Unicode
အခန်း (၁ဝ၂)
လတ်တလောတွင် နယ်မြေကို မကြာခဏ အသုံးပြု နေသဖြင့် ပြောင်းလဲမှုမှာလည်း အလွန် များပြားလှသည်။ ယခင် မူလတောင်ကုန်း အစား တောင်တန်းကြီးများ ဖြစ်ပေါ်နေပြီး စမ်းချောင်း၏ အဆုံးတွင်လည်း ရေကန်ကြီးတစ်ခု ရှိနေသည့်အပြင် ရေကန်၏ တစ်ဖက် တစ်ချက်တွင်လည်း တိရစ္ဆာန်များ ကျက်စား နေထိုင်ရာ ကျယ်ပြန့်သော ချိုင့်ဝှမ်းများ ရှိနေသည်။ အချိန်တိုင်းတွင်လည်း ရေကန်မှ ရေကို သောက်ယူနေသော ငှက်များနှင့် နယ်မြေကြီးက အသက်ဝင်နေသည်။
လျှောက်ပတ် ကြည့်ပြီးသည့်တိုင် ဟေးယွီကို ယွင်ချဲ့ မတွေ့သေးပေ။ ယွင်ချဲ့လည်း ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး မျိုးစေ့ အသစ်များ ကျဲကာ ပြန်လည် စိုက်ပျိုးခဲ့သည်။ သူပထမဆုံး စိုက်ပျိုးခဲ့သော စပါးနှင့် ဂျုံများမှာလည်း မှည့်နေသဖြင့် လေထဲတွင် ကိုင်းကျနေသဖြင့် ရက်နည်းနည်း ကြာပြီးနောက်တွင် ရိတ်သိမ်း၍ပင် ရနိုင်ပေသည်။ ထို့နောက် နယ်မြေအချို့ကို ရှင်းလင်းကာ ဆန်စပါးနှင့် ဂျုံများစိုက်ပျိုးရန် လယ်ကွက်များကို ဖန်တီးလိုက်သည်။ လူတို့က သူတို့ ဝမ်းတစ်ထွာ ဗိုက်ကို ဖြည့်တင်းရန် လိုအပ်သည် မလား။ နောက်ဆုံးတွင် တောင်အောက်ခြေတွင် ရှိသော သစ်သီးခြံထဲမှ အပင်များကို သွားကြည့်လေရာ ကောင်းမွန်စွာ ကြီးထွား လာကြသော်လည်း အသီး မသီးသေးပေ။
"ရှောင်ချန် ငါတို့အိမ်ပြင်လို့ ပြီးသွားပြီ ဒီနေ့ အိမ်တက်ပွဲ လုပ်ကြမှာ ... မနက်ဖြန်ဆိုရင် မမကိုတွေ့ဖို့ မင်းကို ခေါ်သွားပေးမယ် အပြင်မှာ လိမ္မာပါ့မယ်လို့ ကတိပေး မသောင်းကျန်းရဘူး ဟုတ်ပြီလား"
အလုပ်ကိစ္စများ လုပ်ပြီးနောက် ယွင်ချဲ့မှာ သူ၏ညီကို လက်သည်း ညှပ်ပေးရင်း ပြောလေသည်။ ယွင်ချန်အား အပြင် ခေါ်ထုတ်မည့် ကိစ္စက ယွင်ချဲ့ကို အနည်းငယ် စိတ်ပူစေသည်။ သွေးကို တောင့်တခြင်းက ဖုတ်ကောင်များ၏ ဗီဇဖြစ်ပြီး အခု ယွင်ချဲ့နှင့် တွေ့နေချိန်တွင် တည်ငြိမ်နေသေးသော်လည်း သွေးထွက်နေသော သူကို မကိုက်နိုင်ဟု အာမ မခံနိုင်ပေ။ မည်သည့် အရာမှ မသေချာခြင်းကြောင့် တတိယ အထပ်နှင့် အပေါ်ဆုံး အထပ်ကို သံတိုင်များဖြင့် ကာထားစေခြင်းဖြစ်သည်။
"ပြီးသွားပြီ မင်းလက်သည်းတွေကို နေ့တိုင်း ညှပ်ရမယ် မင်းက ဖုတ်ကောင် ဆိုပေမယ့် သန့်ပြန့်တဲ့ ဖုတ်ကောင်ပဲ ဖြစ်ရမှာ"
လက်သည်း ညှပ်ပေးပြီးနောက် ယွင်ချန်၏ လက်များကို ဘေစင်တွင် ဂရုတစိုက်နှင့် ဆေးကြောပေးသည်။
"စမ်းချောင်းထဲမှာ မင်းရေချိုးလို့ ရပါ့မလားပဲ"
ယွင်ချန်၏ မျက်နှာကို သန့်ရှင်း ပေးပြီးနောက် ဆံပင်ကို ဖြီးပေးလိုက်ကာ အင်္ကျီလဲပေး နေလျက်ဖြင့် ထိုသို့ စဉ်းစားမိသွားသည်။ ရေစက်လေးများ ကျဆင်းရာ နှစ်ပေါင်းများစွာ ကြာပြီးနောက် စမ်းချောင်း ဖြစ်လာခဲ့ပြီး ထိုရေကန်ထဲတွင် ရေချိုးပြီး စမ်းရေကို သောက်သုံးလျှင် သောက်သူ၏ အရိုးများ၊ သွေးများကို သန့်စင်ပေးနိုင်သည်။ ယွင်ချန်ကို ကန်ထဲ ရေချိုးစေပြီး ရေကို သောက်စေလျှင် အဆိပ်များကို ဖယ်ရှား ပေးနိုင်မည်လား။ လူပြန်ဖြစ်ရန်မှာ မဖြစ်နိုင်တော့သဖြင့် အနည်းဆုံး အားအင် ပြန်ပြည့်လာပြီး ခန္ဓာကိုယ်လည်း သန့်စင်သွားကာ အမြန်သက်သာရန် လိုအပ်ပေသည်။
"လာ ငါမင်းကို ရေချိုးဖို့ ခေါ်သွားပေးမယ် ရေမချိုးတာ တစ်လလောက်တောင် ရှိပြီမလား .. ညစ်ပတ်လေး"
အကြံပေါ်လာသဖြင့် ယွင်ချဲ့လည်း ချက်ချင်းပင် ယွင်ချန်ကို စမ်းချောင်းသို့ ခေါ်သွားလေသည်။ ထိုကန်တွင် မကြာခဏ ရေလာချိုးလေ့ ရှိသဖြင့် စမ်းချောင်း ပတ်ဝန်းကျင်မှာ ချုံမရှိဘဲ ရှင်းလင်းနေသည်။ ရေကန်ကို ရေချိုးကန်အဖြစ် ပြောင်းလဲထားပြီး ဘေးပတ်ပတ် လည်တွင်လည်း ပစ္စည်းများ ထည့်သိမ်းရန် ဗီရိုတစ်ခု ရှိသဖြင့် ရေပိုက်ခေါင်းသာ တပ်လိုက်ပါက ရေချိုးကန်နှင့် တူသွားလိမ့်မည် ဖြစ်သည်။
ယွင်ချဲ့ကို အံ့သြစေသည်က ယွင်ချန်မှာ အသံပေးကာ အမြုတေများကို လှမ်းယူခြင်း မရှိဘဲ ယွင်ချဲ့ အင်္ကျီချွတ် နေသည်ကိုသာ ထိုနေရာတွင် မတ်တပ်ရပ်လျက် စိုက်ကြည့်နေသည်။
"ကောင်းပြီလေ ကန်ထဲအတူ ဝင်ရအောင် ငါတို့အတူတူ ရေမချိုးတာ ဘယ်လောက်ကြာနေပြီလဲ ... မှတ်မိသေးလား ငယ်ငယ်တုန်းက ရေကန်ထဲက ရေတွေကို ဆော့ပြီး မမကို ဒေါသထွက်အောင် လုပ်ခဲ့တာလေ"
အဝတ်ကင်းမဲ့နေသော ယွင်ချန်၏ ခန္ဓာကိုယ်မှာ သူ၏မျက်နှာကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ထို့နောက် ယွင်ချဲ့လည်း အဝတ်အစား ချွတ်ကာ ညီလေးကို ဖက်လျက် ရေကန်ထဲသို့ အတူတူ ဆင်းသွားသည်။
ရေစင်သွားသဖြင့် ယွင်ချန် မျက်လုံးများကို အလိုလို မှိတ်လိုက်သည်။ ပုံမှန်အတိုင်းပြုမူနေသဖြင့် ယွင်ချန်ကို ရေကန်စပ်နားသို့ ခေါ်သွားပြီး နစ်သွားမည်ကို စိုးရိမ်သဖြင့် လက်တစ်ဖက်က ယွင်ချန် ခါးကို ဖက်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ရေဘူးကို ယူကာ အဖုံးကို သွားဖြင့် ကိုက်ဖွင့် လိုက်သည်။
"လာ ချန် ... တစ်ငုံလောက် သောက်လိုက် သောက်လို့ ကောင်းတယ်"
ချန်ချန်ကို ချော့မြှူသည့်အခါ ပြောသော လေသံနှင့် ပြောလိုက်သည်။ အသွင်အပြင်မှ လွဲ၍ ယွင်ချန်လည်း ချန်ချန် အတိုင်းပင်။ ယွင်ချန်မှာ အမြုတေကိုသာ စားသဖြင့် အစတွင် မသောက်ဘဲ နေသော်လည်း ယွင်ချဲ့၏ ခေါင်းမာမှုကြောင့် ရေဘူးနှုတ်ခမ်းကို သွားဖြင့် ကိုက်လိုက်ရာ ယွင်ချဲ့က အမြန်ပင် ရေဘူးကို ထောင်လိုက်ပြီး ရေများကို ယွင်ချန် လည်ချောင်းထဲသို့ စီးစေလိုက်သည်။
ဂလု ဂလု ဂါး
စမ်းရေများ ယွင်ချန် လည်ချောင်းထဲ စီးသွားသဖြင့် ရုတ်တရက် ရုန်းကန်လာပြီး ယွင်ချဲ့ တွန်းထုတ်လျက် အော်ဟစ်ကာ ရေထဲတွင် ရုန်းကန် နေလေသည်။ သူ၏နီရဲသော မျက်လုံးမှာလည်း တုန်လှုပ် ချောက်ချားနေပြီး အစွယ်များပင် ထွက်နေသည်။
"ချန် ..."
"သခင် .. မလုပ်နဲ့"
ယွင်ချန် ဆီသို့ ရေကူးသွားရန် ယွင်ချဲ့ ပြင်လိုက်ချိန်တွင် ရုတ်တရက် စမ်းချောင်းထဲသို့ ဟေးယွီ ခုန်ဆင်းလာပြီး ယွင်ချဲ့ကို အချိန်မီ
"ဟေးယွီ"
ဟေးယွီ ပေါ်လာမည်ဟု မမျှော်လင့် ထားသဖြင့် ယွင်ချဲ့ အံ့ဩသွားရသည်။ သက်သာလာပြီ ဖြစ်သော ဟေးယွီ၏ ခန္ဓာကိုယ်ကို ကြည့်လျက် ယွင်ချဲ့ မှင်သက်နေသည်။ ဒီရက်ပိုင်းထဲ သူအဆင်ပြေခဲ့ရဲ့လား။
ထိုအချိန်တွင် ရုန်းကန်နေသော ယွင်ချန်မှာ ရေထဲသို့ နစ်စ ပြုနေပြီဖြစ်သည်။ ယွင်ချဲ့ သတိပြန်ဝင် လာချိန်တွင် ရေထဲသို့ ခုန်ဆင်းရန ်ပြင်လိုက်ချိန် ဟေးယွီ အမြန်တားလိုက်သည်။
"သခင် စိတ်မလောပါနဲ့ ယွင်ချန်က ဖုတ်ကောင်လေ။ အသက်ရှူနေစရာမှ မလိုတာ သူရေထဲနစ်ပါစေ ဒါမှ သန့်စင်သွားမှာ"
သူ၏သခင်က အရင်ထက် ပိုတုံးလာသည်ဟု ဟေးယွီ တွေးမိသွားသည်။ သခင်ဖြစ်သူ၏ ဉီးနှောက်ကို ပြန်လည် ကောင်းမွန်အောင် လုပ်ပေးရမည့် တာဝန် ရသွားပြီထင်ပါရဲ့။
"ဒါပေမဲ့ ချန်က ..."
ဟေးယွီ စနောက်သည်ကို ဂရုမစိုက်ဘဲ ယွင်ချဲ့၏ အာရုံများမှာ ယွင်ချန် ပေါ်သို့သာ ကျရောက်နေသည်။ ယွင်ချန် အောက်ခြေအထိ နစ်သွားသော်လည်း ရုန်းကန် နေသဖြင့် ရေပြင်မှာ မငြိမ်သက်သေးပေ။
"သခင်တော့ အတိတ်မေ့သွားပြီပဲ ဒီစမ်းချောင်းထဲ သခင် စစိမ်တုန်းက ဘယ်လိုလဲဆိုတာ မှတ်မိသေးလား။ သခင်လည်း ယွင်ချန်လိုပဲ ဖြစ်နေခဲ့တာ ... ရေက သူ့ရဲ့အဆိပ်တွေကို ဆေးကြော ပေးနေတာ ယွင်ချန် ခန္ဓာကိုယ်က ဇွမ်ဘီ ဗိုင်းရပ်စ်တွေနဲ့ ပြည့်နေတော့ သူရုန်းနေတာ ... စိတ်မပူပါနဲ့ သူဘာမှ မဖြစ်ပါဘူး။ ရေကန်က ပြန်တက်လာရင် သခင်တောင် အံ့သြသွားဦးမှာ"
ဟေးယွီက သူ၏သခင်အား စနောက်သည်ကို အကြိုက်ဆုံးပင်။ ဒါပေမယ့် ရှင်းပြရန် လိုအပ်သည့် အခါမျိုးတွင် သူတည်ကြည် လေးနက်သွားသည်။
"ဪ တော်သေးတာပေါ့ ငါထင်တာက..."
ယွင်ချန် အဆင်ပြေသည့် အကြောင်း သိလိုက်ရသည့်အခါ ယွင်ချဲ့ စိတ်အေး သွားရသည်။ ထို့နောက် ဟေးယွီဘက် လှည့်ကြည့် လိုက်ပြီး ....
"ဘာလို့ ဆက်မပုန်းတော့တာလဲ"
ဟေးယွီ တစ်သက်လုံး ရှောင်ပုန်း နေတော့မည်ဟု ယွင်ချဲ့ ထင်ထားခဲ့မိသည်။
"ကျွန်...ကျွန်တော် မပုန်းပါဘူး။ တောင်ပေါ်မှာ တရားထိုင်နေတာ"
ဟေးယွီ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေလျက် သူကမ်းပေါ်သို့ ခုန်တက် လိုက်သည့်အခါ ကျောပေါ်မှရေများလည်း စီးကျနေသည်။ အမှန်စင်စစ် ဟေးယွီ အလျင်း မပျောက်သေးပေ။ သူ၏သခင်သာ ရူးမိုက်သည့် လုပ်ရပ်ကို မလုပ်လျှင် သူအရိပ်ထဲမှ ထွက်လာမည် မဟုတ်ပေ။
"အဲဒီနေ့က ဘာဖြစ်တာလဲ မင်းက အံ့ဖွယ် တောကောင်ကြီးပဲလေ။ ဘာလို့ အဲဒီလို ဖြစ်သွားရတာလဲ ... အပြင်လောကနဲ့ နေသား မကျတာလို့တော့ မပြောနဲ့ အမှန်ပဲဖြေ"
စမ်းချောင်း၏ အောက်ခြေကို ယွင်ချဲ့ တစ်ချက် ကြည့်လိုက်ပြီး ကမ်းပေါ် ပြန်တက်ကာ ကိုယ်ကို တဘက်နှင့် ပတ်လိုက်သည်။ ထိုနေ့က သူယူကျုံးမရ ဖြစ်ခဲ့ရသည်ကို အခုချိန် ပြန်တွေးကြည့်လျှင် အလွန်ပင် နေမထိထိုင်မသာ ဖြစ်နေသွားသည်။ ဟေးယွီမှာ မည်မျှပင် ယုံကြည်စိတ်ချခြင်း မရှိသည့်တိုင် သူ့အတွက် သားရဲဆိုသည်ထက် ပိုသော သူငယ်ချင်းကဲ့သို့ မိသားစုကဲ့သို့ သူခံစားနေရသဖြင့် ဟေးယွီ နာကျင်နေသည်ကို သူရပ် မကြည့်နိုင်ပေ။
"ဘာဖြစ်ရဦးမှာလဲ ပတ်ဝန်းကျင်နဲ့ နေသားမကျလို့ ဒီလောက်ပဲလေ"
ခွေးပေါက်လေးပုံစံနှင့် ဟေးယွီက ဗီရိုပေါ်တွင် လဲနေလိုက်သည်။
"ကျွန်တော်က သခင့်ကမ္ဘာနဲ့ မဆိုင်တဲ့အပြင် တားဆီးထားတဲ့ အကာအရံတွေ ကလည်း ကမ္ဘာကို ကာရံထားတာ ... ဘယ်သူက အကာအရံ လုပ်ထားတာလဲ မမေးနဲ့ ကျွန်တော်လည်း မသိဘူး။ ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ရှိနေတာ .. အဲဒါကြောင့် သခင်မသိနိုင်တဲ့ တရားကျင့်ကြံသူတွေ ဒဏ္ဍာရီလာ သားရဲတွေဆိုတာ ရှိခဲ့မှာပဲ။ သူတို့ဒီကနေ ထွက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အကြောင်းပြချက်တွေ ရှိခဲ့မှာ ... ပြီးတော့ သူတို့မသွားခင် တခြားနေရာက သတ္တဝါတွေ ကမ္ဘာကြီးကို ဖျက်ဆီးမှာ ကြောက်လို့ ဒီကမ္ဘာမှာ အစီအရင်တွေ ဖန်တီးခဲ့မှာပဲ ... ဒါမှ မဟုတ် သူတို့အကုန် သေသွားပြီး မသေခင်က ဖန်တီးခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒါကြောင့် အဲဒီနေရာမှာ အင်အားက လွဲပြီး ကျန်တဲ့စွမ်းအားတွေ သုံးလို့မရတာ ... တကယ်လို့ သုံးချင်ရင်တောင် အစီအရင်တွေကို ချိုးဖြတ်ရမှာ မြူမှုန် မဖြစ်သွားတာပဲ ကံကောင်းလှပြီ။ အဲ့ပတ်ဝန်းကျင်မှ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ"
အပြိုင်ကမ္ဘာမှ နယ်မြေကို ယွင်ချဲ့ အမှတ်မထင် ဖွင့်မိလိုက်စဉ်က ကမ္ဘာကြီး၏ အကြောင်း အများအပြားကို ဟေးယွီ သိရှိလိုက်သည်။ ဒါကြောင့် လူသားများ၏ အကြောင်းကို သေချာ သိနေခြင်းပင်။ မဟုတ်လျှင် ထိုနယ်မြေထဲတွင်ပင် နှစ်ပေါင်း များစွာ နေခဲ့သော သားရဲကောင်ကြီးက ထိုအကြောင်းများကို ဘယ်လို သိနိုင်ပါ့မလဲ။ လက်ဆုပ်လက်ကိုင် မပြနိုင်သော အစီအရင်များကို ဖျက်ပစ်ရန် ဟေးယွီ ကြိုးစားခဲ့ သေးသော်လည်း ထိုတမျှ ကြီးမားသော အစီအရင်တွင် အစီအရင် အပေါက်များမှာလည်း တစ်ခုထက်မက ရှိနိုင်ပြီး ရှာတွေ့ရန် အတွက်လည်း အလွန်ခက်လှသည်။
ထို့အပြင် အစီအရင်များကို ဖန်တီးခဲ့သည် ဆိုကတည်းက ပြင်ပ ခြိမ်းခြောက်မှုများ ရှိမည်မှာ အသေအချာပင်။ ထိုအစီအရင်များ ပျက်သွားသည်နှင့် စက်ဆုပ်ဖွယ် ကောင်းသော မကောင်းဆိုးဝါးများ ကမ္ဘာမြေကို ချဉ်းကပ်လာသည့်အခါ သူ၏သခင် ယွင်ချဲ့က သူ့ကို အရေဆုတ်လိမ့်မည် ဖြစ်သည်။
"သခင်နဲ့ ရင်းနှီးပြီး ကတည်းက ကျွန်တော့် ကမ္ဘာကြီးက လှပခဲ့ရတာ"
ဟေးယွီ ပြောသည်ကို နားလည်ရန် ယွင်ချဲ့ အချိန် အတော်ယူ လိုက်ရပြီး သက်ပြင်းချကာ ...
"ကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ တခြား သက်ရှိတွေ ရှိခဲ့ဦးမှာပဲ။ ဒါပေမယ့် အဲဒါက အတိတ်ဖြစ်ပြီး ငါတို့ကို မသက်ရောက်ဘူး .. အဲဒီတော့ မင်း အပြင်မှာ လုပ်နိုင်တာက မင်းအင်အားနဲ့ တိုက်ခိုက်တာပဲပေါ့"
ဟေးယွီ ပြောသည်တို့ မှန်မမှန်ကို သူဂရုမစိုက်ပေ။ သူ ဂရုစိုက်တာက သူနှင့်ပတ်သက်သောသူများနှင့် အရာများကိုပင်။ ဟေးယွီကိုပင် သူသိပ်မစိုးရိမ်ပေ။ တောင်များသဖွယ် တောင့်တင်း သန်မာသော ကြွက်သား ခွန်အားများကြောင့် ပြဿနာကို သူရှောင်တိမ်း နေသရွေ့ အပြင်ဘက်တွင် မည်သူမှ သူ့ကိုရန်ပြုရဲမည် မဟုတ်ပေ။ အဆိုးဆုံး ကိစ္စများကိုပင် ရှောင်တိမ်းနိုင်ပြီး ဟေးယွီမှာ အရှက်မရှိ ခေါင်းမာသူ ဖြစ်သောကြောင့် ပြေးရမယ့် ကိစ္စကြုံလာခဲ့လျှင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
"အင်း ကျွန်တော့် ဘဝကြီးလည်း ပိုခက်ခဲလာတယ်"
ယွင်ချဲ့ကို ဟေးယွီ မကျေနပ်သော မျက်နှာပေးနဲ့ မော့ကြည့် လိုက်သည်။
ဒါက သူဆင်နေတဲ့ နောက်ထပ် ထောင်ချောက်များလား။ ဟေးယွီ၏ ဉာဏ်ဆင်မှုများကို အကုန်သိနေသဖြင့် ယွင်ချဲ့ နှုတ်ခမ်းတွန့်ကာ ရုတ်တရက် ထကာ လက်လွှဲလိုက်သည်။
"ဒီနေ့ရာသီဥတုက နေလို့ကောင်းတာပဲ ... အာ ယွင်ချန်လည်း ရေထဲက ထွက်လာမှာ မဟုတ်လောက်သေးဘူး ... ဒီနေ့ည အိမ်တက်ပွဲအတွက် ငါးနဲ့ ဂိမ်းဆော့လို့ ရတာတစ်ခုခု သွားရှာ လိုက်ဦးမယ်"
ယွင်ချဲ့ အဝတ်အစား ဝတ်လိုက်ပြီး တောင်များဘက်သို့ သွားရန် ပြင်လိုက်သည်။
"သခင်ကလည်း ... အရင်ဆုံး ကျွန်တော့်ကို နှစ်သိမ့် ပေးရမယ်လေ။ ပြီးတော့လည်း ကျွန်တော့်ကို ကာကွယ်ပေး ချော့ကလက် ချောင်းတွေလည်း ရှာပေးပြီး ပိုချစ်ပေး ပိုဂရုစိုက်ပေး ... အဲဒါတွေက သခင်လုပ်ရမှာပဲလေ ... ဒီလိုလုပ်လေ အစကပြန်စရအောင် .. သခင်က ကျွန်တော့်ရဲ့ ကြေမွနေတဲ့ နှလုံးသားလေးကို နူးနူးညံ့ညံ့လေး နှစ်သိမ့်ပေး"
သူ၏ခြေလက် လေးဖက်လုံးနှင့် ယွင်ချဲ့ ခြေထောက်ကို ဖက်ကာ ဟေးယွီ ဂျီကျလေသည်။ ကြက်သီးထဖွယ် ကောင်းသော စကားများကို ကြားလိုက်သည့်အခါ ယွင်ချဲ့မျက်နှာ ရှုံ့မဲ့သွားသည်။ ဘယ်လောက်ပင် အချိန်ကြာကြာ ပျောက်သွားခဲ့ပါစေ၊ အရင်အတိုင်း ငရှုပ်လေး တစ်ကောင်ဖြစ်နေဆဲပင်။ ထိုရူးကြောင်ကြောင် ကိစ္စများအတွက် ယွင်ချဲ့မှာ အချိန်မရှိပေ။ ပိုအရေးကြီးသည်က ထိုအရာတို့ကို ဘယ်တော့မှ ထပ်မလုပ်ဟု ယွင်ချဲ့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပိုချစ်ပေး ပိုဂရုစိုက်ပေးတဲ့ .. ယွင်ချဲ့က ခပ်ကြောင်ကြောင် နှာဘူးပုံများ ပေါက်နေလို့လား။
***
Zawgyi
အခန္း (၁ဝ၂)
လတ္တေလာတြင္ နယ္ေျမကို မၾကာခဏ အသုံးျပဳ ေနသျဖင့္ ေျပာင္းလဲမႈမွာလည္း အလြန္ မ်ားျပားလွသည္။ ယခင္ မူလေတာင္ကုန္း အစား ေတာင္တန္းႀကီးမ်ား ျဖစ္ေပၚေနၿပီး စမ္းေခ်ာင္း၏ အဆုံးတြင္လည္း ေရကန္ႀကီးတစ္ခု ရွိေနသည့္အျပင္ ေရကန္၏ တစ္ဖက္ တစ္ခ်က္တြင္လည္း တိရစာၦန္မ်ား က်က္စား ေနထိုင္ရာ က်ယ္ျပန့္ေသာ ခ်ိဳင့္ဝွမ္းမ်ား ရွိေနသည္။ အခ်ိန္တိုင္းတြင္လည္း ေရကန္မွ ေရကို ေသာက္ယူေနေသာ ငွက္မ်ားႏွင့္ နယ္ေျမႀကီးက အသက္ဝင္ေနသည္။
ေလွ်ာက္ပတ္ ၾကည့္ၿပီးသည့္တိုင္ ေဟးယြီကို ယြင္ခ်ဲ့ မေတြ႕ေသးေပ။ ယြင္ခ်ဲ့လည္း ဟင္းသီးဟင္း႐ြက္မ်ားကို ရိတ္သိမ္းၿပီး မ်ိဳးေစ့ အသစ္မ်ား က်ဲကာ ျပန္လည္ စိုက္ပ်ိဳးခဲ့သည္။ သူပထမဆုံး စိုက္ပ်ိဳးခဲ့ေသာ စပါးႏွင့္ ဂ်ဳံမ်ားမွာလည္း မွည့္ေနသျဖင့္ ေလထဲတြင္ ကိုင္းက်ေနသျဖင့္ ရက္နည္းနည္း ၾကာၿပီးေနာက္တြင္ ရိတ္သိမ္း၍ပင္ ရနိုင္ေပသည္။ ထို႔ေနာက္ နယ္ေျမအခ်ိဳ႕ကို ရွင္းလင္းကာ ဆန္စပါးႏွင့္ ဂ်ဳံမ်ားစိုက္ပ်ိဳးရန္ လယ္ကြက္မ်ားကို ဖန္တီးလိုက္သည္။ လူတို႔က သူတို႔ ဝမ္းတစ္ထြာ ဗိုက္ကို ျဖည့္တင္းရန္ လိုအပ္သည္ မလား။ ေနာက္ဆုံးတြင္ ေတာင္ေအာက္ေျခတြင္ ရွိေသာ သစ္သီးၿခံထဲမွ အပင္မ်ားကို သြားၾကည့္ေလရာ ေကာင္းမြန္စြာ ႀကီးထြား လာၾကေသာ္လည္း အသီး မသီးေသးေပ။
"ေရွာင္ခ်န္ ငါတို႔အိမ္ျပင္လို႔ ၿပီးသြားၿပီ ဒီေန႕ အိမ္တက္ပြဲ လုပ္ၾကမွာ ... မနက္ျဖန္ဆိုရင္ မမကိုေတြ႕ဖို႔ မင္းကို ေခၚသြားေပးမယ္ အျပင္မွာ လိမၼာပါ့မယ္လို႔ ကတိေပး မေသာင္းက်န္းရဘူး ဟုတ္ၿပီလား"
အလုပ္ကိစၥမ်ား လုပ္ၿပီးေနာက္ ယြင္ခ်ဲ့မွာ သူ၏ညီကို လက္သည္း ညွပ္ေပးရင္း ေျပာေလသည္။ ယြင္ခ်န္အား အျပင္ ေခၚထုတ္မည့္ ကိစၥက ယြင္ခ်ဲ့ကို အနည္းငယ္ စိတ္ပူေစသည္။ ေသြးကို ေတာင့္တျခင္းက ဖုတ္ေကာင္မ်ား၏ ဗီဇျဖစ္ၿပီး အခု ယြင္ခ်ဲ့ႏွင့္ ေတြ႕ေနခ်ိန္တြင္ တည္ၿငိမ္ေနေသးေသာ္လည္း ေသြးထြက္ေနေသာ သူကို မကိုက္နိုင္ဟု အာမ မခံနိုင္ေပ။ မည္သည့္ အရာမွ မေသခ်ာျခင္းေၾကာင့္ တတိယ အထပ္ႏွင့္ အေပၚဆုံး အထပ္ကို သံတိုင္မ်ားျဖင့္ ကာထားေစျခင္းျဖစ္သည္။
"ၿပီးသြားၿပီ မင္းလက္သည္းေတြကို ေန႕တိုင္း ညွပ္ရမယ္ မင္းက ဖုတ္ေကာင္ ဆိုေပမယ့္ သန့္ျပန့္တဲ့ ဖုတ္ေကာင္ပဲ ျဖစ္ရမွာ"
လက္သည္း ညွပ္ေပးၿပီးေနာက္ ယြင္ခ်န္၏ လက္မ်ားကို ေဘစင္တြင္ ဂ႐ုတစိုက္ႏွင့္ ေဆးေၾကာေပးသည္။
"စမ္းေခ်ာင္းထဲမွာ မင္းေရခ်ိဳးလို႔ ရပါ့မလားပဲ"
ယြင္ခ်န္၏ မ်က္ႏွာကို သန့္ရွင္း ေပးၿပီးေနာက္ ဆံပင္ကို ၿဖီးေပးလိုက္ကာ အကၤ်ီလဲေပး ေနလ်က္ျဖင့္ ထိုသို႔ စဥ္းစားမိသြားသည္။ ေရစက္ေလးမ်ား က်ဆင္းရာ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ စမ္းေခ်ာင္း ျဖစ္လာခဲ့ၿပီး ထိုေရကန္ထဲတြင္ ေရခ်ိဳးၿပီး စမ္းေရကို ေသာက္သုံးလွ်င္ ေသာက္သူ၏ အရိုးမ်ား၊ ေသြးမ်ားကို သန့္စင္ေပးနိုင္သည္။ ယြင္ခ်န္ကို ကန္ထဲ ေရခ်ိဳးေစၿပီး ေရကို ေသာက္ေစလွ်င္ အဆိပ္မ်ားကို ဖယ္ရွား ေပးနိုင္မည္လား။ လူျပန္ျဖစ္ရန္မွာ မျဖစ္နိုင္ေတာ့သျဖင့္ အနည္းဆုံး အားအင္ ျပန္ျပည့္လာၿပီး ခႏၶာကိုယ္လည္း သန့္စင္သြားကာ အျမန္သက္သာရန္ လိုအပ္ေပသည္။
"လာ ငါမင္းကို ေရခ်ိဳးဖို႔ ေခၚသြားေပးမယ္ ေရမခ်ိဳးတာ တစ္လေလာက္ေတာင္ ရွိၿပီမလား .. ညစ္ပတ္ေလး"
အႀကံေပၚလာသျဖင့္ ယြင္ခ်ဲ့လည္း ခ်က္ခ်င္းပင္ ယြင္ခ်န္ကို စမ္းေခ်ာင္းသို႔ ေခၚသြားေလသည္။ ထိုကန္တြင္ မၾကာခဏ ေရလာခ်ိဳးေလ့ ရွိသျဖင့္ စမ္းေခ်ာင္း ပတ္ဝန္းက်င္မွာ ခ်ဳံမရွိဘဲ ရွင္းလင္းေနသည္။ ေရကန္ကို ေရခ်ိဳးကန္အျဖစ္ ေျပာင္းလဲထားၿပီး ေဘးပတ္ပတ္ လည္တြင္လည္း ပစၥည္းမ်ား ထည့္သိမ္းရန္ ဗီရိုတစ္ခု ရွိသျဖင့္ ေရပိုက္ေခါင္းသာ တပ္လိုက္ပါက ေရခ်ိဳးကန္ႏွင့္ တူသြားလိမ့္မည္ ျဖစ္သည္။
ယြင္ခ်ဲ့ကို အံ့ၾသေစသည္က ယြင္ခ်န္မွာ အသံေပးကာ အျမဳေတမ်ားကို လွမ္းယူျခင္း မရွိဘဲ ယြင္ခ်ဲ့ အကၤ်ီခြၽတ္ ေနသည္ကိုသာ ထိုေနရာတြင္ မတ္တပ္ရပ္လ်က္ စိုက္ၾကည့္ေနသည္။
"ေကာင္းၿပီေလ ကန္ထဲအတူ ဝင္ရေအာင္ ငါတို႔အတူတူ ေရမခ်ိဳးတာ ဘယ္ေလာက္ၾကာေနၿပီလဲ ... မွတ္မိေသးလား ငယ္ငယ္တုန္းက ေရကန္ထဲက ေရေတြကို ေဆာ့ၿပီး မမကို ေဒါသထြက္ေအာင္ လုပ္ခဲ့တာေလ"
အဝတ္ကင္းမဲ့ေနေသာ ယြင္ခ်န္၏ ခႏၶာကိုယ္မွာ သူ၏မ်က္ႏွာကဲ့သို႔ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသည္။ ထို႔ေနာက္ ယြင္ခ်ဲ့လည္း အဝတ္အစား ခြၽတ္ကာ ညီေလးကို ဖက္လ်က္ ေရကန္ထဲသို႔ အတူတူ ဆင္းသြားသည္။
ေရစင္သြားသျဖင့္ ယြင္ခ်န္ မ်က္လုံးမ်ားကို အလိုလို မွိတ္လိုက္သည္။ ပုံမွန္အတိုင္းျပဳမူေနသျဖင့္ ယြင္ခ်န္ကို ေရကန္စပ္နားသို႔ ေခၚသြားၿပီး နစ္သြားမည္ကို စိုးရိမ္သျဖင့္ လက္တစ္ဖက္က ယြင္ခ်န္ ခါးကို ဖက္ထားၿပီး ေနာက္လက္တစ္ဖက္ျဖင့္ ေရဘူးကို ယူကာ အဖုံးကို သြားျဖင့္ ကိုက္ဖြင့္ လိုက္သည္။
"လာ ခ်န္ ... တစ္ငုံေလာက္ ေသာက္လိုက္ ေသာက္လို႔ ေကာင္းတယ္"
ခ်န္ခ်န္ကို ေခ်ာ့ျမႇူသည့္အခါ ေျပာေသာ ေလသံႏွင့္ ေျပာလိုက္သည္။ အသြင္အျပင္မွ လြဲ၍ ယြင္ခ်န္လည္း ခ်န္ခ်န္ အတိုင္းပင္။ ယြင္ခ်န္မွာ အျမဳေတကိုသာ စားသျဖင့္ အစတြင္ မေသာက္ဘဲ ေနေသာ္လည္း ယြင္ခ်ဲ့၏ ေခါင္းမာမႈေၾကာင့္ ေရဘူးႏႈတ္ခမ္းကို သြားျဖင့္ ကိုက္လိုက္ရာ ယြင္ခ်ဲ့က အျမန္ပင္ ေရဘူးကို ေထာင္လိုက္ၿပီး ေရမ်ားကို ယြင္ခ်န္ လည္ေခ်ာင္းထဲသို႔ စီးေစလိုက္သည္။
ဂလု ဂလု ဂါး
စမ္းေရမ်ား ယြင္ခ်န္ လည္ေခ်ာင္းထဲ စီးသြားသျဖင့္ ႐ုတ္တရက္ ႐ုန္းကန္လာၿပီး ယြင္ခ်ဲ့ တြန္းထုတ္လ်က္ ေအာ္ဟစ္ကာ ေရထဲတြင္ ႐ုန္းကန္ ေနေလသည္။ သူ၏နီရဲေသာ မ်က္လုံးမွာလည္း တုန္လႈပ္ ေခ်ာက္ခ်ားေနၿပီး အစြယ္မ်ားပင္ ထြက္ေနသည္။
"ခ်န္ ..."
"သခင္ .. မလုပ္နဲ႕"
ယြင္ခ်န္ ဆီသို႔ ေရကူးသြားရန္ ယြင္ခ်ဲ့ ျပင္လိုက္ခ်ိန္တြင္ ႐ုတ္တရက္ စမ္းေခ်ာင္းထဲသို႔ ေဟးယြီ ခုန္ဆင္းလာၿပီး ယြင္ခ်ဲ့ကို အခ်ိန္မီ
"ေဟးယြီ"
ေဟးယြီ ေပၚလာမည္ဟု မေမွ်ာ္လင့္ ထားသျဖင့္ ယြင္ခ်ဲ့ အံ့ဩသြားရသည္။ သက္သာလာၿပီ ျဖစ္ေသာ ေဟးယြီ၏ ခႏၶာကိုယ္ကို ၾကည့္လ်က္ ယြင္ခ်ဲ့ မွင္သက္ေနသည္။ ဒီရက္ပိုင္းထဲ သူအဆင္ေျပခဲ့ရဲ႕လား။
ထိုအခ်ိန္တြင္ ႐ုန္းကန္ေနေသာ ယြင္ခ်န္မွာ ေရထဲသို႔ နစ္စ ျပဳေနၿပီျဖစ္သည္။ ယြင္ခ်ဲ့ သတိျပန္ဝင္ လာခ်ိန္တြင္ ေရထဲသို႔ ခုန္ဆင္းရန ္ျပင္လိုက္ခ်ိန္ ေဟးယြီ အျမန္တားလိုက္သည္။
"သခင္ စိတ္မေလာပါနဲ႕ ယြင္ခ်န္က ဖုတ္ေကာင္ေလ။ အသက္ရႉေနစရာမွ မလိုတာ သူေရထဲနစ္ပါေစ ဒါမွ သန့္စင္သြားမွာ"
သူ၏သခင္က အရင္ထက္ ပိုတုံးလာသည္ဟု ေဟးယြီ ေတြးမိသြားသည္။ သခင္ျဖစ္သူ၏ ဉီးေႏွာက္ကို ျပန္လည္ ေကာင္းမြန္ေအာင္ လုပ္ေပးရမည့္ တာဝန္ ရသြားၿပီထင္ပါရဲ႕။
"ဒါေပမဲ့ ခ်န္က ..."
ေဟးယြီ စေနာက္သည္ကို ဂ႐ုမစိုက္ဘဲ ယြင္ခ်ဲ့၏ အာ႐ုံမ်ားမွာ ယြင္ခ်န္ ေပၚသို႔သာ က်ေရာက္ေနသည္။ ယြင္ခ်န္ ေအာက္ေျခအထိ နစ္သြားေသာ္လည္း ႐ုန္းကန္ ေနသျဖင့္ ေရျပင္မွာ မၿငိမ္သက္ေသးေပ။
"သခင္ေတာ့ အတိတ္ေမ့သြားၿပီပဲ ဒီစမ္းေခ်ာင္းထဲ သခင္ စစိမ္တုန္းက ဘယ္လိုလဲဆိုတာ မွတ္မိေသးလား။ သခင္လည္း ယြင္ခ်န္လိုပဲ ျဖစ္ေနခဲ့တာ ... ေရက သူ႕ရဲ႕အဆိပ္ေတြကို ေဆးေၾကာ ေပးေနတာ ယြင္ခ်န္ ခႏၶာကိုယ္က ဇြမ္ဘီ ဗိုင္းရပ္စ္ေတြနဲ႕ ျပည့္ေနေတာ့ သူ႐ုန္းေနတာ ... စိတ္မပူပါနဲ႕ သူဘာမွ မျဖစ္ပါဘူး။ ေရကန္က ျပန္တက္လာရင္ သခင္ေတာင္ အံ့ၾသသြားဦးမွာ"
ေဟးယြီက သူ၏သခင္အား စေနာက္သည္ကို အႀကိဳက္ဆုံးပင္။ ဒါေပမယ့္ ရွင္းျပရန္ လိုအပ္သည့္ အခါမ်ိဳးတြင္ သူတည္ၾကည္ ေလးနက္သြားသည္။
"ဪ ေတာ္ေသးတာေပါ့ ငါထင္တာက..."
ယြင္ခ်န္ အဆင္ေျပသည့္ အေၾကာင္း သိလိုက္ရသည့္အခါ ယြင္ခ်ဲ့ စိတ္ေအး သြားရသည္။ ထို႔ေနာက္ ေဟးယြီဘက္ လွည့္ၾကည့္ လိုက္ၿပီး ....
"ဘာလို႔ ဆက္မပုန္းေတာ့တာလဲ"
ေဟးယြီ တစ္သက္လုံး ေရွာင္ပုန္း ေနေတာ့မည္ဟု ယြင္ခ်ဲ့ ထင္ထားခဲ့မိသည္။
"ကြၽန္...ကြၽန္ေတာ္ မပုန္းပါဘူး။ ေတာင္ေပၚမွာ တရားထိုင္ေနတာ"
ေဟးယြီ ထစ္ထစ္ေငါ့ေငါ့ ျဖစ္ေနလ်က္ သူကမ္းေပၚသို႔ ခုန္တက္ လိုက္သည့္အခါ ေက်ာေပၚမွေရမ်ားလည္း စီးက်ေနသည္။ အမွန္စင္စစ္ ေဟးယြီ အလ်င္း မေပ်ာက္ေသးေပ။ သူ၏သခင္သာ ႐ူးမိုက္သည့္ လုပ္ရပ္ကို မလုပ္လွ်င္ သူအရိပ္ထဲမွ ထြက္လာမည္ မဟုတ္ေပ။
"အဲဒီေန႕က ဘာျဖစ္တာလဲ မင္းက အံ့ဖြယ္ ေတာေကာင္ႀကီးပဲေလ။ ဘာလို႔ အဲဒီလို ျဖစ္သြားရတာလဲ ... အျပင္ေလာကနဲ႕ ေနသား မက်တာလို႔ေတာ့ မေျပာနဲ႕ အမွန္ပဲေျဖ"
စမ္းေခ်ာင္း၏ ေအာက္ေျခကို ယြင္ခ်ဲ့ တစ္ခ်က္ ၾကည့္လိုက္ၿပီး ကမ္းေပၚ ျပန္တက္ကာ ကိုယ္ကို တဘက္ႏွင့္ ပတ္လိုက္သည္။ ထိုေန႕က သူယူက်ဳံးမရ ျဖစ္ခဲ့ရသည္ကို အခုခ်ိန္ ျပန္ေတြးၾကည့္လွ်င္ အလြန္ပင္ ေနမထိထိုင္မသာ ျဖစ္ေနသြားသည္။ ေဟးယြီမွာ မည္မွ်ပင္ ယုံၾကည္စိတ္ခ်ျခင္း မရွိသည့္တိုင္ သူ႕အတြက္ သားရဲဆိုသည္ထက္ ပိုေသာ သူငယ္ခ်င္းကဲ့သို႔ မိသားစုကဲ့သို႔ သူခံစားေနရသျဖင့္ ေဟးယြီ နာက်င္ေနသည္ကို သူရပ္ မၾကည့္နိုင္ေပ။
"ဘာျဖစ္ရဦးမွာလဲ ပတ္ဝန္းက်င္နဲ႕ ေနသားမက်လိဳ႕ ဒီေလာက္ပဲေလ"
ေခြးေပါက္ေလးပုံစံႏွင့္ ေဟးယြီက ဗီရိုေပၚတြင္ လဲေနလိုက္သည္။
"ကြၽန္ေတာ္က သခင့္ကမာၻနဲ႕ မဆိုင္တဲ့အျပင္ တားဆီးထားတဲ့ အကာအရံေတြ ကလည္း ကမာၻကို ကာရံထားတာ ... ဘယ္သူက အကာအရံ လုပ္ထားတာလဲ မေမးနဲ႕ ကြၽန္ေတာ္လည္း မသိဘူး။ ကမာၻႀကီးက လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း မ်ားစြာ ကတည္းက ရွိေနတာ .. အဲဒါေၾကာင့္ သခင္မသိနိုင္တဲ့ တရားက်င့္ႀကံသူေတြ ဒ႑ာရီလာ သားရဲေတြဆိုတာ ရွိခဲ့မွာပဲ။ သူတို႔ဒီကေန ထြက္သြားဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ အေၾကာင္းျပခ်က္ေတြ ရွိခဲ့မွာ ... ၿပီးေတာ့ သူတို႔မသြားခင္ တျခားေနရာက သတၱဝါေတြ ကမာၻႀကီးကို ဖ်က္ဆီးမွာ ေၾကာက္လို႔ ဒီကမာၻမွာ အစီအရင္ေတြ ဖန္တီးခဲ့မွာပဲ ... ဒါမွ မဟုတ္ သူတို႔အကုန္ ေသသြားၿပီး မေသခင္က ဖန္တီးခဲ့တာလည္း ျဖစ္နိုင္တာပဲ။ အဲ့ဒါေၾကာင့္ အဲဒီေနရာမွာ အင္အားက လြဲၿပီး က်န္တဲ့စြမ္းအားေတြ သုံးလို႔မရတာ ... တကယ္လို႔ သုံးခ်င္ရင္ေတာင္ အစီအရင္ေတြကို ခ်ိဳးျဖတ္ရမွာ ျမဴမႈန္ မျဖစ္သြားတာပဲ ကံေကာင္းလွၿပီ။ အဲ့ပတ္ဝန္းက်င္မွ မဟုတ္ရင္ ဘာျဖစ္ဦးမွာလဲ"
အၿပိဳင္ကမာၻမွ နယ္ေျမကို ယြင္ခ်ဲ့ အမွတ္မထင္ ဖြင့္မိလိုက္စဥ္က ကမာၻႀကီး၏ အေၾကာင္း အမ်ားအျပားကို ေဟးယြီ သိရွိလိုက္သည္။ ဒါေၾကာင့္ လူသားမ်ား၏ အေၾကာင္းကို ေသခ်ာ သိေနျခင္းပင္။ မဟုတ္လွ်င္ ထိုနယ္ေျမထဲတြင္ပင္ ႏွစ္ေပါင္း မ်ားစြာ ေနခဲ့ေသာ သားရဲေကာင္ႀကီးက ထိုအေၾကာင္းမ်ားကို ဘယ္လို သိနိုင္ပါ့မလဲ။ လက္ဆုပ္လက္ကိုင္ မျပနိုင္ေသာ အစီအရင္မ်ားကို ဖ်က္ပစ္ရန္ ေဟးယြီ ႀကိဳးစားခဲ့ ေသးေသာ္လည္း ထိုတမွ် ႀကီးမားေသာ အစီအရင္တြင္ အစီအရင္ အေပါက္မ်ားမွာလည္း တစ္ခုထက္မက ရွိနိုင္ၿပီး ရွာေတြ႕ရန္ အတြက္လည္း အလြန္ခက္လွသည္။
ထို႔အျပင္ အစီအရင္မ်ားကို ဖန္တီးခဲ့သည္ ဆိုကတည္းက ျပင္ပ ၿခိမ္းေျခာက္မႈမ်ား ရွိမည္မွာ အေသအခ်ာပင္။ ထိုအစီအရင္မ်ား ပ်က္သြားသည္ႏွင့္ စက္ဆုပ္ဖြယ္ ေကာင္းေသာ မေကာင္းဆိုးဝါးမ်ား ကမာၻေျမကို ခ်ဥ္းကပ္လာသည့္အခါ သူ၏သခင္ ယြင္ခ်ဲ့က သူ႕ကို အေရဆုတ္လိမ့္မည္ ျဖစ္သည္။
"သခင္နဲ႕ ရင္းႏွီးၿပီး ကတည္းက ကြၽန္ေတာ့္ ကမာၻႀကီးက လွပခဲ့ရတာ"
ေဟးယြီ ေျပာသည္ကို နားလည္ရန္ ယြင္ခ်ဲ့ အခ်ိန္ အေတာ္ယူ လိုက္ရၿပီး သက္ျပင္းခ်ကာ ...
"ကမာၻႀကီးကို အုပ္စိုးခဲ့တဲ့ တျခား သက္ရွိေတြ ရွိခဲ့ဦးမွာပဲ။ ဒါေပမယ့္ အဲဒါက အတိတ္ျဖစ္ၿပီး ငါတို႔ကို မသက္ေရာက္ဘူး .. အဲဒီေတာ့ မင္း အျပင္မွာ လုပ္နိုင္တာက မင္းအင္အားနဲ႕ တိုက္ခိုက္တာပဲေပါ့"
ေဟးယြီ ေျပာသည္တို႔ မွန္မမွန္ကို သူဂ႐ုမစိုက္ေပ။ သူ ဂ႐ုစိုက္တာက သူႏွင့္ပတ္သက္ေသာသူမ်ားႏွင့္ အရာမ်ားကိုပင္။ ေဟးယြီကိုပင္ သူသိပ္မစိုးရိမ္ေပ။ ေတာင္မ်ားသဖြယ္ ေတာင့္တင္း သန္မာေသာ ႂကြက္သား ခြန္အားမ်ားေၾကာင့္ ျပႆနာကို သူေရွာင္တိမ္း ေနသေ႐ြ႕ အျပင္ဘက္တြင္ မည္သူမွ သူ႕ကိုရန္ျပဳရဲမည္ မဟုတ္ေပ။ အဆိုးဆုံး ကိစၥမ်ားကိုပင္ ေရွာင္တိမ္းနိုင္ၿပီး ေဟးယြီမွာ အရွက္မရွိ ေခါင္းမာသူ ျဖစ္ေသာေၾကာင့္ ေျပးရမယ့္ ကိစၥႀကဳံလာခဲ့လွ်င္ တုံ႕ဆိုင္းေနမည္ မဟုတ္ေပ။
"အင္း ကြၽန္ေတာ့္ ဘဝႀကီးလည္း ပိုခက္ခဲလာတယ္"
ယြင္ခ်ဲ့ကို ေဟးယြီ မေက်နပ္ေသာ မ်က္ႏွာေပးနဲ႕ ေမာ့ၾကည့္ လိုက္သည္။
ဒါက သူဆင္ေနတဲ့ ေနာက္ထပ္ ေထာင္ေခ်ာက္မ်ားလား။ ေဟးယြီ၏ ဉာဏ္ဆင္မႈမ်ားကို အကုန္သိေနသျဖင့္ ယြင္ခ်ဲ့ ႏႈတ္ခမ္းတြန့္ကာ ႐ုတ္တရက္ ထကာ လက္လႊဲလိုက္သည္။
"ဒီေန႕ရာသီဥတုက ေနလို႔ေကာင္းတာပဲ ... အာ ယြင္ခ်န္လည္း ေရထဲက ထြက္လာမွာ မဟုတ္ေလာက္ေသးဘူး ... ဒီေန႕ည အိမ္တက္ပြဲအတြက္ ငါးနဲ႕ ဂိမ္းေဆာ့လို႔ ရတာတစ္ခုခု သြားရွာ လိုက္ဦးမယ္"
ယြင္ခ်ဲ့ အဝတ္အစား ဝတ္လိုက္ၿပီး ေတာင္မ်ားဘက္သို႔ သြားရန္ ျပင္လိုက္သည္။
"သခင္ကလည္း ... အရင္ဆုံး ကြၽန္ေတာ့္ကို ႏွစ္သိမ့္ ေပးရမယ္ေလ။ ၿပီးေတာ့လည္း ကြၽန္ေတာ့္ကို ကာကြယ္ေပး ေခ်ာ့ကလက္ ေခ်ာင္းေတြလည္း ရွာေပးၿပီး ပိုခ်စ္ေပး ပိုဂ႐ုစိုက္ေပး ... အဲဒါေတြက သခင္လုပ္ရမွာပဲေလ ... ဒီလိုလုပ္ေလ အစကျပန္စရေအာင္ .. သခင္က ကြၽန္ေတာ့္ရဲ႕ ေၾကမြေနတဲ့ ႏွလုံးသားေလးကို ႏူးႏူးညံ့ညံ့ေလး ႏွစ္သိမ့္ေပး"
သူ၏ေျခလက္ ေလးဖက္လုံးႏွင့္ ယြင္ခ်ဲ့ ေျခေထာက္ကို ဖက္ကာ ေဟးယြီ ဂ်ီက်ေလသည္။ ၾကက္သီးထဖြယ္ ေကာင္းေသာ စကားမ်ားကို ၾကားလိုက္သည့္အခါ ယြင္ခ်ဲ့မ်က္ႏွာ ရႈံ႕မဲ့သြားသည္။ ဘယ္ေလာက္ပင္ အခ်ိန္ၾကာၾကာ ေပ်ာက္သြားခဲ့ပါေစ၊ အရင္အတိုင္း ငရႈပ္ေလး တစ္ေကာင္ျဖစ္ေနဆဲပင္။ ထို႐ူးေၾကာင္ေၾကာင္ ကိစၥမ်ားအတြက္ ယြင္ခ်ဲ့မွာ အခ်ိန္မရွိေပ။ ပိုအေရးႀကီးသည္က ထိုအရာတို႔ကို ဘယ္ေတာ့မွ ထပ္မလုပ္ဟု ယြင္ခ်ဲ့ ဆုံးျဖတ္ထားၿပီး ျဖစ္သည္။ ပိုခ်စ္ေပး ပိုဂ႐ုစိုက္ေပးတဲ့ .. ယြင္ခ်ဲ့က ခပ္ေၾကာင္ေၾကာင္ ႏွာဘူးပုံမ်ား ေပါက္ေနလို႔လား။
***