Unicode
အခန်း (၁ဝ၃)
ယွင်ချန်မှာ ရေအောက်တွင် ရုန်းကန်နေလျက်ရှိပြီး အဆိပ်အတောက် သန့်စင်ခြင်းမှာ အလွန် ကြာလှသည်။ ယွင်ချဲ့လည်း ဟေးယွီ နှင့်အတူ တောင်ပေါ်သို့ သွားကာ ရစ်ငှက်၊ တောယုန်များကို လိုက်ဖမ်းကြသည့်အပြင် နှင်းကဲ့သို့ ဖြူဖွေးနေသော မြေခွေးတစ်ကောင်ပင် ဖမ်းမိလိုက်သည်။ ထိုမြေခွေးလေးကို ချန်ချန် ချစ်လိမ့်မည်ဟု ယွင်ချဲ့ တွေးမိသောကြောင့် သူနှင့်အတူ ခေါ်လာခဲ့သည်။
အမဲလိုက်ပြီးနောက်တွင် လေးကီလို အလေးချိန်ရှိ ငွေရောင် ငါးကြင်းကိုလည်း ဖမ်းမိခဲ့သေးသည်။ စမ်းရေအိုင်ကို စောင့်ကြည့်နေရန် ဟေးယွီကို မှာထားခဲ့ပြီး ယွင်ချဲ့ ဖမ်းမိခဲ့သော အကောင်များကို ယူကာ အပြင်သို့ ပြန်ထွက်သွားသည်။
"ဝါး ဒီဟာတွေက ဘယ်က ရလာတာလဲ .. ဒါမြေခွေးလေးလား အသက်ရှင် နေသေးတာပဲ .. ချန်ချန်ရေ လာပါဉီး ဒီမှာ သားရဲ့ဦးလေးက အကောင်လေး ယူလာတယ်"
တိတ်တဆိတ် လာလို့သောကြောင့် ယွင်ချဲ့ အောက်ထပ်သို့ မဆင်းဘဲ အပေါ်ဆုံးအထပ် ပြတင်းပေါက်မှ ခုန်ကျော်ကာ အိမ်ရှေ့တံခါးမှ ဝင်လာရန် စီစဉ်လိုက်သည်။ ထိုအချိန်တွင် အိမ်ရှေ့တံခါးမှ ထွက်လာသော ဝမ်စူးဟွာနှင့် ထိပ်တိုက်တွေ့ကာ ယွင်ချဲ့ လက်ထဲမှ အကောင်လေးများကို မြင်လေရာ ကလေး တစ်ယောက်ကဲ့သို့ ဝမ်းသာအားရ ဖြစ်လျက် အိမ်ထဲတွင် ရှိနေသော ချန်ချန်ကို လှမ်းခေါ်လိုက်သည်။ ချန်ချန်လည်း အိမ်ထဲမှလထွက်ပြေးလာသဖြင့် ဟင်းချက်ရန် ပြင်နေသော ယွင်ယောင်မှာ ထွက်လိုက် လာရလေသည်။
"ဦးဦး ဒီငါးက အကြီးကြီးပဲ ပြီးတော့ ဒါကရော ဘာကောင်တွေလဲ လှလိုက်တာ"
ငွေငါးကြင်းကို ချန်ချန် ကြည့်နေပြီးနောက် သူ၏အာရုံက ရစ်ငှက်များထံသို့ ရောက်သွားသည်။ ထိုရစ်ငှက်များမှာ သာမန် ငှက်များနှင့် မတူဘဲ ဒေါင်းကဲ့သို့ အရောင်အသွေးစုံသော အမွေးအတောင်များကြောင့် အလွန်လှပပေသည်။
"ဒါက ရစ်ငှက်တွေလေ"
ရစ်ငှက်တွေကို ချန်ချန် သဘောကျပုံ ရသဖြင့် ယွင်ချဲ့လည်း လက်ထဲရှိ ရစ်ငှက်များကို ချန်ချန် အရှေ့သို့ ရွေ့ပေးလိုက်ရာ ချန်ချန်က ....
"ကိုင်ကြည့်လို့ရလား"
ချန်ချန်လည်း စိတ်လှုပ်ရှားမှုများ၊ လိုချင်မှုများ ပြည့်နေသည့် ရွှန်းလဲ့တောက်ပသော မျက်လုံးများနှင့် ယွင်ချဲ့ကို ကြည့်လိုက်သည်။
"ရတာပေါ့ ဒါလေးကိုရော မလိုချင်ဘူးလား"
ယွင်ချဲ့ ပြောရင်းဖြင့် မြေခွေးလေးကို ချန်ချန် ရှေ့သို့ထုတ်ပြလိုက်သည်။ တောက်ပနေသော ချန်ချန်၏ မျက်လုံးများက စိတ်အား ထက်သန်မှုသို့ ပြောင်းလဲသွားပြီး လက်ကိုဆန့်လျက် ...
"လိုချင်တယ် လိုချင်တယ် ချစ်စရာလေး .. ဒါကရော ဘာကောင်လေးလဲ ဦးဦး"
အမွေးပွ မြေခွေးလေးကို လက်ထဲတွင် ကိုင်လျက် ချန်ချန် အလွန် ပျော်ရွှင်နေသည်။
"မြေခွေးလေးလေ ကြိုက်ရင် မွေးလိုက် .. ကြီးလာရင် အကူအညီ ရလောက်တယ်"
ငါးများကို ဝမ်စူးဟွာ ထံသို့ ပေးလိုက်ပြီး ချန်ချန်၏ ခေါင်းကို ယွင်ချဲ့ ပုတ်ပေးလိုက်သည်။ မြေခွေး ဆိုသည်က လှည့်စားတတ်သည်။ သေးငယ်သော်လည်း ဖျတ်လတ်သည်။ မြေခွေးတစ်ကောင်ကို သေချာ လေ့ကျင့်ပေးနိုင်လျှင် တစ်ချိန်တွင် အသုံးဝင် လာနိုင်သည်။
"တကယ်လား သားအတွက် စာရော ရေးပေးနိုင်မှာလား"
ယွင်ချဲ့ စကားကြောင့် ချန်ချန်မှာ အံ့သြမှုများ၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်သွားသော်လည်း ယွင်ချဲ့မှာ ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။ ယွင်ယောင်က သူမသားလေး၏ ခေါင်းကို ဖွဖွလေး ခေါက်လိုက်ပြီး ....
"ငလည်လေး .. စာတော့ ကိုယ့်ဘာသာ လုပ်ရမှာပေါ့"
"ဟီးဟီး မေးကြည့်တာပါ"
ချန်ချန်က လျှာထုတ်ကာ ပြောင်ပြပြီးနောက် ချန်ချန် ရှေ့တွင် ယွင်ချဲ့ ဒူးထောက် ထိုင်လိုက်ပြီး လက်ထဲရှိ မြေခွေးလေးကို အသာပုတ်ကာ ...
"ဒီကောင်လေးကို ချန်ချန် ပိုင်သွားပြီဆိုတော့ နာမည် ပေးလိုက်နော်"
"ဟုတ် .."
ချန်ချန် ခေါင်းတခါခါနှင့် စဉ်းစားလိုက်ပြီးနောက် ...
"ရှောင်ပိုင် လို့ ခေါ်ရင်ရော"
"ဟုတ်ပြီ ရှောင်ပိုင် ပေါ့ ... အခုကစပြီး သူ့ကို ဂရုစိုက်ရမယ်နော် ရေချိုးပေး အစာကျွေး လုပ်ပေးရမယ် အကုန်ဖြူပေမယ့် မြေကြီးက ညစ်ပတ်လို့ ခြေထောက်လေးတွေပဲ မဖြူတာ သူ့ကိုယ်ကို ညစ်ပတ်အောင် မလုပ်ရဘူးနော်"
"ဟုတ် ရှောင်ပိုင်က သားနဲ့တူတူစား တူတူရေချိုးမှာ"
"လိမ္မာလိုက်တဲ့ ချန်ချန်"
သူ၏တူလေးကို စိတ်ချ သွားပြီးနောက် ခေါင်းကိုပုတ်ကာ ယွင်ချဲ့ မတ်တပ် ရပ်လိုက်သည်။ ယွင်ယောင်မှာ ကြောင်အမ်းအမ်းနှင့် ...
"အပေါ်မှာ နားမယ်ဆိုပြီး ဘယ်တုန်းက အပြင်ထွက် သွားတာလဲ အသားတွေ အများကြီး ဝယ်လာသေးတယ်"
ယွင်ချဲ့ အပြင်ထွက် သွားသည်ကို သူမ မတွေ့လိုက်ပေ။
"အိပ်မရလို့ ... မမ ညစာချက်တော့လေ။ ကျွန်တော် ကြက်စပ်ချက်လေးရယ်၊ ငါးဂေါ်ဖီချဉ်နဲ့ ယုန်သားစပ်စပ်လေး စားချင်တယ်"
ယွင်ယောင်ကို သူမလိမ်ချင်သော်ငြား အမှန်တိုင်း ပြော၍လည်း မဖြစ်သောကြောင့် သူမကို ဟင်းချက်ခိုင်းပြီး မီးဖိုခန်းထဲ တွန်းပို့ကာ စကားစ ဖြတ်လိုက်သည်။
"ဝါး ရစ်ငှက် ယုန်နဲ့ငါးတွေပါလား ... မမယောင် ကျွန်တော် ကြက်စွပ်ပြုတ် စားချင်တယ်။ ပြီးတော့ ကြက်သား ကြာရွက်ထုပ်၊ ကြက်သားအေး၊ ယုန်ဆားငန်ချက်၊ ယုန်သားစပ်စပ်၊ ယုန်သားပြုတ်၊ ငါးကြော်၊ ငါးခေါင်းတို့ဖူးဟင်း၊ ငါးနဲ့ဟင်းရွက်...."
ယွင်ချဲ့တို့ အိမ်ထဲမဝင်မီ အစားပုတ် ချူးဟောင်လင်း ရောက်လာသည်။ ပြောနေလျက်ပင် ဝမ်စူးဟွာ လက်ထဲမှ အရာများကို ငေးကြည့်နေသည်။ ယွင်ချဲ့၊ ယွင်ယောင်နှင့် ဝမ်စူးဟွာ တို့မှာ ချူးဟောင်လင်းကို ရယ်လျက် ကြည့်နေကြသည်။ သူနှင့်အတူ လိုက်လာကြသော ရှင်းဖုန်၊ ယန်းဟွိုင်အန်းနှင့် ကူးမင်ရွှမ်း တို့မှာ ပြန်လှည့်သွားပြီး ခဏအကြာမှ ပြန်လာရမလားဟု တွေးနေကြသည်။ ချူးဟောင်လင်းနှင့် အတူတူ လာရသည်မှာ အလွန်မျက်နှာပူစရာ ကောင်းလှသည်။
"စားချင်တယ်မလား ရော့ ဒါတွေ သန့်ရှင်းရေး သွားလုပ်လာခဲ့"
ယွင်ချဲ့လည်း ချက်ချင်းပင် ဝမ်စူးဟွာ လက်ထဲ ရှိသည်တို့ကို ချူးဟောင်လင်း လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကိုယ်စားချင်သည့် ဟင်းများကို စားလိုလျှင် တစ်ခုခုတော့ လုပ်ပေးရမည် မဟုတ်လား။ သူ့ကို အလုပ်များများ ပေးထားမှ စကားနည်းလိမ့်မည် ဖြစ်သည်။
"လုပ်ပေးမှာပေါ့ ကိုယ်တွေက ဒီလိုနေရာမှာ တော်ပြီးသား"
စားချင်တာသာ စားရမည်ဆိုလျှင် ချူးဟောင်လင်း မည်သည်ကိုမဆို လုပ်လိမ့်မည် ဖြစ်သည်။ မီးဖိုခန်းထဲသို့ ချူးဟောင်လင်း ဝင်သွားပြီးနောက် ယွင်ချဲ့ ပြန်လှည့်ကြည့် လိုက်ရာ ရှင်းဖုန်းကို တွေ့သွားသည်။
"ပြန်လာပြီပေါ့ .. မင်းကို မော့ဝမ်းယန် တစ်သက်လုံး ခေါ်ထားလိုက်ပြီ ထင်တာ"
"ငါအလုပ်ရှုပ်နေလို့ပါ"
အနားတွင် ယွင်ယောင် ရှိနေသဖြင့် ရှင်းဖုန်း ပရောပရီ မလုပ်ပေ။ ယွင်ချဲ့ သည်လည်း ယွင်ယောင်ကို သူတို့အကြောင်း မပြောပြရ သေးသောကြောင့် ပြုံးရုံပြုံးပြ လိုက်သည်။
"မမ ကျွန်တော်တို့ရဲ့ အရမ်း အလုပ်များတဲ့ ခေါင်းဆောင် ရှင်း အတွက် ဟင်းပူပူလေးတွေ ချက်ပေးလိုက်ပါဦး"
ယွင်ချဲ့ စနောက်ဟန်ဖြင့် ရှင်းဖုန်း အတွက် ဟင်းပွဲများ ပြင်ပေးရန် ပြောလိုက်သည်ကို ယွင်ယောင် ဘာကိုမှ မရိပ်မိဘဲ ခေါင်းညိတ်ပြကာ ...
"အင်းပါ အေးဆေး စကားပြောကြဦး ... မမလည်း အန်တီဝမ်နဲ့ ညစာ သွားပြင် လိုက်ဦးမယ်။ ချန်ချန် ရှောင်ပိုင်နဲ့ ကစားနေနော် ဦးဦးတို့ကို သွားမရှုပ်နဲ့"
ယွင်ယောင် မထွက်သွားမီ ချန်ချန်ကို မှာခဲ့လိုက်သည်။
"ဟုတ်"
ချန်ချန် ခေါင်းညိတ်ပြပြီး ရှင်းဖုန်းကို နှုတ်ဆက်ကာ ရှောင်ပိုင်ကို ချီလျက် အိမ်ထဲသို့ပြေးသွားလေသည်။
"အဲဒီမြေခွေး ဘယ်ကရတာလဲ"
"ပြောပြလို့မရတဲ့ လျှို့ဝှက်နေရာကနေ ယူလာတာ ကျွန်တော် ဒါတွေ မဖမ်းနိုင်တော့ရင် ခင်ဗျား ဖမ်းပေးမှာလား"
"ငါမင်းကို ဒါတွေတော့ မပေးနိုင်ပေမယ့် ငါ့ကိုယ်ငါပဲ မင်းကို ပေးနိုင်တယ်"
"ခင်ဗျားက ကျွန်တော့်အပိုင် ဖြစ်နေပြီးသားလေ မဟုတ်ဘူးလား”
"ဟား ချက်ကောင်းပဲ"
မြေခွေးလေးနှင့် ဆော့ကစားနေသော ချန်ချန်ကို ကြည့်လျက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ငြင်းခုံကြကာ အိမ်ထဲ ဝင်သွားကြသည်။ သူတို့၏ အချစ်ကျီစယ်မှုတို့ ယန်းဟွိုင်အန်းအား အနေခက်စေသဖြင့် ထသွားလေရာ ကူးမင်ရွှမ်း မလိုက်လာသဖြင့် ပြန်လှည့်သွားကာ မေးလိုက်သည်။
"ဘာတွေ ကြည့်နေတာလဲ ခေါင်းဆောင်က အထဲ ရောက်သွားပြီ"
"ဟမ် ဘာမှမဟုတ်ပါဘူး ... ယွင်ယောင်က မိန်းမကောင်းလေးပဲလို့ တွေးနေတာ"
ကူးမင်ရွှမ်း မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ၏အတွေးကို ထုတ်ပြောကာ မီးဖိုခန်းထဲသို့ လှမ်းကြည့် လိုက်သည်။ ယွင်ယောင်သည် လှပကာ ကြင်နာတတ်ပြီး နူးညံ့သော မိန်းမကောင်းတစ်ယောက်ဟု ကူးမင်ရွှမ်း တွေးမိသည်။ သူမကို ပိုးပန်းရန် ကူးမင်ရွှမ်း တစ်ခါမှ မတွေးဖူးခဲ့သော်လည်း ယန်းဟွိုင်အန်းက ကျန့်ယာဖေးအား ပိုးပန်းရန် ပြင်နေသည်ဟု ကြားလိုက်သဖြင့် သူလည်း ကြိုးစားချင်မိသည်။ အတိတ်တွင် မည်သို့ပင် ဖြစ်ခဲ့ပါစေ မိန်းမကောင်းက ယောက်ျားကောင်း တစ်ယောက်ရရန် ထိုက်တန်ပါသည်။ ထို့အပြင် ချန်ချန် ကိုလည်း ကူးမင်ရွှမ်း အလွန်ချစ်ပြီး သူ၏သားအရင်း ဖြစ်စေချင်သည်ဟု ဆုတောင်းမိသည်။
"ဒါဆိုရင် မြန်မြန် လှုပ်ရှားတော့ .. ကျွန်တော် ကြားထားသလောက် ဆိုရင် ဒီစခန်းထဲမှာ ရှိတဲ့ စင်ဂယ် ကောင်လေးတွေက ချဲ့ မိသားစုက မိန်းကလေး နှစ်ယောက်ကို ပိုးပန်းနေကြတယ်တဲ့ .. ယောက်ျားလေးတွေလောက် နီးနီး သန်မာတဲ့ ယာဖေးနဲ့ယှဉ်ရင် မမယောင်က ပိုပြီး နာမည်ကြီးနေတယ် ... သူက နူးညံ့ပြီး ကြင်နာတတ်တယ် ဆိုတာ လူတိုင်းသိတယ် ပြီးတော့ အချက်အပြုတ်ကလည်း သူမတူအောင် တော်တယ်ဆိုတော့"
ယွင်ယောင်အား ကူးမင်ရွှမ်း သဘောကျသည်ကို ယန်းဟွိုင်အန်း မအံ့ဩပေ။ အိမ်ထောင်ရှင်မ ပီသသော မိန်းကလေးမျိုးကို ကူးမင်ရွှမ်း သဘောကျတတ်ပြီး ယွင်ယောင်က ပို၍ သာလွန် နေသေးသည်။ ယွင်ယောင်သည် အိမ်ထဲတွင်သာ အနေများပြီး ကလေးကိုသာ ကြည့်ရှုစောင့်ရှောက် နေသကဲ့သို့ ကူးမင်ရွှမ်း သည်လည်း အိမ်ထဲတွင်သာ အလုပ် လုပ်ရသဖြင့် နှစ်ယောက်လုံး အိမ်တွင်းပုန်း ကြသူများ ဖြစ်သည့် အလျောက် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များ ရှိသင့်ပါပေသည်။
"ဟား ကြည့်ရတာ ငါတော့ ပြိုင်ဘက်တွေ အများကြီး ရပြီနဲ့တူပါတယ်"
ကူးမင်ရွှမ်း အိမ်ထဲဝင်သွားရာ စကားစလည်း ပြတ်သွားသည်။
"ဓာတ်ခွဲခန်းထဲက ဖုတ်ကောင်တွေ အကုန်လုံးကို ရှင်းပြီးပြီ ..စစ်တပ် .. အစိုးရနဲ့ ဓာတ်ခွဲခန်းက လူတွေလည်း သုတေသနအတွက် စွမ်းအားရှိတဲ့ သူတွေကို မဖမ်းတော့ဘူးဆိုတဲ့ အကြောင်း သဘောတူပြီး သွားကြပြီ ... လိုချင်ရင် သူတို့သွေးကို လူကိုယ်တိုင် တောင်းရမယ် သေပြီးသား ဖုတ်ကောင်တွေကိုပဲ စမ်းသပ်ခွင့် ရှိတယ် အရှင်တွေ မဖမ်းလာရဘူး ... အဲဒါကြောင့် ဒီရက်တွေအတွင်း ဓာတ်ခွဲခန်းက ရှေ့လျှောက် အစီအစဉ်တွေရော ပြင်ဆင်မှုလေးတွေရော လုပ်နေလို့ ငါလည်း အလုပ်တွေ များသွားတာ"
ဧည့်ခန်းတွင် အကုန် ထိုင်ကြသည့် အချိန်တွင် ရှင်းဖုန်းက စစ်တပ်ကို မည်သို့ ကူညီခဲ့ကြောင်း ပြောလေသည်။ အပြောမှာ လွယ်ကူသော်လည်း အဟန့်အတားမရှိ အောင်မြင်အောင်လုပ်ဆောင်ရန်က မလွယ်ကူပေ။
"အဲဒီသုတေသန အရူးတွေက လိုက်နာပါ့မလား"
ထိုသုတေသီများနှင့် ပတ်သက်၍ အကောင်း မမြင်ခြင်းက အချိန်တိုအတွင်း ပျောက်ကွယ်သွားမည် မဟုတ်သဖြင့် ယွင်ချဲ့ သံသယစိတ်နှင့် မေးလိုက်သည်။
"လိုက်နာရမှာပေါ့ သူတို့ အစီအစဉ်မှ မဟုတ်တာ"
ယွင်ချဲ့ ထံမှ ကုန်လုနီး ဆေးလိပ်ကို ယူကာ ရှင်းဖုန်း ဆက်ပြော လေသည်။
"ငါတို့တွေ ထုံယန်းမြို့မှာ ရှိတုန်းက အဆင့် ၃ ဖုတ်ကောင်တွေက နည်းနည်းပဲ ရှိတယ်။ ဓာတ်ခွဲခန်းလည်း ဆုံးရှုံးမှုတွေ များသွားပြီး သုတေသီ တချို့လည်း သေကုန်ကြတယ် .. သူတို့ကို သတ်ပြီး သတင်းဖုံးဖို့ စစ်တပ်က တော်တော် လုပ်လိုက်ရတာ သုတေသီတွေက ဘယ်လောက်ပဲရူးရူး လူတွေပဲဆိုတော့ ကြောက်မှာပဲလေ .. ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရင်း စစ်သားတွေလည်း အများကြီး သေသွားရတော့ စစ်တပ်လည်း အကြမ်းနည်း ကိုင်လိုက်ရတာပဲ။ သုတေသီတွေ ဘာတတ်နိုင်မှာလဲ အားကြီးတဲ့သူက အာဏာရှိမြဲပဲလေ"
အားကြီးသူက အာဏာရှိမြဲ ဆိုသောစကားမှာ အချိန်တိုင်း နေရာတိုင်းတွင် ကြားနေရတတ်ပြီး အခုကဲ့သို့ ကပ်ဆိုက် ခေတ်ပျက်နေသည့် အချိန်တွင် ပို၍ပင် ဆိုးဝါးနေသည်။ စစ်တပ်သာ ဒေါသပုန် ထလာလျှင် ဓာတ်ခွဲခန်းကို ဖျက်ဆီးနိုင်သည်။ စမ်းသပ်မှုများ မရှိတော့လျှင်လည်း ကိစ္စမရှိပေ။ အခုလက်ရှိ အခြေအနေမှာ လူသားများသည် အသက်ရှင်နိုင်ရန်က ပိုမို နည်းပါးလာပြီး မနက်ဖြန် ဘာဖြစ်မည်ကို မည်သူမှမသိနိုင်။ ခေတ်ပျက်ကြီးထဲတွင် ရူးသွားနိုင်သည်က သုတေသီများတင် မဟုတ်ပေ။
"ငါနားလည်ပြီ"
သုတေသီများ ဆုံးရှုံးမှု များပြားသဖြင့် နောက်ဆုတ် သွားသည်ဟု ယွင်ချဲ့ တွေ့လိုက်သည်။ ထို့နောက် ခဏစဉ်းစားကာ ...
"ခင်ဗျား ပြောသလိုဆိုရင် စစ်တပ်က သူတို့ဘာသာ လုပ်လို့ရတာပဲ ခင်ဗျားကို ဘာလို့လိုမှာလဲ"
မော့စစ်တပ်အဖွဲ့မှ လွဲ၍ ကျန်သောနှစ်ခုက ရှင်းဖုန်းကို မယုံကြည်ပေ။ ထိုအဖွဲ့တို့က ရှင်းဖုန်းကို စခန်းနှင့် ပတ်သက်သော ကိစ္စများတွင် အလွယ်တကူ မပါစေချင်ပေ။
"ငါ့အစွမ်းကို လိုလို့လေ"
စစ်တပ်က တစ်ခုခုနှင့် ပတ်သက်၍ အတည်တကျ ဖြစ်လာလျှင် လက်စ အနည်းပင် မကျန်စေချင်ပေ။ မော့ဝမ်းယန်သည် ရှင်းဖုန်းတွင် စွမ်းအားသုံးမျိုး ရှိကြောင်းသိပြီး သူ့ထံတွင် အိပ်မွေ့ချနိုင်သည့် စွမ်းအားရှင် ရှိသည်ဟု ပြောပြီး ကျန်သော စစ်တပ်နှင့် အစိုးရကို သုတေသီများ စကားပြော လာသည်အထိ လုပ်ပေးမည်ဟု ပြောကာ ကတိပေးခဲ့သည်။ ထို့ကြောင့်ပင် မော့ဝမ်းယန်က ရှင်းဖုန်းကို လှမ်းခေါ်ခဲ့ခြင်း ဖြစ်သည်။
ရှင်းဖုန်းက သူ၏စွမ်းအားနှင့် သုတေသီများကို အိပ်မွေ့ချကာ သုတေသနများ ကို လူမသိအောင် လျှို့ဝှက် လုပ်ဆောင်နေလား ဆိုသည်ကို မေးရသကဲ့သို့ နောက်တစ်ဖက်မှာလည်း သဘောတူ ထားသည်ကို ဖျက်ဖောက်ခြင်းဖြစ်ဖြစ် ဖျက်ဖောက်သူကို တွေ့လျှင်ဖြစ်ဖြစ် သူတို့မသိရဘဲ သတင်းပေးမိလိမ့်မည် ဆိုသည်ကိုလည်း စိတ်နှင့် သဲလွန်စ ပေးခဲ့သည်။ ထိုမှသာ အားလုံး နောင်ရေးအတွက် တွေးပူနေခြင်းများ သက်သာ သွားရသည်။
"ခင်ဗျားရဲ့ စွမ်းအား"
ယွင်ချဲ့ စွေစောင်း ကြည့်တော့မှသာ ရှင်းဖုန်း သူ၏အစွမ်း အကြောင်း မပြောပြ ရသေးသည်ကို သိသွားသည်။
"အာ ငါ့မှာ စွမ်းအားသုံးခု ရှိတယ်ဆိုတာ ပြောဖို့မေ့နေတာ စိတ်ပိုင်း ဆိုင်ရာကလည်း ငါ့ရဲ့နောက် စွမ်းအားတစ်ခုပဲ ပြောရရင် ငါက အိပ်မွေ့ချနိုင်တယ်"
"ဗုဒ္ဓေါ..."
တကယ်ပဲ ရှင်းဖုန်း မတတ်နိုင်တာ ဘာများ ရှိသေးလဲ။
ယွင်ချဲ့သည် အစွမ်း ၃ ခု ရှိသည် ဆိုသော်လည်း ရှင်းဖုန်း နှင့်ယှဉ်လျှင် သိမ်ငယ် သွားသကဲ့သို့ ခံစားရသည်။ ယွင်ချဲ့မှာ မိမိတွင် စွမ်းအား ၂ ခုတည်း ရှိကြောင်းကို ကိုယ်တိုင် သိထားပြီး နယ်မြေရထားခြင်းက စွမ်းအားတစ်ခု မဟုတ်သဖြင့် ယွင်ချဲ့က ကိုယ့်ကိုယ်ကို အစွမ်း၂ ခုတည်းသာ ရှိသည်ဟု ပြောသည့်အခါ လူအများစုက သံသယ ဖြစ်ခဲ့သည်။ သို့သော် ရှင်းဖုန်းက အစွမ်း ၃ ခုရှိသော စွမ်းအားရှင် အစစ်အမှန်ဖြစ်ပြီး အဆင့် ၃ ပင် ရောက်နေလေပြီ။ ထိုအချက်က စွမ်းအားများစွာ ပိုင်ဆိုင်ထားသော ချန်ချန် ထက်ပင် ပို၍အံ့သြစရာ ကောင်းနေသည်။
***
Zawgyi
အခန္း (၁ဝ၃)
ယြင္ခ်န္မွာ ေရေအာက္တြင္ ႐ုန္းကန္ေနလ်က္ရွိၿပီး အဆိပ္အေတာက္ သန့္စင္ျခင္းမွာ အလြန္ ၾကာလွသည္။ ယြင္ခ်ဲ့လည္း ေဟးယြီ ႏွင့္အတူ ေတာင္ေပၚသို႔ သြားကာ ရစ္ငွက္၊ ေတာယုန္မ်ားကို လိုက္ဖမ္းၾကသည့္အျပင္ ႏွင္းကဲ့သို႔ ျဖဴေဖြးေနေသာ ေျမေခြးတစ္ေကာင္ပင္ ဖမ္းမိလိုက္သည္။ ထိုေျမေခြးေလးကို ခ်န္ခ်န္ ခ်စ္လိမ့္မည္ဟု ယြင္ခ်ဲ့ ေတြးမိေသာေၾကာင့္ သူႏွင့္အတူ ေခၚလာခဲ့သည္။
အမဲလိုက္ၿပီးေနာက္တြင္ ေလးကီလို အေလးခ်ိန္ရွိ ေငြေရာင္ ငါးၾကင္းကိုလည္း ဖမ္းမိခဲ့ေသးသည္။ စမ္းေရအိုင္ကို ေစာင့္ၾကည့္ေနရန္ ေဟးယြီကို မွာထားခဲ့ၿပီး ယြင္ခ်ဲ့ ဖမ္းမိခဲ့ေသာ အေကာင္မ်ားကို ယူကာ အျပင္သို႔ ျပန္ထြက္သြားသည္။
"ဝါး ဒီဟာေတြက ဘယ္က ရလာတာလဲ .. ဒါေျမေခြးေလးလား အသက္ရွင္ ေနေသးတာပဲ .. ခ်န္ခ်န္ေရ လာပါဉီး ဒီမွာ သားရဲ႕ဦးေလးက အေကာင္ေလး ယူလာတယ္"
တိတ္တဆိတ္ လာလို႔ေသာေၾကာင့္ ယြင္ခ်ဲ့ ေအာက္ထပ္သို႔ မဆင္းဘဲ အေပၚဆုံးအထပ္ ျပတင္းေပါက္မွ ခုန္ေက်ာ္ကာ အိမ္ေရွ႕တံခါးမွ ဝင္လာရန္ စီစဥ္လိုက္သည္။ ထိုအခ်ိန္တြင္ အိမ္ေရွ႕တံခါးမွ ထြက္လာေသာ ဝမ္စူးဟြာႏွင့္ ထိပ္တိုက္ေတြ႕ကာ ယြင္ခ်ဲ့ လက္ထဲမွ အေကာင္ေလးမ်ားကို ျမင္ေလရာ ကေလး တစ္ေယာက္ကဲ့သို႔ ဝမ္းသာအားရ ျဖစ္လ်က္ အိမ္ထဲတြင္ ရွိေနေသာ ခ်န္ခ်န္ကို လွမ္းေခၚလိုက္သည္။ ခ်န္ခ်န္လည္း အိမ္ထဲမွလထြက္ေျပးလာသျဖင့္ ဟင္းခ်က္ရန္ ျပင္ေနေသာ ယြင္ေယာင္မွာ ထြက္လိုက္ လာရေလသည္။
"ဦးဦး ဒီငါးက အႀကီးႀကီးပဲ ၿပီးေတာ့ ဒါကေရာ ဘာေကာင္ေတြလဲ လွလိုက္တာ"
ေငြငါးၾကင္းကို ခ်န္ခ်န္ ၾကည့္ေနၿပီးေနာက္ သူ၏အာ႐ုံက ရစ္ငွက္မ်ားထံသို႔ ေရာက္သြားသည္။ ထိုရစ္ငွက္မ်ားမွာ သာမန္ ငွက္မ်ားႏွင့္ မတူဘဲ ေဒါင္းကဲ့သို႔ အေရာင္အေသြးစုံေသာ အေမြးအေတာင္မ်ားေၾကာင့္ အလြန္လွပေပသည္။
"ဒါက ရစ္ငွက္ေတြေလ"
ရစ္ငွက္ေတြကို ခ်န္ခ်န္ သေဘာက်ပဳံ ရသျဖင့္ ယြင္ခ်ဲ့လည္း လက္ထဲရွိ ရစ္ငွက္မ်ားကို ခ်န္ခ်န္ အေရွ႕သို႔ ေ႐ြ႕ေပးလိုက္ရာ ခ်န္ခ်န္က ....
"ကိုင္ၾကည့္လို႔ရလား"
ခ်န္ခ်န္လည္း စိတ္လႈပ္ရွားမႈမ်ား၊ လိုခ်င္မႈမ်ား ျပည့္ေနသည့္ ႐ႊန္းလဲ့ေတာက္ပေသာ မ်က္လုံးမ်ားႏွင့္ ယြင္ခ်ဲ့ကို ၾကည့္လိုက္သည္။
"ရတာေပါ့ ဒါေလးကိုေရာ မလိုခ်င္ဘူးလား"
ယြင္ခ်ဲ့ ေျပာရင္းျဖင့္ ေျမေခြးေလးကို ခ်န္ခ်န္ ေရွ႕သို႔ထုတ္ျပလိုက္သည္။ ေတာက္ပေနေသာ ခ်န္ခ်န္၏ မ်က္လုံးမ်ားက စိတ္အား ထက္သန္မႈသို႔ ေျပာင္းလဲသြားၿပီး လက္ကိုဆန့္လ်က္ ...
"လိုခ်င္တယ္ လိုခ်င္တယ္ ခ်စ္စရာေလး .. ဒါကေရာ ဘာေကာင္ေလးလဲ ဦးဦး"
အေမြးပြ ေျမေခြးေလးကို လက္ထဲတြင္ ကိုင္လ်က္ ခ်န္ခ်န္ အလြန္ ေပ်ာ္႐ႊင္ေနသည္။
"ေျမေခြးေလးေလ ႀကိဳက္ရင္ ေမြးလိုက္ .. ႀကီးလာရင္ အကူအညီ ရေလာက္တယ္"
ငါးမ်ားကို ဝမ္စူးဟြာ ထံသို႔ ေပးလိုက္ၿပီး ခ်န္ခ်န္၏ ေခါင္းကို ယြင္ခ်ဲ့ ပုတ္ေပးလိုက္သည္။ ေျမေခြး ဆိုသည္က လွည့္စားတတ္သည္။ ေသးငယ္ေသာ္လည္း ဖ်တ္လတ္သည္။ ေျမေခြးတစ္ေကာင္ကို ေသခ်ာ ေလ့က်င့္ေပးနိုင္လွ်င္ တစ္ခ်ိန္တြင္ အသုံးဝင္ လာနိုင္သည္။
"တကယ္လား သားအတြက္ စာေရာ ေရးေပးနိုင္မွာလား"
ယြင္ခ်ဲ့ စကားေၾကာင့္ ခ်န္ခ်န္မွာ အံ့ၾသမႈမ်ား၊ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ျပည့္ႏွက္သြားေသာ္လည္း ယြင္ခ်ဲ့မွာ ေျပာစရာ စကားလုံးမ်ား ေပ်ာက္ရွသြားရသည္။ ယြင္ေယာင္က သူမသားေလး၏ ေခါင္းကို ဖြဖြေလး ေခါက္လိုက္ၿပီး ....
"ငလည္ေလး .. စာေတာ့ ကိုယ့္ဘာသာ လုပ္ရမွာေပါ့"
"ဟီးဟီး ေမးၾကည့္တာပါ"
ခ်န္ခ်န္က လွ်ာထုတ္ကာ ေျပာင္ျပၿပီးေနာက္ ခ်န္ခ်န္ ေရွ႕တြင္ ယြင္ခ်ဲ့ ဒူးေထာက္ ထိုင္လိုက္ၿပီး လက္ထဲရွိ ေျမေခြးေလးကို အသာပုတ္ကာ ...
"ဒီေကာင္ေလးကို ခ်န္ခ်န္ ပိုင္သြားၿပီဆိုေတာ့ နာမည္ ေပးလိုက္ေနာ္"
"ဟုတ္ .."
ခ်န္ခ်န္ ေခါင္းတခါခါႏွင့္ စဥ္းစားလိုက္ၿပီးေနာက္ ...
"ေရွာင္ပိုင္ လို႔ ေခၚရင္ေရာ"
"ဟုတ္ၿပီ ေရွာင္ပိုင္ ေပါ့ ... အခုကစၿပီး သူ႕ကို ဂ႐ုစိုက္ရမယ္ေနာ္ ေရခ်ိဳးေပး အစာေကြၽး လုပ္ေပးရမယ္ အကုန္ျဖဴေပမယ့္ ေျမႀကီးက ညစ္ပတ္လို႔ ေျခေထာက္ေလးေတြပဲ မျဖဴတာ သူ႕ကိုယ္ကို ညစ္ပတ္ေအာင္ မလုပ္ရဘူးေနာ္"
"ဟုတ္ ေရွာင္ပိုင္က သားနဲ႕တူတူစား တူတူေရခ်ိဳးမွာ"
"လိမၼာလိုက္တဲ့ ခ်န္ခ်န္"
သူ၏တူေလးကို စိတ္ခ် သြားၿပီးေနာက္ ေခါင္းကိုပုတ္ကာ ယြင္ခ်ဲ့ မတ္တပ္ ရပ္လိုက္သည္။ ယြင္ေယာင္မွာ ေၾကာင္အမ္းအမ္းႏွင့္ ...
"အေပၚမွာ နားမယ္ဆိုၿပီး ဘယ္တုန္းက အျပင္ထြက္ သြားတာလဲ အသားေတြ အမ်ားႀကီး ဝယ္လာေသးတယ္"
ယြင္ခ်ဲ့ အျပင္ထြက္ သြားသည္ကို သူမ မေတြ႕လိုက္ေပ။
"အိပ္မရလို႔ ... မမ ညစာခ်က္ေတာ့ေလ။ ကြၽန္ေတာ္ ၾကက္စပ္ခ်က္ေလးရယ္၊ ငါးေဂၚဖီခ်ဥ္နဲ႕ ယုန္သားစပ္စပ္ေလး စားခ်င္တယ္"
ယြင္ေယာင္ကို သူမလိမ္ခ်င္ေသာ္ျငား အမွန္တိုင္း ေျပာ၍လည္း မျဖစ္ေသာေၾကာင့္ သူမကို ဟင္းခ်က္ခိုင္းၿပီး မီးဖိုခန္းထဲ တြန္းပို႔ကာ စကားစ ျဖတ္လိုက္သည္။
"ဝါး ရစ္ငွက္ ယုန္နဲ႕ငါးေတြပါလား ... မမေယာင္ ကြၽန္ေတာ္ ၾကက္စြပ္ျပဳတ္ စားခ်င္တယ္။ ၿပီးေတာ့ ၾကက္သား ၾကာ႐ြက္ထုပ္၊ ၾကက္သားေအး၊ ယုန္ဆားငန္ခ်က္၊ ယုန္သားစပ္စပ္၊ ယုန္သားျပဳတ္၊ ငါးေၾကာ္၊ ငါးေခါင္းတို႔ဖူးဟင္း၊ ငါးနဲ႕ဟင္း႐ြက္...."
ယြင္ခ်ဲ့တို႔ အိမ္ထဲမဝင္မီ အစားပုတ္ ခ်ဴးေဟာင္လင္း ေရာက္လာသည္။ ေျပာေနလ်က္ပင္ ဝမ္စူးဟြာ လက္ထဲမွ အရာမ်ားကို ေငးၾကည့္ေနသည္။ ယြင္ခ်ဲ့၊ ယြင္ေယာင္ႏွင့္ ဝမ္စူးဟြာ တို႔မွာ ခ်ဴးေဟာင္လင္းကို ရယ္လ်က္ ၾကည့္ေနၾကသည္။ သူႏွင့္အတူ လိုက္လာၾကေသာ ရွင္းဖုန္၊ ယန္းဟြိုင္အန္းႏွင့္ ကူးမင္႐ႊမ္း တို႔မွာ ျပန္လွည့္သြားၿပီး ခဏအၾကာမွ ျပန္လာရမလားဟု ေတြးေနၾကသည္။ ခ်ဴးေဟာင္လင္းႏွင့္ အတူတူ လာရသည္မွာ အလြန္မ်က္ႏွာပူစရာ ေကာင္းလွသည္။
"စားခ်င္တယ္မလား ေရာ့ ဒါေတြ သန့္ရွင္းေရး သြားလုပ္လာခဲ့"
ယြင္ခ်ဲ့လည္း ခ်က္ခ်င္းပင္ ဝမ္စူးဟြာ လက္ထဲ ရွိသည္တို႔ကို ခ်ဴးေဟာင္လင္း လက္ထဲသို႔ ထည့္ေပးလိုက္သည္။ ကိုယ္စားခ်င္သည့္ ဟင္းမ်ားကို စားလိုလွ်င္ တစ္ခုခုေတာ့ လုပ္ေပးရမည္ မဟုတ္လား။ သူ႕ကို အလုပ္မ်ားမ်ား ေပးထားမွ စကားနည္းလိမ့္မည္ ျဖစ္သည္။
"လုပ္ေပးမွာေပါ့ ကိုယ္ေတြက ဒီလိုေနရာမွာ ေတာ္ၿပီးသား"
စားခ်င္တာသာ စားရမည္ဆိုလွ်င္ ခ်ဴးေဟာင္လင္း မည္သည္ကိုမဆို လုပ္လိမ့္မည္ ျဖစ္သည္။ မီးဖိုခန္းထဲသို႔ ခ်ဴးေဟာင္လင္း ဝင္သြားၿပီးေနာက္ ယြင္ခ်ဲ့ ျပန္လွည့္ၾကည့္ လိုက္ရာ ရွင္းဖုန္းကို ေတြ႕သြားသည္။
"ျပန္လာၿပီေပါ့ .. မင္းကို ေမာ့ဝမ္းယန္ တစ္သက္လုံး ေခၚထားလိုက္ၿပီ ထင္တာ"
"ငါအလုပ္ရႈပ္ေနလို႔ပါ"
အနားတြင္ ယြင္ေယာင္ ရွိေနသျဖင့္ ရွင္းဖုန္း ပေရာပရီ မလုပ္ေပ။ ယြင္ခ်ဲ့ သည္လည္း ယြင္ေယာင္ကို သူတို႔အေၾကာင္း မေျပာျပရ ေသးေသာေၾကာင့္ ၿပဳံး႐ုံၿပဳံးျပ လိုက္သည္။
"မမ ကြၽန္ေတာ္တို႔ရဲ႕ အရမ္း အလုပ္မ်ားတဲ့ ေခါင္းေဆာင္ ရွင္း အတြက္ ဟင္းပူပူေလးေတြ ခ်က္ေပးလိုက္ပါဦး"
ယြင္ခ်ဲ့ စေနာက္ဟန္ျဖင့္ ရွင္းဖုန္း အတြက္ ဟင္းပြဲမ်ား ျပင္ေပးရန္ ေျပာလိုက္သည္ကို ယြင္ေယာင္ ဘာကိုမွ မရိပ္မိဘဲ ေခါင္းညိတ္ျပကာ ...
"အင္းပါ ေအးေဆး စကားေျပာၾကဦး ... မမလည္း အန္တီဝမ္နဲ႕ ညစာ သြားျပင္ လိုက္ဦးမယ္။ ခ်န္ခ်န္ ေရွာင္ပိုင္နဲ႕ ကစားေနေနာ္ ဦးဦးတို႔ကို သြားမရႈပ္နဲ႕"
ယြင္ေယာင္ မထြက္သြားမီ ခ်န္ခ်န္ကို မွာခဲ့လိုက္သည္။
"ဟုတ္"
ခ်န္ခ်န္ ေခါင္းညိတ္ျပၿပီး ရွင္းဖုန္းကို ႏႈတ္ဆက္ကာ ေရွာင္ပိုင္ကို ခ်ီလ်က္ အိမ္ထဲသို႔ေျပးသြားေလသည္။
"အဲဒီေျမေခြး ဘယ္ကရတာလဲ"
"ေျပာျပလို႔မရတဲ့ လွ်ို႔ဝွက္ေနရာကေန ယူလာတာ ကြၽန္ေတာ္ ဒါေတြ မဖမ္းနိုင္ေတာ့ရင္ ခင္ဗ်ား ဖမ္းေပးမွာလား"
"ငါမင္းကို ဒါေတြေတာ့ မေပးနိုင္ေပမယ့္ ငါ့ကိုယ္ငါပဲ မင္းကို ေပးနိုင္တယ္"
"ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ ျဖစ္ေနၿပီးသားေလ မဟုတ္ဘူးလား”
"ဟား ခ်က္ေကာင္းပဲ"
ေျမေခြးေလးႏွင့္ ေဆာ့ကစားေနေသာ ခ်န္ခ်န္ကို ၾကည့္လ်က္ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔ ျငင္းခုံၾကကာ အိမ္ထဲ ဝင္သြားၾကသည္။ သူတို႔၏ အခ်စ္က်ီစယ္မႈတို႔ ယန္းဟြိုင္အန္းအား အေနခက္ေစသျဖင့္ ထသြားေလရာ ကူးမင္႐ႊမ္း မလိုက္လာသျဖင့္ ျပန္လွည့္သြားကာ ေမးလိုက္သည္။
"ဘာေတြ ၾကည့္ေနတာလဲ ေခါင္းေဆာင္က အထဲ ေရာက္သြားၿပီ"
"ဟမ္ ဘာမွမဟုတ္ပါဘူး ... ယြင္ေယာင္က မိန္းမေကာင္းေလးပဲလို႔ ေတြးေနတာ"
ကူးမင္႐ႊမ္း မ်က္မွန္ကို ပင့္တင္လိုက္ၿပီး သူ၏အေတြးကို ထုတ္ေျပာကာ မီးဖိုခန္းထဲသို႔ လွမ္းၾကည့္ လိုက္သည္။ ယြင္ေယာင္သည္ လွပကာ ၾကင္နာတတ္ၿပီး ႏူးညံ့ေသာ မိန္းမေကာင္းတစ္ေယာက္ဟု ကူးမင္႐ႊမ္း ေတြးမိသည္။ သူမကို ပိုးပန္းရန္ ကူးမင္႐ႊမ္း တစ္ခါမွ မေတြးဖူးခဲ့ေသာ္လည္း ယန္းဟြိုင္အန္းက က်န့္ယာေဖးအား ပိုးပန္းရန္ ျပင္ေနသည္ဟု ၾကားလိုက္သျဖင့္ သူလည္း ႀကိဳးစားခ်င္မိသည္။ အတိတ္တြင္ မည္သို႔ပင္ ျဖစ္ခဲ့ပါေစ မိန္းမေကာင္းက ေယာက္်ားေကာင္း တစ္ေယာက္ရရန္ ထိုက္တန္ပါသည္။ ထို႔အျပင္ ခ်န္ခ်န္ ကိုလည္း ကူးမင္႐ႊမ္း အလြန္ခ်စ္ၿပီး သူ၏သားအရင္း ျဖစ္ေစခ်င္သည္ဟု ဆုေတာင္းမိသည္။
"ဒါဆိုရင္ ျမန္ျမန္ လႈပ္ရွားေတာ့ .. ကြၽန္ေတာ္ ၾကားထားသေလာက္ ဆိုရင္ ဒီစခန္းထဲမွာ ရွိတဲ့ စင္ဂယ္ ေကာင္ေလးေတြက ခ်ဲ့ မိသားစုက မိန္းကေလး ႏွစ္ေယာက္ကို ပိုးပန္းေနၾကတယ္တဲ့ .. ေယာက္်ားေလးေတြေလာက္ နီးနီး သန္မာတဲ့ ယာေဖးနဲ႕ယွဥ္ရင္ မမေယာင္က ပိုၿပီး နာမည္ႀကီးေနတယ္ ... သူက ႏူးညံ့ၿပီး ၾကင္နာတတ္တယ္ ဆိုတာ လူတိုင္းသိတယ္ ၿပီးေတာ့ အခ်က္အျပဳတ္ကလည္း သူမတူေအာင္ ေတာ္တယ္ဆိုေတာ့"
ယြင္ေယာင္အား ကူးမင္႐ႊမ္း သေဘာက်သည္ကို ယန္းဟြိုင္အန္း မအံ့ဩေပ။ အိမ္ေထာင္ရွင္မ ပီသေသာ မိန္းကေလးမ်ိဳးကို ကူးမင္႐ႊမ္း သေဘာက်တတ္ၿပီး ယြင္ေယာင္က ပို၍ သာလြန္ ေနေသးသည္။ ယြင္ေယာင္သည္ အိမ္ထဲတြင္သာ အေနမ်ားၿပီး ကေလးကိုသာ ၾကည့္ရႈေစာင့္ေရွာက္ ေနသကဲ့သို႔ ကူးမင္႐ႊမ္း သည္လည္း အိမ္ထဲတြင္သာ အလုပ္ လုပ္ရသျဖင့္ ႏွစ္ေယာက္လုံး အိမ္တြင္းပုန္း ၾကသူမ်ား ျဖစ္သည့္ အေလ်ာက္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ခံစားခ်က္မ်ား ရွိသင့္ပါေပသည္။
"ဟား ၾကည့္ရတာ ငါေတာ့ ၿပိဳင္ဘက္ေတြ အမ်ားႀကီး ရၿပီနဲ႕တူပါတယ္"
ကူးမင္႐ႊမ္း အိမ္ထဲဝင္သြားရာ စကားစလည္း ျပတ္သြားသည္။
"ဓာတ္ခြဲခန္းထဲက ဖုတ္ေကာင္ေတြ အကုန္လုံးကို ရွင္းၿပီးၿပီ ..စစ္တပ္ .. အစိုးရနဲ႕ ဓာတ္ခြဲခန္းက လူေတြလည္း သုေတသနအတြက္ စြမ္းအားရွိတဲ့ သူေတြကို မဖမ္းေတာ့ဘူးဆိုတဲ့ အေၾကာင္း သေဘာတူၿပီး သြားၾကၿပီ ... လိုခ်င္ရင္ သူတို႔ေသြးကို လူကိုယ္တိုင္ ေတာင္းရမယ္ ေသၿပီးသား ဖုတ္ေကာင္ေတြကိုပဲ စမ္းသပ္ခြင့္ ရွိတယ္ အရွင္ေတြ မဖမ္းလာရဘူး ... အဲဒါေၾကာင့္ ဒီရက္ေတြအတြင္း ဓာတ္ခြဲခန္းက ေရွ႕ေလွ်ာက္ အစီအစဥ္ေတြေရာ ျပင္ဆင္မႈေလးေတြေရာ လုပ္ေနလို႔ ငါလည္း အလုပ္ေတြ မ်ားသြားတာ"
ဧည့္ခန္းတြင္ အကုန္ ထိုင္ၾကသည့္ အခ်ိန္တြင္ ရွင္းဖုန္းက စစ္တပ္ကို မည္သို႔ ကူညီခဲ့ေၾကာင္း ေျပာေလသည္။ အေျပာမွာ လြယ္ကူေသာ္လည္း အဟန့္အတားမရွိ ေအာင္ျမင္ေအာင္လုပ္ေဆာင္ရန္က မလြယ္ကူေပ။
"အဲဒီသုေတသန အ႐ူးေတြက လိုက္နာပါ့မလား"
ထိုသုေတသီမ်ားႏွင့္ ပတ္သက္၍ အေကာင္း မျမင္ျခင္းက အခ်ိန္တိုအတြင္း ေပ်ာက္ကြယ္သြားမည္ မဟုတ္သျဖင့္ ယြင္ခ်ဲ့ သံသယစိတ္ႏွင့္ ေမးလိုက္သည္။
"လိုက္နာရမွာေပါ့ သူတို႔ အစီအစဥ္မွ မဟုတ္တာ"
ယြင္ခ်ဲ့ ထံမွ ကုန္လုနီး ေဆးလိပ္ကို ယူကာ ရွင္းဖုန္း ဆက္ေျပာ ေလသည္။
"ငါတို႔ေတြ ထုံယန္းၿမိဳ႕မွာ ရွိတုန္းက အဆင့္ ၃ ဖုတ္ေကာင္ေတြက နည္းနည္းပဲ ရွိတယ္။ ဓာတ္ခြဲခန္းလည္း ဆုံးရႈံးမႈေတြ မ်ားသြားၿပီး သုေတသီ တခ်ိဳ႕လည္း ေသကုန္ၾကတယ္ .. သူတို႔ကို သတ္ၿပီး သတင္းဖုံးဖို႔ စစ္တပ္က ေတာ္ေတာ္ လုပ္လိုက္ရတာ သုေတသီေတြက ဘယ္ေလာက္ပဲ႐ူး႐ူး လူေတြပဲဆိုေတာ့ ေၾကာက္မွာပဲေလ .. ဖုတ္ေကာင္ေတြနဲ႕ တိုက္ခိုက္ရင္း စစ္သားေတြလည္း အမ်ားႀကီး ေသသြားရေတာ့ စစ္တပ္လည္း အၾကမ္းနည္း ကိုင္လိုက္ရတာပဲ။ သုေတသီေတြ ဘာတတ္နိုင္မွာလဲ အားႀကီးတဲ့သူက အာဏာရွိၿမဲပဲေလ"
အားႀကီးသူက အာဏာရွိၿမဲ ဆိုေသာစကားမွာ အခ်ိန္တိုင္း ေနရာတိုင္းတြင္ ၾကားေနရတတ္ၿပီး အခုကဲ့သို႔ ကပ္ဆိုက္ ေခတ္ပ်က္ေနသည့္ အခ်ိန္တြင္ ပို၍ပင္ ဆိုးဝါးေနသည္။ စစ္တပ္သာ ေဒါသပုန္ ထလာလွ်င္ ဓာတ္ခြဲခန္းကို ဖ်က္ဆီးနိုင္သည္။ စမ္းသပ္မႈမ်ား မရွိေတာ့လွ်င္လည္း ကိစၥမရွိေပ။ အခုလက္ရွိ အေျခအေနမွာ လူသားမ်ားသည္ အသက္ရွင္နိုင္ရန္က ပိုမို နည္းပါးလာၿပီး မနက္ျဖန္ ဘာျဖစ္မည္ကို မည္သူမွမသိနိုင္။ ေခတ္ပ်က္ႀကီးထဲတြင္ ႐ူးသြားနိုင္သည္က သုေတသီမ်ားတင္ မဟုတ္ေပ။
"ငါနားလည္ၿပီ"
သုေတသီမ်ား ဆုံးရႈံးမႈ မ်ားျပားသျဖင့္ ေနာက္ဆုတ္ သြားသည္ဟု ယြင္ခ်ဲ့ ေတြ႕လိုက္သည္။ ထို႔ေနာက္ ခဏစဥ္းစားကာ ...
"ခင္ဗ်ား ေျပာသလိုဆိုရင္ စစ္တပ္က သူတို႔ဘာသာ လုပ္လို႔ရတာပဲ ခင္ဗ်ားကို ဘာလို႔လိုမွာလဲ"
ေမာ့စစ္တပ္အဖြဲ႕မွ လြဲ၍ က်န္ေသာႏွစ္ခုက ရွင္းဖုန္းကို မယုံၾကည္ေပ။ ထိုအဖြဲ႕တို႔က ရွင္းဖုန္းကို စခန္းႏွင့္ ပတ္သက္ေသာ ကိစၥမ်ားတြင္ အလြယ္တကူ မပါေစခ်င္ေပ။
"ငါ့အစြမ္းကို လိုလို႔ေလ"
စစ္တပ္က တစ္ခုခုႏွင့္ ပတ္သက္၍ အတည္တက် ျဖစ္လာလွ်င္ လက္စ အနည္းပင္ မက်န္ေစခ်င္ေပ။ ေမာ့ဝမ္းယန္သည္ ရွင္းဖုန္းတြင္ စြမ္းအားသုံးမ်ိဳး ရွိေၾကာင္းသိၿပီး သူ႕ထံတြင္ အိပ္ေမြ႕ခ်နိဳင္သည့္ စြမ္းအားရွင္ ရွိသည္ဟု ေျပာၿပီး က်န္ေသာ စစ္တပ္ႏွင့္ အစိုးရကို သုေတသီမ်ား စကားေျပာ လာသည္အထိ လုပ္ေပးမည္ဟု ေျပာကာ ကတိေပးခဲ့သည္။ ထို႔ေၾကာင့္ပင္ ေမာ့ဝမ္းယန္က ရွင္းဖုန္းကို လွမ္းေခၚခဲ့ျခင္း ျဖစ္သည္။
ရွင္းဖုန္းက သူ၏စြမ္းအားႏွင့္ သုေတသီမ်ားကို အိပ္ေမြ႕ခ်ကာ သုေတသနမ်ား ကို လူမသိေအာင္ လွ်ို႔ဝွက္ လုပ္ေဆာင္ေနလား ဆိုသည္ကို ေမးရသကဲ့သို႔ ေနာက္တစ္ဖက္မွာလည္း သေဘာတူ ထားသည္ကို ဖ်က္ေဖာက္ျခင္းျဖစ္ျဖစ္ ဖ်က္ေဖာက္သူကို ေတြ႕လွ်င္ျဖစ္ျဖစ္ သူတို႔မသိရဘဲ သတင္းေပးမိလိမ့္မည္ ဆိုသည္ကိုလည္း စိတ္ႏွင့္ သဲလြန္စ ေပးခဲ့သည္။ ထိုမွသာ အားလုံး ေနာင္ေရးအတြက္ ေတြးပူေနျခင္းမ်ား သက္သာ သြားရသည္။
"ခင္ဗ်ားရဲ႕ စြမ္းအား"
ယြင္ခ်ဲ့ ေစြေစာင္း ၾကည့္ေတာ့မွသာ ရွင္းဖုန္း သူ၏အစြမ္း အေၾကာင္း မေျပာျပ ရေသးသည္ကို သိသြားသည္။
"အာ ငါ့မွာ စြမ္းအားသုံးခု ရွိတယ္ဆိုတာ ေျပာဖို႔ေမ့ေနတာ စိတ္ပိုင္း ဆိုင္ရာကလည္း ငါ့ရဲ႕ေနာက္ စြမ္းအားတစ္ခုပဲ ေျပာရရင္ ငါက အိပ္ေမြ႕ခ်နိဳင္တယ္"
"ဗုေဒၶါ..."
တကယ္ပဲ ရွင္းဖုန္း မတတ္နိုင္တာ ဘာမ်ား ရွိေသးလဲ။
ယြင္ခ်ဲ့သည္ အစြမ္း ၃ ခု ရွိသည္ ဆိုေသာ္လည္း ရွင္းဖုန္း ႏွင့္ယွဥ္လွ်င္ သိမ္ငယ္ သြားသကဲ့သို႔ ခံစားရသည္။ ယြင္ခ်ဲ့မွာ မိမိတြင္ စြမ္းအား ၂ ခုတည္း ရွိေၾကာင္းကို ကိုယ္တိုင္ သိထားၿပီး နယ္ေျမရထားျခင္းက စြမ္းအားတစ္ခု မဟုတ္သျဖင့္ ယြင္ခ်ဲ့က ကိုယ့္ကိုယ္ကို အစြမ္း၂ ခုတည္းသာ ရွိသည္ဟု ေျပာသည့္အခါ လူအမ်ားစုက သံသယ ျဖစ္ခဲ့သည္။ သို႔ေသာ္ ရွင္းဖုန္းက အစြမ္း ၃ ခုရွိေသာ စြမ္းအားရွင္ အစစ္အမွန္ျဖစ္ၿပီး အဆင့္ ၃ ပင္ ေရာက္ေနေလၿပီ။ ထိုအခ်က္က စြမ္းအားမ်ားစြာ ပိုင္ဆိုင္ထားေသာ ခ်န္ခ်န္ ထက္ပင္ ပို၍အံ့ၾသစရာ ေကာင္းေနသည္။
***