Unicode
အခန်း (၁ဝ၁)
တာဝန်ပြီးမြောက် ပြီးနောက် ချောင်းယန်၊ ထိပ်ဉီးနှင့် အရှုံးသမား အဖွဲ့တို့မှာ အလွန်ကျော်ကြား လာသည်။ စွမ်းအားရှင် အဖွဲ့အစည်းသို့ သူတို့ လုပ်ဆောင်ခဲ့သည့် အကြောင်းများ တင်ပြသည့်အခါ လူအများ အံ့ဩတကြီး ဖြစ်သွားကြသည်။ ထို့အပြင် တန်ကြေးမြင့်သော တာဝန်တွင် အဖွဲ့ဝင်များ ဒဏ်ရာမရဘဲ အကောင်းပကတိ ရှိနေကြသည့်အပြင် လေတာ့ရှန်လည်း ကံကောင်းစွာ အဆင့် ၃ သို့ပင် ရောက်သွားသည်ကို သိရှိ လိုက်ကြပြီးနောက် နောင်တကြီးစွာ ရကြပြီး သတ္တိမရှိခဲ့ကြသည့် အတွက် ကိုယ့်ကိုယ်ကို အပြစ်တင် နေကြလေသည်။ အရှုံးသမား အဖွဲ့အတွက် အလွန် လွယ်ကူသော တာဝန် တစ်ခုကဲ့သို့ပင်။ ထိုသို့သော အခွင့်အရေးကို ဆုံးရှုံး လိုက်ရသည်က အလွန် ဆိုးဝါးလှသည်။
အခုချိန်တွင် မနာလို အားကျရုံက လွဲ၍ ဘာမှ မတတ်နိုင်ပေ။ ထိုတာဝန် ပြီးဆုံးပြီးနောက် အဖွဲ့ဝင် ဆယ်ယောက်ပင် မပြည့်သော ထိပ်ဉီးအဖွဲ့မှာ အနောက်တောင် စခန်းတွင် တတိယ အကောင်းဆုံး စွမ်းအားရှင် အဖွဲ့ဖြစ်လာပြီး အရှုံးသမား အဖွဲ့သည်လည်း နံပါတ် ၈ အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး အဓိက အထောက်အပံ့ အဖွဲ့အဖြစ် တရားဝင် သတ်မှတ် ခံလိုက်ရသည်။
စခန်းအုပ်ချုပ်ရေး အစိုးရက ထိပ်ဉီး အဖွဲ့အား အရေးကြီးသော အဖွဲ့အဖြစ် ပြဌာန်းခဲ့သည်။ သူတို့ကို စောင့်ကြည့်ရန် အတွက် အကြိမ်ပေါင်းများစွာ လူလွှတ်ခဲ့သော်လည်း ရလဒ်များမှာ အားရဖွယ် မရှိခဲ့ပေ။ လုဟိုင်ရွှမ်း ကိစ္စနှင့် စွမ်းအားရှင် အဖွဲ့အစည်း ကိစ္စများမှာ ထိပ်ဉီးအဖွဲ့နှင့် ဆက်နွှယ် နေခြင်းကြောင့် စစ်တပ်က ထပ်ဉီးအဖွဲ့ကို သွယ်ဝိုက်၍ နှစ်ကြိမ်၊ တိုက်ရိုက်တစ်ကြိမ် အပြစ်ကျူးလွန်ခဲ့သည်။ ထို့အပြင် ထိပ်ဉီးအဖွဲ့မှာ ချောင်းယန် အဖွဲ့နှင့်အတူ ရှိနေခြင်းကြောင်း ရှင်းဖုန်း နှင့်လည်း အလွန် ရင်းနှီးပုံပင်။ မော့ စစ်တပ်အဖွဲ့မှ လွဲ၍ ကျန်သော အာဏာပိုင် အဖွဲ့များက ဒေါသမီးတောက် နေကြသည်။ သူတို့က ဘာကြောင့် လူကောင်းတွေပဲ ရနေတာလဲ။
ထို့အပြင် အမြင့်ဆုံးသော တာဝန်ကို ပြီးမြောက်ခဲ့ခြင်းက ထိပ်ဉီးအဖွဲ့ကို အောင်မြင်သွားစေခဲ့ပြီး အဖွဲ့ဝင်များမှာလည်း ထူးခြား ပြောင်မြောက်သော စွမ်းအားများ ရှိသည့်အကြောင်းက တောမီးသဖွယ် လျင်မြန်စွာ ပျံ့သွားလေရာ ချောင်းယန် အဖွဲ့မှာ ပို၍ကျော်ကြား လာသည်။
သို့သော် မကြာလိုက်သည့် အချိန်တွင် ချောင်းယန် အဖွဲ့မှာ ချဉ်းကပ်၍ မရတော့သည့်အပြင် ထိပ်ဉီး အဖွဲ့ကလည်း အလွန် ပဟေဠိ ဆန်သည်ကို သိသွားလေရာ အားလုံး အံ့အားသင့်ကုန်လေသည်။ သူတို့အဖွဲ့သည် နေ့တိုင်းပင် တာဝန်ကိစ္စရပ်များ အကြောင်း လေ့လာရန် စွမ်းအားရှင် အဖွဲ့အစည်းသို့ ရောက်လာပြီး ခက်ခဲသော တာဝန်များကိုသာ ရွေးချယ်လေ့ ရှိသည်။ အခြားသော အဖွဲ့များမှာလည်း သင်ခန်းစာ ရကုန်သဖြင့် S အဆင့်ထက်မြင့်သော တာဝန်များကိုသာ ရွေးချယ် လာကြသည်။
ယွင်ချဲ့ နှင့်အတူ လိုက်လာကြသည့် ကျန်းယွမ်နှင့် သူငယ်ချင်း သုံးယောက်မှာ စွမ်းအားရှင်များ ရှိသော နေရာ D တွင် အိမ်တစ်လုံး ပေးထားလိုက်ပြီး သူတို့အတွက် လိုအပ်သော ပစ္စည်းများကိုလည်း ပေးထားခဲ့သည်။ ယွင်ချဲ့က သူတို့အဖွဲ့ထဲ မထည့်လိုကြောင်း သိလိုက်ရသည့် အခါ သူတို့ဝမ်းနည်း စိတ်ပျက်ခဲ့ ရသော်လည်း အားတင်းကာ စစ်တပ်နဲ့ အခြားအဖွဲ့များ ကမ်းလှမ်း လာသည်ကို ငြင်းဆန်ခဲ့ပြီး သူတို့ လေးဉီးတည်းနှင့် အဖွဲ့ဖွဲ့ခဲ့သည်။
အဖွဲ့ကို တရားဝင်စာရင်း ပေးထားခြင်း မရှိဘဲ တာဝန်များ လုပ်ဆောင်သည့်အခါ တစ်ယောက်စီသာ လုပ်လေ့ရှိသည်။ တာဝန်များ လုပ်ဆောင်လျက် သူတို့၏ မိသားစုများကိုလည်း ရှာဖွေနေကြပြီး စွမ်းအားများကိုလည်း လေ့ကျင့်မြှင့်တင်ကာ တစ်နေ့ ယွင်ချဲ့ လိုအပ်သည်နှင့် ကိုက်ညီ သွားခဲ့လျှင် ထိပ်ဉီး အဖွဲ့သို့ ဝင်နိုင်မည်ဟု မျှော်လင့် ထားကြသည်။
အလွန် နာမည်ကြီး သူများမှာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ပင် ဖြစ်သည်။ စခန်းသို့ ရှင်းဖုန်းပြန်ရောက်လာသည့် ညတွင် မော့ဝမ်းယန်က ဖုန်းဆက်ကာ အကူအညီ လှမ်းတောင်းသည်။ သူအိမ်ပြန် မလာခဲ့သည်မှာ ရက်အတော်ကြာနေပြီး ယွင်ချဲ့လည်း သူ၏ အိမ်အသစ်သို့ အမြန် ပြောင်းရွေ့ချင်နေလေသည်။ ထူးထူးခြားခြား လုပ်စရာ မရှိခြင်းကြောင့် တစ်နေ့လုံး ဟေးယွီ၏ အခန်းသို့ မွမ်းမံပြင်ဆင် ပေးနေသည်။ ပြင်ဆင်ပြီးနောက် လုဟိုင်ရွှမ်းနှင့် ကျန်းရှန်ကို တတိယအထပ်နှင့် အပေါ်ဆုံး အထပ်ကြား သံတိုင် တံခါးများဖြင့် ပိတ်ထားရန် အကူအညီ တောင်းလိုက်ပြီး ဝင်ပေါက်တွင်လည်း လုံခြုံရေး တံခါးတစ်ခု တပ်ဆင် ခိုင်းလိုက်သည်။ ထိုအရာများဆောက်လုပ်ပြီးစီးရန် ရက်အတော်ကြာအောင် အချိန်ယူခဲ့ရသည်။
"အကုန်ပြီးပြီ ယဲ့ဟန် ပြောင်းလာတာပဲ စောင့်ရတော့မယ် ... ဒီမှာပဲ ထမင်းဟင်းချက် စားသောက်ကြမယ် ဆိုတော့ အစ်ကို မင်ရွှမ်းနဲ့ သူ့လူတွေကိုပါ ခေါ်လိုက်ဉီး ... အိမ်တက်ပွဲက အိမ်မှာနေတဲ့ သူတွေကို ကံကောင်း စေတယ်တဲ့"
ရက် ၃ဝ နီးပါးကြာအောင် အိမ်ကို ပြင်ဆင်ခဲ့ပြီးနောက် အိမ်ရှေ့တွင် ရပ်လျက် ယွင်ချဲ့က ယွင်ယောင် ပခုံးကို ဖက်ထားကာ သူတို့၏ အိမ်အသစ်ကို ကြည့်နေကြလေသည်။
"ကောင်းပြီလေ ချန်ချန် ပစ္စည်းတွေနဲ့ မမပစ္စည်းတွေ ဒီကို ယူလာလိုက်မယ် ကလေးနဲ့ မိန်းကလေး ပစ္စည်းတွေပဲ ဆိုတော့ သိပ်မကြာလောက်ပါဘူး .. ရှောင်ချဲ့ ... အခု ဒါက မမတို့ရဲ့ အိမ်အသစ်ပဲ ရှောင်ချဲ့ မမ ချန်ချန် ပြီးတော့ ရှောင်ချန်နဲ့ ကျန်တဲ့သူတွေ အကုန်လုံး အသက်ရှင် နေရမယ်နော်"
ယွင်ယောင် ဝမ်းနည်းလာပြီး သူမ မျက်ဝန်းများမှာလည်း အရည်လဲ့လာသည်။ တာဝန်ဆောင်ရွက်သည့်အခါ သူမလိုက်ပါ လုပ်ဆောင်ခြင်း မရှိတော့သော်လည်း ကပ်ဘေး ကာလတွင် အိမ်တစ်လုံး ရရန် အလွန် ခက်ခဲသည်ကို သူမသိသည်။ သူမ၏ ခွန်အားများကို ထိုအိမ်အတွက် များစွာ ကြိုးစားခဲ့ပြီး ရှေ့ဆက်၍လည်း ကြိုးစားဉီးမည် ဖြစ်သည်။ ထိုနည်းလမ်းကသာ သူမ၏မိသားစုကို ဘေးကင်းစွာ ကာကွယ် ပေးနိုင်မည် ဖြစ်သည်။
"အင်း"
သူမ၏ပျော်ရွှင်နေသောအကြည့်ကြောင့် ယွင်ချဲ့ လည်း ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။ သူတို့အသက်ရှင် ကျန်မည် သာမက တခြားသူများထက် ပိုမိုကောင်းမွန်းသော ဘဝတွင် နေထိုင်ရမည်ကို ယွင်ချဲ့ သေချာသိထားသည်။ ယနေ့ တာဝန်အတွက် ချူးဟောင်လင်း အတူ မလိုက်သွားဘဲ စားပွဲပေါ်တွင် လှဲနေရင်း မကြာခဏ သက်ပြင်း ချနေသည်။ ငွေစာရင်း စစ်ဆေးနေသော ကူးမင်ရွှမ်း သည်းမခံနိုင်တော့ဘဲ မကြာခဏသက်ပြင်းချနေသော ချူးဟောင်လင်းကို မကျေနပ်စွာ စိုက်ကြည့်လျက် ...
"မင်းတိတ်တိတ်လေး နေလို့မရဘူးလား ... ဒီလောက် ပျင်းနေရင်လည်း တံတိုင်းဆောက်တာကို သွားကူပေးနေလိုက်"
ချူးဟောင်လင်း ထိုသို့ ဖြစ်နေသည်ကို ဘုရားကသာ သိလိမ့်မည်။ နေ့လယ်စာ စားပြီးသည့် အချိန်ကတည်းက ထိုသို့ ပြုမူနေခြင်း ဖြစ်သည်။
"အစ်ကို မင်ရွှမ်း နည်းနည်းလောက်တောင် စိတ်မပူဘူးလား"
နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ၏သက်ပြင်း ချသံများကို တုံ့ပြန်လာပေသည်။ ချူးဟောင်လင်းလည်း ကူးမင်ရွှမ်း အနားတွင် ထိုင်လိုက်ပြီး ကူးမင်ရွှမ်းက ပြန်ဖြေရန် အချိန်မရှိသဖြင့် အမှုမဲ့ အမှတ်မဲ့ပင် ပြန်ဖြေလိုက်သည်။
"ဘာကိုလဲ"
"ဒါကို ခဏလောက် ရပ်ထားလို့ မရဘူးလား"
ကူးမက်ရွှမ်း၏ စာအုပ်ကို ချူးဟောင်လင်း ရုတ်တရက် ပိတ်လိုက်ပြီး မျက်နှာတည်နှင့် ကြည့်ကာ ...
"အစ်ကိုလည်း သိပါတယ် ချဲ့ရဲ့အိမ်က မကြာခင် ဆောက်ပြီးတော့မှာ .. နေ့လယ်စာ စားပြီး သွားဖို့လုပ်တော့ မမယောင်က ဒီနေ့ မဟုတ်ရင် မနက်ဖြန် ပြောင်းမယ်တဲ့ အဲဒီအိမ်ကိုသူတို့ပြောင်းသွားရင် ကျွန်တော်တို့ကို ဘယ်သူ ချက်ကျွေးမှာလဲ။ သူတို့နဲ့အတူ နေ့တိုင်း စားချင်တယ်ဆိုရင် ချဲ့ က ငါတို့ကို ရိုက်လွှတ် လောက်မလား"
ချူးဟောင်လင်း တစ်နေ့လုံး နေမထိထိုင်မသာ ဖြစ်နေခြင်းက ထို့အကြောင်းကြောင့်ပါလား။
“အင်း .. မင်းကိုတော့ မသိဘူး။ ဒါပေမဲ့ ငါနဲ့ခေါင်းဆောင်ကတော့ အဆင်ပြေ လောက်လိမ့်မယ်”
ကူးမင်ရွှမ်း စိတ်ပျက်အောင် ပြောနေခြင်း မဟုတ်ဘဲ အမှန်ကို ပြောနေခြင်းပက်။ သူတို့၏ခေါင်းဆောင်က ယွင်ချဲ့၏ ချစ်သူ ဖြစ်နေသောကြောင့် ထမင်းစားသောက်ချိန်တွင် သာမက အခြား အချိန်များတွင်လည်း လွတ်လပ်စွာ သွားရောက်နိုင်သည်။ ကူးမင်ရွှမ်း သည်လည်း ယွင်ယောင်၊ ချန်ချန် တို့နှင့် ရင်းနှီးပြီးသူ ဖြစ်သဖြင့် ယွင်ယောင်က ဖိတ်ခေါ်လျှင် ယွင်ချဲ့လည်း ငြင်းဆန်လိမ့်မည် မဟုတ်ပေ။ သို့သော် ချူးဟောင်လင်းမှာ စိတ်ညစ်စရာ ကောင်းသည်ဟု ယွင်ချဲ့ တွေးနိုင်သဖြင့် သူ့အတွက် မလွယ်ကူပေ။
"ဟင် ဘာလို့လဲ ခေါင်းဆောင်က အခွင့်အရေး ရှိတဲ့သူဆိုတာတော့ နားလည်ပေးလို့ ရတယ် ဒါပေမယ့် အစ်ကိုက ဘာလို့ ... မရဘူး ကျွန်တော့်ကို ဖြေရှင်းပေးရမယ် ချဲ့ အိမ်က မမယောင်ရဲ့ ဟင်းလက်ရာတွေ စားချင်တယ် ... ကျွန်တော် ..."
စိတ်ဒုက္ခ ရောက်နေသည့် အလား ဆံပင်များကို ဖွာရင်း ချိုချဉ်မရသော ကလေး တစ်ယောက်ကဲ့သို့ ကူးမင်ရွှမ်းကို ချူးဟောင်လင်း ဂျီကျနေသည်။
"တော်တော့"
အကြောင်းအရာ တစ်ခုတည်းကိုပင် ထပ်ခါထပ်ခါ ပြောဆိုနေသော ချူးဟောင်လင်းကို ကူးမင်ရွှမ်း စိတ်မရှည် ဖြစ်လာပြီး မျက်မှန်ကို ချွတ်ကာ မျက်လုံးကို ပွတ်လိုက်သည်။
"မျက်နှာပြောင်နဲ့သာ ဝင်စားလိုက်ကွာ"
သူ့ကို စိတ်ဆိုးမိသော်လည်း သူတို့အလို လိုက်ခဲ့သဖြင့် ဘာမှမတတ်နိုင်ပေ။ အခြားသူများက သက်တူရွယ်တူ ရှိကြပြီး ချူးဟောင်လင်းက အငယ်ဆုံး ဖြစ်သည့်အပြင် အခြားအဖွဲ့များ၏ အငယ်ဆုံးထက် ၂ နှစ်ပင် ပိုငယ်သေးသည်။ အဖွဲ့သို့ ဝင်လာစဉ်က မျောက်ရှုံးအောင် ဆော့တတ်သော ၁၄ နှစ် အရွယ်သာ ရှိသေးသည်။ သူတို့ အလိုလိုက်ခဲ့ခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။ လူဆိုသည်မှာ ကိုယ်လုပ်သည့် အမှားကို တာဝန်ယူရမည် မဟုတ်လား။
"ကျွန်တော် မျက်နှာပြောင် တယ်ပေါ့လေ"
"မဟုတ်ဘူးလား"
ကူးမင်ရွှမ်း စားပွဲပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာရှုံ့ပြကာ စိတ်ထဲမှလည်း ကျိန်ဆဲလိုက်သည်။
'တစ်ယောက်ယောက် ဒီကောင်ကို ခေါ်သွားကြပါလား တကယ် အာရုံနောက်တဲ့ကောင်'
"ဘာလုပ်နေကြတာလဲ ... ဒါနဲ့ မင်းမျက်နှာကြီးက ဘာလို့ ဆူပုတ်နေတာလဲ"
အပြင်က ပြန်လာခဲ့သော ယန်းဟွိုင်အန်း ရေတစ်ခွက် သောက်ကာ မေးလိုက်သည်။ ဝမ်အန်းရှိ မြို့ထဲ တစ်နေရာတွင် တာဝန်တစ်ခုနှင့် အဖွဲ့ကို ဉီးဆောင် ထွက်သွားခဲ့ပြီး တစ်နာရီလောက် ပြန်ရောက်လာသည်။
"ဘာလုပ်နေတာလဲ ဆိုတော့ ဟောင်လင်းက ယွင်ချဲ့ တို့ဆီမှာ ဘယ်လို ကုန်းဆင်းရမလဲ ကြံနေတာလေ"
ကူးမင်ရွှမ်း ထိုင်ရာမှ ထလာကာ ပြောလိုက်သည်။ သူသာ ယွင်ချဲ့ ဆိုပါက အခြားသူ မွဲပြာကျသည် အထိ ကုန်းဆင်းမည့် ချူးဟောင်လင်းကို လက်ခံမည် မဟုတ်ပေ။
"ဘာတွေစိတ်ပူနေတာလဲ ... သူတို့ထဲက တစ်ယောက်ကို ဟောင်လင်း လက်ထပ် နိုင်တယ်လို့ ခေါင်းဆောင် ပြောလိုက်တယ်"
ယန်းဟွိုင်အန်း စနောက်ကာ ပြောလိုက်သည်။
"ဟောင်လင်း ဒီမှာကြည့် .. ယွင်ယောင် ယွင်ချဲ့ ရှင်းချန် ကျန်းရှန်နဲ့ ယဲ့ဟန် တို့ကို ဖယ်ထားလိုက် .. ကျိုးဇယ်ယွီနဲ့ လုဟိုင်ရွှမ်းထဲက မင်းရွေးလို့ ရတာပဲလေ"
ညီဖြစ်သူ၏ စိုးရိမ်ပူပန်ခြင်းကို လျစ်လျူရှုပြီး ယန်းဟွိုင်အန်း စကားလမ်းပြောင်းကာ ချူးဟောင်လင်း အတွက် ရွေးချယ်နိုင်ခွင့်ကိုပင် ချုံ့ပေးလိုက်သည်။
"ငါထောက်ခံတယ်"
ချူးဟောင်လင်းကို ပထုတ်ချင်သောကြောင့် ကူးမင်ရွှမ်းလည်း ချက်ချင်းပင် ထိုအကြံကို ထောက်ခံလိုက်သည်။ ချူးဟောင်လင်းသာ ရည်းစား ရသွားလျှင် သူတို့အတွက် အလွန်ဝန်ပေါ့ သွားလိမ့်မည်။ သူဖြစ်ချင်သည်က ထိုမျောက်လောင်းလေး သူ့အနားမှ ဝေးဝေးသွားရန်ပင် ဖြစ်သည်။
"အစ်ကိုတို့ရူးနေလား ကျွန်တော့်ကိုလည်း ကြည့်ဉီး ယောကျ်ားလေးဗျ”
ကံဆိုးစွာ ချူးဟောင်လင်းကို မတုံ့ပြန်တော့သဖြင့် ယန်းဟွိုင်အန်းနှင့် ကူးမင်ရွှမ်းတို့ စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။ သို့သော် ...
"ယာဖေး ဆိုရင်ရော ... သူ့ကောင်လေး လုပ်ပေးလို့ ရတာပဲ"
ဘုန်း
ချူးဟောင်လင်း စကားကြောင့် သူတို့ ထိတ်လန့်သွားပြီး စားပွဲကို ရိုက်မိ လိုက်ကြသည်။ ဘဝင်ခိုက်နေသော ချူးဟောင်လင်းကို ကြည့်ကာ သူ၏ ကိုယ့်ကိုယ်ကို မာန်တက်နေသော စိတ်အား သူတို့ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူဘာများ တွေးနေတာလဲ။ ယာဖေး၏ ကောင်လေးဖ ဖြစ်ချင်သည်တဲ့လား။ ထိုသို့ဖြစ်ရန် ကျန့်ထျန်းလုံ လက်ခံပေးမှ ရနိုင်မည်ဖြစ်ပြီး ထို့အပြင် ...
"အိပ်မက်မက်နေလိုက်၊ ယာဖေးက ငါ့အပိုင်ကွ ငါ့ဇနီးလောင်းကိုထိဖို့ မကြံနဲ့"
ယန်းဟွိုင်အန်း မျက်နှာကိုတည်ကာ ပြောလိုက်သောကြောင့် ချူးဟောင်လင်း၏ အတွေးများ ပျက်သွားရသည်။
"ဟမ် … ဘယ်တုန်းက ဆုံးဖြတ် လိုက်တာလဲ ... ဘာလို့ ကျွန်တော်က မသိရတာလဲ"
ချူးဟောင်လင်း သာမက ကူးမင်ရွှမ်း သည်လည်း ယန်းဟွိုင်အန်းကို နားမလည်စွာ ကြည့်လိုက်သည်။ ယန်းဟွိုင်အန်းက သူမကို ထူးခြားစွာ ဆက်ဆံ နေခဲ့ခြင်းမှာ ကျန့်ယာဖေးမှာ တာဝန် လုပ်ဆောင်ရာတွင် လိုက်လာခဲ့သည့် တစ်ဉီးတည်းသော မိန်းကလေး ဖြစ်သောကြောင့် သူ၏ညီမလေး တစ်ယောက်အဖြစ် သဘောထားသောကြောင့် ဖြစ်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဘယ်အချိန် ကတည်းက ကျန့်ယာဖေးမှာ သူ၏ကောင်မလေး ဖြစ်သွားရတာလဲ။
"သူ့ကိုမရသေးတော့ သေချာပြောလို့ မရသေးဘူး။ ဒါပေမယ့် ငါသူ့ကို ဉီးထားပြီးသား ... အဲဒီတော့ မင်းသူ့ကိုမေ့လိုက် ဟိုင်ရွှမ်နဲ့ ဇယ်ယွီ ၂ ယောက်ထဲက တစ်ယောက်ပဲ ရမယ်"
ကျန့်ယာဖေးကို ယန်းဟွိုင်အန်း မပိုးပန်း ရသေးသော်လည်း ယခု အခြေအနေတွင် အမှန်တိုင်း ပြောရန် မသင့်ပေ။ အရေးကြီးသည်က ချူးဟောင်လင်း၏ အတွေးကို ဖယ်ပစ်နိုင်ရန်ပင်။
"ထားပါတော့ … မမယောင်နဲ့ပဲ စကား သွားပြောတော့မယ် .. ဒါနဲ့ ခေါင်းဆောင် ဘယ်တော့ ပြန်လာမှာလဲ။ ရက်တွေတောင် ကြာပြီ သူ ယွင်ချဲ့ကို သတိမရဘူးလား"
လက်ကို ဝှေ့ယမ်းကာ ချူးဟောင်လင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဖုန်းပြောတုန်းက ပြီးတော့မယ်လို့ မော့ဝမ်းယန် ကပြောတာပဲ ... မကြာခင ပြန်လာ လောက်တော့မှာပါ"
ထိုအကြောင်း ပြောသည့်အခါ ကူးမင်ရွှမ်း မျက်နှာတည် လိုက်သည်။ ရှင်းဖုန်း ပြန်လာခဲ့သည့် ညက မော့ဝမ်းယန် ထံမှ ဖုန်းအဆက်အသွယ် ရခဲ့သည်။ ဓါတ်ခွဲခန်း ပြဿနာကို ကိုင်တွယ် ဖြေရှင်းနေပုံသည်။ ထွက်သွားသည်မှာ ရက်အတော်ကြာပြီ ဖြစ်သောကြောင့် အားလုံးကလည်း စိုးရိမ်ပူပန်နေကြသည်။
"အဲဒီသုတေသန အရူးတွေ သူတို့ကိစ္စ သူတို့ သေချာအာရုံစိုက်လို့ မရဘူးလား ... သူတို့ထဲက တစ်ယောက်ယောက် အပစ် မခံရမချင်း ပြဿနာ ရှာတာပြီးမှ မဟုတ်ဘူး"
စစ်သား အများစုက ဒေါသကြီးသူများ ဖြစ်ကြပြီး သမာသမတ် မကျသော ကိစ္စများကို သူတို့ သည်းခံနိုင်မည် မဟုတ်ပေ။
"သူတို့က နိုင်ငံရဲ့ ရတနာတွေပဲ စစ်တပ်က အဲ့လိုလုပ်မှာ မဟုတ်ဘူး .. ခေါင်းဆောင် သူ့ဘာသာ ကြည့်လုပ်လိမ့်မယ်။ ငါတို့က ကိုယ့်အလုပ် ကိုယ်လုပ်ရုံပဲ ဒုတိယ တံတိုင်းဆောက်တာ ပြီးတော့မယ်။ အာဏာပိုင်တွေက တစ်ခုခုတော့ လုပ်မယ်ထင်တာပဲ ... လတ်တလောတော့ တာဝန်သွားတဲ့ အချိန် အဝေးကြီးတွေသာ မသွားနဲ့"
ကူးမင်ရွှမ်း သက်ပြင်းချရင်း မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။ နေရာတိုင်း ထိုကဲ့သို့ပင်။ အမှန်စင်စစ်မှာ အများရှေ့ ချပြရန်အတွက် မြို့တော်ကို ပို၍ တိတ်ဆိတ် ထားခြင်းပင်။ အနောက်တောင် စခန်းမှာ မြို့တော်နှင့် အလှမ်းဝေးပြီး လုပ်ကြံမှုများလည်း နည်းပါးသဖြင့် ပို၍ လွတ်လပ်ပေသည်။
"သိပါပြီ"
ယန်းဟွိုင်အန်းနှင့် ချူးဟောင်လင်းတို့ ခေါင်းညိတ် လိုက်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း စနောက် တတ်ကြသော်လည်း အလုပ်ကိစ္စ ပြောသည့်အခါ နှစ်ယောက်လုံး ကျွမ်းကျင်ကာ စဉ်းစားဆင်ခြင် တတ်သည်။ ပြန်လည် တည်ဆောက် မွမ်းမံခြင်း ပြီးစီးသွားသဖြင့် ပြောင်းရွေ့ရန်သာ ကျန်တော့သည်။ ယွင်ချဲ့ လည်း လုပ်စရာမရှိသဖြင့် နယ်မြေထဲရှိ ယွင်ချန်ကို သွားကြည့်ကာ သတင်းကောင်း ပြောရန်နှင့် ဟေးယွီ ကိုလည်း သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ယွင်ချန် အသက်ရှင်နေပြီး အဆင်ပြေ ကောင်းမွန်စွာ ရှိနေသည်ကို သိသော်လည်း သူ့ကို မမြင်ရလျှင် စိတ်ပူတတ်သဖြင့် နယ်မြေထဲသို့ သွားကာ စစ်ဆေးကြည့်ရှု စစ်ဆေးသော်လည်း တစ်ခါပင် ရှာမတွေ့ခဲ့။ မြူခိုးများက သူ့ကို တားဆီးနေပြီး ထိုမြူများ နောက်ကွယ်တွင် ဟေးယွီ ရှိနေမည်ဟု သူယုံကြည်သည်။
"မမ အစ်ကို မင်ရွှမ်းနဲ့ တခြားသူတွေကို ထမင်းစားဖို့ ခေါ်လိုက်ပါဉီး ... ကျွန်တော် အပေါ်ထပ် ခဏသွားဉီးမယ် ဘယ်သူမှ လာမနှောင့်ယှက် စေနဲ့ဉီး"
ယွင်ယောင်ကို ပြောပြီးနောက် ယွင်ချဲ့ လှည့်ထွက်သွားရာ ယွင်ယောင်က လှမ်းဆွဲလိုက်ပြီး ...
"ဒါနဲ့ .. ရှောင်ချန်က ဘယ်တော့ ထွက်လာမှာလဲ"
ယွင်ချန် ထွက်လာ နိုင်သည်ကို သူမသိပြီး ကတည်းက ယွင်ထျန် ထွက်လာမည့် အချိန်ကို အမြဲတောင့်တ နေခဲ့သည်။
"အင်းပါ မနက်ဖြန်လောက်ပေါ့ ... မနက်ဖြန် အားလုံးကို နားခိုင်းလိုက်ပြီး ရှောင်ချန်ကို အပြင်ခေါ်ထုတ် ကြတာပေါ့"
တုန်ယင်နေသော သူမ၏လက်များကို ကိုင်လိုက်ပြီး ယွင်ချဲ့ ပြုံးပြလေသည်။ လန်ယဲ့ဟန်နှင့် လဟိုင်ရွှမ်းလည်း ပျော်ရွှင်ကြမည်ကို သူတွေးမိသည်။ အထူးသဖြင့် လန်ယဲ့ဟန်မှာ ဘယ်တော့မှ မေးခွန်း မထုတ်ခဲ့သော်လည်း ရင်ထဲတွင် အမြဲသိမ်းထားမည်မှာ သေချာသည်။ ယွင်ချဲ့ထံသို့ အမြုတေများ ပေးသည့် အချိန်တိုင်း သူ၏မျက်ဝန်းများက မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။ အခု နောက်ပိုင်းတွင် မျှော်လင့်ချက်များနှင့် စိုးရိမ်မှုများလည်း ရောနှော လာခဲ့သည်။
"အင်းပါ"
ယွင်ချဲ့ ခေါင်းညိတ် ပြသဖြင့် ယွင်ယောင် မျက်နှာမှာ ပြန်လည်၍ ရွှင်လန်းလာသည်။ မကြာခင် သူမ၏ မောင်လေးကို တွေ့ရတော့မည်။ ဘယ်လိုပုံစံများ ဖြစ်နေမလဲ၊ အရင်ကဲ့သို့ ပျော်ပျော် နေတတ်တုန်းလား။ မည်သို့ပင်ဖြစ်ဖြစ် ရှောင်ချန် အရင်ကဲ့သို့ ပြန်မဖြစ်နိုင် လျှင်တောင်မှ သူမ စောင့်ရှောက် သွားမည်ဖြစ်သည်။
"ဒါဆို အပေါ်သွားပြီး နားတော့မယ်နော် ... ရေခဲသေတ္တာထဲ ပစ္စည်းတွေ ထည့်ထားတယ် ညစာ မစားခင် ပြန်ဆင်းလာခဲ့မယ်"
ယွင်ချဲ့ သူမလက်များကို လွှတ်ပေးကာ အပေါ်ထပ် တက်သွားသည်။ အခုချိန်တွင် အိမ်မှာ ယွင်ချဲ့နှင့် ယွင်ယောင်သာ ရှိသည်။ ယဲ့ရှင်းချန်မှာ နေပြန်ကောင်းလာပြီး နောက်ပိုင်းတွင် တာဝန်များကို ဆောင်ရွက်ရန် အပြင်မကြာခဏ သွားလေသည်။ အိမ်ပြင်သည့် အချိန်ကတည်းက ကျန့်ထျန်းလုံမှာ ကလေး ဆေးပေးခန်းတွင် အလုပ်လုပ်နေပြီး ဝမ်စူးဟွာမှာ နေ့လယ်ခင်း သူမအားသည့် အချိန်တိုင်း အဖွဲ့အစည်းထဲမှ မိန်းကလေးများနှင့် စကား သွားပြောလေ့ရှိပြီး အပြန်တွင် ချန်ချန်ကို မူကြိုမှ ဝင်ကြိုလာလေ့ ရှိသည်။ လူတိုင်းက မိသားစုအတွက် အကောင်းဆုံး ကြိုးစားပြီး အလုပ်လုပ်နေကြပေသည်။
***
Zawgyi
အခန္း (၁ဝ၁)
တာဝန္ၿပီးေျမာက္ ၿပီးေနာက္ ေခ်ာင္းယန္၊ ထိပ္ဉီးႏွင့္ အရႈံးသမား အဖြဲ႕တို႔မွာ အလြန္ေက်ာ္ၾကား လာသည္။ စြမ္းအားရွင္ အဖြဲ႕အစည္းသို႔ သူတို႔ လုပ္ေဆာင္ခဲ့သည့္ အေၾကာင္းမ်ား တင္ျပသည့္အခါ လူအမ်ား အံ့ဩတႀကီး ျဖစ္သြားၾကသည္။ ထို႔အျပင္ တန္ေၾကးျမင့္ေသာ တာဝန္တြင္ အဖြဲ႕ဝင္မ်ား ဒဏ္ရာမရဘဲ အေကာင္းပကတိ ရွိေနၾကသည့္အျပင္ ေလတာ့ရွန္လည္း ကံေကာင္းစြာ အဆင့္ ၃ သို႔ပင္ ေရာက္သြားသည္ကို သိရွိ လိုက္ၾကၿပီးေနာက္ ေနာင္တႀကီးစြာ ရၾကၿပီး သတၱိမရွိခဲ့ၾကသည့္ အတြက္ ကိုယ့္ကိုယ္ကို အျပစ္တင္ ေနၾကေလသည္။ အရႈံးသမား အဖြဲ႕အတြက္ အလြန္ လြယ္ကူေသာ တာဝန္ တစ္ခုကဲ့သို႔ပင္။ ထိုသို႔ေသာ အခြင့္အေရးကို ဆုံးရႈံး လိုက္ရသည္က အလြန္ ဆိုးဝါးလွသည္။
အခုခ်ိန္တြင္ မနာလို အားက်႐ုံက လြဲ၍ ဘာမွ မတတ္နိုင္ေပ။ ထိုတာဝန္ ၿပီးဆုံးၿပီးေနာက္ အဖြဲ႕ဝင္ ဆယ္ေယာက္ပင္ မျပည့္ေသာ ထိပ္ဉီးအဖြဲ႕မွာ အေနာက္ေတာင္ စခန္းတြင္ တတိယ အေကာင္းဆုံး စြမ္းအားရွင္ အဖြဲ႕ျဖစ္လာၿပီး အရႈံးသမား အဖြဲ႕သည္လည္း နံပါတ္ ၈ အတြင္း ဝင္ေရာက္နိုင္ခဲ့ၿပီး အဓိက အေထာက္အပံ့ အဖြဲ႕အျဖစ္ တရားဝင္ သတ္မွတ္ ခံလိုက္ရသည္။
စခန္းအုပ္ခ်ဳပ္ေရး အစိုးရက ထိပ္ဉီး အဖြဲ႕အား အေရးႀကီးေသာ အဖြဲ႕အျဖစ္ ျပဌာန္းခဲ့သည္။ သူတို႔ကို ေစာင့္ၾကည့္ရန္ အတြက္ အႀကိမ္ေပါင္းမ်ားစြာ လူလႊတ္ခဲ့ေသာ္လည္း ရလဒ္မ်ားမွာ အားရဖြယ္ မရွိခဲ့ေပ။ လုဟိုင္႐ႊမ္း ကိစၥႏွင့္ စြမ္းအားရွင္ အဖြဲ႕အစည္း ကိစၥမ်ားမွာ ထိပ္ဉီးအဖြဲ႕ႏွင့္ ဆက္ႏႊယ္ ေနျခင္းေၾကာင့္ စစ္တပ္က ထပ္ဉီးအဖြဲ႕ကို သြယ္ဝိုက္၍ ႏွစ္ႀကိမ္၊ တိုက္ရိုက္တစ္ႀကိမ္ အျပစ္က်ဴးလြန္ခဲ့သည္။ ထို႔အျပင္ ထိပ္ဉီးအဖြဲ႕မွာ ေခ်ာင္းယန္ အဖြဲ႕ႏွင့္အတူ ရွိေနျခင္းေၾကာင္း ရွင္းဖုန္း ႏွင့္လည္း အလြန္ ရင္းႏွီးပုံပင္။ ေမာ့ စစ္တပ္အဖြဲ႕မွ လြဲ၍ က်န္ေသာ အာဏာပိုင္ အဖြဲ႕မ်ားက ေဒါသမီးေတာက္ ေနၾကသည္။ သူတို႔က ဘာေၾကာင့္ လူေကာင္းေတြပဲ ရေနတာလဲ။
ထို႔အျပင္ အျမင့္ဆုံးေသာ တာဝန္ကို ၿပီးေျမာက္ခဲ့ျခင္းက ထိပ္ဉီးအဖြဲ႕ကို ေအာင္ျမင္သြားေစခဲ့ၿပီး အဖြဲ႕ဝင္မ်ားမွာလည္း ထူးျခား ေျပာင္ေျမာက္ေသာ စြမ္းအားမ်ား ရွိသည့္အေၾကာင္းက ေတာမီးသဖြယ္ လ်င္ျမန္စြာ ပ်ံ့သြားေလရာ ေခ်ာင္းယန္ အဖြဲ႕မွာ ပို၍ေက်ာ္ၾကား လာသည္။
သို႔ေသာ္ မၾကာလိုက္သည့္ အခ်ိန္တြင္ ေခ်ာင္းယန္ အဖြဲ႕မွာ ခ်ဥ္းကပ္၍ မရေတာ့သည့္အျပင္ ထိပ္ဉီး အဖြဲ႕ကလည္း အလြန္ ပေဟဠိ ဆန္သည္ကို သိသြားေလရာ အားလုံး အံ့အားသင့္ကုန္ေလသည္။ သူတို႔အဖြဲ႕သည္ ေန႕တိုင္းပင္ တာဝန္ကိစၥရပ္မ်ား အေၾကာင္း ေလ့လာရန္ စြမ္းအားရွင္ အဖြဲ႕အစည္းသို႔ ေရာက္လာၿပီး ခက္ခဲေသာ တာဝန္မ်ားကိုသာ ေ႐ြးခ်ယ္ေလ့ ရွိသည္။ အျခားေသာ အဖြဲ႕မ်ားမွာလည္း သင္ခန္းစာ ရကုန္သျဖင့္ S အဆင့္ထက္ျမင့္ေသာ တာဝန္မ်ားကိုသာ ေ႐ြးခ်ယ္ လာၾကသည္။
ယြင္ခ်ဲ့ ႏွင့္အတူ လိုက္လာၾကသည့္ က်န္းယြမ္ႏွင့္ သူငယ္ခ်င္း သုံးေယာက္မွာ စြမ္းအားရွင္မ်ား ရွိေသာ ေနရာ D တြင္ အိမ္တစ္လုံး ေပးထားလိုက္ၿပီး သူတို႔အတြက္ လိုအပ္ေသာ ပစၥည္းမ်ားကိုလည္း ေပးထားခဲ့သည္။ ယြင္ခ်ဲ့က သူတို႔အဖြဲ႕ထဲ မထည့္လိုေၾကာင္း သိလိုက္ရသည့္ အခါ သူတို႔ဝမ္းနည္း စိတ္ပ်က္ခဲ့ ရေသာ္လည္း အားတင္းကာ စစ္တပ္နဲ႕ အျခားအဖြဲ႕မ်ား ကမ္းလွမ္း လာသည္ကို ျငင္းဆန္ခဲ့ၿပီး သူတို႔ ေလးဉီးတည္းႏွင့္ အဖြဲ႕ဖြဲ႕ခဲ့သည္။
အဖြဲ႕ကို တရားဝင္စာရင္း ေပးထားျခင္း မရွိဘဲ တာဝန္မ်ား လုပ္ေဆာင္သည့္အခါ တစ္ေယာက္စီသာ လုပ္ေလ့ရွိသည္။ တာဝန္မ်ား လုပ္ေဆာင္လ်က္ သူတို႔၏ မိသားစုမ်ားကိုလည္း ရွာေဖြေနၾကၿပီး စြမ္းအားမ်ားကိုလည္း ေလ့က်င့္ျမႇင့္တင္ကာ တစ္ေန႕ ယြင္ခ်ဲ့ လိုအပ္သည္ႏွင့္ ကိုက္ညီ သြားခဲ့လွ်င္ ထိပ္ဉီး အဖြဲ႕သို႔ ဝင္နိုင္မည္ဟု ေမွ်ာ္လင့္ ထားၾကသည္။
အလြန္ နာမည္ႀကီး သူမ်ားမွာ ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔ပင္ ျဖစ္သည္။ စခန္းသို႔ ရွင္းဖုန္းျပန္ေရာက္လာသည့္ ညတြင္ ေမာ့ဝမ္းယန္က ဖုန္းဆက္ကာ အကူအညီ လွမ္းေတာင္းသည္။ သူအိမ္ျပန္ မလာခဲ့သည္မွာ ရက္အေတာ္ၾကာေနၿပီး ယြင္ခ်ဲ့လည္း သူ၏ အိမ္အသစ္သို႔ အျမန္ ေျပာင္းေ႐ြ႕ခ်င္ေနေလသည္။ ထူးထူးျခားျခား လုပ္စရာ မရွိျခင္းေၾကာင့္ တစ္ေန႕လုံး ေဟးယြီ၏ အခန္းသို႔ မြမ္းမံျပင္ဆင္ ေပးေနသည္။ ျပင္ဆင္ၿပီးေနာက္ လုဟိုင္႐ႊမ္းႏွင့္ က်န္းရွန္ကို တတိယအထပ္ႏွင့္ အေပၚဆုံး အထပ္ၾကား သံတိုင္ တံခါးမ်ားျဖင့္ ပိတ္ထားရန္ အကူအညီ ေတာင္းလိုက္ၿပီး ဝင္ေပါက္တြင္လည္း လုံၿခဳံေရး တံခါးတစ္ခု တပ္ဆင္ ခိုင္းလိုက္သည္။ ထိုအရာမ်ားေဆာက္လုပ္ၿပီးစီးရန္ ရက္အေတာ္ၾကာေအာင္ အခ်ိန္ယူခဲ့ရသည္။
"အကုန္ၿပီးၿပီ ယဲ့ဟန္ ေျပာင္းလာတာပဲ ေစာင့္ရေတာ့မယ္ ... ဒီမွာပဲ ထမင္းဟင္းခ်က္ စားေသာက္ၾကမယ္ ဆိုေတာ့ အစ္ကို မင္႐ႊမ္းနဲ႕ သူ႕လူေတြကိုပါ ေခၚလိုက္ဉီး ... အိမ္တက္ပြဲက အိမ္မွာေနတဲ့ သူေတြကို ကံေကာင္း ေစတယ္တဲ့"
ရက္ ၃ဝ နီးပါးၾကာေအာင္ အိမ္ကို ျပင္ဆင္ခဲ့ၿပီးေနာက္ အိမ္ေရွ႕တြင္ ရပ္လ်က္ ယြင္ခ်ဲ့က ယြင္ေယာင္ ပခုံးကို ဖက္ထားကာ သူတို႔၏ အိမ္အသစ္ကို ၾကည့္ေနၾကေလသည္။
"ေကာင္းၿပီေလ ခ်န္ခ်န္ ပစၥည္းေတြနဲ႕ မမပစၥည္းေတြ ဒီကို ယူလာလိုက္မယ္ ကေလးနဲ႕ မိန္းကေလး ပစၥည္းေတြပဲ ဆိုေတာ့ သိပ္မၾကာေလာက္ပါဘူး .. ေရွာင္ခ်ဲ့ ... အခု ဒါက မမတို႔ရဲ႕ အိမ္အသစ္ပဲ ေရွာင္ခ်ဲ့ မမ ခ်န္ခ်န္ ၿပီးေတာ့ ေရွာင္ခ်န္နဲ႕ က်န္တဲ့သူေတြ အကုန္လုံး အသက္ရွင္ ေနရမယ္ေနာ္"
ယြင္ေယာင္ ဝမ္းနည္းလာၿပီး သူမ မ်က္ဝန္းမ်ားမွာလည္း အရည္လဲ့လာသည္။ တာဝန္ေဆာင္႐ြက္သည့္အခါ သူမလိုက္ပါ လုပ္ေဆာင္ျခင္း မရွိေတာ့ေသာ္လည္း ကပ္ေဘး ကာလတြင္ အိမ္တစ္လုံး ရရန္ အလြန္ ခက္ခဲသည္ကို သူမသိသည္။ သူမ၏ ခြန္အားမ်ားကို ထိုအိမ္အတြက္ မ်ားစြာ ႀကိဳးစားခဲ့ၿပီး ေရွ႕ဆက္၍လည္း ႀကိဳးစားဉီးမည္ ျဖစ္သည္။ ထိုနည္းလမ္းကသာ သူမ၏မိသားစုကို ေဘးကင္းစြာ ကာကြယ္ ေပးနိုင္မည္ ျဖစ္သည္။
"အင္း"
သူမ၏ေပ်ာ္႐ႊင္ေနေသာအၾကည့္ေၾကာင့္ ယြင္ခ်ဲ့ လည္း ယုံၾကည္ခ်က္ရွိရွိ ၿပဳံးလိုက္သည္။ သူတို႔အသက္ရွင္ က်န္မည္ သာမက တျခားသူမ်ားထက္ ပိုမိုေကာင္းမြန္းေသာ ဘဝတြင္ ေနထိုင္ရမည္ကို ယြင္ခ်ဲ့ ေသခ်ာသိထားသည္။ ယေန႕ တာဝန္အတြက္ ခ်ဴးေဟာင္လင္း အတူ မလိုက္သြားဘဲ စားပြဲေပၚတြင္ လွဲေနရင္း မၾကာခဏ သက္ျပင္း ခ်ေနသည္။ ေငြစာရင္း စစ္ေဆးေနေသာ ကူးမင္႐ႊမ္း သည္းမခံနိုင္ေတာ့ဘဲ မၾကာခဏသက္ျပင္းခ်ေနေသာ ခ်ဴးေဟာင္လင္းကို မေက်နပ္စြာ စိုက္ၾကည့္လ်က္ ...
"မင္းတိတ္တိတ္ေလး ေနလို႔မရဘူးလား ... ဒီေလာက္ ပ်င္းေနရင္လည္း တံတိုင္းေဆာက္တာကို သြားကူေပးေနလိုက္"
ခ်ဴးေဟာင္လင္း ထိုသို႔ ျဖစ္ေနသည္ကို ဘုရားကသာ သိလိမ့္မည္။ ေန႕လယ္စာ စားၿပီးသည့္ အခ်ိန္ကတည္းက ထိုသို႔ ျပဳမူေနျခင္း ျဖစ္သည္။
"အစ္ကို မင္႐ႊမ္း နည္းနည္းေလာက္ေတာင္ စိတ္မပူဘူးလား"
ေနာက္ဆုံးေတာ့ တစ္ေယာက္ေယာက္က သူ၏သက္ျပင္း ခ်သံမ်ားကို တုံ႕ျပန္လာေပသည္။ ခ်ဴးေဟာင္လင္းလည္း ကူးမင္႐ႊမ္း အနားတြင္ ထိုင္လိုက္ၿပီး ကူးမင္႐ႊမ္းက ျပန္ေျဖရန္ အခ်ိန္မရွိသျဖင့္ အမႈမဲ့ အမွတ္မဲ့ပင္ ျပန္ေျဖလိုက္သည္။
"ဘာကိုလဲ"
"ဒါကို ခဏေလာက္ ရပ္ထားလို႔ မရဘူးလား"
ကူးမက္႐ႊမ္း၏ စာအုပ္ကို ခ်ဴးေဟာင္လင္း ႐ုတ္တရက္ ပိတ္လိုက္ၿပီး မ်က္ႏွာတည္ႏွင့္ ၾကည့္ကာ ...
"အစ္ကိုလည္း သိပါတယ္ ခ်ဲ့ရဲ႕အိမ္က မၾကာခင္ ေဆာက္ၿပီးေတာ့မွာ .. ေန႕လယ္စာ စားၿပီး သြားဖို႔လုပ္ေတာ့ မမေယာင္က ဒီေန႕ မဟုတ္ရင္ မနက္ျဖန္ ေျပာင္းမယ္တဲ့ အဲဒီအိမ္ကိုသူတို႔ေျပာင္းသြားရင္ ကြၽန္ေတာ္တို႔ကို ဘယ္သူ ခ်က္ေကြၽးမွာလဲ။ သူတို႔နဲ႕အတူ ေန႕တိုင္း စားခ်င္တယ္ဆိုရင္ ခ်ဲ့ က ငါတို႔ကို ရိုက္လႊတ္ ေလာက္မလား"
ခ်ဴးေဟာင္လင္း တစ္ေန႕လုံး ေနမထိထိုင္မသာ ျဖစ္ေနျခင္းက ထို႔အေၾကာင္းေၾကာင့္ပါလား။
“အင္း .. မင္းကိုေတာ့ မသိဘူး။ ဒါေပမဲ့ ငါနဲ႕ေခါင္းေဆာင္ကေတာ့ အဆင္ေျပ ေလာက္လိမ့္မယ္”
ကူးမင္႐ႊမ္း စိတ္ပ်က္ေအာင္ ေျပာေနျခင္း မဟုတ္ဘဲ အမွန္ကို ေျပာေနျခင္းပက္။ သူတို႔၏ေခါင္းေဆာင္က ယြင္ခ်ဲ့၏ ခ်စ္သူ ျဖစ္ေနေသာေၾကာင့္ ထမင္းစားေသာက္ခ်ိန္တြင္ သာမက အျခား အခ်ိန္မ်ားတြင္လည္း လြတ္လပ္စြာ သြားေရာက္နိုင္သည္။ ကူးမင္႐ႊမ္း သည္လည္း ယြင္ေယာင္၊ ခ်န္ခ်န္ တို႔ႏွင့္ ရင္းႏွီးၿပီးသူ ျဖစ္သျဖင့္ ယြင္ေယာင္က ဖိတ္ေခၚလွ်င္ ယြင္ခ်ဲ့လည္း ျငင္းဆန္လိမ့္မည္ မဟုတ္ေပ။ သို႔ေသာ္ ခ်ဴးေဟာင္လင္းမွာ စိတ္ညစ္စရာ ေကာင္းသည္ဟု ယြင္ခ်ဲ့ ေတြးနိုင္သျဖင့္ သူ႕အတြက္ မလြယ္ကူေပ။
"ဟင္ ဘာလို႔လဲ ေခါင္းေဆာင္က အခြင့္အေရး ရွိတဲ့သူဆိုတာေတာ့ နားလည္ေပးလို႔ ရတယ္ ဒါေပမယ့္ အစ္ကိုက ဘာလို႔ ... မရဘူး ကြၽန္ေတာ့္ကို ေျဖရွင္းေပးရမယ္ ခ်ဲ့ အိမ္က မမေယာင္ရဲ႕ ဟင္းလက္ရာေတြ စားခ်င္တယ္ ... ကြၽန္ေတာ္ ..."
စိတ္ဒုကၡ ေရာက္ေနသည့္ အလား ဆံပင္မ်ားကို ဖြာရင္း ခ်ိဳခ်ဥ္မရေသာ ကေလး တစ္ေယာက္ကဲ့သို႔ ကူးမင္႐ႊမ္းကို ခ်ဴးေဟာင္လင္း ဂ်ီက်ေနသည္။
"ေတာ္ေတာ့"
အေၾကာင္းအရာ တစ္ခုတည္းကိုပင္ ထပ္ခါထပ္ခါ ေျပာဆိုေနေသာ ခ်ဴးေဟာင္လင္းကို ကူးမင္႐ႊမ္း စိတ္မရွည္ ျဖစ္လာၿပီး မ်က္မွန္ကို ခြၽတ္ကာ မ်က္လုံးကို ပြတ္လိုက္သည္။
"မ်က္ႏွာေျပာင္နဲ႕သာ ဝင္စားလိုက္ကြာ"
သူ႕ကို စိတ္ဆိုးမိေသာ္လည္း သူတို႔အလို လိုက္ခဲ့သျဖင့္ ဘာမွမတတ္နိုင္ေပ။ အျခားသူမ်ားက သက္တူ႐ြယ္တူ ရွိၾကၿပီး ခ်ဴးေဟာင္လင္းက အငယ္ဆုံး ျဖစ္သည့္အျပင္ အျခားအဖြဲ႕မ်ား၏ အငယ္ဆုံးထက္ ၂ ႏွစ္ပင္ ပိုငယ္ေသးသည္။ အဖြဲ႕သို႔ ဝင္လာစဥ္က ေမ်ာက္ရႈံးေအာင္ ေဆာ့တတ္ေသာ ၁၄ ႏွစ္ အ႐ြယ္သာ ရွိေသးသည္။ သူတို႔ အလိုလိုက္ခဲ့ျခင္း၏ အက်ိဳးဆက္မ်ားပင္ ျဖစ္သည္။ လူဆိုသည္မွာ ကိုယ္လုပ္သည့္ အမွားကို တာဝန္ယူရမည္ မဟုတ္လား။
"ကြၽန္ေတာ္ မ်က္ႏွာေျပာင္ တယ္ေပါ့ေလ"
"မဟုတ္ဘူးလား"
ကူးမင္႐ႊမ္း စားပြဲေပၚတြင္ ထိုင္လိုက္ၿပီး မ်က္ႏွာရႈံ႕ျပကာ စိတ္ထဲမွလည္း က်ိန္ဆဲလိုက္သည္။
'တစ္ေယာက္ေယာက္ ဒီေကာင္ကို ေခၚသြားၾကပါလား တကယ္ အာ႐ုံေနာက္တဲ့ေကာင္'
"ဘာလုပ္ေနၾကတာလဲ ... ဒါနဲ႕ မင္းမ်က္ႏွာႀကီးက ဘာလို႔ ဆူပုတ္ေနတာလဲ"
အျပင္က ျပန္လာခဲ့ေသာ ယန္းဟြိုင္အန္း ေရတစ္ခြက္ ေသာက္ကာ ေမးလိုက္သည္။ ဝမ္အန္းရွိ ၿမိဳ႕ထဲ တစ္ေနရာတြင္ တာဝန္တစ္ခုႏွင့္ အဖြဲ႕ကို ဉီးေဆာင္ ထြက္သြားခဲ့ၿပီး တစ္နာရီေလာက္ ျပန္ေရာက္လာသည္။
"ဘာလုပ္ေနတာလဲ ဆိုေတာ့ ေဟာင္လင္းက ယြင္ခ်ဲ့ တို႔ဆီမွာ ဘယ္လို ကုန္းဆင္းရမလဲ ႀကံေနတာေလ"
ကူးမင္႐ႊမ္း ထိုင္ရာမွ ထလာကာ ေျပာလိုက္သည္။ သူသာ ယြင္ခ်ဲ့ ဆိုပါက အျခားသူ မြဲျပာက်သည္ အထိ ကုန္းဆင္းမည့္ ခ်ဴးေဟာင္လင္းကို လက္ခံမည္ မဟုတ္ေပ။
"ဘာေတြစိတ္ပူေနတာလဲ ... သူတို႔ထဲက တစ္ေယာက္ကို ေဟာင္လင္း လက္ထပ္ နိုင္တယ္လို႔ ေခါင္းေဆာင္ ေျပာလိုက္တယ္"
ယန္းဟြိုင္အန္း စေနာက္ကာ ေျပာလိုက္သည္။
"ေဟာင္လင္း ဒီမွာၾကည့္ .. ယြင္ေယာင္ ယြင္ခ်ဲ့ ရွင္းခ်န္ က်န္းရွန္နဲ႕ ယဲ့ဟန္ တို႔ကို ဖယ္ထားလိုက္ .. က်ိဳးဇယ္ယြီနဲ႕ လုဟိုင္႐ႊမ္းထဲက မင္းေ႐ြးလို႔ ရတာပဲေလ"
ညီျဖစ္သူ၏ စိုးရိမ္ပူပန္ျခင္းကို လ်စ္လ်ဴရႈၿပီး ယန္းဟြိုင္အန္း စကားလမ္းေျပာင္းကာ ခ်ဴးေဟာင္လင္း အတြက္ ေ႐ြးခ်ယ္နိုင္ခြင့္ကိုပင္ ခ်ဳံ႕ေပးလိုက္သည္။
"ငါေထာက္ခံတယ္"
ခ်ဴးေဟာင္လင္းကို ပထုတ္ခ်င္ေသာေၾကာင့္ ကူးမင္႐ႊမ္းလည္း ခ်က္ခ်င္းပင္ ထိုအႀကံကို ေထာက္ခံလိုက္သည္။ ခ်ဴးေဟာင္လင္းသာ ရည္းစား ရသြားလွ်င္ သူတို႔အတြက္ အလြန္ဝန္ေပါ့ သြားလိမ့္မည္။ သူျဖစ္ခ်င္သည္က ထိုေမ်ာက္ေလာင္းေလး သူ႕အနားမွ ေဝးေဝးသြားရန္ပင္ ျဖစ္သည္။
"အစ္ကိုတို႔႐ူးေနလား ကြၽန္ေတာ့္ကိုလည္း ၾကည့္ဉီး ေယာက်္ားေလးဗ်”
ကံဆိုးစြာ ခ်ဴးေဟာင္လင္းကို မတုံ႕ျပန္ေတာ့သျဖင့္ ယန္းဟြိုင္အန္းႏွင့္ ကူးမင္႐ႊမ္းတို႔ စိတ္ပ်က္စြာ ၾကည့္လိုက္ၾကသည္။ သို႔ေသာ္ ...
"ယာေဖး ဆိုရင္ေရာ ... သူ႕ေကာင္ေလး လုပ္ေပးလို႔ ရတာပဲ"
ဘုန္း
ခ်ဴးေဟာင္လင္း စကားေၾကာင့္ သူတို႔ ထိတ္လန့္သြားၿပီး စားပြဲကို ရိုက္မိ လိုက္ၾကသည္။ ဘဝင္ခိုက္ေနေသာ ခ်ဴးေဟာင္လင္းကို ၾကည့္ကာ သူ၏ ကိုယ့္ကိုယ္ကို မာန္တက္ေနေသာ စိတ္အား သူတို႔ မယုံၾကည္နိုင္ ျဖစ္သြားရသည္။ သူဘာမ်ား ေတြးေနတာလဲ။ ယာေဖး၏ ေကာင္ေလးဖ ျဖစ္ခ်င္သည္တဲ့လား။ ထိုသို႔ျဖစ္ရန္ က်န့္ထ်န္းလုံ လက္ခံေပးမွ ရနိုင္မည္ျဖစ္ၿပီး ထို႔အျပင္ ...
"အိပ္မက္မက္ေနလိုက္၊ ယာေဖးက ငါ့အပိုင္ကြ ငါ့ဇနီးေလာင္းကိုထိဖို႔ မႀကံနဲ႕"
ယန္းဟြိုင္အန္း မ်က္ႏွာကိုတည္ကာ ေျပာလိုက္ေသာေၾကာင့္ ခ်ဴးေဟာင္လင္း၏ အေတြးမ်ား ပ်က္သြားရသည္။
"ဟမ္ … ဘယ္တုန္းက ဆုံးျဖတ္ လိုက္တာလဲ ... ဘာလို႔ ကြၽန္ေတာ္က မသိရတာလဲ"
ခ်ဴးေဟာင္လင္း သာမက ကူးမင္႐ႊမ္း သည္လည္း ယန္းဟြိုင္အန္းကို နားမလည္စြာ ၾကည့္လိုက္သည္။ ယန္းဟြိုင္အန္းက သူမကို ထူးျခားစြာ ဆက္ဆံ ေနခဲ့ျခင္းမွာ က်န့္ယာေဖးမွာ တာဝန္ လုပ္ေဆာင္ရာတြင္ လိုက္လာခဲ့သည့္ တစ္ဉီးတည္းေသာ မိန္းကေလး ျဖစ္ေသာေၾကာင့္ သူ၏ညီမေလး တစ္ေယာက္အျဖစ္ သေဘာထားေသာေၾကာင့္ ျဖစ္မည္ဟု ထင္ခဲ့ၾကသည္။ သို႔ေသာ္ ဘယ္အခ်ိန္ ကတည္းက က်န့္ယာေဖးမွာ သူ၏ေကာင္မေလး ျဖစ္သြားရတာလဲ။
"သူ႕ကိုမရေသးေတာ့ ေသခ်ာေျပာလို႔ မရေသးဘူး။ ဒါေပမယ့္ ငါသူ႕ကို ဉီးထားၿပီးသား ... အဲဒီေတာ့ မင္းသူ႕ကိုေမ့လိုက္ ဟိုင္႐ႊမ္နဲ႕ ဇယ္ယြီ ၂ ေယာက္ထဲက တစ္ေယာက္ပဲ ရမယ္"
က်န့္ယာေဖးကို ယန္းဟြိုင္အန္း မပိုးပန္း ရေသးေသာ္လည္း ယခု အေျခအေနတြင္ အမွန္တိုင္း ေျပာရန္ မသင့္ေပ။ အေရးႀကီးသည္က ခ်ဴးေဟာင္လင္း၏ အေတြးကို ဖယ္ပစ္နိုင္ရန္ပင္။
"ထားပါေတာ့ … မမေယာင္နဲ႕ပဲ စကား သြားေျပာေတာ့မယ္ .. ဒါနဲ႕ ေခါင္းေဆာင္ ဘယ္ေတာ့ ျပန္လာမွာလဲ။ ရက္ေတြေတာင္ ၾကာၿပီ သူ ယြင္ခ်ဲ့ကို သတိမရဘူးလား"
လက္ကို ေဝွ႕ယမ္းကာ ခ်ဴးေဟာင္လင္း စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။
"ဖုန္းေျပာတုန္းက ၿပီးေတာ့မယ္လို႔ ေမာ့ဝမ္းယန္ ကေျပာတာပဲ ... မၾကာခင ျပန္လာ ေလာက္ေတာ့မွာပါ"
ထိုအေၾကာင္း ေျပာသည့္အခါ ကူးမင္႐ႊမ္း မ်က္ႏွာတည္ လိုက္သည္။ ရွင္းဖုန္း ျပန္လာခဲ့သည့္ ညက ေမာ့ဝမ္းယန္ ထံမွ ဖုန္းအဆက္အသြယ္ ရခဲ့သည္။ ဓါတ္ခြဲခန္း ျပႆနာကို ကိုင္တြယ္ ေျဖရွင္းေနပုံသည္။ ထြက္သြားသည္မွာ ရက္အေတာ္ၾကာၿပီ ျဖစ္ေသာေၾကာင့္ အားလုံးကလည္း စိုးရိမ္ပူပန္ေနၾကသည္။
"အဲဒီသုေတသန အ႐ူးေတြ သူတို႔ကိစၥ သူတို႔ ေသခ်ာအာ႐ုံစိုက္လို႔ မရဘူးလား ... သူတို႔ထဲက တစ္ေယာက္ေယာက္ အပစ္ မခံရမခ်င္း ျပႆနာ ရွာတာၿပီးမွ မဟုတ္ဘူး"
စစ္သား အမ်ားစုက ေဒါသႀကီးသူမ်ား ျဖစ္ၾကၿပီး သမာသမတ္ မက်ေသာ ကိစၥမ်ားကို သူတို႔ သည္းခံနိုင္မည္ မဟုတ္ေပ။
"သူတို႔က နိုင္ငံရဲ႕ ရတနာေတြပဲ စစ္တပ္က အဲ့လိုလုပ္မွာ မဟုတ္ဘူး .. ေခါင္းေဆာင္ သူ႕ဘာသာ ၾကည့္လုပ္လိမ့္မယ္။ ငါတို႔က ကိုယ့္အလုပ္ ကိုယ္လုပ္႐ုံပဲ ဒုတိယ တံတိုင္းေဆာက္တာ ၿပီးေတာ့မယ္။ အာဏာပိုင္ေတြက တစ္ခုခုေတာ့ လုပ္မယ္ထင္တာပဲ ... လတ္တေလာေတာ့ တာဝန္သြားတဲ့ အခ်ိန္ အေဝးႀကီးေတြသာ မသြားနဲ႕"
ကူးမင္႐ႊမ္း သက္ျပင္းခ်ရင္း မွတ္စုစာအုပ္ကို ဖြင့္လိုက္သည္။ ေနရာတိုင္း ထိုကဲ့သို႔ပင္။ အမွန္စင္စစ္မွာ အမ်ားေရွ႕ ခ်ျပရန္အတြက္ ၿမိဳ႕ေတာ္ကို ပို၍ တိတ္ဆိတ္ ထားျခင္းပင္။ အေနာက္ေတာင္ စခန္းမွာ ၿမိဳ႕ေတာ္ႏွင့္ အလွမ္းေဝးၿပီး လုပ္ႀကံမႈမ်ားလည္း နည္းပါးသျဖင့္ ပို၍ လြတ္လပ္ေပသည္။
"သိပါၿပီ"
ယန္းဟြိုင္အန္းႏွင့္ ခ်ဴးေဟာင္လင္းတို႔ ေခါင္းညိတ္ လိုက္သည္။ သူတို႔သည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ အခ်င္းခ်င္း စေနာက္ တတ္ၾကေသာ္လည္း အလုပ္ကိစၥ ေျပာသည့္အခါ ႏွစ္ေယာက္လုံး ကြၽမ္းက်င္ကာ စဥ္းစားဆင္ျခင္ တတ္သည္။ ျပန္လည္ တည္ေဆာက္ မြမ္းမံျခင္း ၿပီးစီးသြားသျဖင့္ ေျပာင္းေ႐ြ႕ရန္သာ က်န္ေတာ့သည္။ ယြင္ခ်ဲ့ လည္း လုပ္စရာမရွိသျဖင့္ နယ္ေျမထဲရွိ ယြင္ခ်န္ကို သြားၾကည့္ကာ သတင္းေကာင္း ေျပာရန္ႏွင့္ ေဟးယြီ ကိုလည္း သြားၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။ ယြင္ခ်န္ အသက္ရွင္ေနၿပီး အဆင္ေျပ ေကာင္းမြန္စြာ ရွိေနသည္ကို သိေသာ္လည္း သူ႕ကို မျမင္ရလွ်င္ စိတ္ပူတတ္သျဖင့္ နယ္ေျမထဲသို႔ သြားကာ စစ္ေဆးၾကည့္ရႈ စစ္ေဆးေသာ္လည္း တစ္ခါပင္ ရွာမေတြ႕ခဲ့။ ျမဴခိုးမ်ားက သူ႕ကို တားဆီးေနၿပီး ထိုျမဴမ်ား ေနာက္ကြယ္တြင္ ေဟးယြီ ရွိေနမည္ဟု သူယုံၾကည္သည္။
"မမ အစ္ကို မင္႐ႊမ္းနဲ႕ တျခားသူေတြကို ထမင္းစားဖို႔ ေခၚလိုက္ပါဉီး ... ကြၽန္ေတာ္ အေပၚထပ္ ခဏသြားဉီးမယ္ ဘယ္သူမွ လာမေႏွာင့္ယွက္ ေစနဲ႕ဉီး"
ယြင္ေယာင္ကို ေျပာၿပီးေနာက္ ယြင္ခ်ဲ့ လွည့္ထြက္သြားရာ ယြင္ေယာင္က လွမ္းဆြဲလိုက္ၿပီး ...
"ဒါနဲ႕ .. ေရွာင္ခ်န္က ဘယ္ေတာ့ ထြက္လာမွာလဲ"
ယြင္ခ်န္ ထြက္လာ နိုင္သည္ကို သူမသိၿပီး ကတည္းက ယြင္ထ်န္ ထြက္လာမည့္ အခ်ိန္ကို အၿမဲေတာင့္တ ေနခဲ့သည္။
"အင္းပါ မနက္ျဖန္ေလာက္ေပါ့ ... မနက္ျဖန္ အားလုံးကို နားခိုင္းလိုက္ၿပီး ေရွာင္ခ်န္ကို အျပင္ေခၚထုတ္ ၾကတာေပါ့"
တုန္ယင္ေနေသာ သူမ၏လက္မ်ားကို ကိုင္လိုက္ၿပီး ယြင္ခ်ဲ့ ၿပဳံးျပေလသည္။ လန္ယဲ့ဟန္ႏွင့္ လဟိုင္႐ႊမ္းလည္း ေပ်ာ္႐ႊင္ၾကမည္ကို သူေတြးမိသည္။ အထူးသျဖင့္ လန္ယဲ့ဟန္မွာ ဘယ္ေတာ့မွ ေမးခြန္း မထုတ္ခဲ့ေသာ္လည္း ရင္ထဲတြင္ အၿမဲသိမ္းထားမည္မွာ ေသခ်ာသည္။ ယြင္ခ်ဲ့ထံသို႔ အျမဳေတမ်ား ေပးသည့္ အခ်ိန္တိုင္း သူ၏မ်က္ဝန္းမ်ားက ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ျပည့္ေနခဲ့သည္။ အခု ေနာက္ပိုင္းတြင္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ စိုးရိမ္မႈမ်ားလည္း ေရာေႏွာ လာခဲ့သည္။
"အင္းပါ"
ယြင္ခ်ဲ့ ေခါင္းညိတ္ ျပသျဖင့္ ယြင္ေယာင္ မ်က္ႏွာမွာ ျပန္လည္၍ ႐ႊင္လန္းလာသည္။ မၾကာခင္ သူမ၏ ေမာင္ေလးကို ေတြ႕ရေတာ့မည္။ ဘယ္လိုပုံစံမ်ား ျဖစ္ေနမလဲ၊ အရင္ကဲ့သို႔ ေပ်ာ္ေပ်ာ္ ေနတတ္တုန္းလား။ မည္သို႔ပင္ျဖစ္ျဖစ္ ေရွာင္ခ်န္ အရင္ကဲ့သို႔ ျပန္မျဖစ္နိုင္ လွ်င္ေတာင္မွ သူမ ေစာင့္ေရွာက္ သြားမည္ျဖစ္သည္။
"ဒါဆို အေပၚသြားၿပီး နားေတာ့မယ္ေနာ္ ... ေရခဲေသတၱာထဲ ပစၥည္းေတြ ထည့္ထားတယ္ ညစာ မစားခင္ ျပန္ဆင္းလာခဲ့မယ္"
ယြင္ခ်ဲ့ သူမလက္မ်ားကို လႊတ္ေပးကာ အေပၚထပ္ တက္သြားသည္။ အခုခ်ိန္တြင္ အိမ္မွာ ယြင္ခ်ဲ့ႏွင့္ ယြင္ေယာင္သာ ရွိသည္။ ယဲ့ရွင္းခ်န္မွာ ေနျပန္ေကာင္းလာၿပီး ေနာက္ပိုင္းတြင္ တာဝန္မ်ားကို ေဆာင္႐ြက္ရန္ အျပင္မၾကာခဏ သြားေလသည္။ အိမ္ျပင္သည့္ အခ်ိန္ကတည္းက က်န့္ထ်န္းလုံမွာ ကေလး ေဆးေပးခန္းတြင္ အလုပ္လုပ္ေနၿပီး ဝမ္စူးဟြာမွာ ေန႕လယ္ခင္း သူမအားသည့္ အခ်ိန္တိုင္း အဖြဲ႕အစည္းထဲမွ မိန္းကေလးမ်ားႏွင့္ စကား သြားေျပာေလ့ရွိၿပီး အျပန္တြင္ ခ်န္ခ်န္ကို မူႀကိဳမွ ဝင္ႀကိဳလာေလ့ ရွိသည္။ လူတိုင္းက မိသားစုအတြက္ အေကာင္းဆုံး ႀကိဳးစားၿပီး အလုပ္လုပ္ေနၾကေပသည္။
***