ကမ္ဘာပျက်ကပ်ကစစ်သည်တော်

Door Swae_Nyoe

430K 59.8K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) Meer

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်ထားပါကြောင်း

Part 98

1.7K 261 0
Door Swae_Nyoe

Unicode

အခန်း (၉၈)

ဟန်မင်ကျယ်နှင့် ယွင်ချဲ့တို့ ထိုနေရာတွင် တွေ့ကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံကြမ္မာက ပြန်လည် တွေ့ဆုံ စေခဲ့သည်လား၊ သို့မဟုတ် ဘုရားသခင်က ကျီစားခဲ့သလားပင် မသိရ။

"ခင်ဗျားကိုလည်း တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး လက်ထောက် ပါမောက္ခ ဟန် ... ပြန်တွေ့ဖို့ ကံပါလာတာ ထင်တယ်"

ယွင်ချဲ့ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ရှင်းဖုန်း၏ ကြက်သီးထဖွယ် ကောင်းသော အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် ရှင်းဖုန်းကို မှီထားလိုက်သည်။ ဟန်မင်ကျယ်ကို ကြည့်ကာ မရိုးသားစွာ ပြုံးလိုက်သည်။ သူ့ထံသို့ ရောက်သွားလျှင် သူစီစဉ်ထားခြင်း မရှိသော လက်တုံ့ပြန်မှုကို လုပ်မိလိမ့်မည် ဖြစ်သည်။ ထိုဉာဏ်နီ ဉာဏ်နက်များပြီး နှလုံးသားမဲ့သူက ကပ်ဘေး ကာလတွင် အသက်ရှင် ကျန်ရစ်မည်ကို ယွင်ချဲ့ သေချာ တပ်အပ်ပင် ပြောနိုင်သည်။

ယွင်ချဲ့ကို အနည်းငယ်ပင် သိသူတို့က ယွင်ချဲ့၏ ကြောက်မက်ဖွယ် အငွေ့အသက် ခံစားမိကြသော်လည်း ရှင်းဖုန်း အပါအဝင် ကျန်သော အဖွဲ့သားများ အားလုံး အံ့အားသင့် ခဲ့ရသည်။ သူတို့စကား ပြောဆိုပုံအရ ယွင်ချဲ့နှင့် ဟန်မင်ကျယ်တို့သည် ပါမောက္ခနှင့် ကျောင်းသား ဖြစ်ကြပြီး ယွင်ချဲ့က ဘာကြောင့် သူ့ကို သေစေချင်ရတာလဲ။ ကျိုးဇယ်ယွီ မှန်ကန်စွာ ခန့်မှန်း နိုင်ခဲ့သည်လား။ သူတို့ကြား မဖြေရှင်း နိုင်ခဲ့သော ပြဿနာ တစ်ခုခု ရှိခဲ့သောကြောင့်လား။

ပြဿနာ ရှိခဲ့သည် ဆိုသော်လည်း သူတို့ ထင်မြင်နေကြသော အကြောင်းရာ မဟုတ်ပေ။ အကယ်၍ သူတို့ တွဲနေခဲ့ကြသည် ဆိုပါက ဘာကိုမှ အမှုအမှတ် ထားလေ့မရှိသော ယွင်ချဲ့က သူ့ကို သေစေလောက်သည် အထိ ဖြစ်နိုင်မည် မဟုတ်ပေ။

"ဒါပေါ့ .. လင်းကျန်းမြို့မှာ အကြီးဆုံး စခန်းရှိတယ်လို့ ကြားတယ် ပြီးတော့ အဲဒီစခန်းရဲ့ခေါင်းဆောင်က ပါမောက္ခ ယန်းရဲ့ တစ်ဝမ်းကွဲတဲ့ .. ငါတို့ အဲဒီကို သွားကြမှာ ဆိုတော့ မင်းငါတို့နဲ့ လိုက်ခဲ့ပါလား အချင်းချင်း ကူညီပေးလို့ ရတာပေါ့"

ယွင်ချဲ့၏ စကားနှင့် အပြုံးများက မရိုးသားကြောင်းကို ဟန်မင်ကျယ် မြင်လိုက်သော်လည်း ရှေ့ဆက် တောင်းဆိုမှု ပြုလေသည်။ ဟန်မင်ကျယ်က တုံးအသူ တစ်ယောက် မဟုတ်ပေ။ ယွင်ချဲ့ အားအင်ချိနဲ့ပုံ ပေါ်သော်လည်း သူ့ဘေးတွင်ရှိသော လူများက ခွန်အား သန်မာမည့်ပုံပင်။ ထိုသူတို့နှင့် သွားလျှင် သူ၏လုံခြုံရေးကို အာမခံ ပေးနိုင်လိမ့်မည်။ သို့သော် ထိုစခန်းသို့ရောက်သည့်တိုင် သူတို့က သူနှင့်အတူ ရှိပေးနိုင်ဉီးမည်လား။ သူတို့မည်မျှ စွမ်းဆောင်နိုင်ခြင်းနှင့် မည်မျှ တော်သည့်အပေါ် မူတည်သည်။

ဟန်မင်ကျယ်၏ စိတ်ထဲတွင် အစီအစဉ် နည်းလမ်းများကို ချမှတ် နေလေသည်။ သူ၏အမြင်တွင် ယွင်ချဲ့က စာမတော် သော်လည်း ရိုးသားပြီး မာနနည်းသည့် ကျောင်းသား တစ်ယောက် အဖြစ်သာ မြင်နေသေးသည်။ ကပ်ဘေး မတိုင်မီက နောက်ဆုံး တွေ့ခဲ့ရသည့် အချိန်တွင် ယွင်ချဲ့က သူ့ကို ကရုဏာမဲ့စွာ ပြက်ရယ် ပြုခဲ့သည့်အပြင် ယခုပြန်တွေ့ကြသည့် အချိန်တွင်လည်း သူ့ကို သူစိမ်းတစ်ယောက် အဖြစ်သာ သဘောထား နေသည်။ သို့သော် ဟန်မင်ကျယ်က ကိုယ့်ကိုယ်ကိုယ် သူတို့ထက် ပို၍ အတွေ့အကြုံရှိပြီး ထက်မြက်ကြောင်း စိတ်ကြီးဝင်စွာ တွေးထားသဖြင့် စိတ်ထဲတွင် အရေးတယူ မထားတော့ပေ။

"တကယ်လား"

တစ်ဒါဇင်ထက် မနည်းသော လူများကို ယွင်ချဲ့ လှမ်းကြည့် လိုက်သည်။ ဒီလူတွေ အားလုံးက အနောက်တောင် စခန်းကို သွားကြမှာလား။ သူတို့ သေတွင်းကို ကိုယ်တိုင် ဆင်းချင်ကြသည်လား။ ထိုသို့ လူအရေအတွက် ဆိုလျှင် ဖုတ်ကောင်များ အတွက် အစာလုံလောက် သွားပေပြီ။

"သူတို့ထဲက အများစုကတော့ စွမ်းအားရှင်တွေပဲ ... ငါတို့ကလည်း တက္ကသိုလ် တစ်ခုထဲဆိုတော့ အချင်းချင်းတွေပဲ ... မင်းငါတို့နဲ့ ပူးပေါင်းဖို့ အဆင်ပြေမယ် ထင်တယ်"

ယွင်ချဲ့ ကြည့်နေရာသို့ ဟန်မင်ကျယ်လည်း ကြည့်လိုက်ပြီး သူ၏ကြင်နာသော ကမ်းလှမ်းချက်ကို ပြောပြလိုက်သည်။ သို့သော်လည်း ဟန်မင်ကျယ် ကြိုးစား ဖုံးကွယ်နေသော မာန်တက်နေသည့် လေသံကို ယွင်ချဲ့ သတိပြုမိ လိုက်သည်။ သေချာစဉ်းစား ကြည့်လျှင် ဟန်မင်ကျယ်က သူတို့ကို သနားမိသဖြင့် အဖွဲ့နှင့်ပူးပေါင်း ခွင့်ပြုသည်က သူသဘောထားကောင်းမွန်ကြောင်း ပြသရန် ဖြစ်သည်။ ယွင်ချဲ့ သာမက ကျိုးဇယ်ယွီနှင့် ယွီဝမ်းချင် တို့အပြင် ထိုအခြေအနေကို စောင့်ကြသည့် အရှုံးသမား အဖွဲ့သားများသည်လည်း ခိုးရယ် ကြလေသည်။ တကယ်ကြီးလား၊ သူတို့ကလား၊ သူတို့၏ ရဲရင့်မှုအတွက် ဂုဏ်ပြုပေးသင့်လား ဒါမှမဟုတ် သူတို့ကို အရူးများအဖြစ် သဘောထား လိုက်ရမည်လား။

ဟန်မင်ကျယ် တွန်းထုတ်လိုက်သော ကျန်းယွမ်နှင့် အခြားသူတို့က ယွင်ချဲ့ကို မျက်မှောင်ကြုတ် ပြလျက် ဟန်မင်ကျယ်၏ လှည့်ကွက်တွင် စိတ်မပျော့ ကျသွားရန် အချက်ပေးနေလေသည်။ ယွင်ချဲ့ထက် အခြားသူများကို ပို၍ မျှော်လင့်နေသည့် ဟန်မင်ကျယ်၏ အကြံကို အရူးပင် တန်းသိနိုင်သည်။ ထိုသူတို့နှင့် သိရှိရင်းနှီး သွားပြီဆိုလျှင် ယွင်ချဲ့လည်း သူတို့ကဲ့သို့ ကန်ထုတ်ခြင်း ခံရလိမ့်မည်။ သူတို့၏ ခေါင်းဆောင်က သူတို့အတွက် စတေး မခံပေးခဲ့လျှင် ဟွားတက္ကသိုလ်ထဲတွင် သူတို့ပိတ်မိ နေခဲ့ကြလိမ့်မည်။ ထိုနေရာတွင် ဘာဖြစ်ခဲ့သည်ကို သိရဲ့လား။ ဟန်မင်ကျယ် ဘက်တွင် လူအများအပြား ရနေခဲ့ပြီး အဆောင်အတူနေ ညီအစ်ကိုများက သူ၏ရက်စက် ကြမ်းကြုတ်မှုကို သည်းမခံနိုင်သဖြင့် အဖွဲ့မှ ခွဲထွက်ခဲ့ကြသည်။ ကံကောင်းစွာပင် သူတို့က စွမ်းအားရှင်များဖြစ်နေခဲ့ကြသည်။ မဟုတ်လျှင် အစောကြီး ကတည်းက ထုတ်ပယ် ခံထားရလိမ့်မည်။

"ကပ်မဖြစ်ခင် တစ်ပတ်လောက် ကတည်းက ကျွန်တော်က ဟွားတက္ကသိုလ်ရဲ့ကျောင်းသား မဟုတ်တော့သလို သူတို့ရဲ့ သူငယ်ချင်း မဟုတ်တော့ဘူး ... ပြီးတော့ ပါမောက္ခ ဟန် ခင်ဗျားက အစွမ်းမရှိတဲ့ သာမန်လူပဲ မလား။ တခြားသူတွေရဲ့ အကာအကွယ်ကို လိုနေတဲ့ ခင်ဗျားက ဘယ်သူ့ကို အမိန့်လာ ပေးနေတာလဲ။ အာ ဆောရီး ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တော့ အသံက မာကောင်း မာနိုင်ပေမယ့် ခင်ဗျားကို အရှိုက်ထိ သွားစေဖို့ မရည်ရွယ်ပါဘူး"

ယွင်ချဲ့၏ အကြည့်ထဲတွင် စနောက်လိုဟန်များ ပါဝင်နေသည်။ ယွင်ချဲ့ သူ၏စိတ် ပေါ့ပါးသွားစေရန် မည်သို့ ပြောဆိုရမည်ကို တွေးနေရင်း ဟန်မင်ကျယ်အား အရှိုက်ထိ သွားစေရန် ပြောဆိုလိုက်သည်။

"ယွင်ချဲ့ .. မင်း..မင်း ပြောင်းလဲသွားတယ် မင်းအရင်က တိတ်ဆိတ်တဲ့ ကောင်လေးပါ .. အခုတော့ ဘယ်လိုလုပ် ..."

စကားကိုကြည့်ပြော …

ယွင်ချဲ့ကို ဟန်မင်ကျယ် မျက်လုံး စွေကြည့်ကာ အလိုမကျသော မျက်နှာနှင့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ နယ်မြေ စွမ်းအားရှင် ဖြစ်သော ယွင်ချဲ့က ငါ့ထက် အားနည်းပုံ ပေါ်နေတာတောင် ဘာလို့ ငါ့ကို ပြန်ပြောရဲတာလဲ။ အကယ်၍ ယွင်ချဲ့ အနားက လူများ မသန်မာကြလျှင် ယွင်ချဲ့ နှင့် သူ စကားပြောဆိုနေမည် မဟုတ်ပေ။

"လူတွေက ပြောင်းလဲတာပဲ ခင်ဗျားရော မပြောင်းလဲဘူးလား ပါမောက္ခဟန် ... ကပ်ကြုံတဲ့ကြားက အသက်ရှင်နေပြီး ချွမ်မြို့ကနေ ထုံယန်းထိ ရောက်လာတဲ့ လမ်းတစ်လျှောက် အတွင်း ခင်ဗျား လက်မှာလည်း သွေးတွေ စွန်းခဲ့တယ်မလား"

ဟန်မင်ကျယ်ကို ထုံအသူ တစ်ယောက်အဖြစ် ကြည့်လိုက်ပြီး ဟန်မင်ကျယ် အကြောင်းကို ခြုံငုံပြောဆို လိုက်သည်။ ယွင်ချဲ့က ဟန်မင်ကျယ်နှင့် ပတ်သက်၍ မည်သည့် ကိစ္စမှ စိတ်မဝင်စားကြောင်း ဖော်ပြလိုက်သည်။ အနားတွင် ကပ်နေသေးလျှင် တောင်မှ ယွင်ချဲ့ ပြန်လည် သက်သာသွားသည့် အချိန်တွင် အာရုံမစိုက် လျစ်လျူရှု ထားမည်ဖြစ်သည်။ သို့သော် ဟန်မင်ကျယ်က စကားပြောဆို နေခြင်းကို လိုလားသူ ဖြစ်နေ၍ ပြောနေခြင်း ဆိုလျှင် လတ်တလောအတွက် ဟန်မင်ကျယ် တုံ့ပြန် ပြောဆိုနိုင်ခြင်း မရှိသဖြင့် ယွင်ချဲ့ အတွက် ကိစ္စမရှိပေ။ မထီမဲ့မြင် ပြုပြီးမှ ရှင်းလိုက်လျှင်လည်း အလွန်ပျော်စရာ ကောင်းလိမ့်မည်။

ယွင်ချဲ့ ပြောင်းလဲ သွားပုံကို ဟန်မင်ကျယ် နားမလည် နိုင်သော်လည်း ယွင်ချဲ့ အနားမှ လူများကို သူနှင့်ပူးပေါင်း စေချင်သည်။ ရှင်းဖုန်းလည်း အခြေအနေတို့ကို နားလည် သွားပြီးနောက် ယွင်ချဲ့ကို လက်တစ်ဖက်နှင့် ဖက်ထားလိုက်ပြီး ကျန်တစ်ဖက်က ယွင်ချဲ့ လက်ကို ကိုင်ကာ ....

"ချဲ့ .. မိတ်ဆက်ပေးဉီးလေ"

ထိုစကားကို ကြားသည်နှင့် ဟန်မင်ကျယ် စိတ်နိုးကြား လာသော်လည်း ရှင်းဖုန်းက သူ့ကိုမနှစ်မြို့စွာ ကြည့်နေလေသည်။

ယွင်ချဲ့လည်း တမင်ကြားဖြတ် လိုက်သော ရှင်းဖုန်းကို ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှား တက်ကြွနေသော ဟန်မင်ကျယ်ကို ပြန်ကြည့်ကာ မဲ့ပြုံးပြုံးကာ ..

"မိတ်ဆက်စရာ မလိုပါဘူး ကျွန်တော့် တက္ကသိုလ်က လက်ထောက် ပါမောက္ခ တစ်ယောက်ပဲလေ သူ့အကြောင်း သေချာမသိပါဘူး"

ယွင်ချဲ့ စကားကြောင့် ယွင်ချဲ့နှင့် ကောင်းကောင်း ရင်းနှီးဟန်ဆောင်နေသော ဟန်မင်ကျယ် မျက်နှာရှုံ့မဲ့ သွားလေသည်။ ဘေးတွင် ရပ်နေသော ကျန်းယွမ်နှင့် သူ၏ သူငယ်ချင်းများကလည်း လှောင်ရယ်ကာ ယွင်ချဲ့ကို တိတ်တဆိတ် လက်မထောင် ပြလေသည်။ ကပ်ဘေး မဖြစ်မီက ထွက်ခဲ့သော ကောလာဟလများနှင့် လူကောင်း တစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ခြင်း တို့ကြောင့် ဟန်မင်ကျယ်ကို သဘောမကျခဲ့ကြပြီး ကပ်ဘေး ဖြစ်ပြီးနောက် လူများကို စုဆောင်းကာ သူမကြိုက်သော သူများကို ဖယ်ကြဉ်ထားရန် လှုံ့ဆော်ခဲ့သည်။ လူအများစုမှာလည်း ဟန်မင်ကျယ်ကြောင့် နှင်ထုတ်ခံရပြီး ဖုတ်ကောင်များ အတွက် စတေးခံလည်း ဖြစ်ခဲ့ကြရသည်။ သူတို့၏ မိသားစုတို့မှာ လင်းကျန်းမြို့နှင့် နီးသဖြင့် အနောက်တောင် စခန်းသို့ သွားကြလိမ့်မည်ဟု ယုံကြည်ထားသဖြင့် သည်းခံနေခြင်းပင်။ မဟုတ်လျှင် ထိုအယုတ်တမာနှင့် အတူပူးပေါင်းနေမည် မဟုတ်ပေ။

"အော် လက်ထောက် ပါမောက္ခလား ... ပါမောက္ခကတောင် မင်းကို သတိတရ ရှိတယ်ဆိုတော့ မင်းက စာတော်တဲ့ သူလား ဘာတော်တာလဲ"

ယွင်ချဲ့က တမင် စောင်းမြောင်း ပြောဆိုနေသည်ကို ရှင်းဖုန်း သိသော်လည်း သဝန်တိုနေလျက် သူ၏လက်ဖြင့် ယွင်ချဲ့ မေးကို ကိုင်ကာ ခေါင်းမော့ စေလိုက်သည်။ အခြားသူ၏ အမြင်တွင် ရှင်းဖုန်းသည် ယွင်ချဲ့၏ ရှူးဂါးဒယ်ဒီ ဖြစ်နေပြီး ထိုရှူးဂါးဒယ်ဒီက အလွန် စိတ်ဆိုးနေပုံပင်။

"ရှောင်ချန် ကမှ လူတော်လေးပါ။ ရှောင်ချန်ကပဲ ကျွန်တော့်ကို ဟွားတက္ကသိုလ် တက်နိုင်ဖို့ လုပ်ပေးခဲ့တာ ... သဝန်မတိုပါနဲ့ ကျွန်တော့်ကို သူသတိတရ ဖြစ်နေတာ ဘယ်လိုလုပ် သိမှာလဲ သူ့ကိုပဲ မေးပါလား"

ယွင်ချဲ့ကလည်း အကြံနှင့် ကိုယ်ကို မတ်ကာ ရှင်းဖုန်း၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး မှီထားလိုက်သည်။

"ပါမောက္ခ ဟန်က ချဲ့ကို ရင်းရင်းနှီးနှီး သိတာလဲ"

ရှင်းဖုန်းလည်း ပြောသည့် အတိုင်းပင် အလွန် မှုန်သုန်နေသော ဟန်မင်ကျယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ ရှင်းဖုန်း၏ ကျောက်ရုပ်ကဲ့သို့ အေးစက်စက် နိုင်သော မျက်နှာပေါ်မှ စိတ်မပါတပါ အကြည့်နှင့် ကိုယ်တွင်း စိတ်ဝိညာဉ်ကိုပင် ထိုးဖောက် မြင်နိုင်လောက်သည့် ရှင်းဖုန်း၏ နက်မှောင်သော မျက်လုံးများကြောင့် ဟန်မင်ကျယ် ကြောက်လန့်သွားပြီး သူ၏စိတ်ထဲမှ အကြံဉာဏ်များပင် ပျောက်သွား ရလေသည်။ ထို့နောက် မတ်တပ်ရပ်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ....

"မ..မသိပါဘူး .. ငါ..ငါသူနဲ့ အရမ်း မရင်းနှီးပါဘူး ဆောရီး"

ဟန်မင်ကျယ် ထွက်သွားသည်ကို ကြည့်နေရင်း ယွင်ချဲ့ အမြင်ဝေဝါး လာပြီးနောက် မျက်နှာထက်မှ လူသတ် အပြုံးမှာလည်း ပျောက်ကွယ် သွားလေသည်။

"ချီးပဲ … သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး"

ကျန်းယွမ်က ပွင့်လင်းသူပီပီ အသံတိုးတိုးနှင့် ကျိန်ဆဲလိုက်ရာ ကျန်သော ၃ ယောက်တို့က ပခုံးကို ပုတ်ကာ စိတ်ထိန်းရန် နှစ်သိမ့် ပေးနေကြသည်။ သူတို့လည်း ဟန်မင်ကျယ်ကို သဘောမကျကြပေ။ သူ့ကြောင့်ပင် သူတို့၏ ခေါင်းဆောင်မှာ ...

"မင်းတို့ကို အိမ်ခဏ ပြန်ကြဖို့ ငါပြောခဲ့တယ်မလား"

ဟန်မင်ကျယ်ကို နှင်ထုတ်ပြီးနောက် ယွင်ချဲ့လည်း ရှင်းဖုန်းအား ဖက်ထားသည်ကို လွှတ်လိုက်ပြီး ထိုလေးယောက်ကို ကူရာမဲ့စွာ ကြည့်လိုက်သည်။ ဟွားတက္ကသိုလ်မှ ယွင်ချဲ့ မထွက်သွားမီ သူ၏အခန်းဖော် သူငယ်ချင်းတို့ကို မိဘများနှင့် သွားတွေ့ရန် ပြောဆိုခဲ့သည့် စကားမှာ အလဟဿ ဖြစ်သွားရသည်။

"ဟင်"

သူတို့လေးယောက် တွေဝေစွာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လျက် ယွင်ချဲ့ ပြောခဲ့သော စကားကို ပြန်စဉ်းစား နေကြသည်။ သို့သော် အံ့ဩတကြီးနှင့် မျက်လုံးပြူးလျက် ...

"မင်းကြိုသိနေခဲ့တာလား"

မဖြစ်နိုင်ဘူးမလား။ အကယ်၍ ယွင်ချဲ့က ကပ်ဘေး ဖြစ်မည်ကို ကြိုသိနေခဲ့သည် ဆိုလျှင် သူ၏ သတိပေးချက်များမှာ မှန်ကန် နေနိုင်သည်။ သူတို့ကို ယွင်ချဲ့ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ....။ သူတို့ အခု နောင်တကြီးစွာ ရနေကြသည်။ ထိုအချိန်က ဘာကိုမှ များများစားစား မတွေးခဲ့သဖြင့် ယွင်ချဲ့ ပြောခဲ့သည်ကို မေ့လျော့ ထားလိုက်သည်။ ကပ်ဘေးကြီးက အချိန်တို အတွင်း ရောက်လာတော့မည်ဟု ဘယ်သူက ကြိုတင် သိရှိခဲ့မှာလဲ။

"ငါက ဘုရားမှ မဟုတ်တာ ကပ်ဘေး ဖြစ်မဖြစ်ကို ငါဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ ..ငါပြောချင်တာက မင်းတို့ ငါ့စကား နားထောင်ခဲ့ရင် အိမ်ကိုလည်း ရက်ပိုင်းလောက် ပြန်သွားခဲ့ရင် အခုချိန် မင်းတို့မိသားစုနဲ့ အတူရှိနေကြမှာလေ .. အနည်းဆုံးတော့ သူတို့ အသက်ရှင်မရှင်ကို အခုလို စိတ်ပူစရာ မလိုတော့ဘူးလေ"

သူတို့၏ အတွေးကို ယွင်ချဲ့ ရိပ်မိလိုက်ပြီး ဖြစ်နိုင်ချေကို ရှင်းပြလေသည်။ အမှန်တရားက ခါးသီးသည် ဆိုသော်လည်း အမှန်တရားက အမှန်တရားပင်၊ မည်သူမှ မပြောင်းလဲနိုင်ပေ။ ကပ်ဘေး ကာလတွင် မိသားစုနှင့် သီးခြား နေပါက မိသားစု၏ သတင်း အစအနများကို ကြားသိနိုင်ရန် မလွယ်ကူတော့ပေ။

"အမှန်ပဲ တော်တော် ဆိုးတယ်နော် ... ငါတို့နားမထောင်ခဲ့ကြဘူး"

ဝန်ခံပြောဆိုရလျှင် သူတို့သည် ဟန်မင်ကျယ် ကဲ့သို့ အမြင်ကျဉ်းသူ မဟုတ်သဖြင့် ယွင်ချဲ့ ပြောသည်ကို စိတ်မဆိုးကြဘဲ သက်ပြင်း ချလိုက်သည်။

"မင်းတို့ ၄ ယောက်တည်းလား ... ကျန်တဲ့ ၃ ယောက်ရော"

ကျန်းယွမ် တို့ကို သေချာ ကြည့်ပြီးနောက် ယွင်ချဲ့ မေးလိုက်သည်။ ကျန်းယွမ် မှလွဲ၍ ကျန်သော အခန်းဖော်တို့ကို ယွင်ချဲ့ မသိ မရင်းနှီးသော်လည်း လူဉီးရေ ၈ ယောက် ရှိသည်ကိုတော့ ယွင်ချဲ့ သေချာ မှတ်မိသည်။

"ခေါင်းဆောင်နဲ့ ကျန်တဲ့ သူတွေက ..."

စကား စလိုက်သည်နှင့် သူတို့ မျက်ရည်ဝဲ လာကြလေသည်။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကျန်းယွမ်က ငိုသံနှင့် စပြောလေသည်။

"ခေါင်းဆောင် ညီ ၄ နဲ့ ညီ ၇ တို့ သေသွားကြပြီ .. ငါတို့တွေ ဟွားတက္ကသိုလ်က ထွက်လာနိုင်အောင် သူတို့ ကာပေးခဲ့ကြတာ ... သူတို့က ခေါင်းဆောင်က အတော်ဆုံး ဆိုတော့ ပိုပြီး တာဝန်ရှိတယ်လို့ ပြောကြတယ် သောက်ရေး မပါတာ။ ခေါင်းဆောင် သေသွားတာကို သူတို့တွေ ဝမ်းနည်းကြောင်း နည်းနည်းလေးတောင် မပြခဲ့ကြဘူး"

နောက်ဆုံးမှ လိုက်လာခဲ့ကြ သည်မှာ သူတို့ ၃ ယောက်တည်း မဟုတ် လူတစ်ဒါဇင်လည်း ပါခဲ့ကြသည်။ သူတို့၏ ရုပ်အလောင်းများကို ကျန်းယွမ်တို့ ကိုယ်တိုင် မတွေ့ခဲ့ရသော်လည်း ထိုသူတို့က ပူဆွေး ဝမ်းနည်းမှုကို မပြကြသဖြင့် ထိုနေရာတွင်ပင် သူတို့ကို သတ်ပစ် လိုက်သင့်သည်။ ကျန်းယွမ်နှင့် ကျန် ၃ ယောက်မှာ ငယ်ရွယ်ကာ စိတ်ဆန္ဒ ပြင်းပြသည်။

လျင်မြန်စွာ ပြောင်းလဲမှု အတွက် တန်ကြေး ပေးရမည်ဖြစ်ပြီး ထိုတန်ကြေးက ဘေးဒုက္ခ အန္တရာယ်နှင့် သွေးစက်များဖြင့် စတင်ခဲ့သည်။
***

Zawgyi

အခန္း (၉၈)

ဟန္မင္က်ယ္ႏွင့္ ယြင္ခ်ဲ့တို႔ ထိုေနရာတြင္ ေတြ႕ၾကလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ကံၾကမၼာက ျပန္လည္ ေတြ႕ဆုံ ေစခဲ့သည္လား၊ သို႔မဟုတ္ ဘုရားသခင္က က်ီစားခဲ့သလားပင္ မသိရ။

"ခင္ဗ်ားကိုလည္း ေတြ႕ရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး လက္ေထာက္ ပါေမာကၡ ဟန္ ... ျပန္ေတြ႕ဖို႔ ကံပါလာတာ ထင္တယ္"

ယြင္ခ်ဲ့ စိတ္ႏွင့္ကိုယ္ ျပန္ကပ္သြားၿပီး ရွင္းဖုန္း၏ ၾကက္သီးထဖြယ္ ေကာင္းေသာ အရိပ္အေယာင္ကို ခံစားလိုက္ရသျဖင့္ ရွင္းဖုန္းကို မွီထားလိုက္သည္။ ဟန္မင္က်ယ္ကို ၾကည့္ကာ မရိုးသားစြာ ၿပဳံးလိုက္သည္။ သူ႕ထံသို႔ ေရာက္သြားလွ်င္ သူစီစဥ္ထားျခင္း မရွိေသာ လက္တုံ႕ျပန္မႈကို လုပ္မိလိမ့္မည္ ျဖစ္သည္။ ထိုဉာဏ္နီ ဉာဏ္နက္မ်ားၿပီး ႏွလုံးသားမဲ့သူက ကပ္ေဘး ကာလတြင္ အသက္ရွင္ က်န္ရစ္မည္ကို ယြင္ခ်ဲ့ ေသခ်ာ တပ္အပ္ပင္ ေျပာနိုင္သည္။

ယြင္ခ်ဲ့ကို အနည္းငယ္ပင္ သိသူတို႔က ယြင္ခ်ဲ့၏ ေၾကာက္မက္ဖြယ္ အေငြ႕အသက္ ခံစားမိၾကေသာ္လည္း ရွင္းဖုန္း အပါအဝင္ က်န္ေသာ အဖြဲ႕သားမ်ား အားလုံး အံ့အားသင့္ ခဲ့ရသည္။ သူတို႔စကား ေျပာဆိုပုံအရ ယြင္ခ်ဲ့ႏွင့္ ဟန္မင္က်ယ္တို႔သည္ ပါေမာကၡႏွင့္ ေက်ာင္းသား ျဖစ္ၾကၿပီး ယြင္ခ်ဲ့က ဘာေၾကာင့္ သူ႕ကို ေသေစခ်င္ရတာလဲ။ က်ိဳးဇယ္ယြီ မွန္ကန္စြာ ခန့္မွန္း နိုင္ခဲ့သည္လား။ သူတို႔ၾကား မေျဖရွင္း နိုင္ခဲ့ေသာ ျပႆနာ တစ္ခုခု ရွိခဲ့ေသာေၾကာင့္လား။

ျပႆနာ ရွိခဲ့သည္ ဆိုေသာ္လည္း သူတို႔ ထင္ျမင္ေနၾကေသာ အေၾကာင္းရာ မဟုတ္ေပ။ အကယ္၍ သူတို႔ တြဲေနခဲ့ၾကသည္ ဆိုပါက ဘာကိုမွ အမႈအမွတ္ ထားေလ့မရွိေသာ ယြင္ခ်ဲ့က သူ႕ကို ေသေစေလာက္သည္ အထိ ျဖစ္နိုင္မည္ မဟုတ္ေပ။

"ဒါေပါ့ .. လင္းက်န္းၿမိဳ႕မွာ အႀကီးဆုံး စခန္းရွိတယ္လို႔ ၾကားတယ္ ၿပီးေတာ့ အဲဒီစခန္းရဲ႕ေခါင္းေဆာင္က ပါေမာကၡ ယန္းရဲ႕ တစ္ဝမ္းကြဲတဲ့ .. ငါတို႔ အဲဒီကို သြားၾကမွာ ဆိုေတာ့ မင္းငါတို႔နဲ႕ လိုက္ခဲ့ပါလား အခ်င္းခ်င္း ကူညီေပးလို႔ ရတာေပါ့"

ယြင္ခ်ဲ့၏ စကားႏွင့္ အၿပဳံးမ်ားက မရိုးသားေၾကာင္းကို ဟန္မင္က်ယ္ ျမင္လိုက္ေသာ္လည္း ေရွ႕ဆက္ ေတာင္းဆိုမႈ ျပဳေလသည္။ ဟန္မင္က်ယ္က တုံးအသူ တစ္ေယာက္ မဟုတ္ေပ။ ယြင္ခ်ဲ့ အားအင္ခ်ိနဲ႕ပုံ ေပၚေသာ္လည္း သူ႕ေဘးတြင္ရွိေသာ လူမ်ားက ခြန္အား သန္မာမည့္ပုံပင္။ ထိုသူတို႔ႏွင့္ သြားလွ်င္ သူ၏လုံၿခဳံေရးကို အာမခံ ေပးနိုင္လိမ့္မည္။ သို႔ေသာ္ ထိုစခန္းသို႔ေရာက္သည့္တိုင္ သူတို႔က သူႏွင့္အတူ ရွိေပးနိုင္ဉီးမည္လား။ သူတို႔မည္မွ် စြမ္းေဆာင္နိုင္ျခင္းႏွင့္ မည္မွ် ေတာ္သည့္အေပၚ မူတည္သည္။

ဟန္မင္က်ယ္၏ စိတ္ထဲတြင္ အစီအစဥ္ နည္းလမ္းမ်ားကို ခ်မွတ္ ေနေလသည္။ သူ၏အျမင္တြင္ ယြင္ခ်ဲ့က စာမေတာ္ ေသာ္လည္း ရိုးသားၿပီး မာနနည္းသည့္ ေက်ာင္းသား တစ္ေယာက္ အျဖစ္သာ ျမင္ေနေသးသည္။ ကပ္ေဘး မတိုင္မီက ေနာက္ဆုံး ေတြ႕ခဲ့ရသည့္ အခ်ိန္တြင္ ယြင္ခ်ဲ့က သူ႕ကို က႐ုဏာမဲ့စြာ ျပက္ရယ္ ျပဳခဲ့သည့္အျပင္ ယခုျပန္ေတြ႕ၾကသည့္ အခ်ိန္တြင္လည္း သူ႕ကို သူစိမ္းတစ္ေယာက္ အျဖစ္သာ သေဘာထား ေနသည္။ သို႔ေသာ္ ဟန္မင္က်ယ္က ကိုယ့္ကိုယ္ကိုယ္ သူတို႔ထက္ ပို၍ အေတြ႕အႀကဳံရွိၿပီး ထက္ျမက္ေၾကာင္း စိတ္ႀကီးဝင္စြာ ေတြးထားသျဖင့္ စိတ္ထဲတြင္ အေရးတယူ မထားေတာ့ေပ။

"တကယ္လား"

တစ္ဒါဇင္ထက္ မနည္းေသာ လူမ်ားကို ယြင္ခ်ဲ့ လွမ္းၾကည့္ လိုက္သည္။ ဒီလူေတြ အားလုံးက အေနာက္ေတာင္ စခန္းကို သြားၾကမွာလား။ သူတို႔ ေသတြင္းကို ကိုယ္တိုင္ ဆင္းခ်င္ၾကသည္လား။ ထိုသို႔ လူအေရအတြက္ ဆိုလွ်င္ ဖုတ္ေကာင္မ်ား အတြက္ အစာလုံေလာက္ သြားေပၿပီ။

"သူတို႔ထဲက အမ်ားစုကေတာ့ စြမ္းအားရွင္ေတြပဲ ... ငါတို႔ကလည္း တကၠသိုလ္ တစ္ခုထဲဆိုေတာ့ အခ်င္းခ်င္းေတြပဲ ... မင္းငါတို႔နဲ႕ ပူးေပါင္းဖို႔ အဆင္ေျပမယ္ ထင္တယ္"

ယြင္ခ်ဲ့ ၾကည့္ေနရာသို႔ ဟန္မင္က်ယ္လည္း ၾကည့္လိုက္ၿပီး သူ၏ၾကင္နာေသာ ကမ္းလွမ္းခ်က္ကို ေျပာျပလိုက္သည္။ သို႔ေသာ္လည္း ဟန္မင္က်ယ္ ႀကိဳးစား ဖုံးကြယ္ေနေသာ မာန္တက္ေနသည့္ ေလသံကို ယြင္ခ်ဲ့ သတိျပဳမိ လိုက္သည္။ ေသခ်ာစဥ္းစား ၾကည့္လွ်င္ ဟန္မင္က်ယ္က သူတို႔ကို သနားမိသျဖင့္ အဖြဲ႕ႏွင့္ပူးေပါင္း ခြင့္ျပဳသည္က သူသေဘာထားေကာင္းမြန္ေၾကာင္း ျပသရန္ ျဖစ္သည္။ ယြင္ခ်ဲ့ သာမက က်ိဳးဇယ္ယြီႏွင့္ ယြီဝမ္းခ်င္ တို႔အျပင္ ထိုအေျခအေနကို ေစာင့္ၾကသည့္ အရႈံးသမား အဖြဲ႕သားမ်ားသည္လည္း ခိုးရယ္ ၾကေလသည္။ တကယ္ႀကီးလား၊ သူတို႔ကလား၊ သူတို႔၏ ရဲရင့္မႈအတြက္ ဂုဏ္ျပဳေပးသင့္လား ဒါမွမဟုတ္ သူတို႔ကို အ႐ူးမ်ားအျဖစ္ သေဘာထား လိုက္ရမည္လား။

ဟန္မင္က်ယ္ တြန္းထုတ္လိုက္ေသာ က်န္းယြမ္ႏွင့္ အျခားသူတို႔က ယြင္ခ်ဲ့ကို မ်က္ေမွာင္ၾကဳတ္ ျပလ်က္ ဟန္မင္က်ယ္၏ လွည့္ကြက္တြင္ စိတ္မေပ်ာ့ က်သြားရန္ အခ်က္ေပးေနေလသည္။ ယြင္ခ်ဲ့ထက္ အျခားသူမ်ားကို ပို၍ ေမွ်ာ္လင့္ေနသည့္ ဟန္မင္က်ယ္၏ အႀကံကို အ႐ူးပင္ တန္းသိနိုင္သည္။ ထိုသူတို႔ႏွင့္ သိရွိရင္းႏွီး သြားၿပီဆိုလွ်င္ ယြင္ခ်ဲ့လည္း သူတို႔ကဲ့သို႔ ကန္ထုတ္ျခင္း ခံရလိမ့္မည္။ သူတို႔၏ ေခါင္းေဆာင္က သူတို႔အတြက္ စေတး မခံေပးခဲ့လွ်င္ ဟြားတကၠသိုလ္ထဲတြင္ သူတို႔ပိတ္မိ ေနခဲ့ၾကလိမ့္မည္။ ထိုေနရာတြင္ ဘာျဖစ္ခဲ့သည္ကို သိရဲ႕လား။ ဟန္မင္က်ယ္ ဘက္တြင္ လူအမ်ားအျပား ရေနခဲ့ၿပီး အေဆာင္အတူေန ညီအစ္ကိုမ်ားက သူ၏ရက္စက္ ၾကမ္းၾကဳတ္မႈကို သည္းမခံနိုင္သျဖင့္ အဖြဲ႕မွ ခြဲထြက္ခဲ့ၾကသည္။ ကံေကာင္းစြာပင္ သူတို႔က စြမ္းအားရွင္မ်ားျဖစ္ေနခဲ့ၾကသည္။ မဟုတ္လွ်င္ အေစာႀကီး ကတည္းက ထုတ္ပယ္ ခံထားရလိမ့္မည္။

"ကပ္မျဖစ္ခင္ တစ္ပတ္ေလာက္ ကတည္းက ကြၽန္ေတာ္က ဟြားတကၠသိုလ္ရဲ႕ေက်ာင္းသား မဟုတ္ေတာ့သလို သူတို႔ရဲ႕ သူငယ္ခ်င္း မဟုတ္ေတာ့ဘူး ... ၿပီးေတာ့ ပါေမာကၡ ဟန္ ခင္ဗ်ားက အစြမ္းမရွိတဲ့ သာမန္လူပဲ မလား။ တျခားသူေတြရဲ႕ အကာအကြယ္ကို လိုေနတဲ့ ခင္ဗ်ားက ဘယ္သူ႕ကို အမိန့္လာ ေပးေနတာလဲ။ အာ ေဆာရီး ကြၽန္ေတာ္က ပြင့္ပြင့္လင္းလင္းပဲ ေျပာတတ္ေတာ့ အသံက မာေကာင္း မာနိုင္ေပမယ့္ ခင္ဗ်ားကို အရွိုက္ထိ သြားေစဖို႔ မရည္႐ြယ္ပါဘူး"

ယြင္ခ်ဲ့၏ အၾကည့္ထဲတြင္ စေနာက္လိုဟန္မ်ား ပါဝင္ေနသည္။ ယြင္ခ်ဲ့ သူ၏စိတ္ ေပါ့ပါးသြားေစရန္ မည္သို႔ ေျပာဆိုရမည္ကို ေတြးေနရင္း ဟန္မင္က်ယ္အား အရွိုက္ထိ သြားေစရန္ ေျပာဆိုလိုက္သည္။

"ယြင္ခ်ဲ့ .. မင္း..မင္း ေျပာင္းလဲသြားတယ္ မင္းအရင္က တိတ္ဆိတ္တဲ့ ေကာင္ေလးပါ .. အခုေတာ့ ဘယ္လိုလုပ္ ..."

စကားကိုၾကည့္ေျပာ …

ယြင္ခ်ဲ့ကို ဟန္မင္က်ယ္ မ်က္လုံး ေစြၾကည့္ကာ အလိုမက်ေသာ မ်က္ႏွာႏွင့္ စိတ္ထဲမွ က်ိန္ဆဲလိုက္သည္။ နယ္ေျမ စြမ္းအားရွင္ ျဖစ္ေသာ ယြင္ခ်ဲ့က ငါ့ထက္ အားနည္းပုံ ေပၚေနတာေတာင္ ဘာလို႔ ငါ့ကို ျပန္ေျပာရဲတာလဲ။ အကယ္၍ ယြင္ခ်ဲ့ အနားက လူမ်ား မသန္မာၾကလွ်င္ ယြင္ခ်ဲ့ ႏွင့္ သူ စကားေျပာဆိုေနမည္ မဟုတ္ေပ။

"လူေတြက ေျပာင္းလဲတာပဲ ခင္ဗ်ားေရာ မေျပာင္းလဲဘူးလား ပါေမာကၡဟန္ ... ကပ္ႀကဳံတဲ့ၾကားက အသက္ရွင္ေနၿပီး ခြၽမ္ၿမိဳ႕ကေန ထုံယန္းထိ ေရာက္လာတဲ့ လမ္းတစ္ေလွ်ာက္ အတြင္း ခင္ဗ်ား လက္မွာလည္း ေသြးေတြ စြန္းခဲ့တယ္မလား"

ဟန္မင္က်ယ္ကို ထုံအသူ တစ္ေယာက္အျဖစ္ ၾကည့္လိုက္ၿပီး ဟန္မင္က်ယ္ အေၾကာင္းကို ၿခဳံငုံေျပာဆို လိုက္သည္။ ယြင္ခ်ဲ့က ဟန္မင္က်ယ္ႏွင့္ ပတ္သက္၍ မည္သည့္ ကိစၥမွ စိတ္မဝင္စားေၾကာင္း ေဖာ္ျပလိုက္သည္။ အနားတြင္ ကပ္ေနေသးလွ်င္ ေတာင္မွ ယြင္ခ်ဲ့ ျပန္လည္ သက္သာသြားသည့္ အခ်ိန္တြင္ အာ႐ုံမစိုက္ လ်စ္လ်ဴရႈ ထားမည္ျဖစ္သည္။ သို႔ေသာ္ ဟန္မင္က်ယ္က စကားေျပာဆို ေနျခင္းကို လိုလားသူ ျဖစ္ေန၍ ေျပာေနျခင္း ဆိုလွ်င္ လတ္တေလာအတြက္ ဟန္မင္က်ယ္ တုံ႕ျပန္ ေျပာဆိုနိုင္ျခင္း မရွိသျဖင့္ ယြင္ခ်ဲ့ အတြက္ ကိစၥမရွိေပ။ မထီမဲ့ျမင္ ျပဳၿပီးမွ ရွင္းလိုက္လွ်င္လည္း အလြန္ေပ်ာ္စရာ ေကာင္းလိမ့္မည္။

ယြင္ခ်ဲ့ ေျပာင္းလဲ သြားပုံကို ဟန္မင္က်ယ္ နားမလည္ နိုင္ေသာ္လည္း ယြင္ခ်ဲ့ အနားမွ လူမ်ားကို သူႏွင့္ပူးေပါင္း ေစခ်င္သည္။ ရွင္းဖုန္းလည္း အေျခအေနတို႔ကို နားလည္ သြားၿပီးေနာက္ ယြင္ခ်ဲ့ကို လက္တစ္ဖက္ႏွင့္ ဖက္ထားလိုက္ၿပီး က်န္တစ္ဖက္က ယြင္ခ်ဲ့ လက္ကို ကိုင္ကာ ....

"ခ်ဲ့ .. မိတ္ဆက္ေပးဉီးေလ"

ထိုစကားကို ၾကားသည္ႏွင့္ ဟန္မင္က်ယ္ စိတ္နိုးၾကား လာေသာ္လည္း ရွင္းဖုန္းက သူ႕ကိုမႏွစ္ၿမိဳ႕စြာ ၾကည့္ေနေလသည္။

ယြင္ခ်ဲ့လည္း တမင္ၾကားျဖတ္ လိုက္ေသာ ရွင္းဖုန္းကို ၾကည့္လိုက္ၿပီးေနာက္ စိတ္လႈပ္ရွား တက္ႂကြေနေသာ ဟန္မင္က်ယ္ကို ျပန္ၾကည့္ကာ မဲ့ၿပဳံးၿပဳံးကာ ..

"မိတ္ဆက္စရာ မလိုပါဘူး ကြၽန္ေတာ့္ တကၠသိုလ္က လက္ေထာက္ ပါေမာကၡ တစ္ေယာက္ပဲေလ သူ႕အေၾကာင္း ေသခ်ာမသိပါဘူး"

ယြင္ခ်ဲ့ စကားေၾကာင့္ ယြင္ခ်ဲ့ႏွင့္ ေကာင္းေကာင္း ရင္းႏွီးဟန္ေဆာင္ေနေသာ ဟန္မင္က်ယ္ မ်က္ႏွာရႈံ႕မဲ့ သြားေလသည္။ ေဘးတြင္ ရပ္ေနေသာ က်န္းယြမ္ႏွင့္ သူ၏ သူငယ္ခ်င္းမ်ားကလည္း ေလွာင္ရယ္ကာ ယြင္ခ်ဲ့ကို တိတ္တဆိတ္ လက္မေထာင္ ျပေလသည္။ ကပ္ေဘး မျဖစ္မီက ထြက္ခဲ့ေသာ ေကာလာဟလမ်ားႏွင့္ လူေကာင္း တစ္ေယာက္အျဖစ္ ဟန္ေဆာင္ခဲ့ျခင္း တို႔ေၾကာင့္ ဟန္မင္က်ယ္ကို သေဘာမက်ခဲ့ၾကၿပီး ကပ္ေဘး ျဖစ္ၿပီးေနာက္ လူမ်ားကို စုေဆာင္းကာ သူမႀကိဳက္ေသာ သူမ်ားကို ဖယ္ၾကဥ္ထားရန္ လႈံ႕ေဆာ္ခဲ့သည္။ လူအမ်ားစုမွာလည္း ဟန္မင္က်ယ္ေၾကာင့္ ႏွင္ထုတ္ခံရၿပီး ဖုတ္ေကာင္မ်ား အတြက္ စေတးခံလည္း ျဖစ္ခဲ့ၾကရသည္။ သူတို႔၏ မိသားစုတို႔မွာ လင္းက်န္းၿမိဳ႕ႏွင့္ နီးသျဖင့္ အေနာက္ေတာင္ စခန္းသို႔ သြားၾကလိမ့္မည္ဟု ယုံၾကည္ထားသျဖင့္ သည္းခံေနျခင္းပင္။ မဟုတ္လွ်င္ ထိုအယုတ္တမာႏွင့္ အတူပူးေပါင္းေနမည္ မဟုတ္ေပ။

"ေအာ္ လက္ေထာက္ ပါေမာကၡလား ... ပါေမာကၡကေတာင္ မင္းကို သတိတရ ရွိတယ္ဆိုေတာ့ မင္းက စာေတာ္တဲ့ သူလား ဘာေတာ္တာလဲ"

ယြင္ခ်ဲ့က တမင္ ေစာင္းေျမာင္း ေျပာဆိုေနသည္ကို ရွင္းဖုန္း သိေသာ္လည္း သဝန္တိုေနလ်က္ သူ၏လက္ျဖင့္ ယြင္ခ်ဲ့ ေမးကို ကိုင္ကာ ေခါင္းေမာ့ ေစလိုက္သည္။ အျခားသူ၏ အျမင္တြင္ ရွင္းဖုန္းသည္ ယြင္ခ်ဲ့၏ ရႉးဂါးဒယ္ဒီ ျဖစ္ေနၿပီး ထိုရႉးဂါးဒယ္ဒီက အလြန္ စိတ္ဆိုးေနပုံပင္။

"ေရွာင္ခ်န္ ကမွ လူေတာ္ေလးပါ။ ေရွာင္ခ်န္ကပဲ ကြၽန္ေတာ့္ကို ဟြားတကၠသိုလ္ တက္နိုင္ဖို႔ လုပ္ေပးခဲ့တာ ... သဝန္မတိုပါနဲ႕ ကြၽန္ေတာ့္ကို သူသတိတရ ျဖစ္ေနတာ ဘယ္လိုလုပ္ သိမွာလဲ သူ႕ကိုပဲ ေမးပါလား"

ယြင္ခ်ဲ့ကလည္း အႀကံႏွင့္ ကိုယ္ကို မတ္ကာ ရွင္းဖုန္း၏ လည္ပင္းကို ဖက္တြယ္လိုက္ၿပီး မွီထားလိုက္သည္။

"ပါေမာကၡ ဟန္က ခ်ဲ့ကို ရင္းရင္းႏွီးႏွီး သိတာလဲ"

ရွင္းဖုန္းလည္း ေျပာသည့္ အတိုင္းပင္ အလြန္ မႈန္သုန္ေနေသာ ဟန္မင္က်ယ္ကို လွည့္ၾကည့္ကာ ေမးလိုက္သည္။ ရွင္းဖုန္း၏ ေက်ာက္႐ုပ္ကဲ့သို႔ ေအးစက္စက္ နိုင္ေသာ မ်က္ႏွာေပၚမွ စိတ္မပါတပါ အၾကည့္ႏွင့္ ကိုယ္တြင္း စိတ္ဝိညာဥ္ကိုပင္ ထိုးေဖာက္ ျမင္နိုင္ေလာက္သည့္ ရွင္းဖုန္း၏ နက္ေမွာင္ေသာ မ်က္လုံးမ်ားေၾကာင့္ ဟန္မင္က်ယ္ ေၾကာက္လန့္သြားၿပီး သူ၏စိတ္ထဲမွ အႀကံဉာဏ္မ်ားပင္ ေပ်ာက္သြား ရေလသည္။ ထို႔ေနာက္ မတ္တပ္ရပ္ကာ အထစ္ထစ္ အေငါ့ေငါ့ျဖင့္ ....

"မ..မသိပါဘူး .. ငါ..ငါသူနဲ႕ အရမ္း မရင္းႏွီးပါဘူး ေဆာရီး"

ဟန္မင္က်ယ္ ထြက္သြားသည္ကို ၾကည့္ေနရင္း ယြင္ခ်ဲ့ အျမင္ေဝဝါး လာၿပီးေနာက္ မ်က္ႏွာထက္မွ လူသတ္ အၿပဳံးမွာလည္း ေပ်ာက္ကြယ္ သြားေလသည္။

"ခ်ီးပဲ … သူ႕ကိုယ္သူ ဘာထင္ေနလဲ မသိဘူး"

က်န္းယြမ္က ပြင့္လင္းသူပီပီ အသံတိုးတိုးႏွင့္ က်ိန္ဆဲလိုက္ရာ က်န္ေသာ ၃ ေယာက္တို႔က ပခုံးကို ပုတ္ကာ စိတ္ထိန္းရန္ ႏွစ္သိမ့္ ေပးေနၾကသည္။ သူတို႔လည္း ဟန္မင္က်ယ္ကို သေဘာမက်ၾကေပ။ သူ႕ေၾကာင့္ပင္ သူတို႔၏ ေခါင္းေဆာင္မွာ ...

"မင္းတို႔ကို အိမ္ခဏ ျပန္ၾကဖို႔ ငါေျပာခဲ့တယ္မလား"

ဟန္မင္က်ယ္ကို ႏွင္ထုတ္ၿပီးေနာက္ ယြင္ခ်ဲ့လည္း ရွင္းဖုန္းအား ဖက္ထားသည္ကို လႊတ္လိုက္ၿပီး ထိုေလးေယာက္ကို ကူရာမဲ့စြာ ၾကည့္လိုက္သည္။ ဟြားတကၠသိုလ္မွ ယြင္ခ်ဲ့ မထြက္သြားမီ သူ၏အခန္းေဖာ္ သူငယ္ခ်င္းတို႔ကို မိဘမ်ားႏွင့္ သြားေတြ႕ရန္ ေျပာဆိုခဲ့သည့္ စကားမွာ အလဟႆ ျဖစ္သြားရသည္။

"ဟင္"

သူတို႔ေလးေယာက္ ေတြေဝစြာ တစ္ေယာက္ႏွင့္ တစ္ေယာက္ ၾကည့္လ်က္ ယြင္ခ်ဲ့ ေျပာခဲ့ေသာ စကားကို ျပန္စဥ္းစား ေနၾကသည္။ သို႔ေသာ္ အံ့ဩတႀကီးႏွင့္ မ်က္လုံးျပဴးလ်က္ ...

"မင္းႀကိဳသိေနခဲ့တာလား"

မျဖစ္နိုင္ဘူးမလား။ အကယ္၍ ယြင္ခ်ဲ့က ကပ္ေဘး ျဖစ္မည္ကို ႀကိဳသိေနခဲ့သည္ ဆိုလွ်င္ သူ၏ သတိေပးခ်က္မ်ားမွာ မွန္ကန္ ေနနိုင္သည္။ သူတို႔ကို ယြင္ခ်ဲ့ ကယ္တင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ....။ သူတို႔ အခု ေနာင္တႀကီးစြာ ရေနၾကသည္။ ထိုအခ်ိန္က ဘာကိုမွ မ်ားမ်ားစားစား မေတြးခဲ့သျဖင့္ ယြင္ခ်ဲ့ ေျပာခဲ့သည္ကို ေမ့ေလ်ာ့ ထားလိုက္သည္။ ကပ္ေဘးႀကီးက အခ်ိန္တို အတြင္း ေရာက္လာေတာ့မည္ဟု ဘယ္သူက ႀကိဳတင္ သိရွိခဲ့မွာလဲ။

"ငါက ဘုရားမွ မဟုတ္တာ ကပ္ေဘး ျဖစ္မျဖစ္ကို ငါဘယ္လိုလုပ္ ႀကိဳသိနိုင္မွာလဲ ..ငါေျပာခ်င္တာက မင္းတို႔ ငါ့စကား နားေထာင္ခဲ့ရင္ အိမ္ကိုလည္း ရက္ပိုင္းေလာက္ ျပန္သြားခဲ့ရင္ အခုခ်ိန္ မင္းတို႔မိသားစုနဲ႕ အတူရွိေနၾကမွာေလ .. အနည္းဆုံးေတာ့ သူတို႔ အသက္ရွင္မရွင္ကို အခုလို စိတ္ပူစရာ မလိုေတာ့ဘူးေလ"

သူတို႔၏ အေတြးကို ယြင္ခ်ဲ့ ရိပ္မိလိုက္ၿပီး ျဖစ္နိုင္ေခ်ကိဳ ရွင္းျပေလသည္။ အမွန္တရားက ခါးသီးသည္ ဆိုေသာ္လည္း အမွန္တရားက အမွန္တရားပင္၊ မည္သူမွ မေျပာင္းလဲနိုင္ေပ။ ကပ္ေဘး ကာလတြင္ မိသားစုႏွင့္ သီးျခား ေနပါက မိသားစု၏ သတင္း အစအနမ်ားကို ၾကားသိနိုင္ရန္ မလြယ္ကူေတာ့ေပ။

"အမွန္ပဲ ေတာ္ေတာ္ ဆိုးတယ္ေနာ္ ... ငါတို႔နားမေထာင္ခဲ့ၾကဘူး"

ဝန္ခံေျပာဆိုရလွ်င္ သူတို႔သည္ ဟန္မင္က်ယ္ ကဲ့သို႔ အျမင္က်ဥ္းသူ မဟုတ္သျဖင့္ ယြင္ခ်ဲ့ ေျပာသည္ကို စိတ္မဆိုးၾကဘဲ သက္ျပင္း ခ်လိဳက္သည္။

"မင္းတို႔ ၄ ေယာက္တည္းလား ... က်န္တဲ့ ၃ ေယာက္ေရာ"

က်န္းယြမ္ တို႔ကို ေသခ်ာ ၾကည့္ၿပီးေနာက္ ယြင္ခ်ဲ့ ေမးလိုက္သည္။ က်န္းယြမ္ မွလြဲ၍ က်န္ေသာ အခန္းေဖာ္တို႔ကို ယြင္ခ်ဲ့ မသိ မရင္းႏွီးေသာ္လည္း လူဉီးေရ ၈ ေယာက္ ရွိသည္ကိုေတာ့ ယြင္ခ်ဲ့ ေသခ်ာ မွတ္မိသည္။

"ေခါင္းေဆာင္နဲ႕ က်န္တဲ့ သူေတြက ..."

စကား စလိုက္သည္ႏွင့္ သူတို႔ မ်က္ရည္ဝဲ လာၾကေလသည္။ အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ က်န္းယြမ္က ငိုသံႏွင့္ စေျပာေလသည္။

"ေခါင္းေဆာင္ ညီ ၄ နဲ႕ ညီ ၇ တို႔ ေသသြားၾကၿပီ .. ငါတို႔ေတြ ဟြားတကၠသိုလ္က ထြက္လာနိုင္ေအာင္ သူတို႔ ကာေပးခဲ့ၾကတာ ... သူတို႔က ေခါင္းေဆာင္က အေတာ္ဆုံး ဆိုေတာ့ ပိုၿပီး တာဝန္ရွိတယ္လို႔ ေျပာၾကတယ္ ေသာက္ေရး မပါတာ။ ေခါင္းေဆာင္ ေသသြားတာကို သူတို႔ေတြ ဝမ္းနည္းေၾကာင္း နည္းနည္းေလးေတာင္ မျပခဲ့ၾကဘူး"

ေနာက္ဆုံးမွ လိုက္လာခဲ့ၾက သည္မွာ သူတို႔ ၃ ေယာက္တည္း မဟုတ္ လူတစ္ဒါဇင္လည္း ပါခဲ့ၾကသည္။ သူတို႔၏ ႐ုပ္အေလာင္းမ်ားကို က်န္းယြမ္တို႔ ကိုယ္တိုင္ မေတြ႕ခဲ့ရေသာ္လည္း ထိုသူတို႔က ပူေဆြး ဝမ္းနည္းမႈကို မျပၾကသျဖင့္ ထိုေနရာတြင္ပင္ သူတို႔ကို သတ္ပစ္ လိုက္သင့္သည္။ က်န္းယြမ္ႏွင့္ က်န္ ၃ ေယာက္မွာ ငယ္႐ြယ္ကာ စိတ္ဆႏၵ ျပင္းျပသည္။

လ်င္ျမန္စြာ ေျပာင္းလဲမႈ အတြက္ တန္ေၾကး ေပးရမည္ျဖစ္ၿပီး ထိုတန္ေၾကးက ေဘးဒုကၡ အႏၲရာယ္ႏွင့္ ေသြးစက္မ်ားျဖင့္ စတင္ခဲ့သည္။
***

Ga verder met lezen

Dit interesseert je vast

477K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
27.6K 2.8K 40
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...
337K 35.2K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
53.3K 7.2K 67
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...