Unicode
အခန်း (၁၁၈)
"ကျွန်တော်တို့မှာလည်း ၁၀နာရီပဲ ရေးထားတယ်"
ယွင်ချဲ့၏ စာရွက်က ကျန်းဝမ်ရှန်ကို အံ့ဩစေသည့်အပြင် ကူးမင်ရွှမ်းလည်း ရှင်းဖုန်း အချက်ပြသည်နှင့် သူတို့ရထားသော စာရွက်ကိုလည်း ကမ်းပေးလိုက်သည်။ စာရွက် ၂ ရွက်တည်းသာ မှားယွင်းခဲ့ပြီး ထိုစာရွက်တို့ကို ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ ရခဲ့ကြောင်းကို ကျန်းဝမ်ရှန် ကြံရာမရ ဖြစ်နေလေသည်။ ကာကွယ်ရေးတပ်၏ တံဆိပ်သာ မပါခဲ့လျှင် ထိုစာရွက်တို့ကို ယွင်ချဲ့တို့ ပြင်ဆင်ခဲ့သည်ဟု သူထင်ကောင်း ထင်မိလိမ့်မည်။
"ဒါဆို ကျွန်တော် တမင်လုပ်ပြောတာ မဟုတ်ဘူးမလား"
သာမန် စာရွက်တစ်ရွက်သာ ဖြစ်သဖြင့် ယွင်ချဲ့ အနေနှင့် သူစိတ်တိုင်းကျ ပြင်ဆင်နိုင်ပြီး တံဆိပ်ကိုလည်း နမူနာ ပုံစံသာရလျှင် အလွယ်တကူ ပုံတူကူး၍ ရနိုင်သည်။ လိုအပ်သော ပစ္စည်းများရှိသော သူတစ်ယောက်အတွက် ထိုသို့ လုပ်ရသည်မှာ အလွယ်ကူဆုံးပင်။
"ဒီ..ဒီစာရွက် ထုတ်တဲ့သူက အမှားလုပ်မိခဲ့တာ ဖြစ်လီမ့်မယ် ... တောင်းပန်ပါတယ် ကာကွယ်ရေးအဖွဲ့က လိုအပ်သွားတာပါ"
စာရွက် ၂ ရွက်ကို ကိုင်လျက် ကျန်းဝမ်ရှန် မျက်နှာပျက် နေသဖြင့် ယွင်ချဲ့လည်း သူ့အနားသွားကာ ပခုံးကို ပုတ်လိုက်ပြီး သူ၏ သဘောထားကြီးမှုကို ပြလေသည်။
"ရပါတယ် တစ်နာရီပဲ နောက်ကျတာ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ လူတိုင်းက အမှားလုပ်တတ်တာပဲ ကာကွယ်ရေး တပ်ဖွဲ့က ကိစ္စအစုံနဲ့ အလုပ်များနေကြတာ .. စိတ်မပူပါနဲ့ ကိုယ့်ရဲ့လူတွေကို ဂရုစိုက်ဖို့ပဲ ပြောလိုက်ပါ"
ယွင်ချဲ့ အကြောင်းကိုသာ သေချာမသိခဲ့လျှင် သူ၏ နှစ်သိမ့်ပေးမှုတွင် မျောပါသွားနိုင်သော်လည်း အကြောင်းသိနေသော ကူးမင်ရွှမ်းနှင့် ယဲ့ရှင်းချန်တို့က စိတ်ထဲတွင် ကျိတ်ရယ်နေကြလေသည်။ ယွင်ချဲ့ထက် ပို၍ မျက်နှာပြောင် အတိုက်နိုင်ဆုံး သူကို အနောက်တောင် စခန်းတွင် ရှာတွေ့မည် မဟုတ်ပေ။ ဟေးယွီက လူမဟုတ်သောကြောင့် သူ့ကို စဉ်းစားရန်မလိုပါ။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အကျိုးအကြောင်း မဆီလျော်သော်လည်း စာလုံးများကို တမင် ပြောင်းလဲခဲ့ခြင်းကို ကျန်းဝမ်ရှန် သိသော်လည်း သူတို့နှင့်ထိပ်တိုက် မငြင်းဆန်နိုင်ရုံ သာမကပဲ သူ့ဘက်ပင် အပြုံးနှင့် ပြန်လည် တောင်းပန်ခဲ့ရသဖြင့် ကျန်းဝမ်ရှန် ကိုယ့်ကိုယ်ကို အယုံလွယ်သူ တစ်ယောက်အဖြစ် ခံစားလိုက်ရသည်။
"ရပါတယ်"
ယွင်ချဲ့လည်း ကျန်းဝမ်ရှန် ပခုံးကို ထပ်ပုတ်လိုက်ပြီး ရှင်းဖုန်း လှည့်ကြည့်လျက် အရှေ့သို့ လှမ်းသွားကြသည်။ ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့လည်း ကျန်းဝမ်ရှန် ဘေးမှဖြတ်သွားပြီး သူမည်မျှ ဆိုးဝါးစွာ ခံစားရနေမည်ကို တွေးကာ ကရုဏာသက်စွာ ကြည့်သွားကြသည်။
"ခေါင်းဆောင် ရှင်း .. မတွေ့ရတာ ကြာပြီနော်"
အရှေ့သို့ အနည်းငယ် လှမ်းပြီးနောက် ဝေ့ စစ်တပ်အဖွဲ့၏ ကိုယ်စားလှယ် ဗိုလ်ချုပ်လင်းက အရှေ့တွင် ကာရပ်လိုက်သည်။ ထို့နောက် ဝမ် စစ်တပ်အဖွဲ့၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ဝမ် ရောက်လာပြီး လက်ကမ်း နှုတ်ဆက်လေသည်။
"ထပ်တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင် ရှင်း"
စစ်တပ်အတွင်း လူများဖြစ်သည့် အလျောက် ရှင်းဖုန်းကို ကောင်းမွန်စွာ သိကြသည်။ ရှင်းဖုန်းက အခြားသော ကိစ္စများကြောင့် စစ်တပ်မှ မထွက်ခဲ့လျှင် ယခုအချိန်တွင် ဘွဲ့ဆုတံဆိပ်များစွာ ရရှိနေမည် ဖြစ်သည်။ ရှင်းဖုန်းက ဗိုလ်ချုပ် တစ်ယောက် မဟုတ်တော့သော်လည်း စစ်သား အများအပြားက သူ့ကိုလေးစားလျက်ပင်။
"သာမန် အစည်းအဝေးလေးပဲ မှတ်နေတာ ခင်ဗျားတို့တောင် ရောက်လာတယ် ဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်မယ် ထင်မိတယ်"
ကိုယ်စားလှယ် ဗိုလ်ချုပ်များနှင့် လက်ဆွဲ နှုတ်ဆက်ပြီးနောက် ရှင်းဖုန်းမှာ လိုအပ်သော အချက်အလက်များကို သေချာသိထားပြီး ဖြစ်သော်လည်း ဘာမှမသိသူ တစ်ယောက် ကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။ ခန်းမထဲရှိ အခြားစွမ်းအားရှင်များ ယုံကြည်ကောင်း ယုံနိုင်သော်လည်း ထိုဗိုလ်၂ ယောက် အတွက်တော့ ယုံကြည်ဖွယ်ရာ မရှိခဲ့ပေ။ ရှင်းဖုန်းနှင့် မော့ဝမ်းယန် တို့၏ ပတ်သက်မှုကို သူတို့သိထားသဖြင့် မော့ဝမ်းယန်က အစည်းအဝေး အကြောင်း မပြောပြထားကြောင်းဆိုသည်မှာ ဖြစ်နိုင်ချေမရှိပေ။
"နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားမှာပေါ့"
ဗိုလ်ချုပ် ဝမ်က တိတ်ဆိတ်နေစဉ် လင်းရှန့်က သောင်မတင်ရေမကျ ပြောလိုက်ပြီးနောက် ယွင်ချဲ့ကို ကြည့်ကာ စိတ်ထက်သန်စွာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်း လိုက်သည်။
"ဒီဘက်က ထိပ်ဉီးအဖွဲ့ခေါင်းဆောင် ယွင်ချဲ့ ဖြစ်မယ် ကြားထားတာနဲ့ နည်းနည်းလေးတော့ ကွာတယ်နော် .. ဒါနဲ့ ကျုပ်က ဝေ့စစ်တပ်က လင်းရှန့်ပါ"
မျက်မှန်မှတစ်ဆင့် လင်းရှန့်၏ မျက်လုံးတို့က အရှေ့တွင် ရပ်နေသော ပိန်သွယ်သည့် လူငယ်တစ်ယောက်ကို အသေးစိတ် ကြည့်လိုက်သည်။ စစ်တပ်၏ လက်ထဲတွင် အတော်ဆုံးသော စွမ်းအားရှင် အဖွဲ့ ၂၀ မှ အဖွဲ့ဝင်များ၏ ကိုယ်ရေး အချက်အလက်များကို ရရှိထားပြီး ထိပ်ဉီးအဖွဲ့က ဒုတိယ ဖြစ်သောကြောင့် ယွင်ချဲ့၏ ကိုယ်ရေး ရာဇဝင်ကိုလည်း ရရှိထားသည်။ သို့သော် ယွင်ချဲ့၏ အချက်အလက်များမှာ အသေးစိတ် မဟုတ်သည့်အပြင် ထိပ်ဉီးအဖွဲ့ဝင်များ၏ ကိုယ်ရေးမှာလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ အချက်အလက် အတိအကျ ရရှိရန် စစ်တပ်က အမျိုးမျိုး ကြိုးစားခဲ့သော်လည်း ထိပ်ဉီးအဖွဲ့မှာ ခပ်လျှိုလျှိုသာ နေသဖြင့် ကြိုးစား၍ မရခဲ့ပေ။ ထိပ်ဉီး အဖွဲ့ဝင်တို့မှာ နေ့စဉ်လုပ်ငန်း တာဝန်များကို လုပ်ဆောင်သည်က လွဲ၍ လူအများကြား သူတို့မျက်နှာကို မထုတ်ပြခဲ့သော်လည်း ထိုအဖွဲ့က အလွန် နာမည်ကြီးလှသည်။ လျှို့ဝှက်နေခြင်းက အကျော်ကြားဆုံး ဖြစ်နေသည်ဟု ထင်ရသည်။
"ဪ ဘယ်လို ကွာတာလဲ"
သာမန် သူများဆိုလျှင် တွေ့ရတာ ဝမ်းသာကြောင်း သို့မဟုတ် အခြားတစ်ခုခုပြောလိမ့်မည် ဖြစ်သော်လည်း ယွင်ချဲ့က သာမန်နှင့် မတူဘဲ တစ်ဖက်လူ စကားထဲမှ ချက်ကောင်းကို ရှာကာ ပြန်ချေပ ပြောဆိုတတ်သည်။ မယဉ်ကျေးရာ ကျမည် စိုးသောကြောင့် လင်းရှန့်နှင့် ယွင်ချဲ့ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
"ဘယ်လိုလဲဆိုတော့ ... ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်ယွင်က ဒီလိုချောမောတဲ့ ရူပကာရှိမယ်လို့ မထင်ထားဘူး .. ဒီလို ကပ်ဘေးသာ မဖြစ်ရင် အနုပညာနယ်ပယ်မှာ အောင်မြင်နေမယ်ထင်တယ်"
အမြန်စဉ်းစားပြီးနောက် လင်းရှန့်က အလွယ်တကူပင် လွတ်လမ်းကို ရွေးချယ် နိုင်လိုက်သည်။
"ချောတယ် ? ကျွန်တော်တို့အဖွဲ့က လူချောတွေ များပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့သား ၂ ယောက်ကို ကြည့်လိုက် မချောဘူးလား ... ကျွန်တော်တို့ မိဘတွေက အခြားသူတွေ အားကျလောက်တဲ့ ရုပ်ရည်မျိုးနဲ့ မွေးဖွားပေးခဲ့တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေ ... ရထားတဲ့ အချက်အလက်တွေထဲ အရည်အချင်း မလုံမလောက် ဖြစ်ခဲ့တာတော့ အားနာပါတယ် .. ဗိုလ်ချုပ် လင်း"
လွတ်လမ်းကို မည်မျှပင် တွေးတော ရွေးချယ်ပြောဆို နိုင်ခဲ့ပါစေ သူဆန္ဒရှိလျှင် တစ်ဖက်လူကို သရော်ချက်ဖြင့် တိုက်ခိုက်ရန် ရှုထောင့်တစ်ခုကို လွယ်ကူစွာပင် ရှာဖွေနိုင်သည်။ အခွင့်အရေး ကြုံခိုက်တွင် ယွင်ချဲ့က ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့ကိုလည်း ထုတ်ကြွားလိုက်ရာ လင်းရှန့်ကဲ့သို့ သမ္ဘာရင့်ဝါရင့် လူတစ်ယောက်ပင် ယွင်ချဲ့၏ မျက်နှာပြောင် တိုက်မှုက အလွန်များသည်ဟု ခံစားလိုက်ရသည်။
သို့သော် ထိပ်ဉီးအဖွဲ့ဝင်၂ ယောက်က သူတို့၏ ခေါင်းဆောင်အတွက် ဂုဏ်ယူသွားလေသည်။
ယွင်ချဲ့နှင့် သိသူများက တိတ်တဆိတ် ချီးကျူးလိုက်ကြပြီး အနားပင် မကပ်လိုသော မော့ဝမ်းယန် သည်လည်း ဂုဏ်တက် သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ကို ရက်စက်ကြမ်းကြုတ်သူဟု မော့ဝမ်းယန် ထင်ခဲ့သော်လည်း ယနေ့ တွေ့လိုက်ရသည့် အဖြစ်ကြောင့် ယွင်ချဲ့၏ စကားများမှာ အညှာအတာ ကင်းမဲ့ကြောင်း သူသိခဲ့ရသည်။ ရှင်းဖုန်း၏ အိမ်စောင့် သားရဲဆိုသော နာမည်နှင့် အလွန် လိုက်ဖက်ပေသည်။
"ဒါနဲ့ ဒီဘက်က ..."
ဗိုလ်ချုပ်လင်းကို ယွင်ချဲ့ အံ့အားသင့် စေခဲ့ပြီးနောက် အခြားဗိုလ် တစ်ယောက်ထံသို့ အာရုံပြောင်းလိုက်သည်။ ဗိုလ်ချုပ်ဝမ်က လင်းရှန့် ကဲ့သို့ အပြောမခံလိုသောကြောင့် စကားကို ဖြစ်နိုင်သမျှ အနည်းဆုံးကိုသာ ပြောဆိုလေသည်။
"ဝမ် စစ်တပ်ကိုယ်စားလှယ် ဝမ်ကွော်အန်း ပါ"
"အာ ဗိုလ်ချုပ်ဝမ် တွေ့ရတာ ဝမ်းသာပါတယ် .. ဗိုလ်ချုပ်တွေက အရပ်လူတွေနဲ့ အတော် ခြားနားတာပဲနော် ခင်ဗျားရဲ့ပုံစံနဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့တင် အတော် အရေးပါတယ်လို့ ထင်ရတယ် .. တခြားသူတွေကတော့ ကိုယ့်ကိုယ်ကို စစ်သား တစ်ယောက်လို့သာ ပြောတယ် ဟန်ပန်နဲ့ မျက်မှန်ကြီးတွေ တပ်ပြီးတော့ ရှိုးထုတ်နေကြတာ"
ယွင်ချဲ့က မျက်နှာလို မျက်နှာရပုံစံဖြင့် ဗိုလ်ချုပ်ဝမ်ကို လက်နှစ်ဖက်ဖြင့် လက်ဆွဲ နှုတ်ဆက် လိုက်သော်လည်း သူ၏ နောက်ဆုံးစကားက တစ်ယောက်ယောက်ကို နှိပ်ကွပ် လိုက်သကဲ့သို့ပင်။ သို့သော် မသင့်တော်သော အကြောင်းရာ တစ်ခုခုကို ယွင်ချဲ့ သတိထားမိ လိုက်သကဲ့သို့ ပြောဆိုသံလည်း ပြောင်းသွားလေသည်။
"အာ တောင်းပန်ပါတယ် ဗိုလ်ချုပ်လင်းကို ပြောတာ မဟုတ်ပါဘူး ခေါင်းဆောင် ရှင်း အနောက်မှ ရပ်နေတဲ့သူကို ပြောတာပါ ... သူ့ကိုကြည့်လိုက်လေ ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ တခြားသူတွေကို မျက်စောင်းနဲ့ လိုက်ကြည့်နေတာ အဲဒီမျက်မှန်နဲ့လည်း ကြည့်ဉီး ကြောင်သူတော်နဲ့ မတူဘူးလား"
ယွင်ချဲ့က ကူးမင်ရွှမ်းကိုသာ ပြောဆိုနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် ယွင်ချဲ့ ပြောနေသည်က ကူးမင်ရွှမ်း မဟုတ်ကြောင်း ဗိုလ်ချုပ်လင်း သိသည်။ သို့သော် အများရှေ့တွင် လင်းရှန့်က ဟန်မပျက် စေရန်သာ ကိုယ့်ကိုယ်ကို ထိန်းလျက် နေလိုက်သည်။
'ငါ့ရုပ်က ဉာဏ်နီဉာဏ်နက် များသလို ဖြစ်နေတာတော့ ငါလည်း မတတ်နိုင်ဘူးလေ ဘာကိစ္စ ငါ့မျက်မှန်ကို ရန်ရှာရတာလဲ'
ကူးမင်ရွှမ်း အလိုမကျစွာ စိတ်ထဲမှ တွေးလိုက်သည်။
မဆီမဆိုင် ပြောဆိုခံလိုက်ရသော ကူးမင်ရွှမ်း အတွက် မျှတမှုမရှိပေ။ ကပ်ဘေး မဆိုက်ခင်ကတည်းက ကူးမင်ရွှမ်းမှာ အဝေးမှုန်သူ ဖြစ်ပြီး ကပ်ဆိုက်ပြီးနောက် စွမ်းအား ရလာချိန်တွင် အမြင်များ ပြန်လည် ကောင်းမွန် လာသော်လည်း မျက်မှန်မပါလျှင် အနေရခက်သဖြင့် မျက်မှန်ကို တပ်ဆင် ထားခဲ့သည်။ သူ့ကို ကြောင်သူတော်ဟု ပြောဆိုသည်က မရက်စက်ပေဘူးလား။ ထို့အပြင် သူသည် မျက်ရစ်မရှိသ ဖြစ်သောကြောင့် မျက်စောင်းနှင့် ကြည့်သကဲ့သို့ ဖြစ်နေသည်။ မျက်ရစ်ဖော်ခြင်းကို ခွဲစိတ်ရန် မတတ်နိုင်သဖြင့် မျက်ရစ်မရှိ ဖြစ်နေသည်က အပြစ်များ ဖြစ်သွားလေသလား။
"မင်ရွှမ်းကို မင်းဆက်ပြောနေရင် သူအော်ငိုတော့မယ်"
ရှင်းဖုန်းလည်း သူ၏အစ်ကိုကြီးအတွက် စိတ်မကောင်းဖြစ်နေပြီး စနောက်ကာ စကားဖြတ် လိုက်ရသည်။ သူ့အတွက် ကံမကောင်းသော နေ့ဖြစ်သွားပုံပင်၊ ယွင်ချဲ့က စစ်သားများ အထူးသဖြင့် ဗိုလ်ချုပ်များကို ထိုသို့ ပြောဆိုတတ်သည်။ အချိန်အားလျော်စွာဖြင့် ဗိုလ် ၃ ယောက်နှင့် သူတွေ့ဆုံနေရပြီး အကယ်၍ ပြဇာတ်ဆန်သည့် အနေအထား တစ်ခုခု မလုပ်ခဲ့ရလျှင် ယွင်ချဲ့ စိတ်ငြိမ်သက်နေမည်မဟုတ်ပေ။
"ဟီး .. စစ်တပ် ၃ ခုလုံးက ကိုယ်စားလှယ်တွေ လွှတ်လိုက်တယ် ထင်တာ နောက်တစ်ယောက်ကရော"
ယွင်ချဲ့ ကျိတ်ရယ်လျက် နှာခေါင်းကို ပွတ်လိုက်သည်။ ဝမ်ကွော်အန်းနှင့် လင်းရှန့်တို့ကို ချေပပြီး ဖြစ်သောကြောင့် အခန်းထဲတွင် ရှိနေနိုင်မည့် မော့ဝမ်းယန်ကို ရှာဖွေလေသည်။ မော့ဝမ်းယန်နှင့် ယွင်ချဲ့တို့ အချင်းချင်း မရင်းနှီးဟု လူအများက သိထားကြသဖြင့် ထိုအခွင့်အရေးကို သုံးကာ ပျော်စရာ ကောင်းသည်တို့ကို ယွင်ချဲ့ ဖန်တီးလိုက်ဉီးမည် ဖြစ်သည်။
ပုန်းကွယ်လျက် ခိုးရယ်နေခဲ့သော မော့ဝမ်းယန်မှာ အိမ်စောင့် သားရဲကြီးက သူ၏နာမည်ကိုခေါ်လိုက်သဖြင့် ရုတ်တရက် ကြောက်လန့် သွားလေသည်။ သို့သော် ဘာမှမဖြစ်သကဲ့သို့ ယွင်ချဲ့ တို့ထံ လက်ဝှေ့ယမ်း ပြလိုက်သည်။
"ကျုပ်ကို ရှာနေတာလား ခေါင်းဆောင် ယွင်"
မော့ဝမ်းယန်မှာ ဖြစ်နိုင်လျှင် ယွင်ချဲ့ မီတာ ၂၀ အကွာတွင် နေချင်သော်လည်း လက်တွေ့တွင် အခွင့်မသာသောကြောင့် အနားကပ်လာသော ယွင်ချဲ့နှင့် အဖွဲ့ကိုသာ ကြည့်နေလိုက်ရသည်။
"အဟမ်း ! မော့တပ်ဖွဲ့က မော့ဝမ်းယန် ပါ"
ယွင်ချဲ့၊ ရှင်းဖုန်းတို့နှင့် မျက်လုံး စုံသွားချိန်တွင် သူတို့ မျက်နှာထက်မှ လူမိုက်အပြုံးများကြောင့် မော့ဝမ်းယန် မျက်နှာမဲ့ သွားသော်လည်း ချောင်းဟန့်ကာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။ ယွင်ချဲ့လည်း လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ရှင်းဖုန်းကို လှည့်ကြည့်ကာ ...
"စစ်သားတွေအပေါ် ကျွန်တော့်ရဲ့ နားလည်သိထားမှုက ပြောင်းပြန်ဖြစ်သွားပြီ စစ်တပ်ထဲကလူတွေက ဗိုလ်ချုပ်ဝမ် လိုမျိုး ဖြစ်မယ် ထင်ထားတာ ... ဗိုလ်ချုပ် မော့ကို ချောမောတဲ့ သူတစ်ယောက်ဖြစ်မယ် မထင်ထားဘူး ခင်ဗျားက မိန်းမချောချောတာပဲ !"
"အဟမ်း !"
ရှင်းဖုန်း ရယ်မိမည် စိုးသောကြောင့် ချောင်းသာ ဟန့်လိုက်ရသည်။ သူ၏ ယွင်ချဲ့က အလွန်ဟာသ ပြောတတ်သည်။ ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်ပင်မချန် ဗိုလ်ချုပ် ၃ယောက်ကိုလည်း အနိုင်ပိုင်း နိုင်ခဲ့သည်။
"ခေါင်းဆောင် ယွင် .. ကျုပ်လက်ကို လွှတ်ပေးလို့ ရပြီလား"
ယွင်ချဲ့ ဆုပ်ကိုင် ထားသော သူ၏လက်ကို ရုန်းကန်လျက် မော့ဝမ်းယန် မျက်နှာမဲ့ကာ သတိပေးလိုက်ပြီး ယွင်ချဲ့နှင့် သူ၏ဆွေစဉ်မျိုးဆက် ဘိုးဘွားတို့ကိုလည်း တိုင်တော ကျိန်ဆဲနေမိသည်။
'ရှင်းဖုန်းရေ မင်းမြင်လား .. သူက အိမ်စောင့်သားရဲ မဟုတ်ရင် တခြား ဘာဖြစ်ဉီးမှာလဲ သားရဲတွေထက် သူက ပိုပြီး ရက်စက်တယ်'
"အာ အားနာပါတယ် ကျွန်တော်လည်း သတိလွတ်သွားလို့"
မော့ဝမ်းယန်ကို လွှတ်ပေးပြီးနောက် ယွင်ချဲ့လည်း သူ၏ကိစ္စ ပြီးသွားသဖြင့် ယဲ့ရှင်းချန်နှင့် ကျန်းရှန် ခေါ်ကာ သူတို့ အဖွဲ့အတွက် စီစဉ်ထားသော ထိုင်ခုံများတွင် ထိုင်လိုက်သည်။
"မင်းရဲ့မိန်းမက တော်တော် လူမဆန်တာပဲ !"
ရှင်းဖုန်းနှင့် လက်ဆွဲ နှုတ်ဆက်လျက် အနားကပ်ကာ မော့ဝမ်းယန်မှာ ငိုချင်သော အသံနှင့် တီးတိုး ပြောလိုက်သည်။ သူ၏လုံခြုံရေးအတွက် ထိုအိမ်စောင့်သားရဲနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် သူရှောင်ပုန်း နေရမည်ဖြစ်သည်။
"ဟား ဟား"
ရှင်းဖုန်းလည်း ရယ်လိုက်ပြီး အစ်ကို ဝမ်းကွဲဖြစ်သူကို ပခုံးပုတ်ကာ ထွက်သွားလိုက်သည်။ ယွင်ချဲ့က အခြားဗိုလ်၂ယောက်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ချေပခဲ့ပြီးဖြစ်သောကြောင့် မော့ဝမ်းယန် ကို တမင်နှိပ်ကွပ်လိုစိတ်မရှိသည်ကို ရှင်းဖုန်း သိထားသည်။ အကယ်၍ ယွင်ချဲ့က မော့ဝမ်းယန်ကို တစ်ခုခု မပြောခဲ့လျှင် အများအမြင်တွင် ထူးဆန်း နေလိမ့်မည်။ အမှန်မှာ ယွင်ချဲ့သည် မော့ဝမ်းယန် အပေါ် သဘောထား ကောင်းစွာ ရှိပေသည်။
ဒရာမာဆန်ဆန် နှုတ်ဆက်ခြင်းကို ယွင်ချဲ့က လွဲ၍ ကမ္ဘာပေါ်တွင် မည်သူမှ လုပ်ကြမည် မဟုတ်ပေ။ ထိုသို့လုပ်ခဲ့သည်က အစိုးရနှင့် ကျန်သော စစ်တပ် ၂ ခုက သူ့အပေါ် ပို၍ အာရုံစိုက် လာကြမည်ဖြစ်သည်။
"စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ် .. အစည်းအဝေး ၉ နာရီ စမယ်မှန်း သိရင် အိမ်မှာ ဘာမှလုပ်စရာ မရှိတာကို ဒီတိုင်း ထိုင်မနေခဲ့ပါဘူး"
ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် ယွင်ချဲ့က အခြားသော စွမ်းအားရှင်များကို လက်ပြကာ နှုတ်ဆက် လိုက်သည်။ ယွင်ချဲ့ ထိုသို့ ပြောလိုက်သည်က အပြစ်မြင် ခံနေရသော ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကျန်းဝမ်ရှန်ကို ထပ်မံ ထိုးနှက် လိုက်ခြင်းပင်။
"မကြာပါဘူး .. မင်းတို့လည်း တမင် နောက်ကျပြီး လာတာမှ မဟုတ်တာ"
"ဟုတ်တယ် ဒါကာကွယ်ရေး တပ်ရဲ့အပြစ်ပဲ .. တောင်းပန်စရာ မလိုပါဘူး ခေါင်းဆောင် ယွင်"
"ကာကွယ်ရေး အဖွဲ့က တာဝန်ရှိတဲ့ သူကို ရှာသင့်တယ် ... တစ်ယောက်ယောက်က ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်းတို့ကို ချောက်ချခဲ့တာလား ငါတို့မှာတော့ မှန်ပြီး သူတို့ ၂ ဖွဲ့ပဲ မှားရတယ်လို့"
"ဟုတ်တယ် ခေါင်းဆောင် ကျန်း .. ဒါကို မျက်ကွယ် မပြုထားသင့်ဘူး သေချာ စစ်ဆေးပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"
"ဟုတ်တယ်"
လေတာ့ရှန် ဉီးဆောင် လိုက်ပြီးနောက် စွမ်းအားရှင်များက ယွင်ချဲ့နှင့် ရှင်းဖုန်း တို့ဘက်မှ ကာ၍ ပြောပေးလေသည်။ ထို့နောက် ကိုယ့်သဘောနှင့်ကိုယ် ပြောင်းလဲ ခဲ့သူကိုလည်း ရှာဖွေမည်ဟု ထပ်တလဲလဲ ကတိပေးနေသော ကျန်းဝမ်ရှန်ကိုလည်း ပြောဆို နေကြပြီးနောက် လူအုပ်မှာ တိတ်ဆိတ် သွားလေသည်။ အုတ်အော်သောင်းတင်း ဖြစ်နေချိန် ထိုလုပ်ရပ်ကို ဖန်တီးခဲ့သူနှင့် ရှင်းဖုန်းတို့ တစ်ခုခု တီးတိုးပြောဆိုနေကြသည်။
***
Zawgyi
အခန္း (၁၁၈)
"ကြၽန္ေတာ္တို႔မွာလည္း ၁၀နာရီပဲ ေရးထားတယ္"
ယြင္ခ်ဲ့၏ စာ႐ြက္က က်န္းဝမ္ရွန္ကို အံ့ဩေစသည့္အျပင္ ကူးမင္႐ႊမ္းလည္း ရွင္းဖုန္း အခ်က္ျပသည္ႏွင့္ သူတို႔ရထားေသာ စာ႐ြက္ကိုလည္း ကမ္းေပးလိုက္သည္။ စာ႐ြက္ ၂ ႐ြက္တည္းသာ မွားယြင္းခဲ့ၿပီး ထိုစာ႐ြက္တို႔ကို ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔သာ ရခဲ့ေၾကာင္းကို က်န္းဝမ္ရွန္ ႀကံရာမရ ျဖစ္ေနေလသည္။ ကာကြယ္ေရးတပ္၏ တံဆိပ္သာ မပါခဲ့လွ်င္ ထိုစာ႐ြက္တို႔ကို ယြင္ခ်ဲ့တို႔ ျပင္ဆင္ခဲ့သည္ဟု သူထင္ေကာင္း ထင္မိလိမ့္မည္။
"ဒါဆို ကြၽန္ေတာ္ တမင္လုပ္ေျပာတာ မဟုတ္ဘူးမလား"
သာမန္ စာ႐ြက္တစ္႐ြက္သာ ျဖစ္သျဖင့္ ယြင္ခ်ဲ့ အေနႏွင့္ သူစိတ္တိုင္းက် ျပင္ဆင္နိုင္ၿပီး တံဆိပ္ကိုလည္း နမူနာ ပုံစံသာရလွ်င္ အလြယ္တကူ ပုံတူကူး၍ ရနိုင္သည္။ လိုအပ္ေသာ ပစၥည္းမ်ားရွိေသာ သူတစ္ေယာက္အတြက္ ထိုသို႔ လုပ္ရသည္မွာ အလြယ္ကူဆုံးပင္။
"ဒီ..ဒီစာ႐ြက္ ထုတ္တဲ့သူက အမွားလုပ္မိခဲ့တာ ျဖစ္လီမ့္မယ္ ... ေတာင္းပန္ပါတယ္ ကာကြယ္ေရးအဖြဲ႕က လိုအပ္သြားတာပါ"
စာ႐ြက္ ၂ ႐ြက္ကို ကိုင္လ်က္ က်န္းဝမ္ရွန္ မ်က္ႏွာပ်က္ ေနသျဖင့္ ယြင္ခ်ဲ့လည္း သူ႕အနားသြားကာ ပခုံးကို ပုတ္လိုက္ၿပီး သူ၏ သေဘာထားႀကီးမႈကို ျပေလသည္။
"ရပါတယ္ တစ္နာရီပဲ ေနာက္က်တာ ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႕ လူတိုင္းက အမွားလုပ္တတ္တာပဲ ကာကြယ္ေရး တပ္ဖြဲ႕က ကိစၥအစုံနဲ႕ အလုပ္မ်ားေနၾကတာ .. စိတ္မပူပါနဲ႕ ကိုယ့္ရဲ႕လူေတြကို ဂ႐ုစိုက္ဖို႔ပဲ ေျပာလိုက္ပါ"
ယြင္ခ်ဲ့ အေၾကာင္းကိုသာ ေသခ်ာမသိခဲ့လွ်င္ သူ၏ ႏွစ္သိမ့္ေပးမႈတြင္ ေမ်ာပါသြားနိုင္ေသာ္လည္း အေၾကာင္းသိေနေသာ ကူးမင္႐ႊမ္းႏွင့္ ယဲ့ရွင္းခ်န္တို႔က စိတ္ထဲတြင္ က်ိတ္ရယ္ေနၾကေလသည္။ ယြင္ခ်ဲ့ထက္ ပို၍ မ်က္ႏွာေျပာင္ အတိုက္နိုင္ဆုံး သူကို အေနာက္ေတာင္ စခန္းတြင္ ရွာေတြ႕မည္ မဟုတ္ေပ။ ေဟးယြီက လူမဟုတ္ေသာေၾကာင့္ သူ႕ကို စဥ္းစားရန္မလိုပါ။
"နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
အက်ိဳးအေၾကာင္း မဆီေလ်ာ္ေသာ္လည္း စာလုံးမ်ားကို တမင္ ေျပာင္းလဲခဲ့ျခင္းကို က်န္းဝမ္ရွန္ သိေသာ္လည္း သူတို႔ႏွင့္ထိပ္တိုက္ မျငင္းဆန္နိုင္႐ုံ သာမကပဲ သူ႕ဘက္ပင္ အၿပဳံးႏွင့္ ျပန္လည္ ေတာင္းပန္ခဲ့ရသျဖင့္ က်န္းဝမ္ရွန္ ကိုယ့္ကိုယ္ကို အယုံလြယ္သူ တစ္ေယာက္အျဖစ္ ခံစားလိုက္ရသည္။
"ရပါတယ္"
ယြင္ခ်ဲ့လည္း က်န္းဝမ္ရွန္ ပခုံးကို ထပ္ပုတ္လိုက္ၿပီး ရွင္းဖုန္း လွည့္ၾကည့္လ်က္ အေရွ႕သို႔ လွမ္းသြားၾကသည္။ ကူးမင္႐ႊမ္း၊ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ တို႔လည္း က်န္းဝမ္ရွန္ ေဘးမွျဖတ္သြားၿပီး သူမည္မွ် ဆိုးဝါးစြာ ခံစားရေနမည္ကို ေတြးကာ က႐ုဏာသက္စြာ ၾကည့္သြားၾကသည္။
"ေခါင္းေဆာင္ ရွင္း .. မေတြ႕ရတာ ၾကာၿပီေနာ္"
အေရွ႕သို႔ အနည္းငယ္ လွမ္းၿပီးေနာက္ ေဝ့ စစ္တပ္အဖြဲ႕၏ ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္လင္းက အေရွ႕တြင္ ကာရပ္လိုက္သည္။ ထို႔ေနာက္ ဝမ္ စစ္တပ္အဖြဲ႕၏ ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ဝမ္ ေရာက္လာၿပီး လက္ကမ္း ႏႈတ္ဆက္ေလသည္။
"ထပ္ေတြ႕ရတာ ဝမ္းသာပါတယ္ ေခါင္းေဆာင္ ရွင္း"
စစ္တပ္အတြင္း လူမ်ားျဖစ္သည့္ အေလ်ာက္ ရွင္းဖုန္းကို ေကာင္းမြန္စြာ သိၾကသည္။ ရွင္းဖုန္းက အျခားေသာ ကိစၥမ်ားေၾကာင့္ စစ္တပ္မွ မထြက္ခဲ့လွ်င္ ယခုအခ်ိန္တြင္ ဘြဲ႕ဆုတံဆိပ္မ်ားစြာ ရရွိေနမည္ ျဖစ္သည္။ ရွင္းဖုန္းက ဗိုလ္ခ်ဳပ္ တစ္ေယာက္ မဟုတ္ေတာ့ေသာ္လည္း စစ္သား အမ်ားအျပားက သူ႕ကိုေလးစားလ်က္ပင္။
"သာမန္ အစည္းအေဝးေလးပဲ မွတ္ေနတာ ခင္ဗ်ားတို႔ေတာင္ ေရာက္လာတယ္ ဆိုေတာ့ အေရးႀကီးတဲ့ ကိစၥတစ္ခုခု ျဖစ္မယ္ ထင္မိတယ္"
ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္မ်ားႏွင့္ လက္ဆြဲ ႏႈတ္ဆက္ၿပီးေနာက္ ရွင္းဖုန္းမွာ လိုအပ္ေသာ အခ်က္အလက္မ်ားကို ေသခ်ာသိထားၿပီး ျဖစ္ေသာ္လည္း ဘာမွမသိသူ တစ္ေယာက္ ကဲ့သို႔ ဟန္ေဆာင္ကာ ေျပာလိုက္သည္။ ခန္းမထဲရွိ အျခားစြမ္းအားရွင္မ်ား ယုံၾကည္ေကာင္း ယုံနိုင္ေသာ္လည္း ထိုဗိုလ္၂ ေယာက္ အတြက္ေတာ့ ယုံၾကည္ဖြယ္ရာ မရွိခဲ့ေပ။ ရွင္းဖုန္းႏွင့္ ေမာ့ဝမ္းယန္ တို႔၏ ပတ္သက္မႈကို သူတို႔သိထားသျဖင့္ ေမာ့ဝမ္းယန္က အစည္းအေဝး အေၾကာင္း မေျပာျပထားေၾကာင္းဆိုသည္မွာ ျဖစ္နိုင္ေခ်မရွိေပ။
"နည္းနည္းေတာ့ စိတ္ရႈပ္ေထြးသြားမွာေပါ့"
ဗိုလ္ခ်ဳပ္ ဝမ္က တိတ္ဆိတ္ေနစဥ္ လင္းရွန့္က ေသာင္မတင္ေရမက် ေျပာလိုက္ၿပီးေနာက္ ယြင္ခ်ဲ့ကို ၾကည့္ကာ စိတ္ထက္သန္စြာ လက္ဆြဲ ႏႈတ္ဆက္ရန္ လက္ကမ္း လိုက္သည္။
"ဒီဘက္က ထိပ္ဉီးအဖြဲ႕ေခါင္းေဆာင္ ယြင္ခ်ဲ့ ျဖစ္မယ္ ၾကားထားတာနဲ႕ နည္းနည္းေလးေတာ့ ကြာတယ္ေနာ္ .. ဒါနဲ႕ က်ဳပ္က ေဝ့စစ္တပ္က လင္းရွန့္ပါ"
မ်က္မွန္မွတစ္ဆင့္ လင္းရွန့္၏ မ်က္လုံးတို႔က အေရွ႕တြင္ ရပ္ေနေသာ ပိန္သြယ္သည့္ လူငယ္တစ္ေယာက္ကို အေသးစိတ္ ၾကည့္လိုက္သည္။ စစ္တပ္၏ လက္ထဲတြင္ အေတာ္ဆုံးေသာ စြမ္းအားရွင္ အဖြဲ႕ ၂၀ မွ အဖြဲ႕ဝင္မ်ား၏ ကိုယ္ေရး အခ်က္အလက္မ်ားကို ရရွိထားၿပီး ထိပ္ဉီးအဖြဲ႕က ဒုတိယ ျဖစ္ေသာေၾကာင့္ ယြင္ခ်ဲ့၏ ကိုယ္ေရး ရာဇဝင္ကိုလည္း ရရွိထားသည္။ သို႔ေသာ္ ယြင္ခ်ဲ့၏ အခ်က္အလက္မ်ားမွာ အေသးစိတ္ မဟုတ္သည့္အျပင္ ထိပ္ဉီးအဖြဲ႕ဝင္မ်ား၏ ကိုယ္ေရးမွာလည္း အေသးစိတ္ ေဖာ္ျပထားျခင္း မရွိေပ။ အခ်က္အလက္ အတိအက် ရရွိရန္ စစ္တပ္က အမ်ိဳးမ်ိဳး ႀကိဳးစားခဲ့ေသာ္လည္း ထိပ္ဉီးအဖြဲ႕မွာ ခပ္လွ်ိုလွ်ိုသာ ေနသျဖင့္ ႀကိဳးစား၍ မရခဲ့ေပ။ ထိပ္ဉီး အဖြဲ႕ဝင္တို႔မွာ ေန႕စဥ္လုပ္ငန္း တာဝန္မ်ားကို လုပ္ေဆာင္သည္က လြဲ၍ လူအမ်ားၾကား သူတို႔မ်က္ႏွာကို မထုတ္ျပခဲ့ေသာ္လည္း ထိုအဖြဲ႕က အလြန္ နာမည္ႀကီးလွသည္။ လွ်ို႔ဝွက္ေနျခင္းက အေက်ာ္ၾကားဆုံး ျဖစ္ေနသည္ဟု ထင္ရသည္။
"ဪ ဘယ္လို ကြာတာလဲ"
သာမန္ သူမ်ားဆိုလွ်င္ ေတြ႕ရတာ ဝမ္းသာေၾကာင္း သို႔မဟုတ္ အျခားတစ္ခုခုေျပာလိမ့္မည္ ျဖစ္ေသာ္လည္း ယြင္ခ်ဲ့က သာမန္ႏွင့္ မတူဘဲ တစ္ဖက္လူ စကားထဲမွ ခ်က္ေကာင္းကို ရွာကာ ျပန္ေခ်ပ ေျပာဆိုတတ္သည္။ မယဥ္ေက်းရာ က်မည္ စိုးေသာေၾကာင့္ လင္းရွန့္ႏွင့္ ယြင္ခ်ဲ့ လက္ဆြဲ ႏႈတ္ဆက္လိုက္သည္။
"ဘယ္လိုလဲဆိုေတာ့ ... ထူးခြၽန္ေျပာင္ေျမာက္တဲ့ ေခါင္းေဆာင္ယြင္က ဒီလိုေခ်ာေမာတဲ့ ႐ူပကာရွိမယ္လို႔ မထင္ထားဘူး .. ဒီလို ကပ္ေဘးသာ မျဖစ္ရင္ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္ေနမယ္ထင္တယ္"
အျမန္စဥ္းစားၿပီးေနာက္ လင္းရွန့္က အလြယ္တကူပင္ လြတ္လမ္းကို ေ႐ြးခ်ယ္ နိုင္လိုက္သည္။
"ေခ်ာတယ္ ? ကြၽန္ေတာ္တို႔အဖြဲ႕က လူေခ်ာေတြ မ်ားပါတယ္။ ကြၽန္ေတာ့္ရဲ႕ အဖြဲ႕သား ၂ ေယာက္ကို ၾကည့္လိုက္ မေခ်ာဘူးလား ... ကြၽန္ေတာ္တို႔ မိဘေတြက အျခားသူေတြ အားက်ေလာက္တဲ့ ႐ုပ္ရည္မ်ိဳးနဲ႕ ေမြးဖြားေပးခဲ့ေတာ့ ကြၽန္ေတာ္တို႔လည္း မတတ္နိုင္ဘူးေလ ... ရထားတဲ့ အခ်က္အလက္ေတြထဲ အရည္အခ်င္း မလုံမေလာက္ ျဖစ္ခဲ့တာေတာ့ အားနာပါတယ္ .. ဗိုလ္ခ်ဳပ္ လင္း"
လြတ္လမ္းကို မည္မွ်ပင္ ေတြးေတာ ေ႐ြးခ်ယ္ေျပာဆို နိုင္ခဲ့ပါေစ သူဆႏၵရွိလွ်င္ တစ္ဖက္လူကို သေရာ္ခ်က္ျဖင့္ တိုက္ခိုက္ရန္ ရႈေထာင့္တစ္ခုကို လြယ္ကူစြာပင္ ရွာေဖြနိုင္သည္။ အခြင့္အေရး ႀကဳံခိုက္တြင္ ယြင္ခ်ဲ့က ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ တို႔ကိုလည္း ထုတ္ႂကြားလိုက္ရာ လင္းရွန့္ကဲ့သို႔ သမာၻရင့္ဝါရင့္ လူတစ္ေယာက္ပင္ ယြင္ခ်ဲ့၏ မ်က္ႏွာေျပာင္ တိုက္မႈက အလြန္မ်ားသည္ဟု ခံစားလိုက္ရသည္။
သို႔ေသာ္ ထိပ္ဉီးအဖြဲ႕ဝင္၂ ေယာက္က သူတို႔၏ ေခါင္းေဆာင္အတြက္ ဂုဏ္ယူသြားေလသည္။
ယြင္ခ်ဲ့ႏွင့္ သိသူမ်ားက တိတ္တဆိတ္ ခ်ီးက်ဴးလိုက္ၾကၿပီး အနားပင္ မကပ္လိုေသာ ေမာ့ဝမ္းယန္ သည္လည္း ဂုဏ္တက္ သြားသကဲ့သို႔ ခံစားလိုက္ရသည္။ ယြင္ခ်ဲ့ကို ရက္စက္ၾကမ္းၾကဳတ္သူဟု ေမာ့ဝမ္းယန္ ထင္ခဲ့ေသာ္လည္း ယေန႕ ေတြ႕လိုက္ရသည့္ အျဖစ္ေၾကာင့္ ယြင္ခ်ဲ့၏ စကားမ်ားမွာ အညွာအတာ ကင္းမဲ့ေၾကာင္း သူသိခဲ့ရသည္။ ရွင္းဖုန္း၏ အိမ္ေစာင့္ သားရဲဆိုေသာ နာမည္ႏွင့္ အလြန္ လိုက္ဖက္ေပသည္။
"ဒါနဲ႕ ဒီဘက္က ..."
ဗိုလ္ခ်ဳပ္လင္းကို ယြင္ခ်ဲ့ အံ့အားသင့္ ေစခဲ့ၿပီးေနာက္ အျခားဗိုလ္ တစ္ေယာက္ထံသို႔ အာ႐ုံေျပာင္းလိုက္သည္။ ဗိုလ္ခ်ဳပ္ဝမ္က လင္းရွန့္ ကဲ့သို႔ အေျပာမခံလိုေသာေၾကာင့္ စကားကို ျဖစ္နိုင္သမွ် အနည္းဆုံးကိုသာ ေျပာဆိုေလသည္။
"ဝမ္ စစ္တပ္ကိုယ္စားလွယ္ ဝမ္ေကြာ္အန္း ပါ"
"အာ ဗိုလ္ခ်ဳပ္ဝမ္ ေတြ႕ရတာ ဝမ္းသာပါတယ္ .. ဗိုလ္ခ်ဳပ္ေတြက အရပ္လူေတြနဲ႕ အေတာ္ ျခားနားတာပဲေနာ္ ခင္ဗ်ားရဲ႕ပုံစံနဲ႕ အသြင္အျပင္ကို ၾကည့္႐ုံနဲ႕တင္ အေတာ္ အေရးပါတယ္လို႔ ထင္ရတယ္ .. တျခားသူေတြကေတာ့ ကိုယ့္ကိုယ္ကို စစ္သား တစ္ေယာက္လို႔သာ ေျပာတယ္ ဟန္ပန္နဲ႕ မ်က္မွန္ႀကီးေတြ တပ္ၿပီးေတာ့ ရွိုးထုတ္ေနၾကတာ"
ယြင္ခ်ဲ့က မ်က္ႏွာလို မ်က္ႏွာရပုံစံျဖင့္ ဗိုလ္ခ်ဳပ္ဝမ္ကို လက္ႏွစ္ဖက္ျဖင့္ လက္ဆြဲ ႏႈတ္ဆက္ လိုက္ေသာ္လည္း သူ၏ ေနာက္ဆုံးစကားက တစ္ေယာက္ေယာက္ကို ႏွိပ္ကြပ္ လိုက္သကဲ့သို႔ပင္။ သို႔ေသာ္ မသင့္ေတာ္ေသာ အေၾကာင္းရာ တစ္ခုခုကို ယြင္ခ်ဲ့ သတိထားမိ လိုက္သကဲ့သို႔ ေျပာဆိုသံလည္း ေျပာင္းသြားေလသည္။
"အာ ေတာင္းပန္ပါတယ္ ဗိုလ္ခ်ဳပ္လင္းကို ေျပာတာ မဟုတ္ပါဘူး ေခါင္းေဆာင္ ရွင္း အေနာက္မွ ရပ္ေနတဲ့သူကို ေျပာတာပါ ... သူ႕ကိုၾကည့္လိုက္ေလ ဉာဏ္နီဉာဏ္နက္ မ်ားတဲ့ပုံစံနဲ႕ တျခားသူေတြကို မ်က္ေစာင္းနဲ႕ လိုက္ၾကည့္ေနတာ အဲဒီမ်က္မွန္နဲ႕လည္း ၾကည့္ဉီး ေၾကာင္သူေတာ္နဲ႕ မတူဘူးလား"
ယြင္ခ်ဲ့က ကူးမင္႐ႊမ္းကိုသာ ေျပာဆိုေနသည္ဟု ထင္ရေသာ္လည္း အမွန္တကယ္ ယြင္ခ်ဲ့ ေျပာေနသည္က ကူးမင္႐ႊမ္း မဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္လင္း သိသည္။ သို႔ေသာ္ အမ်ားေရွ႕တြင္ လင္းရွန့္က ဟန္မပ်က္ ေစရန္သာ ကိုယ့္ကိုယ္ကို ထိန္းလ်က္ ေနလိုက္သည္။
'ငါ့႐ုပ္က ဉာဏ္နီဉာဏ္နက္ မ်ားသလို ျဖစ္ေနတာေတာ့ ငါလည္း မတတ္နိုင္ဘူးေလ ဘာကိစၥ ငါ့မ်က္မွန္ကို ရန္ရွာရတာလဲ'
ကူးမင္႐ႊမ္း အလိုမက်စြာ စိတ္ထဲမွ ေတြးလိုက္သည္။
မဆီမဆိုင္ ေျပာဆိုခံလိုက္ရေသာ ကူးမင္႐ႊမ္း အတြက္ မွ်တမႈမရွိေပ။ ကပ္ေဘး မဆိုက္ခင္ကတည္းက ကူးမင္႐ႊမ္းမွာ အေဝးမႈန္သူ ျဖစ္ၿပီး ကပ္ဆိုက္ၿပီးေနာက္ စြမ္းအား ရလာခ်ိန္တြင္ အျမင္မ်ား ျပန္လည္ ေကာင္းမြန္ လာေသာ္လည္း မ်က္မွန္မပါလွ်င္ အေနရခက္သျဖင့္ မ်က္မွန္ကို တပ္ဆင္ ထားခဲ့သည္။ သူ႕ကို ေၾကာင္သူေတာ္ဟု ေျပာဆိုသည္က မရက္စက္ေပဘူးလား။ ထို႔အျပင္ သူသည္ မ်က္ရစ္မရွိသ ျဖစ္ေသာေၾကာင့္ မ်က္ေစာင္းႏွင့္ ၾကည့္သကဲ့သို႔ ျဖစ္ေနသည္။ မ်က္ရစ္ေဖာ္ျခင္းကို ခြဲစိတ္ရန္ မတတ္နိုင္သျဖင့္ မ်က္ရစ္မရွိ ျဖစ္ေနသည္က အျပစ္မ်ား ျဖစ္သြားေလသလား။
"မင္႐ႊမ္းကို မင္းဆက္ေျပာေနရင္ သူေအာ္ငိုေတာ့မယ္"
ရွင္းဖုန္းလည္း သူ၏အစ္ကိုႀကီးအတြက္ စိတ္မေကာင္းျဖစ္ေနၿပီး စေနာက္ကာ စကားျဖတ္ လိုက္ရသည္။ သူ႕အတြက္ ကံမေကာင္းေသာ ေန႕ျဖစ္သြားပုံပင္၊ ယြင္ခ်ဲ့က စစ္သားမ်ား အထူးသျဖင့္ ဗိုလ္ခ်ဳပ္မ်ားကို ထိုသို႔ ေျပာဆိုတတ္သည္။ အခ်ိန္အားေလ်ာ္စြာျဖင့္ ဗိုလ္ ၃ ေယာက္ႏွင့္ သူေတြ႕ဆုံေနရၿပီး အကယ္၍ ျပဇာတ္ဆန္သည့္ အေနအထား တစ္ခုခု မလုပ္ခဲ့ရလွ်င္ ယြင္ခ်ဲ့ စိတ္ၿငိမ္သက္ေနမည္မဟုတ္ေပ။
"ဟီး .. စစ္တပ္ ၃ ခုလုံးက ကိုယ္စားလွယ္ေတြ လႊတ္လိုက္တယ္ ထင္တာ ေနာက္တစ္ေယာက္ကေရာ"
ယြင္ခ်ဲ့ က်ိတ္ရယ္လ်က္ ႏွာေခါင္းကို ပြတ္လိုက္သည္။ ဝမ္ေကြာ္အန္းႏွင့္ လင္းရွန့္တို႔ကို ေခ်ပၿပီး ျဖစ္ေသာေၾကာင့္ အခန္းထဲတြင္ ရွိေနနိုင္မည့္ ေမာ့ဝမ္းယန္ကို ရွာေဖြေလသည္။ ေမာ့ဝမ္းယန္ႏွင့္ ယြင္ခ်ဲ့တို႔ အခ်င္းခ်င္း မရင္းႏွီးဟု လူအမ်ားက သိထားၾကသျဖင့္ ထိုအခြင့္အေရးကို သုံးကာ ေပ်ာ္စရာ ေကာင္းသည္တို႔ကို ယြင္ခ်ဲ့ ဖန္တီးလိုက္ဉီးမည္ ျဖစ္သည္။
ပုန္းကြယ္လ်က္ ခိုးရယ္ေနခဲ့ေသာ ေမာ့ဝမ္းယန္မွာ အိမ္ေစာင့္ သားရဲႀကီးက သူ၏နာမည္ကိုေခၚလိုက္သျဖင့္ ႐ုတ္တရက္ ေၾကာက္လန့္ သြားေလသည္။ သို႔ေသာ္ ဘာမွမျဖစ္သကဲ့သို႔ ယြင္ခ်ဲ့ တို႔ထံ လက္ေဝွ႕ယမ္း ျပလိုက္သည္။
"က်ဳပ္ကို ရွာေနတာလား ေခါင္းေဆာင္ ယြင္"
ေမာ့ဝမ္းယန္မွာ ျဖစ္နိုင္လွ်င္ ယြင္ခ်ဲ့ မီတာ ၂၀ အကြာတြင္ ေနခ်င္ေသာ္လည္း လက္ေတြ႕တြင္ အခြင့္မသာေသာေၾကာင့္ အနားကပ္လာေသာ ယြင္ခ်ဲ့ႏွင့္ အဖြဲ႕ကိုသာ ၾကည့္ေနလိုက္ရသည္။
"အဟမ္း ! ေမာ့တပ္ဖြဲ႕က ေမာ့ဝမ္းယန္ ပါ"
ယြင္ခ်ဲ့၊ ရွင္းဖုန္းတို႔ႏွင့္ မ်က္လုံး စုံသြားခ်ိန္တြင္ သူတို႔ မ်က္ႏွာထက္မွ လူမိုက္အၿပဳံးမ်ားေၾကာင့္ ေမာ့ဝမ္းယန္ မ်က္ႏွာမဲ့ သြားေသာ္လည္း ေခ်ာင္းဟန့္ကာ လက္ဆြဲ ႏႈတ္ဆက္ရန္ လက္ကမ္းေပးလိုက္သည္။ ယြင္ခ်ဲ့လည္း လက္ဆြဲ ႏႈတ္ဆက္လိုက္ၿပီး ရွင္းဖုန္းကို လွည့္ၾကည့္ကာ ...
"စစ္သားေတြအေပၚ ကြၽန္ေတာ့္ရဲ႕ နားလည္သိထားမႈက ေျပာင္းျပန္ျဖစ္သြားၿပီ စစ္တပ္ထဲကလူေတြက ဗိုလ္ခ်ဳပ္ဝမ္ လိုမ်ိဳး ျဖစ္မယ္ ထင္ထားတာ ... ဗိုလ္ခ်ဳပ္ ေမာ့ကို ေခ်ာေမာတဲ့ သူတစ္ေယာက္ျဖစ္မယ္ မထင္ထားဘူး ခင္ဗ်ားက မိန္းမေခ်ာေခ်ာတာပဲ !"
"အဟမ္း !"
ရွင္းဖုန္း ရယ္မိမည္ စိုးေသာေၾကာင့္ ေခ်ာင္းသာ ဟန့္လိုက္ရသည္။ သူ၏ ယြင္ခ်ဲ့က အလြန္ဟာသ ေျပာတတ္သည္။ ကာကြယ္ေရးတပ္ဖြဲ႕၏ ေခါင္းေဆာင္ပင္မခ်န္ ဗိုလ္ခ်ဳပ္ ၃ေယာက္ကိုလည္း အနိုင္ပိုင္း နိုင္ခဲ့သည္။
"ေခါင္းေဆာင္ ယြင္ .. က်ဳပ္လက္ကို လႊတ္ေပးလို႔ ရၿပီလား"
ယြင္ခ်ဲ့ ဆုပ္ကိုင္ ထားေသာ သူ၏လက္ကို ႐ုန္းကန္လ်က္ ေမာ့ဝမ္းယန္ မ်က္ႏွာမဲ့ကာ သတိေပးလိုက္ၿပီး ယြင္ခ်ဲ့ႏွင့္ သူ၏ေဆြစဥ္မ်ိဳးဆက္ ဘိုးဘြားတို႔ကိုလည္း တိုင္ေတာ က်ိန္ဆဲေနမိသည္။
'ရွင္းဖုန္းေရ မင္းျမင္လား .. သူက အိမ္ေစာင့္သားရဲ မဟုတ္ရင္ တျခား ဘာျဖစ္ဉီးမွာလဲ သားရဲေတြထက္ သူက ပိုၿပီး ရက္စက္တယ္'
"အာ အားနာပါတယ္ ကြၽန္ေတာ္လည္း သတိလြတ္သြားလို႔"
ေမာ့ဝမ္းယန္ကို လႊတ္ေပးၿပီးေနာက္ ယြင္ခ်ဲ့လည္း သူ၏ကိစၥ ၿပီးသြားသျဖင့္ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ ေခၚကာ သူတို႔ အဖြဲ႕အတြက္ စီစဥ္ထားေသာ ထိုင္ခုံမ်ားတြင္ ထိုင္လိုက္သည္။
"မင္းရဲ႕မိန္းမက ေတာ္ေတာ္ လူမဆန္တာပဲ !"
ရွင္းဖုန္းႏွင့္ လက္ဆြဲ ႏႈတ္ဆက္လ်က္ အနားကပ္ကာ ေမာ့ဝမ္းယန္မွာ ငိုခ်င္ေသာ အသံႏွင့္ တီးတိုး ေျပာလိုက္သည္။ သူ၏လုံၿခဳံေရးအတြက္ ထိုအိမ္ေစာင့္သားရဲႏွင့္ ေဝးနိုင္သမွ် ေဝးေဝးတြင္ သူေရွာင္ပုန္း ေနရမည္ျဖစ္သည္။
"ဟား ဟား"
ရွင္းဖုန္းလည္း ရယ္လိုက္ၿပီး အစ္ကို ဝမ္းကြဲျဖစ္သူကို ပခုံးပုတ္ကာ ထြက္သြားလိုက္သည္။ ယြင္ခ်ဲ့က အျခားဗိုလ္၂ေယာက္ကို တိုက္ရိုက္ျဖစ္ေစ သြယ္ဝိုက္ျဖစ္ေစ ေခ်ပခဲ့ၿပီးျဖစ္ေသာေၾကာင့္ ေမာ့ဝမ္းယန္ ကို တမင္ႏွိပ္ကြပ္လိုစိတ္မရွိသည္ကို ရွင္းဖုန္း သိထားသည္။ အကယ္၍ ယြင္ခ်ဲ့က ေမာ့ဝမ္းယန္ကို တစ္ခုခု မေျပာခဲ့လွ်င္ အမ်ားအျမင္တြင္ ထူးဆန္း ေနလိမ့္မည္။ အမွန္မွာ ယြင္ခ်ဲ့သည္ ေမာ့ဝမ္းယန္ အေပၚ သေဘာထား ေကာင္းစြာ ရွိေပသည္။
ဒရာမာဆန္ဆန္ ႏႈတ္ဆက္ျခင္းကို ယြင္ခ်ဲ့က လြဲ၍ ကမာၻေပၚတြင္ မည္သူမွ လုပ္ၾကမည္ မဟုတ္ေပ။ ထိုသို႔လုပ္ခဲ့သည္က အစိုးရႏွင့္ က်န္ေသာ စစ္တပ္ ၂ ခုက သူ႕အေပၚ ပို၍ အာ႐ုံစိုက္ လာၾကမည္ျဖစ္သည္။
"ေစာင့္ခိုင္းထားရလို႔ ေတာင္းပန္ပါတယ္ .. အစည္းအေဝး ၉ နာရီ စမယ္မွန္း သိရင္ အိမ္မွာ ဘာမွလုပ္စရာ မရွိတာကို ဒီတိုင္း ထိုင္မေနခဲ့ပါဘူး"
ထိုင္ခုံေပၚတြင္ ထိုင္လိုက္ၿပီးေနာက္ ယြင္ခ်ဲ့က အျခားေသာ စြမ္းအားရွင္မ်ားကို လက္ျပကာ ႏႈတ္ဆက္ လိုက္သည္။ ယြင္ခ်ဲ့ ထိုသို႔ ေျပာလိုက္သည္က အျပစ္ျမင္ ခံေနရေသာ ကာကြယ္ေရး တပ္ဖြဲ႕ေခါင္းေဆာင္ က်န္းဝမ္ရွန္ကို ထပ္မံ ထိုးႏွက္ လိုက္ျခင္းပင္။
"မၾကာပါဘူး .. မင္းတို႔လည္း တမင္ ေနာက္က်ၿပီး လာတာမွ မဟုတ္တာ"
"ဟုတ္တယ္ ဒါကာကြယ္ေရး တပ္ရဲ႕အျပစ္ပဲ .. ေတာင္းပန္စရာ မလိုပါဘူး ေခါင္းေဆာင္ ယြင္"
"ကာကြယ္ေရး အဖြဲ႕က တာဝန္ရွိတဲ့ သူကို ရွာသင့္တယ္ ... တစ္ေယာက္ေယာက္က ေခါင္းေဆာင္ယြင္နဲ႕ ေခါင္းေဆာင္ရွင္းတို႔ကို ေခ်ာက္ခ်ခဲ့တာလား ငါတို႔မွာေတာ့ မွန္ၿပီး သူတို႔ ၂ ဖြဲ႕ပဲ မွားရတယ္လို႔"
"ဟုတ္တယ္ ေခါင္းေဆာင္ က်န္း .. ဒါကို မ်က္ကြယ္ မျပဳထားသင့္ဘူး ေသခ်ာ စစ္ေဆးေပးဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္"
"ဟုတ္တယ္"
ေလတာ့ရွန္ ဉီးေဆာင္ လိုက္ၿပီးေနာက္ စြမ္းအားရွင္မ်ားက ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္း တို႔ဘက္မွ ကာ၍ ေျပာေပးေလသည္။ ထို႔ေနာက္ ကိုယ့္သေဘာႏွင့္ကိုယ္ ေျပာင္းလဲ ခဲ့သူကိုလည္း ရွာေဖြမည္ဟု ထပ္တလဲလဲ ကတိေပးေနေသာ က်န္းဝမ္ရွန္ကိုလည္း ေျပာဆို ေနၾကၿပီးေနာက္ လူအုပ္မွာ တိတ္ဆိတ္ သြားေလသည္။ အုတ္ေအာ္ေသာင္းတင္း ျဖစ္ေနခ်ိန္ ထိုလုပ္ရပ္ကို ဖန္တီးခဲ့သူႏွင့္ ရွင္းဖုန္းတို႔ တစ္ခုခု တီးတိုးေျပာဆိုေနၾကသည္။
***