Unicode
အခန်း (၁၁၇)
အနောက်တောင်စခန်းမှာ လူဉီးရေတစ်သိန်းကျော် ရှိနေပြီး နေ့စဉ်နေ့တိုင်း အသက်ရှင် ကျန်သူအများအပြား ရောက်လာလေ့ ရှိသည်။ အသက်ရှင် ကျန်သူများမှာ လင်းကျန်းမြို့မှ သာမက လုံဖျင်၊ ထုံယန်း၊ ရီလင်း မြို့များနှင့် ပြည်နယ်ဒေသ အတွင်းရှိ မြို့များစွာထံမှ ရောက်လာကြခြင်း ဖြစ်သည်။ စခန်းမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသဖြင့် စစ်တပ်က အုပ်ချုပ်၍ မနိုင်တော့ပေ။ ကာကွယ်ရေး တပ်ဖွဲ့များတွင် စစ်တပ်ဖွဲ့ကြီး သုံးခုမှ တပ်သားများ ပါဝင်ပြီး ရဲတပ်ဖွဲ့များကို အစိုးရက ချုပ်ကိုင် ထားလေသည်။ စစ်တပ်က အဓိက အုပ်ချုပ်ရေးကို တာဝန်ယူထားသော အစိုးရကို ကူညီပေးပြီး စခန်းကို အုပ်ချုပ်ရသည်။ လိုအပ်သော ပစ္စည်းများ စုဆောင်းခြင်းနှင့် တာဝန်များ လုပ်ဆောင်ရတွင်လည်း အဓိက စစ်တပ်ကြီး ၃ ခုက တာဝန်များကို ဝေခွဲယူရသည်။ စွမ်းအားရှင်များကို စုစည်းစေခြင်း ကလည်း ထိုတပ်စု ၃ ခု၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။
အနောက်တောင် စခန်းတွင် စွမ်းအားရှင်အဖွဲ့ ၁၀၀ ကျော်ရှိပြီး စစ်တပ်နှင့် အဖွဲ့တို့ဖြင့် မလုပ်လိုသော တစ်ဉီးတည်း သီးခြားနေသော စွမ်းအားရှင်က အနည်းအကျဉ်းသာ ရှိသည်။ မည်သို့ဖြစ်ဖြစ် မနေ့က ယွင်ချဲ့နှင့် လေတာ့ရှန်တို့ ပြောသကဲ့သို့ စစ်တပ်မှာ စွမ်းအားကြီးသော အဖွဲ့များကိုသာ ရွေးချယ်တတ်ပြီး အားနည်းသော အဖွဲ့များအပေါ်တွင် အနည်းငယ်သာ မျှော်လင့်ထားကြသည်။ အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားသည်ဟု ပြောဆိုနေကြသော်လည်း အမှန်မှာ အကောင်းဆုံးသော အဖွဲ့ ၂၀ နှင့် စွမ်းအားကြီးသော သီးခြားစွမ်းအား အချို့ကိုသာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုင် အစည်းအဝေး ခန်းမတွင် အဖွဲ့တစ်ခုစီ၏ ခေါင်းဆောင်နှင့် လက်ထောက် ခေါင်းဆောင်များ အပြင် စစ်တပ် တစ်ဖွဲ့စီ၏ ကိုယ်စားလှယ်များ အပါအဝင် လူဉီးရေ ၇၀ ကျော်ပင် ရှိနေသည်။ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးများ ဖြစ်နိုင်ပြီး ထိုထက် မြင့်လျှင်လည်း မြင့်နိုင်ပေသည်။ အစိုးရက ကာကွယ်ရေး ခေါင်းဆောင် ကျန်းဝမ်ရှန် ကို အစည်းအဝေးသို့ တက်ရန် စေလွှတ်ခဲ့သဖြင့် ကြီးမားသော စစ်ဆင်ရေး ရှိနိုင်သည်မှာ အထင်အရှားပင်။
လူ ၃၀ ဆံ့သော စားပွဲနှစ်ခုတွင်လည်း လူများ အပြည့်ထိုင်နေကြပြီး အဖွဲ့များမှ ခေါ်လာခဲ့သော လူအရေအတွက် အလိုက် ထိုင်ခုံများကိုလည်း နေရာချ ထားရသည်။ ထိုထိုင်ခုံများမှာ သာမန် စွမ်းအားရှင် အဖွဲ့များ အတွက်ပင်ဖြစ်သည်။ အစည်းအဝေးမှာ ၉ နာရီတွင် စမည်ဖြစ်ပြီး စွမ်းအားရှင်များလည်း ၈ နာရီ နောက်ပိုင်းမှစ၍ အသီးသီး ရောက်ရှိလာကြသည်။ အချိန်မှာ ၉ နာရီသို့ နီးကပ်နေပြီး စစ်တပ်နှင့် အစိုးရအဖွဲ့တို့၏ ကိုယ်စားလှယ်များ မရောက်လာကြမီ ကတည်းက ခန်းမမှာ လူများ ပြည့်နှက် နေလေသည်။ အချင်းချင်း ရင်းနှီးပြီး သူများက အစုအဖွဲ့နှင့်ထိုင်ကာ အားလုံးကိုယ်စီ မျက်နှာဖုံး တပ်ထားလျက် စကားစမြည် ပြောဆိုနေကြသည်။
"ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့တွေ မရောက်လာသေးဘူးလား"
"မနေ့က ညမမှောင်ခင် အချိန်မှာ ထိပ်ဉီးနဲ့ ချောင်ယန်း တို့က ကားနှစ်စီးနဲ့ အပြင်ထွက် သွားကြတယ်လို့ ကြားတယ် နောက်တော့ ၈ နာရီလောက်မှ ပြန်ရောက် လာကြတယ်တဲ့ .. ဘာတွေဖြစ်တာလဲ သိချင်မိပါရဲ့"
"ဘယ်သိမလဲ .. ထိပ်ဉီးအဖွဲ့နဲ့ ချောင်ယန်းအဖွဲ့ကပဲ အထူး အခွင့်အရေး ရကြတာ စခန်း ကာကွယ်ရေး အဖွဲ့တွေက ကျုပ်တို့ကိုသာ ထွက်ခွင့်ပေးမှာ မဟုတ်ဘူး"
"ဒါတော့ မဟုတ်သေးဘူးလေ။ အထူး အခွင့်အရေးရတော့ ဘာဖြစ်လဲ သူတို့နဲ့ ထိုက်လို့ရကြတာပဲ ... သူတို့ တော်တယ်ဆိုရင် ကျုပ်တို့ကို တာဝန်ထမ်းရတဲ့အခါ ခေါ်သွားပြီး ရိက္ခာတွေလည်း ခွဲပေးလေ"
"ဟုတ်တယ် ငါတို့နေခဲ့ရတဲ့ ဘဝကိုပဲ စဉ်းစားကြည့် တစ်နေ့ကို ၂ နှပ်ပဲစားရပြီး အမြဲဆာလောင်နေခဲ့ရတာ ... ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့က ကျုပ်တို့ကို ခေါ်သွားပြီးတဲ့ အချိန် ကတည်းက လိုအပ်တဲ့ ပစ္စည်းရိက္ခာတွေ အမြဲစုံစုံလင်လင် ရတယ် .. အနည်းဆုံးတော့ ကျုပ်တို့ မငတ်ကြတော့ဘူးလေ"
"အမှန်ပဲ မြို့ထဲမှာ ရိက္ခာတွေ အများကြီး ရှိတာကို သိပေမယ့် ဘယ်သူ သွားယူရဲလို့လဲ .. သူတို့သာ မခေါ်သွားခဲ့ရင် အဲဒီက စက်ရုံတွေကို ကျုပ်တို့ဝင်နိုင်မှာတောင် မဟုတ်ဘူး"
"ဟိုး ဟိုး တော်ကြပါတော့ ကျုပ်က ဒီတိုင်း ပြောရုံလေးကို ... ကျုပ်ပဲတောင်းပန်တယ် ဒီလိုရူးမိုက်မိုက် စကားပြောမိလို့ .. ကျုပ်ကိုခွင့်ပြုပါဉီး"
တစ်ယောက်ယောက်က ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့အကြောင်း စလိုက်သည့်အခါ ခန်းမတစ်ခုလုံး သူတို့အကြောင်းကို ပြောဆိုကြလေသည်။ အဖွဲ့ခေါင်းဆောင် တစ်ယောက်က ထေ့ငေါ့ပြောဆို လိုက်သည်ကို အခြားသူများက ပြန်လည် ဝေဖန်ချေပလေရာ ထိုခေါင်းဆောင်က ပြန်၍ တောင်းပန်ခဲ့ရသည်။ အခြားသူတို့မှာ ထိုလူကိုဆက်၍ မပြောဆိုကြတော့သော်လည်း သဘောကျခြင်းတော့ မရှိကြပေ။ ထိုအချိန်တွင် အစိုးရနှင့် တပ်ဖွဲ့ ၃ ခု၏ ကိုယ်စားလှယ်များ ရောက်ရှိ လာကြသည်။ ထိုစကားသံတို့ကို အခန်းအပြင်ဘက်မှ ကြားလိုက်သည့်အခါ သူတို့မျက်နှာများမှာ ပြောင်းလဲသွားကြပြီး အခန်းထဲ ဝင်လာကြသည့် အချိန်တွင် ပညာရှင်ဆန်စွာ အပြုံးတုများဖြင့် ဝင်လာကြလေသည်။
"ခေါင်းဆောင် ကျန်း"
ထိုသူတို့ ဝင်လာကြသည်နှင့် စွမ်းအားရှင်တို့မှာလည်း စကားပြော ရပ်လိုက်ကြပြီး အရှေ့ဆုံးမှ လမ်းလျှောက် လာသော ကာကွယ်ရေး ခေါင်းဆောင် ကျန်းဝမ်ရှန်ကို နှုတ်ဆက်ကြလေရာ ထိုလူကလည်း ပြန်၍ နှုတ်ဆက်လေသည်။
"အားလုံးပဲ ထိုင်ကြပါ"
ကပ်ဘေး မတိုင်မီ ကျန်းဝမ်ရှန်သည် လင်းကျန်းမြို့ ရှီကျုံး ပြည်နယ်၏ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြားဆက်ဆံရေး မည်သို့ ဆောက်တည်ရမည်ကို ကောင်းမွန်စွာ သိသော ပါးနပ်သူ တစ်ယောက်ဖြစ်သည်။ စွမ်းအားရှင်များနှင့် မြို့သူမြို့သားများသည်လည်း ကျန်းဝမ်ရှန်ကို အလွန်ပင် လေးစားကြသည်။
"ထိပ်ဉီးနဲ့ ချောင်ယန်း အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ မရောက်သေးဘူးလား"
ဗိုလ်ချုပ်က အသံကိုမြင့်ကာ မေးလိုက်သည်။ ထိုလူအသွင်အပြင်မှာ အသက် ၃၀ အရွယ်ရှိပြီး မမြင့်မပုသော အရပ်နှင့် မျက်နှာမှာလည်း လေးထောင့်ကျ အနေအထား ရှိနေသည်။ တပ်သား တစ်ယောက်၏ အရိပ်အယောင်များ ထင်ရှား ပြည့်နှက်နေသည့် မျက်လုံး တစ်စုံမှလွဲ၍ အခြားသော ထူးခြားချက် မရှိပေ။ လွတ်နေသော ခုံများကို အလိုမကျ အထင်သေးဟန်နှင့် ကြည့်ကာ မေးလိုက်သဖြင့် စွမ်းအားရှင်များက မျက်မှောင်ကြုတ် လိုက်ကြသော်လည်း သူက စစ်တပ်၏ ကိုယ်စားလှယ် ဖြစ်နေသောကြောင့် သူတို့၏ မနှစ်မြို့ခြင်းကို ထိန်းချုပ်ကာ ဘာမှမပြောဘဲနေကြလေသည်။
ထိုသို့မေးပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားသဖြင့် ကျန်းဝမ်ရှန် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မော့တပ်ဖွဲ့၏ကိုယ်စားလှယ် မော့ဝမ်းယန်က လွတ်နေသော ခုံများ၏ ဘေးတွင်ရှိသော ထိုင်ခုံတွင် ထိုင်လိုက်သည်။
"အဲဒီတော့ ? ကြည့်ရတာ သူတို့ အရေးပေါ် ကိစ္စကြုံနေတာ ဖြစ်နိုင်တယ်လေ ဟုတ်တယ်မလား သေရေးရှင်ရေး ကိစ္စဖြစ်နေရင် ဘယ်လိုလုပ်မလဲ ... ဒီလို ဘာမှမဟုတ်တဲ့ အစည်းအဝေးအတွက် သူတို့အရာရာကို ထားရစ်ခဲ့မယ်လို့ မျှော်လင့်နေတာလား ဗိုလ်ချုပ် ဝမ် ?"
လူများအား ပြန်လည် ချေပရခြင်းကို မော့ဝမ်းယန် နှစ်သက်ပြီး ပြဿနာ အစအနဖော်ထုတ်ရာတွင်လည်း အလွန် ပါးနပ်လှသည်။ အထူး လေ့ကျင့်ထားခြင်း မရှိသော သာမန် စစ်သားများဆိုလျှင် သူနှင့် စကားနိုင်လု ပြိုင်ပွဲ လုပ်ရမည်ဆိုပါက အရှုံးပေးသွားကြလိမ့်မည် ဖြစ်သည်။
"ခင်ဗျားက တစ်ခုခု သိထားတဲ့ပုံပါပဲ ဘာကြောင့် အချက်အလက်လေး မမျှပေးရတာလဲ ဗိုလ်ချုပ်ကြီး မော့ .. ကျုပ်တို့ကူညီလို့ရရင် ကူညီပေးမှာပေါ့ ... ပြီးတော့ ချောင်ယန်း နဲ့ ထိပ်ဉီးအဖွဲ့ဆိုတာက အနောက်တောင် စခန်းရဲ့ အကောင်းဆုံး အဖွဲ့တွေဆိုတော့ သူတို့အခက်ကြုံရင် စစ်တပ်ကလည်း တတ်နိုင်သလောက် ကူညီရမှာပဲ မဟုတ်လား"
ဗိုလ်ချုပ်ဝမ်ကို မော့ဝမ်းယန် သရော်ဟန်နှင့် ပြောလိုက်သော်လည်း အခြားဗိုလ်ချုပ် တစ်ယောက်က သူတော်စင်ယောင် ဆောင်သည့် အကူအညီကို ကမ်းလှမ်း ပြောဆိုလိုက်သည်။ ဗိုလ်ချုပ်ဝမ် နှင့်ယှဉ်လျှင် ထိုသူက ပို၍ ကြည့်ပျော် ရှုပျော်ရှိသည်။ မျက်မှန် တပ်ဆင်ထားပြီး ကျော်ကြားပုံ ရှိသည့်ဟန်ပန် အပြည့်ပင်။ ထိုသူက ဝေ့ စစ်တပ်၏ ကိုယ်စားလှယ် တစ်ဖြစ်လဲ ဝေ့ခန်၏ အယုံကြည်ရဆုံး လက်ထောက် လင်းရှန့် ဖြစ်သည်။
"မင်းပြောတာ ကျုပ်သဘောကျတယ် .. ကျုပ်တို့ စစ်သားတွေက လူတွေကို ကာကွယ်ရမယ့် တာဝန် ရှိတယ်မလား ... ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့က လူတွေ ရောက်လာရင် သူတို့ကို ကိုယ်တိုင်မေးလိုက်ပါ ဗိုလ်ချုပ် လင်း ... သူတို့ အခက်ကြုံနေတာ ဆိုရင် သူတို့ပြဿနာကို မင်းဖြေရှင်းပေးနိုင်မှာပဲလေ"
မော့ဝမ်းယန် ကလည်း ခေသူမဟုတ်သဖြင့် ချက်ချင်းပင် တုံ့ပြန်လေသည်။ ဗိုလ်ချုပ် လင်းကို ချီးမွမ်းလိုက်သည်ဟု ထင်ရသော်လည်း တစ်ဖက်လှည့်နှင့် ဖိနှိပ်လိုက်ခြင်းပင်။ ဗိုလ်ချုပ်လင်း အတွက် ဟုတ်သည် မဟုတ်သည် ဆိုသော အဖြေတို့က အထောက်အကူ မဖြစ်ပေ။
"ဟာ ဆရာ မော့ရယ် .. ကျုပ်တို့ တပ်စု ၃ ခုလုံးက မိသားစုတွေလေ ဘယ်သူပဲဖြေရှင်းနိုင် လိုက်ပါစေ အကုန် အတူတူပဲကို"
ဗိုလ်ချုပ် လင်းက တည်ငြိမ်စွာပင် မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ၏လူကိုခေါ်ကာ မော့ဝမ်းယန် ဘေးတွင် ထိုင်လိုက်သည်။ ဗိုလ်ချုပ်ဝမ်လည်း သူ၏လူများကို ခေါ်ကာ စားပွဲတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး ကျန်းဝမ်ရှန်မှာ အလယ်တွင် ထိုင်လိုက်သည်။ ၉ နာရီ ၁၅ မိနစ်ကိုပင် ရောက်လာခဲ့သဖြင့် ကျန်းဝမ်ရှန်လည်း စစ်တပ် ၃ စု၏ ကိုယ်စားလှယ်များကို ကြည့်ကာ အသံကိုနှိမ့်လျက် ...
"ဗိုလ်ကြီးတို့ အစည်းအဝေး စကြတော့မလား"
"ရပါတယ် ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့ဝင်တွေ မရောက်လာကြသေးဘူး ... ငါလည်းမလောပါဘူး ခဏစောင့် လိုက်တာပေါ့"
အခြားသူများ၏ အထင်နှင့် ဆန့်ကျင်စွာ ဗိုလ်ချုပ်လင်းက ကျန်းဝမ်ရှန်၏ အကြံပြုချက်ကို အပြုံးနှင့် ငြင်းဆန်လိုက်ပြီး ခန်းမတစ်ခုလုံး ကြားစေရန် သူ၏အသံကိုမြင့်ကာ ပြောလိုက်သည်။ စစ်တပ်၏ ရာထူးမြင့် သူများမှာ မာနကြီးကာ မောက်မာ တတ်ကြပြီး ဗိုလ်ချုပ်လင်းက သာမန်လူ တစ်ယောက်ကဲ့သို့ နေထိုင်သဖြင့် စွမ်းအားရှင် အများစုက သူ့ကို အလွန်ပင် လေးစား သွားကြပြီး သူနှင့် စကားပြောသည့်အခါ အလွန်ပင် ဂုဏ်ယူဝမ်းမြောက် ကြသကဲ့သို့ ခံစားကြရမည်ဖြစ်သည်။
လူအများထံမှ ထိုသို့ တုံ့ပြန်ခြင်းကို ဗိုလ်ချုပ်ဝမ် လိုလားခဲ့ခြင်း ဖြစ်သည်။ စွမ်းအားရှင်များ၏ထောက်ခံ အားပေးခြင်းကို မကြိုက်သောသူ မရှိပေ။ အကယ်၍ စွမ်းအားရှင်များ အဖွဲ့အစည်းက တပ်စုတစ်ခု အောက်တွင် ရှိနေလျှင် စခန်းတစ်ဝက်ကိုပင် အုပ်ချုပ်ခွင့် ရနိုင်သည်။ သို့သော် တပ်စု ၃ ခုက ထိုကိစ္စနှင့် အချိန်ကြာစွာ ပဋိပက္ခ ဖြစ်ခဲ့ကြသောကြောင့် အစိုးရက ထိုအခွင့်အရေး ယူကာ အုပ်ချုပ်သွားခြင်း ဖြစ်သည်။
"ကောင်းပြီလေ စောင့်ကြတာပေါ့ .. ဘာမှ ထွေထွေထူးထူး လုပ်စရာမှမရှိတာ"
အမှန်မှာ ယနေ့ အစည်းအဝေးသည် သူတို့၏ အစီအစဉ်အရ အရေးကြီးဆုံး ဖြစ်သောကြောင့် မော့ဝမ်းယန် စိတ်ပူ နေခဲ့သော်လည်း ယွင်ချဲ့နှင့် ရှင်းဖုန်း က အခုထိတိုင် မပေါ်လာသေးပေ။ သူဟန်ဆောင် နေသည်ကို အခြားဗိုလ်ချုပ် နှစ်ယောက် မသိစေရန် မော့ဝမ်းယန် ဂရုမစိုက်သကဲ့သို့ နေလိုက်သော်ငြား သူမစောင့်ဆိုင်း နိုင်တော့ပေ။
"မင်းတို့စောင့်နိုင်မှတော့ ငါလည်း စောင့်နိုင်ပါတယ်"
ဗိုလ်ချုပ် ဝမ်မှာ လွန်ခဲ့သော မိနစ်ပိုင်းက စိတ်လော နေခဲ့သော်လည်း သူ၏ကိုယ်ဟန်ကို ထိန်းကာ အေးအေးဆေးဆေး ရှိသကဲ့သို့ နေပြလိုက်သည်။
တပ်စုသုံးခုက စောင့်ဆိုင်းရန် သဘောတူ လိုက်သဖြင့် ကျန်းဝမ်ရှန်လည်း ခန်းမထဲမှ အခြားသူများ စိတ်တက်ကြွစေရန် ရယ်မောကာ စကားပြော လိုက်သော်လည်း စွမ်းအားရှင်များက မည်သို့ဖြစ်နေသည်ကို သိချင်နေကြသည်။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့မှာ စွမ်းအားကြီးပြီး ပျှမ်းမျှ အခြေအနေထက် သာလွန်သည် ဆိုသော်လည်း လက်ရှိ ရောက်နေကြသူများမှာ စခန်းတွင် ဩဇာရှိသော အထက်တန်းစား ရာထူးမြင့် စစ်တပ်ဖြစ်နေသည်။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့က စစ်တပ် ၃ စုအတွက် အလွန် အရေးကြီးနေသည်လား။ ယခု အစည်းအဝေးက စင်စစ် ဘာအတွက်လဲဟု စွမ်းအားရှင်များ တွေးမိလာကြသည်။
၉း၃၀ တွင် အစည်းအဝေး ခန်းမ တံခါးပွင့်ကာ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ အတူတူ ဝင်လာကြပြီး ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ အနောက်မှ လိုက်လာကြလေသည်။ သူတို့ ဝင်လာကြသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
"ဟင်! လူတွေစုံနေကြပြီပဲ .. ၁၀ နာရီမှ စမယ် ထင်ထားတာ ကျွန်တော် အမှတ်မှား သွားလို့လား"
ယွင်ချဲ့ အံ့ဩတကြီးနှင့် ကြည့်လိုက်ပြီး သူ၏လက်ထဲရှိ ဖိတ်ခေါ်စာကို အမြန်ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။
"မနက် ၁၀နာရီ ပြောထားတော့ နောက်ကျမှာစိုးလို့ စောစောထပြီး အပြေးလာခဲ့တာကို"
သာမန် ရေရွတ်ရုံသာ မဟုတ်ဘဲ တစ်ခန်းလုံး ကြားအောင် ယွင်ချဲ့ ပြောလိုက်ခြင်း ဖြစ်သည်။ ယွင်ချဲ့ ပြောပြီးနောက် ခန်းမထဲရှိ စွမ်းအားရှင်များလည်း သူတို့လက်ထဲမှ စာများကို ကြည့်လိုက်ကြသော်လည်း ၉နာရီဟုသာ တွေ့ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်ကုန်လေသည်။ တစ်ယောက်ယောက်က ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့တို့ကို လှည့်စားခဲ့လေသလား။
"နောက်နေတာလား ခေါင်းဆောင် ယွင် .. ကျွန်တော်တို့က အရေအတွက် အတိအကျ ထုတ်ပြီး လိုက်ဖိတ်ခဲ့တာပါ .. စာစောင်တိုင်းမှာလည်း ၉ နာရီစမယ်ဆိုပြီး ရေးထားပါတယ်"
တပ်စု၃ခုမှ ကိုယ်စားလှယ်တို့၏ အကြည့်များကြောင့် ကျန်းဝမ်ရှန် မတ်တပ်ရပ်ကာ ပြောလိုက်ရသည်။ အားနည်းပုံရပြီး ခင်မင်ရင်းနှီးဖွယ် ကောင်းသော ယွင်ချဲ့မှာ ပရိယာယ်ကြွယ်ဝပြီး သူလုပ်ချင်ရာကို လုပ်တတ်ကြောင်း ကျန်းဝမ်ရှန် ကြားသိထားရသည်။
တစ်ဖက်သတ်တည်း မှန်ကန်ကြောင်း ပြောနေသော ကျန်းဝမ်ရှန်ကြောင့် ယွင်ချဲ့ မျက်မှောင်ကြုတ် သွားသည်။
"ခင်ဗျားပုံစံက ကျုပ်ကပဲ အဓိပ္ပါယ်မရှိတာ ပြောနေတယ်လို့ ထင်မြင်နေသလိုပဲ
'ဟုတ်တယ် မင်းက အဓိပ္ပါယ် မရှိတာကို ပြောနေတာပဲလေ !'
ကျန်းဝမ်ရှန် စိတ်ထဲက ပေါက်ကွဲ လိုက်သော်လည်း အပြုံးမပျက်လျက်ပင် ...။
"မဟုတ်ပါဘူး .. မင်းက ..."
"ဒါဆိုလည်း ကိုယ်တိုင်ပဲ စစ်ကြည့်လိုက်လေ"
ကျန်းဝမ်ရှန် စကားမဆုံးမီ ယွင်ချဲ့က စာရွက်ကမ်း ပေးလိုက်သဖြင့် ကျန်းဝမ်ရှန်လည်း ယူဖတ်လိုက်သည်။
"အင်း ... ရေးထားတာက .. ဟင် ၁၀ နာရီ"
၁၀ နာရီဟု ရေးထားသည်ကို ဖတ်လိုက် ရပြီးနောက် ကျန်းဝမ်ရှန် အလွန် အံ့အားသင့်ကာ စာရွက်ကို ကိုင်ထားသော လက်များလည်း ပိုမိုတင်းကျပ် သွားလေသည်။ အကြိမ်ကြိမ် အခါခါ ဖတ်သော်လည်း ၁၀ နာရီသာ ဖြစ်နေသောကြောင့် ကျန်းဝမ်ရှန် ခေါင်းကိုက်ခဲ သွားရသည်။
***
Zawgyi
အခန္း (၁၁၇)
အေနာက္ေတာင္စခန္းမွာ လူဉီးေရတစ္သိန္းေက်ာ္ ရွိေနၿပီး ေန႕စဥ္ေန႕တိုင္း အသက္ရွင္ က်န္သူအမ်ားအျပား ေရာက္လာေလ့ ရွိသည္။ အသက္ရွင္ က်န္သူမ်ားမွာ လင္းက်န္းၿမိဳ႕မွ သာမက လုံဖ်င္၊ ထုံယန္း၊ ရီလင္း ၿမိဳ႕မ်ားႏွင့္ ျပည္နယ္ေဒသ အတြင္းရွိ ၿမိဳ႕မ်ားစြာထံမွ ေရာက္လာၾကျခင္း ျဖစ္သည္။ စခန္းမွာလည္း တျဖည္းျဖည္း က်ယ္ျပန့္လာသျဖင့္ စစ္တပ္က အုပ္ခ်ဳပ္၍ မနိုင္ေတာ့ေပ။ ကာကြယ္ေရး တပ္ဖြဲ႕မ်ားတြင္ စစ္တပ္ဖြဲ႕ႀကီး သုံးခုမွ တပ္သားမ်ား ပါဝင္ၿပီး ရဲတပ္ဖြဲ႕မ်ားကို အစိုးရက ခ်ဳပ္ကိုင္ ထားေလသည္။ စစ္တပ္က အဓိက အုပ္ခ်ဳပ္ေရးကို တာဝန္ယူထားေသာ အစိုးရကို ကူညီေပးၿပီး စခန္းကို အုပ္ခ်ဳပ္ရသည္။ လိုအပ္ေသာ ပစၥည္းမ်ား စုေဆာင္းျခင္းႏွင့္ တာဝန္မ်ား လုပ္ေဆာင္ရတြင္လည္း အဓိက စစ္တပ္ႀကီး ၃ ခုက တာဝန္မ်ားကို ေဝခြဲယူရသည္။ စြမ္းအားရွင္မ်ားကို စုစည္းေစျခင္း ကလည္း ထိုတပ္စု ၃ ခု၏ လုပ္ေဆာင္ခ်က္ပင္ ျဖစ္သည္။
အေနာက္ေတာင္ စခန္းတြင္ စြမ္းအားရွင္အဖြဲ႕ ၁၀၀ ေက်ာ္ရွိၿပီး စစ္တပ္ႏွင့္ အဖြဲ႕တို႔ျဖင့္ မလုပ္လိုေသာ တစ္ဉီးတည္း သီးျခားေနေသာ စြမ္းအားရွင္က အနည္းအက်ဥ္းသာ ရွိသည္။ မည္သို႔ျဖစ္ျဖစ္ မေန႕က ယြင္ခ်ဲ့ႏွင့္ ေလတာ့ရွန္တို႔ ေျပာသကဲ့သို႔ စစ္တပ္မွာ စြမ္းအားႀကီးေသာ အဖြဲ႕မ်ားကိုသာ ေ႐ြးခ်ယ္တတ္ၿပီး အားနည္းေသာ အဖြဲ႕မ်ားအေပၚတြင္ အနည္းငယ္သာ ေမွ်ာ္လင့္ထားၾကသည္။ အဖြဲ႕အားလုံးကို ဖိတ္ေခၚထားသည္ဟု ေျပာဆိုေနၾကေသာ္လည္း အမွန္မွာ အေကာင္းဆုံးေသာ အဖြဲ႕ ၂၀ ႏွင့္ စြမ္းအားႀကီးေသာ သီးျခားစြမ္းအား အခ်ိဳ႕ကိုသာ ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။
ထိုသို႔တိုင္ အစည္းအေဝး ခန္းမတြင္ အဖြဲ႕တစ္ခုစီ၏ ေခါင္းေဆာင္ႏွင့္ လက္ေထာက္ ေခါင္းေဆာင္မ်ား အျပင္ စစ္တပ္ တစ္ဖြဲ႕စီ၏ ကိုယ္စားလွယ္မ်ား အပါအဝင္ လူဉီးေရ ၇၀ ေက်ာ္ပင္ ရွိေနသည္။ ကိုယ္စားလွယ္မ်ားမွာ ဗိုလ္မႉးမ်ား ျဖစ္နိုင္ၿပီး ထိုထက္ ျမင့္လွ်င္လည္း ျမင့္နိုင္ေပသည္။ အစိုးရက ကာကြယ္ေရး ေခါင္းေဆာင္ က်န္းဝမ္ရွန္ ကို အစည္းအေဝးသို႔ တက္ရန္ ေစလႊတ္ခဲ့သျဖင့္ ႀကီးမားေသာ စစ္ဆင္ေရး ရွိနိုင္သည္မွာ အထင္အရွားပင္။
လူ ၃၀ ဆံ့ေသာ စားပြဲႏွစ္ခုတြင္လည္း လူမ်ား အျပည့္ထိုင္ေနၾကၿပီး အဖြဲ႕မ်ားမွ ေခၚလာခဲ့ေသာ လူအေရအတြက္ အလိုက္ ထိုင္ခုံမ်ားကိုလည္း ေနရာခ် ထားရသည္။ ထိုထိုင္ခုံမ်ားမွာ သာမန္ စြမ္းအားရွင္ အဖြဲ႕မ်ား အတြက္ပင္ျဖစ္သည္။ အစည္းအေဝးမွာ ၉ နာရီတြင္ စမည္ျဖစ္ၿပီး စြမ္းအားရွင္မ်ားလည္း ၈ နာရီ ေနာက္ပိုင္းမွစ၍ အသီးသီး ေရာက္ရွိလာၾကသည္။ အခ်ိန္မွာ ၉ နာရီသို႔ နီးကပ္ေနၿပီး စစ္တပ္ႏွင့္ အစိုးရအဖြဲ႕တို႔၏ ကိုယ္စားလွယ္မ်ား မေရာက္လာၾကမီ ကတည္းက ခန္းမမွာ လူမ်ား ျပည့္ႏွက္ ေနေလသည္။ အခ်င္းခ်င္း ရင္းႏွီးၿပီး သူမ်ားက အစုအဖြဲ႕ႏွင့္ထိုင္ကာ အားလုံးကိုယ္စီ မ်က္ႏွာဖုံး တပ္ထားလ်က္ စကားစျမည္ ေျပာဆိုေနၾကသည္။
"ေခ်ာင္ယန္းနဲ႕ ထိပ္ဉီးအဖြဲ႕ေတြ မေရာက္လာေသးဘူးလား"
"မေန႕က ညမေမွာင္ခင္ အခ်ိန္မွာ ထိပ္ဉီးနဲ႕ ေခ်ာင္ယန္း တို႔က ကားႏွစ္စီးနဲ႕ အျပင္ထြက္ သြားၾကတယ္လို႔ ၾကားတယ္ ေနာက္ေတာ့ ၈ နာရီေလာက္မွ ျပန္ေရာက္ လာၾကတယ္တဲ့ .. ဘာေတြျဖစ္တာလဲ သိခ်င္မိပါရဲ႕"
"ဘယ္သိမလဲ .. ထိပ္ဉီးအဖြဲ႕နဲ႕ ေခ်ာင္ယန္းအဖြဲ႕ကပဲ အထူး အခြင့္အေရး ရၾကတာ စခန္း ကာကြယ္ေရး အဖြဲ႕ေတြက က်ဳပ္တို႔ကိုသာ ထြက္ခြင့္ေပးမွာ မဟုတ္ဘူး"
"ဒါေတာ့ မဟုတ္ေသးဘူးေလ။ အထူး အခြင့္အေရးရေတာ့ ဘာျဖစ္လဲ သူတို႔နဲ႕ ထိုက္လို႔ရၾကတာပဲ ... သူတို႔ ေတာ္တယ္ဆိုရင္ က်ဳပ္တို႔ကို တာဝန္ထမ္းရတဲ့အခါ ေခၚသြားၿပီး ရိကၡာေတြလည္း ခြဲေပးေလ"
"ဟုတ္တယ္ ငါတို႔ေနခဲ့ရတဲ့ ဘဝကိုပဲ စဥ္းစားၾကည့္ တစ္ေန႕ကို ၂ ႏွပ္ပဲစားရၿပီး အၿမဲဆာေလာင္ေနခဲ့ရတာ ... ေခ်ာင္ယန္းနဲ႕ ထိပ္ဉီးအဖြဲ႕က က်ဳပ္တို႔ကို ေခၚသြားၿပီးတဲ့ အခ်ိန္ ကတည္းက လိုအပ္တဲ့ ပစၥည္းရိကၡာေတြ အၿမဲစုံစုံလင္လင္ ရတယ္ .. အနည္းဆုံးေတာ့ က်ဳပ္တို႔ မငတ္ၾကေတာ့ဘူးေလ"
"အမွန္ပဲ ၿမိဳ႕ထဲမွာ ရိကၡာေတြ အမ်ားႀကီး ရွိတာကို သိေပမယ့္ ဘယ္သူ သြားယူရဲလို႔လဲ .. သူတို႔သာ မေခၚသြားခဲ့ရင္ အဲဒီက စက္႐ုံေတြကို က်ဳပ္တို႔ဝင္နိုင္မွာေတာင္ မဟုတ္ဘူး"
"ဟိုး ဟိုး ေတာ္ၾကပါေတာ့ က်ဳပ္က ဒီတိုင္း ေျပာ႐ုံေလးကို ... က်ဳပ္ပဲေတာင္းပန္တယ္ ဒီလို႐ူးမိုက္မိုက္ စကားေျပာမိလို႔ .. က်ဳပ္ကိုခြင့္ျပဳပါဉီး"
တစ္ေယာက္ေယာက္က ေခ်ာင္ယန္းႏွင့္ ထိပ္ဉီး အဖြဲ႕အေၾကာင္း စလိုက္သည့္အခါ ခန္းမတစ္ခုလုံး သူတို႔အေၾကာင္းကို ေျပာဆိုၾကေလသည္။ အဖြဲ႕ေခါင္းေဆာင္ တစ္ေယာက္က ေထ့ေငါ့ေျပာဆို လိုက္သည္ကို အျခားသူမ်ားက ျပန္လည္ ေဝဖန္ေခ်ပေလရာ ထိုေခါင္းေဆာင္က ျပန္၍ ေတာင္းပန္ခဲ့ရသည္။ အျခားသူတို႔မွာ ထိုလူကိုဆက္၍ မေျပာဆိုၾကေတာ့ေသာ္လည္း သေဘာက်ျခင္းေတာ့ မရွိၾကေပ။ ထိုအခ်ိန္တြင္ အစိုးရႏွင့္ တပ္ဖြဲ႕ ၃ ခု၏ ကိုယ္စားလွယ္မ်ား ေရာက္ရွိ လာၾကသည္။ ထိုစကားသံတို႔ကို အခန္းအျပင္ဘက္မွ ၾကားလိုက္သည့္အခါ သူတို႔မ်က္ႏွာမ်ားမွာ ေျပာင္းလဲသြားၾကၿပီး အခန္းထဲ ဝင္လာၾကသည့္ အခ်ိန္တြင္ ပညာရွင္ဆန္စြာ အၿပဳံးတုမ်ားျဖင့္ ဝင္လာၾကေလသည္။
"ေခါင္းေဆာင္ က်န္း"
ထိုသူတို႔ ဝင္လာၾကသည္ႏွင့္ စြမ္းအားရွင္တို႔မွာလည္း စကားေျပာ ရပ္လိုက္ၾကၿပီး အေရွ႕ဆုံးမွ လမ္းေလွ်ာက္ လာေသာ ကာကြယ္ေရး ေခါင္းေဆာင္ က်န္းဝမ္ရွန္ကို ႏႈတ္ဆက္ၾကေလရာ ထိုလူကလည္း ျပန္၍ ႏႈတ္ဆက္ေလသည္။
"အားလုံးပဲ ထိုင္ၾကပါ"
ကပ္ေဘး မတိုင္မီ က်န္းဝမ္ရွန္သည္ လင္းက်န္းၿမိဳ႕ ရွီက်ဳံး ျပည္နယ္၏ အတြင္းေရးမႉးခ်ဳပ္ျဖစ္ခဲ့ၿပီး တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ၾကားဆက္ဆံေရး မည္သို႔ ေဆာက္တည္ရမည္ကို ေကာင္းမြန္စြာ သိေသာ ပါးနပ္သူ တစ္ေယာက္ျဖစ္သည္။ စြမ္းအားရွင္မ်ားႏွင့္ ၿမိဳ႕သူၿမိဳ႕သားမ်ားသည္လည္း က်န္းဝမ္ရွန္ကို အလြန္ပင္ ေလးစားၾကသည္။
"ထိပ္ဉီးနဲ႕ ေခ်ာင္ယန္း အဖြဲ႕ရဲ႕ ကိုယ္စားလွယ္ေတြ မေရာက္ေသးဘူးလား"
ဗိုလ္ခ်ဳပ္က အသံကိုျမင့္ကာ ေမးလိုက္သည္။ ထိုလူအသြင္အျပင္မွာ အသက္ ၃၀ အ႐ြယ္ရွိၿပီး မျမင့္မပုေသာ အရပ္ႏွင့္ မ်က္ႏွာမွာလည္း ေလးေထာင့္က် အေနအထား ရွိေနသည္။ တပ္သား တစ္ေယာက္၏ အရိပ္အေယာင္မ်ား ထင္ရွား ျပည့္ႏွက္ေနသည့္ မ်က္လုံး တစ္စုံမွလြဲ၍ အျခားေသာ ထူးျခားခ်က္ မရွိေပ။ လြတ္ေနေသာ ခုံမ်ားကို အလိုမက် အထင္ေသးဟန္ႏွင့္ ၾကည့္ကာ ေမးလိုက္သျဖင့္ စြမ္းအားရွင္မ်ားက မ်က္ေမွာင္ၾကဳတ္ လိုက္ၾကေသာ္လည္း သူက စစ္တပ္၏ ကိုယ္စားလွယ္ ျဖစ္ေနေသာေၾကာင့္ သူတို႔၏ မႏွစ္ၿမိဳ႕ျခင္းကို ထိန္းခ်ဳပ္ကာ ဘာမွမေျပာဘဲေနၾကေလသည္။
ထိုသို႔ေမးၿပီးေနာက္ ခန္းမတစ္ခုလုံး တိတ္ဆိတ္ သြားသျဖင့္ က်န္းဝမ္ရွန္ ရွက္ကိုးရွက္ကန္း ျဖစ္သြားရသည္။ ေမာ့တပ္ဖြဲ႕၏ကိုယ္စားလွယ္ ေမာ့ဝမ္းယန္က လြတ္ေနေသာ ခုံမ်ား၏ ေဘးတြင္ရွိေသာ ထိုင္ခုံတြင္ ထိုင္လိုက္သည္။
"အဲဒီေတာ့ ? ၾကည့္ရတာ သူတို႔ အေရးေပၚ ကိစၥႀကဳံေနတာ ျဖစ္နိုင္တယ္ေလ ဟုတ္တယ္မလား ေသေရးရွင္ေရး ကိစၥျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ ... ဒီလို ဘာမွမဟုတ္တဲ့ အစည္းအေဝးအတြက္ သူတို႔အရာရာကို ထားရစ္ခဲ့မယ္လို႔ ေမွ်ာ္လင့္ေနတာလား ဗိုလ္ခ်ဳပ္ ဝမ္ ?"
လူမ်ားအား ျပန္လည္ ေခ်ပရျခင္းကို ေမာ့ဝမ္းယန္ ႏွစ္သက္ၿပီး ျပႆနာ အစအနေဖာ္ထုတ္ရာတြင္လည္း အလြန္ ပါးနပ္လွသည္။ အထူး ေလ့က်င့္ထားျခင္း မရွိေသာ သာမန္ စစ္သားမ်ားဆိုလွ်င္ သူႏွင့္ စကားနိုင္လု ၿပိဳင္ပြဲ လုပ္ရမည္ဆိုပါက အရႈံးေပးသြားၾကလိမ့္မည္ ျဖစ္သည္။
"ခင္ဗ်ားက တစ္ခုခု သိထားတဲ့ပုံပါပဲ ဘာေၾကာင့္ အခ်က္အလက္ေလး မမွ်ေပးရတာလဲ ဗိုလ္ခ်ဳပ္ႀကီး ေမာ့ .. က်ဳပ္တို႔ကူညီလို႔ရရင္ ကူညီေပးမွာေပါ့ ... ၿပီးေတာ့ ေခ်ာင္ယန္း နဲ႕ ထိပ္ဉီးအဖြဲ႕ဆိုတာက အေနာက္ေတာင္ စခန္းရဲ႕ အေကာင္းဆုံး အဖြဲ႕ေတြဆိုေတာ့ သူတို႔အခက္ႀကဳံရင္ စစ္တပ္ကလည္း တတ္နိုင္သေလာက္ ကူညီရမွာပဲ မဟုတ္လား"
ဗိုလ္ခ်ဳပ္ဝမ္ကို ေမာ့ဝမ္းယန္ သေရာ္ဟန္ႏွင့္ ေျပာလိုက္ေသာ္လည္း အျခားဗိုလ္ခ်ဳပ္ တစ္ေယာက္က သူေတာ္စင္ေယာင္ ေဆာင္သည့္ အကူအညီကို ကမ္းလွမ္း ေျပာဆိုလိုက္သည္။ ဗိုလ္ခ်ဳပ္ဝမ္ ႏွင့္ယွဥ္လွ်င္ ထိုသူက ပို၍ ၾကည့္ေပ်ာ္ ရႈေပ်ာ္ရွိသည္။ မ်က္မွန္ တပ္ဆင္ထားၿပီး ေက်ာ္ၾကားပုံ ရွိသည့္ဟန္ပန္ အျပည့္ပင္။ ထိုသူက ေဝ့ စစ္တပ္၏ ကိုယ္စားလွယ္ တစ္ျဖစ္လဲ ေဝ့ခန္၏ အယုံၾကည္ရဆုံး လက္ေထာက္ လင္းရွန့္ ျဖစ္သည္။
"မင္းေျပာတာ က်ဳပ္သေဘာက်တယ္ .. က်ဳပ္တို႔ စစ္သားေတြက လူေတြကို ကာကြယ္ရမယ့္ တာဝန္ ရွိတယ္မလား ... ေခ်ာင္ယန္းနဲ႕ ထိပ္ဉီးအဖြဲ႕က လူေတြ ေရာက္လာရင္ သူတို႔ကို ကိုယ္တိုင္ေမးလိုက္ပါ ဗိုလ္ခ်ဳပ္ လင္း ... သူတို႔ အခက္ႀကဳံေနတာ ဆိုရင္ သူတို႔ျပႆနာကို မင္းေျဖရွင္းေပးနိုင္မွာပဲေလ"
ေမာ့ဝမ္းယန္ ကလည္း ေခသူမဟုတ္သျဖင့္ ခ်က္ခ်င္းပင္ တုံ႕ျပန္ေလသည္။ ဗိုလ္ခ်ဳပ္ လင္းကို ခ်ီးမြမ္းလိုက္သည္ဟု ထင္ရေသာ္လည္း တစ္ဖက္လွည့္ႏွင့္ ဖိႏွိပ္လိုက္ျခင္းပင္။ ဗိုလ္ခ်ဳပ္လင္း အတြက္ ဟုတ္သည္ မဟုတ္သည္ ဆိုေသာ အေျဖတို႔က အေထာက္အကူ မျဖစ္ေပ။
"ဟာ ဆရာ ေမာ့ရယ္ .. က်ဳပ္တို႔ တပ္စု ၃ ခုလုံးက မိသားစုေတြေလ ဘယ္သူပဲေျဖရွင္းနိုင္ လိုက္ပါေစ အကုန္ အတူတူပဲကို"
ဗိုလ္ခ်ဳပ္ လင္းက တည္ၿငိမ္စြာပင္ မ်က္မွန္ကို ပင့္တင္လိုက္ၿပီး သူ၏လူကိုေခၚကာ ေမာ့ဝမ္းယန္ ေဘးတြင္ ထိုင္လိုက္သည္။ ဗိုလ္ခ်ဳပ္ဝမ္လည္း သူ၏လူမ်ားကို ေခၚကာ စားပြဲတစ္ဖက္တြင္ ဝင္ထိုင္လိုက္ၿပီး က်န္းဝမ္ရွန္မွာ အလယ္တြင္ ထိုင္လိုက္သည္။ ၉ နာရီ ၁၅ မိနစ္ကိုပင္ ေရာက္လာခဲ့သျဖင့္ က်န္းဝမ္ရွန္လည္း စစ္တပ္ ၃ စု၏ ကိုယ္စားလွယ္မ်ားကို ၾကည့္ကာ အသံကိုႏွိမ့္လ်က္ ...
"ဗိုလ္ႀကီးတို႔ အစည္းအေဝး စၾကေတာ့မလား"
"ရပါတယ္ ေခ်ာင္ယန္းနဲ႕ ထိပ္ဉီးအဖြဲ႕ဝင္ေတြ မေရာက္လာၾကေသးဘူး ... ငါလည္းမေလာပါဘူး ခဏေစာင့္ လိုက္တာေပါ့"
အျခားသူမ်ား၏ အထင္ႏွင့္ ဆန့္က်င္စြာ ဗိုလ္ခ်ဳပ္လင္းက က်န္းဝမ္ရွန္၏ အႀကံျပဳခ်က္ကို အၿပဳံးႏွင့္ ျငင္းဆန္လိုက္ၿပီး ခန္းမတစ္ခုလုံး ၾကားေစရန္ သူ၏အသံကိုျမင့္ကာ ေျပာလိုက္သည္။ စစ္တပ္၏ ရာထူးျမင့္ သူမ်ားမွာ မာနႀကီးကာ ေမာက္မာ တတ္ၾကၿပီး ဗိုလ္ခ်ဳပ္လင္းက သာမန္လူ တစ္ေယာက္ကဲ့သို႔ ေနထိုင္သျဖင့္ စြမ္းအားရွင္ အမ်ားစုက သူ႕ကို အလြန္ပင္ ေလးစား သြားၾကၿပီး သူႏွင့္ စကားေျပာသည့္အခါ အလြန္ပင္ ဂုဏ္ယူဝမ္းေျမာက္ ၾကသကဲ့သို႔ ခံစားၾကရမည္ျဖစ္သည္။
လူအမ်ားထံမွ ထိုသို႔ တုံ႕ျပန္ျခင္းကို ဗိုလ္ခ်ဳပ္ဝမ္ လိုလားခဲ့ျခင္း ျဖစ္သည္။ စြမ္းအားရွင္မ်ား၏ေထာက္ခံ အားေပးျခင္းကို မႀကိဳက္ေသာသူ မရွိေပ။ အကယ္၍ စြမ္းအားရွင္မ်ား အဖြဲ႕အစည္းက တပ္စုတစ္ခု ေအာက္တြင္ ရွိေနလွ်င္ စခန္းတစ္ဝက္ကိုပင္ အုပ္ခ်ဳပ္ခြင့္ ရနိုင္သည္။ သို႔ေသာ္ တပ္စု ၃ ခုက ထိုကိစၥႏွင့္ အခ်ိန္ၾကာစြာ ပဋိပကၡ ျဖစ္ခဲ့ၾကေသာေၾကာင့္ အစိုးရက ထိုအခြင့္အေရး ယူကာ အုပ္ခ်ဳပ္သြားျခင္း ျဖစ္သည္။
"ေကာင္းၿပီေလ ေစာင့္ၾကတာေပါ့ .. ဘာမွ ေထြေထြထူးထူး လုပ္စရာမွမရွိတာ"
အမွန္မွာ ယေန႕ အစည္းအေဝးသည္ သူတို႔၏ အစီအစဥ္အရ အေရးႀကီးဆုံး ျဖစ္ေသာေၾကာင့္ ေမာ့ဝမ္းယန္ စိတ္ပူ ေနခဲ့ေသာ္လည္း ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္း က အခုထိတိုင္ မေပၚလာေသးေပ။ သူဟန္ေဆာင္ ေနသည္ကို အျခားဗိုလ္ခ်ဳပ္ ႏွစ္ေယာက္ မသိေစရန္ ေမာ့ဝမ္းယန္ ဂ႐ုမစိုက္သကဲ့သို႔ ေနလိုက္ေသာ္ျငား သူမေစာင့္ဆိုင္း နိုင္ေတာ့ေပ။
"မင္းတို႔ေစာင့္နိုင္မွေတာ့ ငါလည္း ေစာင့္နိုင္ပါတယ္"
ဗိုလ္ခ်ဳပ္ ဝမ္မွာ လြန္ခဲ့ေသာ မိနစ္ပိုင္းက စိတ္ေလာ ေနခဲ့ေသာ္လည္း သူ၏ကိုယ္ဟန္ကို ထိန္းကာ ေအးေအးေဆးေဆး ရွိသကဲ့သို႔ ေနျပလိုက္သည္။
တပ္စုသုံးခုက ေစာင့္ဆိုင္းရန္ သေဘာတူ လိုက္သျဖင့္ က်န္းဝမ္ရွန္လည္း ခန္းမထဲမွ အျခားသူမ်ား စိတ္တက္ႂကြေစရန္ ရယ္ေမာကာ စကားေျပာ လိုက္ေသာ္လည္း စြမ္းအားရွင္မ်ားက မည္သို႔ျဖစ္ေနသည္ကို သိခ်င္ေနၾကသည္။ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔မွာ စြမ္းအားႀကီးၿပီး ပွ်မ္းမွ် အေျခအေနထက္ သာလြန္သည္ ဆိုေသာ္လည္း လက္ရွိ ေရာက္ေနၾကသူမ်ားမွာ စခန္းတြင္ ဩဇာရွိေသာ အထက္တန္းစား ရာထူးျမင့္ စစ္တပ္ျဖစ္ေနသည္။ ေခ်ာင္ယန္းႏွင့္ ထိပ္ဉီးအဖြဲ႕တို႔က စစ္တပ္ ၃ စုအတြက္ အလြန္ အေရးႀကီးေနသည္လား။ ယခု အစည္းအေဝးက စင္စစ္ ဘာအတြက္လဲဟု စြမ္းအားရွင္မ်ား ေတြးမိလာၾကသည္။
၉း၃၀ တြင္ အစည္းအေဝး ခန္းမ တံခါးပြင့္ကာ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔ အတူတူ ဝင္လာၾကၿပီး ကူးမင္႐ႊမ္း၊ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္တို႔ အေနာက္မွ လိုက္လာၾကေလသည္။ သူတို႔ ဝင္လာၾကသည္ႏွင့္ ခန္းမတစ္ခုလုံး တိတ္ဆိတ္ သြားေလသည္။
"ဟင္! လူေတြစုံေနၾကၿပီပဲ .. ၁၀ နာရီမွ စမယ္ ထင္ထားတာ ကြၽန္ေတာ္ အမွတ္မွား သြားလို႔လား"
ယြင္ခ်ဲ့ အံ့ဩတႀကီးႏွင့္ ၾကည့္လိုက္ၿပီး သူ၏လက္ထဲရွိ ဖိတ္ေခၚစာကို အျမန္ငုံ႕ၾကည့္ကာ ေရ႐ြတ္လိုက္သည္။
"မနက္ ၁၀နာရီ ေျပာထားေတာ့ ေနာက္က်မွာစိုးလို႔ ေစာေစာထၿပီး အေျပးလာခဲ့တာကို"
သာမန္ ေရ႐ြတ္႐ုံသာ မဟုတ္ဘဲ တစ္ခန္းလုံး ၾကားေအာင္ ယြင္ခ်ဲ့ ေျပာလိုက္ျခင္း ျဖစ္သည္။ ယြင္ခ်ဲ့ ေျပာၿပီးေနာက္ ခန္းမထဲရွိ စြမ္းအားရွင္မ်ားလည္း သူတို႔လက္ထဲမွ စာမ်ားကို ၾကည့္လိုက္ၾကေသာ္လည္း ၉နာရီဟုသာ ေတြ႕ရသျဖင့္ ေၾကာင္အမ္းအမ္း ျဖစ္ကုန္ေလသည္။ တစ္ေယာက္ေယာက္က ေခ်ာင္ယန္းႏွင့္ ထိပ္ဉီး အဖြဲ႕တို႔ကို လွည့္စားခဲ့ေလသလား။
"ေနာက္ေနတာလား ေခါင္းေဆာင္ ယြင္ .. ကြၽန္ေတာ္တို႔က အေရအတြက္ အတိအက် ထုတ္ၿပီး လိုက္ဖိတ္ခဲ့တာပါ .. စာေစာင္တိုင္းမွာလည္း ၉ နာရီစမယ္ဆိုၿပီး ေရးထားပါတယ္"
တပ္စု၃ခုမွ ကိုယ္စားလွယ္တို႔၏ အၾကည့္မ်ားေၾကာင့္ က်န္းဝမ္ရွန္ မတ္တပ္ရပ္ကာ ေျပာလိုက္ရသည္။ အားနည္းပုံရၿပီး ခင္မင္ရင္းႏွီးဖြယ္ ေကာင္းေသာ ယြင္ခ်ဲ့မွာ ပရိယာယ္ႂကြယ္ဝၿပီး သူလုပ္ခ်င္ရာကို လုပ္တတ္ေၾကာင္း က်န္းဝမ္ရွန္ ၾကားသိထားရသည္။
တစ္ဖက္သတ္တည္း မွန္ကန္ေၾကာင္း ေျပာေနေသာ က်န္းဝမ္ရွန္ေၾကာင့္ ယြင္ခ်ဲ့ မ်က္ေမွာင္ၾကဳတ္ သြားသည္။
"ခင္ဗ်ားပုံစံက က်ဳပ္ကပဲ အဓိပၸါယ္မရွိတာ ေျပာေနတယ္လို႔ ထင္ျမင္ေနသလိုပဲ
'ဟုတ္တယ္ မင္းက အဓိပၸါယ္ မရွိတာကို ေျပာေနတာပဲေလ !'
က်န္းဝမ္ရွန္ စိတ္ထဲက ေပါက္ကြဲ လိုက္ေသာ္လည္း အၿပဳံးမပ်က္လ်က္ပင္ ...။
"မဟုတ္ပါဘူး .. မင္းက ..."
"ဒါဆိုလည္း ကိုယ္တိုင္ပဲ စစ္ၾကည့္လိုက္ေလ"
က်န္းဝမ္ရွန္ စကားမဆုံးမီ ယြင္ခ်ဲ့က စာ႐ြက္ကမ္း ေပးလိုက္သျဖင့္ က်န္းဝမ္ရွန္လည္း ယူဖတ္လိုက္သည္။
"အင္း ... ေရးထားတာက .. ဟင္ ၁၀ နာရီ"
၁၀ နာရီဟု ေရးထားသည္ကို ဖတ္လိုက္ ရၿပီးေနာက္ က်န္းဝမ္ရွန္ အလြန္ အံ့အားသင့္ကာ စာ႐ြက္ကို ကိုင္ထားေသာ လက္မ်ားလည္း ပိုမိုတင္းက်ပ္ သြားေလသည္။ အႀကိမ္ႀကိမ္ အခါခါ ဖတ္ေသာ္လည္း ၁၀ နာရီသာ ျဖစ္ေနေသာေၾကာင့္ က်န္းဝမ္ရွန္ ေခါင္းကိုက္ခဲ သြားရသည္။
***