Unicode
အခန်း (၉၆)
၁၀ ထပ် အမြင့်ရှိသော ပြင်ပလူနာဌာန အဆောက်အအုံကြီး ပြိုကျခြင်းက အလွန် ချောက်ချားဖွယ် ဖြစ်သွားစေသည်။ ဆေးရုံထဲရှိ ဖုတ်ကောင်များ သာမက အနီးပတ်ဝန်းကျင် ကလည်း အသံကြားရာကို အာရုံစိုက် သွားကြသည်။ ဖုန်နှင့် အပျက်အစီးများ ကြားတွင် အရောင်စုံရောင်စဉ်တန်းများ တောက်ပနေပြီး အရောင် ၂ ခုက အလွန် ထင်းနေသည်။
အဟွတ် အဟွတ်
"ချီး… ကျန်းရှန်နဲ့ နေရာလဲလိုက် … အလင်း… အလင်းဘယ်မှာလဲ ... ကုသပေးဖို့ အသင့်ပြင်ထား"
ဘုန်း ဘုန်း ဘုန်း
ဖုန်မှုန့်များ ပျောက်စင် သွားသည်နှင့် လေထဲတွင် ဝှေ့ယမ်းနေပြီး မြေပြင်တွင် ရိုက်ပုတ်နေသည့် တစ်ဒါဇင်ထက် ကျော်သော သစ်ပင် အမြစ်များကို တွေ့လိုက်ရသည်။ ကျန်းရှန်မှာ သွေးများနှင့် ပေကျံ နေသော်လည်း ရွှေဖဲကြိုးများကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက် ဉီးဆောင်နေသည်။ ကျန်းရှန်မှာ အလင်း၏ အလျင်နှုန်းနှင့် ရွေ့လျားနေသည့် အခါ သူ၏ ဖဲကြိုးများမှာလည်း အဖွဲ့သားများထံ ဉီးတည်နေသော သစ်မြစ်များကို တားဆီး ပေးနေသည်။ မီးစွမ်းအားရှင် ရှန်းရွေက ကျန်းရှန် ဘေးမှ ကူညီ တိုက်ခိုက်ပေးသည်။ အရှုံးသမား အဖွဲ့၏ မြေစွမ်းအားရှင် ဖြစ်ကြသော လေတာ့ရှန်၊ ဖုန်းကျိကျန်းနှင့် ကျူးဇီယွိတို့မှာ ထိခိုက် အနာတရ ရှိကြသော်လည်း တိုက်ခိုက်ရန် မတွန့်ဆုတ်ကြပေ။
"သေစမ်း… ရိဖန် .. အလင်းနဲ့ နယ်မြေ စွမ်းအားရှင်တွေကို ကြည့်ထား ... ဝေ့မင်နဲ့ ငါက ကျန်းရှန် နေရာဝင်ယူ လိုက်မယ်"
ရှုကျဲနှင့် အရှုံးသမား အဖွဲ့၏ နယ်မြေ စွမ်းအားရှင်များကို ကာကွယ် ပေးနေရသော ဟယ်ယုံယိ အပျက်အဆီး ပုံကြားမှ ထလာခဲ့သည်။ ယိုသုန်းလည်း နာကျင်နေသည့်တိုင် သူ၏ဓါးနှစ်ချောင်းကို တိုက်ခိုက်ရန် ပြင်လိုက်ပြီး ရေခဲစွမ်းအားရှင် ချန်းဝေ့မင် နှင့်အတူ ထိုသစ်မြစ်တို့ကို ရင်ဆိုင်လေသည်။ သစ်မြစ်များကို ခုတ်ပိုင်း ပြီးနောက် ကျန်းရှန် အနားသို့ ရောက်လာကြသည်။
"ကျန်းရှန် … ကျန်းရှန် … မင်းကုသဖို့ လိုတယ် အမြန်ထွက်ခဲ့ .. ဒီသန္ဓေပြောင်း အပင်ကို ငါတို့အချိန်ဆွဲ ထားလိုက်မယ်"
ဟုတ်ပါသည်၊ ထိုသစ်ပင်မှာ သန္ဓေပြောင်း အပင်တစ် ဖြစ်နေသည်။ သူတို့၏ဆေးစုဆောင်းတာဝန်တွင် အဆင့် ၃ ဖုတ်ကောင်တစ်မှမတွေ့ရဘဲ ဆေးခန်း၂ခုကိုပင် ပြီးမြောက်အောင်ရှာဖွေနိုင်ခဲ့သည်။ သို့သော် ရှင်းဖုန်းတို့နှင့် ပြန်လည် စုစည်းပေါင်းဆုံရန် နေရာသို့ မထွက်ခွာမီ ထိုကြီးမား ထူထဲလှသည့် အမြစ်များက မြေပြင်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်။ အစပိုင်းတွင် ကြောင်အနေခဲ့သော်လည်း အတွေ့အကြုံ ရှိထားပြီးသော ရှန်းရွေ ကြောင့် သတိပြန်ကပ်ကာ ရှန်းရွေ၏ လမ်းညွှန်းချက်နှင့် ထိုအမြစ်များကို တိုက်ခိုက်ခဲ့သည်။
သို့သော် ထိုအမြစ်များမှာ အားသန်မာရုံ သာမက စိတ်စွမ်းအားလည်း ရှိနေပုံရသည်။ မြေပြင်ထဲသို့ ဝင်သွားကြပြီး အခြား တစ်နေရာမှ ပြန်လည် ထွက်ပေါ် လာကြသည့်အပြင် အခြားနေရာများသို့လည်း စွမ်းအားများ ပစ်လွှတ်ကြရာ ကျန်းရှန် ကိုပင် ထိခိုက် သွားစေခဲ့သည်။ ပြင်ပလူနာ အဆောက်အအုံ၏ အုတ်မြစ်ကို ဖျက်ဆီး ပစ်လိုက်သည့်အခါ ထိုအဆောက်အအုံမှာ ပြိုကျ သွားလေသည်။ အကယ်၍ ထိုနေရာမှ မထွက်လာနိုင်ခဲ့လျှင် သူတို့သေကြေ သွားကြလိမ့်မည်။
"မလာဘူး"
ကျန်းရှန်၏ ပခုံး၊ ခါးနှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရနေပြီး သွေးများ တစိမ့်စိမ့်ထွက်နေသည့်တိုင် ကျန်းရှန်က ထွက်လာရန် ငြင်းဆန်နေပြီး သစ်မြစ်များကိုသာ အာရုံထားကာ သူ၏ဖဲကြိုးများကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက် သစ်မြစ်များကို တိကျသော တိုက်ခိုက်ချက်များနှင့် ရုန်းကန် တိုက်ခိုက်နေသည်။ သစ်မြစ်အချို့ကို ဖျက်ဆီး ပစ်နိုင်ခဲ့သဖြင့် အခုအချိန်မှ ရပ်တန့်လိုက်လျှင် သူ၏စွမ်းအားများ အလဟဿ ဖြစ်သွားလိမ့်မည်။
"ဒါပေမယ့် မင်းဒဏ်ရာရတာ များနေပြီ .. အခု နောက်မဆုတ်ရင် မင်းသေလိမ့်မယ်"
"မင်းဘာလုပ်နေတာလဲ… မင်းနေရာကို ပြန်လာပြီး အမြန်လာကုလိုက်"
ယိုသုန်းနှင့် ချန်းဝေ့မင်တို့မှာ အရှုံးသမားအဖွဲ့မှ ဖြစ်သောကြောင့် အမိန့်ပေးသည့် လေသံနှင့် မပြောကြသော်လည်း ရှန်းရွေ အမိန့်ပေးကာ ပြောလိုက်သည်။ ကျန်းရှန် အားနှင့် ထိန်းချုပ်နေသော သစ်မြစ်များ အနားသို့ ကပ်သွားကာ ပြောလိုက်သော်လည်း ကျန်းရှန်က ခေါင်းမာနေဆဲပင်။ မည်သူကိုမှ တုံ့ပြန်ပြောဆိုခြင်း မရှိဘဲ ကျန်းရှန်မှာ သစ်မြစ်များနှင့် ဆက်၍ တိုက်ခိုက်နေလျက်ရှိသည်။ ရှန်းရွေ ကျိန်ဆဲမိလုနီးပါး ဖြစ်သွားချိန်တွင် ယွင်ချဲ့ ပြောခဲ့သော စကားကို သတိရသွားပြီး အော်ပြောလိုက်သည်။
"ယဲ့ရှင်းချန်ကို မင်းအသက်ရှင်လျက် ပြန်တွေ့ချင်လား မတွေ့ချင်ဘူးလား"
ဘတ်စ်ကားပေါ်တွင် ရှန်းရွေအား ယွင်ချဲ့ ပြောခဲ့သည်က 'တကယ်လို့ ကျန်းရှန် တားဆီးမရတဲ့အထိ ဖြစ်လာရင် ယဲ့ရှင်းချန် နာမည်ကိုသာ အော်လိုက် သူနားထောင်လိမ့်မယ်' ဟူ၍ပင်။ သို့သော် သူက မဖြစ်နိုင်ဟု တွေးကာ ထိုအကြောင်းကို အရေးတယူ မရှိခဲ့ပေ။ သို့သော် ယခုချိန်တိုင် ကျန်းရှန် က နားထောင်မလား မနားထောင်လားဆိုသည်ကလည်း မသေချာပေ။ လူတစ်ယောက်က တစ်စုံတစ်ခုနှင့် အနီးကပ် တိုက်ခိုက်နေလျှင် အခြားသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အင်အားကြီးကာ ခေါင်းမာသူ တစ်ယောက် ဖြစ်သွားတတ်သည်။
"ဟင်"
ခဏရပ်တန့် သွားပြီးနောက် ကျန်းရှန်လည်း ဖဲကြိုးများကို ရုပ်သိမ်းကာ တိုက်ပွဲထဲမှ ထွက်လာခဲ့သည်။
"ဘုရားသခင် ..."
ကြောင်အ အဖြစ် သွားသော ရှန်းရွေက အသံတိတ် ကျိန်ဆဲလိုက်ပြီး ယိုသုန်းနှင့် ချန်းဝေ့မင် တို့လည်း မည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။ ကျန်းရှန် ပြောင်းလဲ သွားပုံမှာ လျင်မြန်ပြီး ရုတ်တရက် ဆန်လှသည်။ ထို့အပြင် မထွက်လာမီ ကြိုပြောသင့် သော်လည်း မပြောဘဲ ထွက်လာခဲ့သည်။
"ကုပေးလိုက်ဉီး"
မည်သို့ဖြစ်ဖြစ် ဒဏ်ရာအများဆုံး ရထားသူ တစ်ယောက်ကိုတော့ ခေါ်ထုတ် လာနိုင်ခဲ့ပြီ။ အလင်း စွမ်းအားရှင်နှင့် နယ်မြေ စွမ်းအားရှင်တို့ကို ကာကွယ် ပေးနေသော ရွှီရိဖန်က အော်ပြောလိုက်သည်။ ရှုကျဲ ကြောက်လန့်နေပြီး သူ့ထံ လျှောက်လှမ်း လာနေသော ကျန်းရှန်ကိုသာ မှုန်သုန်သုန် စိုက်ကြည့်နေသည်။ သူ့အရှေ့သို့ ကျန်းရှန် ရောက်လာသည့်တိုင် ဘာမှမလုပ်ဘဲ ကြည့်နေမိသည်။
"ဘာတွေ စိုက်ကြည့်နေတာလဲ … ကုပေးလိုက်လေ"
နယ်မြေ စွမ်းအားရှင် ဖြစ်သော ဟယ်ယုံယိက အော်ပြော လိုက်သည်။ ထိုကြောက်တတ်သော ငအလေးသာ အရှုံးသမား အဖွဲ့၏ ကုသသူ တစ်ယောက် ဖြစ်နေပါက ဆူဆဲပစ်လိုက်မည် ဖြစ်သည်။ ကျန်းရှန်မှာ သူတို့ အဖွဲ့ထဲတွင် အတော်ဆုံးဖြစ်ပြီး ပြန်ဆုတ်လာသည့် အချိန်တွင် သူတို့အတွက် အံ့ဩထိတ်လန့်ဖွယ် ကောင်းသော ခံစားချက်ကို ရလိုက်ကြသည်။ အကယ်၍ သူသာ ကျဆုံး သွားခဲ့လျှင် သူတို့အားလုံး အပင်၏အစာ ဖြစ်သွားကြလိမ့်မည်။
ကုသပေးခြင်းကို အလျင်အမြန် လိုအပ်နေသော ကျန်းရှန်သည် ရှုကျဲအား ငေးကြည့်နေပုံမှာ အိမ်မွေး တစ်ကောင်က အစာမျှော်နေခြင်းနှင့် တူနေသည်။ ပြီးခဲ့သည့် အချိန်က ကြမ်းတမ်းခက်ထန်နေသောပုံစံနှင့် လားလားမှ မတူတော့ပေ။
"အင်း .. ကျွန်တော် .."
ရှုကျဲ သတိပြန်ကပ် လိုက်သော်လည်း သူ၏အကြည့်များက ထွေပြား နေသေးသည်။ ထိုနေရာမှ သူချက်ချင်း ထသွားချင် သော်လည်း ထိုနေ့က ယွင်ချဲ့ မည်သို့ ပြောဆိုခဲ့ခြင်းနှင့် သူ့အား ဓါးနှင့်ရွယ်ခဲ့ခြင်းကို မှတ်မိသွားလေသည်။
"ကျွန်တော်ကုပေးမယ်"
ရှုကျဲ ရှေ့သို့တိုးကာ ကျန်းရှန်ကို ကုသပေးလိုက်သည်။ ယွင်ချဲ့အား မကုသပေးရဲသည် အထိ ယွင်ချဲ့ကို ရှုကျဲ အလွန် ကြောက်သွားသည်။
"သန္ဓေပြောင်း အပင်ပဲကိုး"
ရှုကျဲ ကံကောင်း သွားသည်လား၊ ယွင်ချဲ့ အနည်းငယ် နောက်ကျ သွားသည်လားပင် မသိတော့။ ရှုကျဲ စတင်ကုပေးသည့် အချိန်တွင် အပေါ်မှ ယွင်ချဲ့ ဆင်းလာခဲ့သည်။ ရှုကျဲ လက်များ တုန်ယင်ကာ နှုတ်ခမ်းတို့လည်း တွန့်ချိုးသွားပြီး ယွင်ချဲ့က သူ့ကို ကြည့်နေကြောင်း သတိထားမိ လိုက်သည့်အခါ ကုသစွမ်းအားကို ပို၍ တိုးမြှင့်လိုက်သည်။
"ခေါင်းဆောင် ယွင်"
"ချဲ့"
အားအင် ကုန်ခန်း လာသည့် အဖွဲ့သားများ ယွင်ချဲ့ကို တွေ့လိုက်သည်နှင့် စိတ်လှုပ်ရှားကာ စိတ်သက်သာရာ ရသွားလေသည်။
"မင်းတို့တွေ ခက်ခက်ခဲခဲ တိုက်နေကြတာပဲ .. အခု ငါပြောတာ နားထောင်တော့ တိုက်နေရာကနေ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်လိုက်"
သန္ဓေပြောင်း အပင်များအား မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို ယွင်ချဲ့ ကောင်းစွာ သိသည်။ သူ၏သေးသွယ်သော ခန္ဓာကိုယ်မှာ အမြစ်များ ရှုပ်ထွေးနေသည့် ကြားမှ အလွယ်တကူ တိုးလျှိုး ဝင်ရောက်သွားသည်။ အမြစ်များကို တိုက်ခိုက်ခြင်း မပြုဘဲ ပင်စည်၏ အလယ်တွင် အမှတ်တစ်ခုကို အဝေးမှရပ်ကာ ထုထွင်း လိုက်သည်။ ရိုက်ခတ်မှုများက ပင်စည်အခေါက်ကို ထိခိုက်သွားခြင်း မရှိသော်လည်း တစ်နေရာတည်းကိုသာ ထပ်ခါထပ်ခါ အမှတ်အသား လုပ်နေလေသည်။
"မီး .. မြေ နောက်ဆုတ်နေ .. ရွှေ .. ရေခဲ ဒီအမှတ်ကို ငါနဲ့အတူ လိုက်ပစ်ထား"
အမြစ်တစ်ခုမှ တစ်ခုသို့ လျင်မြန်စွာ ခုန်ကူးရင်း အမိန့်ပေးကာ အပင်ကို စတင် တိုက်ခိုက်ကြလေသည်။ လျှပ်စီးလိုင်းများသည် ထိုအမှတ် တစ်နေရာတည်းကိုသာ ပစ်ခတ် နေကြသည်။ ယိုသုန်း နှင့် ချန်းဝေ့မင် တို့လည်း ယွင်ချဲ့၏ နည်းလမ်းကို နားလည် သွားသကဲ့သို့ အမြစ်များကို မတိုက်ခိုက်တော့ဘဲ ပင်စည်ပေါ်ရှိ အမှတ်ကိုသာ ကျည်ဆန်များ၊ ရေခဲစများဖြင့် တရစပ် ပစ်ခတ် နေလေသည်။ မီးစွမ်းအားရှင် ရှန်းရွေက နောက်ဆုတ်သွားပြီး အားအင် ဖြည့်တင်းရန် အမြုတေများကို စုပ်ယူလျက် ကုသမှုခံယူရန် စောင့်နေချိန် အမြစ်များကို ကိုယ်တိုင် ခုတ်ဖြတ်နေသော ယွင်ချဲ့ကို တွေ့လိုက်သည်။
"ချဲ့"
မိနစ်များစွာ ကြာပြီးနောက် အဆောက်အအုံထဲမှ လန်ယဲ့ဟန်နှင့် အခြားသူများ ထွက်လာပြီး သူတို့အနား ရောက်လာသည်။ အမိန့်မရဘဲ အမြစ်များကို ရှင်းလင်းရန် ပြေးလာချိန်တွင် ယွင်ချဲ့ အော်ပြောလိုက်သည်။
"မလာကြနဲ့ တာဝေး တိုက်ခိုက်တာ တစ်မျိုးပဲ ရှိတဲ့လူ အရေအတွက်အတိုင်း သန္ဓေပြောင်းအပင်ရဲ့ အမြစ်တွေက ပြောင်းလဲသွားတာ လူများများ ကပ်လေ ပြောင်းလဲတာ ပိုများလေပဲ ... အမြစ်တွေကို ငါဖြတ်နိုင်တယ် ပင်စည်ကွဲတဲ့ အထိ အမှတ်အသားကိုပဲ သေချာပစ်ကြ သူရဲ့ပင်မနှလုံးကို ဆုံးရှုံးသွားတာနဲ့ လှုပ်ရှားနေတာတွေလည်း ရပ်သွားလိမ့်မယ်"
သန္ဓေပြောင်း အပင်မှာ သူ၏အစွမ်းကို ကမ္ဘာမြေမှ ရသဖြင့် သာမန် တိုက်ခိုက်မှုများနှင့် မရှင်းလင်းနိုင်ပေ။ ပင်စည်၏ အလယ်တွင် ရှိသော ပင်မနှလုံးကို ယူထုတ်နိုင်မှသာ အမြစ်ပြတ် ရှင်းနိုင်လိမ့်မည် ဖြစ်သည်။
"ချဲ့ မင်း ငါတို့ကို ကြိုပြောထားပါလားလို့"
ကျိုးဇယ်ယွီ နောက်ဆုတ်ကာ ညည်းတွားလိုက်သည်။ သူနှင့်ယှဉ်လျှင် လန်ယဲ့ဟန်နှင့် ကျန်သော နှစ်ယောက်က ပို၍တည်ငြိမ် တိတ်ဆိတ်သေးသည်။ အမြစ်များနှင့် ဝေးရာတွင်နေလိုက်ပြီး ယွင်ချဲ့၏ လျှပ်စီးအားကို ကြည့်ထားလျက် လိုအပ်ပါက ယွင်ချဲ့ကို ကူညီပေးရန် သူတို့အစွမ်းကို အသင့်ပြင် ပေါင်းစည်း ထားလိုက်သည်။
ချိုးဖဲ့ရန် ခက်ခဲလှသော ပင်စည်ကြီးက စွမ်းအားများ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် စတင် ကျိုးပဲ့လာပြီး အလွန် ဆိုးဝါးလှသော အနံ့အသက်မှာလည်း လေထုထဲသို့ ပျံ့နှံ့လာခဲ့သည်။ ပင်စည်အခေါက် ကွာကျသွားသည်နှင့် အစိမ်းရင့်ရင့် အကျိအချွဲများက သွေးစီးသကဲ့သို့ စီးကျလာသည်။
"ဆက်လုပ်ထား .. အလွှာသုံးခု ကျန်သေးတယ်"
"ဘယ်လိုတောင်လဲ"
ပင်စည်အခေါက် ၃လွှာ ကျန်သေးသည်ဟု ယွင်ချဲ့ ပြောလိုက်သည်နှင့် အံ့ဩသွားသကဲ့သို့ စိတ်ဓာတ် ကျသွား ရလေသည်။ ပထမတစ်လွှာနှင့် မောပန်း နေကြပြီး ကျန်သော ၃ လွှာကို ဆက်၍ တိုက်ခိုက် ရမည်ဆိုပါက သူတို့ လဲကျသွားလိမ့်မည်။ ထိုအပင်မှာ သန္ဓေပြောင်း အပင်မဟုတ်၊ မိစ္ဆာအပင် ဖြစ်လိမ့်မည်။ အဆင့် ၃ ဖုတ်ကောင်များထက် ပို၍ သန်မာနေသည်။
"ချဲ့"
"မိနစ်ပိုင်း ကြာပြီးနောက် ယွီဝမ်းချင်နှင့် ကျန်သည့် ၂ ယောက်လည်း ရောက်လာကြသည်။ လန်ယဲ့ဟန် တို့ကဲ့သို့ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိစေရန် ယွင်ချဲ့ ဖျတ်ခနဲ ကြည့်ပြီးနောက် ပြောလိုက်သည်။
"ဝမ်းချင် .. လန်ယဲ့ဟန်နဲ့ တခြားသူတွေကို ကျန်းရှန် သက်သာလာတဲ့ အထိ တစ်နေရာကိုခေါ်သွားလိုက်။ ဒါကိုတိုက်ခိုက်ဖို့ ခဏနေ လူချိန်းကြမယ် ... ရှန်းရွေ .. လေတာ့ရှန် ခင်ဗျားတို့ အဆင့် ၃ ကို ရောက်ကြတော့မယ် ဖုတ်ကောင်တွေ ရှာပြီး အဆင့်တက်အောင် လုပ်ထားလိုက် ... ကျန်တဲ့သူတွေက အလင်း စွမ်းအားရှင်နဲ့ နယ်မြေ စွမ်းအားတွေကို ကာကွယ်ထား ပြီးရင် အလင်းစွမ်းအားနဲ့ ပြန်ကုသထားလိုက်"
"ကောင်းပြီ"
အဖွဲ့အတွက် ယွင်ချဲ့ တခြား ပြောဆိုပေးရန် မရှိတော့ပေ။ အမြစ်များကို တိုက်ခိုက် ရှင်းလင်းနေချိန်တွင် တာဝေး တိုက်ခိုက်ရန် အတွက်လည်း အာရုံစိုက် နေရသောကြောင့် တာဝန်ယူ ထားရသည်က များပြားနေသည်။ ယွီဝမ်းချင်နှင့် သူတို့၏ အဖွဲ့သားတို့မှာ တွေ့ကြုံထားပြီးသော သူများဖြစ်ကြသဖြင့် ယွင်ချဲ့ စကားဆုံးသည်နှင့် ဘေးမှရပ်ကာ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို သေချာကြည့် နေလိုက်ကြသည်။ ကျန်းရှန် ကုသမှု ခံယူပြီးသည်နှင့် သူတို့လေးယောက် ထွက်လာပြီး လန်ယဲ့ဟန် တို့နှင့် နေရာလဲလိုက်သည်။
သူတို့သည် အချိန်ဖြုန်း မနေကြဘဲ အမြုတေများကို စုပ်ယူကာ စွမ်းအားများကို မြန်နိုင်သမျှ မြန်စွာ ဖြည့်တင်း နေကြလေသည်။
ပင်စည် အခေါက်များ ကွာလာလေ အနံ့အသက်က ပိုဆိုးဝါး လာလေပင်။ အပင်မှ များပြားစွာ ကျဆင်းလာသည့် သစ်အစ များမှာလည်း အစိမ်းရင့် အကျိအချွဲများထဲတွင် ရောနှောကုန်သည်။
"နောက်ဆုံးအလွှာပဲ"
ငါးကြိမ်မြောက် လူချိန်းကျပြီးနောက် စိတ်တက်ဖွယ် သတင်းကို ကြားလိုက်ကြသည်။ ထိုအချိန်တွင် ရှင်းဖုန်းနှင့် ကျောက်ကောင်း တို့လည်း ဓါတ်ခွဲခန်းများမှ အောက်သို့ ဆင်းလာခဲ့ကြသည်။ ကျောက်ကောင်းလည်း ပါဝင် တိုက်ခိုက်ရန် မဖြစ်နိုင်သဖြင့် ဝင်ရောက် မစွပ်ဖက်တာ့ဘဲ ဖုတ်ကောင်များကို ရှင်းလင်းရန် ထွက်သွား လိုက်သည်။ ရှင်းဖုန်းလည်း သူတို့ကို ကြည့်ကာ တိတ်တဆိတ်နှင့် အပင်ကို တိုက်ခိုက် နေလေသည်။
"လူမချိန်းနဲ့တော့ အားလုံး အတူတူပစ်ကြ ငါကြာကြာ မထိန်းနိုင်လောက်တော့ဘူး"
ယွင်ချဲ့ အသံမှာ အားကုန်နေပုံ ရသည်။ ယွီဝမ်းချင်နှင့် အခြား သူတို့မှာလည်း စွမ်းအားများကို ပြန်လည် မဖြည့်တင်းတော့ဘဲ အားကုန် ပစ်ခတ်လေသည်။ အလှည့်ချိန်းရန် လာသော လန်ယဲ့ဟန်လည်း နောက်မတွန့်ဘဲ ပူးပေါင်း လိုက်သည်။ သူတို့အားလုံး ပင်စည်၏ အားနည်းချက်ကို ခက်ခဲစွာ ကြိုးစား ပစ်ခွင်း နေကြလေသည်။
ဘုန်း
"ရပ်တော့"
နောက်ဆုံးတွင် အပင်မှာ ခံနိုင်ရည် မရှိတော့ဘဲ အက်ကွဲများစွာ ထွက်ပေါ် ပြီးနောက် လဲကျသွားလေသည်။ ယွင်ချဲ့ သူ၏အဖွဲ့သားတို့ကို ရပ်ရန် ပြောလိုက်ပြီး ကိုယ်တိုင်မှာ ရှုပ်ထွေးနေသော အမြစ်များပေါ်မှ ဖြတ်ကာ ကျိုးပဲ့နေသော ပင်စည်နားသို့ သွားလိုက်သည်။ ထို့နောက် ဥအရွယ်ရှိ ကြည်လင် တောက်ပနေသည့် ပန်းနုရောင် အမြုတေကို သူ၏ လေအစွမ်းနှင့် ယူထုတ် လိုက်သည်။
ဘုတ် ဘုတ်
ထိုအရာကို ပင်စည်ထဲမှ ထုတ်ယူ လိုက်သည်နှင့် အမြစ်များလည်း အားကုန် သွားသည့်အလား မြေပေါ်သို့ ကျကုန်လေသည်။
နောက်ဆုံးတော့ ရှင်းနိုင်ခဲ့ပြီ။
အဖွဲ့သားတို့မှာလည်း သက်ပြင်းချကာ တစ်ယောက်ပြီး တစ်ယောက် ထိုင်လျက်သား ကျကုန်သည်။ သန္ဓေပြောင်း အပင်နှင့် ပထမဆုံး တွေ့ကြုံရင်ဆိုင် ရခြင်းဖြစ်ပြီး အလွန်ပင် ရှိန်ရလောက်ပေသည်။ ယွင်ချဲ့သာ ကောင်းမွန်သော ခေါင်းဆောင် တစ်ယောက် မဟုတ်ခဲ့လျှင် သူတို့အားလုံး ထိုနေရာတွင်ပင် အားလျော့ သွားကြလိမ့်မည်။ သန္ဓေပြောင်း အပင်နှင့် ယှဉ်လျှင် တိရစ္ဆာန် ဖုတ်ကောင်များနှင့် အဆင့် ၃ ဖုတ်ကောင်များမှာ ဘာမှ မဟုတ်တော့ပေ။
***
Zawgyi
အခန္း (၉၆)
၁၀ ထပ္ အျမင့္ရွိေသာ ျပင္ပလူနာဌာန အေဆာက္အအုံႀကီး ၿပိဳက်ျခင္းက အလြန္ ေခ်ာက္ခ်ားဖြယ္ ျဖစ္သြားေစသည္။ ေဆး႐ုံထဲရွိ ဖုတ္ေကာင္မ်ား သာမက အနီးပတ္ဝန္းက်င္ ကလည္း အသံၾကားရာကို အာ႐ုံစိုက္ သြားၾကသည္။ ဖုန္ႏွင့္ အပ်က္အစီးမ်ား ၾကားတြင္ အေရာင္စုံေရာင္စဥ္တန္းမ်ား ေတာက္ပေနၿပီး အေရာင္ ၂ ခုက အလြန္ ထင္းေနသည္။
အဟြတ္ အဟြတ္
"ခ်ီး… က်န္းရွန္နဲ႕ ေနရာလဲလိုက္ … အလင္း… အလင္းဘယ္မွာလဲ ... ကုသေပးဖို႔ အသင့္ျပင္ထား"
ဘုန္း ဘုန္း ဘုန္း
ဖုန္မႈန့္မ်ား ေပ်ာက္စင္ သြားသည္ႏွင့္ ေလထဲတြင္ ေဝွ႕ယမ္းေနၿပီး ေျမျပင္တြင္ ရိုက္ပုတ္ေနသည့္ တစ္ဒါဇင္ထက္ ေက်ာ္ေသာ သစ္ပင္ အျမစ္မ်ားကို ေတြ႕လိုက္ရသည္။ က်န္းရွန္မွာ ေသြးမ်ားႏွင့္ ေပက်ံ ေနေသာ္လည္း ေ႐ႊဖဲႀကိဳးမ်ားကို ကြၽမ္းက်င္စြာ ကိုင္တြယ္လ်က္ ဉီးေဆာင္ေနသည္။ က်န္းရွန္မွာ အလင္း၏ အလ်င္ႏႈန္းႏွင့္ ေ႐ြ႕လ်ားေနသည့္ အခါ သူ၏ ဖဲႀကိဳးမ်ားမွာလည္း အဖြဲ႕သားမ်ားထံ ဉီးတည္ေနေသာ သစ္ျမစ္မ်ားကို တားဆီး ေပးေနသည္။ မီးစြမ္းအားရွင္ ရွန္းေ႐ြက က်န္းရွန္ ေဘးမွ ကူညီ တိုက္ခိုက္ေပးသည္။ အရႈံးသမား အဖြဲ႕၏ ေျမစြမ္းအားရွင္ ျဖစ္ၾကေသာ ေလတာ့ရွန္၊ ဖုန္းက်ိက်န္းႏွင့္ က်ဴးဇီယြိတို႔မွာ ထိခိုက္ အနာတရ ရွိၾကေသာ္လည္း တိုက္ခိုက္ရန္ မတြန့္ဆုတ္ၾကေပ။
"ေသစမ္း… ရိဖန္ .. အလင္းနဲ႕ နယ္ေျမ စြမ္းအားရွင္ေတြကို ၾကည့္ထား ... ေဝ့မင္နဲ႕ ငါက က်န္းရွန္ ေနရာဝင္ယူ လိုက္မယ္"
ရႈက်ဲႏွင့္ အရႈံးသမား အဖြဲ႕၏ နယ္ေျမ စြမ္းအားရွင္မ်ားကို ကာကြယ္ ေပးေနရေသာ ဟယ္ယုံယိ အပ်က္အဆီး ပုံၾကားမွ ထလာခဲ့သည္။ ယိုသုန္းလည္း နာက်င္ေနသည့္တိုင္ သူ၏ဓါးႏွစ္ေခ်ာင္းကို တိုက္ခိုက္ရန္ ျပင္လိုက္ၿပီး ေရခဲစြမ္းအားရွင္ ခ်န္းေဝ့မင္ ႏွင့္အတူ ထိုသစ္ျမစ္တို႔ကို ရင္ဆိုင္ေလသည္။ သစ္ျမစ္မ်ားကို ခုတ္ပိုင္း ၿပီးေနာက္ က်န္းရွန္ အနားသို႔ ေရာက္လာၾကသည္။
"က်န္းရွန္ … က်န္းရွန္ … မင္းကုသဖို႔ လိုတယ္ အျမန္ထြက္ခဲ့ .. ဒီသေႏၶေျပာင္း အပင္ကို ငါတို႔အခ်ိန္ဆြဲ ထားလိုက္မယ္"
ဟုတ္ပါသည္၊ ထိုသစ္ပင္မွာ သေႏၶေျပာင္း အပင္တစ္ ျဖစ္ေနသည္။ သူတို႔၏ေဆးစုေဆာင္းတာဝန္တြင္ အဆင့္ ၃ ဖုတ္ေကာင္တစ္မွမေတြ႕ရဘဲ ေဆးခန္း၂ခုကိုပင္ ၿပီးေျမာက္ေအာင္ရွာေဖြနိုင္ခဲ့သည္။ သို႔ေသာ္ ရွင္းဖုန္းတို႔ႏွင့္ ျပန္လည္ စုစည္းေပါင္းဆုံရန္ ေနရာသို႔ မထြက္ခြာမီ ထိုႀကီးမား ထူထဲလွသည့္ အျမစ္မ်ားက ေျမျပင္ထဲမွ ႐ုတ္တရက္ ထြက္လာခဲ့သည္။ အစပိုင္းတြင္ ေၾကာင္အေနခဲ့ေသာ္လည္း အေတြ႕အႀကဳံ ရွိထားၿပီးေသာ ရွန္းေ႐ြ ေၾကာင့္ သတိျပန္ကပ္ကာ ရွန္းေ႐ြ၏ လမ္းၫႊန္းခ်က္ႏွင့္ ထိုအျမစ္မ်ားကို တိုက္ခိုက္ခဲ့သည္။
သို႔ေသာ္ ထိုအျမစ္မ်ားမွာ အားသန္မာ႐ုံ သာမက စိတ္စြမ္းအားလည္း ရွိေနပုံရသည္။ ေျမျပင္ထဲသို႔ ဝင္သြားၾကၿပီး အျခား တစ္ေနရာမွ ျပန္လည္ ထြက္ေပၚ လာၾကသည့္အျပင္ အျခားေနရာမ်ားသို႔လည္း စြမ္းအားမ်ား ပစ္လႊတ္ၾကရာ က်န္းရွန္ ကိုပင္ ထိခိုက္ သြားေစခဲ့သည္။ ျပင္ပလူနာ အေဆာက္အအုံ၏ အုတ္ျမစ္ကို ဖ်က္ဆီး ပစ္လိုက္သည့္အခါ ထိုအေဆာက္အအုံမွာ ၿပိဳက် သြားေလသည္။ အကယ္၍ ထိုေနရာမွ မထြက္လာနိုင္ခဲ့လွ်င္ သူတို႔ေသေၾက သြားၾကလိမ့္မည္။
"မလာဘူး"
က်န္းရွန္၏ ပခုံး၊ ခါးႏွင့္ ေျခလက္တို႔တြင္ ဒဏ္ရာမ်ား ရေနၿပီး ေသြးမ်ား တစိမ့္စိမ့္ထြက္ေနသည့္တိုင္ က်န္းရွန္က ထြက္လာရန္ ျငင္းဆန္ေနၿပီး သစ္ျမစ္မ်ားကိုသာ အာ႐ုံထားကာ သူ၏ဖဲႀကိဳးမ်ားကို ကြၽမ္းက်င္စြာ ကိုင္တြယ္လ်က္ သစ္ျမစ္မ်ားကို တိက်ေသာ တိုက္ခိုက္ခ်က္မ်ားႏွင့္ ႐ုန္းကန္ တိုက္ခိုက္ေနသည္။ သစ္ျမစ္အခ်ိဳ႕ကို ဖ်က္ဆီး ပစ္နိုင္ခဲ့သျဖင့္ အခုအခ်ိန္မွ ရပ္တန့္လိုက္လွ်င္ သူ၏စြမ္းအားမ်ား အလဟႆ ျဖစ္သြားလိမ့္မည္။
"ဒါေပမယ့္ မင္းဒဏ္ရာရတာ မ်ားေနၿပီ .. အခု ေနာက္မဆုတ္ရင္ မင္းေသလိမ့္မယ္"
"မင္းဘာလုပ္ေနတာလဲ… မင္းေနရာကို ျပန္လာၿပီး အျမန္လာကုလိုက္"
ယိုသုန္းႏွင့္ ခ်န္းေဝ့မင္တို႔မွာ အရႈံးသမားအဖြဲ႕မွ ျဖစ္ေသာေၾကာင့္ အမိန့္ေပးသည့္ ေလသံႏွင့္ မေျပာၾကေသာ္လည္း ရွန္းေ႐ြ အမိန့္ေပးကာ ေျပာလိုက္သည္။ က်န္းရွန္ အားႏွင့္ ထိန္းခ်ဳပ္ေနေသာ သစ္ျမစ္မ်ား အနားသို႔ ကပ္သြားကာ ေျပာလိုက္ေသာ္လည္း က်န္းရွန္က ေခါင္းမာေနဆဲပင္။ မည္သူကိုမွ တုံ႕ျပန္ေျပာဆိုျခင္း မရွိဘဲ က်န္းရွန္မွာ သစ္ျမစ္မ်ားႏွင့္ ဆက္၍ တိုက္ခိုက္ေနလ်က္ရွိသည္။ ရွန္းေ႐ြ က်ိန္ဆဲမိလုနီးပါး ျဖစ္သြားခ်ိန္တြင္ ယြင္ခ်ဲ့ ေျပာခဲ့ေသာ စကားကို သတိရသြားၿပီး ေအာ္ေျပာလိုက္သည္။
"ယဲ့ရွင္းခ်န္ကို မင္းအသက္ရွင္လ်က္ ျပန္ေတြ႕ခ်င္လား မေတြ႕ခ်င္ဘူးလား"
ဘတ္စ္ကားေပၚတြင္ ရွန္းေ႐ြအား ယြင္ခ်ဲ့ ေျပာခဲ့သည္က 'တကယ္လို႔ က်န္းရွန္ တားဆီးမရတဲ့အထိ ျဖစ္လာရင္ ယဲ့ရွင္းခ်န္ နာမည္ကိုသာ ေအာ္လိုက္ သူနားေထာင္လိမ့္မယ္' ဟူ၍ပင္။ သို႔ေသာ္ သူက မျဖစ္နိုင္ဟု ေတြးကာ ထိုအေၾကာင္းကို အေရးတယူ မရွိခဲ့ေပ။ သို႔ေသာ္ ယခုခ်ိန္တိုင္ က်န္းရွန္ က နားေထာင္မလား မနားေထာင္လားဆိုသည္ကလည္း မေသခ်ာေပ။ လူတစ္ေယာက္က တစ္စုံတစ္ခုႏွင့္ အနီးကပ္ တိုက္ခိုက္ေနလွ်င္ အျခားသူ တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားၿပီး အင္အားႀကီးကာ ေခါင္းမာသူ တစ္ေယာက္ ျဖစ္သြားတတ္သည္။
"ဟင္"
ခဏရပ္တန့္ သြားၿပီးေနာက္ က်န္းရွန္လည္း ဖဲႀကိဳးမ်ားကို ႐ုပ္သိမ္းကာ တိုက္ပြဲထဲမွ ထြက္လာခဲ့သည္။
"ဘုရားသခင္ ..."
ေၾကာင္အ အျဖစ္ သြားေသာ ရွန္းေ႐ြက အသံတိတ္ က်ိန္ဆဲလိုက္ၿပီး ယိုသုန္းႏွင့္ ခ်န္းေဝ့မင္ တို႔လည္း မည္သို႔ လုပ္ကိုင္ရမည္ကို မသိေတာ့ေပ။ က်န္းရွန္ ေျပာင္းလဲ သြားပုံမွာ လ်င္ျမန္ၿပီး ႐ုတ္တရက္ ဆန္လွသည္။ ထို႔အျပင္ မထြက္လာမီ ႀကိဳေျပာသင့္ ေသာ္လည္း မေျပာဘဲ ထြက္လာခဲ့သည္။
"ကုေပးလိုက္ဉီး"
မည္သို႔ျဖစ္ျဖစ္ ဒဏ္ရာအမ်ားဆုံး ရထားသူ တစ္ေယာက္ကိုေတာ့ ေခၚထုတ္ လာနိုင္ခဲ့ၿပီ။ အလင္း စြမ္းအားရွင္ႏွင့္ နယ္ေျမ စြမ္းအားရွင္တို႔ကို ကာကြယ္ ေပးေနေသာ ႐ႊီရိဖန္က ေအာ္ေျပာလိုက္သည္။ ရႈက်ဲ ေၾကာက္လန့္ေနၿပီး သူ႕ထံ ေလွ်ာက္လွမ္း လာေနေသာ က်န္းရွန္ကိုသာ မႈန္သုန္သုန္ စိုက္ၾကည့္ေနသည္။ သူ႕အေရွ႕သို႔ က်န္းရွန္ ေရာက္လာသည့္တိုင္ ဘာမွမလုပ္ဘဲ ၾကည့္ေနမိသည္။
"ဘာေတြ စိုက္ၾကည့္ေနတာလဲ … ကုေပးလိုက္ေလ"
နယ္ေျမ စြမ္းအားရွင္ ျဖစ္ေသာ ဟယ္ယုံယိက ေအာ္ေျပာ လိုက္သည္။ ထိုေၾကာက္တတ္ေသာ ငအေလးသာ အရႈံးသမား အဖြဲ႕၏ ကုသသူ တစ္ေယာက္ ျဖစ္ေနပါက ဆူဆဲပစ္လိုက္မည္ ျဖစ္သည္။ က်န္းရွန္မွာ သူတို႔ အဖြဲ႕ထဲတြင္ အေတာ္ဆုံးျဖစ္ၿပီး ျပန္ဆုတ္လာသည့္ အခ်ိန္တြင္ သူတို႔အတြက္ အံ့ဩထိတ္လန့္ဖြယ္ ေကာင္းေသာ ခံစားခ်က္ကို ရလိုက္ၾကသည္။ အကယ္၍ သူသာ က်ဆဳံး သြားခဲ့လွ်င္ သူတို႔အားလုံး အပင္၏အစာ ျဖစ္သြားၾကလိမ့္မည္။
ကုသေပးျခင္းကို အလ်င္အျမန္ လိုအပ္ေနေသာ က်န္းရွန္သည္ ရႈက်ဲအား ေငးၾကည့္ေနပုံမွာ အိမ္ေမြး တစ္ေကာင္က အစာေမွ်ာ္ေနျခင္းႏွင့္ တူေနသည္။ ၿပီးခဲ့သည့္ အခ်ိန္က ၾကမ္းတမ္းခက္ထန္ေနေသာပုံစံႏွင့္ လားလားမွ မတူေတာ့ေပ။
"အင္း .. ကြၽန္ေတာ္ .."
ရႈက်ဲ သတိျပန္ကပ္ လိုက္ေသာ္လည္း သူ၏အၾကည့္မ်ားက ေထြျပား ေနေသးသည္။ ထိုေနရာမွ သူခ်က္ခ်င္း ထသြားခ်င္ ေသာ္လည္း ထိုေန႕က ယြင္ခ်ဲ့ မည္သို႔ ေျပာဆိုခဲ့ျခင္းႏွင့္ သူ႕အား ဓါးႏွင့္႐ြယ္ခဲ့ျခင္းကို မွတ္မိသြားေလသည္။
"ကြၽန္ေတာ္ကုေပးမယ္"
ရႈက်ဲ ေရွ႕သို႔တိုးကာ က်န္းရွန္ကို ကုသေပးလိုက္သည္။ ယြင္ခ်ဲ့အား မကုသေပးရဲသည္ အထိ ယြင္ခ်ဲ့ကို ရႈက်ဲ အလြန္ ေၾကာက္သြားသည္။
"သေႏၶေျပာင္း အပင္ပဲကိုး"
ရႈက်ဲ ကံေကာင္း သြားသည္လား၊ ယြင္ခ်ဲ့ အနည္းငယ္ ေနာက္က် သြားသည္လားပင္ မသိေတာ့။ ရႈက်ဲ စတင္ကုေပးသည့္ အခ်ိန္တြင္ အေပၚမွ ယြင္ခ်ဲ့ ဆင္းလာခဲ့သည္။ ရႈက်ဲ လက္မ်ား တုန္ယင္ကာ ႏႈတ္ခမ္းတို႔လည္း တြန့္ခ်ိဳးသြားၿပီး ယြင္ခ်ဲ့က သူ႕ကို ၾကည့္ေနေၾကာင္း သတိထားမိ လိုက္သည့္အခါ ကုသစြမ္းအားကို ပို၍ တိုးျမႇင့္လိုက္သည္။
"ေခါင္းေဆာင္ ယြင္"
"ခ်ဲ့"
အားအင္ ကုန္ခန္း လာသည့္ အဖြဲ႕သားမ်ား ယြင္ခ်ဲ့ကို ေတြ႕လိုက္သည္ႏွင့္ စိတ္လႈပ္ရွားကာ စိတ္သက္သာရာ ရသြားေလသည္။
"မင္းတို႔ေတြ ခက္ခက္ခဲခဲ တိုက္ေနၾကတာပဲ .. အခု ငါေျပာတာ နားေထာင္ေတာ့ တိုက္ေနရာကေန တစ္ေယာက္ၿပီး တစ္ေယာက္ ေနာက္ဆုတ္လိုက္"
သေႏၶေျပာင္း အပင္မ်ားအား မည္သို႔ ကိုင္တြယ္ ေျဖရွင္းရမည္ကို ယြင္ခ်ဲ့ ေကာင္းစြာ သိသည္။ သူ၏ေသးသြယ္ေသာ ခႏၶာကိုယ္မွာ အျမစ္မ်ား ရႈပ္ေထြးေနသည့္ ၾကားမွ အလြယ္တကူ တိုးလွ်ိုး ဝင္ေရာက္သြားသည္။ အျမစ္မ်ားကို တိုက္ခိုက္ျခင္း မျပဳဘဲ ပင္စည္၏ အလယ္တြင္ အမွတ္တစ္ခုကို အေဝးမွရပ္ကာ ထုထြင္း လိုက္သည္။ ရိုက္ခတ္မႈမ်ားက ပင္စည္အေခါက္ကို ထိခိုက္သြားျခင္း မရွိေသာ္လည္း တစ္ေနရာတည္းကိုသာ ထပ္ခါထပ္ခါ အမွတ္အသား လုပ္ေနေလသည္။
"မီး .. ေျမ ေနာက္ဆုတ္ေန .. ေ႐ႊ .. ေရခဲ ဒီအမွတ္ကို ငါနဲ႕အတူ လိုက္ပစ္ထား"
အျမစ္တစ္ခုမွ တစ္ခုသို႔ လ်င္ျမန္စြာ ခုန္ကူးရင္း အမိန့္ေပးကာ အပင္ကို စတင္ တိုက္ခိုက္ၾကေလသည္။ လွ်ပ္စီးလိုင္းမ်ားသည္ ထိုအမွတ္ တစ္ေနရာတည္းကိုသာ ပစ္ခတ္ ေနၾကသည္။ ယိုသုန္း ႏွင့္ ခ်န္းေဝ့မင္ တို႔လည္း ယြင္ခ်ဲ့၏ နည္းလမ္းကို နားလည္ သြားသကဲ့သို႔ အျမစ္မ်ားကို မတိုက္ခိုက္ေတာ့ဘဲ ပင္စည္ေပၚရွိ အမွတ္ကိုသာ က်ည္ဆန္မ်ား၊ ေရခဲစမ်ားျဖင့္ တရစပ္ ပစ္ခတ္ ေနေလသည္။ မီးစြမ္းအားရွင္ ရွန္းေ႐ြက ေနာက္ဆုတ္သြားၿပီး အားအင္ ျဖည့္တင္းရန္ အျမဳေတမ်ားကို စုပ္ယူလ်က္ ကုသမႈခံယူရန္ ေစာင့္ေနခ်ိန္ အျမစ္မ်ားကို ကိုယ္တိုင္ ခုတ္ျဖတ္ေနေသာ ယြင္ခ်ဲ့ကို ေတြ႕လိုက္သည္။
"ခ်ဲ့"
မိနစ္မ်ားစြာ ၾကာၿပီးေနာက္ အေဆာက္အအုံထဲမွ လန္ယဲ့ဟန္ႏွင့္ အျခားသူမ်ား ထြက္လာၿပီး သူတို႔အနား ေရာက္လာသည္။ အမိန့္မရဘဲ အျမစ္မ်ားကို ရွင္းလင္းရန္ ေျပးလာခ်ိန္တြင္ ယြင္ခ်ဲ့ ေအာ္ေျပာလိုက္သည္။
"မလာၾကနဲ႕ တာေဝး တိုက္ခိုက္တာ တစ္မ်ိဳးပဲ ရွိတဲ့လူ အေရအတြက္အတိုင္း သေႏၶေျပာင္းအပင္ရဲ႕ အျမစ္ေတြက ေျပာင္းလဲသြားတာ လူမ်ားမ်ား ကပ္ေလ ေျပာင္းလဲတာ ပိုမ်ားေလပဲ ... အျမစ္ေတြကို ငါျဖတ္နိုင္တယ္ ပင္စည္ကြဲတဲ့ အထိ အမွတ္အသားကိုပဲ ေသခ်ာပစ္ၾက သူရဲ႕ပင္မႏွလုံးကို ဆုံးရႈံးသြားတာနဲ႕ လႈပ္ရွားေနတာေတြလည္း ရပ္သြားလိမ့္မယ္"
သေႏၶေျပာင္း အပင္မွာ သူ၏အစြမ္းကို ကမာၻေျမမွ ရသျဖင့္ သာမန္ တိုက္ခိုက္မႈမ်ားႏွင့္ မရွင္းလင္းနိုင္ေပ။ ပင္စည္၏ အလယ္တြင္ ရွိေသာ ပင္မႏွလုံးကို ယူထုတ္နိုင္မွသာ အျမစ္ျပတ္ ရွင္းနိုင္လိမ့္မည္ ျဖစ္သည္။
"ခ်ဲ့ မင္း ငါတို႔ကို ႀကိဳေျပာထားပါလားလို႔"
က်ိဳးဇယ္ယြီ ေနာက္ဆုတ္ကာ ညည္းတြားလိုက္သည္။ သူႏွင့္ယွဥ္လွ်င္ လန္ယဲ့ဟန္ႏွင့္ က်န္ေသာ ႏွစ္ေယာက္က ပို၍တည္ၿငိမ္ တိတ္ဆိတ္ေသးသည္။ အျမစ္မ်ားႏွင့္ ေဝးရာတြင္ေနလိုက္ၿပီး ယြင္ခ်ဲ့၏ လွ်ပ္စီးအားကို ၾကည့္ထားလ်က္ လိုအပ္ပါက ယြင္ခ်ဲ့ကို ကူညီေပးရန္ သူတို႔အစြမ္းကို အသင့္ျပင္ ေပါင္းစည္း ထားလိုက္သည္။
ခ်ိဳးဖဲ့ရန္ ခက္ခဲလွေသာ ပင္စည္ႀကီးက စြမ္းအားမ်ား၏ ျပင္းထန္စြာ တိုက္ခိုက္မႈေၾကာင့္ စတင္ က်ိဳးပဲ့လာၿပီး အလြန္ ဆိုးဝါးလွေသာ အနံ႕အသက္မွာလည္း ေလထုထဲသို႔ ပ်ံ့ႏွံ႕လာခဲ့သည္။ ပင္စည္အေခါက္ ကြာက်သြားသည္ႏွင့္ အစိမ္းရင့္ရင့္ အက်ိအခြၽဲမ်ားက ေသြးစီးသကဲ့သို႔ စီးက်လာသည္။
"ဆက္လုပ္ထား .. အလႊာသုံးခု က်န္ေသးတယ္"
"ဘယ္လိုေတာင္လဲ"
ပင္စည္အေခါက္ ၃လႊာ က်န္ေသးသည္ဟု ယြင္ခ်ဲ့ ေျပာလိုက္သည္ႏွင့္ အံ့ဩသြားသကဲ့သို႔ စိတ္ဓာတ္ က်သြား ရေလသည္။ ပထမတစ္လႊာႏွင့္ ေမာပန္း ေနၾကၿပီး က်န္ေသာ ၃ လႊာကို ဆက္၍ တိုက္ခိုက္ ရမည္ဆိုပါက သူတို႔ လဲက်သြားလိမ့္မည္။ ထိုအပင္မွာ သေႏၶေျပာင္း အပင္မဟုတ္၊ မိစာၦအပင္ ျဖစ္လိမ့္မည္။ အဆင့္ ၃ ဖုတ္ေကာင္မ်ားထက္ ပို၍ သန္မာေနသည္။
"ခ်ဲ့"
"မိနစ္ပိုင္း ၾကာၿပီးေနာက္ ယြီဝမ္းခ်င္ႏွင့္ က်န္သည့္ ၂ ေယာက္လည္း ေရာက္လာၾကသည္။ လန္ယဲ့ဟန္ တို႔ကဲ့သို႔ ဝင္ေရာက္ တိုက္ခိုက္ျခင္း မရွိေစရန္ ယြင္ခ်ဲ့ ဖ်တ္ခနဲ ၾကည့္ၿပီးေနာက္ ေျပာလိုက္သည္။
"ဝမ္းခ်င္ .. လန္ယဲ့ဟန္နဲ႕ တျခားသူေတြကို က်န္းရွန္ သက္သာလာတဲ့ အထိ တစ္ေနရာကိုေခၚသြားလိုက္။ ဒါကိုတိုက္ခိုက္ဖို႔ ခဏေန လူခ်ိန္းၾကမယ္ ... ရွန္းေ႐ြ .. ေလတာ့ရွန္ ခင္ဗ်ားတို႔ အဆင့္ ၃ ကို ေရာက္ၾကေတာ့မယ္ ဖုတ္ေကာင္ေတြ ရွာၿပီး အဆင့္တက္ေအာင္ လုပ္ထားလိုက္ ... က်န္တဲ့သူေတြက အလင္း စြမ္းအားရွင္နဲ႕ နယ္ေျမ စြမ္းအားေတြကို ကာကြယ္ထား ၿပီးရင္ အလင္းစြမ္းအားနဲ႕ ျပန္ကုသထားလိုက္"
"ေကာင္းၿပီ"
အဖြဲ႕အတြက္ ယြင္ခ်ဲ့ တျခား ေျပာဆိုေပးရန္ မရွိေတာ့ေပ။ အျမစ္မ်ားကို တိုက္ခိုက္ ရွင္းလင္းေနခ်ိန္တြင္ တာေဝး တိုက္ခိုက္ရန္ အတြက္လည္း အာ႐ုံစိုက္ ေနရေသာေၾကာင့္ တာဝန္ယူ ထားရသည္က မ်ားျပားေနသည္။ ယြီဝမ္းခ်င္ႏွင့္ သူတို႔၏ အဖြဲ႕သားတို႔မွာ ေတြ႕ႀကဳံထားၿပီးေသာ သူမ်ားျဖစ္ၾကသျဖင့္ ယြင္ခ်ဲ့ စကားဆုံးသည္ႏွင့္ ေဘးမွရပ္ကာ သူတို႔၏ ပူးေပါင္း တိုက္ခိုက္မႈကို ေသခ်ာၾကည့္ ေနလိုက္ၾကသည္။ က်န္းရွန္ ကုသမႈ ခံယူၿပီးသည္ႏွင့္ သူတို႔ေလးေယာက္ ထြက္လာၿပီး လန္ယဲ့ဟန္ တို႔ႏွင့္ ေနရာလဲလိုက္သည္။
သူတို႔သည္ အခ်ိန္ျဖဳန္း မေနၾကဘဲ အျမဳေတမ်ားကို စုပ္ယူကာ စြမ္းအားမ်ားကို ျမန္နိုင္သမွ် ျမန္စြာ ျဖည့္တင္း ေနၾကေလသည္။
ပင္စည္ အေခါက္မ်ား ကြာလာေလ အနံ႕အသက္က ပိုဆိုးဝါး လာေလပင္။ အပင္မွ မ်ားျပားစြာ က်ဆင္းလာသည့္ သစ္အစ မ်ားမွာလည္း အစိမ္းရင့္ အက်ိအခြၽဲမ်ားထဲတြင္ ေရာေႏွာကုန္သည္။
"ေနာက္ဆုံးအလႊာပဲ"
ငါးႀကိမ္ေျမာက္ လူခ်ိန္းက်ၿပီးေနာက္ စိတ္တက္ဖြယ္ သတင္းကို ၾကားလိုက္ၾကသည္။ ထိုအခ်ိန္တြင္ ရွင္းဖုန္းႏွင့္ ေက်ာက္ေကာင္း တို႔လည္း ဓါတ္ခြဲခန္းမ်ားမွ ေအာက္သို႔ ဆင္းလာခဲ့ၾကသည္။ ေက်ာက္ေကာင္းလည္း ပါဝင္ တိုက္ခိုက္ရန္ မျဖစ္နိုင္သျဖင့္ ဝင္ေရာက္ မစြပ္ဖက္တာ့ဘဲ ဖုတ္ေကာင္မ်ားကို ရွင္းလင္းရန္ ထြက္သြား လိုက္သည္။ ရွင္းဖုန္းလည္း သူတို႔ကို ၾကည့္ကာ တိတ္တဆိတ္ႏွင့္ အပင္ကို တိုက္ခိုက္ ေနေလသည္။
"လူမခ်ိန္းနဲ႕ေတာ့ အားလုံး အတူတူပစ္ၾက ငါၾကာၾကာ မထိန္းနိုင္ေလာက္ေတာ့ဘူး"
ယြင္ခ်ဲ့ အသံမွာ အားကုန္ေနပုံ ရသည္။ ယြီဝမ္းခ်င္ႏွင့္ အျခား သူတို႔မွာလည္း စြမ္းအားမ်ားကို ျပန္လည္ မျဖည့္တင္းေတာ့ဘဲ အားကုန္ ပစ္ခတ္ေလသည္။ အလွည့္ခ်ိန္းရန္ လာေသာ လန္ယဲ့ဟန္လည္း ေနာက္မတြန့္ဘဲ ပူးေပါင္း လိုက္သည္။ သူတို႔အားလုံး ပင္စည္၏ အားနည္းခ်က္ကို ခက္ခဲစြာ ႀကိဳးစား ပစ္ခြင္း ေနၾကေလသည္။
ဘုန္း
"ရပ္ေတာ့"
ေနာက္ဆုံးတြင္ အပင္မွာ ခံနိုင္ရည္ မရွိေတာ့ဘဲ အက္ကြဲမ်ားစြာ ထြက္ေပၚ ၿပီးေနာက္ လဲက်သြားေလသည္။ ယြင္ခ်ဲ့ သူ၏အဖြဲ႕သားတို႔ကို ရပ္ရန္ ေျပာလိုက္ၿပီး ကိုယ္တိုင္မွာ ရႈပ္ေထြးေနေသာ အျမစ္မ်ားေပၚမွ ျဖတ္ကာ က်ိဳးပဲ့ေနေသာ ပင္စည္နားသို႔ သြားလိုက္သည္။ ထို႔ေနာက္ ဥအ႐ြယ္ရွိ ၾကည္လင္ ေတာက္ပေနသည့္ ပန္းႏုေရာင္ အျမဳေတကို သူ၏ ေလအစြမ္းႏွင့္ ယူထုတ္ လိုက္သည္။
ဘုတ္ ဘုတ္
ထိုအရာကို ပင္စည္ထဲမွ ထုတ္ယူ လိုက္သည္ႏွင့္ အျမစ္မ်ားလည္း အားကုန္ သြားသည့္အလား ေျမေပၚသို႔ က်ကဳန္ေလသည္။
ေနာက္ဆုံးေတာ့ ရွင္းနိုင္ခဲ့ၿပီ။
အဖြဲ႕သားတို႔မွာလည္း သက္ျပင္းခ်ကာ တစ္ေယာက္ၿပီး တစ္ေယာက္ ထိုင္လ်က္သား က်ကဳန္သည္။ သေႏၶေျပာင္း အပင္ႏွင့္ ပထမဆုံး ေတြ႕ႀကဳံရင္ဆိုင္ ရျခင္းျဖစ္ၿပီး အလြန္ပင္ ရွိန္ရေလာက္ေပသည္။ ယြင္ခ်ဲ့သာ ေကာင္းမြန္ေသာ ေခါင္းေဆာင္ တစ္ေယာက္ မဟုတ္ခဲ့လွ်င္ သူတို႔အားလုံး ထိုေနရာတြင္ပင္ အားေလ်ာ့ သြားၾကလိမ့္မည္။ သေႏၶေျပာင္း အပင္ႏွင့္ ယွဥ္လွ်င္ တိရစာၦန္ ဖုတ္ေကာင္မ်ားႏွင့္ အဆင့္ ၃ ဖုတ္ေကာင္မ်ားမွာ ဘာမွ မဟုတ္ေတာ့ေပ။
***