ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

430K 59.8K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်ထားပါကြောင်း

Part 115

1.5K 249 1
By Swae_Nyoe

Unicode

အခန်း (၁၁၅)

ကပ်ဘေးကာလ အတွင်း ဥပဒေနှင့် ကိုယ်ကျင့်တရားတို့တွင် ကန့်သတ်ချက် မရှိဘဲ လူသားချင်း စာနာမှုက အချိန်နှင့်အမျှ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ အစားအသောက်အတွက် ကလေးငယ်များကို လဲလှယ်ခြင်းနှင့် အခြားလူမဆန်သော လုပ်ရပ်များမှာ အသေးငယ်ဆုံးသော မက်လုံး တစ်ခုကြောင့်ပင် ဖြစ်ပေါ်လာနိုင်သည်။ ယွင်ချဲ့ မှလွဲ၍ အခြားသူများမှာ ကပ်ဘေးကာလတွင် နှစ်လကြာ ရှင်သန်နေပြီး အကြင်နာမဲ့ခြင်းနှင့် မုန်းတီးခြင်းများကို လုံလုံလောက်လောက်ပင် တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သောကြောင့် ကပ်ဘေး မကြုံမီက မည်မျှပင် စိတ်သဘောကောင်း ကြင်နာတတ်သူ ဖြစ်ခဲ့ပါစေ ယခုအချိန်တွင် ရက်စက်သူ တစ်ယောက် ဖြစ်လာခဲ့သည်က မထူးဆန်းတော့ပေ။

ပြောရလျှင် လု မိသားစုတို့မှာ အခုကာလတွင် သာမန် အနေအထားများသာ ဖြစ်သော်လည်း လုဟိုင်ရွှမ်း၏ သူငယ်ချင်းများက သူတို့မိသားစုဝင် တစ်ယောက် ထိခိုက်ခဲ့ရခြင်းကြောင့် ဒေါသထွက်နေရခြင်းဖြစ်သည်။ ထိုလူတစ်စုမှာ တိရစ္ဆာန်ဟု မခေါ်သင့်ပေ၊ တိရစ္ဆာန်ထက်ပင် လွန်စွာ ဆိုးဝါးလှသည်။

"စိတ်မပူပါနဲ့ ငါတို့ကြိုက်တဲ့ အချိန် သူတို့ကို သတ်လို့ရတယ်"

ကျိုးဇယ်ယွီ ရှေ့တက်လာပြီး လုဟိုင်ရွှမ်း ပခုံးပေါ် လက်တင်ပြောလျက် လုမိသားစုကို ခံစားချက်မရှိသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

လုဟိုင်ရွှမ်းမှာ သူ၏စိတ်ကို ငြိမ်သက်စေရန် ကြိုးစား နေရသဖြင့် ကျိုးဇယ်ယွီကို ပြန်မပြောသကဲ့သို့ မျက်လုံးများကိုလည်း မဖွင့်ပေ။ ယွင်ချဲ့ ပြောတာ မှန်သည်။ ဇာတ်လမ်းက မပြီးသေးပေ။ သူ၏ညီမလေး၊ အမေနှင့် အဘိုးတို့ကို မည်သို့လုပ်ခဲ့ကြောင်း သူသိရန်လိုသေးသည်။

"ဆက်မေးလိုက်"

"အိုကေ"

လုဟိုင်ရွှမ်းက ဘာမှမတုံ့ပြန်သဖြင့် ယွင်ချဲ့လည်း ဘေးတွင် ရပ်နေသော ရှင်းဖုန်းကို ဆက်မေးရန် ပြောလိုက်သဖြင့် ရှင်းဖုန်း ခေါင်းညိတ်ပြကာ ဆက်မေးလေသည်။

"ဟိုင်ရွှမ်းရဲ့ ညီမလေး ဘယ်လို သေခဲ့ရတာလဲ"

"အရှေ့မြောက် တပ်စုစခန်းကို ရောက်သွားတဲ့အချိန် ဘာမှ ထောက်ပံ့ရေစာ မရကြတဲ့ ငါတို့ ကြွက်တွေလိုပဲ နေထိုင်ခဲ့ရတယ် ... ရက်ပိုင်းလောက် ကြာပြီးတော့ စစ်တပ်ရဲ့ ဗိုလ်တစ်ယောက်က လုဟိုင်တျဲကို သဘောကျနေတဲ့ အကြောင်း ယင်းဇီ ကြားလာပြီး တကယ်လို့ သူလက်ခံလိုက်ရင် သူတို့တွေ ချမ်းချမ်းသာသာနဲ့ နေကြရတော့မယ့် အချိန် ငါတို့က ဘာကြောင့် ဒုက္ခခံပြီး နေရမှာလဲ ... သူ့အမေနဲ့ အဘိုးရဲ့ သံသယကင်းဖို့ လုဟိုင်တျဲက သူနဲ့ဗိုလ်မှူးနဲ့ ရည်ငံနေပါတယ်ဆိုပြီး လိမ်ခဲ့တာ .. ငါက ယောက်မကို အမှန်တိုင်း ပြောပြလိုက်တဲ့ အခါ ထင်ထားတဲ့အတိုင်း သူဒေါသ ထွက်သွားပြီး သူ့သမီးကို ပါးရိုက်လိုက်တော့ သူ့သမီးလည်း ထွက်ပြေးသွားတယ် ... ငါတို့က လမ်းသရဲတွေကို သူ့ကိုဖမ်းခိုင်း ပြန်ပေးဆွဲခိုင်းပြီး အဓမ္မပြုကျင့်ခိုင်းအောင် စီစဉ်ထားခဲ့တယ်။ ယင်းဇီ ကလည်း ဗိုလ်မှူးကို ခေါ်လာပြီး သူ့ကိုကြည့်စေခဲ့တယ်။ အဲဒီကတည်းက ဗိုလ်မှူးလည်း ထပ်မပေါ်လာတော့ဘူး ... လုဟိုင်တျဲလည်း ကယောင်ကတမ်းတွေ ဖြစ်လာပြီး သူမသေချင်သေးတဲ့ အကြောင်း .. သူ့အမေနဲ့အဘိုးကို ဘေးကင်းအောင် ထားချင်တဲ့အကြောင်း ခဏခဏ ညည်းတွားလာတယ် .. ဒါပေမယ့် ငါတို့ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး။ ငါတို့လုပ်ခဲ့တာတွေ တစ်နေ့ အမှန်တိုင်း သိသွားကျရင် တရားဥပဒေ မရှိဘူး ဆိုရင်တောင်မှ စခန်းထဲမှာ ငါတို့နေခွင့်ရကြမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ငါတို့တွေ သူ့ကိုပျောက်ကွယ် သွားအောင်လုပ်ဖို့ တိုင်ပင်ခဲ့ကြတယ် ... တစ်ရက် ငါတို့နဲ့ အသုံးအဆောင်တွေ သွားယူကြမယ့်အချိန် ငါတို့တွေ တမင်အချိန်လွဲပြီးပြောလိုက်ကြတယ်။ အဲဒီနေရာကို ငါတို့ရောက်သွားတော့ သူက ဖုတ်ကောင်တွေ စားတာခံရပြီး သေနေပြီ"

ထိုအမျိုးသမီးက ဖြစ်ကြောင်း ကုန်စင်ကို အသက်မဲ့စွာ ပြောဆိုသော်လည်း နားထောင်သူများမှာ ဒေါသစိတ်များ တရိပ်ရိပ် တက်လာသည်။ လုဟိုင်ရွှမ်းမှာ အသက် ၂၁ ဖြစ်ပြီး သူ၏ညီမလေးက ၁၈ နှစ်သာ ရှိသေးသည်။ သူတို့က သူ၏အဖေ သေဆုံးရခြင်း အကြောင်းနှင့် အမေနှင့်အဘိုးတို့ ကောင်းမွန်စွာ နေထိုင်ရေးအတွက် သူမ၏ ပျော်ရွှင်မှုကို စတေးခဲ့သော ညီမလေး အကြောင်းကို ပြောပြခဲ့သည်။ သူမကို အဓမ္မပြုကျင့်ရန် လူငှားခဲ့ကြသည့်အပြင် သူမကို သတ်ပစ်ခဲ့ကြသည်လား။ ဘယ်လို လူမဆန် လိုက်ကြတာလဲ။ သူတို့က မိသားစုဟု ပြောခဲ့သည် မဟုတ်လား။ ဘယ်လိုမိသားစုက သူတို့၏ မိသားစုဝင်ကို ထိုကဲ့သို့ ပြုမူဆက်ဆံကြလို့လဲ။

လုဟိုင်ရွှမ်း အံကိုကြိတ်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလျက် ထိုလူတစ်စုကို သတ်ချင်သည့် စိတ်ဆန္ဒများ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့လာသည်။ သူ့ညီမလေးကို ဘာကြောင့်များ ဒီလောက် ရက်စက်စွာ ပြုမူနိုင်ရတာလဲ။ ဘာကြောင့်လဲ။ လုဟိုင်ရွှမ်း မျက်လုံးများကို စေ့စေ့ပိတ် ထားသော်လည်း မျက်ရည်များ ကျဆင်း လာခဲ့သည်။

"လုဟိုင်ရွှမ်းရဲ့ အမေနဲ့ အဘိုးကို ဘာကြောင့် မသတ်တာလဲ”

ရှင်းဖုန်းပင် စိတ်ကို တည်ငြိမ်စွာ မထိန်းနိုင်သော်လည်း ခဏကြာပြီးနောက် နောက်မေးခွန်း တစ်ခု ထပ်မေးလေသည်။ ထိုလူတစ်စုတို့ သူတို့လုပ်ရပ်များကို တစ်ခု မကျန်အောင် ပြောပြရလိမ့်မည်။

"သူ့အမေက စွမ်းအားမရှိတဲ့ သာမန် မိန်းမဆိုပေမယ့် သူ့အဖိုးက စွမ်းအားရှိတယ်။ သူတို့ကို သတ်ဖို့စီစဉ်ခဲ့ပေမယ့် အဲဒီမိန်းမက သူ့ယောကျ်ားနဲ့ သမီးတို့သေရတာ သူ့ကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ သိခဲ့ရတယ် ... သူသာ သတိမမေ့ခဲ့ရင် သူ့ယောကျ်ား ဖုတ်ကောင်တွေကြောင့် သေမှာမဟုတ်ဘူး .. သူ့သမီးကို ပါးမရိုက်ခဲ့ရင် သမီးက ထွက်ပြေးပြီး လမ်းသရဲတွေရဲ့ အဓမ္မကျင့်တာ ခံရမှာမဟုတ်ဘူး။ စိတ်ကယောင် ချောက်ချားနဲ့ သေရမှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တာ .. အဲဒါကြောင့် အစီအစဉ်ကို ပြောင်းပြီး သူတို့ကိုယ်သူတို့ အပြစ်တင်ပြီး ဘဝတစ်လျှောက် အပြစ်ခံစားနေရသလို နေပါစေလို့ လွှတ်ထားလိုက်ပြီး ငါတို့က စောင့်ကြည့်နေလိုက်ရုံပဲ"

ရက်စက်မှု အတိုင်းအတာပင် ကျော်လွန်သွားပြီ။ ထိုလူတစ်စုမှာ အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။ လူကောင်းများက အမြဲတမ်း နစ်နာရသည်ဟု ယွင်ချဲ့ မကြာခဏ ပြောခြင်းမှာ ထိုအဖြစ်ကို ဆိုလိုခြင်းပင်။

"ခင်ဗျားလုပ်တာကို ဒီလူတွေရောသိလား"

"သိတယ်"

"နောက်ဆုံး တစ်ခုမေးမယ် ... သူတို့ကို အဲဒီလောက်တောင် မုန်းတီးနေတယ် ဆိုရင် ဘာကြောင့် အနောက်တောင် စခန်းကို လာခဲ့ကြတာလဲ ... လုဟိုင်ရွှမ်းက အမှန်ကို သိသွားရင် သူ့အဖေနဲ့ ညီမလေးအတွက် မျှတမှုပြန်ရအောင် လုပ်မှာကို မကြောက်ဘူးလား"

"ကြောက်တယ် တကယ် ကြောက်ခဲ့ကြတာပါ ... ဒါပေမယ့် စစ်တပ်ကတောင်မှ သူ့အတွက် အလုပ်လုပ်ပေးပြီး သူ့မိသားစုကိုလည်း လေယာဉ်နဲ့တောင် ပို့ပေးတယ်ဆိုတော့ သူက အခု အရေးပါတဲ့သူ တစ်ယောက် ဖြစ်မယ်လို့ တွေးခဲ့တယ် ... ငါတို့သာ ပါးစပ်ပိတ်နေရင် လုဟိုင်ရွှမ်းရဲ့ အဖေနဲ့ညီမကို ငါတို့သတ်ခဲ့တာ ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ အစာရေစာပြတ်ပြီး ချွတ်ခြုံကျနေတဲ့ ဘဝမှာ ငါတို့မနေနိုင်ဘူး ... လုဟိုင်ရွှမ်းက အဆင့်မြင့်တဲ့သူ တစ်ယောက်ဖြစ်နေပြီဆိုတော့ ငါတို့က ဘာကြောင့် သူ့ကိုမမှီခိုဘဲ နေရမှာလဲ သူ့အဖေနဲ့ညီမကို သတ်ခဲ့တဲ့သူတွေကို အစာရေစာ ထောက်ပံ့ပေးတာ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ .. အဲဒီလိုတွေးလိုက်တဲ့အခါ ကြောက်စိတ်တွေလည်း မရှိတော့ဘူး"

"ထတော့"

လိုအပ်သည်တို့ကို မေးမြန်းပြီးနောက် ရှင်းဖုန်း လက်နှစ်ဖက်ကို ရိုက်ခါပြီး ထလိုက်သည်။ ယွင်ချဲ့လည်း ရေစိုတစ်ရှူးထုပ်ကို ယူလိုက်ပြီး ရှင်းဖုန်း လက်ကို သေချာသုတ် ပေးလိုက်သည်။ သူ၏လူက စက်ဆုပ်ဖွယ် ကောင်းသော မိန်းမကို ထိကိုင်ခဲ့ရသည် မဟုတ်လား။ ကပ်ဘေးဖြစ်ခဲ့သည်တိုင် သူ၏ရန်သူများမှ လွဲ၍ အခြားသူများပင် မပြောနှင့် ကျန်းချီကိုပင် ယွင်ချဲ့ မမုန်းတီးခဲ့ပေ။ သို့သော် ထိုလူတစ်စုက သူ၏မုန်းတီးစိတ်ကို နှိုးထစေခဲ့သည်။ တိရစ္ဆာန်များပင်လျှင် သူတို့ကဲ့သို့ လုပ်ကြမည် မဟုတ်ပေ။

"ချဲ့ .. ငါနဲ့ ဟိုင်ရွှမ်းတို့ ဖြေရှင်းပါရစေ .. ဒီလိုတွေကို အကုန် အပိုင်းပိုင်း ဖြတ်ပစ်မယ်"

ထိုသူတို့ ပြန်ပေးဆပ်ရမည့် အချိန်ရောက်ပြီ ဖြစ်သောကြောင့် ကျိုးဇယ်ယွီ ပါးကွက်သားတစ်ယောက်အဖြစ်ကို မစောင့်နိုင်တော့ပေ။

"ခဏစောင့်ဉီး .. ရှုကျဲကို ခေါ်လာခဲ့"

ယွင်ချဲ့ တည်ငြိမ်စွာ ပြုံးပြပြီး လုမိသားစုတို့ အနားသို့ သွားကာ ယင်းဇီ ရှေ့တွင်ဆောင့်ကြောင့် ထိုင်လိုက်သည်။

"မင်း...မင်း ဘာလုပ်မလို့လဲ .. ငါ့သမီးကိုမထိနဲ့"

"မလုပ်ပါနဲ့ .. သမီးလေးက ငယ်သေးတယ် .. သူ့ကိုမသတ်ပါနဲ့"

ထိုလူမဆန်သော ဇနီးမောင်နှံ ၂ ယောက်က သူတို့၏ နာကျင်နေသော ခန္ဓာကိုယ်ကို ရုန်းကန်လျက် သူတို့ထံသို့ သွားနေကြလေသည်။ သူတို့၏သားကို ဆုံးရှုံးလိုက်ရသဖြင့် သမီးတစ်ယောက်တည်း ကျန်ခဲ့သောကြောင့် သူတို့၏သမီးကို အလွန်ချစ်ကြပုံပင်။

"ငယ်တယ်? လုဟိုင်တျဲထက် ပိုငယ်တာလား"

ယွင်ချဲ့ လှောင်ရယ် လိုက်သည်။ သူတို့၏သမီးက အခြားသူထက် ပိုတန်ဖိုးရှိတာလား။

"မင်း ဘာလုပ်မလို့ ကြံနေတာလဲ"

အမှန်တရားက ပေါ်ပေါက်လာခဲ့သဖြင့် ထိုလူကြီးက စိုးရိမ်တကြီးနှင့် မေးလေသည်။ ယွင်ချဲ့ လည်း လက်အိတ် နှစ်ဖက် စွပ်လိုက်ပြီး ယင်းဇီ မျက်နှာကို သေချာ စိုက်ကြည့်လျက် ပွတ်သပ်ပေးနေပုံမှာ ထိုဇနီးမောင်နှံကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းဆဲနေပုံပင်။

"သူက သိပ်ပြီးတော့လည်း ကြည့်လို့ မကောင်းပါဘူး ဟုတ်တယ်မလား .. ကပ်မဆိုက်ခင်က အချိန်ဆိုရင် ဘယ်သူမှ သူ့ကိုကြည့်ချင်မှာတောင် မဟုတ်ဘူးနော် ဒါပေမယ့်လည်း ကပ်ဆိုက်သွားတော့ မိန်းကလေးတွေက အသုံးဝင်သွားတာ ကံကောင်းတာပေါ့"

"မင်း...မင်း မဟုတ်..မဟုတ်မှ ..."

ထိုဇနီးမောင်နှံက ယွင်ချဲ့၏ အကြံကို ရိပ်မိ သွားသော်လည်း သူတို့ကိုယ်တိုင်မပြောထုတ်ရဲကြသဖြင့် ယွင်ချဲ့ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သူ့ကို တစ်ယောက်ယောက်နဲ့ ကုသပေးပြီး လုဟိုင်တျဲကို ခင်ဗျားတို့ လုပ်ခဲ့သလို ပြန်လုပ်ပေးမယ် ... ဒါပေမယ့် ကျုပ်က သဘောကောင်းတော့ ဖုတ်ကောင်လက်ထဲ မထည့်ပေးပါဘူး။ ယောကျ်ားတွေကိုပဲ အတောမသတ်အောင် လိုအပ်နေတဲ့ မိန်းမပျက် တစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်"

"မလုပ်နဲ့ !"

ယွင်ချဲ့ စကားပြောလျက် တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုဇနီးမောင်နှံတို့က စူးဝါးစွာ အော်လိုက်သော်လည်း သူတို့ကို မည်သူမှ မသနားကြပေ။

"ရှုကျဲ .. သူ့ကို ကုပေးလိုက်"

ကျိုးဇယ်ယွီက ရှုကျဲကို ခေါ်လာခဲ့ပြီး တာဝန်မှပြန်လာခဲ့သော ယန်းဟွိုင်အန်း နှင့်အတူ အခြားသူများလည်း ပြန်ရောက် လာခဲ့ကြသည်ကို ရှင်းဖုန်း သူ၏ မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ ကြမ်းပြင်တွင် မေ့လဲနေသော မိန်းကလေးကို ညွှန်ပြလျက် ရှင်းဖုန်း အမိန့်ပေးလိုက်သည်။

"ဝမ်းမြောက်ဝမ်းသာပါပဲ !"

ယွင်ယောင် မည်သို့ ကြုံတွေ့ခဲ့ရသည်ကို သိထားခဲ့သဖြင့် အမိန့်ကို ရှုကျဲ ဖီဆန်လိုစိတ် မရှိတော့ပေ။ အမိန့်ရပြီးသည်နှင့် ခပ်သွက်သွက်ပင် သွားကာ ထိုမိန်းကလေးကို ကုပေးလေသည်။ ထိုအချိန်တွင် ယွင်ချဲ့ အနောက် လှည့်ကြည့်လိုက်ရာ မျက်လုံး ဖွင့်လျက်ကြည့်နေသော လုဟိုင်ရွှမ်းကို တွေ့သဖြင့် ....

"ဒီမိန်းကလေးက လွဲပြီး ကျန်တဲ့သူတွေကို မင်းလုပ်ချင်တာ လုပ်တော့ ... သွား မင်းအဖေနဲ့ ညီမအတွက် လက်စားချေပြီး မင်းအမေနဲ့ အဘိုးအတွက် တရားမျှတအောင် လုပ်ပစ်လိုက်"

"ကောင်းပြီ"

လုဟိုင်ရွှမ်းမှာ ဒေါသစိတ်နှင့် စိတ်လိုက်မာန်ပါ လုပ်ခြင်းမရှိဘဲ တည်ငြိမ်လျက် ခေါင်းညိတ်ပြကာ ထိုလူတစ်စုအနား လမ်းလျှောက်သွားကာ လူ ၂ ယောက်ကို လက်တစ်ဖက် တစ်ချက်စီတွင် ဆွဲကာ ခွေးသေများကဲ့သို့ တရွတ်တိုက် ဆွဲကာ အပြင်သို့ ထွက်သွားလေသည်။ သူ၏အိမ်ကို ထိုသူတို့၏ ညစ်ညမ်းသော သွေးများ မစွန်းထင်းစေချင်ပေ။

"မလုပ်ပါနဲ့ ! မလုပ်ပါနဲ့ ! တောင်းပန်ပါတယ် ! သနားပေးပါ !"

"မလုပ်နဲ့ ! ယင်းဇီ ကို မထိနဲ့ !"

"အား ! မလုပ်ပါနဲ့ ! အသက်ကိုချမ်းသာပေးပါ !"

"မလုပ်ပါနဲ့ !"

သူတို့ကို အပြင်ဘက်သို့ လုဟိုင်ရွှမ်း ဆွဲခေါ်သွားပြီးနောက် ဘာဖြစ်လာမည်ကို အရူးပင် ခန့်မှန်းနိုင်သည်။ ကျန်သော လုမိသားစုများမှာလည်း ကြမ်းပြင်ပေါ် လူးလှိမ့်ကာ ခွင့်လွှတ်သနားပေးရန် ကြောက်လန့်တကြား တောင်းဆိုနေကြသည်။ ဒီနေရာတွင် သူတို့ သေကြရမည်ကိုသိလျှင် အရှေ့မြောက် စခန်းတွင်သာ သူတို့နေခဲ့ကြမည် ဖြစ်သည်။ ဘဝကခက်ခဲသည် ဆိုသော်လည်း အနည်းဆုံးတော့ သူတို့ အသက်ရှင်နိုင်သေးသည်။

"ဆူညံနေတာပဲ .. ကျန်းရှန် .. ဇယ်ယွီ .. ဟိုင်ရွှမ်းကို ကူညီပေးလိုက်"

"အိုကီ ဒိုကီ !"

အလွန်ပင် ကူညီပေးချင်သော ကျိုးဇယ်ယွီက နောက်ထပ် လူနှစ်ယောက်ကို အားပင် မသုံးရဘဲ ဆွဲခေါ်သွားလေသည်။ ကျန်းရှန်က မလုပ်ချင်သော်လည်း ယဲ့ရှင်းချန်က သူ့လက်ကို အသာကိုင် လှုပ်လိုက်သဖြင့် ကူညီပေးလိုက်ရာ ခဏလေးအတွင်း လုမိသားစုများ အပြင်သို့ရောက်သွားကြသည်။ ရှုကျဲ ကုသပေးပြီး သွားသဖြင့် ရှင်းဖုန်းက ယန်းဟွိုင်အန်းကို ကြည့်လိုက်ပြီး ...

"ချဲ့ ပြောတာ ကြားတယ်ဟုတ် .. သူ့ကို ဘယ်လို လုပ်ရမယ်ဆိုတာ သိတယ်မလား ခေါ်သွားလိုက်တော့"

"ကောင်းပြီ"

ယန်းဟွိုင်အန်းလည်း ဆိုလိုရင်းကို သေချာသိပြီးနောက် ထိုမိန်းကလေးကို ခေါ်ထုတ်သွားလေသည်။ ချူးဟောင်လင်းလည်း မျက်မှောက်ကြုတ်လျက် လက်ကို ဝှေ့လိုက်ရာ သွေးစွန်းထားသော ပစ္စည်းများ ပျောက်ကွယ် သွားလေသည်။

"ခေါင်းဆောင် ချဲ့ .. ကျွန်တော့်ကို တာဝန်ခွဲပေးလိုက် ဒါတွေ ကျွန်တော် ရှင်းလိုက်မယ်"

ပထမဆုံး အနေနှင့် ချူးဟောင်လင်း ရူးမိုက်သော ကိစ္စကို မလုပ်တော့ပေ။ အလွန် တည်ကြည်သော မျက်နှာထားနှင့် ချူးဟောင်လင်းက ယွင်ချဲ့ ဘာမှ မပြောသေးချိန်တွင် အိမ်ကို ရှင်းလင်းလိုက်သည်။

"မမ ကျွန်တော်တို့အတွက် ညစာပြင်ထားပေးနော် .. ကျွန်တော်တို့ အိမ်ရှင်းလိုက်မယ်"

လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီနှင့် ကျန်းရှန်တို့ ပြန်မလာကြသဖြင့် အပြင်တွင် ကိစ္စရှင်းနေမည်ဟု ယွင်ချဲ့ တွေးကာ သူ၏အစ်မကို လှည့်ကြည့်လျက် ခေါင်းညိတ် ပြလိုက်သည်။

"အင်းပါ"

ယွင်ယောင်လည်း ဘာမှမပြောဘဲ ယဲ့ရှင်းချန် လက်ထဲတွင် သူမ၏သား လုံခြုံစွာ ရှိနေကြောင်း စစ်ဆေးပြီးသည်နှင့် မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။ ယွင်ချဲ့လည်း အခြားသူများကို ဘေးတွင်ရပ်ခိုင်းပြီး သူက ဧည့်ခန်းအလယ်တွင် ရပ်လိုက်သည်။ ခဏအကြာ လေထုထဲမှ ရေများကျလာပြီး နံရံနှင့် ကြမ်းပြင်များကို သန့်စင်အောင် ဆေးကြောလိုက်သည်။ ယွင်ချဲ့မှာ ရေစွမ်းအားရှင် တစ်ယောက်ကဲ့သို့ ရေကို ကျွမ်းကျင်စွာ ထိန်းချုပ် နေသော်လည်း ရေတို့မှာ စုဝေးနေခြင်း မရှိသောကြောင့် ယွင်ချဲ့က ရေစွမ်းအားရှင် မဟုတ်ကြောင်း သူတို့သိကြသည်။

"ယာဖေး .. မင်းအလှည့် ရောက်ပြီ"

သူ၏နယ်မြေထဲမှ မြစ်ရေများကို သုံးကာ အိမ်နံရံနှင့် ကြမ်းပြင်ကို သန့်ရှင်း လိုက်ပြီးနောက် လှေကားပေါ်တွင် ရပ်နေလိုက်သည်။ ကျန့်ယာဖေးလည်း ရှေ့တက်လာပြီး ခြေကို ဆောင့်လိုက်ရာ ကြမ်းပြင်မှာ သဲများအဖြစ် ပြောင်းသွားပြီး ရေများကို စုပ်ယူလိုက်သည်။ ထို့နောက် ကြမ်းပြင်မှာ ပုံမှန်ဖြစ်သွားပြီး နံရံနှင့် ကြမ်းပြင်မှာ အသစ်ကဲ့သို့ သန့်ရှင်းသွားပြီး သွေးစွန်း ထားသည်တို့မှာလည်း မရှိတော့ပေ။

နောက်ဆုံးတွင် ယွင်ချဲ့လည်း သူ၏နယ်မြေထဲမှ ဆိုဖာခုံ အသစ်များနှင့် စားပွဲ အသစ်တို့ကို ယူထုတ်လိုက်သည်။ ဧည့်ခန်းမှာ ဘာမှမဖြစ်ခဲ့သည့် အတိုင်းပင် သူတို့မနက် အစောက ထွက်သွားကြချိန် ကကဲ့သို့ ဖြစ်သွားလေသည်။
***

Zawgyi

အခန္း (၁၁၅)

ကပ္ေဘးကာလ အတြင္း ဥပေဒႏွင့္ ကိုယ္က်င့္တရားတို႔တြင္ ကန့္သတ္ခ်က္ မရွိဘဲ လူသားခ်င္း စာနာမႈက အခ်ိန္ႏွင့္အမွ် စိန္ေခၚမႈ တစ္ရပ္ျဖစ္ေနသည္။ မီးရွို႔ျခင္း၊ လူသတ္ျခင္း၊ အစားအေသာက္အတြက္ ကေလးငယ္မ်ားကို လဲလွယ္ျခင္းႏွင့္ အျခားလူမဆန္ေသာ လုပ္ရပ္မ်ားမွာ အေသးငယ္ဆုံးေသာ မက္လုံး တစ္ခုေၾကာင့္ပင္ ျဖစ္ေပၚလာနိုင္သည္။ ယြင္ခ်ဲ့ မွလြဲ၍ အျခားသူမ်ားမွာ ကပ္ေဘးကာလတြင္ ႏွစ္လၾကာ ရွင္သန္ေနၿပီး အၾကင္နာမဲ့ျခင္းႏွင့္ မုန္းတီးျခင္းမ်ားကို လုံလုံေလာက္ေလာက္ပင္ ေတြ႕ျမင္ခဲ့ဖူးၿပီ ျဖစ္ေသာေၾကာင့္ ကပ္ေဘး မႀကဳံမီက မည္မွ်ပင္ စိတ္သေဘာေကာင္း ၾကင္နာတတ္သူ ျဖစ္ခဲ့ပါေစ ယခုအခ်ိန္တြင္ ရက္စက္သူ တစ္ေယာက္ ျဖစ္လာခဲ့သည္က မထူးဆန္းေတာ့ေပ။

ေျပာရလွ်င္ လု မိသားစုတို႔မွာ အခုကာလတြင္ သာမန္ အေနအထားမ်ားသာ ျဖစ္ေသာ္လည္း လုဟိုင္႐ႊမ္း၏ သူငယ္ခ်င္းမ်ားက သူတို႔မိသားစုဝင္ တစ္ေယာက္ ထိခိုက္ခဲ့ရျခင္းေၾကာင့္ ေဒါသထြက္ေနရျခင္းျဖစ္သည္။ ထိုလူတစ္စုမွာ တိရစာၦန္ဟု မေခၚသင့္ေပ၊ တိရစာၦန္ထက္ပင္ လြန္စြာ ဆိုးဝါးလွသည္။

"စိတ္မပူပါနဲ႕ ငါတို႔ႀကိဳက္တဲ့ အခ်ိန္ သူတို႔ကို သတ္လို႔ရတယ္"

က်ိဳးဇယ္ယြီ ေရွ႕တက္လာၿပီး လုဟိုင္႐ႊမ္း ပခုံးေပၚ လက္တင္ေျပာလ်က္ လုမိသားစုကို ခံစားခ်က္မရွိေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကေလသည္။

လုဟိုင္႐ႊမ္းမွာ သူ၏စိတ္ကို ၿငိမ္သက္ေစရန္ ႀကိဳးစား ေနရသျဖင့္ က်ိဳးဇယ္ယြီကို ျပန္မေျပာသကဲ့သို႔ မ်က္လုံးမ်ားကိုလည္း မဖြင့္ေပ။ ယြင္ခ်ဲ့ ေျပာတာ မွန္သည္။ ဇာတ္လမ္းက မၿပီးေသးေပ။ သူ၏ညီမေလး၊ အေမႏွင့္ အဘိုးတို႔ကို မည္သို႔လုပ္ခဲ့ေၾကာင္း သူသိရန္လိုေသးသည္။

"ဆက္ေမးလိုက္"

"အိုေက"

လုဟိုင္႐ႊမ္းက ဘာမွမတုံ႕ျပန္သျဖင့္ ယြင္ခ်ဲ့လည္း ေဘးတြင္ ရပ္ေနေသာ ရွင္းဖုန္းကို ဆက္ေမးရန္ ေျပာလိုက္သျဖင့္ ရွင္းဖုန္း ေခါင္းညိတ္ျပကာ ဆက္ေမးေလသည္။

"ဟိုင္႐ႊမ္းရဲ႕ ညီမေလး ဘယ္လို ေသခဲ့ရတာလဲ"

"အေရွ႕ေျမာက္ တပ္စုစခန္းကို ေရာက္သြားတဲ့အခ်ိန္ ဘာမွ ေထာက္ပံ့ေရစာ မရၾကတဲ့ ငါတို႔ ႂကြက္ေတြလိုပဲ ေနထိုင္ခဲ့ရတယ္ ... ရက္ပိုင္းေလာက္ ၾကာၿပီးေတာ့ စစ္တပ္ရဲ႕ ဗိုလ္တစ္ေယာက္က လုဟိုင္တ်ဲကို သေဘာက်ေနတဲ့ အေၾကာင္း ယင္းဇီ ၾကားလာၿပီး တကယ္လို႔ သူလက္ခံလိုက္ရင္ သူတို႔ေတြ ခ်မ္းခ်မ္းသာသာနဲ႕ ေနၾကရေတာ့မယ့္ အခ်ိန္ ငါတို႔က ဘာေၾကာင့္ ဒုကၡခံၿပီး ေနရမွာလဲ ... သူ႕အေမနဲ႕ အဘိုးရဲ႕ သံသယကင္းဖို႔ လုဟိုင္တ်ဲက သူနဲ႕ဗိုလ္မႉးနဲ႕ ရည္ငံေနပါတယ္ဆိုၿပီး လိမ္ခဲ့တာ .. ငါက ေယာက္မကို အမွန္တိုင္း ေျပာျပလိုက္တဲ့ အခါ ထင္ထားတဲ့အတိုင္း သူေဒါသ ထြက္သြားၿပီး သူ႕သမီးကို ပါးရိုက္လိုက္ေတာ့ သူ႕သမီးလည္း ထြက္ေျပးသြားတယ္ ... ငါတို႔က လမ္းသရဲေတြကို သူ႕ကိုဖမ္းခိုင္း ျပန္ေပးဆြဲခိုင္းၿပီး အဓမၼျပဳက်င့္ခိုင္းေအာင္ စီစဥ္ထားခဲ့တယ္။ ယင္းဇီ ကလည္း ဗိုလ္မႉးကို ေခၚလာၿပီး သူ႕ကိုၾကည့္ေစခဲ့တယ္။ အဲဒီကတည္းက ဗိုလ္မႉးလည္း ထပ္မေပၚလာေတာ့ဘူး ... လုဟိုင္တ်ဲလည္း ကေယာင္ကတမ္းေတြ ျဖစ္လာၿပီး သူမေသခ်င္ေသးတဲ့ အေၾကာင္း .. သူ႕အေမနဲ႕အဘိုးကို ေဘးကင္းေအာင္ ထားခ်င္တဲ့အေၾကာင္း ခဏခဏ ညည္းတြားလာတယ္ .. ဒါေပမယ့္ ငါတို႔ သူ႕ကို အသက္ရွင္ခြင့္ မေပးနိုင္ေတာ့ဘူး။ ငါတို႔လုပ္ခဲ့တာေတြ တစ္ေန႕ အမွန္တိုင္း သိသြားက်ရင္ တရားဥပေဒ မရွိဘူး ဆိုရင္ေတာင္မွ စခန္းထဲမွာ ငါတို႔ေနခြင့္ရၾကမွာ မဟုတ္ေတာ့ဘူး။ အဲဒါေၾကာင့္ ငါတို႔ေတြ သူ႕ကိုေပ်ာက္ကြယ္ သြားေအာင္လုပ္ဖို႔ တိုင္ပင္ခဲ့ၾကတယ္ ... တစ္ရက္ ငါတို႔နဲ႕ အသုံးအေဆာင္ေတြ သြားယူၾကမယ့္အခ်ိန္ ငါတို႔ေတြ တမင္အခ်ိန္လြဲၿပီးေျပာလိုက္ၾကတယ္။ အဲဒီေနရာကို ငါတို႔ေရာက္သြားေတာ့ သူက ဖုတ္ေကာင္ေတြ စားတာခံရၿပီး ေသေနၿပီ"

ထိုအမ်ိဳးသမီးက ျဖစ္ေၾကာင္း ကုန္စင္ကို အသက္မဲ့စြာ ေျပာဆိုေသာ္လည္း နားေထာင္သူမ်ားမွာ ေဒါသစိတ္မ်ား တရိပ္ရိပ္ တက္လာသည္။ လုဟိုင္႐ႊမ္းမွာ အသက္ ၂၁ ျဖစ္ၿပီး သူ၏ညီမေလးက ၁၈ ႏွစ္သာ ရွိေသးသည္။ သူတို႔က သူ၏အေဖ ေသဆုံးရျခင္း အေၾကာင္းႏွင့္ အေမႏွင့္အဘိုးတို႔ ေကာင္းမြန္စြာ ေနထိုင္ေရးအတြက္ သူမ၏ ေပ်ာ္႐ႊင္မႈကို စေတးခဲ့ေသာ ညီမေလး အေၾကာင္းကို ေျပာျပခဲ့သည္။ သူမကို အဓမၼျပဳက်င့္ရန္ လူငွားခဲ့ၾကသည့္အျပင္ သူမကို သတ္ပစ္ခဲ့ၾကသည္လား။ ဘယ္လို လူမဆန္ လိုက္ၾကတာလဲ။ သူတို႔က မိသားစုဟု ေျပာခဲ့သည္ မဟုတ္လား။ ဘယ္လိုမိသားစုက သူတို႔၏ မိသားစုဝင္ကို ထိုကဲ့သို႔ ျပဳမူဆက္ဆံၾကလို႔လဲ။

လုဟိုင္႐ႊမ္း အံကိုႀကိတ္ၿပီး လက္သီးကို တင္းက်ပ္စြာ ဆုပ္ထားလ်က္ ထိုလူတစ္စုကို သတ္ခ်င္သည့္ စိတ္ဆႏၵမ်ား ခႏၶာကိုယ္ တစ္ခုလုံးသို႔ ပ်ံ့လာသည္။ သူ႕ညီမေလးကို ဘာေၾကာင့္မ်ား ဒီေလာက္ ရက္စက္စြာ ျပဳမူနိုင္ရတာလဲ။ ဘာေၾကာင့္လဲ။ လုဟိုင္႐ႊမ္း မ်က္လုံးမ်ားကို ေစ့ေစ့ပိတ္ ထားေသာ္လည္း မ်က္ရည္မ်ား က်ဆင္း လာခဲ့သည္။

"လုဟိုင္႐ႊမ္းရဲ႕ အေမနဲ႕ အဘိုးကို ဘာေၾကာင့္ မသတ္တာလဲ”

ရွင္းဖုန္းပင္ စိတ္ကို တည္ၿငိမ္စြာ မထိန္းနိုင္ေသာ္လည္း ခဏၾကာၿပီးေနာက္ ေနာက္ေမးခြန္း တစ္ခု ထပ္ေမးေလသည္။ ထိုလူတစ္စုတို႔ သူတို႔လုပ္ရပ္မ်ားကို တစ္ခု မက်န္ေအာင္ ေျပာျပရလိမ့္မည္။

"သူ႕အေမက စြမ္းအားမရွိတဲ့ သာမန္ မိန္းမဆိုေပမယ့္ သူ႕အဖိုးက စြမ္းအားရွိတယ္။ သူတို႔ကို သတ္ဖို႔စီစဥ္ခဲ့ေပမယ့္ အဲဒီမိန္းမက သူ႕ေယာက်္ားနဲ႕ သမီးတို႔ေသရတာ သူ႕ေၾကာင့္ဆိုၿပီး ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာ သိခဲ့ရတယ္ ... သူသာ သတိမေမ့ခဲ့ရင္ သူ႕ေယာက်္ား ဖုတ္ေကာင္ေတြေၾကာင့္ ေသမွာမဟုတ္ဘူး .. သူ႕သမီးကို ပါးမရိုက္ခဲ့ရင္ သမီးက ထြက္ေျပးၿပီး လမ္းသရဲေတြရဲ႕ အဓမၼက်င့္တာ ခံရမွာမဟုတ္ဘူး။ စိတ္ကေယာင္ ေခ်ာက္ခ်ားနဲ႕ ေသရမွာ မဟုတ္ဘူးဆိုၿပီး ကိုယ့္ကိုယ္ကို အျပစ္တင္ေနခဲ့တာ .. အဲဒါေၾကာင့္ အစီအစဥ္ကို ေျပာင္းၿပီး သူတို႔ကိုယ္သူတို႔ အျပစ္တင္ၿပီး ဘဝတစ္ေလွ်ာက္ အျပစ္ခံစားေနရသလို ေနပါေစလို႔ လႊတ္ထားလိုက္ၿပီး ငါတို႔က ေစာင့္ၾကည့္ေနလိုက္႐ုံပဲ"

ရက္စက္မႈ အတိုင္းအတာပင္ ေက်ာ္လြန္သြားၿပီ။ ထိုလူတစ္စုမွာ အလြန္ပင္ စက္ဆုပ္ဖြယ္ေကာင္းလွသည္။ လူေကာင္းမ်ားက အၿမဲတမ္း နစ္နာရသည္ဟု ယြင္ခ်ဲ့ မၾကာခဏ ေျပာျခင္းမွာ ထိုအျဖစ္ကို ဆိုလိုျခင္းပင္။

"ခင္ဗ်ားလုပ္တာကို ဒီလူေတြေရာသိလား"

"သိတယ္"

"ေနာက္ဆုံး တစ္ခုေမးမယ္ ... သူတို႔ကို အဲဒီေလာက္ေတာင္ မုန္းတီးေနတယ္ ဆိုရင္ ဘာေၾကာင့္ အေနာက္ေတာင္ စခန္းကို လာခဲ့ၾကတာလဲ ... လုဟိုင္႐ႊမ္းက အမွန္ကို သိသြားရင္ သူ႕အေဖနဲ႕ ညီမေလးအတြက္ မွ်တမႈျပန္ရေအာင္ လုပ္မွာကို မေၾကာက္ဘူးလား"

"ေၾကာက္တယ္ တကယ္ ေၾကာက္ခဲ့ၾကတာပါ ... ဒါေပမယ့္ စစ္တပ္ကေတာင္မွ သူ႕အတြက္ အလုပ္လုပ္ေပးၿပီး သူ႕မိသားစုကိုလည္း ေလယာဥ္နဲ႕ေတာင္ ပို႔ေပးတယ္ဆိုေတာ့ သူက အခု အေရးပါတဲ့သူ တစ္ေယာက္ ျဖစ္မယ္လို႔ ေတြးခဲ့တယ္ ... ငါတို႔သာ ပါးစပ္ပိတ္ေနရင္ လုဟိုင္႐ႊမ္းရဲ႕ အေဖနဲ႕ညီမကို ငါတို႔သတ္ခဲ့တာ ဘယ္သူမွ သိမွာ မဟုတ္ဘူးလို႔ ေတြးခဲ့တယ္။ အစာေရစာျပတ္ၿပီး ခြၽတ္ၿခဳံက်ေနတဲ့ ဘဝမွာ ငါတို႔မေနနိုင္ဘူး ... လုဟိုင္႐ႊမ္းက အဆင့္ျမင့္တဲ့သူ တစ္ေယာက္ျဖစ္ေနၿပီဆိုေတာ့ ငါတို႔က ဘာေၾကာင့္ သူ႕ကိုမမွီခိုဘဲ ေနရမွာလဲ သူ႕အေဖနဲ႕ညီမကို သတ္ခဲ့တဲ့သူေတြကို အစာေရစာ ေထာက္ပံ့ေပးတာ ဘယ္ေလာက္ စိတ္လႈပ္ရွားစရာ ေကာင္းလိုက္သလဲ .. အဲဒီလိုေတြးလိုက္တဲ့အခါ ေၾကာက္စိတ္ေတြလည္း မရွိေတာ့ဘူး"

"ထေတာ့"

လိုအပ္သည္တို႔ကို ေမးျမန္းၿပီးေနာက္ ရွင္းဖုန္း လက္ႏွစ္ဖက္ကို ရိုက္ခါၿပီး ထလိုက္သည္။ ယြင္ခ်ဲ့လည္း ေရစိုတစ္ရႉးထုပ္ကို ယူလိုက္ၿပီး ရွင္းဖုန္း လက္ကို ေသခ်ာသုတ္ ေပးလိုက္သည္။ သူ၏လူက စက္ဆုပ္ဖြယ္ ေကာင္းေသာ မိန္းမကို ထိကိုင္ခဲ့ရသည္ မဟုတ္လား။ ကပ္ေဘးျဖစ္ခဲ့သည္တိုင္ သူ၏ရန္သူမ်ားမွ လြဲ၍ အျခားသူမ်ားပင္ မေျပာႏွင့္ က်န္းခ်ီကိုပင္ ယြင္ခ်ဲ့ မမုန္းတီးခဲ့ေပ။ သို႔ေသာ္ ထိုလူတစ္စုက သူ၏မုန္းတီးစိတ္ကို ႏွိုးထေစခဲ့သည္။ တိရစာၦန္မ်ားပင္လွ်င္ သူတို႔ကဲ့သို႔ လုပ္ၾကမည္ မဟုတ္ေပ။

"ခ်ဲ့ .. ငါနဲ႕ ဟိုင္႐ႊမ္းတို႔ ေျဖရွင္းပါရေစ .. ဒီလိုေတြကို အကုန္ အပိုင္းပိုင္း ျဖတ္ပစ္မယ္"

ထိုသူတို႔ ျပန္ေပးဆပ္ရမည့္ အခ်ိန္ေရာက္ၿပီ ျဖစ္ေသာေၾကာင့္ က်ိဳးဇယ္ယြီ ပါးကြက္သားတစ္ေယာက္အျဖစ္ကို မေစာင့္နိုင္ေတာ့ေပ။

"ခဏေစာင့္ဉီး .. ရႈက်ဲကို ေခၚလာခဲ့"

ယြင္ခ်ဲ့ တည္ၿငိမ္စြာ ၿပဳံးျပၿပီး လုမိသားစုတို႔ အနားသို႔ သြားကာ ယင္းဇီ ေရွ႕တြင္ေဆာင့္ေၾကာင့္ ထိုင္လိုက္သည္။

"မင္း...မင္း ဘာလုပ္မလို႔လဲ .. ငါ့သမီးကိုမထိနဲ႕"

"မလုပ္ပါနဲ႕ .. သမီးေလးက ငယ္ေသးတယ္ .. သူ႕ကိုမသတ္ပါနဲ႕"

ထိုလူမဆန္ေသာ ဇနီးေမာင္ႏွံ ၂ ေယာက္က သူတို႔၏ နာက်င္ေနေသာ ခႏၶာကိုယ္ကို ႐ုန္းကန္လ်က္ သူတို႔ထံသို႔ သြားေနၾကေလသည္။ သူတို႔၏သားကို ဆုံးရႈံးလိုက္ရသျဖင့္ သမီးတစ္ေယာက္တည္း က်န္ခဲ့ေသာေၾကာင့္ သူတို႔၏သမီးကို အလြန္ခ်စ္ၾကပုံပင္။

"ငယ္တယ္? လုဟိုင္တ်ဲထက္ ပိုငယ္တာလား"

ယြင္ခ်ဲ့ ေလွာင္ရယ္ လိုက္သည္။ သူတို႔၏သမီးက အျခားသူထက္ ပိုတန္ဖိုးရွိတာလား။

"မင္း ဘာလုပ္မလို႔ ႀကံေနတာလဲ"

အမွန္တရားက ေပၚေပါက္လာခဲ့သျဖင့္ ထိုလူႀကီးက စိုးရိမ္တႀကီးႏွင့္ ေမးေလသည္။ ယြင္ခ်ဲ့ လည္း လက္အိတ္ ႏွစ္ဖက္ စြပ္လိုက္ၿပီး ယင္းဇီ မ်က္ႏွာကို ေသခ်ာ စိုက္ၾကည့္လ်က္ ပြတ္သပ္ေပးေနပုံမွာ ထိုဇနီးေမာင္ႏွံကို ရည္႐ြယ္ခ်က္ရွိရွိ ညွဥ္းဆဲေနပုံပင္။

"သူက သိပ္ၿပီးေတာ့လည္း ၾကည့္လို႔ မေကာင္းပါဘူး ဟုတ္တယ္မလား .. ကပ္မဆိုက္ခင္က အခ်ိန္ဆိုရင္ ဘယ္သူမွ သူ႕ကိုၾကည့္ခ်င္မွာေတာင္ မဟုတ္ဘူးေနာ္ ဒါေပမယ့္လည္း ကပ္ဆိုက္သြားေတာ့ မိန္းကေလးေတြက အသုံးဝင္သြားတာ ကံေကာင္းတာေပါ့"

"မင္း...မင္း မဟုတ္..မဟုတ္မွ ..."

ထိုဇနီးေမာင္ႏွံက ယြင္ခ်ဲ့၏ အႀကံကို ရိပ္မိ သြားေသာ္လည္း သူတို႔ကိုယ္တိုင္မေျပာထုတ္ရဲၾကသျဖင့္ ယြင္ခ်ဲ့ ေျပာလိုက္သည္။

"စိတ္မပူပါနဲ႕ သူ႕ကို တစ္ေယာက္ေယာက္နဲ႕ ကုသေပးၿပီး လုဟိုင္တ်ဲကို ခင္ဗ်ားတို႔ လုပ္ခဲ့သလို ျပန္လုပ္ေပးမယ္ ... ဒါေပမယ့္ က်ဳပ္က သေဘာေကာင္းေတာ့ ဖုတ္ေကာင္လက္ထဲ မထည့္ေပးပါဘူး။ ေယာက်္ားေတြကိုပဲ အေတာမသတ္ေအာင္ လိုအပ္ေနတဲ့ မိန္းမပ်က္ တစ္ေယာက္ျဖစ္ေအာင္ လုပ္ေပးမယ္"

"မလုပ္နဲ႕ !"

ယြင္ခ်ဲ့ စကားေျပာလ်က္ တျဖည္းျဖည္းႏွင့္ ေၾကာက္မက္ဖြယ္ ေကာင္းလာသည္။ ထိုဇနီးေမာင္ႏွံတို႔က စူးဝါးစြာ ေအာ္လိုက္ေသာ္လည္း သူတို႔ကို မည္သူမွ မသနားၾကေပ။

"ရႈက်ဲ .. သူ႕ကို ကုေပးလိုက္"

က်ိဳးဇယ္ယြီက ရႈက်ဲကို ေခၚလာခဲ့ၿပီး တာဝန္မွျပန္လာခဲ့ေသာ ယန္းဟြိုင္အန္း ႏွင့္အတူ အျခားသူမ်ားလည္း ျပန္ေရာက္ လာခဲ့ၾကသည္ကို ရွင္းဖုန္း သူ၏ မ်က္လုံးေထာင့္မွ ေတြ႕လိုက္ရသည္။ ၾကမ္းျပင္တြင္ ေမ့လဲေနေသာ မိန္းကေလးကို ၫႊန္ျပလ်က္ ရွင္းဖုန္း အမိန့္ေပးလိုက္သည္။

"ဝမ္းေျမာက္ဝမ္းသာပါပဲ !"

ယြင္ေယာင္ မည္သို႔ ႀကဳံေတြ႕ခဲ့ရသည္ကို သိထားခဲ့သျဖင့္ အမိန့္ကို ရႈက်ဲ ဖီဆန္လိုစိတ္ မရွိေတာ့ေပ။ အမိန့္ရၿပီးသည္ႏွင့္ ခပ္သြက္သြက္ပင္ သြားကာ ထိုမိန္းကေလးကို ကုေပးေလသည္။ ထိုအခ်ိန္တြင္ ယြင္ခ်ဲ့ အေနာက္ လွည့္ၾကည့္လိုက္ရာ မ်က္လုံး ဖြင့္လ်က္ၾကည့္ေနေသာ လုဟိုင္႐ႊမ္းကို ေတြ႕သျဖင့္ ....

"ဒီမိန္းကေလးက လြဲၿပီး က်န္တဲ့သူေတြကို မင္းလုပ္ခ်င္တာ လုပ္ေတာ့ ... သြား မင္းအေဖနဲ႕ ညီမအတြက္ လက္စားေခ်ၿပီး မင္းအေမနဲ႕ အဘိုးအတြက္ တရားမွ်တေအာင္ လုပ္ပစ္လိုက္"

"ေကာင္းၿပီ"

လုဟိုင္႐ႊမ္းမွာ ေဒါသစိတ္ႏွင့္ စိတ္လိုက္မာန္ပါ လုပ္ျခင္းမရွိဘဲ တည္ၿငိမ္လ်က္ ေခါင္းညိတ္ျပကာ ထိုလူတစ္စုအနား လမ္းေလွ်ာက္သြားကာ လူ ၂ ေယာက္ကို လက္တစ္ဖက္ တစ္ခ်က္စီတြင္ ဆြဲကာ ေခြးေသမ်ားကဲ့သို႔ တ႐ြတ္တိုက္ ဆြဲကာ အျပင္သို႔ ထြက္သြားေလသည္။ သူ၏အိမ္ကို ထိုသူတို႔၏ ညစ္ညမ္းေသာ ေသြးမ်ား မစြန္းထင္းေစခ်င္ေပ။

"မလုပ္ပါနဲ႕ ! မလုပ္ပါနဲ႕ ! ေတာင္းပန္ပါတယ္ ! သနားေပးပါ !"

"မလုပ္နဲ႕ ! ယင္းဇီ ကို မထိနဲ႕ !"

"အား ! မလုပ္ပါနဲ႕ ! အသက္ကိုခ်မ္းသာေပးပါ !"

"မလုပ္ပါနဲ႕ !"

သူတို႔ကို အျပင္ဘက္သို႔ လုဟိုင္႐ႊမ္း ဆြဲေခၚသြားၿပီးေနာက္ ဘာျဖစ္လာမည္ကို အ႐ူးပင္ ခန့္မွန္းနိုင္သည္။ က်န္ေသာ လုမိသားစုမ်ားမွာလည္း ၾကမ္းျပင္ေပၚ လူးလွိမ့္ကာ ခြင့္လႊတ္သနားေပးရန္ ေၾကာက္လန့္တၾကား ေတာင္းဆိုေနၾကသည္။ ဒီေနရာတြင္ သူတို႔ ေသၾကရမည္ကိုသိလွ်င္ အေရွ႕ေျမာက္ စခန္းတြင္သာ သူတို႔ေနခဲ့ၾကမည္ ျဖစ္သည္။ ဘဝကခက္ခဲသည္ ဆိုေသာ္လည္း အနည္းဆုံးေတာ့ သူတို႔ အသက္ရွင္နိုင္ေသးသည္။

"ဆူညံေနတာပဲ .. က်န္းရွန္ .. ဇယ္ယြီ .. ဟိုင္႐ႊမ္းကို ကူညီေပးလိုက္"

"အိုကီ ဒိုကီ !"

အလြန္ပင္ ကူညီေပးခ်င္ေသာ က်ိဳးဇယ္ယြီက ေနာက္ထပ္ လူႏွစ္ေယာက္ကို အားပင္ မသုံးရဘဲ ဆြဲေခၚသြားေလသည္။ က်န္းရွန္က မလုပ္ခ်င္ေသာ္လည္း ယဲ့ရွင္းခ်န္က သူ႕လက္ကို အသာကိုင္ လႈပ္လိုက္သျဖင့္ ကူညီေပးလိုက္ရာ ခဏေလးအတြင္း လုမိသားစုမ်ား အျပင္သို႔ေရာက္သြားၾကသည္။ ရႈက်ဲ ကုသေပးၿပီး သြားသျဖင့္ ရွင္းဖုန္းက ယန္းဟြိုင္အန္းကို ၾကည့္လိုက္ၿပီး ...

"ခ်ဲ့ ေျပာတာ ၾကားတယ္ဟုတ္ .. သူ႕ကို ဘယ္လို လုပ္ရမယ္ဆိုတာ သိတယ္မလား ေခၚသြားလိုက္ေတာ့"

"ေကာင္းၿပီ"

ယန္းဟြိုင္အန္းလည္း ဆိုလိုရင္းကို ေသခ်ာသိၿပီးေနာက္ ထိုမိန္းကေလးကို ေခၚထုတ္သြားေလသည္။ ခ်ဴးေဟာင္လင္းလည္း မ်က္ေမွာက္ၾကဳတ္လ်က္ လက္ကို ေဝွ႕လိုက္ရာ ေသြးစြန္းထားေသာ ပစၥည္းမ်ား ေပ်ာက္ကြယ္ သြားေလသည္။

"ေခါင္းေဆာင္ ခ်ဲ့ .. ကြၽန္ေတာ့္ကို တာဝန္ခြဲေပးလိုက္ ဒါေတြ ကြၽန္ေတာ္ ရွင္းလိုက္မယ္"

ပထမဆုံး အေနႏွင့္ ခ်ဴးေဟာင္လင္း ႐ူးမိုက္ေသာ ကိစၥကို မလုပ္ေတာ့ေပ။ အလြန္ တည္ၾကည္ေသာ မ်က္ႏွာထားႏွင့္ ခ်ဴးေဟာင္လင္းက ယြင္ခ်ဲ့ ဘာမွ မေျပာေသးခ်ိန္တြင္ အိမ္ကို ရွင္းလင္းလိုက္သည္။

"မမ ကြၽန္ေတာ္တို႔အတြက္ ညစာျပင္ထားေပးေနာ္ .. ကြၽန္ေတာ္တို႔ အိမ္ရွင္းလိုက္မယ္"

လုဟိုင္႐ႊမ္း၊ က်ိဳးဇယ္ယြီႏွင့္ က်န္းရွန္တို႔ ျပန္မလာၾကသျဖင့္ အျပင္တြင္ ကိစၥရွင္းေနမည္ဟု ယြင္ခ်ဲ့ ေတြးကာ သူ၏အစ္မကို လွည့္ၾကည့္လ်က္ ေခါင္းညိတ္ ျပလိုက္သည္။

"အင္းပါ"

ယြင္ေယာင္လည္း ဘာမွမေျပာဘဲ ယဲ့ရွင္းခ်န္ လက္ထဲတြင္ သူမ၏သား လုံၿခဳံစြာ ရွိေနေၾကာင္း စစ္ေဆးၿပီးသည္ႏွင့္ မီးဖိုခန္းထဲသို႔ ဝင္သြားေလသည္။ ယြင္ခ်ဲ့လည္း အျခားသူမ်ားကို ေဘးတြင္ရပ္ခိုင္းၿပီး သူက ဧည့္ခန္းအလယ္တြင္ ရပ္လိုက္သည္။ ခဏအၾကာ ေလထုထဲမွ ေရမ်ားက်လာၿပီး နံရံႏွင့္ ၾကမ္းျပင္မ်ားကို သန့္စင္ေအာင္ ေဆးေၾကာလိုက္သည္။ ယြင္ခ်ဲ့မွာ ေရစြမ္းအားရွင္ တစ္ေယာက္ကဲ့သို႔ ေရကို ကြၽမ္းက်င္စြာ ထိန္းခ်ဳပ္ ေနေသာ္လည္း ေရတို႔မွာ စုေဝးေနျခင္း မရွိေသာေၾကာင့္ ယြင္ခ်ဲ့က ေရစြမ္းအားရွင္ မဟုတ္ေၾကာင္း သူတို႔သိၾကသည္။

"ယာေဖး .. မင္းအလွည့္ ေရာက္ၿပီ"

သူ၏နယ္ေျမထဲမွ ျမစ္ေရမ်ားကို သုံးကာ အိမ္နံရံႏွင့္ ၾကမ္းျပင္ကို သန့္ရွင္း လိုက္ၿပီးေနာက္ ေလွကားေပၚတြင္ ရပ္ေနလိုက္သည္။ က်န့္ယာေဖးလည္း ေရွ႕တက္လာၿပီး ေျခကို ေဆာင့္လိုက္ရာ ၾကမ္းျပင္မွာ သဲမ်ားအျဖစ္ ေျပာင္းသြားၿပီး ေရမ်ားကို စုပ္ယူလိုက္သည္။ ထို႔ေနာက္ ၾကမ္းျပင္မွာ ပုံမွန္ျဖစ္သြားၿပီး နံရံႏွင့္ ၾကမ္းျပင္မွာ အသစ္ကဲ့သို႔ သန့္ရွင္းသြားၿပီး ေသြးစြန္း ထားသည္တို႔မွာလည္း မရွိေတာ့ေပ။

ေနာက္ဆုံးတြင္ ယြင္ခ်ဲ့လည္း သူ၏နယ္ေျမထဲမွ ဆိုဖာခုံ အသစ္မ်ားႏွင့္ စားပြဲ အသစ္တို႔ကို ယူထုတ္လိုက္သည္။ ဧည့္ခန္းမွာ ဘာမွမျဖစ္ခဲ့သည့္ အတိုင္းပင္ သူတို႔မနက္ အေစာက ထြက္သြားၾကခ်ိန္ ကကဲ့သို႔ ျဖစ္သြားေလသည္။
***

Continue Reading

You'll Also Like

338K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
27.9K 5.6K 25
Tiltle:Cannon Fodder Fake Master Was Stunned After Being Reborn Author:Zhi Tang 稚棠 Chapter:108 Genere:Comedy,Drama,Romance,Slice of life,Yaoi Eng tra...
441K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
157K 22.5K 46
His mother was my crush in the past, but her son gave his heart to me,how luckily I am!!