Unicode
အခန်း (၁၂၂)
'ရေစွမ်းအားပိုင်ရှင်တွေက တိုက်ခိုက်နိုင်တယ်ပေါ့ လာနောက်နေတာလား'
ဝမ်ကွော်အန်း သာမက ထိုနေရာတွင် ရှိသော စွမ်းအားရှင်များ အားလုံးအပြင် မော့ဝမ်းယန်၊ ရှင်းဖုန်း၊ ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ပင် ယွင်ချဲ့ နောက်နေသည်ဟုသာ ထင်နေကြသော်လည်း ယွင်ချဲ့ အကြောင်းသိကြသဖြင့် တီးတိုး ဆွေးနွေးနေကြသည်။
"ရေက တကယ် တိုက်ခိုက်လို့ ရလို့လား"
"မင်းနဲ့မင်းအဖွဲ့က အားကြီးတာ ငါတို့သိပါတယ် ခေါင်းဆောင် ယွင် ... ဒါပေမယ့် ဒါက အရမ်းချဲ့ကားလွန်း မနေဘူးလား လူတွေကို နောက်တာ မကောင်းဘူး ငါတို့ ..."
"တော်တော့"
ဝမ်ကွော်အန်းအား ယွင်ချဲ့ ငြင်းဆိုခွင့် မပေးဘဲ သူ့အား ရွေးချယ်နိုင်သည့် အခွင့်အရေးသာ ပေးလိုက်သည်။ သူသာ သဘောတူခဲ့လျှင် ဝမ်ကွော်အန်းကို ချေမှုန်းရန် မော့ဝမ်းယန်ကို ယ့င်ချဲ့ သင်ကြားပေးမည်ဖြစ်သည်။ အကယ်၍ သူသာ ငြင်းဆိုခဲ့လျှင် အခန်းထဲရှိသူများ အားလုံးက ဝမ်စစ်တပ်သည် ရေစွမ်းအား ပိုင်ရှင်နှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သည့် စစ်တပ်ဟု သတ်မှတ်ခံသွားရမည် ဖြစ်သည်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်များမှလွဲ၍ အခန်းတွင်းရှိ သူများအားလုံးသည် စခန်း၏ထိပ်တန်း စွမ်းအားရှင်များ ဖြစ်ကြသည်။ ထိုသတင်းသာ ပြန့်သွားခဲ့လျှင် သေချာပေါက် ဝမ် စစ်တပ်သည် ခေါင်းဆောင်ဖြစ်နိုင်မည့် အခွင့်အလမ်းထက် အရေးကြီးသည့် အရာများအား ဆုံးရှုံးရပေလိမ့်မည်။
"ဗိုလ်ချုပ် မော့သာ ရေစွမ်းအားကိုပဲ သုံးမယ်ဆိုရင် ငါအဆင်ပြေတယ်"
သေချာပေါက် ဝမ်ကွော်အန်းသည် ငတုံးမဟုတ်ပေ။ သဘောတူ လိုက်သော်လည်း ရေဆိုသည့် စကားလုံးကို အသားပေး ပြောသွားသဖြင့် မော့ဝမ်းယန် အနေနှင့် ရေစွမ်းအားကိုသာ သုံးရမည်ဖြစ်ကြောင်း ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီလေ ခင်ဗျားက ကမ္ဘာမှာ လူပါးအဝဆုံးသူပဲ ... ဗိုလ်ချုပ် မော့က ရေမီးစွမ်းအား ပိုင်ရှင်ဆိုပေမယ့် ခင်ဗျားက ရေကို ပဲသုံးခိုင်းတယ်ပေါ့ ရေသာ အသုံးမဝင်ရင် ခင်ဗျား သူ့ကိုနာကျင်အောင် လုပ်မှာပဲ"
ဝမ်ကွော်အန်းသည် သူ၏အကြံကို လူအများ မရိပ်မိလောက်ဟု ထင်ခဲ့သော်လည်း ယွင်ချဲ့က သနားညှာတာမှု မရှိ သူ၏မျက်နှာဖုံးကို ခွာချလိုက်သည်။
ဝမ်ကွော်အန်း တွေဝေသွားပြီး သူခွန်းတုံ့ပြန် မပြောခင် ယွင်ချဲ့ ဖြတ်ပြောလိုက်သည်။
"ကောင်းတာက ရေစွမ်းအား ပိုင်ရှင်က သူ့ဘာသာ ချနိုင်တာပဲ ကောင်းပြီလေ ရေဆိုတော့လည်း ရေပေါ့ ... ဗိုလ်ချုပ် မော့ သာ သူ့ကိုယ်ပိုင် အရည်ချင်းနဲ့ ခင်ဗျားကို နိုင်ခဲ့ရင်တောင် ရှိသမျှ ဆင်ခြေပေးပြီး သူက ခင်ဗျားထက် သာတာကိုငြင်းမှာပဲ အစည်းဝေးကလည်း တစ်နာရီကျော်လောက် ကြာနေပြီ ကျွန်တော်တို့ ပြောသင့်တာလည်း အကုန်နီးပါး ပြောပြီးပြီ ... ခေါင်းဆောင်နေရာ ဘယ်သူရမလဲပဲ အခုထိ မဆုံးဖြတ်ရသေးတာ အခုလောလောဆယ်တော့ ဝေ့ စစ်တပ်က ပြိုင်ပွဲကထွက်သွားပြီ ဒါဆို မော့ စစ်တပ်နဲ့ ဝမ် စစ်တပ်ပဲ ကျန်ခဲ့တယ် .. ခင်ဗျားတို့က ကိုယ့်စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ ဆိုတော့ တိုက်ခိုက်ပြီး နိုင်တဲ့သူ ခေါင်းဆောင်လုပ်မယ် ဆိုရင်ရော"
လွန်ခဲ့သော တစ်မိနစ်ခန့်တွင် ယွင်ချဲ ထေ့ငေါ့ ပြောနေသော်လည်း အခုတွင် အလေးအနက် ပြောနေခြင်းဖြစ်သည်။ သူ၏မျက်နှာ အမူအရာမှာ မြန်ဆန်စွာ ပြောင်းလဲနေပြီး တစ်ဖက်တွင် လင်းရှန့် တို့မှာလည်း ယွင်ချဲ့ စကားကြောင့် အရှိုက်ထိ သွားကြသည်။
"ငါတို့ကထွက်ဖို့ ရွေးချယ်ခဲ့ရလို့လား အခွင့်အရေး တောင်ပေးခဲ့ကြလို့လား"
ယွင်ချဲ့ကြောင့်သာ မဟုတ်လျှင် သူတို့ရှုံးမည် မဟုတ်ပေ။ ထိုကိစ္စသည် ပေါ့သေးသေးမဟုတ်သောကြောင့် မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းတို့ မျက်မှောင်ကြုတ် လိုက်ကြသည်။ ယွင်ချဲ့အား မော့ဝမ်းယန် မယုံကြည်ခြင်း မဟုတ်။ သူသည် ယွင်ချဲ့ကို အိမ်စောင့်သားရဲဟု ခေါ်ခဲ့သော်လည်း ယွင်ချဲ့၏ စွမ်းရည်အပေါ် ယုံကြည်သည့်အပြင် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့၏ ဆက်ဆံရေးကြောင့် သူ့ကို ယွင်ချဲ့ ဒုက္ခပေးမည် မဟုတ်ကြောင်း သူသိသည်။
အမှန်တရားမှာ ရေစွမ်းအားသည် တိုက်ခိုက်စွမ်းအား မဟုတ်ကြောင်း အထောက်အထား နှင့်တကွ ရှိနေသည်။ ရေစွမ်းအားကို သုံးကာ တိုက်ခိုက်သည့်သူ မရှိဖူးပေ။ မော့ဝမ်းယန်အား စိတ်ဒုက္ခ ရောက်စေသည်က ရေစွမ်းအား တစ်မျိုးတည်း သုံးကာ တိုက်ခိုက်ရမည ဆိုသော စကားကို ယွင်ချဲ့ သဘောတူလိုက်ခြင်းပင်။ မော့ဝမ်းယန်လည်း ကိုယ့်ကိုယ်ကို မသေချာသဖြင့် မဆုံးဖြတ်နိုင်သောကြောင်း ရှင်းဖုန်းကို ကြည့်လိုက်ရာ ရှင်းဖုန်က ခေါင်းညိတ် ပြလိုက်သည်။ မော့ဝမ်းယန် လည်း သတ္တိမွေးလိုက်ပြီ ..
"ကောင်းပြီ လုပ်ကြတာပေါ့"
ရှင်းဖုန်း ယုံကြည်ရာကို မော့ဝမ်းယန်လည်း ယုံကြည်သည်။ သူ၏ဝမ်းကွဲညီက ယွင်ချဲ့ကို ယုံကြည်လျှင် အလောင်းအစားကို သူစိန်ခေါ်ရဲသည်။ အကယ်၍ သူရှုံးနိမ့်သွားလျှင် ဝမ် စစ်တပ်က စွမ်းအားရှင် အဖွဲ့အစည်းအား လက်လွှဲ ယူသွားနိုင်သည်။ သို့သော် ထိပ်ဉီးနှင့် ချောင်းယန်၏ ခွင့်ပြုချက် မပါဘဲနှင့် ဝမ် စစ်တပ်သည် အဖွဲ့အစည်းကို အပြည့်အဝ အုပ်ချုပ်နိုင်ခွင့် မရှိပေ။
ဝမ်ဆကွာ်အန်း သည်လည်း ထိုကိစ္စကို သေချာစဉ်းစားနေသည်။ မော့ဝမ်းယန်က သူ့ကို ရေစွမ်းအားဖြင့် အနိုင်ယူနိုင်မည်ဟု မထင်သော်လည်း ယွင်ချဲ့၏ ထောင်ချောက်ဆင်ခြင်းဖြစ်နေမည်ကို သူစိုးရိမ်သည်။ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ခန်းမထဲသို့ ခြေချသည့် အချိန်မှစ အာဏာပိုင်များက သူတို့ကို အလျော့ပေး ထားကြသည်။ ယွင်ချဲ၏ အကြံသည် သူ့အကြိုက်ဖြစ်သော်လည်း သူ့အားကူညီရန် ပြောခြင်း မဟုတ်သည်ကို သူသိသည်။ သို့သော် အကြိုက်တွေ့စေသည့် အကြံဖြစ်သည့်အပြင် မော့ဝမ်းယန် သည်လည်း သဘောတူလိုက်ပြီ ဖြစ်သောကြောင့် သူငြင်းရန် မသင့်တော့ပေ။
"ကောင်းပြီလေ"
ယွင်ချဲ့၏ ရည်ရွယ်ချက်ကို မသိသော်လည်း မော့ဝမ်းယန် ခေါင်းညိတ် လိုက်သည်။
ဝမ်ကွော်အန်းလည်း သူ့ကိုယ်သူ သတိရှိရန်နှင့် ဖြတ်ထိုးဉာဏ် ရှိရန် သတိပေးနေမိသည်။
"ကောင်းပြီ နှစ်ဖက်လုံးက သဘောတူလိုက်ပြီ ဆိုတော့ ကျန်း လူကြီးမင်းက ပြိုင်ပွဲအတွက် နေရာလေး စီစဉ်ပေးနိုင်မလား"
ယွင်ချဲ့လည်း လှောင်ရယ်ဟန်ဖြင့် ကျန်းဝမ်ရှန်အား အကူညီ တောင်းလိုက်ရာ ထိုအပြုံးသည် ကာကွယ်ရေး ခေါင်းဆောင်အား မသက်မသာ ခံစားသွားရစေသည်။
"ခံတပ် အဆောက်ဦးထဲမှာ စစ်ရေးလေ့ကျင့်တဲ့ နေရာရှိတယ် မင်းတို့အဆင်ပြေရင် အဲဒီမှာပြိုင်ကြပေါ့"
"ကောင်းပြီ သွားကြမယ်"
ယွင်ချဲ့လည်း ထိုင်ခုံမှထကာ အကြောဆန့် လိုက်ပြီးနောက် တစ်စက္ကန့်လေးပင် သူ့အနားတွင် မနေချင်သော မော့ဝမ်းယန် ဆီသို့သွားကာ ပခုံးအား ဖက်လိုက်သည်။
"ဗိုလ်ချုပ်မို ကျွန်တော်တို့က အကြိုက်တူပုံ တယ် အဲ့နေရာကို တူတူသွားကြမလား"
အကယ်၍ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်ကို ထိုသို့ ဆက်ဆံခဲ့လျှင် ထိုသူဒုက္ခရောက်မည်မှာ အသေချာပင်။ သို့သော် ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်လည်း ရင်းနှီးပြီး သူ၏ဝမ်းကွဲကို ထိုသို့ပြုမူသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထို့အပြင် ထိပ်ဉီးအဖွဲ့သည် မော့ဝမ်းယန်အား အကြိမ်ကြိမ် ကူညီပေးခဲ့သဖြင့် သူတို့နှစ်ဦး တရင်းတနှီး ရှိနေသည်မှာ မထူးဆန်းပေ။
သို့သော် ထိုမြင်ကွင်းကို မြင်လိုက်သည့် ဝမ်ကွော်အန်းမှာ မျက်မှောင်ကြုတ်၍ နေသည်။ သူတစ်ယောက်တည်း မဟုတ်လဲ တခြား သူများသည်လည်း ယွင်ချဲ့၏ အကြံကို စဉ်းစား၍ မရကြပေ။
"ယဲ့ ဒီတခေါက် ခေါင်းဆောင်ယွင်က ဘာတွေ ကြံနေပြန်တာလဲ ငါခေါင်းရှုပ်နေပြီ"
"ဟုတ်တယ် မင်းတော့သိသင့်တာပဲ ငါတို့ကို ပြောပြဦးလေ"
"ရေစွမ်းအားသာ တိုက်ခိုက် စွမ်းရည်ရှိရင် ငါတို့အဖွဲ့က အင်အားကြီးမှာပဲ"
"ဟုတ်တယ် ဒါပေမယ့် အရမ်း မျှော်လင့်မနေနဲ့ဦး မင်းခေါင်းဆောင်ယွင်ကို သိပေမယ့် သူ့စကားမှန်မမှန်က သိရတာ မဟုတ်ဘူး"
"ငါတော့ လက်မခံဘူး ခေါင်းဆောင်ယွင်က စနောက်ရတာ ကြိုက်ပေမယ့် သူဘယ်တုန်းက သူ့စကားသူ ဖျက်ဖူးလို့လဲ"
အကုန်လုံး ထွက်သွားကြပြီးနောက် ထိပ်ဉီးနှင့် ရင်းနှီးသူများက ယဲ့ရှင်းချန်နှင့် ကျန်းရှန် နားသို့ ဝိုင်းအုံလာကြရာ ကျန်းရှန်က လျစ်လျူရှုမြဲ ဖြစ်သောကြောင့် အားလုံး ယဲ့ရှင်းချန် ဘက်သို့ လှည့်သွားကြပြီး ထပ်ဉီးနှင့် မရင်းနှီးသူများမှာ အချင်းချင်း ဆွေးနွေးနေကြသည်။ အခုချိန်တွင် သူတို့အသိချင်ဆုံးက ခေါင်းဆောင်ဖြစ်မည့်သူကို မဟုတ်ဘဲ ရေစွမ်းအားက အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိမရှိကိုပင်။ မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းမှာ အလွန်တော်သည့် အရာရှိများ ဖြစ်သည်ကို သူတို့ သိထားကြသောကြောင့် မည်သူ ခေါင်းဆောင်ဖြစ်ဖြစ် ကိစ္စမရှိသည့်အတွက် သူတို့ဂရုမစိုက်ကြပေ။
"ငါလည်းမသိဘူး ... ချဲ့ ဘာတွေးနေလဲသာ ငါသိရင် ငါလည်း ထိပ်ဉီးရဲ့ ခေါင်းဆောင် ဖြစ်နေလောက်ပြီပေါ့"
ယဲ့ရှင်းချန်က လူအုပ်ကိုပြုံးပြလျက် ပြန်ဖြေလိုက်သည်။ အိမ်၏အပြင်ဘက်သို့ ရောက်လျှင် စကားမပြောတော့သည့် ကျန်းရှန်မှာ လူအုပ်ထဲ ပျောက်သွားမည် စိုးသောကြောင့် ယဲ့ရှင်းချန် ဘေးတွင်သာ ကပ်နေလေသည်။ အခြားသူများ မည်သို့တွေးမည်ကို ဂရုမစိုက်ဘဲ ယဲ့ရှင်းချန်၏ လက်ကိုသာ မြဲမြဲကိုင်ထားသည်။ သူ၏စိတ်တွင် ယဲ့ရှင်းချန် တစ်ယောက်တည်းသာ အာရုံစိုက်ထားသည်။
"ခေါင်းဆောင် .. ရေက တကယ် တိုက်ခိုက်စွမ်းရည် ရှိတာလား"
ကူးမင်ရွှမ်း နောက်ဆုံးမှ ထလာပြီး ရှင်းဖုန်း အနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် မေးသည်။ ထိုစကားပြောသူက အခြားသူဖြစ်ခဲ့လျှင် သူလှောင်ရယ် လိမ့်မည် ဆိုသော်လည်း ယခု ထိုစကားပြောသည့် သူမှာ ယွင်ချဲ့ ဖြစ်နေသည်။ ယွင်ချဲ့ကို သေချာသိသည့် သူများသည် ထိုသို့ အရေးကြီး လေးနက်သည့် ကိစ္စမျိုးကို ယွင်ချဲ့ အပြောင်အပြက် လုပ်မည် မဟုတ်ကြောင်း သိကြသည်။
"အဖြေကို သိနေတာပဲမလား ဒီနေ့အတွက် ကျွန်တော်တို့ အများကြီး ပြင်ဆင်လာခဲ့တာ ... ချဲ့က ဝမ်ကွော်အန်းကို ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကို အဖျက်ဆီးခံမယ်များ ထင်နေလား"
သူကိုယ်တိုင်ပင် မသိသော်လည်း ယွင်ချဲ့ကို ရှင်းဖုန်း ယုံကြည်သောကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ရှင်းဖုန်းမှာ အလွန် တည်ငြိမ်နေသည်။
"အင်း ချဲ့က အဲဒီလို အဖြစ်မခံလောက်ဘူး"
ကူးမင်ရွှမ်းလည်း မျက်မှန်ကို ပင့်တင်ရန်အလုပ် ယွင်ချဲ့က သူ၏မျက်မှန်ကို လှောင်ခဲ့သည်ကို တွေးမိသွားသောကြောင့် မျက်မှန်ကို ချွတ်သိမ်းလိုက်သည်။
"သခင်ရော သူ့အိမ်မွေးရော စိတ်ဓါတ ်မကောင်းကြဘူး .. အဲဒါကြောင့် ဟေးယွီက မကောင်းတဲ့ကောင် ဖြစ်နေတာ"
"ဟား...ဟား..ဟား”
ကူးမင်ရွှမ်း၏ ဆိုလိုရင်းကို သိသွားသဖြင့် ရှင်းဖုန်း ရယ်လိုက်သည်။ ယနေ့ ယွင်ချဲ့ အလွန်ပင်ကြမ်းပြနေပြီး ရယ်ရသော်လည်း ခံရသူက သူတို့နှင့် ရန်ဘက် ဖြစ်ပေတော့မည်။
"ဒါနဲ့ ရေကသာ တကယ့် တိုက်ခိုက် စွမ်းရည်ဆိုရင် ကျွန်တော်တို့ နောက်တစ်ဖွဲ့ ရလောက်တယ်"
ကူးမင်ရွှမ်းလည်း အဓိက အကြောင်းရာကို ပြန်လည် တွေးမိသွားသည်နှင့် ရုပ်တည်သွားပြီး မည်သူက အဖွဲ့ခေါင်းဆောင် ဖြစ်မည်ကို တွေးနေမိသည်။
"ရေစွမ်းအားပိုင်ရှင်က ဘယ်လို တိုက်ခိုက်လဲဆိုတာ ချဲ့ ငါတို့ကို ပြောပြဖို့ လိုသေးတယ်လေ"
မော့ဝမ်းယန်ကို ယွင်ချဲ့ သင်ပေးသော်လည်း လူတိုင်းအား ပြောပြမည်ဟု အာမ မခံနိုင်ပေ။ ယွင်ချဲ့ကို ရှင်းဖုန်း သေချာသိသည်။ ထိုသို့ အရေးကြီးကိစ္စကို အခြားသူများအား သူအလွယ်တကူ ပြောပြမည် မဟုတ်ပေ။
"အာ ... အဲဒီအကြောင်းနဲ့ ခေါင်းဆောင် ကိုယ့်ကိုယ်ကို အလဲအလှယ် လုပ်ရင်ရော"
ထိုကိစ္စနှင့် ပတ်သက်၍ ကူးမင်ရွှမ်း မသေချာသော်လည်း ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ကိစ္စမရှိပါဘူး ဒါပေမယ့် ပြဿနာက သူမျက်လုံး မှိတ်ပြတာလေးနဲ့တင် ကျွန်တော်က သူ့ဆီမှာ အရှုံးပေးပြီးသားပဲ ... ကျွန်တော်က ဒီလိုလုပ်ဖို့ သင့်တော်မယ် ထင်လား"
ရှင်းဖုန်း ပွင့်လင်းစွာ ပြောလိုက်သော စကားကြောင့် ကူးမင်ရွှမ်းမှာ သူ့သိသမျှ ပြင်းထန်သည့် စကားလုံးများဖြင့် ခနဲ့၍ ပြောနိုင်ရန် ဆုတောင်း နေတော့သည်။
တစ်ဖက်တွင် ယွင်ချဲ့မှာ မော့ဝမ်းယန်၏ ပခုံးကို ဖက်ထားလျက်ပင်။ သူသည် လူအုပ်အား မရှောင်ဘဲ အစိုးရ၊ စစ်တပ်သုံးခု နှင့်အတူ လမ်းလျှောက် သွားသည်။ သို့သော် လေထုစွမ်းအားရှင် ယွင်ချဲ့က လေထုအလွှာနှင့် ကာရံထားသောကြောင့် သူတို့စကားပြောနေသည်ကို မည်သူမှ မကြားနိုင်ပေ။
"ချီးပဲ တကယ်ကြီးလား မင်းငါ့ကိုမဟုတ်က ဟုတ်က ပြောနေတာတော့ မဟုတ်ပါဘူးနော်"
ယွင်ချဲ့၏ လမ်းညွှန်မှုကို ကြားပြီးသည့်နောက် မော့ဝမ်းယန် အံ့သြလွန်း၍ မျက်လုံးများပင် ပြူးသွားသည်။ ယွင်ချဲ့ ပြောလိုက်သည့် ကိစ္စမှာ အလွန်အံ့သြဖွယ် ကောင်းလှသဖြင့် သူ၏မျက်လုံးများတွင် မယုံကြည်ခြင်း၊ အံ့သြခြင်းနှင့် သံသယများဖြင့် ပြည့်လေလေသည်။
"ကျွန်တော်က ဘာလို့ လျှောက်ပြောရမှာလဲ ဒါပေမယ့် သွေးနားထင် မရောက်သွားနဲ့ဦး ... ကျွန်တော်က နည်းလမ်းပဲပြောပြတာ အဲဒါကို ခင်ဗျား ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆုပ်ကိုင်ထားဖို့ လိုတယ် ... ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အလကား မဖြစ်စေနဲ့"
ယွင်ချဲ့လည်း မော့ဝမ်းယန်ကို မျက်လုံးလည်ကာ ကြည့်လိုက်ပြီး ဆေးလိပ်မီး ညှိလိုက်သည်။ ဘောင်းဘီ အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်၍ ဆေးလိပ်သောက်နေသည့် ယွင်ချဲ့၏ပုံစံမှာ လမ်းသရဲနှင့် တူနေသည်။
"ငါ့ကိုအထင်မသေးပါနဲ့ ငါကမင်းလူလောက် မတော်ပေမယ့် ငတုံးမဟုတ်ဘူး"
ယွင်ချဲ့ကို စွေစောင်းကြည့်ကာ မော့ဝမ်းယန် တုံ့ပြန်လိုက်သည်။
"ဪ ဟုတ်လား ကျွန်တော် မျှော်လင့်နေပါ့မယ်"
ယွင်ချဲ့၏ ဂရုမစိုက်သော အပြုအမူကြောင့် မော့ဝမ်းယန် ဒေါပွလာရသည်။
"ဟေး ငါ့ကိုနည်းနည်း ချီးကျူးပေးဦး မင်းပြောတာက နာကျင်ရတယ် ငါက တိုက်ပွဲဝင်ရတော့မှာကို"
"တစ်ယောက်ချင်း လက်ရည်ယှဉ်တာက တိုက်ပွဲလား နောက်နေတာလား"
ယွင်ချဲ့ အထင်သေးလိုက်ခြင်း မဟုတ်သော်လည်း ထိုတိုက်ပွဲမှာ အမှန်တကယ် တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဖြစ်သည်။ တိုက်ပွဲမှာ ထိုသို့ လွယ်ကူလျှင် ယခု ကပ်ဘေးကြီးတွင် ယွင်ချဲ့ ဘုရင်ဖြစ်နေမည် ဖြစ်ပြီး ဘဝသည်လည်း ပင်ပန်းခက်ခဲတော့မည် မဟုတ်ပေ။
"ဘာလို့မဟုတ်ရမှာလဲ တစ်ယောက်ချင်းက ဂိမ်းဆော့တာမှ မဟုတ်တာ"
မော့ဝမ်းယန်သည် သူ၏စကားစစ်ထိုးခြင်း အပေါ် ယုံကြည်မှု မရှိသော်လည်း သူသည် အရှက်မရှိသော မော့ဝမ်းယန် ဖြစ်သောကြောင့် ဂရုမစိုက်ပေ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ... ဘာပဲဖြစ်ဖြစ် ခင်ဗျားက တော်တော် အရှက်မရှိတာပဲ အကောင်းဆုံး ကြိုးစား ဟုတ်ပြီလား ... ရေစွမ်းအားကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အကြောင်း ဘယ်သူ့ကိုမှ မပြောဘူးဆိုတဲ့ သဘောတူညီချက်သာ မမေ့နဲ့"
"စိတ်မပူနဲ့ .. နေပါဦး မင်းဘယ်သူ့ကို အရှက်မရှိလို့ ခေါ်လိုက်တာလဲ"
မိတ်ဆွေဟောင်းများ ကဲ့သို့ အချင်းချင်း ကျီစားနေကြပြီး သူတို့၏ ယခုပုံစံကို ကြည့်ကာ အစည်းအဝေး မတိုင်ခင်က ယွင်ချဲ့ကို မကောင်းဆိုးဝါး တစ်ကောင်အလား မော့ဝမ်းယန် ကြောက်လန့်တကြား ရှောင်နေခဲ့ပြီး မော့ဝမ်းယန်နှင့် ယွင်ချဲ့တို့ သုံးကြိမ်သာ တွေ့ဖူးသည်မှာ ယုံနိုင်ဖွယ်ရှိမည် မဟုတ်ပေ။ အချို့သူများမှာ သူငယ်ချင်းဖြစ်ရန် ရေစက်ရှိကြပြီး သူတို့သည် သူငယ်ချင်းဖြစ်သည့်ပုံ မပေါ်နိုင်သော်လည်း အရေးကြုံ လာသည့်အခါ တစ်ဦးကိုတစ်ဦး အကြွင်းမဲ့ ယုံကြည်ကြသည်။ မော့ဝမ်းယန်နှင့် ယွင်ချဲ့သည် ထိုကဲ့သို့သော သူငယ်ချင်းများ ဖြစ်ပေသည်။
တစ်ဖက်တွင် အခြားသူတို့မှာ သူတို့၏လှုပ်ရှားမှုတို့ကို မြင်ရသော်လည်း အသံကို မကြားရသဖြင့် အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်မည်ဟု ကောက်ချက် ချလိုက်ကြသည်။ ထိုကောက်ချက်ချမှုသည် အစိုးရနှင့် အခြားစစ်တပ်နှစ်ခု၏ ကိုယ်စားလှယ်များ အထူးသဖြင့် မော့ဝမ်းယန် နှင့်ပြိုင်မည့် ဝမ်ကွော်အန်းကို နေမထိ ထိုင်မသာ ဖြစ်စေသည်။
***
Zawgyi
အခန္း (၁၂၂)
'ေရစြမ္းအားပိုင္ရွင္ေတြက တိုက္ခိုက္နိုင္တယ္ေပါ့ လာေနာက္ေနတာလား'
ဝမ္ေကြာ္အန္း သာမက ထိုေနရာတြင္ ရွိေသာ စြမ္းအားရွင္မ်ား အားလုံးအျပင္ ေမာ့ဝမ္းယန္၊ ရွင္းဖုန္း၊ ကူးမင္႐ႊမ္း၊ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္တို႔ပင္ ယြင္ခ်ဲ့ ေနာက္ေနသည္ဟုသာ ထင္ေနၾကေသာ္လည္း ယြင္ခ်ဲ့ အေၾကာင္းသိၾကသျဖင့္ တီးတိုး ေဆြးေႏြးေနၾကသည္။
"ေရက တကယ္ တိုက္ခိုက္လို႔ ရလို႔လား"
"မင္းနဲ႕မင္းအဖြဲ႕က အားႀကီးတာ ငါတို႔သိပါတယ္ ေခါင္းေဆာင္ ယြင္ ... ဒါေပမယ့္ ဒါက အရမ္းခ်ဲ့ကားလြန္း မေနဘူးလား လူေတြကို ေနာက္တာ မေကာင္းဘူး ငါတို႔ ..."
"ေတာ္ေတာ့"
ဝမ္ေကြာ္အန္းအား ယြင္ခ်ဲ့ ျငင္းဆိုခြင့္ မေပးဘဲ သူ႕အား ေ႐ြးခ်ယ္နိုင္သည့္ အခြင့္အေရးသာ ေပးလိုက္သည္။ သူသာ သေဘာတူခဲ့လွ်င္ ဝမ္ေကြာ္အန္းကို ေခ်မႈန္းရန္ ေမာ့ဝမ္းယန္ကို ယ့င္ခ်ဲ့ သင္ၾကားေပးမည္ျဖစ္သည္။ အကယ္၍ သူသာ ျငင္းဆိုခဲ့လွ်င္ အခန္းထဲရွိသူမ်ား အားလုံးက ဝမ္စစ္တပ္သည္ ေရစြမ္းအား ပိုင္ရွင္ႏွင့္ တိုက္ခိုက္ရမည္ကို ေၾကာက္႐ြံ႕သည့္ စစ္တပ္ဟု သတ္မွတ္ခံသြားရမည္ ျဖစ္သည္။ အာဏာပိုင္မ်ား၏ ကိုယ္စားလွယ္မ်ားမွလြဲ၍ အခန္းတြင္းရွိ သူမ်ားအားလုံးသည္ စခန္း၏ထိပ္တန္း စြမ္းအားရွင္မ်ား ျဖစ္ၾကသည္။ ထိုသတင္းသာ ျပန့္သြားခဲ့လွ်င္ ေသခ်ာေပါက္ ဝမ္ စစ္တပ္သည္ ေခါင္းေဆာင္ျဖစ္နိုင္မည့္ အခြင့္အလမ္းထက္ အေရးႀကီးသည့္ အရာမ်ားအား ဆုံးရႈံးရေပလိမ့္မည္။
"ဗိုလ္ခ်ဳပ္ ေမာ့သာ ေရစြမ္းအားကိုပဲ သုံးမယ္ဆိုရင္ ငါအဆင္ေျပတယ္"
ေသခ်ာေပါက္ ဝမ္ေကြာ္အန္းသည္ ငတုံးမဟုတ္ေပ။ သေဘာတူ လိုက္ေသာ္လည္း ေရဆိုသည့္ စကားလုံးကို အသားေပး ေျပာသြားသျဖင့္ ေမာ့ဝမ္းယန္ အေနႏွင့္ ေရစြမ္းအားကိုသာ သုံးရမည္ျဖစ္ေၾကာင္း ကန့္သတ္လိုက္ျခင္း ျဖစ္သည္။
"ေကာင္းၿပီေလ ခင္ဗ်ားက ကမာၻမွာ လူပါးအဝဆုံးသူပဲ ... ဗိုလ္ခ်ဳပ္ ေမာ့က ေရမီးစြမ္းအား ပိုင္ရွင္ဆိုေပမယ့္ ခင္ဗ်ားက ေရကို ပဲသုံးခိုင္းတယ္ေပါ့ ေရသာ အသုံးမဝင္ရင္ ခင္ဗ်ား သူ႕ကိုနာက်င္ေအာင္ လုပ္မွာပဲ"
ဝမ္ေကြာ္အန္းသည္ သူ၏အႀကံကို လူအမ်ား မရိပ္မိေလာက္ဟု ထင္ခဲ့ေသာ္လည္း ယြင္ခ်ဲ့က သနားညွာတာမႈ မရွိ သူ၏မ်က္ႏွာဖုံးကို ခြာခ်လိဳက္သည္။
ဝမ္ေကြာ္အန္း ေတြေဝသြားၿပီး သူခြန္းတုံ႕ျပန္ မေျပာခင္ ယြင္ခ်ဲ့ ျဖတ္ေျပာလိုက္သည္။
"ေကာင္းတာက ေရစြမ္းအား ပိုင္ရွင္က သူ႕ဘာသာ ခ်နိဳင္တာပဲ ေကာင္းၿပီေလ ေရဆိုေတာ့လည္း ေရေပါ့ ... ဗိုလ္ခ်ဳပ္ ေမာ့ သာ သူ႕ကိုယ္ပိုင္ အရည္ခ်င္းနဲ႕ ခင္ဗ်ားကို နိုင္ခဲ့ရင္ေတာင္ ရွိသမွ် ဆင္ေျခေပးၿပီး သူက ခင္ဗ်ားထက္ သာတာကိုျငင္းမွာပဲ အစည္းေဝးကလည္း တစ္နာရီေက်ာ္ေလာက္ ၾကာေနၿပီ ကြၽန္ေတာ္တို႔ ေျပာသင့္တာလည္း အကုန္နီးပါး ေျပာၿပီးၿပီ ... ေခါင္းေဆာင္ေနရာ ဘယ္သူရမလဲပဲ အခုထိ မဆုံးျဖတ္ရေသးတာ အခုေလာေလာဆယ္ေတာ့ ေဝ့ စစ္တပ္က ၿပိဳင္ပြဲကထြက္သြားၿပီ ဒါဆို ေမာ့ စစ္တပ္နဲ႕ ဝမ္ စစ္တပ္ပဲ က်န္ခဲ့တယ္ .. ခင္ဗ်ားတို႔က ကိုယ့္စစ္တပ္ရဲ႕ ကိုယ္စားလွယ္ေတြ ဆိုေတာ့ တိုက္ခိုက္ၿပီး နိုင္တဲ့သူ ေခါင္းေဆာင္လုပ္မယ္ ဆိုရင္ေရာ"
လြန္ခဲ့ေသာ တစ္မိနစ္ခန့္တြင္ ယြင္ခ်ဲ ေထ့ေငါ့ ေျပာေနေသာ္လည္း အခုတြင္ အေလးအနက္ ေျပာေနျခင္းျဖစ္သည္။ သူ၏မ်က္ႏွာ အမူအရာမွာ ျမန္ဆန္စြာ ေျပာင္းလဲေနၿပီး တစ္ဖက္တြင္ လင္းရွန့္ တို႔မွာလည္း ယြင္ခ်ဲ့ စကားေၾကာင့္ အရွိုက္ထိ သြားၾကသည္။
"ငါတို႔ကထြက္ဖို႔ ေ႐ြးခ်ယ္ခဲ့ရလို႔လား အခြင့္အေရး ေတာင္ေပးခဲ့ၾကလို႔လား"
ယြင္ခ်ဲ့ေၾကာင့္သာ မဟုတ္လွ်င္ သူတို႔ရႈံးမည္ မဟုတ္ေပ။ ထိုကိစၥသည္ ေပါ့ေသးေသးမဟုတ္ေသာေၾကာင့္ ေမာ့ဝမ္းယန္ႏွင့္ ဝမ္ေကြာ္အန္းတို႔ မ်က္ေမွာင္ၾကဳတ္ လိုက္ၾကသည္။ ယြင္ခ်ဲ့အား ေမာ့ဝမ္းယန္ မယုံၾကည္ျခင္း မဟုတ္။ သူသည္ ယြင္ခ်ဲ့ကို အိမ္ေစာင့္သားရဲဟု ေခၚခဲ့ေသာ္လည္း ယြင္ခ်ဲ့၏ စြမ္းရည္အေပၚ ယုံၾကည္သည့္အျပင္ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔၏ ဆက္ဆံေရးေၾကာင့္ သူ႕ကို ယြင္ခ်ဲ့ ဒုကၡေပးမည္ မဟုတ္ေၾကာင္း သူသိသည္။
အမွန္တရားမွာ ေရစြမ္းအားသည္ တိုက္ခိုက္စြမ္းအား မဟုတ္ေၾကာင္း အေထာက္အထား ႏွင့္တကြ ရွိေနသည္။ ေရစြမ္းအားကို သုံးကာ တိုက္ခိုက္သည့္သူ မရွိဖူးေပ။ ေမာ့ဝမ္းယန္အား စိတ္ဒုကၡ ေရာက္ေစသည္က ေရစြမ္းအား တစ္မ်ိဳးတည္း သုံးကာ တိုက္ခိုက္ရမည ဆိုေသာ စကားကို ယြင္ခ်ဲ့ သေဘာတူလိုက္ျခင္းပင္။ ေမာ့ဝမ္းယန္လည္း ကိုယ့္ကိုယ္ကို မေသခ်ာသျဖင့္ မဆုံးျဖတ္နိုင္ေသာေၾကာင္း ရွင္းဖုန္းကို ၾကည့္လိုက္ရာ ရွင္းဖုန္က ေခါင္းညိတ္ ျပလိုက္သည္။ ေမာ့ဝမ္းယန္ လည္း သတၱိေမြးလိုက္ၿပီ ..
"ေကာင္းၿပီ လုပ္ၾကတာေပါ့"
ရွင္းဖုန္း ယုံၾကည္ရာကို ေမာ့ဝမ္းယန္လည္း ယုံၾကည္သည္။ သူ၏ဝမ္းကြဲညီက ယြင္ခ်ဲ့ကို ယုံၾကည္လွ်င္ အေလာင္းအစားကို သူစိန္ေခၚရဲသည္။ အကယ္၍ သူရႈံးနိမ့္သြားလွ်င္ ဝမ္ စစ္တပ္က စြမ္းအားရွင္ အဖြဲ႕အစည္းအား လက္လႊဲ ယူသြားနိုင္သည္။ သို႔ေသာ္ ထိပ္ဉီးႏွင့္ ေခ်ာင္းယန္၏ ခြင့္ျပဳခ်က္ မပါဘဲႏွင့္ ဝမ္ စစ္တပ္သည္ အဖြဲ႕အစည္းကို အျပည့္အဝ အုပ္ခ်ဳပ္နိုင္ခြင့္ မရွိေပ။
ဝမ္ဆကြာ္အန္း သည္လည္း ထိုကိစၥကို ေသခ်ာစဥ္းစားေနသည္။ ေမာ့ဝမ္းယန္က သူ႕ကို ေရစြမ္းအားျဖင့္ အနိုင္ယူနိုင္မည္ဟု မထင္ေသာ္လည္း ယြင္ခ်ဲ့၏ ေထာင္ေခ်ာက္ဆင္ျခင္းျဖစ္ေနမည္ကို သူစိုးရိမ္သည္။ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔ ခန္းမထဲသို႔ ေျခခ်သည့္ အခ်ိန္မွစ အာဏာပိုင္မ်ားက သူတို႔ကို အေလ်ာ့ေပး ထားၾကသည္။ ယြင္ခ်ဲ၏ အႀကံသည္ သူ႕အႀကိဳက္ျဖစ္ေသာ္လည္း သူ႕အားကူညီရန္ ေျပာျခင္း မဟုတ္သည္ကို သူသိသည္။ သို႔ေသာ္ အႀကိဳက္ေတြ႕ေစသည့္ အႀကံျဖစ္သည့္အျပင္ ေမာ့ဝမ္းယန္ သည္လည္း သေဘာတူလိုက္ၿပီ ျဖစ္ေသာေၾကာင့္ သူျငင္းရန္ မသင့္ေတာ့ေပ။
"ေကာင္းၿပီေလ"
ယြင္ခ်ဲ့၏ ရည္႐ြယ္ခ်က္ကို မသိေသာ္လည္း ေမာ့ဝမ္းယန္ ေခါင္းညိတ္ လိုက္သည္။
ဝမ္ေကြာ္အန္းလည္း သူ႕ကိုယ္သူ သတိရွိရန္ႏွင့္ ျဖတ္ထိုးဉာဏ္ ရွိရန္ သတိေပးေနမိသည္။
"ေကာင္းၿပီ ႏွစ္ဖက္လုံးက သေဘာတူလိုက္ၿပီ ဆိုေတာ့ က်န္း လူႀကီးမင္းက ၿပိဳင္ပြဲအတြက္ ေနရာေလး စီစဥ္ေပးနိုင္မလား"
ယြင္ခ်ဲ့လည္း ေလွာင္ရယ္ဟန္ျဖင့္ က်န္းဝမ္ရွန္အား အကူညီ ေတာင္းလိုက္ရာ ထိုအၿပဳံးသည္ ကာကြယ္ေရး ေခါင္းေဆာင္အား မသက္မသာ ခံစားသြားရေစသည္။
"ခံတပ္ အေဆာက္ဦးထဲမွာ စစ္ေရးေလ့က်င့္တဲ့ ေနရာရွိတယ္ မင္းတို႔အဆင္ေျပရင္ အဲဒီမွာၿပိဳင္ၾကေပါ့"
"ေကာင္းၿပီ သြားၾကမယ္"
ယြင္ခ်ဲ့လည္း ထိုင္ခုံမွထကာ အေၾကာဆန့္ လိုက္ၿပီးေနာက္ တစ္စကၠန့္ေလးပင္ သူ႕အနားတြင္ မေနခ်င္ေသာ ေမာ့ဝမ္းယန္ ဆီသို႔သြားကာ ပခုံးအား ဖက္လိုက္သည္။
"ဗိုလ္ခ်ဳပ္မို ကြၽန္ေတာ္တို႔က အႀကိဳက္တူပုံ တယ္ အဲ့ေနရာကို တူတူသြားၾကမလား"
အကယ္၍ တစ္စုံတစ္ေယာက္က ဗိုလ္ခ်ဳပ္ကို ထိုသို႔ ဆက္ဆံခဲ့လွ်င္ ထိုသူဒုကၡေရာက္မည္မွာ အေသခ်ာပင္။ သို႔ေသာ္ ယြင္ခ်ဲ့မွာ ရွင္းဖုန္း ႏွင့္လည္း ရင္းႏွီးၿပီး သူ၏ဝမ္းကြဲကို ထိုသို႔ျပဳမူသည္မွာ ပုံမွန္ပင္ျဖစ္သည္။ ထို႔အျပင္ ထိပ္ဉီးအဖြဲ႕သည္ ေမာ့ဝမ္းယန္အား အႀကိမ္ႀကိမ္ ကူညီေပးခဲ့သျဖင့္ သူတို႔ႏွစ္ဦး တရင္းတႏွီး ရွိေနသည္မွာ မထူးဆန္းေပ။
သို႔ေသာ္ ထိုျမင္ကြင္းကို ျမင္လိုက္သည့္ ဝမ္ေကြာ္အန္းမွာ မ်က္ေမွာင္ၾကဳတ္၍ ေနသည္။ သူတစ္ေယာက္တည္း မဟုတ္လဲ တျခား သူမ်ားသည္လည္း ယြင္ခ်ဲ့၏ အႀကံကို စဥ္းစား၍ မရၾကေပ။
"ယဲ့ ဒီတေခါက္ ေခါင္းေဆာင္ယြင္က ဘာေတြ ႀကံေနျပန္တာလဲ ငါေခါင္းရႈပ္ေနၿပီ"
"ဟုတ္တယ္ မင္းေတာ့သိသင့္တာပဲ ငါတို႔ကို ေျပာျပဦးေလ"
"ေရစြမ္းအားသာ တိုက္ခိုက္ စြမ္းရည္ရွိရင္ ငါတို႔အဖြဲ႕က အင္အားႀကီးမွာပဲ"
"ဟုတ္တယ္ ဒါေပမယ့္ အရမ္း ေမွ်ာ္လင့္မေနနဲ႕ဦး မင္းေခါင္းေဆာင္ယြင္ကို သိေပမယ့္ သူ႕စကားမွန္မမွန္က သိရတာ မဟုတ္ဘူး"
"ငါေတာ့ လက္မခံဘူး ေခါင္းေဆာင္ယြင္က စေနာက္ရတာ ႀကိဳက္ေပမယ့္ သူဘယ္တုန္းက သူ႕စကားသူ ဖ်က္ဖူးလို႔လဲ"
အကုန္လုံး ထြက္သြားၾကၿပီးေနာက္ ထိပ္ဉီးႏွင့္ ရင္းႏွီးသူမ်ားက ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ နားသို႔ ဝိုင္းအုံလာၾကရာ က်န္းရွန္က လ်စ္လ်ဴရႈၿမဲ ျဖစ္ေသာေၾကာင့္ အားလုံး ယဲ့ရွင္းခ်န္ ဘက္သို႔ လွည့္သြားၾကၿပီး ထပ္ဉီးႏွင့္ မရင္းႏွီးသူမ်ားမွာ အခ်င္းခ်င္း ေဆြးေႏြးေနၾကသည္။ အခုခ်ိန္တြင္ သူတို႔အသိခ်င္ဆုံးက ေခါင္းေဆာင္ျဖစ္မည့္သူကို မဟုတ္ဘဲ ေရစြမ္းအားက အမွန္တကယ္ တိုက္ခိုက္နိုင္စြမ္း ရွိမရွိကိုပင္။ ေမာ့ဝမ္းယန္ႏွင့္ ဝမ္ေကြာ္အန္းမွာ အလြန္ေတာ္သည့္ အရာရွိမ်ား ျဖစ္သည္ကို သူတို႔ သိထားၾကေသာေၾကာင့္ မည္သူ ေခါင္းေဆာင္ျဖစ္ျဖစ္ ကိစၥမရွိသည့္အတြက္ သူတို႔ဂ႐ုမစိုက္ၾကေပ။
"ငါလည္းမသိဘူး ... ခ်ဲ့ ဘာေတြးေနလဲသာ ငါသိရင္ ငါလည္း ထိပ္ဉီးရဲ႕ ေခါင္းေဆာင္ ျဖစ္ေနေလာက္ၿပီေပါ့"
ယဲ့ရွင္းခ်န္က လူအုပ္ကိုၿပဳံးျပလ်က္ ျပန္ေျဖလိုက္သည္။ အိမ္၏အျပင္ဘက္သို႔ ေရာက္လွ်င္ စကားမေျပာေတာ့သည့္ က်န္းရွန္မွာ လူအုပ္ထဲ ေပ်ာက္သြားမည္ စိုးေသာေၾကာင့္ ယဲ့ရွင္းခ်န္ ေဘးတြင္သာ ကပ္ေနေလသည္။ အျခားသူမ်ား မည္သို႔ေတြးမည္ကို ဂ႐ုမစိုက္ဘဲ ယဲ့ရွင္းခ်န္၏ လက္ကိုသာ ၿမဲၿမဲကိုင္ထားသည္။ သူ၏စိတ္တြင္ ယဲ့ရွင္းခ်န္ တစ္ေယာက္တည္းသာ အာ႐ုံစိုက္ထားသည္။
"ေခါင္းေဆာင္ .. ေရက တကယ္ တိုက္ခိုက္စြမ္းရည္ ရွိတာလား"
ကူးမင္႐ႊမ္း ေနာက္ဆုံးမွ ထလာၿပီး ရွင္းဖုန္း အနားသို႔ ကပ္ကာ အသံတိုးတိုးျဖင့္ ေမးသည္။ ထိုစကားေျပာသူက အျခားသူျဖစ္ခဲ့လွ်င္ သူေလွာင္ရယ္ လိမ့္မည္ ဆိုေသာ္လည္း ယခု ထိုစကားေျပာသည့္ သူမွာ ယြင္ခ်ဲ့ ျဖစ္ေနသည္။ ယြင္ခ်ဲ့ကို ေသခ်ာသိသည့္ သူမ်ားသည္ ထိုသို႔ အေရးႀကီး ေလးနက္သည့္ ကိစၥမ်ိဳးကို ယြင္ခ်ဲ့ အေျပာင္အျပက္ လုပ္မည္ မဟုတ္ေၾကာင္း သိၾကသည္။
"အေျဖကို သိေနတာပဲမလား ဒီေန႕အတြက္ ကြၽန္ေတာ္တို႔ အမ်ားႀကီး ျပင္ဆင္လာခဲ့တာ ... ခ်ဲ့က ဝမ္ေကြာ္အန္းကို ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားမႈေတြကို အဖ်က္ဆီးခံမယ္မ်ား ထင္ေနလား"
သူကိုယ္တိုင္ပင္ မသိေသာ္လည္း ယြင္ခ်ဲ့ကို ရွင္းဖုန္း ယုံၾကည္ေသာေၾကာင့္ ထိုကိစၥႏွင့္ ပတ္သက္၍ ရွင္းဖုန္းမွာ အလြန္ တည္ၿငိမ္ေနသည္။
"အင္း ခ်ဲ့က အဲဒီလို အျဖစ္မခံေလာက္ဘူး"
ကူးမင္႐ႊမ္းလည္း မ်က္မွန္ကို ပင့္တင္ရန္အလုပ္ ယြင္ခ်ဲ့က သူ၏မ်က္မွန္ကို ေလွာင္ခဲ့သည္ကို ေတြးမိသြားေသာေၾကာင့္ မ်က္မွန္ကို ခြၽတ္သိမ္းလိုက္သည္။
"သခင္ေရာ သူ႕အိမ္ေမြးေရာ စိတ္ဓါတ ္မေကာင္းၾကဘူး .. အဲဒါေၾကာင့္ ေဟးယြီက မေကာင္းတဲ့ေကာင္ ျဖစ္ေနတာ"
"ဟား...ဟား..ဟား”
ကူးမင္႐ႊမ္း၏ ဆိုလိုရင္းကို သိသြားသျဖင့္ ရွင္းဖုန္း ရယ္လိုက္သည္။ ယေန႕ ယြင္ခ်ဲ့ အလြန္ပင္ၾကမ္းျပေနၿပီး ရယ္ရေသာ္လည္း ခံရသူက သူတို႔ႏွင့္ ရန္ဘက္ ျဖစ္ေပေတာ့မည္။
"ဒါနဲ႕ ေရကသာ တကယ့္ တိုက္ခိုက္ စြမ္းရည္ဆိုရင္ ကြၽန္ေတာ္တို႔ ေနာက္တစ္ဖြဲ႕ ရေလာက္တယ္"
ကူးမင္႐ႊမ္းလည္း အဓိက အေၾကာင္းရာကို ျပန္လည္ ေတြးမိသြားသည္ႏွင့္ ႐ုပ္တည္သြားၿပီး မည္သူက အဖြဲ႕ေခါင္းေဆာင္ ျဖစ္မည္ကို ေတြးေနမိသည္။
"ေရစြမ္းအားပိုင္ရွင္က ဘယ္လို တိုက္ခိုက္လဲဆိုတာ ခ်ဲ့ ငါတို႔ကို ေျပာျပဖို႔ လိုေသးတယ္ေလ"
ေမာ့ဝမ္းယန္ကို ယြင္ခ်ဲ့ သင္ေပးေသာ္လည္း လူတိုင္းအား ေျပာျပမည္ဟု အာမ မခံနိုင္ေပ။ ယြင္ခ်ဲ့ကို ရွင္းဖုန္း ေသခ်ာသိသည္။ ထိုသို႔ အေရးႀကီးကိစၥကို အျခားသူမ်ားအား သူအလြယ္တကူ ေျပာျပမည္ မဟုတ္ေပ။
"အာ ... အဲဒီအေၾကာင္းနဲ႕ ေခါင္းေဆာင္ ကိုယ့္ကိုယ္ကို အလဲအလွယ္ လုပ္ရင္ေရာ"
ထိုကိစၥႏွင့္ ပတ္သက္၍ ကူးမင္႐ႊမ္း မေသခ်ာေသာ္လည္း ႐ႊတ္ေနာက္ေနာက္ျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္က ကိစၥမရွိပါဘူး ဒါေပမယ့္ ျပႆနာက သူမ်က္လုံး မွိတ္ျပတာေလးနဲ႕တင္ ကြၽန္ေတာ္က သူ႕ဆီမွာ အရႈံးေပးၿပီးသားပဲ ... ကြၽန္ေတာ္က ဒီလိုလုပ္ဖို႔ သင့္ေတာ္မယ္ ထင္လား"
ရွင္းဖုန္း ပြင့္လင္းစြာ ေျပာလိုက္ေသာ စကားေၾကာင့္ ကူးမင္႐ႊမ္းမွာ သူ႕သိသမွ် ျပင္းထန္သည့္ စကားလုံးမ်ားျဖင့္ ခနဲ႕၍ ေျပာနိုင္ရန္ ဆုေတာင္း ေနေတာ့သည္။
တစ္ဖက္တြင္ ယြင္ခ်ဲ့မွာ ေမာ့ဝမ္းယန္၏ ပခုံးကို ဖက္ထားလ်က္ပင္။ သူသည္ လူအုပ္အား မေရွာင္ဘဲ အစိုးရ၊ စစ္တပ္သုံးခု ႏွင့္အတူ လမ္းေလွ်ာက္ သြားသည္။ သို႔ေသာ္ ေလထုစြမ္းအားရွင္ ယြင္ခ်ဲ့က ေလထုအလႊာႏွင့္ ကာရံထားေသာေၾကာင့္ သူတို႔စကားေျပာေနသည္ကို မည္သူမွ မၾကားနိုင္ေပ။
"ခ်ီးပဲ တကယ္ႀကီးလား မင္းငါ့ကိုမဟုတ္က ဟုတ္က ေျပာေနတာေတာ့ မဟုတ္ပါဘူးေနာ္"
ယြင္ခ်ဲ့၏ လမ္းၫႊန္မႈကို ၾကားၿပီးသည့္ေနာက္ ေမာ့ဝမ္းယန္ အံ့ၾသလြန္း၍ မ်က္လုံးမ်ားပင္ ျပဴးသြားသည္။ ယြင္ခ်ဲ့ ေျပာလိုက္သည့္ ကိစၥမွာ အလြန္အံ့ၾသဖြယ္ ေကာင္းလွသျဖင့္ သူ၏မ်က္လုံးမ်ားတြင္ မယုံၾကည္ျခင္း၊ အံ့ၾသျခင္းႏွင့္ သံသယမ်ားျဖင့္ ျပည့္ေလေလသည္။
"ကြၽန္ေတာ္က ဘာလို႔ ေလွ်ာက္ေျပာရမွာလဲ ဒါေပမယ့္ ေသြးနားထင္ မေရာက္သြားနဲ႕ဦး ... ကြၽန္ေတာ္က နည္းလမ္းပဲေျပာျပတာ အဲဒါကို ခင္ဗ်ား ကြၽမ္းကြၽမ္းက်င္က်င္နဲ႕ ဆုပ္ကိုင္ထားဖို႔ လိုတယ္ ... ကြၽန္ေတာ္တို႔ရဲ႕ အားထုတ္မႈေတြကို အလကား မျဖစ္ေစနဲ႕"
ယြင္ခ်ဲ့လည္း ေမာ့ဝမ္းယန္ကို မ်က္လုံးလည္ကာ ၾကည့္လိုက္ၿပီး ေဆးလိပ္မီး ညွိလိုက္သည္။ ေဘာင္းဘီ အိတ္ကပ္ထဲသို႔ လက္ႏွစ္ဖက္ထည့္၍ ေဆးလိပ္ေသာက္ေနသည့္ ယြင္ခ်ဲ့၏ပုံစံမွာ လမ္းသရဲႏွင့္ တူေနသည္။
"ငါ့ကိုအထင္မေသးပါနဲ႕ ငါကမင္းလူေလာက္ မေတာ္ေပမယ့္ ငတုံးမဟုတ္ဘူး"
ယြင္ခ်ဲ့ကို ေစြေစာင္းၾကည့္ကာ ေမာ့ဝမ္းယန္ တုံ႕ျပန္လိုက္သည္။
"ဪ ဟုတ္လား ကြၽန္ေတာ္ ေမွ်ာ္လင့္ေနပါ့မယ္"
ယြင္ခ်ဲ့၏ ဂ႐ုမစိုက္ေသာ အျပဳအမူေၾကာင့္ ေမာ့ဝမ္းယန္ ေဒါပြလာရသည္။
"ေဟး ငါ့ကိုနည္းနည္း ခ်ီးက်ဴးေပးဦး မင္းေျပာတာက နာက်င္ရတယ္ ငါက တိုက္ပြဲဝင္ရေတာ့မွာကို"
"တစ္ေယာက္ခ်င္း လက္ရည္ယွဥ္တာက တိုက္ပြဲလား ေနာက္ေနတာလား"
ယြင္ခ်ဲ့ အထင္ေသးလိုက္ျခင္း မဟုတ္ေသာ္လည္း ထိုတိုက္ပြဲမွာ အမွန္တကယ္ တစ္ေယာက္ခ်င္း ယွဥ္တိုက္ရမည္ ျဖစ္သည္။ တိုက္ပြဲမွာ ထိုသို႔ လြယ္ကူလွ်င္ ယခု ကပ္ေဘးႀကီးတြင္ ယြင္ခ်ဲ့ ဘုရင္ျဖစ္ေနမည္ ျဖစ္ၿပီး ဘဝသည္လည္း ပင္ပန္းခက္ခဲေတာ့မည္ မဟုတ္ေပ။
"ဘာလို႔မဟုတ္ရမွာလဲ တစ္ေယာက္ခ်င္းက ဂိမ္းေဆာ့တာမွ မဟုတ္တာ"
ေမာ့ဝမ္းယန္သည္ သူ၏စကားစစ္ထိုးျခင္း အေပၚ ယုံၾကည္မႈ မရွိေသာ္လည္း သူသည္ အရွက္မရွိေသာ ေမာ့ဝမ္းယန္ ျဖစ္ေသာေၾကာင့္ ဂ႐ုမစိုက္ေပ။
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ... ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားက ေတာ္ေတာ္ အရွက္မရွိတာပဲ အေကာင္းဆုံး ႀကိဳးစား ဟုတ္ၿပီလား ... ေရစြမ္းအားကို ဘယ္လို အသုံးခ်ရမလဲဆိုတဲ့ အေၾကာင္း ဘယ္သူ႕ကိုမွ မေျပာဘူးဆိုတဲ့ သေဘာတူညီခ်က္သာ မေမ့နဲ႕"
"စိတ္မပူနဲ႕ .. ေနပါဦး မင္းဘယ္သူ႕ကို အရွက္မရွိလို႔ ေခၚလိုက္တာလဲ"
မိတ္ေဆြေဟာင္းမ်ား ကဲ့သို႔ အခ်င္းခ်င္း က်ီစားေနၾကၿပီး သူတို႔၏ ယခုပုံစံကို ၾကည့္ကာ အစည္းအေဝး မတိုင္ခင္က ယြင္ခ်ဲ့ကို မေကာင္းဆိုးဝါး တစ္ေကာင္အလား ေမာ့ဝမ္းယန္ ေၾကာက္လန့္တၾကား ေရွာင္ေနခဲ့ၿပီး ေမာ့ဝမ္းယန္ႏွင့္ ယြင္ခ်ဲ့တို႔ သုံးႀကိမ္သာ ေတြ႕ဖူးသည္မွာ ယုံနိုင္ဖြယ္ရွိမည္ မဟုတ္ေပ။ အခ်ိဳ႕သူမ်ားမွာ သူငယ္ခ်င္းျဖစ္ရန္ ေရစက္ရွိၾကၿပီး သူတို႔သည္ သူငယ္ခ်င္းျဖစ္သည့္ပုံ မေပၚနိုင္ေသာ္လည္း အေရးႀကဳံ လာသည့္အခါ တစ္ဦးကိုတစ္ဦး အႂကြင္းမဲ့ ယုံၾကည္ၾကသည္။ ေမာ့ဝမ္းယန္ႏွင့္ ယြင္ခ်ဲ့သည္ ထိုကဲ့သို႔ေသာ သူငယ္ခ်င္းမ်ား ျဖစ္ေပသည္။
တစ္ဖက္တြင္ အျခားသူတို႔မွာ သူတို႔၏လႈပ္ရွားမႈတို႔ကို ျမင္ရေသာ္လည္း အသံကို မၾကားရသျဖင့္ အလြန္ရင္းႏွီးေသာ သူငယ္ခ်င္းေကာင္းမ်ား ျဖစ္မည္ဟု ေကာက္ခ်က္ ခ်လိဳက္ၾကသည္။ ထိုေကာက္ခ်က္ခ်မႈသည္ အစိုးရႏွင့္ အျခားစစ္တပ္ႏွစ္ခု၏ ကိုယ္စားလွယ္မ်ား အထူးသျဖင့္ ေမာ့ဝမ္းယန္ ႏွင့္ၿပိဳင္မည့္ ဝမ္ေကြာ္အန္းကို ေနမထိ ထိုင္မသာ ျဖစ္ေစသည္။
***