်ထဲတွင် အခြားသူများထက်ပင် ပို၍ အံ့အားသင့် နေလေသည်။ လက်ရည်ယှဉ်ပွဲ မစမီ ယွင်ချဲ့က ရေစွမ်းအားကို စိတ်စွမ်းအားနှင့် ပူးပေါင်း အသုံးပြုရန် အကြံပေးပြီး ရေဖြင့် ဓါးတစ်ချောင်းကို ဖန်တီးနိုင်သည်အထိ ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်စေခဲ့သည်။ မည်သည့် စွမ်းအားကိုမဆို စိတ်စွမ်းအားနှင့် ပေါင်းစည်း လုပ်ဆောင်ရန် မလွယ်ကူသဖြင့် မော့ဝမ်းယန် အတွက် မသေချာခဲ့ပေ။ ထိုသို့ဖြစ်စေရန် ပထမအဆင့် နည်းလမ်းမှန်မှန်နှင့်လေ့ကျင့်ရမည်၊ ဒုတိယအဆင့် မိမိတွင်ရှိသော စိတ်စွမ်းအားမှာ အခြားသူများထက် သာလွန်နေရမည် ဖြစ်သည်။ သို့သော် မော့ဝမ်းယန်တွင် လေ့ကျင့်ရန် အချိန်မရခဲ့သဖြင့် အံကြိတ်၍သာ နေခဲ့ရသည်။ ဝမ်ကွော်အန်း၏ တိုက်ခိုက်ချက်ကို ကာကွယ်ရန် အတွက် ရေပန်းကိုသာ ဖန်တီးခဲ့သော်လည်း သူ၏ စိတ်စွမ်းအားက သာလွန်သွားသဖြင့် ရေဒိုင်းကာကိုပင် ဖန်တီးနိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် ဒုတိယအဆင့်ကိုပင် အောင်မြင် သွားခဲ့သည်။ ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် မော့ဝမ်းယန်မှာ ခက်ခက်ခဲခဲနှင့် လေ့လာ သင်ယူနိုင်ခဲ့သည်။ သို့သော် ဖြစ်ပျက်ခဲ့သည်တို့ကို အခုထိ မယုံကြည်နိုင် ဖြစ်နေသေးသည်။
"ဗိုလ်ချုပ် ဝမ်က အရှုံးကို ကြေညာလိုက်ပြီ ဆိုတော့ ကျွန်တော်တို့ သဘောတူထားတဲ့ အတိုင်း ဗိုလ်ချုပ် မော့က စစ်သားတွေကို ဉီးဆောင်ခွင့် ရမယ်နော် ဟုတ်တယ်မလား .. ခေါင်းဆောင် ကျန်း"
ရေစွမ်းအားက မြေစွမ်းအားကို အလွယ်တကူပင် ချေဖျက် အနိုင်ယူ လိုက်သောကြောင့် ကြည့်နေသူ အများစု အံ့ဩတကြီး ဖြစ်နေချိန် ယွင်ချဲ့ အသံကြောင့် သတိပြန် ကပ်ကုန်သည်။ အံ့ဩနေခြင်း နှင့်အတူ မော့ဝမ်းယန်က ရေစွမ်းအားကို သုံးကာ ဗိုလ်ချုပ် ဝမ်ကို ဘယ်လိုများ အနိုင်ယူခဲ့သလဲ ဆိုသည့် အကြောင်းကိုလည်း သိချင်နေကြသည်။
"အမ် ... အင်း.. ဟို .."
သူ့ကို ခေါ်လိုက်သဖြင့် ကျန်းဝမ်ရှန်လည်း အသိပြန်ဝင်ကာ မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်း ကိုကြည့်လျက် ဘာမှမပြောဘဲ နေလေသည်။ အစိုးရက မည်သည့် စစ်တပ်အဖွဲ့ကိုမှ အင်အားမကြီးစေချင်သော်လည်း ဝေ့စစ်တပ်နှင့် ဝမ်စစ်တပ်တို့က မျက်နှာပျက် နေကြသည်။ အစိုးရမှာ အင်အား အကြီးဆုံး နောက်ကိုသာ လိုက်ပါနေရပြီး ဘယ်သောအခါမှ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိခဲ့သဖြင့် ကျန်းဝမ်ရှန် အခက်ကြုံ နေလေသည်။
"ဘာလဲ နောင်တ ရနေတာလား ... အစိုးရ ကိုယ်စားလှယ်က ကိုယ့်စကားကို မတည်တာ မယုံနိုင်စရာပဲ"
ယွင်ချဲ့ မျက်ခုံးပင့်ကာ မထီမဲ့မြင်ဟန်နှင့် ပြောလိုက်ရာ အစိုးရနှင့် စစ်တပ် ၂ ဖွဲ့၏ ကိုယ်စားလှယ်များ မျက်နှာပျက် နေကြသည်။ ဗိုလ်ချုပ်ဝမ်လည်း သူ့လူများ ကူပေးသဖြင့် ထရပ်လိုက်ပြီး ...
"ငါရှုံးခဲ့တာမလို့ ငါ့စကားကို ငါတည်တယ် .. ဗိုလ်ချုပ် မော့က စစ်သားတွေကို ဉီးဆောင်ခွင့်ရတယ်"
နည်းဆုံးတော့ ဝမ်ကွော်အန်းမှာ အခြေခံ ယဉ်ကျေးမှုတော့ ရှိပေသည်။
"ငါတို့က လက်မခံဘူး မပြောခဲ့ပေမယ့် အခု ၂ မဲ ၁ မဲဖြစ်နေတာ .. တခြားရွေးချယ်စရာ မရှိဘူး"
လင်းရှန့်က တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဝေ့စစ်တပ်က ရှုံးနိမ့်နေပြီး ဖြစ်သဖြင့် လင်းရှန့် အနေနှင့် မော့ဝမ်းယန်က ဉီးဆောင်မည်ကို လက်ခံ လိုက်ရသည်။ ကျန်းဝမ်ရှန် တရားဝင်ကြေညာ လိုက်ပြီးနောက် ယွင်ချဲ့လည်း ပြဿနာ ဖြေရှင်းပြီး ဖြစ်သောကြောင့် အခြားလုပ်စရာ မရှိတော့ပေ။ ထို့နောက် မထွက်သွားမီ ကျန်းဝမ်ရှန်ကို အော်ပြော လိုက်သည်။
"ခေါင်းဆောင် ကျန်း စစ်သားတွေရဲ့ အချက်အလက် အသေးစိတ်ကို ကျွန်တော်တို့ဆီပို့ပေးပါဉီး ပြီးတော့ အချိန်ဇယား၊ အစီအစဉ်နဲ့ နည်းဗျူဟာတွေရောနော် .. ဒီတစ်ခေါက်တော့ မမှားရိုက်မိ ပါစေနဲ့တော့"
ယွင်ချဲ့ မထွက်သွားမီ ကျန်းဝမ်ရှန်ကို အနာထဲ ဆားထည့် သွားလေသည်။ စခန်းချုပ် ကာကွယ်ရေး ခေါင်းဆောင်က စိတ်ထဲတွင် အော်ငိုပစ်ချင် နေသော်လည်း မည်သူမှသူ့ကို ဂရုမစိုက်ပေ။ စစ်တပ် ၃ ခုနှင့် အစိုးရအဖွဲ့အပြင် စွမ်းအားရှင်များ အဖွဲ့တို့လည်း ထွက်သွားကြပြီးနောက် လေ့ကျင့်ရေးကွင်းက မူလအတိုင်း ပြောင်းလဲ သွားသည်။ နှစ်ယောက်တည်း လက်ရည်ယှဉ်ခြင်း၏ ရလဒ်အကြောင်း မဟုတ်ဘဲ မော့ဝမ်းယန် ဖန်တီးခဲ့သော ရေစွမ်းအား အကြောင်းကို စစ်သားနှင့် ရဲတို့လည်း ပြောဆို နေကြလေသည်။
***
Zawgyi
အခန္း (၁၂၃)
စခန္းကာကြယ္ေရး ဌာန႐ုံးေရွ႕တြင္ ရွိေသာ စစ္ေရး ေလ့က်င့္ကြင္းထဲတြင္ ....
စခန္းကာကြယ္ေရး အဖြဲ႕တြင္ စစ္တပ္မွစစ္သားမ်ားႏွင့္ အစိုးရလက္ေအာက္မွ ရဲမ်ားလည္း ပါဝင္သည္။ အစိုးရႏွင့္ စစ္တပ္ ၃ ခု ပူးေပါင္း အုပ္ခ်ဳပ္ေသာ္လည္း အစိုးရကသာ အာဏာအျပည့္ ရထားသည္။ စစ္သားႏွင့္ ရဲမ်ားက သူတို႔ စြမ္းရည္ တိုးျမင့္ေရးအတြက္ ေလ့က်င့္ကြင္းထဲတြင္ လုပ္ေဆာင္ၾကၿပီး ထိုကြင္းမွာ စတုရန္းမီတာ ၁ ေထာင္ က်ယ္ဝန္းၿပီး ေလ့က်င့္ေရး ကိရိယာမ်ားလည္း ရွိသည့္အျပင္ တစ္ကိုယ္တည္း ေလ့က်င့္ေရး သမားမ်ားအတြက္ ေနရာလြတ္တစ္ခု ထားရွိေပးထားသည္။
သာမန္ေန႕မ်ားတြင္ ေလ့က်င့္ေရး သမားမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ယေန႕တြင္လည္း လူမ်ားစြာ စုေဝးေရာက္ရွိ ေနၾကသည္။ စစ္တပ္ ၃ ခုမွ ကိုယ္စားလွယ္မ်ား၊ အစိုးရမွ ကိုယ္စားလွယ္မ်ား၊ ယေန႕ အစည္းအေဝးကို ေရာက္လာၾကေသာ စြမ္းအားရွင္မ်ားႏွင့္ ထိုေနရာတြင္ ရွိေနၿပီးေသာ စစ္သားမ်ား၊ ရဲမ်ားလည္း ပါဝင္သည္။ တစ္ကိုယ္တည္း ေလ့က်င့္ေရး သမားမ်ားအတြက္ လုပ္ထားေပးေသာ ကြင္းကို ဝိုင္းလ်က္ ေစာင့္ေနၾကၿပီး ထိုကြင္းထဲတြင္ ေမာ့ဝမ္းယန္ႏွင့္ ဝမ္ေကြာ္အန္းတို႔ တစ္ဖက္စီတြင္ ရပ္လ်က္ ရွိေနၾကသည္။ အေျခအေနမွာ တင္းမာေနပုံရသျဖင့္ ေစာင့္ၾကည့္ ေနသူမ်ားကလည္း အသက္ရႉရန္ပင္ ေမ့ေလ်ာ့ကာ တိုက္ပြဲကို ေစာင့္ၾကည့္ ေနၾကေလသည္။
"ဗိုလ္ခ်ဳပ္ ဝမ္ အခုထြက္ဖို႔ မီေသးတယ္ေနာ္"
ေမာ့ဝမ္းယန္က ေနကိုမ်က္ႏွာမူလ်က္ ဘယ္ဘက္တြင္ ေနရာယူလိုက္သည္။ ဝမ္ေကြာ္အန္းက မ်က္ႏွာခ်င္းဆိုင္မွ ရပ္၍ ေအးစက္စက္ စိုက္ၾကည့္ကာ သူ၏ဝတ္စုံမွ ၾကယ္သီးမ်ားကို တစ္လုံးစီ ခြၽတ္လိုက္သည္။
"မင္းထြက္ရင္ေတာ့ ပိုေကာင္းတာေပါ့"
"ဟိုးဟိုး .. ၾကည့္ရတာ က်ဳပ္တို႔ေတြ ညွိလို႔မရေတာ့ဘူး ထင္တာပဲ"
ေမာ့ဝမ္းယန္ ဟန္ေဆာင္ စိတ္မေကာင္းျပၿပီး သူ၏ဝတ္စုံကို ခြၽတ္ကာ အေဝးသို႔ ပစ္လိုက္သည္။
ဝုန္း !
သတိေပးျခင္းမရွိဘဲ ဘတ္စကတ္ေဘာ အ႐ြယ္ရွိ ေျမခဲမ်ားက ေမာ့ဝမ္းယန္ ထံသို႔ ဉီးတည္လာသည္။ အကယ္၍ ထိုအရာမ်ားႏွင့္ ထိရိုက္သြားလွ်င္ သူ၏ေခါင္းတြင္ ေယာင္ကိုင္းဖု မ်ားစြာ ထြက္ေပၚလာလိမ့္မည္။ ေမာ့ဝမ္းယန္လည္း အာ႐ုံစိုက္လ်က္ သူ၏ညာဘက္ လက္ျဖင့္ ဘဲဥပုံစံ ဝိုင္းလိုက္ၿပီး ေရဒိုင္းကာ တစ္ခုကို ဖန္တီးလိုက္သည္။ ထို႔ေနာက္ ဘယ္လက္ျဖင့္ တြန္းလိုက္ရာ ေရဒိုင္းကာလည္း ႀကီးမားလာၿပီး ေျမခဲမ်ားကို တားဆီးလိုက္သည္။ မာေက်ာေသာေျမခဲမ်ားက ေပ်ာ့ေပ်ာင္းေသာ ေရႏွင့္ ထိလိုက္သည့္အခါ ေရာေႏွာသြားၿပီး ေျမခဲမ်ားမွာလည္း ႐ႊံ႕အျဖစ္ ေျမေပၚသို႔ က်ကဳန္သည္။
"ေသစမ္း ! ေရအစြမ္းက ဒီလို လုပ္နိုင္တယ္ဆိုတာ မယုံနိုင္စရာပဲ! ဗိုလ္ခ်ဳပ္ေမာ့လည္း စြမ္းေဆာင္နိုင္တာပဲ .. သူ႕ကို အမိန့္ေပးတာပဲ တတ္နိုင္တယ္ ထင္ခဲ့တာ"
"မင္းဘာသိလို႔လဲ ငါတို႔ဗိုလ္ခ်ဳပ္က မင္းတို႔နဲ႕မတူဘူး .. မင္းတို႔ ေဝ့စစ္တပ္ကသာ အရာရာမွာ အေတာ္ဆုံး ျဖစ္ခ်င္ေနၾကတာ"
"ဆိုေတာ့ ဘာျဖစ္လဲ! ဒါဆို ဗိုလ္ခ်ဳပ္ေမာ့က ဘာလုပ္ေနတာလဲ ရွင္းျပပါဉီး"
"ေရက တိုက္ခိုက္နိုင္စြမ္း ရွိတာလား ေရဒိုင္းကာကို ဘယ္လိုလုပ္တာလဲ ... ဒါနဲ႕ ဒိုင္းကာေတာင္လုပ္လို႔ ရတယ္ဆိုေတာ့ ျမားေတြလည္း လုပ္လို႔ရၿပီေပါ့ ဟုတ္တယ္မလား"
"ေသခ်ာ မသိရေသးဘူး ဘာျဖစ္မလဲပဲ ေစာင့္ၾကည့္ရေအာင္"
ေမာ့ဝမ္းယန္၏ တိုက္ကြက္ေၾကာင့္ ေရစြမ္းအားကို အသုံးျပဳ၍ တိုက္ခိုက္ပုံကို ပထမဆုံးေတြ႕လိုက္ရသျဖင့္ လူအုပ္ထဲတြင္ အမ်ိဳးမ်ိဳး ေျပာဆိုၾကကုန္သည္။ ေရမွာ ထုထည္နဲ႕ ခဲသြားျခင္းမရွိဆိုသည့္ အေၾကာင္းေၾကာင့္ ေရစြမ္းအားမွာ တိုက္ခိုက္နိုင္စြမ္း မရွိဟု ယူဆခဲ့ၾကျခင္း ျဖစ္သည္။ အကယ္၍ ရခဲ့လွ်င္ေတာင္မွ အရာဝတၳဳ တစ္ခုခုႏွင့္ ထိရိုက္သြားလွ်င္ ေရအျဖစ္သို႔ ျပန္လည္ေျပာင္းလဲ သြားေပလိမ့္မည္။ ေမာ့ဝမ္းယန္ လုပ္ခဲ့ေသာ ေရဒိုင္းကာမွာ အလြန္ ထူးျခား ေျပာင္ေျမာက္သည့္ ပုံစံကို ျပသေပးခဲ့သည္။ ကံေကာင္း၍ ျဖစ္သြားသည္ဟု ထင္ရေလာက္ေသာ္လည္း ဗိုလ္ခ်ဳပ္ ဝမ္ ပစ္လိုက္ေသာ ေျမခဲမ်ားကို အစြမ္းေလ်ာ့ သြားေစသည္။ ေ႐ႊသတၱဳ အစြမ္းမွ ဓါးမ်ားကိုေတာ့ ေရႏွင့္ တိုက္ခိုက္ရန္ မျဖစ္နိုင္ေပ။ သို႔ေသာ္ အလြန္ပင္ အံ့ဩဖြယ္ ေကာင္းေနေပသည္။
ဗိုလ္ခ်ဳပ္ ဝမ္ လည္း ထိုနည္းတူစြာ ေမာ့ဝမ္းယန္၏ တိုက္ခိုက္ခ်က္ အေပၚ အလြန္ အံ့ဩသြားေသာ္လည္း လက္ကို တင္းက်ပ္စြာ ဆုပ္လိုက္ၿပီး အားကုန္ စုယူလိုက္သည္။ လက္ေကာက္ဝတ္ကို လွည့္လိုက္သည့္ အခ်ိန္ ေျမျပင္မွာ တုန္လႈပ္လာသျဖင့္ ေျမႀကီးထဲမွ တစ္ခုခု ထြက္လာေတာ့မည္ဟု ေမာ့ဝမ္းယန္ ထင္လိုက္မိသည္။
ဝုန္း
"အမေလး ကပ္သီေလးပဲ! ငါေကာင္းကင္ေပၚ ျမႇောက္တက္ သြားေတာ့မလို႔”
ေမာ့ဝမ္းယန္ ရပ္ေနသည့္ ေနရာမွ ေျမတံတိုင္း တစ္ခု ထြက္လာသျဖင့္ ေမာ့ဝမ္းယန္ အျမန္ပင္ ေနာက္ျပန္ ဆုတ္ခြာ လိုက္ရသည္။ ေမာ့ဝမ္းယန္က ဟန္ေဆာင္မူ ပိုစြာ ရင္ဘတ္ကို အသာပုတ္လ်က္ ေျပာလိုက္သျဖင့္ ၾကည့္ေနၾကသူမ်ားပင္ ၿပဳံးမိကုန္သည္။ ထို႔ေနာက္ ေျမျပင္ထဲမွ ေရမ်ားပန္း ထြက္လာရာ ေမာ့ဝမ္းယန္ လက္ကို ဆုပ္လိုက္ရာ ထိုေရမ်ား စုစည္းသြားၿပီး ႀကီးမားေသာ ေရပန္းအျဖစ္ ေျပာင္းလဲ သြားေလသည္။ ထိုေျမတံတိုင္းကို ေရပန္းေလးမ်ားႏွင့္ ၿဖိဳပစ္မည္ဟု အမ်ားက ထင္ခဲ့ေသာ္လည္း ေမာ့ဝမ္းယန္ မလုပ္ခဲ့ဘဲ ထူးျခားနည္းလမ္းျဖင့္ က်ာပြတ္ပုံစံအျဖစ္ ေျပာင္းလဲလိုက္သည္။
ဝုန္း
ၾကည္လင္ကာ က်ာပြတ္ပုံစံ ျဖစ္ေနသည့္ ေရပန္းမွာ သာမန္ အၾကည့္ႏွင့္ မျမင္လိုက္နိုင္ေသာအရွိန္ျဖင့္ ေျမတံတိုင္းသို႔ ဉီးတည္သြားကာ ေျမတံတိုင္းကို အက္ကြဲေစၿပီး ၿပိဳက်သြားေစသည္။
"ခင္ဗ်ားဘက္က တိုက္တာ ၂ ခါရွိၿပီ .. အခု က်ဳပ္အလွည့္ပဲ"
ဘုန္း
ေမာ့ဝမ္းယန္ ထိုသို႔ ေျပာၿပီးေနာက္ အရွိန္ႏွင့္ေျပးကာ ေရက်ာပြတ္ျဖင့္ ဗိုလ္ခ်ဳပ္ ဝမ္ကို ခ်ိန္႐ြယ္လိုက္သည္။ အကြာအေဝး အနည္းငယ္သာ က်န္ေတာ့သည့္ အခ်ိန္တြင္ ဝမ္ေကြာ္အန္းက ေျမႀကီးမွ တံတိုင္းတစ္ခုကို ျပန္ထုတ္ယူ ကာရံ လိုက္သည္။
ဝုန္း
သို႔ေသာ္ ေမာ့ဝမ္းယန္ လက္ထဲရွိ ေရက်ာပြတ္က အသက္ရွင္ေနသည့္ အလား ပုံစံအမ်ိဳးမ်ိဳးေဝွ႕ယမ္း လႈပ္ရွားကာ တံတိုင္းႏွင့္ ေျမေက်ာက္တုံးမ်ားကို ရိုက္ခြဲလိုက္ၿပီး ပုံမွန္ေရပန္း အရွိန္ႏွင့္ ထိုေျမေက်ာက္ အစအနမ်ားကို ဖယ္ရွား ပစ္လိုက္သည္။
ၾကည့္ေနသူမ်ားလည္း မွင္သက္လ်က္ ေရစြမ္းအားက ထိုကဲ့သို႔ ႀကီးမားစြာ လုပ္ေဆာင္ နိုင္သည္ကို မယုံၾကည္နိုင္ ျဖစ္ေနၾကေလသည္။
"ဒါတကယ္ ေရစြမ္းအားေရာ ဟုတ္ရဲ႕လား။ ေရပုံစံအသြင္ ယူထားတဲ့ အျခားစြမ္းအား မဟုတ္ဘူးလား ... ေရစြမ္းအားက ဘာေၾကာင့္ ဒီေလာက္ အားႀကီးရတာလဲ ... ဓါတ္ႀကီး ငါးပါးထဲက အႀကီးမားဆုံး စြမ္းအားျဖစ္တဲ့ ေ႐ႊသတၱဳ အစြမ္း နီးပါးေလာက္ကို ေတာ္ေတာ္ အစြမ္းထက္တာပဲ"
သံသယမ်ားႏွင့္ ေမးခြန္းမ်ားက ၾကည့္ေနသူမ်ားထံမွ ထြက္ေပၚလာသည္။
"အတည္ ယွဥ္ၿပိဳင္ရေတာ့မယ့္ အခ်ိန္ပဲ"
ၾကည့္ရႈသူအားလုံး အံ့အားသင့္ ေနၾကခ်ိန္ ယြင္ခ်ဲ့က ရွင္းဖုန္း အနားသို႔ ျပန္ေရာက္လာၿပီး လက္ရည္ယွဥ္ပြဲကို ၾကည့္ေနေလသည္။ ေမာ့ဝမ္းယန္မွာ ေရစြမ္းအား အေၾကာင္း ေသခ်ာဆန္းစစ္ေလ့လာၿပီး ျဖစ္သျဖင့္ နားလည္ သေဘာေပါက္သြားလွ်င္ ေျမစြမ္းအားကို လြယ္ကူစြာ အနိုင္ယူနိုင္လိမ့္မည္။
"အစ္ကို ဝမ္းယန္က ရတနာတစ္ခုကို ရွာေတြ႕သြားတာပဲ"
ယြင္ခ်ဲ့ကို လွည့္ၾကည့္လ်က္ ရွင္းဖုန္း ေျပာလိုက္သည္။ သူ၏ေလ့လာခ်က္အရ ေရဒိုင္းကာမွာ စမ္းသပ္ခ်က္ တစ္ခုျဖစ္ၿပီး ေရက်ာပြတ္မွာ ေတြးဆဉာဏ္တို႔ျဖင့္ ဖန္တီးလိုက္ျခင္း ျဖစ္သည္ကို ရွင္းဖုန္း ေျပာနိုင္သည္။ ႀကိမ္ဖန္မ်ားစြာ တိုက္ခိုက္ၿပီးေနာက္ ေမာ့ဝမ္းယန္က အသုံးျပဳပုံႏွင့္ တိုက္ခိုက္သည့္ နည္းလမ္းမ်ားကို သိရွိသြားေပလိမ့္မည္။
"ဟုတ္တယ္ ... ဒါေပမယ့္ ကြၽန္ေတာ့္ကို မေကာင္းေျပာတဲ့ လူကို ေရအစြမ္း အသုံးျပဳပုံသင္ေပးလိုက္ရတာ ကြၽန္ေတာ့္အတြက္ အရႈံးႀကီး ရႈံးတာပဲ"
ယြင္ခ်ဲ့က သူခံစားလိုက္ရသည့္ ပုံစံႏွင့္ ေျပာသျဖင့္ ရွင္းဖုန္းလည္း ယြင္ခ်ဲ့ လက္ကိုကိုင္ကာ ေခ်ာ့ျမဴလိုက္သည္။
"ငါျပန္ေပးမယ္ေလ"
"ဪ ဘယ္လို ေပးမွာလဲ ကိုယ့္ကိုယ္ကိုလား .. အဲဒါဆို ပ်င္းစရာ ေကာင္းသြားၿပီ"
"မင္းအတြက္ ခ်က္ျပဳတ္ေပးရင္ေရာ"
"ခင္ဗ်ားက ခ်က္တတ္တာလား"
သူတို႔ကို အိမ္မႈကိစၥ စိတ္မဝင္စားဟု ယြင္ခ်ဲ့ ေတြးခဲ့ေသာ္လည္း သူ၏လူက အခ်က္အျပဳတ္ စြမ္းရည္ကို လွ်ို႔ဝွက္ ထားသျဖင့္ ယြင္ခ်ဲ့ စိတ္ဝင္စား သြားသည္။
"ဘယ္သူမဆို ခ်က္ျပဳတ္ နိုင္တာပဲကို ... အရသာ ေကာင္းေအာင္ လုပ္တတ္ဖို႔ပဲ လိုတာ"
ရွင္းဖုန္းလည္း ယြင္ခ်ဲ့ နဖူးကို အသာေတာက္ကာ ေျပာလိုက္သည္။ စစ္တပ္မွ အထူးထပ္သား ျဖစ္ခဲ့သည္အေလ်ာက္ အရာရာကို ေလ့လာ သင္ယူခဲ့ရသည္။ အသစ္ဝင္လာသူသည္ပင္ မီးေမြးပုံႏွင့္ ခ်က္ျပဳတ္ပုံတို႔ကို ေလ့လာခဲ့ရသည္။ မဟုတ္လွ်င္ ေတာေတာင္ထဲ ေရာက္သည့္အခါ အစာငတ္ေနၾကမည္ မဟုတ္လား။ ထို႔အျပင္ ရွင္းဖုန္းက ၿပီးခဲ့ေသာ ႏွစ္မ်ားတြင္ တစ္ေယာက္တည္း ေနခဲ့ရသည့္အျပင္ အစားအေသာက္ ေခ်းမ်ားသူ ျဖစ္ေသာေၾကာင့္ အခ်က္အျပဳတ္ ေတာ္သည္က မထူးဆန္းေတာ့ေပ။ အစားအေသာက္ ျမည္းစမ္းေပးမည့္သူ မရွိသျဖင့္ သူ႕အတြက္ အဆင္ေျပသလိုသာ ခ်က္စားေလ့ရွိသည္။
"ဒါဆိုရင္ေတာ့ စိတ္မဝင္စားေတာ့ဘူး .. ဟင္းအမယ္ေတြကို အိုးထဲ ထည့္တည္တာေလာက္ေတာ့ ကြၽန္ေတာ္လည္း လုပ္တတ္တာေပါ့"
ယြင္ခ်ဲ့လည္း မ်က္ႏွာရႈံ႕ကာ ရွင္းဖုန္းကို စေနာက္သျဖင့္ ရွင္းဖုန္း ေခါင္းခါလိုက္ၿပီး ...
"တျခားဘာလိုခ်င္လို႔လဲ"
"ရတယ္ ခင္ဗ်ား ခ်က္ျပဳတ္တာကို ၾကည့္မယ္ ခင္ဗ်ားကိုယ္တိုင္ေနာ္ ... မေကာင္းလည္း စားၾကည့္ရမွာပဲ"
"အင္း .. မင္းမေသဘူးဆိုတာေတာ့ ငါေျပာရဲပါတယ္"
"ကြၽန္ေတာ္လည္း ေမွ်ာ္လင့္ပါတယ္ .. ေနပါဉီး ခင္ဗ်ားက အိမ္ရွင္မ လုပ္ခ်င္ေနတာလား"
"မင္းျဖစ္ေစခ်င္တယ္ ဆိုရင္ ငါလုပ္ေပးရမွာေပါ့"
တိုက္ခိုက္ေနၾကသည္ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ရွင္းဖုန္း ေျပာလိုက္သည္က အလြန္ ခ်စ္စရာ ေကာင္းသျဖင့္ ယြင္ခ်ဲ့ ေပ်ာ္သြားေလသည္။ ေရစြမ္းအားကို ယြင္ခ်ဲ့ ယုံၾကည္သကဲ့သို႔ ရွင္းဖုန္းလည္း ေမာ့ဝမ္းယန္ကို ယုံၾကည္သျဖင့္ ထိုပြဲကို စိတ္ပူပန္ျခင္း မရွိၾကေပ။
"အရႈံးေပးလိုက္ေတာ့ ဗိုလ္ခ်ဳပ္ ဝမ္"
ေျမတံတိုင္းမ်ားစြာကို တိုက္ခိုက္ ၿဖိဳခ်ခဲ့ၿပီးေနာက္ ေမာ့ဝမ္းယန္မွာ ေရႏွင့္ တိုက္ခိုက္ပုံကို ကြၽမ္းက်င္စြာ သိရွိသြားသည္။ ေဆာ့ကစားျခင္း လုံေလာက္ၿပီဟု ယူဆကာ ေမာ့ဝမ္းယန္ လက္ကိုေဝွ႕လ်က္ ေရပန္းကို ေရဓါးအျဖစ္ ေျပာင္းလဲလိုက္ၿပီး ဝမ္ေကြာ္အန္းကို ခ်ိန္႐ြယ္ ထားလိုက္သည္။
ဝမ္ေကြာ္အန္းလည္း ေမာ့ဝမ္းယန္၏ တိုက္ကြက္မ်ားကို အစြမ္းကုန္ ေရွာင္တိမ္းေနရမွ သူ၏ဘယ္ဘက္ေပါင္မွာ ေရဓါးေၾကာင့္ ျပတ္ရွသြားသျဖင့္ ေျမျပင္ေပၚ လဲက်သြားေလသည္။ ေခါင္းေမာ့ လိုက္သည့္အခါ ဓါးမွာ သူ၏လည္ပင္းႏွင့္ အနည္းငယ္သာ ကြာေနၿပီး တစ္ခ်က္ လႈပ္မိလိုက္လွ်င္ သူ၏လည္ပင္းမွာ ျပတ္ထြက္ သြားနိုင္သည္။ ဝမ္ေကြာ္အန္း၏ မ်က္လုံးမွာလည္း ေၾကာက္လန့္မႈႏွင့္ အံ့ဩျခင္းမ်ား ျပည့္ႏွက္ေနၿပီး ေရစြမ္းအားႏွင့္ တိုက္ခိုက္ေသာ ေမာ့ဝမ္းယန္ကို ရႈံးနိမ့္သြားလိမ့္မည္ဟု တစ္ခါမွ မေတြးဖူးခဲ့ေပ။
"ငါ ရႈံးသြားၿပီ”
ဝမ္ေကြာ္အန္း အံႀကိတ္ကာ သူရႈံးနိမ့္ သြားေၾကာင္း ေျပာလိုက္ရသည္။ လက္ကို တင္းက်ပ္စြာ ဆုပ္ထားသျဖင့္ သူ၏လက္သည္းမ်ားေၾကာင့္ လက္ဝါးက နာက်င္ လာေသာ္လည္း ရင္ထဲမွ ပို၍ နာက်င္ေနရသည္။ စြမ္းအားရွင္မ်ား အဖြဲ႕အစည္းကို အုပ္ခ်ဳပ္နိုင္မည့္ အခြင့္အေရးကို သာမက ဝမ္စစ္တပ္၏ ဂုဏ္သိကၡာကိုလည္း ဆုံးရႈံးခဲ့ရၿပီ။
"ေစာေစာကတည္းက ေျပာခဲ့ရမွာ"
ေမာ့ဝမ္းယန္လည္း စြမ္းအားကို ျပန္သိမ္းကာ သူ၏မူလပုံစံသို႔ ေျပာင္းလဲ သြားေသာ္လည္း စိတ္ထဲတြင္ အျခားသူမ်ားထက္ပင္ ပို၍ အံ့အားသင့္ ေနေလသည္။ လက္ရည္ယွဥ္ပြဲ မစမီ ယြင္ခ်ဲ့က ေရစြမ္းအားကို စိတ္စြမ္းအားႏွင့္ ပူးေပါင္း အသုံးျပဳရန္ အႀကံေပးၿပီး ေရျဖင့္ ဓါးတစ္ေခ်ာင္းကို ဖန္တီးနိုင္သည္အထိ ကိုယ့္ကိုယ္ကိုယ္ လႈံ႕ေဆာ္ေစခဲ့သည္။ မည္သည့္ စြမ္းအားကိုမဆို စိတ္စြမ္းအားႏွင့္ ေပါင္းစည္း လုပ္ေဆာင္ရန္ မလြယ္ကူသျဖင့္ ေမာ့ဝမ္းယန္ အတြက္ မေသခ်ာခဲ့ေပ။ ထိုသို႔ျဖစ္ေစရန္ ပထမအဆင့္ နည္းလမ္းမွန္မွန္ႏွင့္ေလ့က်င့္ရမည္၊ ဒုတိယအဆင့္ မိမိတြင္ရွိေသာ စိတ္စြမ္းအားမွာ အျခားသူမ်ားထက္ သာလြန္ေနရမည္ ျဖစ္သည္။ သို႔ေသာ္ ေမာ့ဝမ္းယန္တြင္ ေလ့က်င့္ရန္ အခ်ိန္မရခဲ့သျဖင့္ အံႀကိတ္၍သာ ေနခဲ့ရသည္။ ဝမ္ေကြာ္အန္း၏ တိုက္ခိုက္ခ်က္ကို ကာကြယ္ရန္ အတြက္ ေရပန္းကိုသာ ဖန္တီးခဲ့ေသာ္လည္း သူ၏ စိတ္စြမ္းအားက သာလြန္သြားသျဖင့္ ေရဒိုင္းကာကိုပင္ ဖန္တီးနိုင္ခဲ့သည္။ ကံေကာင္းစြာျဖင့္ ဒုတိယအဆင့္ကိုပင္ ေအာင္ျမင္ သြားခဲ့သည္။ ႀကိမ္ဖန္မ်ားစြာ တိုက္ခိုက္ၿပီးေနာက္ ေမာ့ဝမ္းယန္မွာ ခက္ခက္ခဲခဲႏွင့္ ေလ့လာ သင္ယူနိုင္ခဲ့သည္။ သို႔ေသာ္ ျဖစ္ပ်က္ခဲ့သည္တို႔ကို အခုထိ မယုံၾကည္နိုင္ ျဖစ္ေနေသးသည္။
"ဗိုလ္ခ်ဳပ္ ဝမ္က အရႈံးကို ေၾကညာလိုက္ၿပီ ဆိုေတာ့ ကြၽန္ေတာ္တို႔ သေဘာတူထားတဲ့ အတိုင္း ဗိုလ္ခ်ဳပ္ ေမာ့က စစ္သားေတြကို ဉီးေဆာင္ခြင့္ ရမယ္ေနာ္ ဟုတ္တယ္မလား .. ေခါင္းေဆာင္ က်န္း"
ေရစြမ္းအားက ေျမစြမ္းအားကို အလြယ္တကူပင္ ေခ်ဖ်က္ အနိုင္ယူ လိုက္ေသာေၾကာင့္ ၾကည့္ေနသူ အမ်ားစု အံ့ဩတႀကီး ျဖစ္ေနခ်ိန္ ယြင္ခ်ဲ့ အသံေၾကာင့္ သတိျပန္ ကပ္ကုန္သည္။ အံ့ဩေနျခင္း ႏွင့္အတူ ေမာ့ဝမ္းယန္က ေရစြမ္းအားကို သုံးကာ ဗိုလ္ခ်ဳပ္ ဝမ္ကို ဘယ္လိုမ်ား အနိုင္ယူခဲ့သလဲ ဆိုသည့္ အေၾကာင္းကိုလည္း သိခ်င္ေနၾကသည္။
"အမ္ ... အင္း.. ဟို .."
သူ႕ကို ေခၚလိုက္သျဖင့္ က်န္းဝမ္ရွန္လည္း အသိျပန္ဝင္ကာ ေမာ့ဝမ္းယန္ႏွင့္ ဝမ္ေကြာ္အန္း ကိုၾကည့္လ်က္ ဘာမွမေျပာဘဲ ေနေလသည္။ အစိုးရက မည္သည့္ စစ္တပ္အဖြဲ႕ကိုမွ အင္အားမႀကီးေစခ်င္ေသာ္လည္း ေဝ့စစ္တပ္ႏွင့္ ဝမ္စစ္တပ္တို႔က မ်က္ႏွာပ်က္ ေနၾကသည္။ အစိုးရမွာ အင္အား အႀကီးဆုံး ေနာက္ကိုသာ လိုက္ပါေနရၿပီး ဘယ္ေသာအခါမွ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ မရွိခဲ့သျဖင့္ က်န္းဝမ္ရွန္ အခက္ႀကဳံ ေနေလသည္။
"ဘာလဲ ေနာင္တ ရေနတာလား ... အစိုးရ ကိုယ္စားလွယ္က ကိုယ့္စကားကို မတည္တာ မယုံနိုင္စရာပဲ"
ယြင္ခ်ဲ့ မ်က္ခုံးပင့္ကာ မထီမဲ့ျမင္ဟန္ႏွင့္ ေျပာလိုက္ရာ အစိုးရႏွင့္ စစ္တပ္ ၂ ဖြဲ႕၏ ကိုယ္စားလွယ္မ်ား မ်က္ႏွာပ်က္ ေနၾကသည္။ ဗိုလ္ခ်ဳပ္ဝမ္လည္း သူ႕လူမ်ား ကူေပးသျဖင့္ ထရပ္လိုက္ၿပီး ...
"ငါရႈံးခဲ့တာမလို႔ ငါ့စကားကို ငါတည္တယ္ .. ဗိုလ္ခ်ဳပ္ ေမာ့က စစ္သားေတြကို ဉီးေဆာင္ခြင့္ရတယ္"
နည္းဆုံးေတာ့ ဝမ္ေကြာ္အန္းမွာ အေျခခံ ယဥ္ေက်းမႈေတာ့ ရွိေပသည္။
"ငါတို႔က လက္မခံဘူး မေျပာခဲ့ေပမယ့္ အခု ၂ မဲ ၁ မဲျဖစ္ေနတာ .. တျခားေ႐ြးခ်ယ္စရာ မရွိဘူး"
လင္းရွန့္က တည္ၿငိမ္သြားၿပီ ျဖစ္ေသာ္လည္း ေဝ့စစ္တပ္က ရႈံးနိမ့္ေနၿပီး ျဖစ္သျဖင့္ လင္းရွန့္ အေနႏွင့္ ေမာ့ဝမ္းယန္က ဉီးေဆာင္မည္ကို လက္ခံ လိုက္ရသည္။ က်န္းဝမ္ရွန္ တရားဝင္ေၾကညာ လိုက္ၿပီးေနာက္ ယြင္ခ်ဲ့လည္း ျပႆနာ ေျဖရွင္းၿပီး ျဖစ္ေသာေၾကာင့္ အျခားလုပ္စရာ မရွိေတာ့ေပ။ ထို႔ေနာက္ မထြက္သြားမီ က်န္းဝမ္ရွန္ကို ေအာ္ေျပာ လိုက္သည္။
"ေခါင္းေဆာင္ က်န္း စစ္သားေတြရဲ႕ အခ်က္အလက္ အေသးစိတ္ကို ကြၽန္ေတာ္တို႔ဆီပို႔ေပးပါဉီး ၿပီးေတာ့ အခ်ိန္ဇယား၊ အစီအစဥ္နဲ႕ နည္းဗ်ဴဟာေတြေရာေနာ္ .. ဒီတစ္ေခါက္ေတာ့ မမွားရိုက္မိ ပါေစနဲ႕ေတာ့"
ယြင္ခ်ဲ့ မထြက္သြားမီ က်န္းဝမ္ရွန္ကို အနာထဲ ဆားထည့္ သြားေလသည္။ စခန္းခ်ဳပ္ ကာကြယ္ေရး ေခါင္းေဆာင္က စိတ္ထဲတြင္ ေအာ္ငိုပစ္ခ်င္ ေနေသာ္လည္း မည္သူမွသူ႕ကို ဂ႐ုမစိုက္ေပ။ စစ္တပ္ ၃ ခုႏွင့္ အစိုးရအဖြဲ႕အျပင္ စြမ္းအားရွင္မ်ား အဖြဲ႕တို႔လည္း ထြက္သြားၾကၿပီးေနာက္ ေလ့က်င့္ေရးကြင္းက မူလအတိုင္း ေျပာင္းလဲ သြားသည္။ ႏွစ္ေယာက္တည္း လက္ရည္ယွဥ္ျခင္း၏ ရလဒ္အေၾကာင္း မဟုတ္ဘဲ ေမာ့ဝမ္းယန္ ဖန္တီးခဲ့ေသာ ေရစြမ္းအား အေၾကာင္းကို စစ္သားႏွင့္ ရဲတို႔လည္း ေျပာဆို ေနၾကေလသည္။
***