ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

425K 59.6K 297

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်

Part 119

1.5K 199 0
By Swae_Nyoe

Unicode
အခန်း (၁၁၉)

နောက်ကျမှ ရောက်လာသူများက စီစဉ်ဆောင်ရွက်သူနှင့် ဖိတ်ခေါ်သူများထက် ပို၍မှန်ကန်သာလွန် နေပုံပင်။ အစည်းအဝေး မစတင်မီ ကတည်းကပင် စစ်တပ်နှင့် အစိုးရမှာ တစ်မှတ်လျော့နည်း သွားလေပြီ။ ခန်းမထဲရှိ စွမ်းအားရှင်များ အားလုံး မိုက်ရူးရဲပြုကြသည် မဟုတ်သော်လည်း အလိုမကျပုံများဖြင့် ဝေဖန်သူများက အစည်းအဝေးမှာ အရေးတကြီး လုပ်ရန် မလိုကြောင်း တီးတိုး ပြောဆိုနေကြသည်။ အတော်ဆုံး အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့တို့ ရှိနေသဖြင့် စွမ်းအားရှင်များက စည်းကမ်းဖောက်ဖျက်ကြမည် မဟုတ်ပေ။

ရှင်းဖုန်း ထင်ထားသကဲ့သို့ ယွင်ချဲ့မှာ တာဝန်ရှိသူများ၏ အထင်ကြီး ခံရအောင် လုပ်ဆောင် သွားနိုင်ခဲ့သည်။ အစည်းအဝေး မှတစ်ဆင့် အကျိုးအမြတ် ရလာနိုင်သော မော့ဝမ်းယန် မှလွဲ၍ ကျန်သော စစ်တပ် ၂ ဖွဲ့နှင့် အစိုးရတို့က ယွင်ချဲ့ကို သတိကြီးစွာ စောင့်ကြည့် နေကြလေသည်။

ပြဿနာ စတင်ခဲ့သော ယွင်ချဲ့ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေပြီး သူ့ကိုအာရုံနေသော အကြည့်များကိုလည်း လျစ်လျူရှုကာ ရှင်းဖုန်းနှင့် တီးတိုးပြောလိုက်၊ တစ်ဖက်လှည့်ကာ အခြားအဖွဲ့ ခေါင်းဆောင်များနှင့် စကားပြောလိုက်ဖြင့် ယွင်ချဲ့မှာ အလွန်ကျော်ကြားနေပုံပင်။

"အားလုံးပဲ ကျေးဇူးပြုပြီး တိတ်နေပေးကြပါ"

၁ဝ နာရီပင် နီးကပ်လာပြီ ဖြစ်သောကြောင့် သနားစရာ ကျန်းဝမ်ရှန်က အစည်းအဝေး ပွဲအတွက် ကိုယ့်ကိုယ်ကို ပြန်လည် ချုပ်တီးလိုက်သည်။ လက်ကိုဝှေ့လျက် ခန်းမကို တိတ်ဆိတ်စေလိုက်ပြီး အများ၏ အာရုံ စိုက်ခံရပြီးနောက် လည်ချောင်း ရှင်းလိုက်သည်။

"အားလုံးကို ဒီနေ့ ဖိတ်ခေါ်လိုက်ရတာက စခန်းအတွက် ရေရှည် သက်ရောက်မှုရှိမယ့် အရေးကြီးကိစ္စတစ်ခု အတွက်ပါ .. စခန်းကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒုတိယ တံတိုင်းကလည်း ဝမ်အန်း ဆင်ခြေဖုံးက ရွာတွေနား ရောက်လာပြီ ဆိုတာကိုလည်း သိကြမယ်လို့ ယုံကြည်ပါတယ် ... လင်းကျန်းမြို့ရဲ့ ဝမ်အန်းပြည်နယ်ထဲက မြို့တွေရွာတွေကိုလည်း အုပ်ချုပ်နိုင်ခဲ့ပြီး မြေကွက် အများစုကလည်း ထွန်ယက် စိုက်ပျိုးလို့ရနေသေးတယ် ... တကယ်လို့ ကြာရှည် အသက်ရှင် နိုင်ခဲ့ကြတယ်ဆိုရင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းကြတာထက် အခြားပိုပြီး လိုအပ်လာနိုင်တာတွေ ရှိတယ် ... ဒါကြောင့် စခန်းရဲ့ တာဝန်ရှိသူတွေက အသစ်ချဲ့ထားတဲ့ မြေကွက်တွေမှာ လယ်ယာစိုက်ပျိုးဖို့ အတွက် ရေရှည်ငှားယမ်းဖို့ သဘောတူညီချက် ယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ် အချက်အလက်တွေကို ပြီးရင် ကြေညာပါ့မယ် ... အခုအရင်ဆုံး ကြုံရမယ့် ပြဿနာက လယ်ယာမြေစိုက်ပျိုးဖို့ အတွက် မျိုးစေ့ပျိုးပင်တွေကို ဘယ်ကရှာဖွေရမှာလဲ ဆိုတာပဲ ဒီအချက်ကို မဖြေရှင်းဘဲ စိုက်ပျိုးမယ် ဆိုတာတော့ မဖြစ်နိုင်ဘူးလေ ... ဒါက တောက်ပတဲ့ အနာဂတ်အတွက် စခန်းက ဘယ်လိုလုပ်ပေးတယ် ဆိုတာပါပဲ"

နိုင်ငံရေးသမားဖြစ်သည့် ကျန်းဝမ်ရှန်က လူအများ စိတ်ဝင်စားအောင် မည်သို့ပြုလုပ်ရမည်ကို သိပြီး အထွတ်အထိပ် အခြေအနေသို့ ရောက်လာသည့်အခါ ရုတ်တရက် စကားကို ရပ်လိုက်သဖြင့် စွမ်းအားရှင်များက စိုးရိမ် မျှော်လင့်တကြီးနှင့် သူ့ကို ကြည့်ကြလေသည်။ လယ်ယာလုပ်ရန်အတွက် စွမ်းအားရှိရန် မလိုပေ၊ ကျန်းမာသန်စွမ်းသော မည်သူမဆို လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်လိမ့်မည်။ အကယ်၍ အစိုးရက မိသားစုတိုင်းနှင့် လယ်ယာမြေများ စာချုပ်ချုပ်ဆို ငှားရမ်းနိုင်ခဲ့လျှင် မိသားစုများက အသီးအနှံများ စိုက်ပျိုးကာ စားနပ်ရိက္ခာအတွက် စီစဉ်နိုင်လိမ့်မည် ဖြစ်သောကြောင့် ထိုအစီအစဉ်မှာ အနာဂတ်အတွက် အဆင်ပြေနိုင်မည် ဖြစ်သည်။

"မျိုးစေ့တွေအကြောင်း မသိနိုင်ကြပေမယ့် တရုတ်နိုင်ငံရဲ့ ပြည်နယ်တွေ အားလုံးမှာ ရာသီဥတု ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် သိုလှောင်ရုံတွေရှိပြီး အဲဒီသိုလှောင်ရုံတွေမှာ မျိုးစေ့တွေ အများအပြား စုထားပါတယ် ... ပုံမှန်အနေနဲ့ ဒီလိုမျိုးစေ့သိုလှောင်ရုံက ပျိုးပင်သုတေသနအတွက် ဆိုပေမယ့် အခုလို ကပ်ဘေး ကြုံလာရတဲ့အခါ တရုတ်နိုင်ငံ အတွက် ခွန်အားတစ်ရပ်ပါပဲ"

လူအုပ်က စိတ်ဓါတ်မြင့်တက် သွားသော်လည်း စိတ်လျော့ လာသည်ကို မြင်လိုက်သဖြင့် ကျန်းဝမ်ရှန် အစား လင်းရှန့်က စကားကို အဆုံးသတ် ပြောပေးလိုက်သည်။ ထိုအခါ သူတို့အား ခေါ်ရသည့် အကြောင်းရင်းကို သိသွားကြသည်။ ကမ္ဘာပေါ်တွင် အလကားရသော အရာမရှိပေ။ လယ်မြေ ငှားရမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ခြင်း၏ အနောက်တွင် တင်းကျပ်သော စည်းကမ်း အချက်အလက် များစွာ ရှိတတ်သည်။ ထိုရာထူးမြင့် ပုဂ္ဂိုလ်များက အမျှော်အမြင်ကြီးကြောင်း သိထားကြသဖြင့် ယခုတစ်ခေါက်မှာ သူတို့တွေးတော နိုင်သည်ထက် ၁ဝ ဆမက ပို၍ အန္တရာယ်များ နိုင်ပေသည်။

"မျိုးစေ့ သိုလှောင်ရုံက နယ်မြို့မှာရှိတဲ့ ပြည်နယ်ပိုင် သုတေသန ကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ရှိတယ် ... အဲဒီကျောင်းက လုံခြုံရေးတွေ အားလုံး ဖုတ်ကောင် ဖြစ်သွားကြပြီလို့ ဒရုန်းတွေကနေ တစ်ဆင့် သတင်းရခဲ့တယ် .. ဒီလိုလူဉီးရေ ထူထပ်ပုံနဲ့ဆိုရင် စွမ်းအားမရှိတဲ့ စစ်သားတွေ အများအပြား စေလွှတ်လိုက်ရင် တာဝန်ပြီးမြောက်နိုင်ချေ နည်းတယ်။ အဲဒါကြောင့် ခန်းမထဲမှာ ရှိနေတဲ့ စွမ်းအားရှင်တွေရဲ့ အကူအညီ လိုအပ်တယ် ... စခန်းရဲ့ အကျိုးအတွက် စစ်တပ်နဲ့ အတူပူးပေါင်းပြီး စွမ်းအားရှင် ၁ဝဝကျော် ပါဝင်တဲ့အဖွဲ့ကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော်တို့ အတူတူ မျိုးစေ့တွေကို ဝေမျှကြတာပေါ့"

ထို့နောက် ဝမ်ကွော်အန်းလည်း ခန်းမထဲရှိ သူများ၏ မျက်နှာ အရိပ်အကဲတို့ကို သေချာကြည့်လိုက်သည်။ သန်မာခဲ့သူများက ဖုတ်ကောင် ဖြစ်သွားသည့်အခါ အကြမ်းကြုတ်ဆုံး အဖြစ် ပြောင်းလဲ သွားတတ်သည်ကို ကပ်ဘေး ဆိုက်ခဲ့သော နှစ်လအတွင်း သူတို့နားလည် သိရှိခဲ့ကြသည်။ မျိုးစေ့ သိုလှောင်ရုံမှ လုံခြုံရေးများမှာ သူတို့လူဖြစ်ခဲ့စဉ်က အလွန် ထူးချွန်သန်မာသူများ ဖြစ်ခဲ့ကြနိုင်သဖြင့် အခု ဖုတ်ကောင်အဖြစ်ပြောင်းလဲ သွားချိန်တွင် ပိုမိုဆိုးဝါးကြမည်မှာ အသေအချာပင်။ ထို့အပြင် တစ်ယောက်နှစ်ယောက် မကဘဲ ရာနှင့်ချီကာ ရှိနေသည်။ အဆင်မြင့် ဖုတ်ကောင် ၁ဝဝကျော်နှင့် မရေတွက်နိုင်သည့် အဆင့်နိမ့် ဖုတ်ကောင်များစွာတို့ကို ရင်ဆိုင်ရမည်ဆိုလျှင် အလွန်ကြောက်လန့်ဖွယ်ရာ ကောင်းလှပေသည်။ ထိုတာဝန်အတွက် စွမ်းအားရှင် အားလုံး သွားကြမည်ဆိုလျှင် အရေအတွက် လောက်ငှမည် မဟုတ်ပေ။ ဆိုးကျိုးများက အလွန် များပြားနေသဖြင့် မည်သူကမှ လက်ခံခြင်း၊ ငြင်းဆန်ခြင်း မရှိပေ။

စခန်း၏ ထိပ်တန်းအဖွဲ့ ဖြစ်ကြသော ထိပ်ဉီးနှင့် ချောင်ယန်းတို့မှာ စကားပြောလိုခြင်း အရိပ်အယောင် မရှိသော်လည်း လူအများက သူတို့ကို ကြည့်လိုက်သည့်အခါ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ဘာမှ မကြားလိုက်သကဲ့သို့ အရေးတကြီး စိတ်ဝင်စားပုံ မပေါ်ပေ။ လင်းရှန့်နှင့် ဝမ်ကွော်အန်းတို့က သူတို့ကိုကြည့်ကာ အတွေးများစွာ တွေးနေမိသည်။

"အားလုံးပဲ စိတ်အေးအေး ထားကြပါ ... ဒါက စစ်တပ်နှင့်ပြည်သူတို့ ပေါင်းစည်းဆောင်ရွက်ကြတဲ့ လုပ်ငန်း တစ်ရပ်ပဲလေ ... စွမ်းအားရှင်တွေ ကျွန်တော်တို့နဲ့ ပူးပေါင်း လိုက်မယ်ဆိုရင် စစ်တပ်က ဉီးဆောင် သွားပေးပါ့မယ်"

လင်းရှန့်နှင့် ဝမ်ကွော်အန်းတို့က လုံလောက်သည်တို့ကို ပြောခဲ့ပြီးသော်လည်း မော့ဝမ်းယန်က လေးနက်မှု နည်းသော အခြေအနေနှင့် ညှိနှိုင်းပြောဆို လိုက်သည်။ အစိုးရ၊ ကျန်သော စစ်တပ်၂ဖွဲ့နှင့် ခန်းမထဲရှိ သူများက သူ့ကိုမကြည်စွာ ကြည့်လိုက်ပြီး သော်လည်း အဆင်ပြေ ချောမွေ့ဟန်နှင့် မျက်လုံးများ လက်လာကြသည်။

"ဒီစကားမျိုး တော်တော် ရင်းနှီးနေသလိုပဲ"

အဟုတ်ပင်။ ထုံယန်း မြို့သို့တာဝန်နှင့် သွားရန်အတွက် စွမ်းအားရှင်များ အဖွဲ့မှ မိတ်ဖက်များကို ယွင်ချဲ့ ရှာဖွေခဲ့စဉ်က ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။ အကျိုးရလဒ် အနေနှင့် အတူလိုက်ပါခဲ့သော အရှုံးသမား အဖွဲ့မှာ များစွာ အောင်မြင်ခဲ့ကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်သည်။ သို့သော် ပြဿနာမှာ ထိုကတိစကားကို ယွင်ချဲ့ နှုတ်မှ ပြောဆိုခြင်း မဟုတ်သဖြင့် ရောက်လာသူများက မသေချာ မရေရာဖြစ်နေကြလေသည်။ အမှန်ဆိုရလျှင် စွမ်းအားရှင်များက စစ်တပ်နှင့် ပူးပေါင်းရခြင်းထက် အလားအလာ ပိုကောင်းသော ရှင်းဖုန်း၊ ယွင်ချဲ့ တို့နှင့် ပေါင်းစည်း လုပ်ဆောင်ရသည်ကို ပို၍ယုံကြည် စိတ်ချကြသည်။

စွမ်းအားများလည်း ကြံရာမရတော့သကဲ့သို့ ယွင်ချဲ့ကိုသာ ကြည့်နေကြသဖြင့် အများက အာရုံစိုက်နေကြသဖြင့် ယွင်ချဲ့လည်း စိတ်လှုပ်ရှားသွားကာ အော်ပြောလိုက်သည်။

"ဘာလဲ ဘာလို့ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ .. ကျွန်တော် ဘာမှ မလုပ်ထားဘူးလေ"

ယွင်ချဲ့ အော်ပြော လိုက်သည်ကို စွမ်းအားရှင်များကလည်း မေးခွန်း တစ်ခုကိုတည်းသာ တွေးမိသွားကြသည်။

'ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ'

လူအများက ယွင်ချဲ့ကို မေးလိုက်ချင်သော်လည်း သူတို့၏ပါးစပ်ကို ပိတ်ထားရန်သာ ရွေးချယ် လိုက်ကြသည်။ စစ်တပ် ၂ ဖွဲ့နှင့် အစိုးရမှာ သူတို့၏ သင်ခန်းစာများကို လုံလောက်စွာ သိသွားကြချိန် စွမ်းအားရှင်များက ယွင်ချဲ့မှာ လုပ်ပိုင်ခွင့် ကြီးမားသဖြင့် သူလိုချင်ရာ လုပ်နိုင်ကြောင်း သိထားကြသည်။ အထူးသဖြင့် ယွင်ချဲ့က စွမ်းအားရှင်များ အဖွဲ့အစည်းကို ကိုယ်စားပြုသကဲ့သို့ ဖြစ်နေပြီး သူလုပ်သမျှ ပြောသမျှတို့မှာ တာဝန်ရှိသူများနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေတတ်သည်။ စွမ်းအားရှင်များ အဖွဲ့အစည်းအနေနှင့် သူတို့အတွက် စကားပြောပေးသော ယွင်ချဲ့ကို ကျေးဇူးတင်သင့်သည်။

ခန်းမမှာ တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်ကြသဖြင့် ယွင်ချဲ့ နှုတ်ခမ်းစူလျက် ပြန်ထိုင်လိုက်သည်။ ယွင်ချဲ့က တိတ်ဆိတ်နေရန် တွေးလိုက်သော်လည်း ရှင်းဖုန်းက သူ၏လက်ဆစ်နှင့် စားပွဲကို စည်းချက်ကျကျ ခေါက်ကာ မေးလိုက်သည်။

"စစ်တပ်က ဘယ်နှယောက် လွှတ်ပေးမှာလဲ .. သူတို့က ဘယ်လို အစွမ်းတွေရှိလဲ .. ခင်ဗျားတို့ရဲ့ အစီအစဉ်က ဘယ်လိုလဲ ... ကျွန်တော်တို့ရဲ့ စခန်းကနေ နယ်မြို့က ကျောင်းကိုရောက်အောင် လမ်းညွှန် ပေးနိုင်မယ့် အသေးစိတ်ကျတဲ့ မြေပုံနဲ့ အဲဒီကျောင်းရဲ့ အတွင်းအပြင် မြေပုံရယ် ဖြစ်နိုင်ရင် မြေအောက်ခန်း ပုံစံကိုလည်း ပေးလိုက်လို့ရမလား"

ရှင်းဖုန်း၏ မေးခွန်းများက ခန်းမတွင်းရှိ လူတို့၏ စိတ်ပါဝင်စားမှုနှင့် လုံခြုံရေးအတွက် တွေးပေးကြောင်း သိသာသည်။ စွမ်းအားရှင်များကလည်း တစ်ပြိုင်တည်း ဆိုသလို စစ်တပ် ကိုယ်စားလှယ်များကို လှည့်ကြည့် လိုက်ကြသည်။

"လိုအပ်တဲ့ မြေပုံတွေကို ထောက်ပံ့ပေးပါ့မယ် စစ်တပ် တစ်ဖွဲ့စီကလည်း စွမ်းအားရှိတဲ့ စစ်သားအရေအတွက် ၁ဝဝ စီ လွှတ်ပေးလိုက်မယ် ... သူတို့ရဲ့စွမ်းအားတွေကို ထုတ်ဖော်တာက စစ်တပ်ရဲ့ တားမြစ်ချက်တစ်ခု ဖြစ်နေတော့ ငါမပြောပြနိုင်တာ အားနာပါတယ်"

လင်းရှန့်လည်း ရှင်းဖုန်းကို သာမန်လူတစ်ယောက်ကို ပြောဆိုသကဲ့သို့ ယဉ်ကျေးမှုနှင့် ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်သည်။

သို့သော် ရှင်းဖုန်းက သာမန်လူတစ်ယောက် မဟုတ်သဖြင့် သူ့ကို အလွယ်တကူ လှည့်စား၍မရပေ။ ရှင်းဖုန်းက မည်မျှ အင်အားကြီးသည်ကို လင်းရှန့် မေ့သွားခြင်းလား၊ သို့မဟုတ် ရှင်းဖုန်းကို သူဂရုမစိုက်ခြင်းလား။

"ဒါဆို ကျွန်တော်တို့ ဆက်ပြောစရာ မလိုတော့ဘူး ... ကျွန်တော်တို့အတွက် သတင်းအချက်အလက် မရှိဘူးဆိုတော့ ဒီပေါင်းစည်းမှုကနေ ချောင်ယန်း အဖွဲ့ နုတ်ထွက်ပါတယ်"

ရှင်းဖုန်း စားပွဲကိုတွန်းကာ ထလိုက်သဖြင့် သူ၏ထိုင်ခုံက အနောက်သို့ အရှိန်နှင့် ရွေ့သွားလေသည်။ ထိုသို့ မာန်အပြည့်နှင့် ရှင်းဖုန်း ထရပ်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့သဖြင့် ခန်းမတစ်ခုလုံး ဘာလုပ်ရမှန်းမသိ ရှင်းဖုန်းကို ကြောင်အမ်း ကြည့်နေကြချိန် ယွင်ချဲ့လည်း ဖြည်းသက်သက်နှင့် ထရပ်ကာ ကြေညာလိုက်သည်။

"စစ်တပ်က ရိုးသားမှုကို မပြမှတော့ အခုဆွေးနွေးတာလည်း အချိန်ဖြုန်းတာပဲရှိတယ် .. ထိပ်ဉီးအဖွဲ့လည်း ထွက်တယ်"

ယွင်ချဲ့ ပြောပြီးနောက် ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့လည်း မတ်တပ်ရပ်ကာ ခေါင်းညိတ် လိုက်သည်။ အခြားသော စွမ်းအားများ အားလုံး မတ်တပ်ရပ်ကုန်ကာ သူတို့ကို စိုက်ကြည့် နေကြသည်။ ဘယ်သူကများ သူတို့လို စိတ်ဓါတ်ခိုင်မာပြီး မာကျော သန်မာခြင်းကို မလိုချင်ရမှာလဲ။ သို့သော် သူတို့က လုံလောက်စွာ သန်မာခြင်း မရှိကြပေ။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ မရှိလျှင် ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။ သူတို့အဖွဲ့က စခန်း၏ ကာကွယ်မှု မပါဘဲနှင့် ကောင်းမွန်စွာ ရင်ဆိုင်နိုင်ကြသည်။ သို့သော် အခြားသော အဖွဲ့များမှာ အခြေအနေ ကွဲပြားပြီး တာဝန်ယူ ဂရုစိုက် စောင့်ရှောက်ရမည့် မိသားစုဝင် များစွာရှိကြပြီး အချို့မှာ ဝမ်းတစ်ထွာ စားရရုံလေးအတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အကျိုးအမြတ် အနည်းငယ်ရခဲ့သော အခါများတွင် အငြင်းပွားရခြင်း ရှိသော်လည်း စခန်းမှ ချမှတ်သည့် အရေးကြီးသော စည်းကမ်းချက်များကို မဆန့်ကျင်ရဲကြပေ။

သို့သော် ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ နုတ်ထွက်သွားလျှင် အသက်ရှင်နိုင်ချေရှိနေသေးသော အခွင့်အရေးက လုံးဝပင် ပျောက်ဆုံး သွားလိမ့်မည်။ စစ်တပ်ကို ငြင်းဆန်နိုင်ရန် အတင့်မရဲကြသော်လည်း ချောင်ယန်း၊ ထိပ်ဉီးအဖွဲ့တို့နှင့် ဘယ်သူက မပူးပေါင်းချင်ရမှာလဲ။

ရှက်ကိုးရှက်ကန်း ဖြစ်သွားရသော လင်းရှန့်က မျက်နှာရဲလာပြီး အံကိုတင်းစွာ ကြိတ်ထားလိုက်သည်။ သူတုံ့ပြန်နိုင်ခြင်း မရှိသော ရန်ပွဲတွင် မျက်နှာကို ထိုးနှက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ အခြားသော အဖွဲ့များ စိုးရိမ်နေကြသကဲ့သို့ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ မပါလျှင် ထိုပူးပေါင်း ဆောင်ရွက်ခြင်းက ၉ဝ ရာခိုင်နှုန်း အရှုံးဖြစ်နေပြီး ဒဏ်ရာရသူလည်း အလွန်များပြား သွားလိမ့်မည်။ သူတို့၏ အစီအစဉ်အမှန်မှာ ယခုလုပ်ဆောင်မှုကို အခွင့်ယူ၍ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့၏ အဓိက ထောက်တိုင်များကို စခန်းအပြင်သို့ ထွက်သွားစေရန် ဖြစ်သည်။ ချောင်ယန်းနှင့် ထိပ်ဉီးက နှုတ်ထွက်မည်ဆိုလျှင် သူတို့၏ အစီအစဉ်က ဖြစ်မြောက်လာတော့မည် မဟုတ်ပေ။

"စိတ်အေးအေး ထားပါဉီး ... ဗိုလ်ချုပ်လင်းက ဝေ့ တပ်ဖွဲ့ကိုယ်စား ပြောပေးရတာဆိုတော့ သူတို့က တချို့အကြောင်းတွေကို လျှို့ဝှက်ထားရတာ နှစ်ခြိုက်တယ်လေ ဒါပေမယ့် ကျုပ်မပါဘူး .. စွမ်းအားရှိစစ်သားတွေ ဘာအစွမ်းအစ ရှိတယ်ဆိုတာ သိချင်ကြတယ်မလား .. ကျုပ် မော့ တပ်ဖွဲ့က စစ်သားတွေရဲ့ စွမ်းအားတွေ အကြောင်း တစ်ယောက်ချင်းစီအတွက် စာရွက်တွေ ပွားလာခဲ့မယ် အိုကေ ? အရေးတကြီးမှ မဟုတ်တာ စိတ်လျော့ကြပါနော်"

အခြေအနေကို ကျန်းဝမ်ရှန် မည်သို့ ကိုင်တွယ်ရမည်ကို မသိဖြစ်နေချိန် မော့ဝမ်းယန်က ထရပ်ကာ ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့ကို တားလိုက်သည်။ မည်သည့် စစ်တပ်ကို ကိုယ်စားပြု ပြောဆိုခြင်း ဖြစ်နေပါစေ စွမ်းအားရှင်များ အာရုံမစိုက်ပေ။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ လက်ခံမခံကိုသာ သူတို့သိချင်ကြသည်။

"ဟုတ်တယ်... ခေါင်းဆောင် ယွင် ခေါင်းဆောင် ရှင်း .. အေးဆေး ပြောကြရအောင်"

အစီအစဉ်ကို ဖြစ်မြောက် အောင်မြင်စေလိုသော ဝမ်ကွော်အန်းက မသတီသော အပြုံးနှင့် ထရပ်ကာ ပြောလိုက်သော်လည်း စိတ်ထဲတွင် ကျိန်ဆဲနေသည်။

"ခေါင်းဆောင်ရှင်း .. ခေါင်းဆောင်ယွင် .. ဗိုလ်ချုပ်လင်းက အကြောင်းရာကို ပြောပြရုံလေးပါ ... အခုတော့ ကျုပ်တို့ ဆွေးနွေးနေကြတုန်းမလား တကယ်လို့ အခြား ထင်မြင်ချက်ရှိရင် ပြောပါ ကိုယ့်ပြည်သူတွေရဲ့ လုံခြုံရေးကို မသိတဲ့သူတွေမှ မဟုတ်တာ .. မှန်တယ်မလား ဗိုလ်ချုပ် လင်း"

အခြေအနေကို ပြန်လည် တည်ငြိမ်သွားစေရန် ကျန်းဝမ်ရှန်က ဝင်ပြောပေးလိုက်သည်။ လင်းရှန့် ကလည်း မတ်တပ်ရပ်ကာ ပြုံးလိုက်ပြီး ...

"ဟုတ်ပါတယ် ခေါင်းဆောင် ရှင်း ... ကျွန်တော်ပြောတာက တာဝန်လုပ်ဆောင်ချက်အရ စစ်သားတွေရဲ့ စွမ်းအားတွေကို ခွဲခြားလေ့လာ သိမ်းဆည်း ထားတာလို့ ဆိုလိုတာပါ ... ဒါပေမယ့် အထူးကိစ္စရပ်တွေ အတွက် တာဝန်ပြီးမြောက် အောင်မြင်ရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဆိုရင် သိမ်းဆည်းထားတဲ့ စွမ်းအားတွေကို ထုတ်ဖော်ဖို့ လိုအပ်တာပဲမလား ... စကား ရှင်းရှင်းလင်းလင်း မပြောမိတာကို တောင်းပန်ပါတယ်"

လင်းရှန့်က အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေစွာ နေတတ်သူဖြစ်သည့် အလျောက် ကျန်းဝမ်ရှန်က လမ်းကြောင်း စပေးလိုက်သဖြင့် လူအများရှေ့တွင် ရှင်းဖုန်းကို လင်းရှန့် တောင်းပန် လိုက်သည်။ အကယ်၍ ရှင်းဖုန်းက ဆက်လက် ငြင်းဆန်နေမည် ဆိုလျှင် ကျိုးကြောင်း မဆီလျော်သူက သူဖြစ်သွားလိမ့်မည်။ လင်းရှန့်၏ နည်းပရိယာယ် တစ်ခုဖြစ်ပြီး ဝေ့ တပ်ဖွဲ့ကိုယ်စားလှယ်က တောင်းပန်လိုက်သဖြင့် ရှင်းဖုန်းက သူ၏တောင်းပန်မှုကို လက်ခံလိုက်ရသည်။
***

Zawgyi

အခန္း (၁၁၉)

ေနာက္က်မွ ေရာက္လာသူမ်ားက စီစဥ္ေဆာင္႐ြက္သူႏွင့္ ဖိတ္ေခၚသူမ်ားထက္ ပို၍မွန္ကန္သာလြန္ ေနပုံပင္။ အစည္းအေဝး မစတင္မီ ကတည္းကပင္ စစ္တပ္ႏွင့္ အစိုးရမွာ တစ္မွတ္ေလ်ာ့နည္း သြားေလၿပီ။ ခန္းမထဲရွိ စြမ္းအားရွင္မ်ား အားလုံး မိုက္႐ူးရဲျပဳၾကသည္ မဟုတ္ေသာ္လည္း အလိုမက်ပဳံမ်ားျဖင့္ ေဝဖန္သူမ်ားက အစည္းအေဝးမွာ အေရးတႀကီး လုပ္ရန္ မလိုေၾကာင္း တီးတိုး ေျပာဆိုေနၾကသည္။ အေတာ္ဆုံး အဖြဲ႕ ၂ ဖြဲ႕ျဖစ္သည့္ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီး အဖြဲ႕တို႔ ရွိေနသျဖင့္ စြမ္းအားရွင္မ်ားက စည္းကမ္းေဖာက္ဖ်က္ၾကမည္ မဟုတ္ေပ။

ရွင္းဖုန္း ထင္ထားသကဲ့သို႔ ယြင္ခ်ဲ့မွာ တာဝန္ရွိသူမ်ား၏ အထင္ႀကီး ခံရေအာင္ လုပ္ေဆာင္ သြားနိုင္ခဲ့သည္။ အစည္းအေဝး မွတစ္ဆင့္ အက်ိဳးအျမတ္ ရလာနိုင္ေသာ ေမာ့ဝမ္းယန္ မွလြဲ၍ က်န္ေသာ စစ္တပ္ ၂ ဖြဲ႕ႏွင့္ အစိုးရတို႔က ယြင္ခ်ဲ့ကို သတိႀကီးစြာ ေစာင့္ၾကည့္ ေနၾကေလသည္။

ျပႆနာ စတင္ခဲ့ေသာ ယြင္ခ်ဲ့ ဘာမွမျဖစ္သကဲ့သို႔ ျပဳမူေနၿပီး သူ႕ကိုအာ႐ုံေနေသာ အၾကည့္မ်ားကိုလည္း လ်စ္လ်ဴရႈကာ ရွင္းဖုန္းႏွင့္ တီးတိုးေျပာလိုက္၊ တစ္ဖက္လွည့္ကာ အျခားအဖြဲ႕ ေခါင္းေဆာင္မ်ားႏွင့္ စကားေျပာလိုက္ျဖင့္ ယြင္ခ်ဲ့မွာ အလြန္ေက်ာ္ၾကားေနပုံပင္။

"အားလုံးပဲ ေက်းဇူးျပဳၿပီး တိတ္ေနေပးၾကပါ"

၁ဝ နာရီပင္ နီးကပ္လာၿပီ ျဖစ္ေသာေၾကာင့္ သနားစရာ က်န္းဝမ္ရွန္က အစည္းအေဝး ပြဲအတြက္ ကိုယ့္ကိုယ္ကို ျပန္လည္ ခ်ဳပ္တီးလိုက္သည္။ လက္ကိုေဝွ႕လ်က္ ခန္းမကို တိတ္ဆိတ္ေစလိုက္ၿပီး အမ်ား၏ အာ႐ုံ စိုက္ခံရၿပီးေနာက္ လည္ေခ်ာင္း ရွင္းလိုက္သည္။

"အားလုံးကို ဒီေန႕ ဖိတ္ေခၚလိုက္ရတာက စခန္းအတြက္ ေရရွည္ သက္ေရာက္မႈရွိမယ့္ အေရးႀကီးကိစၥတစ္ခု အတြက္ပါ .. စခန္းကလည္း တျဖည္းျဖည္း က်ယ္ျပန့္လာၿပီး ဒုတိယ တံတိုင္းကလည္း ဝမ္အန္း ဆင္ေျခဖုံးက ႐ြာေတြနား ေရာက္လာၿပီ ဆိုတာကိုလည္း သိၾကမယ္လို႔ ယုံၾကည္ပါတယ္ ... လင္းက်န္းၿမိဳ႕ရဲ႕ ဝမ္အန္းျပည္နယ္ထဲက ၿမိဳ႕ေတြ႐ြာေတြကိုလည္း အုပ္ခ်ဳပ္နိုင္ခဲ့ၿပီး ေျမကြက္ အမ်ားစုကလည္း ထြန္ယက္ စိုက္ပ်ိဳးလို႔ရေနေသးတယ္ ... တကယ္လို႔ ၾကာရွည္ အသက္ရွင္ နိုင္ခဲ့ၾကတယ္ဆိုရင္ လိုအပ္တဲ့ စားနပ္ရိကၡာေတြ စုေဆာင္းၾကတာထက္ အျခားပိုၿပီး လိုအပ္လာနိုင္တာေတြ ရွိတယ္ ... ဒါေၾကာင့္ စခန္းရဲ႕ တာဝန္ရွိသူေတြက အသစ္ခ်ဲ့ထားတဲ့ ေျမကြက္ေတြမွာ လယ္ယာစိုက္ပ်ိဳးဖို႔ အတြက္ ေရရွည္ငွားယမ္းဖို႔ သေဘာတူညီခ်က္ ယူမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ၾကတယ္ အခ်က္အလက္ေတြကို ၿပီးရင္ ေၾကညာပါ့မယ္ ... အခုအရင္ဆုံး ႀကဳံရမယ့္ ျပႆနာက လယ္ယာေျမစိုက္ပ်ိဳးဖို႔ အတြက္ မ်ိဳးေစ့ပ်ိဳးပင္ေတြကို ဘယ္ကရွာေဖြရမွာလဲ ဆိုတာပဲ ဒီအခ်က္ကို မေျဖရွင္းဘဲ စိုက္ပ်ိဳးမယ္ ဆိုတာေတာ့ မျဖစ္နိုင္ဘူးေလ ... ဒါက ေတာက္ပတဲ့ အနာဂတ္အတြက္ စခန္းက ဘယ္လိုလုပ္ေပးတယ္ ဆိုတာပါပဲ"

နိုင္ငံေရးသမားျဖစ္သည့္ က်န္းဝမ္ရွန္က လူအမ်ား စိတ္ဝင္စားေအာင္ မည္သို႔ျပဳလုပ္ရမည္ကို သိၿပီး အထြတ္အထိပ္ အေျခအေနသို႔ ေရာက္လာသည့္အခါ ႐ုတ္တရက္ စကားကို ရပ္လိုက္သျဖင့္ စြမ္းအားရွင္မ်ားက စိုးရိမ္ ေမွ်ာ္လင့္တႀကီးႏွင့္ သူ႕ကို ၾကည့္ၾကေလသည္။ လယ္ယာလုပ္ရန္အတြက္ စြမ္းအားရွိရန္ မလိုေပ၊ က်န္းမာသန္စြမ္းေသာ မည္သူမဆို လယ္ယာလုပ္ငန္းကို လုပ္ကိုင္နိုင္လိမ့္မည္။ အကယ္၍ အစိုးရက မိသားစုတိုင္းႏွင့္ လယ္ယာေျမမ်ား စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းနိုင္ခဲ့လွ်င္ မိသားစုမ်ားက အသီးအႏွံမ်ား စိုက္ပ်ိဳးကာ စားနပ္ရိကၡာအတြက္ စီစဥ္နိုင္လိမ့္မည္ ျဖစ္ေသာေၾကာင့္ ထိုအစီအစဥ္မွာ အနာဂတ္အတြက္ အဆင္ေျပနိုင္မည္ ျဖစ္သည္။

"မ်ိဳးေစ့ေတြအေၾကာင္း မသိနိုင္ၾကေပမယ့္ တ႐ုတ္နိုင္ငံရဲ႕ ျပည္နယ္ေတြ အားလုံးမွာ ရာသီဥတု ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရး အတြက္ သိုေလွာင္႐ုံေတြရွိၿပီး အဲဒီသိုေလွာင္႐ုံေတြမွာ မ်ိဳးေစ့ေတြ အမ်ားအျပား စုထားပါတယ္ ... ပုံမွန္အေနနဲ႕ ဒီလိုမ်ိဳးေစ့သိုေလွာင္႐ုံက ပ်ိဳးပင္သုေတသနအတြက္ ဆိုေပမယ့္ အခုလို ကပ္ေဘး ႀကဳံလာရတဲ့အခါ တ႐ုတ္နိုင္ငံ အတြက္ ခြန္အားတစ္ရပ္ပါပဲ"

လူအုပ္က စိတ္ဓါတ္ျမင့္တက္ သြားေသာ္လည္း စိတ္ေလ်ာ့ လာသည္ကို ျမင္လိုက္သျဖင့္ က်န္းဝမ္ရွန္ အစား လင္းရွန့္က စကားကို အဆုံးသတ္ ေျပာေပးလိုက္သည္။ ထိုအခါ သူတို႔အား ေခၚရသည့္ အေၾကာင္းရင္းကို သိသြားၾကသည္။ ကမာၻေပၚတြင္ အလကားရေသာ အရာမရွိေပ။ လယ္ေျမ ငွားရမ္းျခင္းႏွင့္ မ်ိဳးေစ့ေပးအပ္ျခင္း၏ အေနာက္တြင္ တင္းက်ပ္ေသာ စည္းကမ္း အခ်က္အလက္ မ်ားစြာ ရွိတတ္သည္။ ထိုရာထူးျမင့္ ပုဂၢိဳလ္မ်ားက အေမွ်ာ္အျမင္ႀကီးေၾကာင္း သိထားၾကသျဖင့္ ယခုတစ္ေခါက္မွာ သူတို႔ေတြးေတာ နိုင္သည္ထက္ ၁ဝ ဆမက ပို၍ အႏၲရာယ္မ်ား နိုင္ေပသည္။

"မ်ိဳးေစ့ သိုေလွာင္႐ုံက နယ္ၿမိဳ႕မွာရွိတဲ့ ျပည္နယ္ပိုင္ သုေတသန ေက်ာင္းရဲ႕ ေျမေအာက္ခန္းထဲမွာ ရွိတယ္ ... အဲဒီေက်ာင္းက လုံၿခဳံေရးေတြ အားလုံး ဖုတ္ေကာင္ ျဖစ္သြားၾကၿပီလို႔ ဒ႐ုန္းေတြကေန တစ္ဆင့္ သတင္းရခဲ့တယ္ .. ဒီလိုလူဉီးေရ ထူထပ္ပုံနဲ႕ဆိုရင္ စြမ္းအားမရွိတဲ့ စစ္သားေတြ အမ်ားအျပား ေစလႊတ္လိုက္ရင္ တာဝန္ၿပီးေျမာက္နိုင္ေခ် နည္းတယ္။ အဲဒါေၾကာင့္ ခန္းမထဲမွာ ရွိေနတဲ့ စြမ္းအားရွင္ေတြရဲ႕ အကူအညီ လိုအပ္တယ္ ... စခန္းရဲ႕ အက်ိဳးအတြက္ စစ္တပ္နဲ႕ အတူပူးေပါင္းၿပီး စြမ္းအားရွင္ ၁ဝဝေက်ာ္ ပါဝင္တဲ့အဖြဲ႕ကို ေ႐ြးခ်ယ္နိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ .. ကြၽန္ေတာ္တို႔ အတူတူ မ်ိဳးေစ့ေတြကို ေဝမွ်ၾကတာေပါ့"

ထို႔ေနာက္ ဝမ္ေကြာ္အန္းလည္း ခန္းမထဲရွိ သူမ်ား၏ မ်က္ႏွာ အရိပ္အကဲတို႔ကို ေသခ်ာၾကည့္လိုက္သည္။ သန္မာခဲ့သူမ်ားက ဖုတ္ေကာင္ ျဖစ္သြားသည့္အခါ အၾကမ္းၾကဳတ္ဆုံး အျဖစ္ ေျပာင္းလဲ သြားတတ္သည္ကို ကပ္ေဘး ဆိုက္ခဲ့ေသာ ႏွစ္လအတြင္း သူတို႔နားလည္ သိရွိခဲ့ၾကသည္။ မ်ိဳးေစ့ သိုေလွာင္႐ုံမွ လုံၿခဳံေရးမ်ားမွာ သူတို႔လူျဖစ္ခဲ့စဥ္က အလြန္ ထူးခြၽန္သန္မာသူမ်ား ျဖစ္ခဲ့ၾကနိုင္သျဖင့္ အခု ဖုတ္ေကာင္အျဖစ္ေျပာင္းလဲ သြားခ်ိန္တြင္ ပိုမိုဆိုးဝါးၾကမည္မွာ အေသအခ်ာပင္။ ထို႔အျပင္ တစ္ေယာက္ႏွစ္ေယာက္ မကဘဲ ရာႏွင့္ခ်ီကာ ရွိေနသည္။ အဆင္ျမင့္ ဖုတ္ေကာင္ ၁ဝဝေက်ာ္ႏွင့္ မေရတြက္နိုင္သည့္ အဆင့္နိမ့္ ဖုတ္ေကာင္မ်ားစြာတို႔ကို ရင္ဆိုင္ရမည္ဆိုလွ်င္ အလြန္ေၾကာက္လန့္ဖြယ္ရာ ေကာင္းလွေပသည္။ ထိုတာဝန္အတြက္ စြမ္းအားရွင္ အားလုံး သြားၾကမည္ဆိုလွ်င္ အေရအတြက္ ေလာက္ငွမည္ မဟုတ္ေပ။ ဆိုးက်ိဳးမ်ားက အလြန္ မ်ားျပားေနသျဖင့္ မည္သူကမွ လက္ခံျခင္း၊ ျငင္းဆန္ျခင္း မရွိေပ။

စခန္း၏ ထိပ္တန္းအဖြဲ႕ ျဖစ္ၾကေသာ ထိပ္ဉီးႏွင့္ ေခ်ာင္ယန္းတို႔မွာ စကားေျပာလိုျခင္း အရိပ္အေယာင္ မရွိေသာ္လည္း လူအမ်ားက သူတို႔ကို ၾကည့္လိုက္သည့္အခါ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔က ဘာမွ မၾကားလိုက္သကဲ့သို႔ အေရးတႀကီး စိတ္ဝင္စားပုံ မေပၚေပ။ လင္းရွန့္ႏွင့္ ဝမ္ေကြာ္အန္းတို႔က သူတို႔ကိုၾကည့္ကာ အေတြးမ်ားစြာ ေတြးေနမိသည္။

"အားလုံးပဲ စိတ္ေအးေအး ထားၾကပါ ... ဒါက စစ္တပ္ႏွင့္ျပည္သူတို႔ ေပါင္းစည္းေဆာင္႐ြက္ၾကတဲ့ လုပ္ငန္း တစ္ရပ္ပဲေလ ... စြမ္းအားရွင္ေတြ ကြၽန္ေတာ္တို႔နဲ႕ ပူးေပါင္း လိုက္မယ္ဆိုရင္ စစ္တပ္က ဉီးေဆာင္ သြားေပးပါ့မယ္"

လင္းရွန့္ႏွင့္ ဝမ္ေကြာ္အန္းတို႔က လုံေလာက္သည္တို႔ကို ေျပာခဲ့ၿပီးေသာ္လည္း ေမာ့ဝမ္းယန္က ေလးနက္မႈ နည္းေသာ အေျခအေနႏွင့္ ညွိႏွိုင္းေျပာဆို လိုက္သည္။ အစိုးရ၊ က်န္ေသာ စစ္တပ္၂ဖြဲ႕ႏွင့္ ခန္းမထဲရွိ သူမ်ားက သူ႕ကိုမၾကည္စြာ ၾကည့္လိုက္ၿပီး ေသာ္လည္း အဆင္ေျပ ေခ်ာေမြ႕ဟန္ႏွင့္ မ်က္လုံးမ်ား လက္လာၾကသည္။

"ဒီစကားမ်ိဳး ေတာ္ေတာ္ ရင္းႏွီးေနသလိုပဲ"

အဟုတ္ပင္။ ထုံယန္း ၿမိဳ႕သို႔တာဝန္ႏွင့္ သြားရန္အတြက္ စြမ္းအားရွင္မ်ား အဖြဲ႕မွ မိတ္ဖက္မ်ားကို ယြင္ခ်ဲ့ ရွာေဖြခဲ့စဥ္က ထိုသို႔ေျပာခဲ့ျခင္း ျဖစ္သည္။ အက်ိဳးရလဒ္ အေနႏွင့္ အတူလိုက္ပါခဲ့ေသာ အရႈံးသမား အဖြဲ႕မွာ မ်ားစြာ ေအာင္ျမင္ခဲ့ေၾကာင္း သက္ေသျပခဲ့ၾကၿပီး ျဖစ္သည္။ သို႔ေသာ္ ျပႆနာမွာ ထိုကတိစကားကို ယြင္ခ်ဲ့ ႏႈတ္မွ ေျပာဆိုျခင္း မဟုတ္သျဖင့္ ေရာက္လာသူမ်ားက မေသခ်ာ မေရရာျဖစ္ေနၾကေလသည္။ အမွန္ဆိုရလွ်င္ စြမ္းအားရွင္မ်ားက စစ္တပ္ႏွင့္ ပူးေပါင္းရျခင္းထက္ အလားအလာ ပိုေကာင္းေသာ ရွင္းဖုန္း၊ ယြင္ခ်ဲ့ တို႔ႏွင့္ ေပါင္းစည္း လုပ္ေဆာင္ရသည္ကို ပို၍ယုံၾကည္ စိတ္ခ်ၾကသည္။

စြမ္းအားမ်ားလည္း ႀကံရာမရေတာ့သကဲ့သို႔ ယြင္ခ်ဲ့ကိုသာ ၾကည့္ေနၾကသျဖင့္ အမ်ားက အာ႐ုံစိုက္ေနၾကသျဖင့္ ယြင္ခ်ဲ့လည္း စိတ္လႈပ္ရွားသြားကာ ေအာ္ေျပာလိုက္သည္။

"ဘာလဲ ဘာလို႔ ကြၽန္ေတာ့္ကို ဝိုင္းၾကည့္ေနၾကတာလဲ .. ကြၽန္ေတာ္ ဘာမွ မလုပ္ထားဘူးေလ"

ယြင္ခ်ဲ့ ေအာ္ေျပာ လိုက္သည္ကို စြမ္းအားရွင္မ်ားကလည္း ေမးခြန္း တစ္ခုကိုတည္းသာ ေတြးမိသြားၾကသည္။

'ဒါဆို မင္းက ဘာလုပ္ခ်င္လို႔လဲ'

လူအမ်ားက ယြင္ခ်ဲ့ကို ေမးလိုက္ခ်င္ေသာ္လည္း သူတို႔၏ပါးစပ္ကို ပိတ္ထားရန္သာ ေ႐ြးခ်ယ္ လိုက္ၾကသည္။ စစ္တပ္ ၂ ဖြဲ႕ႏွင့္ အစိုးရမွာ သူတို႔၏ သင္ခန္းစာမ်ားကို လုံေလာက္စြာ သိသြားၾကခ်ိန္ စြမ္းအားရွင္မ်ားက ယြင္ခ်ဲ့မွာ လုပ္ပိုင္ခြင့္ ႀကီးမားသျဖင့္ သူလိုခ်င္ရာ လုပ္နိုင္ေၾကာင္း သိထားၾကသည္။ အထူးသျဖင့္ ယြင္ခ်ဲ့က စြမ္းအားရွင္မ်ား အဖြဲ႕အစည္းကို ကိုယ္စားျပဳသကဲ့သို႔ ျဖစ္ေနၿပီး သူလုပ္သမွ် ေျပာသမွ်တို႔မွာ တာဝန္ရွိသူမ်ားႏွင့္ ဆန့္က်င္ဘက္သာ ျဖစ္ေနတတ္သည္။ စြမ္းအားရွင္မ်ား အဖြဲ႕အစည္းအေနႏွင့္ သူတို႔အတြက္ စကားေျပာေပးေသာ ယြင္ခ်ဲ့ကို ေက်းဇူးတင္သင့္သည္။

ခန္းမမွာ တိတ္ဆိတ္ျခင္းျဖင့္ တုံ႕ျပန္ၾကသျဖင့္ ယြင္ခ်ဲ့ ႏႈတ္ခမ္းစူလ်က္ ျပန္ထိုင္လိုက္သည္။ ယြင္ခ်ဲ့က တိတ္ဆိတ္ေနရန္ ေတြးလိုက္ေသာ္လည္း ရွင္းဖုန္းက သူ၏လက္ဆစ္ႏွင့္ စားပြဲကို စည္းခ်က္က်က် ေခါက္ကာ ေမးလိုက္သည္။

"စစ္တပ္က ဘယ္ႏွေယာက္ လႊတ္ေပးမွာလဲ .. သူတို႔က ဘယ္လို အစြမ္းေတြရွိလဲ .. ခင္ဗ်ားတို႔ရဲ႕ အစီအစဥ္က ဘယ္လိုလဲ ... ကြၽန္ေတာ္တို႔ရဲ႕ စခန္းကေန နယ္ၿမိဳ႕က ေက်ာင္းကိုေရာက္ေအာင္ လမ္းၫႊန္ ေပးနိုင္မယ့္ အေသးစိတ္က်တဲ့ ေျမပုံနဲ႕ အဲဒီေက်ာင္းရဲ႕ အတြင္းအျပင္ ေျမပုံရယ္ ျဖစ္နိုင္ရင္ ေျမေအာက္ခန္း ပုံစံကိုလည္း ေပးလိုက္လို႔ရမလား"

ရွင္းဖုန္း၏ ေမးခြန္းမ်ားက ခန္းမတြင္းရွိ လူတို႔၏ စိတ္ပါဝင္စားမႈႏွင့္ လုံၿခဳံေရးအတြက္ ေတြးေပးေၾကာင္း သိသာသည္။ စြမ္းအားရွင္မ်ားကလည္း တစ္ၿပိဳင္တည္း ဆိုသလို စစ္တပ္ ကိုယ္စားလွယ္မ်ားကို လွည့္ၾကည့္ လိုက္ၾကသည္။

"လိုအပ္တဲ့ ေျမပုံေတြကို ေထာက္ပံ့ေပးပါ့မယ္ စစ္တပ္ တစ္ဖြဲ႕စီကလည္း စြမ္းအားရွိတဲ့ စစ္သားအေရအတြက္ ၁ဝဝ စီ လႊတ္ေပးလိုက္မယ္ ... သူတို႔ရဲ႕စြမ္းအားေတြကို ထုတ္ေဖာ္တာက စစ္တပ္ရဲ႕ တားျမစ္ခ်က္တစ္ခု ျဖစ္ေနေတာ့ ငါမေျပာျပနိုင္တာ အားနာပါတယ္"

လင္းရွန့္လည္း ရွင္းဖုန္းကို သာမန္လူတစ္ေယာက္ကို ေျပာဆိုသကဲ့သို႔ ယဥ္ေက်းမႈႏွင့္ ဝတ္ေက်တန္းေက်သာ ျပန္ေျဖလိုက္သည္။

သို႔ေသာ္ ရွင္းဖုန္းက သာမန္လူတစ္ေယာက္ မဟုတ္သျဖင့္ သူ႕ကို အလြယ္တကူ လွည့္စား၍မရေပ။ ရွင္းဖုန္းက မည္မွ် အင္အားႀကီးသည္ကို လင္းရွန့္ ေမ့သြားျခင္းလား၊ သို႔မဟုတ္ ရွင္းဖုန္းကို သူဂ႐ုမစိုက္ျခင္းလား။

"ဒါဆို ကြၽန္ေတာ္တို႔ ဆက္ေျပာစရာ မလိုေတာ့ဘူး ... ကြၽန္ေတာ္တို႔အတြက္ သတင္းအခ်က္အလက္ မရွိဘူးဆိုေတာ့ ဒီေပါင္းစည္းမႈကေန ေခ်ာင္ယန္း အဖြဲ႕ ႏုတ္ထြက္ပါတယ္"

ရွင္းဖုန္း စားပြဲကိုတြန္းကာ ထလိုက္သျဖင့္ သူ၏ထိုင္ခုံက အေနာက္သို႔ အရွိန္ႏွင့္ ေ႐ြ႕သြားေလသည္။ ထိုသို႔ မာန္အျပည့္ႏွင့္ ရွင္းဖုန္း ထရပ္လိမ့္မည္ဟု မည္သူမွ မထင္ခဲ့သျဖင့္ ခန္းမတစ္ခုလုံး ဘာလုပ္ရမွန္းမသိ ရွင္းဖုန္းကို ေၾကာင္အမ္း ၾကည့္ေနၾကခ်ိန္ ယြင္ခ်ဲ့လည္း ျဖည္းသက္သက္ႏွင့္ ထရပ္ကာ ေၾကညာလိုက္သည္။

"စစ္တပ္က ရိုးသားမႈကို မျပမွေတာ့ အခုေဆြးေႏြးတာလည္း အခ်ိန္ျဖဳန္းတာပဲရွိတယ္ .. ထိပ္ဉီးအဖြဲ႕လည္း ထြက္တယ္"

ယြင္ခ်ဲ့ ေျပာၿပီးေနာက္ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ တို႔လည္း မတ္တပ္ရပ္ကာ ေခါင္းညိတ္ လိုက္သည္။ အျခားေသာ စြမ္းအားမ်ား အားလုံး မတ္တပ္ရပ္ကုန္ကာ သူတို႔ကို စိုက္ၾကည့္ ေနၾကသည္။ ဘယ္သူကမ်ား သူတို႔လို စိတ္ဓါတ္ခိုင္မာၿပီး မာေက်ာ သန္မာျခင္းကို မလိုခ်င္ရမွာလဲ။ သို႔ေသာ္ သူတို႔က လုံေလာက္စြာ သန္မာျခင္း မရွိၾကေပ။ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔သာ မရွိလွ်င္ ရႈံးနိမ့္ျခင္းႏွင့္ ရင္ဆိုင္ရမည္မွာ အေသအခ်ာပင္။ သူတို႔အဖြဲ႕က စခန္း၏ ကာကြယ္မႈ မပါဘဲႏွင့္ ေကာင္းမြန္စြာ ရင္ဆိုင္နိုင္ၾကသည္။ သို႔ေသာ္ အျခားေသာ အဖြဲ႕မ်ားမွာ အေျခအေန ကြဲျပားၿပီး တာဝန္ယူ ဂ႐ုစိုက္ ေစာင့္ေရွာက္ရမည့္ မိသားစုဝင္ မ်ားစြာရွိၾကၿပီး အခ်ိဳ႕မွာ ဝမ္းတစ္ထြာ စားရ႐ုံေလးအတြက္ တိုက္ပြဲဝင္ေနရျခင္းျဖစ္သည္။ တစ္ခါတစ္ရံ အက်ိဳးအျမတ္ အနည္းငယ္ရခဲ့ေသာ အခါမ်ားတြင္ အျငင္းပြားရျခင္း ရွိေသာ္လည္း စခန္းမွ ခ်မွတ္သည့္ အေရးႀကီးေသာ စည္းကမ္းခ်က္မ်ားကို မဆန့္က်င္ရဲၾကေပ။

သို႔ေသာ္ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔သာ ႏုတ္ထြက္သြားလွ်င္ အသက္ရွင္နိုင္ေခ်ရွိေနေသးေသာ အခြင့္အေရးက လုံးဝပင္ ေပ်ာက္ဆုံး သြားလိမ့္မည္။ စစ္တပ္ကို ျငင္းဆန္နိုင္ရန္ အတင့္မရဲၾကေသာ္လည္း ေခ်ာင္ယန္း၊ ထိပ္ဉီးအဖြဲ႕တို႔ႏွင့္ ဘယ္သူက မပူးေပါင္းခ်င္ရမွာလဲ။

ရွက္ကိုးရွက္ကန္း ျဖစ္သြားရေသာ လင္းရွန့္က မ်က္ႏွာရဲလာၿပီး အံကိုတင္းစြာ ႀကိတ္ထားလိုက္သည္။ သူတုံ႕ျပန္နိုင္ျခင္း မရွိေသာ ရန္ပြဲတြင္ မ်က္ႏွာကို ထိုးႏွက္ခံရသကဲ့သို႔ ခံစားလိုက္ရသည္။ အျခားေသာ အဖြဲ႕မ်ား စိုးရိမ္ေနၾကသကဲ့သို႔ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔သာ မပါလွ်င္ ထိုပူးေပါင္း ေဆာင္႐ြက္ျခင္းက ၉ဝ ရာခိုင္ႏႈန္း အရႈံးျဖစ္ေနၿပီး ဒဏ္ရာရသူလည္း အလြန္မ်ားျပား သြားလိမ့္မည္။ သူတို႔၏ အစီအစဥ္အမွန္မွာ ယခုလုပ္ေဆာင္မႈကို အခြင့္ယူ၍ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕၏ အဓိက ေထာက္တိုင္မ်ားကို စခန္းအျပင္သို႔ ထြက္သြားေစရန္ ျဖစ္သည္။ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးက ႏႈတ္ထြက္မည္ဆိုလွ်င္ သူတို႔၏ အစီအစဥ္က ျဖစ္ေျမာက္လာေတာ့မည္ မဟုတ္ေပ။

"စိတ္ေအးေအး ထားပါဉီး ... ဗိုလ္ခ်ဳပ္လင္းက ေဝ့ တပ္ဖြဲ႕ကိုယ္စား ေျပာေပးရတာဆိုေတာ့ သူတို႔က တခ်ိဳ႕အေၾကာင္းေတြကို လွ်ို႔ဝွက္ထားရတာ ႏွစ္ၿခိဳက္တယ္ေလ ဒါေပမယ့္ က်ဳပ္မပါဘူး .. စြမ္းအားရွိစစ္သားေတြ ဘာအစြမ္းအစ ရွိတယ္ဆိုတာ သိခ်င္ၾကတယ္မလား .. က်ဳပ္ ေမာ့ တပ္ဖြဲ႕က စစ္သားေတြရဲ႕ စြမ္းအားေတြ အေၾကာင္း တစ္ေယာက္ခ်င္းစီအတြက္ စာ႐ြက္ေတြ ပြားလာခဲ့မယ္ အိုေက ? အေရးတႀကီးမွ မဟုတ္တာ စိတ္ေလ်ာ့ၾကပါေနာ္"

အေျခအေနကို က်န္းဝမ္ရွန္ မည္သို႔ ကိုင္တြယ္ရမည္ကို မသိျဖစ္ေနခ်ိန္ ေမာ့ဝမ္းယန္က ထရပ္ကာ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့ တို႔ကို တားလိုက္သည္။ မည္သည့္ စစ္တပ္ကို ကိုယ္စားျပဳ ေျပာဆိုျခင္း ျဖစ္ေနပါေစ စြမ္းအားရွင္မ်ား အာ႐ုံမစိုက္ေပ။ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔ လက္ခံမခံကိုသာ သူတို႔သိခ်င္ၾကသည္။

"ဟုတ္တယ္... ေခါင္းေဆာင္ ယြင္ ေခါင္းေဆာင္ ရွင္း .. ေအးေဆး ေျပာၾကရေအာင္"

အစီအစဥ္ကို ျဖစ္ေျမာက္ ေအာင္ျမင္ေစလိုေသာ ဝမ္ေကြာ္အန္းက မသတီေသာ အၿပဳံးႏွင့္ ထရပ္ကာ ေျပာလိုက္ေသာ္လည္း စိတ္ထဲတြင္ က်ိန္ဆဲေနသည္။

"ေခါင္းေဆာင္ရွင္း .. ေခါင္းေဆာင္ယြင္ .. ဗိုလ္ခ်ဳပ္လင္းက အေၾကာင္းရာကို ေျပာျပ႐ုံေလးပါ ... အခုေတာ့ က်ဳပ္တို႔ ေဆြးေႏြးေနၾကတုန္းမလား တကယ္လို႔ အျခား ထင္ျမင္ခ်က္ရွိရင္ ေျပာပါ ကိုယ့္ျပည္သူေတြရဲ႕ လုံၿခဳံေရးကို မသိတဲ့သူေတြမွ မဟုတ္တာ .. မွန္တယ္မလား ဗိုလ္ခ်ဳပ္ လင္း"

အေျခအေနကို ျပန္လည္ တည္ၿငိမ္သြားေစရန္ က်န္းဝမ္ရွန္က ဝင္ေျပာေပးလိုက္သည္။ လင္းရွန့္ ကလည္း မတ္တပ္ရပ္ကာ ၿပဳံးလိုက္ၿပီး ...

"ဟုတ္ပါတယ္ ေခါင္းေဆာင္ ရွင္း ... ကြၽန္ေတာ္ေျပာတာက တာဝန္လုပ္ေဆာင္ခ်က္အရ စစ္သားေတြရဲ႕ စြမ္းအားေတြကို ခြဲျခားေလ့လာ သိမ္းဆည္း ထားတာလို႔ ဆိုလိုတာပါ ... ဒါေပမယ့္ အထူးကိစၥရပ္ေတြ အတြက္ တာဝန္ၿပီးေျမာက္ ေအာင္ျမင္ေရးနဲ႕ ျပည္သူေတြရဲ႕ လုံၿခဳံေရးအတြက္ ဆိုရင္ သိမ္းဆည္းထားတဲ့ စြမ္းအားေတြကို ထုတ္ေဖာ္ဖို႔ လိုအပ္တာပဲမလား ... စကား ရွင္းရွင္းလင္းလင္း မေျပာမိတာကို ေတာင္းပန္ပါတယ္"

လင္းရွန့္က အေျခအေန အခ်ိန္အခါႏွင့္ လိုက္ေလ်ာ ညီေထြစြာ ေနတတ္သူျဖစ္သည့္ အေလ်ာက္ က်န္းဝမ္ရွန္က လမ္းေၾကာင္း စေပးလိုက္သျဖင့္ လူအမ်ားေရွ႕တြင္ ရွင္းဖုန္းကို လင္းရွန့္ ေတာင္းပန္ လိုက္သည္။ အကယ္၍ ရွင္းဖုန္းက ဆက္လက္ ျငင္းဆန္ေနမည္ ဆိုလွ်င္ က်ိဳးေၾကာင္း မဆီေလ်ာ္သူက သူျဖစ္သြားလိမ့္မည္။ လင္းရွန့္၏ နည္းပရိယာယ္ တစ္ခုျဖစ္ၿပီး ေဝ့ တပ္ဖြဲ႕ကိုယ္စားလွယ္က ေတာင္းပန္လိုက္သျဖင့္ ရွင္းဖုန္းက သူ၏ေတာင္းပန္မႈကို လက္ခံလိုက္ရသည္။
***

Continue Reading

You'll Also Like

123K 16.1K 61
Author - 困成熊猫 Status - completed (chp-97+extra-12) I don't own this novel and have any allowance. So if there's any problems concerned with copyright...
275K 14.2K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
27.2K 2.7K 40
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္